Tuesday, 6 June 2023

ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


 ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


ရန်ကုန်၊ ဇွန် ၆


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည့်သီးတောရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ဂျပန်ကြီး (TTT) ရွှေဘို အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


ဇွန်လ ၆ ရက်နေ့ နံနက်ပိုက်းတွင် ရွှေဘိုမြို့နယ် တည့်သီးတောရွာ၌ တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်ကူလာသော စစ်ကားကို ဇီးဖြူကုန်ရွာမှ ထွက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ဂျပန်ကြီး (TTT) ရွှေဘိုအဖွဲ့၊ ဗိုလ်ကျားရိုင်း ရွေဘိုအဖွဲ့နှင့် ရွှေဘို တိုက်နယ် ၂ တပ်ရင်း ၄ မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် ကင်းစခန်းဂိတ်များကို လက်နက်ကြီး၊ လက်နက် ငယ် များဖြင့် ဝ်ငရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ ၄ ဦးသေဆုံးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။


ယနေ့ ဇွန်လ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ဒီပဲယင်းမြို့၊ အနောက်ကွက်သစ်ရပ်ကွက်ရှိ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီးပူးပေါင်းထားသော မြို့မရဲစခန်း၊ အကြမ်းဖက်စစ်တပ်စစ်ဆေးရေး ဂိတ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်အငိုက် ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးမျက်မြင် သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“ပင်မရဲစခန်းကြီးကို လက်နက်ကြီးတွေနဲ့ ထုပြီးတော့ ကင်းဂိတ်စခန်းလေးတွေကို လက်နက်ငယ်နဲ့ ဝင် ပစ်တာ၊ နာရီဝက်လောက်တော့ကြာခဲ့တယ်၊ မျက်မြင် ၄ ယောက်သေတယ်၊ တခြားထိခိုက်ဒဏ်ရာရတာ တွေလဲများတယ်၊ ဒုရဲအုပ်တစ်ဦး လက်ဒဏ်ရာရတယ်ဆိုတာ အတွင်းက ဖရဲသီးသတင်းပို့လို့ သိရတာပါ၊ ပြန်ဆုတ်လာတဲ့အချိန်မှာတော့ လက်နက်ကြီးတွေနဲ့ထုတာရှိပါတယ်။” ဟု Freedom Revolution Force (FRF) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။


အဆိုပါတိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ ရေကျော်ဖိုက်တာ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၃၀ ကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံး


Latest News- ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၃၀ ကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံး


■ စစ်တပ်၏ လက်နက် နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၆ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း‌ ဖြစ်ပွားသော နတ်သံကွင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးပြီး PDF ၄ ဦးကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်၂ စစ်ဒေသ ၏ ဒုတိယ စစ်ဒေသခွဲမှူး တင်ဦးက ပြောဆိုသည်။ 


"မနက် ၄ နာရီမှာ စတိုက်တယ်။ အဓိကရည်ရွယ်ချက်က စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့ လမ်း ကြောင်းရဲ့ အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။ စစ်ဆင်ရေးအကောင် အထည်ဖော်ရာမှာတော့ နတ်သံကွင်းရဲစခန်း တံတားအရှေ့ကင်း အနောက်ကင်း ရေတွင်းကုန်းရွားနား နှင့် ဘုံသတော ရွာနား စတဲ့ ပစ်မှတ် ၅ခုကို တစ်ပြိုင် တည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရန်သူ့ဘက်က စုစုပေါင်း ၃၀ ဝန်းကျင် ကျပါတယ်။ မိမိဘက်မှ ၄ ဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်စွန့်သွားခဲ့ရပါတယ်။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ လက် နက် ကြီး နဲ့မြို့ထဲကို တောက်လျောက် ပစ်ခတ်နေပါတယ်။ အခုညပိုင်းထိကို ပစ်ခတ်နေတဲ့အတွက် အတွက် စစ်ရှောင်တွေလည်း များနေပါတယ်။ မူလရည်မှတ်ချက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အဓိက ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးနဲ့ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါတဲ့ နတ်သံကွင်းတံတားကို ဖြတ်တောက်နိုင်ခဲ့တယ်" ဟု အမှတ်၂ စစ်ဒေသ ၏ ဒုတိယ စစ်ဒေသခွဲမှူး တင်ဦးက ပြောဆိုသည်။ 


စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးသည့်အပြင် သိမ်း ဆည်းရမိသော လက်နက်ခဲယမ်းများ အနေဖြင့်


၁.MA 14 တစ်လက်

၂.MA 3 တစ်လက်

၃.MA 1 တစ်လက်

၄.MA ကျည် ၃၈၄ တောင့်

၅.MA ကျည်ဘောက် ၁၀ ခု

၆.M16 .ကျည်ဘောက်တစ်ခု

၇.M14မိုင်း ၆၀ လုံး

၈.ယူနီဖောင်း ၆ စုံ

၉.ကျောပိုးအိတ် ၆ လုံး

၁၀.79 သီး တစ်လုံး

၁၁.မိုင်းရှာစက် ၂စုံ

၁၂.ယမ်းကူ ၁၅ ခု

၁၃.ပိုက်ဆံ ၄၈၀၀၀ ကျပ် တို့ဖြစ်ကြောင်း သိရှိရသည်။ 

ကိုးကန့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


 ကိုးကန့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၆ 


ရှမ်းပြည်နယ်၊ ကိုးကန့်စစ်မြေပြင်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့်အကြမ်း ဖက်စစ်တပ်တို့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၂၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိကြောင်း MNDAA ၏ The Kokang က သတင်းထုတ်ပြန်သည်။ 


 ဇွန်လ ၁ ရက်နေ့ ကိုးကန့် ဒေသတွင် စစ်အင်အား ၇၀ ကျော်ပါသော စစ်တပ်က ကိုးကန့် MNDAA၏ တပ်မဟာ ၅၁၁ ကို လာရောက် တိုက်ခိုက်ကြောင်း၊ ဇွန်လ ၄ ရက်န့်မှ ဇွန်လ ၅ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ကား ၁ စီးပျက်စီးပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်တပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။ 


ဇွန်လ ၅ ရက် နေ့တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ဖျက်ဆီးခဲ့ပြီး ၁၆ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ MNDAA ကိုးကန့်တပ်ဘက်မှလည်း ဒဏ်ရာရသူများရှိကြောင်း၊ ဇွန်လ ၅ ရက်နေ့ လားရှိုးတွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


လက်နက်သိမ်းဆည်းရရှိမှုအနေဖြင့် စက်သေနတ်ကျည် ၂၃၀ တောင့်၊ လက် နက် ကြီး ၃ လုံး၊ မိုင်း ၁ လုံးအပါအဝင် စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်း အများအပြား ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ သိရှိရသည်။

ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ပြီး ဘုရားဆင်းတုတော်များပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့


 ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ပြီး ဘုရားဆင်းတုတော်များပါ ရိုက်ချိုးဖျက်ဆီးသွားခဲ့


ရန်ကုန်၊ ဇွန် ၆


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်း ဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးတင်ရှို့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဇွန်လ ၄ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။


” အဲရွာက အခုတစ်ကြိမ်နဲ့ဆို ၄ ကြိမ် မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာပါ။ ရွာမှာရှိတဲ့ နေအိမ်တွေ အကုန်လုံးကို ထပ်ရှို့နေတာလားတော့ မသိဘူး။ ပျက်စီးမှု အခြေအနေတော့ အတော်များတယ်။ ဘုရားဆင်းတုတော်တွေကိုပါ ရိုက်ချိုးသွားတယ် စစ်တပ်က ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။


ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၂ လုံးပြာကျခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ အိမ်ပြာကျခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလ ၁၉ရက်နေ့တွင် တတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၁၉၅ လုံးပြာကျခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းများ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၊ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ


 ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းများ ဝင်ရောက်စီးနင်းခံရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်နေ၊ စစ်တပ်က တိုက်ခိုက်ရေးရဟတ် ယာဉ်များဖြင့် ပစ်ခတ်နေ


ရန်ကုန်၊ ဇွန် ၆ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေရဲစခန်းနှင့်တပ်စခန်းတချို့ကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းမှု ဖြစ်ပွားပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် နတ်သံကွင်း၊ ရေတွင်းကုန်းကြီး၊ ဘုံသတောနှင့် နတ်သံကွင်းရဲစခန်း တို့တွင် အပြန်အလှန်ပစ်ခတ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ၊ နံနက် ၄ နာရီ ၁၅ မိနစ်မှ ယခု နံနက် ၇ နာရီဝန်းကျင်အချိန်အထိ တိုက်ပွဲများဖြစ်နေဆဲဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။  


"ဒီမနက်လေးနာရီ ၁၅လောကတိုက်ပွဲတွေဖြစ်တယ်။ နတ်သံကွင်းရွာ၊ ရေတွင်းကုန်ကြီး၊ ဘုံသတော တပ်စခန်းတွေနဲ့ နတ်သံကွင်းရဲစခန်းတွေ အစီးခံရတယ်လို့ သိရတယ်။ အခုထက်ထိ ပစ်ခတ်သံတွေ လက်နက်ကြီး ပစ်သံတွေ မရပ်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


ယနေ့ နံနက် ၇ နာရီအချိန်တွင် စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးဖြင့် နတ်သံကွင်းရဲစခန်း အပါအဝင် ဝင်ရောက်စီးနင်းခံရသော စစ်တပ်စခန်းနေရာများကို ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းနယ်မြေတွင် KNLA တပ်များနှင့် PDF မဟာမိတ် ပူးပေါင်းတပ်များက လှုပ်ရှားလျက်ရှိနေရာ လက်ရှိ တိုက်ပွဲများသည် စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု ဒေသပြည်သူများက ပြောဆိုကြသည်။ 


ဓာတ်ပုံ- ယခု နံ နက် ၇ နာရီဝန်းကျင် စစ်တပ်ရဟတ်ယာဥ်များ ပျံ၀ဲပစ်ခတ်နေစဥ်။

Monday, 5 June 2023

ရန်ကုန်မြို့လယ်၊ စစ်ကောင်စီလက်အောက်ခံ ပန်းဆိုးတန်းလမ်းရှိ အခွန်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အခွန်ဦးစီးမှူး ၊ Non-CDM ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရ


ရန်ကုန်မြို့လယ်၊ စစ်ကောင်စီလက်အောက်ခံ ပန်းဆိုးတန်းလမ်းရှိ အခွန်ရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ ဗုံးခွဲတိုက်ခိုက်၊ အခွန်ဦးစီးမှူး ၊ Non-CDM ဝန်ထမ်း ၂ ဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရ 


ရန်ကုန်၊ ဇွန် ၅ 


ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပန်းဆိုးတန်း အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ဦးစီးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်လိုက်ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ 


ဇွန်လ ၅ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြိုနယ်၊ ၄ ရပ်ကွက်၊ ပန်းဆိုးတန်းလမ်းရှိ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ဦးစီးမှူးရုံး ၃ လွှာကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခွန်ဦးစီးမှူး အပါအဝင် လူ ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


ဗုံးပေါက်ကွဲမှုကြောင့် အခွန်ဌာနဝန်ထမ်းဖြစ်ကြသည့် အခွန်ဒုဦးစီးမှူး ဖြိုးဖြိုးအောင် (ဒုဦးစီးမှူး) အပါအဝင် ဝန်ထမ်း ၃ ဦး ၊ အခွန်ရုံးသို့ လာရောက်သည့် လူ ၂ ဦး စုစုပေါင်း ၅ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


"ဗုံးစတွေမှန်တာပါ။ စိုးရိမ်စရာတော့မရှိပါဘူး။ ဒဏ်ရာပြင်းသူတစ်ဦးပါတယ်။ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူး။ ကျန်သူတွေကတော့ အပေါ်ယံ ထိတာတွေ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 


အခွန်ရုံးကို တိုက်ခိုက်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ကမူ တရားဝင် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 

ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို ဝင်တိုက်မှုတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းက ပါဝင်တိုက်ခိုက်


 ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို ဝင်တိုက်မှုတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းက ပါဝင်တိုက်ခိုက်


■ မြို့ပြ စစ်ဆင်ရေးများနှင့်အတူ Lion Battalion ဗျူဟာစစ်ကြောင်း ပြန်လာပြီဟုဆို

ရန်ကုန်၊ ဇွန် ၅

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီယန္တရား ရုံးများကို ဝင်တိုက်မှုတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်းက ပါဝင်တိုက်ခိုက်ခဲ့ပြီး မြို့ပြ စစ်ဆင်ရေးများနှင့်အတူ Lion Battalion ပြန်လာပြီဖြစ်ကြောင်း အဆိုပါ စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်အယ်ဆေးဝါး ဦးဆောင်သော ဗိုလ်အယ်ဆေးဝါး  ဦးဆောင်သော Lion Battalion ဗျူဟာစစ်ကြောင်း နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ ခလရ၂၈၄ ၊ ၂၈၃ ၊ ၃၂တပ်များအခြေပြု ခံစစ်ပြင်ထားသော ကြာအင်းဆိပ်ပြီး မြို့ပေါ် ရှိသစ်တောရုံး၊ လဝကရုံး၊ မြေတိုင်းရုံး၊ မြို့နယ်ရဲစခန်းများကို  မြို့ပြစစ်ဆင်ရေးတစ်ရပ်အဖြစ်ဖော်ဆောင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးကျော် သေဆုံးပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်က အထိနာသဖြင့်  Mi35 တိုက်ခိုက်ရေး ရက်ဟတ်ယာဥ်ဖြင့် နံနက်၇နာရီ၁၅ မိနစ်ခန့်မှနံနက် ၈ နာရီ  ၁၀ မိနစ် အထိ ပစ်ခတ်ရာ သံဃာ တစ်ပါးနှင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ရကြောင်း ၊ စစ်တပ်က အရပ်သားပြည်သူများကို  ရမ်းသန်းပစ်ခတ် ရုံသာမက သာသနိကအဆောက်အုံများကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

"မြို့ပြ စစ်ဆင်ရေး ပိုပြီး ဦးစားပေး ဖော်ဆောင်တာပေါ့။ သတင်းတွေ အများကြီး မထုတ်ဖြစ်တာက မစ်ရှင်ကောင်း ကောင်း လုပ်ချင်လို့ သိုသိုသိပ်သိပ်လုပ်ဆောင်နေတယ်။ ဇွန်လ ၂ ရက်နေ့က မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ကြာအင်းဆိပ်ကြီး ကို ဝင်ရောက်ပြီး မီးရှို့ စီးနင်း တိုက်ခိုက်ခဲ့တယ်။  ကျနော်တို့ Lion Battalion စစ်ကြောင်းက မြို့ပြ စစ်ဆင်ရေးတွေနဲ့အတူ ပြန်လာပါပြီ" ဟု ရဲဘော် အညာသားက ပြောဆိုသည်။

လားရှိုး၊ လွယ်ဝိန်းတောင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲနေ


 လားရှိုး၊ လွယ်ဝိန်းတောင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲနေ 


■ စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် သိန္နီမြို့နှင့် လားရှိုးတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား


ရန်ကုန်၊ ဇွန် ၅ 


ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ လွယ်ဝိန်းတောင်တွင် စစ်တပ်နှင့် တော်လှန် ရေး တပ်ဖွဲ့များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်များ ပျံဝဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၄ နာရီအချိန်မှစတင်ပြီး လားရှိုးမြို့နယ် အထက်မန်အိုင် လွယ်ဝိန်းတောင်အနီး အပြန်အလှန် ပစ်ခတ်သံများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သံများ ဆူညံသွားပြီး လားရှို့တစ်မြို့လုံးကြားရ ကြောင်း ၊ နံနက် ၄ နာရီမှ နံနက် ၅ နာရီအထိ တောက်လျှောက် ပစ်ခတ်သံများ ထွက်ပေါ်ကြောင်း၊ လွယ်ဝိန်းတောင်အနီးရှိ စစ်ကောင်စီတပ်ရင်းကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုကြသည်။


"မနက်၄နာရီ ကနေ ၄နာရီ၃၉မိနစ်ဝန်းကျင်ထိ အပြန်အလှန်တရစပ်ပစ်ခတ်သံတွေ ကြားနေရပါတယ်။ ကျွန်တော့်အိမ်နဲ့ နီးလွန်းလို့ခုတင်အောက်ကနေတောင် အပြင်မထွက်နိုင်ပါဘူး။ မနက်၄နာရီ၄၂မိနစ်မှာတော့ ပစ်ခတ်သံတွေ ရပ်သွားပေမယ့် စကစ အဖွဲ့ဝင်တွေ ရမ်းသမ်း ပစ်ခတ်ခြောက်လှမ့်တာတွေရှိပါတယ်။ လွယ်ဝိန်းတောင်အနီးမှာ စကစရဲ့ ခမရ တပ်ရင်းတစ်ခုရှိပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


ယင်းနောက် ယနေ့ နံနက် ၆ နာရီမှ ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့တွင်းနှင့်အနီးတဝိုက် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များစွာ ပျံဝဲနေကြောင်း သိရှိရသည်။ 


"လွယ်ဝိန်းတောင်နားက ကျေးရွာတွေဘက်ကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဥ်တွေ ပျံဝဲနေပါတယ်။ ပတ်နေတယ်။ ကျေးရွာ ပြည်သူတွေတော့ ရှောင်တိမ်းဖို့ လိုမယ်ထင်တယ်။ သူတို့က မထင်ရင် မထင်သလို ကျေးရွာတွေကို ပစ်မှတ်ထားတာ။ စစ်ခွေးတွေ အထိနာထားပုံပဲ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 


လားရှိုးမြို့အနီးတွင် TNLA ၊ MNDAA နှင့် KIA တပ်ဖွဲ့များ လှုပ်ရှားနေသော နေရာဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်အောက်ခံ ပြည်သူ့စစ်နှင့် ပျူစောထီးများစွာ ဖွဲ့စည်း၍ စစ်ရေး ပြင်ဆင်နေချိန် တိုက်ပွဲများ စတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရသည်။


စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အထိ မိုင်းလားတွင် တွေ့ဆုံသော ဆွေးနွေးပွဲ ပျက်ပြားသွားပြီးနောက် ယမန်နေ့ ပိုင်းတွင် ရှမ်းပြည် သိန္နီမြို့၊ ယနေ့ နံနက် အစောပိုင်း လားရှိုးမြို့တို့တွင် တိုက်ပွဲများ အကြီးအကျယ် စတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Sunday, 4 June 2023

မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို ဖမ်းဆီးခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး


 မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို ဖမ်းဆီးခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၄ 


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ ရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် ဝင်းကိုကို ဖမ်းဆီးခံရစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။ 


ဇွန်လ ၃ ရက်နေ့ ၊ ဟိုပင်မြို့ ရဲတပ်ကြပ် နယ်ထိန်း ဝင်းကိုကိုသည် ဘိန်းခန်းများထံမှ ဆက်ကြေးကောက်ခံကြောင်း၊ ယင်းသို့ ဆက်ကြေးတောာင်းခံ၍ ပြန်လာစဉ် မြောက်ပိုင်းဝံပုလွေ‌ ပြောက်ကျား အဖွဲ့နှင့် မိုးကောင်းမြို့နယ် KPDF တို့က အပြန်လမ်းတွင် စောင့်ကြို ဖမ်းဆီးခဲ့ကြောင်း၊ ရဲတပ်ကြပ်ဝင်းကိုကိုသည် KPDF အဖွဲ့ထံမှ လက်နက်ကို လု ယူ ထွက်ပြေး၍ ပစ်ခတ်ခံရကြောင်း ၊ ယင်းသို့ ပစ်ခတ်ခံရသဖြင့် ရဲတပ်ကြပ် ဝင်းကိုကိုမှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


"ဖမ်းဆီးခံရပြီး ရဲတပ်ကြပ် ဝင်းကိုကိုက သေနတ်လုယူ ထွက်ပြေးလို့ ပစ်ခတ်ခံရတာမှာ ပွဲချင်းပြီး သေဆုံးပါတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ 


ရဲတပ်ကြပ် ဝင်းကိုကို ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်ဆေးရေးဂိတ်တွင် လူငယ်များကို ဖမ်းဆီးစစ်ဆေးမှုများ တင်းကျပ်သဖြင့် လူငယ်များ သတိထားသွားလာကြရန် တော်လှန်ရေး သတင်းရင်းမြစ်က သတိပေးသည်။

ချောင်းဦးမြို့နယ် လဝကရုံးအနီးရှိ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး G-3 သေနတ် ၄ လက် သိမ်းဆည်းရရှိ


 ချောင်းဦးမြို့နယ် လဝကရုံးအနီးရှိ စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး G-3 သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၄


စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် လဝကရုံး အနီးရှိ အကြမ်းဖက် စစ်တပ်ကို ချောင်းဦး PDF က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးက သေနတ် ၄ လက် သိမ်ဆည်းရရှိခဲ့ကြောင်း NUG အစိုးရ၏ သတင်းဌာန PVTV က ထုတ်ပြန်ထားသည်။ 


ဇွန်လ ၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာခရိုင် ချောင်းဦးမြို့နယ် လဝကရုံး အနီးရှိ အကြမ်းဖက် စစ်တပ်၏ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း ၈ မှ ရဲဘော် ဝင်းကျော်သူ ဦးဆောင်သည့် ရဲဘော်အဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


ထို့ပြင် သေဆုံးသွားသော စစ်သား ၄ ဦးထံမှ G-3 သေနတ် ၄ လက်၊ ကျည်ဘောက် ၄ ခုနှင့် ကျည် ၄၉ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Saturday, 3 June 2023

သထုံ နှင့် ဘားအံ အကြား ဒူးရင်းဆိပ်တံတား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



 သထုံ နှင့် ဘားအံ အကြား ဒူးရင်းဆိပ်တံတား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *


မွန်ပြည်နယ်၊ သထုံနှင့် ကရင်ပြည်နယ်၊ ဘားအံမြို့အစပ် အာရှလမ်းမပေါ် ဒူးရင်းဆိပ်တံတားရှိ စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အများအပြားသေပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


၎င်းစစ်ကောင်စီတပ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင်(၄၅)ဦးကျော်သေပြီး သေနတ် (၅)လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်း၏ ယနေ့ဇွန်လ (၃) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။


စစ်ကောင်စီတပ်ကို တပ်ပေါင်းစု Sniper Team မှ Sniper ဖြင့် စတင်ပစ်ခတ်ခဲ့ပြီး ကရင်ဘတ်ခြမ်းနှင့် မွန်ဘတ်ခြမ်းတွင် အသင့်ပြင်ထားသော ကားမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကရင်ပြည် နယ်ဘက်ခြမ်း စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးသေပြီး မွန်ပြည်နယ်ဘတ်ခြမ်းတွင် (၇)ဦးသေသည်ဟု ဆိုသည်။


ကားမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးချိန်တွင် တပ်ပေါင်းစုမှ ရှင်းလင်းရေးအဖွဲ့မှ ကရင်ပြည်နယ်ဘတ်ခြမ်းရှိ စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦး ထပ်မံသေသည် ဟု ထုတ်ပြန်ထားသည်။


၎င်းနောက် စစ်ကောင်စီတပ်၏ ဘားအံတပ်မ(၂၂)မှ စစ်ကူပေးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဥ်တန်းအား အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်း အဖွဲ့ဝင်ဖြစ်သည့် UNITED DEMOCRATIC FORCE - UDF မှ သထုံ၊ဘားအံနယ်စပ် အောက်ကော့ရင်းကျေးရွာအနီးတွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ရာ ဘားအံ တပ်မ(၂၂)မှ ဗိုလ်ကြီးမိုးမင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးသေသည်ဟု ထုတ်ပြန်ထားသည်။


၎င်း ဒူးရင်းဆိပ်စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွါပြီးချိန်တွင် အမှတ်(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုစစ်ကြောင်း မိုင်းအဖွဲ့မှ ကော့ပနော့ကျေးရွာအနီး ချောင်းကမ်းနဘေးတွင်း ကား(၁)စီးပေါ်တွင် မိုင်းဆင်၍ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကျောက်တလုံး-ဝင်းဒရယ်ရွာဘတ်မှ စစ်ကူလာသည့် စစ်ကောင်စီ နှင့်ပူးပေါင်း BGF တပ်ဖွဲ့ဝင် (၅)ဦးထပ်မံ သေသည်ဟု သိရသည်။


ဒါအပြင် မွန်ပြည်နယ်ဘတ်ခြမ်းမှ စစ်ကူမလာနိုင်စေရေးအတွက် မ(၁)နှင့် ခလရ(၂၀၆) အမြှောက်တပ်အား KNLA ပူးပေါင်း PDF တပင်ရွှေထီးစစ်ကြောင်းမှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည် ဟု သိရသည်။ 


အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးသူများမှာ ဘားအံ တပ်မ (၂၂)မှ ဗိုလ်ကြီးမိုးမင်း၊ ရဲတပ်ဖွဲ့မှ ဒုရဲမှူး သီဟဇော်၊ ရဲတပ်ကြပ် စိုးညွန့်ဝင်း၊ ရဲတပ်သား ကျော်ရဲအောင်၊ ရဲတပ်သား ဦးချစ်သူ၊ ရဲတပ်သား ကျော်ရဲနောင်၊ ခမရ ၂၀၆ မှ တပ်ကြပ် အောင်ရဲနိုင်၊ ရဲတပ်သား ခွန်ဥက္ကာစိုး တို့သေဆုံးကြောင်း အတည်ပြုသည်ဟု ဆိုသည်။


ဒါ့အပြင် G3(၂)လက် ကျည်ဘောက် (၃)ခု၊ MA(၁)လက် ကျည်ဘောက် (၂)ခု၊ Uzi 9mm (၁)လက်နှင့် AKP စက် သေနတ် (၁)လက်၊ ဖုန်း(၂)လုံး၊ AK ကျည် (၃၀၃)တောင့် နှင့် G3 ကျည် (၂၁၀)တောင့်လည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။


တိုက်ပွဲအတွင်း တပ်ပေါင်းစုမှ တပ်ဖွဲ့ဝင် (၁)ဦးနှင့် KNLA ဘတ်မှ ရဲဘော် (၁)ဦးကျဆုံးပြီး တပ်ပေါင်းစုမှ ရဲဘော် (၁)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


#TachileikNewsAgency

Photo: အမှတ် - ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၊ သထုံခရိုင်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ


 စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး PDF-Zoland ထံ ခိုလှုံ

=======

 ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး မေလ ၃၁ ရက်နေ့တွင် PDF-Zoland ထံ သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့်အတူ ဝင်ရောက်ခိုလှုံကြောင်း PDF-Zoland မှ တာဝန်ရှိသူတစ်ဦးမှ သိရသည်။ 


ထွက်ပြေးတိမ်းရှောင်သူမှာ တီးတိန်မြို့တပ်ကုန်း၊ ခြေလျင်တပ်ရင်း ၂၆၉ မှ တပ်သား ဖြစ်ပြီး MA-1 တစ်လက်နှင့် ကျည်အိမ် ၄ ခု၊ ကျည် ၂၆၀ ကျော်နဲ့ထွက်ပြေးလာတာဖြစ်ပြီး ဘေးကင်းလုံခြုံရာသို့ ပို့ဆောင်ခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၅၀ ချီးမြှင့်ကြောင်း သိရသည်။ 


ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ မှာ တွန်းဇံမြို့မှာ တာဝန်ကျတဲ့ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ မှ ထွက်ပြေးလာတဲ့ တပ်သားလမင်းအောင် (ကိုယ်ပိုင်အမှတ် တ-၅၇၃၉၅၀) နှင့် တပ်သား မျိူးချစ် (ကိုယ်ပိုင်အမှတ် တ-၅၇၂၂၃၅) တို့ PDF-Zoland မှ ဖမ်းဆီးပြီး လုံခြုံရာသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

KNU၏ စစ်ရေးနည်းပညာ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ လက်နက် အကူအညီနှင့် ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကြောင့် KNDFတပ်ဖွဲ့အနေဖြင့် တော်လှန်ရေးတွင် ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်


 KNU၏ စစ်ရေးနည်းပညာ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ လက်နက် အကူအညီနှင့်  ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကြောင့် KNDFတပ်ဖွဲ့အနေဖြင့်  တော်လှန်ရေးတွင် ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်


ရန်ကုန်| မေ ၃၁

 

KNU၏ စစ်ရေးနည်းပညာ၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ လက်နက် အကူ အညီ နှင့်  ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကြောင့် KNDFတပ်ဖွဲ့အနေဖြင့်  တော်လှန်ရေးတွင် ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ကြောင်း KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောဆိုလိုက်သည်။ 


ယနေ့ မေ ၃၁ ရက်နေ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့်၏ ထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်းဖော်ပြ ပြောဆိုလိုက်ခြင်းဖြစ်သည်။ 


"မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်ကြတဲ့ မြန်မာနိုင်ငံ အမှန်တရားနဲ့တရားမျှတသောမျိုးသားပါတီ/မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့ထံကနေ လက်နက်ခဲယမ်းမျိုးစုံနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအကူအညီများကို ရရှိခဲ့ပါတယ်။သည်အကူအညီများကြောင့် KNDF ဟာ တော်လှန်ရေးအစကို အားကောင်းစွာ စတင်နိုင်ခဲ့ပြီး ယနေ့အထိ စစ်ရေး နိုင်ငံရေးမှာ ခိုင်မာတဲ့လမ်းကြောင်း ပေါ်လျှောက်လှမ်းနေနိုင်ခြင်းဖြစ်ပါတယ်"ဟုKNDF ဥက္ကဋ္ဌ  ခွန်းဘီထူးက ပြောသည်။


ထို့ပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် ၂နှစ်တာ ကာလအတွင်း တော်လှန်ရေး အဖွဲ့အစည်းကြီးများ၏ ပံ့ပိုးကူညီမှုများစွာကို ရရှိခဲ့သလို ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNU/KNLA ၏ စစ်သင်တန်းများနှင့် စစ်ရေးနည်းနာများစွာလည်း သင်ယူခွင့်ရရှိခဲ့ကြောင်း KNDF က ဆိုသည်။ 

 

ယနေ့ မေ ၃၁ ရက်နေ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့်တွင် AA ပါဝင်သည့် မဟာမိတ် သုံးဖွဲ့နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA၊ NUG - ကာကွယ်ရေး ဝန်ကြီးဌာန အသီးသီးက ချီးကျူးဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ကြသည်။ 


မြန်မာစစ်တပ်မှ မတရားသဖြင့် အာဏာသိမ်းမှုကြောင့် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF သည် ကရင်နီလယငယ်မျိုးဆက်သစ်၊ သွေးသစ်လူငယ်များဖြင့် အပြောင်မြောက်ဆုံးရေးထိုးနိုင်သော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ရက္ခိုင့်တပ်တော်ပါဝင်သည့် ညီနောင်မဟာမိတ်များက ချီးကျူးဂုဏ်ပြု သဝဏ်လွှာပေးပို့ကြသည်။ 


ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၏ မြန်မာစစ်တပ် သို့မဟုတ် စစ်ကောင်စီအဖွဲ့ သို့မဟုတ် စစ်အာဏာရှင်များနှင့် လူမျိုးကြီးဝါဒကို ဆန့်ကျင်တိုက်ခိုက်ပြီး ကရင်လူမျိုးတို့ ကိုယ်ပြဌာန်းခွင့်ရရှိရေးကို တော်လှန်ရေးဖြင့် ကြိုးစားနေသော ၂ နှစ်ပြည့်မြောက်သည့်နေ့ဖြစ်၍ ညီနောင်မဟာမိတ်များက ယနေ့တွင် ဂုဏ်ပြုကြခြင်းဖြစ်သည်။ 


KNDF သည် ကရင်လူမျိုးများနှင့် ၎င်းတို့ဒေသရှိ ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်းတို့အား ကာကွယ်စောင့်ရှောက်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်နိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့အတွက် ကရင်နီလူမျိုးများနှင့် စုဖွဲ့ထားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ 


တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ‌ချွေး၊ ဘဝပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့ရသော ကရင်နီလူထု၊ ကရင်နီသူရဲကောင်းများနှင့် တော်လှန်ရေးရဲဘော်များကို လေးနက်စွာတန်ဖိုးထား ဂုဏ်ပြုကြောင်း ညီနောင်မဟာမိတ်အဖွဲ့များက ဆိုသည်။ 


ဓာတ်ပုံ- KNDF ရဲဘော်တစ်ဦး။

စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံမှုတွင် စစ်တပ်၏ ဆွေး နွေးချက်ကို တိုင်းရင်းသားအဖွဲ့ ၃ ခုက ပြန်လည် တုံ့ပြန်ဆွေးနွေးမှု မရှိ


 စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ တွေ့ဆုံမှုတွင် စစ်တပ်၏ ဆွေး နွေးချက်ကို တိုင်းရင်းသားအဖွဲ့ ၃ ခုက ပြန်လည် တုံ့ပြန်ဆွေးနွေးမှု မရှိ


ရန်ကုန်| ဇွန် ၂


စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် AA ပါဝင်သည့် မြောက်ပိုင်းသုံးဖွဲ့တို့သည် ဇွန်လ ၁ ရက်နေ့ မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မဟာမိတ် သုံးဖွဲ့က အဓိက အချက် ၃ချက် ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


ဇွန်လ ၁ရက်နေ့ကစ၍ စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AAတို့ မိုင်းလားမြို့၌ တွေ့ဆုံဆွေးနွေးနေကြသည်။ 


ညီနောင်သုံးဖွဲ့မဟာမိတ် သုံးဖွဲ့ ၏ အဓိကဆွေး‌နွေးချက်တွင် ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရေး မတရားအသင်းမှ ပယ်ဖျက်ပေးရေးနှင့် လက်ရှိ ရခိုင်ပြည်တွင်းတွင် မိုခါ မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများကို အကူအညီများ အမြန်ဆုံးရရှိရေး စသည့်များကို ဆွေးနွေးခဲ့ကြောင့် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက Western News ကို ပြောသည်။ 


"ကျနော်တို့ဖက်က ပြောတာက ဖမ်းဆီးခံရတဲ့သူတွေ ပြန်လွှတ်ပေးဖို့ရယ်။ နောက်ပြီး မတရားအသင်းကနေ ပယ်ဖျက်ပေးဖို့ရယ်။ နောက်တစ်ခုကတော့ လက်ရှိ ရခိုင်ပြည်အတွင်းမှာ မုန်တိုင်းသင့် ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အချိန်မီ ရောက်ရှိစေရေး။ ဆိုလိုတာ ဒီအကူညီတွေကို အတားအစီးမရှိ ခွင့်ပြုပေးဖို့ ဒါတွေကို ဆွေးနွေးပါတယ် "ဟုပြောသည်။ 


ယင်းဆွေးနွေးပွဲတွင် စစ်ကောင်စီဖက်မှ ရာပြည့်ဦးဆောင်ပြီး ဝင်းဘိုရှိန်၊ ခင်ဇော်ဦး(အငြိမ်းစာ) တြိဂံတိုင်း စစ်ဌာချုပ် ဒုတိုင်းမှူးက အပါအဝင် နောက်ထပ် သုံးဦး ပါဝင်ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောသည်။ 


စစ်ကောင်စီ၏ ဆွေးနွေးချက်ထဲတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေးစသည့် အချက်များပါဝင်ကြောင့် ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ Western News က ဆက်လက် ပြောသည်။ 


"သူတို့ဖက်က ပြောလာတဲ့အချက်တွေပေါ့နော်။ အထူးဖြင့်ကတော့ ပါတီစုံဒီမိုကရေစီ၊ နိုင်ငံရေးဆွေးနွေးခိုင်မာရေးကိစ္စ၊ ဒီမိုကရေစီနဲ့ ဖယ်ဒရေအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စ၊ နောက် ပြည်ထောင်စုတည်ဆောက်ရေးဖွံ့ဖြိုးရေး လက်တွဲပြီး လုပ်ဆောင်မယ့်ကိစ္စပေါ့၊ ယုံကြည်မှုတည်ဆောက်ရေးကိစ္စတွေပေါ့နော်။ အဲ့ဒါတွေကို သူတို့ဖကက အဓိက ထားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့တာရှိတယ်။ ယုံကြည်မှု တည်ဆောက်ရေးကတော့အချိန်ယူပြီးတော့ သွားရမယ့်ကိစ္စပေါ့။ မယုံကြည်လို့ဘဲ တစ်ဖက်တစ်ဖက် အခုလိုအနေအထားမျိုးဖြစ်နေတာပေါ့။ ကျနော်တို့ဖက်ကတော့ အပြန်အလှန် ဆွေးနွေးတာကတော့ မရှိပါဘူး။ သူတို့ပြောတာကို ကျနော်တို့ နားထောင်တယ်။ ပြီးတော့ပြန်လာတဲ့ သဘောပါပဲ "ဟုပြောသည်။ 


စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် AA ပါဝင်သည့် မြောက်ပိုင်းသုံးဖွဲ့သည် ယနေ့ဇွန် ၂ ရက်နေ့တွင် ဆက်လက်ဆွေးနွေးနေပြီး အသေးစိတ် အချက် အလက်များကို ညနေမှ သိရမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ က Western News ကိုပြောသည်။ 


တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း မိုင်းလားကို ရောက်ရှိနေသော်လည်း အဆိုပါ ဒီဆွေးနွေးပွဲတွင် ဘယ်အခန်းကဏ္ဍကနေ ပါဝင်ဆွေးနွေးသလဲဆိုသည်ကို တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ တွေ့ဆုံခြင်းမှာ တရုတ်ကြားဝင်မှုကြောင့် ဖြစ်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်များ ရှုမြင်ကြသည်။ 


(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်သတင်းဌာနဖြစ်သည်။)

Friday, 2 June 2023

သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါ အဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ


 သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါ အဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ ဇွန် ၂ 


မွန်ပြည်နယ်၊ သထုံ ဒုံသမိတံတားတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုရဲမှူး၊ ဗိုလ်ကြီး အပါအဝင် သေဆုံးသူ ၂၀ ကျော်အထက်တွင် ရှိနေပြီး အရပ်သားတချို့ပါ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ် များထံမှ သိရှိရသည်။ 


ဇွန်လ ၁ ရက်နေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို KNU နှင့် PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ဒုရဲမှူး အပါအဝင် ရဲ ၆ ဦးသေဆုံးကြောင်း၊ စစ်တပ်နှင့် BGF ဘက်မှလည်း စစ်ကူလာသော စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးမိုးမင်း အပါအဝင် စစ်သား ၁၅ ဦးထက်မနည်း သေဆုံးကြောင်း သိရှိရသည်။ 


သထုံဒူးရင်းဆိပ်တိုက်ပွဲတွင် စစ်တပ်နှင့်ရဲဘက်မှ သေဆုံးသူတချို့ကို နာမည်နှင့်တကွ အတည်ပြုထားနိုင်ပြီး ယင်းတို့ထဲတွင် 

(၁) ဒုရဲမှူးသီဟဇော်ရတဖ၂၂

(၂) ရဲတပ်ကြပ်စိုးညွန့်ဝင်း ။

(၃) ရတပ်သားကျော်ရဲအောင် ။

(၄) ရတပ်သား ချစ်သူ ။

(၅) ရဲတပ်ကြပ်အောင်ရဲနိုင်။ ။

(၆)ရတပ်သားခွန်ဥက္ကာစိုး။ ။

(၇)ဗိုလ်ကြီးမိုးမင်း တပ်မ ၂၂ အပါအဝင် ၂၀ ကျော် ထက်မနည်းသေဆုံးကြောင်း သိရှိရသည်။ 


ထို့ပြင် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်များ သိမ်းဆည်းရမိရာတွင်- 

(၁)G3 ၂ လက်၊ ကျည်၂၁၀တောင့်၊ ကျည်ပေါက်၃ခု

(၂)MA3 ၁ လက်၊ ကျည်ပေါက် ၂ခု

(၃) 9MM ပစ္စတို ၁ လက်

(၄)စက်သေနတ် ၁ လက်၊ ကျည်ပေါက်၂ခု

(၅)ဖုန်း၂လုံး

(၆)AKကျည်၃၁၀တောင့် အပါအဝင် လက်နက်ခဲယမ်းနှင့်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။ 


နှစ်ဖက်တိုက်ပွဲတွင်း ကျည်ဆန်ထိမှန်၍ သေဆုံးသော အရပ်သားတချို့ရှိခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက် သေဆုံးမှုစာရင်းကို မည်သည့်အဖွဲ့ကမှ အတည်ပြု ထုတ်ပြန်ခြင်းမပြုသေးပေ။

“ဘုံကထိန် ဘုံကထိန် ဘုံကထိန်လှည့်လို့လာ…”

“ဘုံကထိန် ဘုံကထိန် ဘုံကထိန်လှည့်လို့လာ…”


📌ဒီသီချင်းလေးကို လူကြီးလူငယ်အားလုံးနားထဲစွဲနေမယ်ဆိုတာ အသေအချာပါပဲ။


📌ထို့အတူ ကထိန်ဆိုတာနဲ့ ဗုဒ္ဓဘာသာဝင်အများဆုံးနေထိုင်တဲ့မြန်မာနိုင်ငံလို နေရာမျိုးမှာ နှစ်စဉ်ကျင်းပကြတဲ့ ဆယ့်နှစ်လရာသီတွေထဲက ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။


‼️ဘာလို့ကထိန် ကျင်းပရလဲ?

အရှင်းဆုံးကတော့ နိဗ္ဗာန်ကျိုးမျှော်ပြီး နောင်သံသရာဘဝကောင်းစားရေးအတွက် လက်ရှိဘဝမှာ “စုပေါင်း” လုပ်ကိုင်လှူဒါန်းကြတာဖြစ်ပါတယ်။


💢ဝုန်းကထိန်💢


📌ဒီလိုပဲ ငရဲမှာ အရှင်လတ်လတ် ကျရောက်ခံစားနေကြရတဲ့ မြန်မာနိုင်ငံပြည်သူပြည်သားများအနေနဲ့လည်း လောကချမ်းသာဖြစ်တဲ့ လွတ်လပ်မျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် လက်တွေ့တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးဘက်တော်သားတွေကို ကူညီထောက်ပံ့ခြင်းဟာ လက်ရှိဘဝမှာတင် အချိန်မဆိုင်း အကျိုးပေးမယ့်အလှူပါ။


💢ဝုန်းကထိန်💢 မှာပါဝင်တဲ့အဖွဲ့တွေကတော့ လက်တွေ့ချက်ချင်းပုံဖော်ရမယ့် ပရောဂျက်တွေကို ဦးစားပေးစုစည်းထားတာဖြစ်လို့ ပြည်သူရဲ့တယောက်တလက်အားနဲ့ ဝိုင်းဝန်းလိုက်မယ်ဆိုရင် 💢ဝုန်းကထိန်💢ဆိုတဲ့ အတိုင်း စည်ကားမြိုင်ဆိုင်သွားမှာအသေအချာပါပဲ။


📌ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။


💢ဝုန်းကထိန်💢 ဝုန်းကထိန်💢 ဝုန်းကထိန်လှည့်လို့လာ…..
 

ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်အကြာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေ ဆုံး ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ


 ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်အကြာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေ ဆုံး ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၁ 


ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် မေလ ၂၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၁၁ ရက်အကြာ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၁၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း အလယ်ပိုင်းတိုင်း ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ပြော သည်။ 


မေလ ၂၀ ရက်နေ့ ၊ ဖယ်ခုံမြို့နယ်၊ခေါင်အိကျေးရွာ နှင့်လတူးရွာကြားတွင် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီအထိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဖယ်ခုံဖက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်တို့ မိနစ် ၃၀ အကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းထိတွေ့မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အထိအခိုက်များစွာ ရရှိခဲ့ကြောင်း သိရှိရသည်။ 


 မေလ ၂၁ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းထောက်ဒရုန်းတစ်စင်း၊ ကျည်အချို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မေလ ၂၂ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ လွယ်လုံရွာဖက်တွင် စစ်ကောင်စီတပ်နှင့် အလယ်ပိုင်းတိုင်း DMO-PDF(1102)၊မဟာမိတ်တပ်များအကြား နံနက် ၁၀ နာရီ မှ နံနက် ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးကျော် သေဆုံးကြောင်း သိရှိရသည်။ 


မေလ ၂၃ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ဖယ်ခုံ၊ စက်တော်ရွာနှင့်ခေါင်အိရွာကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ (၂)ဦး ထိခိုက်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးမှု၊ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရှိရသည်။ 


မေလ ၃၀ ရက်နေ့တွင် ဖယ်ခုံ၊စက်တော်ရွာတွင် ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၆ နာရီ ၃၀ မိနစ်အချိန်အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံးပြီး မဟာမိတ်ဖက်မှ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။


မေလ ၃၁ ရက်နေ့တွင် ဖယ်ခုံ၊စက်တော်ရွာ၌ နံနက် ၅ နာရီ ၂၇ မိနစ် မှစပြီး ညနေ ၂ နာရီ ၂၈ မိနစ်အချိန် အထိ ၉ နာရီကြာအောင် ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ၅ ဦးနှင့်အထက် ကျဆုံးပြီး တော်လှန်ရေးတပ်ဘက်မှ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်လည်း (၂)ကြိမ်နှင့်အထက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

Thursday, 1 June 2023

ဟားခါးနှင့် ထန်တလန်အကြား တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သားသေဆုံးမှု အရေအတွက် ထိုထက်ပိုမိုများပြားနိုင်


 ဟားခါးနှင့် ထန်တလန်အကြား တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သားသေဆုံးမှု အရေအတွက် ထိုထက်ပိုမိုများပြားနိုင်


ရန်ကုန်၊ ဇွန် ၁ 


ချင်းပြည်နယ်၊ ဟားခါးနှင့်ထန်တလန်အကြားတွင် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးကြောင်း CNA ချင်းအမျိုးသားတပ်မတော်သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


မေလ ၂၅ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်များက ချင်းဒေသကာကွယ် ရေး တပ်များ တပ်စွဲထားသော ဟားခါးနှင့် ထန်တလန်အကြားနေရာများကို လေကြောင်း၊ ကုန်းကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း ၊ လေ ကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို တောက် လျှောက် ဆိုသလို လုပ်ဆောင်နေကြောင်း၊ မေလ ၃၀ ရက်နေ့ တိုက်ပွဲတွင် စစ် တပ်ဘက်မှ အနည်းဆုံး ၆ ဦးသေဆုံးပြီး စစ်သား သေဆုံးမှု အရေအတွက်ပမာဏ ထိုထက်ပိုမိုများပြား နိုင် ကြောင်း သိရှိရသည်။ 


“သီမစ်အနီး လုံခါရ် (Lungkhar) နဲ့ သီမစ် အော်ပရေးရှင်းမှာ စစ်တပ်ဘက်က အနည်းဆုံး ၆ ဦးသေတယ်။ ဒီထက်လည်း ပိုများနိုင်တယ်" ဟု CNA ချင်းအမျိုး သားတပ်မတော်သတင်းရင်းမြစ်က ပြောဆိုသည်။


လက်ရှိတွင် စစ်တပ်က ချင်းပြည်နယ်သို့ လေကြောင်း၊ ကုန်းကြောင်းဖြင့် အ ပြင်း အထန် ထိုးစစ်ဆင်နေပြီး ပြည်သူများအနေဖြင့် ချင်းဒေသကာကွယ်ရေးတပ်များအတွက် လက်နက်ခဲယမ်းများ ရရှိရေး ပူးပေါင်း ပါဝင် ကူညီကြရန် ချင်းတော်လှန်ရေးရဲဘော်တချို့က မေတ္တာရပ်ခံထားသည်။


ဓာတ်ပုံ- သေဆုံးစစ်သားများ၏ အလောင်းတချို့နှင့် လက်နက်များ။

စစ်ကိုင်းဖိုရမ်တွင် တော်လှန်ရေးအဖွဲ့ ပေါင်း ၁၇၃ ဖွဲ့တက်ရောက်ပြီး စစ်ကိုင်း တိုင်းအတိုင်ပင်ခံကောင်စီ တည် ထောင်ရန် ဆွေးနွေး


 စစ်ကိုင်းဖိုရမ်တွင် တော်လှန်ရေးအဖွဲ့ ပေါင်း ၁၇၃ ဖွဲ့တက်ရောက်ပြီး စစ်ကိုင်း တိုင်းအတိုင်ပင်ခံကောင်စီ တည် ထောင်ရန် ဆွေးနွေး


ရန်ကုန်၊ ဇွန် ၁


စစ်ကိုင်းတိုင်းတွင် မေလ ၃၀ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ပထမအကြိမ် စစ်ကိုင်းဖိုရမ်တွင် စစ်ကိုင်းတိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ခု တည်ထောင်ရန် ဆွေးနွေးခဲ့ကြကြောင်း စစ်ကိုင်းဖိုရမ်က တရားဝင် သတင်းထုတ်ပြန်သည်။ 


စစ်ကိုင်းဖိုရမ်တွင် စစ်ကိုင်းတိုင်းအတွင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အတူ - 


က - တိုင်းအဆင့်အသွင်ကူးပြောင်းရေးကာလအစီအမံများပေါ်ပေါက်ရေး


ခ - တိုင်းအဆင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူဝါဒများ ရေးဆွဲရေး


ဂ - တိုင်းအတွင်း အုပ်ချုပ်ရေးနှင့် စစ်ရေးအဖွဲ့များကြား အပြန်အလှန်ထိန်းကျောင်းရေး


ဃ - ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ စုစည်းအားကောင်းနိုင်ရေး တို့ကို တိုင်းအဆင့်အရေးတကြီးလိုအပ်နေသည့် နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ အဖြစ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 


နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် အထွေထွေ စသည့် ကဏ္ဍ ၄ ရပ်နှင့်ပတ်သက်၍ စစ်ကိုင်းဖိုရမ်တွင် ဆွေးနွေးအဖြေရှာခဲ့ကြကြောင်း၊ စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် တော်လှန်ရေးတွင် ပါဝင်ကြသည့် အဖွဲ့အစည်းများကြား အားလုံးပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်ချနိုင်သည့် တိုင်းအတိုင်ပင်ခံကောင်စီ သို့မဟုတ် အစုအဖွဲ့တစ်ခု တည်ဆောက်၍ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံးအပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး ရည်မှန်းကြောင်းလည်း သိရှိရသည်။


အထွေထွေကဏ္ဍတွင် သပိတ်၊ CDM ၊ သယံဇာတ၊ စစ်ရှောင်ကူကယ်ရေး စသည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း ၊၂ ရက်ကြာ ကျင်းပခဲ့သည့် စစ်ကိုင်းဖိုရမ်တွင် စစ်ကိုင်းတိုင်းတွင်း ၂၈ မြို့နယ်တွင် အခြေစိုက်သည့် တော်လှန်အဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာတက်ရောက်သူ ၃၁ ဦးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံး


 ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ ထိမှန် သေဆုံး


ရန်ကုန်၊ ဇွန် ၁

ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် ခလရ ၂၇၄ မှ ဒုတပ်ရင်းမှူး (2iC) ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် မင်းတပ် အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုးသည် စနိုက်ပါ ထိမှန်၍ ပွဲချင်းသေဆုံးသွားကြောင်း၊ သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

" 2ic စိုးထက်ပိုင်တိုး မနေ့က စနိုက်ပါထိပြီး ပွဲချင်းပြီး သေပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...