Friday, 16 June 2023

နေပြည်တော်၊ လယ်ဝေးတွင် ဗိုလ်မှူး မင်းသူအောင်နှင့် အမျိုးသမီး အရာရှိ ၂ ဦး သေဆုံးသွားသည့် လေတပ် အမောင်းသင် ရဟတ်ယာဉ် ပျက်မှု မြင်ကွင်းဓာတ်ပုံများ


 နေပြည်တော်၊ လယ်ဝေးတွင် ဗိုလ်မှူး မင်းသူအောင်နှင့် အမျိုးသမီး အရာရှိ ၂ ဦး သေဆုံးသွားသည့် လေတပ် အမောင်းသင် ရဟတ်ယာဉ် ပျက်မှု မြင်ကွင်းဓာတ်ပုံများ


ရန်ကုန်၊ ဇွန် ၁၅


နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီး စစ်တပ်၏ အမောင်း သင် H120 ရဟတ်ယာဥ် ပျက်ကျပြီး နည်းပြဖြစ်သူ ဗိုလ်မှူး မင်းသူအောင်နှင့် သင်တန်းသူ အမျိုးသမီးအရာရှိတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။


ယနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှ H120 helicopter အမျိုးအစား အမောင်းသင် လေယာဥ် တစ်စီး Navigation သင်ခန်းစာ လေ့ကျင့်ပျံသန်းစဥ် နေပြည်တော်မှ အပြန် လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီးတွင် ရာသီဥတု မကောင်း၍ ပျက်ကျပြီး နည်းပြဖြစ်သူ pilot ဗိုလ်မှူး မင်းသူအောင် နှင့် သင်တန်းသူ အမျိုးသမီး အရာရှိတို့ သေဆုံးခဲ့ကြောင်း သိရသည်။


" ရာသီဥတုမကောင်းတာ တာဝန်ရှိသူတွေက လေကြောင်း အတတ်သင် လေတပ်စခန်းမှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းကို သတင်းပို့သော်လည်း အရေးတယူစဉ်းစားခြင်းမရှိဘဲ အမြော်အမြင်မဲ့စွာ ဆုံးဖြတ်မှုကြောင့် အသက်ဆုံးရှုံးရတာပါ" ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဝင်းမောင်သိန်းသည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှူး အဖြစ် တာဝန်ယူထားပြီး ၎င်းလက်ထက်တွင် တပ်ပြေးများနေခြင်း လက် အောက် ငယ်သားများအား အကြောင်းမရှိ အကြောင်းရှာ အပြစ်ရှာခြင်း တပ်သားများ၏ လွတ်လပ်ခွင့်များပိတ်ပင်ခြင်း၊ အပြင်ထွက်ခွင့်များအား ကန့်သတ်ပိတ်ပင်ခြင်း များ လုပ်ဆောင်ခြင်းကြောင်း အောက်ခြေ တပ်သားများက ကျေနပ်မှု မရှိကြောင်း သိရသည်။

Wednesday, 14 June 2023

ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၁၄


ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PDF - Pekhon တပ်ဖွဲ့ထံမှ သိရသည်။


ဇွန်လ ၃ ရက်နေ့ မှ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ် အပါအဝင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများတို့က ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာကို ရက်ရှည် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထိုးစစ်ဆင်နေသော စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၂၇ ဦး သေဆုံးပြီး များစွာ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ စစ်သားများ ထိခိုက် ကျဆုံးမှုများသောကြောင့် ဖယ်ခုံ စကခ ၇ နှင့် လက်နက်ကြီး ထိုင်ထားသော ၃၃၆ တပ်တို့မှ ၃ ရက် ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ကူမှုဖြင့် MBPDF 1007 တပ်ရင်းမှ ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA - 2 ၁ လက်၊ MA - 3 ၁ လက်နှင့် ခဲယမ်းများစွာကို သိမ်းဆီး ရမိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို PDF - Pekhon တပ်ရင်းအမှတ် ၁၀၀၂ နှင့်အတူ LKPDF DMO-PDFs 1101, 1102, 1106, 1107 တို့၏ ပူပေါင်းစစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF 1007 ၊ 1009 ၊1008 ၊ 1005 ပူးပေါင်းစစ်ကြောင်း၊ KRU နှင့် KNDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း PDF - Pekhon က ထုတ်ပြန်ထားသည်။ 

ယူကရိန်းကို ပေးအပ်နေသည့် အကူအညီ၏ ၁ ရာခိုင်နှုန်းမျှ မြန်မာ့ တော်လှန် ရေး အတွက် ထောက်ပံ့လျှင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း ဖြုတ်ချနိုင်ဟု ဗိုလ်ချုပ် ဂွန်မော်၊ NUGဝန်ကြီး ဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာသို့ ပြောဆို အကူအညီတောင်း


ယူကရိန်းကို ပေးအပ်နေသည့် အကူအညီ၏ ၁ ရာခိုင်နှုန်းမျှ မြန်မာ့ တော်လှန် ရေး အတွက် ထောက်ပံ့လျှင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း ဖြုတ်ချနိုင်ဟု ဗိုလ်ချုပ် ဂွန်မော်၊ NUGဝန်ကြီး ဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာသို့ ပြောဆို အကူအညီတောင်း


■ NUG ၊ KIA နှင့် KNU တို့ စစ်ရေးဆိုင်ရာ ပူးတွဲဗဟိုကွပ်ကဲရေး ဖွဲ့စည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေ


ရန်ကုန်၊ ဇွန် ၁၄

 

ယူကရိန်းကို ပေးအပ်နေသည့် အကူအညီ၏ ၁ ရာခိုင်နှုန်းမျှ မြန်မာ့ နွေဦးတော် လှန်ရေးအတွက် ထောက်ပံ့လျှင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း အပြတ်ဖြုတ်ချနိုင်ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ ဝန်ကြီးဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာကို အကူအညီတောင်းခံလိုက်ကြသည်။


ဇွန်လ ၁၃ ရက်နေ့ USIP တွင် KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၊ NUG ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ဦးမင်းကိုနိုင်တို့က "Like Ukraine, Myanmar Deserves International Aid" ဆိုသော ယူကရိန်းကဲ့သို့ မြန်မာအနေဖြင့်လည်း နိုင်ငံတ ကာ အကူအညီများ ရထိုက်" ဟူသည့် ဆောင်းပါးရေးသား၍ နိုင်ငံတကာကို ပန်ကြား တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တော်လှန်ရေးအတွက် လျှင်မြန်သော အောင်ပွဲများရရှိရေး နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးကူညီမှုနှင့် အကူအညီ လိုအပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံသားများအနေဖြင့် ယူကရိန်းနိုင်ငံသားများကဲ့သို့ အကူအညီများ မရရှိဘဲ ထောက်ပံ့မှု အနည်း ငယ်သာရရှိကြောင်း၊ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ကူညီမှု၏ ၁ ရာခိုင်နှုန်းမျှသာ ရရှိလျှင်ပင် မြန်မာ့တော်လှန်ရေး၏ အဆုံးအဖြတ် အောင်ပွဲခံနိုင်မှုကို အချိန်ကာ လအနည်းငယ်အတွင်း သက်သေပြနိုင်ကြောင်း ဆောင်းပါးတွင် ရေးသား တောင်းဆိုထား သည်။


လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုသည် မြန်မာ့သမိုင်းတွင် ထူး ခြား ပြီး နိုင်ငံ တကာ၏ ထောက်ခံအားပေးမှုကို ရသင့်ကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လွတ် လပ်မှုကို ဆောင် ကြဉ်းပေးနိုင်ရန် ဆယ်စုနှစ် ၇ ခုအကြာ အကောင်းဆုံးနှင့် နောက်ဆုံး အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းထံမှ ပံ့ပိုးကူညီမှု မရှိစေကာမူ မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ကြိုးပမ်းမှုတွင် မယိမ်းယိုင်ကြကြောင်း၊ သို့သော်လည်း နိုင်ငံတကာ၏ ထောက်ခံအား ပေးမှုသည် ရုန်းကန်မှုကို အားဖြည့်ပေးမည်ဆိုပါက စစ်အာဏာ ရှင်စနစ်ကို အချိန်တိုတိုအတွင်း အောင်ပွဲခံရန် သေချာပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး လျှင်မြန်စွာ ပေါ်ထွန်းလာမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေး နှင့် ဒေသ တည်ငြိမ်အေးချမ်းရေး ဦးတည်သွားမည်ဖြစ်ကြောင်း ဆောင်းပါးတွင်ထောက်ပြထားသည်။


မြန်မာနိုင်ငံတွင် သွေးခွဲအုပ်ချုပ်ခြင်းနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်ခြင်း ပေါ်လစီဖြင့် အစဉ်အဆက် ဆယ်စုနှစ်ချီ၍ အာဏာရယူအုပ်ချုပ်ခဲ့သော မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ယင်းပေါ်လစီ ကျရှုံးသွားခဲ့ရပြီဖြစ်ကြောင်း၊ ယနေ့တွင် တိုင်းပြည်သည် မကြုံစဖူးသော ညီ ညွတ်မှုများ ရရှိနေကြောင်း၊ ယူကရိန်းနိုင်ငံသားများကဲ့သို့ပင် မြန်မာနိုင်ငံသားများမှာလည်း အသက်စွန့်၍ ဘဝ၊ ချွေး၊ သွေးတို့ကို ရင်းနှီး ပေးဆပ်၍ ဒီမိုကရေစီအတွက် စစ်အာဏာရှင်ကို စုစည်း တော်လှန်နေကြကြောင်း၊ သို့ရာတွင် မတူညီသည်က မြန်မာနိုင်ငံသားများသည် ယူကရိန်းနိုင်ငံသားများကဲ့သို့ နိုင်ငံတကာ အကူအညီများ ရရှိမနေကြောင်း၊ အကူအညီများရရှိပါ နှစ်ချီကြာမြင့်နိုင်သော စစ်အာဏာရှင်တော်လှန်ရေးမှာ လပိုင်းအတွင်း ပြီးဆုံးနိုင်ပြီး ယူကရိန်းကို ပေးအပ်နေသော အကူအညီ၏ ရာခိုင်နှုန်း အနည်းငယ်မျှ မြန်မာနိုင်ငံသားများကို ပေးအပ်လျှင်ပင် စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲ အလွန်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ရေးသားထားသည်။


 ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းမှုတို့ကြောင့် မြန်မာနိုင်ငံတွင် မကြုံစဖူးစည်းလုံးညီညွတ်မှုရရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်များ၊ NUG ၊ တိုင်းရင်းသားကိုယ်စားပြု အဖွဲ့အစည်းအသီးသီး၊ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုများ အပါအဝင် တော်လှန်ရေးအင်အားစုများ အကြား ညီညွတ်မှုများရှိနေကြောင်း ၊ အဆိုပါ ညီညွတ်မှုများက မြေပြင် တော်လှန်ရေးလှုပ်ရှားမှုများကို အထောက်အကူရရှိစေကြောင်း ထောက်ပြထားသည်။


၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် လူထု၏ မတူကွဲပြားသော အစိတ်အပိုင်းများဖြစ်သော ရွေးကောက်ခံခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ CDM ဝန်ထမ်းများက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး အတွက် ရည်ရွယ်ဦးတည်ထားသော တော်လှန်ရေးလှုပ်ရှားမှုအတွက် လက်တွဲကြကြောင်း၊ လအနည်းငယ်အတွင်း အမျိုးသား စည်းလုံးညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်း ခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေီပြည်ထောင်စု ထူထောင်ရေးအုတ်မြစ်ချရန်အတွက် “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း” ကို ရေးဆွဲခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။


၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြင့် စစ်တပ်က အာဏာသိမ်းမှုကို ခုခံရန် စတင်ခဲ့သော်လည်း မကြာမီတွင် ဗိုလ်ချုပ်များ၏ အကြမ်းဖက်မှုကို တုံ့ပြန်ရန် လက်နက်ကိုင် ကာကွယ်ရေးအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုသည် စစ်တပ် ထိန်းချုပ်မှု ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ လမ်းကြောင်းသစ်တစ်ခု အသွင်ကူးပြောင်းရန် တနိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်ရေးအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကြောင်း၊ လက်နက်ကိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးဘက်သို့ လှည့်လိုက်သည်နှင့်အမျှ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း အများအပြားသည် အရပ်သားများကို ကာကွယ်ရန်နှင့် စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဖွဲ့စည်း လေ့ကျင့် ပေးကြကြောင်း၊ လက်ရှိတွင် နိုင်ငံတဝှမ်းရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် PDF များ ပူးပေါင်း ဆောင်ရွက်နေကြောင်း ရေးသားထားသည်။


‌ေNUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနသည် လက်နက်ကိုင် တော်လှန်ရေး ဗဟိုချက်တွင်ရှိပြီး စစ်အစိုးရကို တိုက်ခိုက်နေသည့် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ စစ်ရေးဆိုင်ရာပူးတွဲဗဟိုကွပ်ကဲရေးအဖွဲ့ ကိုလည်း ထူထောင်ထားပြီး ကရင်နီနှင့် ချင်းအပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ စစ်ရေး စစ်ဆင်ရေးနှင့် ကွပ်ကဲမှုများကို ညှိနှိုင်းဆောင်ရွက်ရန်၊ စစ်တပ်ကို တော်လှန်ရောတွင် တက်တက်ကြွကြွ ထောက်ခံအားပေးသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပိုမိုလေးနက်စွာ နားလည်သဘောပေါက်ပြီး ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။


PDF များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့များသည် စစ်ကောင်စီတပ်ကို တော်လှန်နေမှုသည် ဒီမိုကရေစီနှင့် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ အရေးအကြီးဆုံးမှာ၊ ဤမကြုံစဖူးစည်းလုံးမှုသည် အောင်ပွဲအတွက် အခွင့်အလမ်းဖြစ်ကြောင်း၊ စစ်အစိုးရ၏ အကြမ်းဖက်နည်းဗျူဟာသည် စစ်ဘက်နှင့် နိုင်ငံရေးနယ်ပယ်အားလုံးတွင်ကျရှုံးနေကြောင်း၊ ထိုကျရှုံးမှုက တော်လှန်ရေးအင်အားစုများအတွက် နောက်ဆုံးနှင့် အကောင်းဆုံးသော အခွင့်အရေးဖြစ်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်မှ ကင်းလွတ်ပြီး ကင်ဆာဆဲလ်ကဲ့သို့ အမြစ်တွယ်နေသော စစ်အာဏာရှင်ကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ရေးသားထားသည်။


ပြည်သူလူထု၏ ပံ့ပိုးကူညီမှု၊ ပူးပေါင်းပါဝင်မှုနှင့်အတူ တော်လှန်ရေးက ဆက်လက်ချီတက်နေပြီး PDF များသည် ဗမာလူမျိုးအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးလက်ဒေသအများအပြားတွင် အထူးသဖြင့် ဗမာလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အခြေစိုက်ထားနိုင်ပြီဖြစ်ကြောင်း ဆောင်းပါးက အသိပေးထားသည်။


အလားတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသည် ၎င်းတို့၏ နယ်မြေများ အပေါ် ပိုမို ခိုင်မာပြီး ထိရောက်သော အုပ်ချုပ်ရေးကို ကြိုးပမ်းကာ ၎င်းတို့၏ ထိန်းချုပ်မှု နယ်ပယ်များကို ချဲ့ထွင်လျက်ရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ပေါင်းစည်းထားသလို တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို နယ်မြေတစ်ဝက်ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။


စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ် သတ်မှတ်၍ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ဘုံရည်မှန်းချက် အောင်မြင်မှုရရှိရန် တစ်နိုင်ငံလုံးက အခိုင်အမာ ကတိကဝတ်ပြုထားပြီး မြန်မာပြည်သူပြည်သားများ စည်းလုံးညီညွတ်စွာ ချီတက်နေကြကြောင်း၊ နိုင်ငံရပ်ခြားရောက် မြန်မာအလုပ်သမားများကလည်း လစဉ် ၎င်းတို့ချွေးနည်းစာ လစာများကို လှူဒါန်းနေကြသကဲ့သို့ မြန်မာပြည်အထက်ပိုင်းမှ အဘွားအိုများကလည်း ၎င်းတို့၏ နားကပ် အပါအဝင် ပိုင်ဆိုင်မှုများကို လှူဒါန်းနေကြကြောင်း ၊ လက်နက်ကိုင်တော်လှန်ရေးသည် လက်လုပ်များနှင့် စတင်ခဲ့ကြောင်း၊ တူမီး လက်နက်နှင့်စတင်ခဲ့ရကြောင်း၊ စစ်တပ်က ရုရှားလုပ်လေယာဉ်နှင့် လက်နက်များအကို အသုံးပြုနေကြောင်း၊ ယူကရိန်းက ဆုံးရှုံးသွားသော နယ်မြေကို ပြန်လည်သိမ်းပိုက်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်တွင် မြန်မာလူမျိုးများသည် စစ်အစိုးရမှ ခိုးယူထားသော မြေလက်မတိုင်းအတွက် တိုက်ပွဲဝင်နေကြောင်း ထောက်ပြထားသည်။


Photo Credit - DVB ၊ Matador 

Tuesday, 13 June 2023

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


 နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

++++++++++++++

ဇွန် ၁၃ 


နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်များဆီက သိရပါတယ်။ 


ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနဲ့ လ္ဘက်တောင်ကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများ၊ KA နဲ့ သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3   ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

++++++++++++++

ဇွန် ၁၃ 


နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်များဆီက သိရပါတယ်။ 


ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနဲ့ လ္ဘက်တောင်ကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများ၊ KA နဲ့ သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3   ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်


 NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်


အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီကနေ့ ဇွန် ၁၃ ရက်မှာ ကြေညာပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာကမှ ပြန်လွတ်လာခဲ့တာပါ။


သူနဲ့အတူ အမှုတွဲတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ ဘဏ္ဍာ‌ရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဒီသတင်းအပါအဝင် ဘီဘီစီရဲ့‌နောက်ဆုံးရသတင်းများစုစည်းတင်ဆက်မှု

https://www.bbc.com/burmese/articles/cyxgwwekl04o

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး


 ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး


ရန်ကုန်၊ဇွန် ၁၃ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၊ ကွီလုံတိုင်စခန်းထံသို့ ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတိယတပ်ရင်းမှူးအပါအဝင် စစ်သား ၃ ဦး သေဆုံး ပြီး ကျန်စစ်သားများမှာ ထိုင်းဘက်အခြမ်းကို ထွက်ပြေးသွားကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


 ဇွန်လ ၃ ရက်နေ့ ရိက္ခာပို့ရန် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁) က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စနိုက်ပါဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ဒုတပ်ရင်းမှူး သေဆုံးခဲ့ကြောင်း ၊ယင်းတိုက်ပွဲသည် ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် မှ ညနေ ၆ နာရီအထိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


 အထိနာသွားသော စစ်တပ်စစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ကူး၍ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် ၅ ဦးဗုံးစထိမှန်ခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း SOF က ပြောသည်။ 


"သွားရောက် တိုက်ခိုက်တာက စစ်ကြောင်း ၁ ရဲ့ အထူးချေမှုန်းရေးတပ်စုပါ"ဟု SOF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


 သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


ဧရာဝတီ၊ ဇွန် ၁၃ ၊ ၂၀၂၃


ကယားပြည်နယ်(ကရင်နီပြည်)၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သော တောင်လှစခန်းနှင့် မယ်စဲ့ ရဲစခန်းတို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ကရင်နီဒေသခံ သတင်းရင်းမြစ်တဦးက " တိုက်ပွဲက ဒီနေ့မနက်မှာ ဖြစ်တာပါ။ တောင်လှစခန်းကိုရော၊ မယ်စဲ့ရဲစခန်းကိုရော ကျနော်တို့ဘက်က ရလိုက်တယ်။ စစ်ရေးသတင်းဖြစ်နေတော့ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တွေက ကြေညာပါလိမ့်မယ် " ဟု ဧရာဝတီသို့ အတည်ပြု ပြောသည်။


ယခုတိုက်ပွဲဖြစ်ပွားသော ထိုင်း-မြန်မာ နယ်စပ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ၎င်းတို့၏ ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ဂိတ်စခန်းများနှင့် မယ်စဲ့မြို့ပေါ်ရှိ ရဲစခန်းများကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဧရိယာအများစုမှာ တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေများဖြစ်ကြောင်း ၎င်းက ဆိုသည်။


အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး KNDF ဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


#WhatsHappeningInMyanmar

#RejectMilitaryCoup

Monday, 12 June 2023

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရမိ


 မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရမိ 


ရန်ကုန်၊ ဇွန် ၁၂ 


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်(ပျူ)ရွာစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက်များနှင့်အတူ ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း Student’s Revilution Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ဇွန်လ ၈ ရက် နံနက် ၄ နာရီခွဲခန့်က အဆိုပါ ပျူစောထီးစခန်းအား ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (S.R.F)မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး Carbine M- 2 သေနတ် ၁ လက်၊ 4.8 ပြောင်းချောသေနတ် ၂ လက်၊ က.ပ.စ ထုတ် ကျည် ထိုး ၁ လက်၊ တူမီး ၂ လက်၊ 4.8 ကျည် ၆၃ တောင့်၊ 0.30 ကျည် ၁၁၄ တောင့်နှင့်အတူ ဖုန်း ၃ လုံး တို့နှင့်အတူ ၄ ဦး အရှင်ဖမ်း မိခဲ့ကြောင်းသိရ သည်။ 


“တိုက်ပွဲက ၂ နာရီကျော်ကြာတယ်၊ တစ်နာရီခွဲလောက်ကြာပြီးတော့ ထွက်ပြေးကြတာ၊ ဆက်ပြီး ခုခံနေတဲ့အထဲက ပျူ ၃ ကောင် သေတာပါဗျ၊ တစ်ကောင်က ထပ်မိတာပါ၊ ဖမ်းမိတဲ့အထဲမှာ တစ်ယောက်က ပြည်သူဖြစ်နေလို့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်၊ စစ်ကူလာတာ မရှိပါဘူးဗျ၊ ပျူရွာဆိုတော့ အင်အားတော့ မခန့်မှန်းတတ်ဘူး” ဟု Student’s Revilution Force တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။


အရှင်ဖမ်းမိသူ ၄ ဦးမှာ အသက် ၆၅ နှစ်အရွယ် ကံငြိမ်း၊ အသက် ၅၈ နှစ် အရွယ် ပြည့်ဘော် ၊ အသက် ၃၇ နှစ် အရွယ် ဝင်းဦးနှင့် အသက် ၅၇ နှစ်အရွယ် အေးဆွေတို့ဖြစ်ပြီး ပြည်သူတစ်ဦးပါ ဖမ်းမိခဲ့သဖြင့် စစ်ဆေး မေးမြန်းကာ ပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။

Breaking News- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီး မကြာမီ ကြားကာလ ပြည်နယ် အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်မည်


 Breaking News- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီး မကြာမီ ကြားကာလ ပြည်နယ် အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်မည်


■ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ချက်ဖြင့် စတင်ဖော်ဆောင်ခြင်းဖြစ် 


ရန်ကုန်၊ ဇွန် ၁၂ 


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် တရားဝင် ထူထောင်လိုက်ပြီဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌ ခူဦးရယ် ကြေညာသည်။ 


ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၆ ဦးဖြင့် ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်နယ်တွင် ရည်ရွယ်ချက် ၅ ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင် သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစု အသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် အပါအဝင် ရည်ရွယ်ချက် ၅ ချက်ရှိကြောင်း သိရှိရသည်။ 


"အခက်အခဲတွေအကြားကနေ ကျနော်တို့ ကရင်နီပြည် ကြားကာလ ပြည်နယ်အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အခြားပြည်နယ်တွေအနေနဲ့လည်း အုပ်ချုပ်ရေး ခိုင်ခိုင်မာမာရှိဖို့ ကြားကာလ အုပ် ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ကရင်နီပြည် ကြားကာလ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က ယနေ့ တရားဝင်ထုတ်ပြန်ပြောဆိုသည်။  


ကရင်နီပြည်တွင် ပြည်သူလူထုကို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေး၊ ရဲဌာန၊ တရားရုံးတို့ကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုအသီးသီးနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာသည်။


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ အဖြစ် ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ ဇူးပဒုမ္မာ အတွင်းရေးမှူး ၁ ၊ ဗညားခွန်အောင် အတွင်းရေးမှူး ၂ ၊ မော်ဖိုးမြာ ဘဏ္ဍာရေးမှူး အဖြစ် ပါဝင်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနပေါင်းစုံ ပရိတ်၊ဓမ္မစကြာ၊ပဌာန်းရွတ်ပွဲများ မဖြစ်မနေ ပြုလုပ်နေရ ၊ ဘုရားစေတီများတွင် ကပ်ရမည့်ဆွမ်းဟင်းနှင့် ပူဇော်ရမည့် ပန်းအရောင်များကိုပါ ညွှန်ကြားချက်ပေး


 နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနပေါင်းစုံ ပရိတ်၊ဓမ္မစကြာ၊ပဌာန်းရွတ်ပွဲများ မဖြစ်မနေ ပြုလုပ်နေရ ၊ ဘုရားစေတီများတွင် ကပ်ရမည့်ဆွမ်းဟင်းနှင့် ပူဇော်ရမည့် ပန်းအရောင်များကိုပါ ညွှန်ကြားချက်ပေး


ရန်ကုန်၊ ဇွန် ၁၂ 


မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနဆိုင်ရာရုံးပေါင်းစုံတွင် ပရိတ်၊ ဓမ္မစကြာ၊ ပဌာန်းရွတ်ပွဲများ မဖြစ်မနေ ပြုလုပ်နေရကြပြီး ဘုရားစေတီများတွင် ကပ်ရမည့်ဆွမ်းဟင်းနှင့် ပူဇော်ရမည့် ပန်းအရောင်များကိုပါ စစ်ကောင်စီက ညွှန်ကြားချက်ပေး ပူဇော်ကပ်ခိုင်းနေကြောင်း သိရှိရသည်။ 


ဗူးဘုရား မိုးကြိုးပစ်ခံရခြင်း၊ မအူပင်တွင် ငလျှင်လှုပ်၍ ဘုရားထီးတော်များပြိုကျခြင်းများ ဖြစ်ပေါ်လာပြီးနောက် ယခုရက်ပိုင်းအတွင်း ယင်းသို့ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် တစ်နိုင်ငံလုံးရှိ တပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် ဝန်ကြီးဌာနရုံးပေါင်းစုံကို စစ်ကောင်စီက ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"စစ်တပ် တပ်မ တပ်ရင်း တပ်ဖွဲ့တွေ၊ ပြည်ထဲရေဝန်ကြီးဌာအောက်ကဌာနတွေဖြစ်တဲ့ ထွေအုပ်၊ရဲတပ်ဖွဲ့၊စစစ၊အကျဥ်းဦးစီးစတဲ့ဌာန ဆိုင်ရာဝန်ထမ်းတွေကို ပရိတ်၊ဓမ္မစကြာ၊ပဌာန်းတွေကို မရွတ် မနေရ ရွတ်ခိုင်းပါတယ်။ တပ်ဖွဲ့နဲ့ ဌာနတွေအလိုက် ရွတ်ဖတ် ပြိုင်ပွဲတွေလုပ်ခိုင်းနေတယ်။ ရန်ကုန်မှာဆို ဝန်ကြီးချုပ်အစီအစဥ်နဲ့ မြို့နယ်အားလုံး အလှည့်ကျရက်အလိုက်ရွှေတိဂုံဘုရား ရင်ပြင်စောင်းတန်း ၄ ခုမှာ နံနက် ၅ နာရီနေ့စဥ်ဆွမ်း၊ပန်း၊ရေချမ်း၊ဆီမီးကပ်ခိုင်းတယ်။ ကပ်တဲ့ဆွမ်းတောင် သူတို့ခိုင်းတဲ့ဟင်းအမယ်၊သူတို့ပြောတဲ့ပန်းအရောင်ကပ်ခိုင်းတာ။ ဒီရက်ပိုင်းအတွင်း အဲဒါတွေကို လုပ်နေရတယ်။ အဲဒါက တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ညွှန်ကြားချက်ထွက်လာတာ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 


အကြမ်းဖက်မင်းအောင်လှိုင်ကိုယ်တိုင်လည်း ယခုရက်ပိုင်းအတွင်း ဘာသာရေးအလုပ်များကို ဇောက်ချ လုပ်နေပြီး ပရိတ်၊ ဓမ္မစကြာ၊ ပဌာန်း ရွတ်ဖတ်ခြင်း ၊ ဥပုသ်စောင့်ခြင်းနှင့် အဓိဋ္ဌာန်ဝင်ခြင်းများ ရှိနေသည်ဟု သိရှိရသည်။ 


ဓာတ်ပုံ- ရှေ့တန်းစခန်းတချို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘုရားရှိခိုးနေကြစဉ်။

Sunday, 11 June 2023

နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်းများတွင် ခုခံစစ် ပြင်ဆင်ထားရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားပြန်


 နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေးဂိတ်များ၊ ရဲစခန်းများတွင် ခုခံစစ် ပြင်ဆင်ထားရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားပြန်


■ "ငါမသေ ငါ့စခန်း မကျစေရ" စိတ်ဓာတ်ဖြင့် လာရောက်တိုက်ခိုက်မှုများကို တွန်းလှန်ကြရန် စစ်ကောင်စီက အမိန့်ပေး


ရန်ကုန်၊ ဇွန် ၁၁ 


မြန်မာနိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ဆေးရေး ဂိတ်များနှင့် ရဲစခန်းများတွင် PDF များ လာရောက်တိုက်ခိုက်ပါက ကြံ့ကြံ့ခံနိုင်ရေး အခိုင်အမာ ခုခံစစ် ပြင်ဆင်ထားကြရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားထားကြောင်း နေ ပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ 


အကြမ်းဖက်စစ်ကောင်စီက တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ၊ အရေးပါသည် စစ်ဆေးရေးဂိတ်များ အတိုက်ခံရသည့်အခါတိုင်း အခိုင်အမာ ခံတပ် ပြင်ဆင်ထားရန် ညွှန်ကြားလေ့ရှိရာ ယခုရက်ပိုင်းအတွင်းတွင်လည်း ထိုကဲ့သို့သော အမိန့် ညွှန်ကြားချက် ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်ဟု သိရှိရသည်။ 


တပ်ရင်းတပ်ဖွဲ့များတွင် ကတုတ်ကျင်းများ တူးခြင်း၊ တပ်ခြံစည်းရိုးများကို အခိုင် အမာ တည်ဆောက်ခြင်းနှင့် မိုင်းများမြှုပ်နှံ ပြင်ဆင်ထားရန်၊ လေ ကြောင်းတိုက်ခိုက်မှုများအတွက် ဗုံးခိုကျင်းများ တူးထားပြီး ဘန်ကာ၊ သဲအိတ်၊ ရှေ့ထွက်ကင်း၊ ကာကင်းများကို စနစ်တကျ ပြင်ဆင်ထားရန်၊ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများတွင် ၂၄ နာရီ လုံခြုံရေး အသင့်ပြင်ထားပြီး ကင်းပုန်းများ ချထားရန်၊ လက်နက်တိုက်များ၏ လုံခြုံရေးအတွက် ယခင်ထက် ပိုမိုမြှင့်တင်ထားရန်၊ ဒရုန်းဖြင့် ဗုံးကျဲမှုများအတွက် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက Jammer စက်များ၊ ဒရုန်းကို ပစ်ချနိုင်သည့် ဒရုန်းပစ်လက်နက်များ အသင့်ပြင်ထားရန်၊ ယင်းစက်များ မရှိသေးပါက တောင်းခံ တပ်ဆင်ရန်၊ တပ်ရင်းတပ်ဖွဲ့များ၊ စခန်းများတွင် မိသားစုဝင်များ၊ စစ်သည်များ၊ အဖွဲ့ဝင်များကို မလိုအပ်ဘဲ ပြင်ပထွက်ခွင့်နှင့် ခွင့်ယူခွင့်များ မပေးရန် ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ထို့ပြင် တပ်တွင်း စည်းလုံးညီညွတ်ရေးအတွက် အရာရှိနှင့်စစ်သည်များ စည်း လုံးစွာ နေထိုင်ကြရန်၊ ပြင်ပ Facebook မှ သတင်းများနှင့် ကောလဟလ သတင်းများကို တိုက်ဖျက်နိုင်ရေးအတွက် အပတ်စဉ်၊လစဉ် အစည်းအဝေးများဖြင့် ပုံမှန် ကျင်းပ၍ အသိပညာ တိုးပွားရေး ဆောင်ရွက်ရန် ညွှန်ကြားကြောင်း သိရှိရသည်။ 


"ဒါတွေက အကြိမ်ကြိမ် ညွှန်ကြားချက်ထွက်ပြီးသားပေမယ့် အခုနောက်ဆုံး ညွှန်ကြားချက်ကတော့ မိမိစခန်းကို မစွန့်လွှတ်ဘဲ အသက်ဆုံးသည်အထိ တိုက်ပွဲဝင်ကြရန် ဆိုတာမျိုး ပါလာတယ်။ ငါမသေ ငါ့စခန်း မကျစေရ ဆိုတဲ့ စိတ်ဓာတ်နဲ့ လာရောက်တိုက်ခိုက်မှုတွေ တွန်းလှန်ဖို့ ပါတယ်။ ကျနော်တို့ကို အသေခံခိုင်းနေတာ" ဟု အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။ 


အလားတူ မုန်တိုင်းတိုက်ခတ်ခဲ့သော ရခိုင်ပြည်နယ်တွင်လည်း တပ်ရင်းတပ်ဖွဲ့များ၊ စခန်းများနှင့် စစ်ဆေးရေးဂိတ်များတွင် ၂၄ နာရီ လုံခြုံရေး အဆင်သင့် ပြင်ဆင်ထားရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

ဖလမ်းတွင် ခလရ ၂၆၈ မှ တပ်သား စောနောင်ထွန်း နှင့် တပ်သား အောင်မျိုးကျော်တို့ လက်နက်နှင့်အတူ တပ်မှ ထွက်ပြေးလာ


 ဖလမ်းတွင် ခလရ ၂၆၈ မှ တပ်သား စောနောင်ထွန်း နှင့် တပ်သား အောင်မျိုးကျော်တို့ လက်နက်နှင့်အတူ တပ်မှ ထွက်ပြေးလာ


ရန်ကုန်၊ ဇွန် ၁၁


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါမြို့၊ ရိခေါဒါရ် ၊ ခလရ ၂၆၈ မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သား ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) ထံမှ သိရှိရသည်။


ဇွန်လ ၆ ရက်နေ့တွင် အဆိုပါစစ်သား ၂ ဦးကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွင် ထိန်းသိမ်း စောင့်ရှောက်ထားခြင်းဖြစ်ပြီး တပ်သား စောနောင်ထွန်း နှင့် တပ်သား အောင်မျိုးကျော် တို့ဖြစ် ကြောင်း၊ ၎င်းတို့သည် အကြမ်းဖက် စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင် လိုစိတ် မရှိ တော့၍ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့တွင် ကင်းပုန်းတာဝန်ကျရာမှ ထွက်ပြေး လာခြင်းဖြစ် ကြောင်း သိရသည်။


“ကျနော်အရင် စိတ်မပါဘူး၊ သူတို့ မဝင်ရမနေရဆိုပြီးခေါ်တယ်၊ ကျနော်တို့က အသက် ၃၀ ဆိုပြီး လိမ် တယ်၊ မရဘူးဆိုပြီးခေါ်တယ်၊ ဘာဖြစ်လို့ထွက်ပြေးရတာလဲ ဆိုတော့ တော်တော်ကို ကြပ်တည်း ပါ တယ်၊ နေရ၊ ထိုင်ရတာစပြီးတော့၊ လစာတော့ပုံမှန်ပေးပါတယ်၊ ထမင်းက ၃ နပ်ကျွေးပါတယ်” တပ် သား စောနောင်ထွန်းက ပြောကြားသည်။


အဆိုပါ ဖမ်းဆီးသည့်တပ်သား ၂ ဦးနှင့်အတူ MA 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည် ၃၃၀ တောင့်၊ MG1 လက်ပစ်ဗုံးတလုံး ပါရှိလာကြောင်း သိရသည်။


“ကျနော်ကတော့ သူတို့ထဲမှာ မနေချင်တော့ဘူး၊ ကျနော်တို့လစာနဲ့ ကျနော်တို့ ဖုန်းဆင်းကတ်တွေဝယ် တယ်၊ အဲဒါတွေသိမ်းပါတယ်၊ သိမ်းတဲ့အခါကျတော့ မိဘတွေနဲ့ဆက်သွယ်ရတာ မလွတ်လပ်ပါဘူး၊ အဲဒါကြောင့် စိတ်ကျဉ်းကြပ်ပြီးတော့ မနေချင်တော့လို့ ထွက်ပြေးလာတာပါ” ဟု တပ်သား အောင်မျိုး ကျော်က ပြောဆိုသည်။

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် အမိန့် KNU ကထုတ်ပြန်


 မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် အရာမှန်သမျှ တင်ဆောင်ခြင်းမပြုရန် အမိန့် KNU ကထုတ်ပြန်


ရန်ကုန်၊ ဇွန် ၁၁ 


ကရင် အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ ဘိတ်နှင့် အမှတ် ၈ လမ်းမကြီးတွင် သွားလာနေသော ပြည်သူများ လိုက်နာရန် အမိန့်တစ်ရပ်ကို KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ က ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။ 


ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်သော အမိန့်တွင် အချက် ၄ ချက်ပါဝင်ပြီး တပ်ဖွဲ့ဝင်များက စစ်ဆေးရန် ခေါ်ယူရပ်တန့်သည့်အခါ မော်တော်ယာဉ်ကို ကြည်ဖြူစွာ ရပ်တန့် ပေး၍ စစ်ဆေးခံရန် ၊ ယာဉ်များတွင် စစ်ကောင်စီနှင့်ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်၀တ္တုဖြစ်စေ၊ တင်ဆောင်ခြင်း လုံး၀ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါ စီးနင်းခြင်းမပြုရန် ၊ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ယာဉ်များ ကြည်ဖြူစွာ ရပ်တန့် အစစ်ဆေးခံကြရန် အမိန့်ထုတ်ပြန်သည်။ 


"အဓိက စစ်တပ်နဲ့ပတ်သက်တာတွေ မတင်ဖို့ပါ။ စစ်သားတွေ လက်နက်ပစ္စည်း ရိက္ခာတွေ မတင်ဖို့ တားမြစ်တာပါ။ တင်တာတွေ ရှိနေလို့ပါ" ဟု KNU တပ်မဟာ ၆ ၊ တပ်ရင်း ၂၇ မှ တော်လှန်ရဲဘော်တစ်ဦးက ပြောသည်။ 


စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွားပြည်သူများကို အကာအကွယ်၍ သွားလာနေသည့်အတွက် ထိုအမိန့်ထုတ်ပြန်ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆ ၊ တပ်ရင်း အမှတ် ၂၇ ၏ အမိန့်တွင် တရားဝင် ကြေညာထားသည်။ 


တားမြစ်ထားသည့်အမိန့်ကို ဖောက်ဖျက်ပါက ဖောက်ဖျက်သူ၏ တာဝန်သာဖြစ် ကြောင်း တရားဝင် ပြောဆိုထားသည်။

Saturday, 10 June 2023

မုံရွာမြို့ နမခစစ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်ခဲ့၊ ဒေသခံတွေ ထောင်ချီထွက်ပြေးနေရ


မုံရွာမြို့ နမခစစ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်ခဲ့၊ ဒေသခံတွေ ထောင်ချီထွက်ပြေးနေရ


မြေလတ်အသံ သတင်းအဖွဲ့


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးရဲစခန်းကို ဇွန်လ ၉ ရက် ညနေ ၆ နာရီခန့်မှာ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းတခုလုံးနီးပါးကို သိမ်းပိုက်နိုင်လိုက်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။ 


အဆိုပါ ညောင်ပင်ကြီးရဲစခန်းဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အခြေစိုက်တဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အနီးဆုံးမှာရှိပြီး ချင်းတွင်းမြစ်တခုသာ ခြားပါတယ်။ 


ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောကြားချက်အရတော့ ညောင်ပင်ကြီးရဲစခန်း၊ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးခဲ့သလို အရှင်ဖမ်းမိထားတဲ့သူတွေလည်းရှိတယ်လို့ဆိုပါတယ်။


ဒီလိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က စခန်းသိမ်းတိုက်ပွဲစတင်ပြီး ၁၅ မိနစ်ခန့်အကြာမှာ Mi 35 ရဟတ်ယာဉ်တွေနဲ့ စခန်းအနီးဝန်းကျင်ကို ၄၅ မိနစ်ကြာခန့် လှည့်ပတ်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။ 


ဒီလိုပစ်ခတ်ခဲ့လို့ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်ကလည်း ရဲဘော် ၁ ဦးကျဆုံးပြီး ၅ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ရဲဘော်တွေရဲ့ အသေးစိတ်အခြေအနေကိုတော့ ပြောလို့မရသေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။  


ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရနေချိန်မှာ စစ်ကောင်စီဘက်က ပစ်ကူအနေနဲ့ ဝမ်ပေါင်မှာ အထိုင်ချထားတဲ့ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ကူပစ်ပေးသလို မုံရွာမြို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ကူပစ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ 


အလားတူ ရဲစခန်းကို ကာကွယ်နိုင်ဖို့အတွက် စစ်ကောင်စီဟာ Mi 35 ရဟက်ယာဉ်ကို အသုံးပြုခဲ့ရပါတယ်။ 


အထက်ပါအခြေအနေကြောင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးရဲစခန်းရဲ့ တောင်ဘက်အခြမ်းကိုသာ သိမ်းနိုင်လိုက်ပြီး စခန်းရဲ့မြောက်ဘက်အခြမ်းကိုတော့ မသိမ်းပိုက်နိုင်လိုက်ဘူးလို့ ဆိုပါတယ်။


“ရဲစခန်းရဲ့တောင်ဘက်ခြမ်းတော့ သိမ်းနိုင်တယ်၊ မြောက်ဘက်ခြမ်းတော့ မသိမ်းနိုင်ဘူး၊ စခန်းမှူး လွတ်သွားတယ်လို့တော့သိရတယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။


အခုစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော်သေဆုံးကာ ရဲ ၂ ဦးကို အရှင်ဖမ်းမိခဲ့ပြီး BA 63 (G 3) သေနတ် ၄ လက်၊ BA 94 (အူဇီ)သေနတ် ၂ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၁ လုံး၊ ၇.၆၂ မမ ကျည်ဆံအများအပြားနဲ့ ရဲတပ်ဖွဲ့သုံးဆက်စပ်ပစ္စည်းတွေအပါအဝင် ငွေသားတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။


ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရဲစခန်းမှ လက်နက်ခဲယမ်းတွေယူဆောင်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့နောက်မှာတော့ ကျောက်မျက်တောင်ဘက်မှ စစ်ကြောင်းတကြောင်းနဲ့ မုံရွာဘက်မှ စစ်ကြောင်းတကြောင်း၊ စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းရောက်လာကာ ညောင်ပင်ကြီးရဲစခန်းမှာ အင်အားဖြည့်တင်းပြီး ပြန်လည်တပ်စွဲထားတယ်လို့ PDF တပ်ဖွဲ့တွေက ဆိုပါတယ်။ 


အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ညောင်ပင်ကြီးရဲစခန်းအနီးက လူနေအိမ်တွေကို မီးရှို့ခဲ့သလို ညောင်ပင်ကြီးစံပြကျေးရွာကိုလည်း ဆက်လက်မီးရှို့နေတာကြောင့် အဆိုပါကျေးရွာခံတွေအပါအဝင် အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေဟာလည်း တညလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 


"ဒေသခံတွေက မနေ့က ၅နာရီ ကတည်းကနေ ပြေးနေရတာ။ ညမအိပ်ရတော့ဘဲ ပြေးနေရတာ။ အခုချိန်ထိပေါ့။ Mi35နဲ့ စက်ဝိုင်းပုံစံဝိုင်းပြီးတော့ ၅ ကြိမ်ပစ်တယ်။ ရွာထဲကစကစတွေကတော့ လေကြောင်းပစ်ပြီးတာနဲ့ အိမ်တွေကို မီးစရှို့တာ။ တညလုံးရှို့တယ်။ အခုထိမီးက မငြိမ်းသေးဘူး"လို့ ဒေသခံတဦးက ဆိုပါတယ်။


ထွက်ပြေးနေရသူတွေဟာ ညောင်ပင်ကြီးကျေးရွာအပါအဝင် ကျေးရွာ ၉ ရွာက ဒေသခံတွေဖြစ်ကြပြီး ဇွန်လ ၁၀ ရက် ဒီမနက်အထိ ဘေးလွတ်ရာနေကို မရောက်သေးတာကြောင့် ဆက်လက်ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ National Revolution Armyမှ ခေါင်းဆောင်က ပြောပါတယ်။


စစ်ကောင်စီတပ်တွေက ရွာတွေကို မီးရှို့ပြီး စစ်ကြောင်းထိုးလာတာကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီး၊ အိုမ၊ ထန်းတောကြီး၊ ထန်းတော၊ ရွာရှည်၊ ရုံးပင်ရိုး၊ ပလောင်၊ ဝက်မှေး၊ ကံတော် စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၅,၀၀၀ ခန့်ဟာ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 


"မနေ့က ရွာထဲကိုလက်နက်ကြီးပစ်လို့ အဘွားတယောက် သေတယ်လို့ကြားတယ်။ အမျိုးသမီး တယောက်ကတော့ လက်မောင်မှာကျည်မှန်သွားတယ်။ နောက်အမျိုးသားတယောက်ကတော့ ပါးမှာမှန်သွားတယ်လို့သိရတယ်။ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူး" လို့ NRAခေါင်းဆောင်က ဆိုပါတယ်။


ဒါ့အပြင် အင်အားဖြည့်ဖို့ရောက်လာတဲ့ စစ်ကြောင်းတွေဟာ ညောင်ပင်ကြီးကျေးရွာအနီးဝန်းကျင်က ထန်းတောရွာအပါအဝင် ကျေးရွာတွေကိုလည်း တရွာဝင်တရွာထွက် လိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 


လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မပြေးနိုင်ဘဲ ကျေးရွာတွေထဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ပေးနေရတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 


#မြေလတ်အသံ

#မုံရွာ #စစ်ကိုင်းတိုင်း #ညောင်ပင်ကြီး #Mi35 #နမခစစ်ဌာနချုပ် #စခန်းသိမ်းတိုက်ပွဲ 

Friday, 9 June 2023

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ယနေ့ညပိုင်းတွင် PDF များတိုက်ခိုက်


ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ယနေ့ညပိုင်းတွင် PDF များတိုက်ခိုက် 

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * * 


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၆)နာရီဝန်းကျင်က တိုက်ခိုက်ရာ ရဲစခန်းမီးလောင်သွားပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် အရပ်သားတချို့ဒဏ်ရာရထားကြောင်း သိရသည်။


ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ယနေ့ ညပိုင်းက ဖြစ်ပွားသည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ စက်သေနတ်များ နှင့် ပစ်ခတ်ခဲ့သည့်အပြင် Mi35 ရဟတ်ယာဉ်တစ်စီးဖြင့်ပါ (၁)နာရီကြာ ညောင်ပင်ကြီးရွာအနီးဝန်းကျင်များကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။


"ညောင်ပင်ကြီးရဲစခန်းကို PDFတွေဝင်စီးပြီး အားလုံးမီးရှို့လိုက်နိုင်ပြီ။ အခု ညောင်ပင်ကြီးရဲစခန်း မီးတွေအားချင်းလောင်နေတယ်။ လုပ်တာက အဖွဲ့ပေါင်းစုံဖြစ်တဲ့အတွက် လက်နက်က ဘယ်လောက်ရတယ်။ ဘာညာဆိုတာကတော့ ကျွန်တော်တို့ သတင်းမထုတ်ပြန်နိုင်သေးပါဘူးခင်ဗျ။"ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။


ဝမ်ပေါင်ကုမ္ပဏီတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ကူပေးခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျကာ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများကပြောသည်။ 


အဆိုပါပစ်ခတ်မှုကြောင့် ညောင်ပင်ကြီးရွာအနီးတဝိုက်ရှိ ကျေးရွာ (၁၀)ရွာဝန်းကျင်မှ ဒေသခံထောင်ချီ တိမ်းရှောင်နေကြရပြီး ဒေသခံ (၄)ဦးဝန်းကျင်မှာလည်း ဒဏ်ရာရထားသည်ဟု သိရသည်။


"ဒေသခံတွေကတော့ ထိခိုက်မှုတော့ရှိမယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ အချိန်ကလည်း မိုးချုပ်သွားပြီဖြစ်တဲ့အတွက်၊ နေရာကလည်း ကျယ်ပြန့်တယ်၊ လေ‌ယာဉ်ကလည်း ပတ်ပတ်လည်ကို ပစ်တယ်ဆိုတော့ကာ ဒေသခံဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးဘူးဗျ။"ဟု ချင်းတွင်းရိုးမ မဟာ မိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ပစ်ခတ်မှုများမှာ ည(၇)နာရီဝန်းတွင် ငြိမ်သွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည့်အပြင် မုံရွာဘက်ကလည်း ရေလမ်းကြောင်းမှတဆင့် အင်အားထပ်ဖြည့်နေသည်ဟု သိရသည်။


#TachileikNewsAgency 

ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး


 ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး


ရန်ကုန်၊ ဇွန် ၉


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးတွင် “သတ္တိရှိရင် ပြန်လာခဲ့”ဟု စိန်ခေါ်သည့် စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံးကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


ဇွန်လ ၇ ရက်နေ့ ည ၁ ၂ နာရီ အချိန် နှင့် ဇွန်လ ၈ ရက်နေ့ ည ၇ နာရီ အချိန်တို့တွင် KNLAနှင့် Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်တပ်များ တပ်စွဲထားသော ကြာအင်းဆိပ်ကြီးမြို့နယ်ခန်းမ နှင့် လ၀ကရုံးကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းဖြင့် ဗုံးကျဲရာတွင် ၈၁ မမ ဗုံးသီးများကို အသုံးပြုခဲ့ကြောင်း သိရှိရသည်။ 


ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဇမိခန်းမနှင့် မြို့နယ်လဝကရုံး အဆောက်အအုံများ ပျက်စီးသွားပြီး စစ်သား ၂ ဦး သေဆုံးကာ ၅ ဦးခန့် ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ 


“ကျနော်တို့ ဟိုရက်က ဆိပ်ကြီးမှာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ စကစတွေဘက်က သတ္တိရှိရင် ဆိပ်ကြီး ပြန်လာခဲ့လို့ အသံတွေ ထွက်လာတယ်။ သတ္တိရှိလို့ ၈၁ မမဗုံးသီး ၄ လုံး လက်ဆောင် သွားပို့ပေးလိုက်တယ်။ မြိန်သွားပြီ ထင်ပါတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ 


ဒရုန်းဖြင့် တိုက်ခိုက်မှုအပြီးတွင် စစ်တပ်က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမဗုံးသီးတွေ သုံးပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်နှင့် လက်ပါးစေ ဝန်ထမ်းများ ဒေသ ပြည်သူများအပေါ် ဥပဒေမဲ့ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုများ ရပ်တန့်ရန် ဆက်လက်တိုက်ခိုက်သွားမည်ဟု Cloud Wings ဒရုန်းတပ်ဖွဲ့၊ တာဝန်ခံ ကိုငြိမ်းက ပြောဆိုသည်။ 


မေလ ၂၇ ရက်နေ့မှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၈၄ တပ်ရင်းဌာနချုပ်၊ မြို့နယ်ရဲစခန်း၊ ရဲဝန်ထမ်း လိုင်းခန်း၊ ရဲမြို့နယ်မှူးနေအိမ်၊ မြို့နယ်တရားရုံး၊ တရားသူကြီးနေအိမ် အပါအဝင် စစ်ရေးပစ်မှတ်များကို Cloud Wings ဒရုန်းတပ်ဖွဲ့က KNLA တပ်ဖွဲ့၊ SOF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပြီး တိုက်ခိုက်နေကြောင်း သိရှိရသည်။

ပဲခူးနတ်သံကွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ ပုတ်ပွတွေ့နေရ၊ စစ်သားအလောင်းအရေအတွက် ၆၀ ကျော်ပြီ


ပဲခူးနတ်သံကွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ ပုတ်ပွတွေ့နေရ၊ စစ်သားအလောင်းအရေအတွက် ၆၀ ကျော်ပြီ  


ရန်ကုန်၊ ဇွန် ၉ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သား အလောင်းများကို စစ်တပ်က ပြန်လည်ကောက်ယူခြင်းမရှိဘဲ ပုတ်ပွသည့်အနေအထားဖြင့် တွေ့နေရပြီး လက်ရှိတွင် စစ်သားအလောင်းအရေ အတွက် ၆၀ ကျော်ပြီဖြစ်ကြောင်း ပဲခူးတိုင်း PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  


"စစ်ခွေးတွေ သေတာ ၆၀ ကျော်တယ်။ အခုအထိ အလောင်းတွေ တွေ့နေတုန်းပဲ။ စစ်‌ကြောင်းမှူးတွေ သတင်းပို့လာတယ်" ဟု ပဲခူးတိုင်း PDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  


ဇွန်လ ၆ ရက်နေ့ နံနက် ၄ နာရီခန့်မှ ၇ နာရီအချိန်အထိ စစ်တပ်များ တပ်စွဲထားသော ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတား ထိပ်ရှိ ရဲနှင့် ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်၊ ပြည်သူ့စစ်ပူးပေါင်း တပ် စခန်း (တံတားအနောက်ကင်း) နှင့် ဘုံသတောစခန်းတို့ကို KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တောင်းမြစ်ကူး နတ်သံကွင်း တံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတားနှင့် သာစည်နှင့်တာဆုံကြားရှိ တံတားတို့ကို မိုင်းခွဲခဲ့ကြောင်း သိရှိရသည်။

Thursday, 8 June 2023

ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထား


 ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထား


ရန်ကုန်၊ ဇွန် ၈


ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့စည်ပင်ဝန်းထဲရှိ တိုက်ခန်းများကို အကြမ်းဖက် စစ်တပ်က စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သော စစ်သားများကိုပါ နေရာပေးထားကြောင်း ဒေသပြည်သူများထံမှ သိရသည်။


ဇွန်လပိုင်းက စတင်ကာ စစ်တပ်မှ လူပျို စစ်ဗိုလ်များနှင့် တိုက်ပွဲများ၌ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သည့် စစ်သားများကိုပါ တိုက်ခန်းများ ချပေးထားကြောင်း၊ အဆိုပါ လိုင်းခန်းများသည် စည်ပင်မှ အိမ်ထောင်သည် ဝန်ထမ်းများကိုသာ ပေးသော လိုင်းခန်းများဖြစ်ကြောင်း သိရသည်။


"ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ စည်ပင်ဝန်းထဲက အခန်းတွေကိုအရင်က စည်ပင် အိမ်ထောင်ရှင်များကိုသာ လိုင်းခန်းအနေနဲ့ တိုက်ခန်းတွေ ပေးထားတာပါ အခု ဒီလပိုင်းမှာ စစ်ဘက်ကလူပျိုဗိုလ်တွေ အတို၊အပြတ် တွေ လိုင်းခန်းအလွတ်တွေကို တဖွဲဖွဲ ရောက်လာပါတယ် ခြေပြတ် လက်ပြတ် PDF အစော်ခံထားရတဲ့ ကောင်တွေပါ ခုတော့ စည်ပင်ကမဟုတ်ဘဲ မင်းအောင်လှိုင် တပည့် ရန်ကုန် မြို့တော်ဝန်ရဲ့ ကောင်းမှုကြောင့် တိုက်ပွဲမှာအစော်ခံထားရတဲ့ စစ်ဘက်က အတိုအပြတ်တွေ ရောက်လာတာကြောင့် သူတို့ကို တီးရင် ငါတို့ပါ ပါမယ်ဆိုပြီး ပြောဆိုသံတွေ ထွက်လာပါတယ်" ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။ 


ထို့ပြင် အဆိုပါ လိုင်းခန်းများတွင် နေထိုင်သည့် အကြမ်းဖက် စစ်တပ် ထောက်တိုင် စည်ပင် အရာရှိများက ကားမျိုးစုံစီး၍ သား၊ သမီးများကို ကိုယ်ပိုင်ကျောင်းများ၊ ILBC ကျောင်းများတွင် ထားကာ စီးပွားရေး အလွန်ကောင်းမွန်နေကြောင်း သိရသည်။


"ရန်းကင်း ကန်ဘဲ့ စည်ပင်က နှစ်သီးစား စစ်ဘက်ကစည်ပင်အရာရှိ တွေက စစ်တပ်ရဲ့ ထောက်တိုင်တွေပါ စည်ပင်က နှစ်သီးစား အရာရှိတွေလည်း ကန်ဘဲ့ စည်ပင်လိုင်းခန်းမှာနေပြီ စီးပွားရေးအခြေအနေကောင်းနေသလို ကားတွေထည်လည်းစီးနိုင်တဲ့အထိ သားသမီးတွေကို အရင်နှစ်တွေကစလို့ ကိုယ်ပိုင်ကျောင်းတွေ ILBC လိုကျောင်းတွေမှာထားနိုင်တဲ့အထိ စီးပွားရေးကောင်းနေကြတာပါ။ သူတို့ပြောနေတဲ့စကားကတော့ ငွေရှာရတာလွယ်တယ်တဲ့ ဒီအစိုးရ လက်ထက် အရမ်းအဆင်ပြေတယ်လို့ပြောနေကြပါတယ်" ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ စစ်ကားတန်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး


 ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ စစ်ကားတန်းကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး


ရန်ကုန်၊ ဇွန် ၇

မကွေးတိုင်း၊ ပခုက္ကူမြို့မှ မြိုင်မြို့သို့ ရိက္ခာပို့ရန်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို  ၃ ကြိမ်မိုင်း ဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ပျူစောထီး ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန် ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်ခန့်က ပခုက္ကူမှ မြိုင်သို့ ရိက္ခာပို့ ကားတန်းကို ၃ ကြိမ်မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ရိက္ခာကားနှင့် စစ်ကားကို မိုင်းထိမှန်ခဲ့ပြီ ကားတစ်စီး ပျက်စီးခဲ့ကြောင်း၊  မိုင်းထိသော စစ်ကားပေါ်ရှိ စစ်သား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကားများ မိုင်းဆွဲခံရပြီးနောက် ရေလာလေးညောင်ဂျစ်ပင်ရွာမှ ပျူစောထီးများက လမ်းဘေးဝဲယာ မိုင်းရှင်း ရန်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းကွင်းအတွင်းသို့ ရောက်ရှိ လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ပျူစောထီး ၂ ဦးလွင့်စင်သွားပြီး ၃ ဦးပွဲချင်းပြီး သေဆုံးကာ အလောင်း ပင်ကောက်မရဘဲ တစ်ပိုင်းတစ်စီအိတ်ဖြင့်လိုက်ကောက်ယူဆောင်သွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ့ (KMDF)၊ မြိုင် - ပကဖ တပ်ရင်း ၁ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂-ဂဠုန် တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Wednesday, 7 June 2023

ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သူရ တို့ ပစ်ခတ်ခံရပြီးသေဆုံး


 ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သူရ တို့ ပစ်ခတ်ခံရပြီးသေဆုံး


ရန်ကုန်၊ ဇွန် ၇ 


ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် အကြမ်းဖက်စစ်ကောင်စီ၏ မြိုနယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးနေလင်းဦးနှင့် ၎င်း၏တပည့်ဖြစ်သူ ဗောဓိကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး သူရတို့ကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Bago Region PDF ထံမှ သိရ သည်။

 

ယနေ့ ဇွန်လ ၇ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် ဗိုလ်မှူးနေလင်းဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သူရတို့ ဆိုင်ကယ်ဖြင့် နှစ်ဦးအတူ စီးလာစဉ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြင်းအထန်ဒဏ်ရာရရှိပြီး နှစ်ဦးစလုံးဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။


၎င်းတို့ နှစ်ဦး ပစ်ခတ်ခံရပြီးနောက် ကျောက်တံခါးမြို့နယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင် ၄၀ ဦးခန့် ရောက်ရှိလာကာ ဓူတင်ကုန်းတောရကျောင်းတိုက်နားမှနေ၍ စစ်တောင်းမြစ်ကမ်းနဖူးရွာ များဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ ကျောက်တံခါး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၁ ဗိုလ်မှူးနေလင်းဦးကို အခြားမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ တွေ့ရစဉ်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...