Thursday, 22 June 2023

ရေးမြို့နယ်၊ ချောင်းတောင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ လမိုင်းမြို့ လ၀ကရုံးတွင် လာဘ်ငွေယူ မှတ်ပုံတင် လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး


ရေးမြို့နယ်၊ ချောင်းတောင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ လမိုင်းမြို့ လ၀ကရုံးတွင် လာဘ်ငွေယူ မှတ်ပုံတင် လုပ်ပေးနေသူ ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၂၂ 


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ရေးဘီလူး အဖွဲ့က ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံး ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၁၀ နာရီခန့်က ရေးမြို့နယ်၊ ချောင်းတောင် ကျေးရွာ ရှိ အကြမ်းဖက်စစ်တပ် စခ ၁၉ လက်အောက်ခံတပ်သားများ စောင့် နေသော စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦးသေဆုံးကြောင်း၊ မိုးရွာသွန်းနေချိန် စစ်ဆေးရေးဂိတ်အတွင်း စစ်သား ၈ ဦး ထိုင်နေသည်ကို ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လက်နက် ကောက် ယူနိုင်ခဲ့ ခြင်း မရှိဟု သိရှိရသည်။


“ဒီနေ့တစ်ရက်တည်းမှာ မစ်ရှင် နှစ်ကြောင်း ပြုလုပ်နိုင်ခဲ့တယ်၊ ချောင်းတောင် စစ်ဆေးရေးဂိတ်ကို ဒီမနက် ၁၀ နာရီလောက်မှာ ရေးဘီလူးအဖွဲ့သားများက ဝင်ပစ်တယ်၊ သေနတ်ဝင်လုတာပေါ့ဗျာ၊ သေနတ် တော့မရခဲ့ဘူး၊ စခ ၁၉ ရဲ့လက် အောက်ခံတပ်ရင်းပေါ့၊ စစ်သားတွေစောင့်နေတဲ့ တပ်ပေါ့၊ ရဲတပ် မဟုတ် ဘူး၊ ရဲကင်းမဟုတ်ဘူး၊ ဝင်ပစ်တော့ မိုးကရွာနေတယ်ဗျ၊ ဖြစ်ပုံက၊ ဂိတ်ထဲမှာကို ၈ ယောက်ထိုင်နေတာ ကိုဝင်ပစ်တာ၊ ၄ ဦးကျတယ်ဗျ၊ အခြား ဒဏ်ရာရတာတွေလည်း ရှိတယ်၊ သေနတ်တော့ ကောက်လို့ မရခဲ့ဘူး၊ ကတုတ် ထဲမှာ အကုန်လုံးမကျတဲ့အခါကျတော့ ဝင်ရတာ တအားခက်လို့ လက်နက် တော့ မရခဲ့ဘူး၊ ပြောက် ကျားအနေနဲ့ပဲ အလျှင်အမြန်ဝင်ပစ်ခဲ့ရတာ” ဟု ရေးဘီလူး တပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထို့ပြင် မွန်ပြည်နယ်၊ လမိုင်းမြို့နယ်၊ လမိုင်းမြို့ရှိ ဝန်ထမ်းအိမ်ရာအ တွင်းနေ ထိုင်ပြီး အခကြေးငွေ မတရားရယူကာ မှတ်ပုံတင်ပြုလုပ်ပေးနေသော လဝက ဦးစီးမှူးဟောင်း၏ ဇနီး ဖြစ်သူကိုလည်း ယနေ့ ဝင်ရောက် ပစ်ခတ် ရှင်းလင်း ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။


“နောက်ထပ် မစ်ရှင်ကတော့ လမိုင်းမှာပေါ့၊ မှတ်ပုံတင်တွေကို ငွေယူပြီး လုပ်နေတဲ့ အဖွားကြီး။ သူ့ရဲ့အမျိုးသားက လဝက ဦးစီး အဟောင်းဆို တော့ ရုံးပိတ်ထားပေမယ့် အပြင်ကနေ ငွေရှာပြီးတော့ မှတ်ပုံတင်တွေလုပ် ပေးနေ တယ်၊ ပြီးတော့ သူက လုပ်ပိုင်ခွင့်တွေ အကုန်ရထားတယ်၊ သူကိုယ်တိုင် ဝန်ထမ်း အိမ်ရာမှာနေတယ်၊ ရုံးမတက်ပဲပေါ့၊ အဲဒါကို ဒီနေ့မနက် ၁၀ နာရီကျော် လောက်မှာ ဝန်ထမ်းအိမ်ရာထဲမှာပဲ ဝင်ရောက်ရှင်း လင်းခဲ့တာဗျ”ဟု ရေး တပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။


မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းနှင့် ရေးမြို့နယ် ပြင်ပတွင် ရေးဘီလူးအဖွဲ့ အပါ အဝင် တော်လှန်ရေးတပ်ဖွဲ့များကို ကြောက်လန့်၍ စစ်တပ်က စစ်သား၊ ရဲ၊ မီးသတ်နှင့် Non-CDM ဝန်ထမ်းများအားလုံး ခွင့်ပြုချက်မရဘဲ ခရီးမသွား ကြရန် ညွှန်ကြားချက် လျှို့ဝှက် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ 

Wednesday, 21 June 2023

ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


 ရွှေဘိုတွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၂၁


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ကင်းပုန်းကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


ဇွန်လ ၂၀ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ်၊ ဆင်အင်းရွာ၌ တပ်စွဲထားသော ပျုစောထီး ၄ ဦးသည် စပါးသယ်ယူရန် ကင်းပုန်းဝပ်နေစဥ် ဆင်အင်းရွာနှင့်မြင်းစီးရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ရွှေဘိုခရိုင် တပ်ရင်း ၄ နှင့် ဆင်အင်းရွာ ပကဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၄ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ပျူစောထီး ၄ ဦးထံမှ ကာဘိုင် ၃ လက်၊ AK-47 ၁ လက်၊ ကျည် ၂၉၆ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်ဘောက် ၄ ခုနှင့် ချပ်ဝတ်တန်ဆာ ၄ ခုတို့ သိမ်းဆည်းရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ စစ်ရုံးချုပ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်


 လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရပြီးနောက် အေးရှားဝေါလ် စစ်မှု ထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင်ကိုင်ဆောင်ကြမည်


■ ဗိုလ်မှူးဟောင်းရဲခိုင်ကို စစ်သင်္ချိုင်းတွင် ယနေ့ သဂြိုလ်မည်


ရန်ကုန်၊ ဇွန် ၂၁ 


ရန်ကုန်လေဆိပ်ကို စီမံခန့်ခွဲ လည်ပတ်နေသော အေးရှားဝေါလ်ကုမ္ပဏီ လက်အောက်ခံ Yangon Aerodrome Company Limited မှ လုပ်ငန်း ဒါရိုက်တာ လေတပ်ဗိုလ်မှူးဟောင်း ရဲခိုင် အသတ်ခံရ ပြီး နောက် ယင်းကုမ္ပဏီတွင် တာဝန် ထမ်းနေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများ အားလုံး လက်နက် တပ်ဆင် ကိုင်ဆောင်ကြမည်ဖြစ်ကြောင်း အေးရှားဝေါလ်နှင့်နီးစပ်သော သတင်း ရပ်ကွက်ထံမှ သိရှိရသည်။ 


စစ်ကောင်စီနှင့်တွဲဖက်၍ လုပ်ငန်း ဆောင်ရွက် နေသော Yangon Aerodrome Company Limited မှ လုပ်ငန်းဒါရိုက်တာ လေတပ် ဗိုလ်မှူး ဟောင်း ရဲခိုင်သည် ဇွန်လ ၁၉ ရက်နေ့ ည ၇ နာရီဝန်း ကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ် ၁ ရှိ နေအိမ်သို့ ပြန်လာစဉ် သေနတ်ဖြင့် ၉ ချက် ပစ်ခတ်ခံရပြီး သေဆုံးသွား ခဲ့ကြောင်း၊ ယင်းသို့ သေဆုံး သွားပြီးနောက် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ ဆိပ်ကမ်း၊ လေဆိပ်နှင့် အခြားစီးပွား ရေးဌာနခွဲများတွင် လုပ်ကိုင်နေသော စစ်မှုထမ်းဟောင်း ဝန်ထမ်းများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ကြရန် အစည်းအဝေးခေါ် သဘောတူခဲ့ကြကြောင်း သိရှိရသည်။ 


" ဦးရဲခိုင် အပစ်ခံလိုက်ရတော့ အေးရှားဝေါလ်လက်အောက်မှာရှိတဲ့ အခြားစီးပွားရေး ဌာနတွေ အားလုံးမှာ လုပ်နေကြတဲ့ စစ်မှုထမ်းဟောင်း အရာရှိတွေ ဝန်ထမ်းတွေက လက်နက် ကိုင်ဆောင် ကြဖို့ ဆုံးဖြတ်ကြတယ်။ အဓိက ပစ္စတိုတွေ ကိုင်ကြမယ်ပေါ့။ အဲဒါကိုလည်း ကုမ္ပဏီဘက်က တရားဝင် လျှောက်ထားပေးမယ်။ လက်နက်ဝယ်တာကအစ ပြည်ထဲရေးဝန်ကြီးဌာနဆီ လိုင်စင်လျှောက်တာ အဆုံး ကုမ္ပဏီဘက်က တာဝန်ယူမယ့်သဘောမျိုး ပြန်သိရတယ်။ ကုမ္ပဏီဘက်က တာဝန်မယူရင်လည်း စစ်မှုထမ်း ဟောင်း ဝန်ထမ်းတွေက သူတို့ဟာသူတို့ လက်နက်ကိုင်ကြဖို့ သဘောထားရှိကြတယ်" ဟု အေးရှားဝေါလ်ကုမ္ပဏီနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။ 


အကြမ်းဖက်စစ်ကောင်စီက လက်နက်များ တရားဝင် လိုင်စင်ဖြင့် ကိုင်ဆောင်နိုင်ကြောင်း ယခုနှစ်ဆန်းပိုင်းတွင် အမိန့် ညွှန်ကြာ းချက် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ရာ စစ်တပ်နှင့်ပတ်သက်သော မဘသနှင့် အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှုထမ်းဟောင်းများ လက်နက်များကိုင် ဆောင် ထား ကြပြီဖြစ်သည်။  


အေးရှားဝေါလ်မှ ရန်ကုန်လေဆိပ် စီမံခန့်ခွဲရေး ဒါရိုက်တာ ဗိုလ်မှူးဟောင်း ရဲခိုင်သည် လုပ်ကြံ ခံရမည်ကိုစိုးရိမ်၍ ရှောင်တိမ်းနေရာမှ ဇေကမ္ဘာဝင်း၊ ခရေပင်ရိပ်သာနေအိမ်သို့ ပြန်လည် ရောက်ရှိနေထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ၎င်း၏ အသုဘကို မင်္ဂလာဒုံစစ်သင်္ချိုင်းတွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။ 


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် စီးပွားရေးလုပ်ငန်းများစွာ ပိုင်ဆိုင်သော အေးရှား ဝေါလ်ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏သား ထွန်းမြင့်နိုင်(ခ) စတီဗင်လောက ပိုင်ဆိုင်ပြီး ၎င်းသည် စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားရေး လုပ်ငန်းများကို အကြီးအကျယ် လုပ် ကိုင် နေသော စစ်တပ်စီးပွားရေး မိတ်ဖက်ဖြစ်ကြောင်း သိရှိရသည်။

Tuesday, 20 June 2023

ကနီမှာ တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ...


ကနီမှာ တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးကာ သေနတ် ၁ လက်သိမ်းဆည်းရရှိ... 


စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး...

++++++++++++++

ဇွန် ၂၀ 


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၀ DRPA ဆီက သိရပါတယ်။ 


ဇွန်လ ၁၉ ရက်နေ့ မနက် ၇ နာရီခန့်က ကနီမြို့နယ်၊ရပ်ကွက် ၃ သုံးဒေါင့်ကျွန်၊ ကြို့ပင်လှအရပ်မှာ ကင်းလှည့်နေတဲ့ အင်အား ၁၇ ဦးခန့်ပါ ရဲများနဲ့ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် ၃၀ တို့ တိုက်ပွဲဖြစ်ပွားပြီး ရဲ ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"တိုက်ပွဲမှာ ရဲ ၃ ဦးသေတာကတော့ လုံးဝသေချာတယ်။ ရဲ ၁ ဦး အလောင်းနဲ့ သေနတ် ၁ လက် ကတော့ ရလိုက်တယ်။ ၂ ဦးကတော့ သူတို့ပြန်ပြီး ဆွဲခေါ်သွားတာပေါ့။ နေရာမှာတင် အခြေအနေမကောင်းမှန်းသိတယ် ဒါပေမယ့် ဆေးရုံမှာ သေသွားတယ်ဆိုတာ အတည်ပြုနိုင်တယ်။ တကယ်တမ်း ကျန်တော်တို့ စီစဥ်ထားတာက အဲ ရဲ ၁၇ ကောင်ကင်းလှည့်ထားတာကို ရပ်ကွက် ၃ မြို့ထဲထိကို လိုက်ပစ်ဖို့ ရနိုင်သမျှ လက်နက်ပါသိမ်းမယ်ပေါ့ အဲလိုစီစဥ်ထားတာပေါ့ ဒါပေမယ့် ဟိုဘက်က မမျှော်လင့်ထားတဲ့ တိုက်ပွဲနဲ့ မဆိုင်တဲ့ နေရာကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ ၂ ဦးထိသွားလို့ ပြန်ဆုတ်ခဲ့ရတယ်။ ထိသွားတဲ့ ပြည်သူ ၂ ဦးကိုတော့ ကျွန်တော်တို့ တပ်ရင်းက NUG ဆေးရုံ ဆေးခန်းတွေကို ပို့တယ်ပေါ့။ ပို့တဲ့အခါမှာ ၁ ဦးကကျတော့ လက်ပါ ပြတ်သွားတဲ့ အနေအထားဆိုတော့ သွေးထွက် လွန်ပြီးဆုံးသွားတယ်။ နောက် တစ်ဦးကတော့ ကုသမှု ခံယူနေတယ်" လို့ ယင်းမာပင်ခရိုင် တပ်ရင်း အမှတ် ၃၀ DRPA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။ 


တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ ရဲများဆီက G3 အမျိုးအစား မောင်းပြန် ၁ လက်၊ G3 ကျည်အတောင့် ၉ဝ၊ G3 ကျည်ဘောက် ၃ ခု၊ ဖုန်း ၁ လုံး၊ စကားပြောစက် ၁ လုံးစာရွက်စာတမ်းများ၊ ငွေကျပ် ၂ သိန်းနဲ့ ကျည်ကာ ၂ ထည် တို့ကို သိမ်းဆည်းရမိခဲ့ပြီး မနက် ၈ နာရီ ၁၅ မိန၀်ခန့်မှာ တော်လှန်ရေး ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီ ထိတွေ့ တိုက်ပွဲ အတွင်း ကနီမြို့နယ်မှာ တပ်စွဲထားတဲ့ စစ်သားများက တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ယာကြီးကျေးရွာဘက်ကို အကြောင်းမဲ့ လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန် သေဆုံးပြီး ၁ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ တပည့်၊ ရန်ကုန်လေဆိပ် လုံခြုံရေးအရာရှိချုပ် လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် ပစ်ခတ်ခံရပြီး သေဆုံး


 ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ တပည့်၊ ရန်ကုန်လေဆိပ် လုံခြုံရေးအရာရှိချုပ် လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၁၉ 


အကြမ်းဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်း၏ တပည့် ဖြစ်သူ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်လုံခြုံရေးအရာရှိချုပ် လေတပ် ဗိုလ်မှူးဟောင်း ရဲခိုင်ကို ယနေ့ည ၇ နာရီတွင် Urban Owls အဖွဲ့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။ 


ဗိုလ်မှူးဟောင်း ရဲခိုင်သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်း လေ တပ် အရာရှိ ဦးဖြစ်ကြောင်း၊ စစ်တပ်၏ စီးပွားရေး ဒေါက်တိုင်ဖြစ်သော ရန်ကုန် လေဆိပ်ကို တာဝန်ယူ လုပ်ကိုင်နေသော အေးရှားဝေါလ် ပိုင်ရှင် ထွန်းမြင့်နိုင်၏ လူယုံတစ်ဦးလည်းဖြစ်ကြောင်း၊ အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း၏ လူယုံ တပည့်လည်းဖြစ်ကြောင်း သိရှိရသည်။ 


ဗိုလ်မှူးဟောင်း ရဲခိုင်သည် စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်လေဆိပ်တွင် စစ်တပ်နှင့် ပူးပေါင်း၍ တော်လှန်ရေးနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများကို ပိတ်ဆို့ စစ်ဆေး ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် (သို့မဟုတ်) အလုပ် လုပ်ရန် ထွက်ခွာမည့်သူများကို ငွေညှစ် အနိုင်ကျင့်ခြင်း၊ ပြည်သူ့ဘက်မှ ရပ် တည်သော အနုပညာရှင်များကို ဖမ်းဆီးခြင်း၊ ထင်ရှားကျော်ကြားသူများကို ပြည်ပထွက်ခွင့်ပိတ်ပင်ခြင်း၊ သာမန် ခရီးသွားပြည်သူများကို ငွေညှစ် ဓားပြ တိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်သူဖြစ်ကြောင်း သိရှိရသည်။ 


Urban Owls စစ်ဆင်ရေးတာဝန်ခံက "ရန်ကုန်လေဆိပ်ဟာဆိုရင် တော်လှန် ရေးသမားတွေ၊ CDM တွေကို မတရားဖမ်းဆီးနှိပ်စက်တာတွေအပြင် သာမန် ခရီးသွား ပြည်သူတွေကိုပါ နိုင်ထက်စီးနင်းလုပ်နေတာဖြစ်တယ်။ အခုလို လေဆိပ် မှာ အနိုင်ကျင့်၊ လာဘ်စား၊ ဖမ်းဆီးညှင်းပန်းနေတဲ့ လုံခြုံရေး တာဝန်ခံတွေ၊ စစ်ဘက်တာဝန်ခံတွေ၊ လေကြောင်းလိုင်းတာဝန်ခံတွေရဲ့ အချက်အလက်တွေ ကျွန်တော်တို့လက်ထဲ ရထားပြီ။ ဒီလိုစစ်ကောင်စီ လက်ပါးစေတွေကို ကျွန်တော်တို့ အောင်အောင်မြင်မြင်ရှင်းလင်းနိုင်ခဲ့တယ်၊ နောက်လည်းထပ်ပြီး ပစ်မှတ်ထားတိုက်ခိုက်သွားဦးမယ်။ အခုဆိုရင် ရန်ကုန် အခြေစိုက် PDF တပ်ဖွဲ့လည်းရှိနေပြီ။ ရန်ကုန်အပါအဝင် တတိုင်းပြည်လုံးမှာ အရှိန် မြှင့်လာပြီဖြစ်တဲ့ တန်ပြန်တိုက်စစ်မှာ ပြည်သူတွေအနေနဲ့လည်း တက် တက် ကြွကြွရှိဖို့ တိုက်တွန်းပါတယ်။"ဟု ပြောဆိုသည်။ 


Urban Owls အပါအဝင် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် လေတပ် အရာရှိများ၊ လေဆိပ်တွင် ပြည်သူများကို ခြိမ်းခြောက်အနိုင်ကျင့်သူများ၊ အကြမ်း ဖက်စစ်တပ်ကို ကူညီပေးနေသော လေကြောင်းလိုင်းမှ တာဝန် ရှိသူ များအနေဖြင့် စနစ်တကျ စောင့်ကြည့်လျက်ရှိကြောင်း၊ တော်လှန်ရေး၏ အရေး ပါဆုံးကာလသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း၊ ပြည်သူ များ အနေဖြင့် စစ်တပ်၏ ဒေါက်တိုင်များနှင့်ပတ်သက်သော သတင်း အချက် အလက် များကို ပေးပို့နိုင်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

Monday, 19 June 2023

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပ


 တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပ


ရန်ကုန်၊ ဇွန် ၁၉


အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်​၏ ရုံး၌ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားအစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။


အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်​၏ သစ္စာအဓိဌာန် ၄ ချက်အား ရွတ်ဆိုခြင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်​​၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စောရှားမှ ဒေါ်အောင်ဆန်းစုကြည်​၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အမှတ်တရအမှာစကားပြောကြားခြင်း၊ မွေးနေ့ကိတ်ခွဲခြင်း၊ PDF ရဲဘော် များမှ " အရှုံးမပေးနဲ့ မိငယ်ရေ " သီချင်းဖြင့် သီဆိုဂုဏ်ပြုခြင်းနှင့် အမှတ်တရ ကဗျာရွတ်ဆိုခြင်းတို့ ပြုလုပ်ခဲ့ပြီး အခမ်းအနားအစီအစဉ်အား အောင်မြင်စွာဖြင့် ပိတ်သိမ်းခဲ့ကြောင်းသိရသည်။ 


အဆိုပါ အခမ်းအနားကို စစ်ဆင်ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာန၊ စစ်ထောက်လှမ်းရေးဌာန၊ ပြည်သူ့လုံခြုံရေးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးနှင့် သတင်းပြန်ကြားရေးဌာန၊ ဆက်သွယ်ရေးဌာနခွဲ၊ မှတ်တမ်းဌာနခွဲ၊ ဘဏ္ဍရေးဌာနခွဲတို့မှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

“မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်"


 “မွေးနေ့ရှင်ကို ပြည်သူများက သတိရနေပါတယ်"


၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်။


ယနေ့တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တနေရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံနှင့်အတူ 'We Miss You' ဟူသော စာသားပါ ဘန်နာတခုအား YRF ၏ Soft Strike Community မှ ချိတ်ဆွဲခဲ့သည်။ 


ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ယနေ့အချိန်ထိ ပြင်ပ ဧည့်သည်များနှင့် တွေ့ဆုံခွင့်မရဘဲ စစ်ကောင်စီနှင့် ဆက်နွယ်သူများဖြင့်သာ တွေ့ဆုံခွင့်ရသည်။ ပြည်သူလူထုအနေဖြင့် အချိန်အတိုင်းအတာ ၂ နှစ်ကျော်လာသည်အထိ မတွေ့ရ မကြားရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အား အစဉ်အမြဲကိုပင် အောက်မေ့ သတိရလျက်ရှိနေသည်။ တချိန်ချိန်မှာ “ကျွန်မတို့ပြည်သူတွေ အရမ်းတော်တယ်” ဟူသော စကားသံနှင့်အတူ ရွှင်ပြုံး အားရသောမျက်နှာဖြင့် မိန့်ခွန်းပြန်လည်ပြောကြားမည့်ရက်အား စောင့်မျှော်နေသူများလည်း ရှိသည်။ နောက်နှစ်မွေးနေ့တွင် သူချစ်တဲ့ ပြည်သူများနှင့်အတူ မွေးနေ့ကျင်းပခွင့် ရပါစေကြောင်းနှင့် မွေးနေ့ရှင်အပါအဝင် မတရား အဖမ်းဆီးခံရသူများအားလုံး တော်လှန်ရေးအောင်ပွဲနှင့်အတူ အမြန်ဆုံး ပြန်လည်လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ 


ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သည့် “You should never let your fears prevent you from doing what is right” ဟူသော စကားနှင့်အတူ တော်လှန်တိုက်ပွဲဝင်သွားကြရအောင်။ 


မွေးနေ့ဆုတောင်းသံတွေ သံတိုင်ကြားက ကြားနိုင်စေ ။


Soft Strike Community 

Yangon Revolution Force - YRF

(ရန်ကုန်တော်လှန်ရေးအင်အားစု)


#yrf

#yangonrevolutionforce 

#AungSanSuuKyi

Sunday, 18 June 2023

မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်၊ စစ်တပ်နှင့် ဆက်နွယ်သည့် မင်္သကာဖွယ်လူ ၄ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေ


 မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်၊ စစ်တပ်နှင့် ဆက်နွယ်သည့် မင်္သကာဖွယ်လူ ၄ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမှုများ ပြုလုပ်နေ 


ရန်ကုန်၊ ဇွန် ၁၈


မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ အကြားရှိ မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် KNLA၊ PDF ပူးပေါင်း စစ်ကြောင်းက လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်မှ စတင်၍ မွန်းလွဲ ၁၁ နာရီခန့်တွင် KNLA တပ်ရင်း ၂၇ တပ်ဖွဲ့ဝင်များနှင့် PDF ပူးပေါင်း စစ်ကြောင်းတို့ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမကြီး တစ်လျှောက်ရှိ နေရာ ၃ နေရာခွဲ၍ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါ စစ်ဆေးမှု ပြုလုပ်စဥ်အတွင်း စစ်တပ်နှင့် ဆက်စပ်သော မင်္သကာဖွယ်လူ ၄ ဦးကို တွေ့ရှိခဲ့သောကြောင့် ထိန်းသိမ်းထားပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကာ စစ်ဆေးမှုများ ပြီးမှသာ အသေးစိတ် သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဇွန်လ ၁၀ ရက်နေ့က KNLA တပ်ရင်း ၂၇ က မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းပိုင်းသွားလာကြမည့် ကားများအနေဖြင့် စစ်တပ်၏ လက်နက်ခဲယမ်း အပါအဝင် စစ်အင်အားတိုးချဲ့သည့် လူနဲ့ ပစ္စည်းများ သယ်ဆောင်လာလျှင် စစ်ဆေးတွေ့ရှိမှုပေါ် မူတည်ပြီး အရေးယူမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ထားကြောင်း သိရှိရသည်။


ထုတ်ပြန်ချက်တွင် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းတွင် သွားလာနေသည့် မော်တော်ယာဉ်များ အနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့် အခါ ကြည်ဖြူစွာ လက်ခံရန် စစ်ကောင်စီနှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်မှုမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်တပ် ယာဉ်များနှင့်လိုက်ပါ စီးနင်းခြင်းမျိုး မပြုလုပ်ရန်နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် ယာဉ်များလည်း ကြည်ဖြူစွာအစစ်ဆေးခံရန် စသည့်အချက်များ ပါရှိကြောင်း သိရသည်။ 


ထို့သို့ အမိန့်စာ ထုတ်ပြန်ရခြင်းသည် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ခရီးသွား ပြည်သူများကို အကာကွယ်ယူပြီး သွားလာခြင်းဌ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့် အတွက် ဖြစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည် ဖြစ်ပြီး အများပြည်သူတွေအနေဖြင့် အမိန့်ကြေညာချက်ပါ အချက်များကို တိတိကျကျ လိုက်နာကြရန် ထပ်မံ မေတ္တာရပ်ခံကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။

Saturday, 17 June 2023

Breaking News- ကလေးဝမြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို ကြား ဖြတ် တိုက်ခိုက်မှု အမှတ် ၁၁ လုံထိန်းရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးပြီး ၄၀ ဦး ကျော်ပျောက်ဆုံးနေ


 Breaking News- ကလေးဝမြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို ကြား ဖြတ် တိုက်ခိုက်မှု အမှတ် ၁၁ လုံထိန်းရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးပြီး ၄၀ ဦး ကျော်ပျောက်ဆုံးနေ 


 ■ ဖောကား ၂ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး Jammer နှင့် လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိဟု NUG က သတင်းထုတ်ပြန်


ရန်ကုန်၊ ဇွန် ၁၇ 


စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် စစ်တပ်နှင့်ရဲစစ်ကြောင်းကို ပြည်သူ့ကာ ကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၄၁ ဦးသေဆုံး ကြောင်း စစ်တပ်သတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ 


ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန် တောင်ငူအခြေစိုက် အမှတ် ၁၁ လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲကား ၄ စီး၊ စစ်တပ်စစ်ကြောင်း များ အပါအဝင် စုစုပေါင်း အင်အား ၁၅၈ ဦးသည် စစ်ကြောင်း ပြောင်းရွှေ့နေစဉ် ကလေး၀မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။ 


"အဲဒီစစ်ကြောင်းမှာ ရတဖ ၁၁ က ရဲတွေ တော်တော်များများပါတယ်။ ဒရုန်းနဲ့ ဗုံးကျဲတယ်။ မိုင်းဆွဲခံရတယ်။ ပြီးတော့ ပစ်ခတ်ခံရတယ်။ လတ်တလောတော့ ရဲ ၄၁ ဦးကျဆုံးတယ်။ ပျောက်ဆုံးနေတာက ၄၀ ဦးထက်မနည်းရှိတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကမူ စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ စခန်းကြီးရွာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သတင်း ထုတ်ပြန်သည်။


 ဇွန်လ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်မှ န့နက် ၉ နာရီ ၃၀ မိနစ် အချိန်အထိ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊စခန်းကြီးရွာအနီးတွင် ကလေးဝ မြို့မှ တစ်ဆင့် မင်းကင်းမြို့နယ်သို့ ယာကြီးလမ်းအတိုင်း လူ၊လက်နက်၊ရိက္ခာ ပို့ရန် Faw ကား ၃ စီးအပါအဝင် ခမရ -၃၆၂(ကျီကုန်းအခြေစိုက်)၊ရဲနှင့်ပျု စောထီး အင်အား (၁၃၀)ဦးခန့်ဖြင့် လာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကလေးခရိုင် အမှတ် ၉ တပ်ရင်းက ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ပွဲအတွင်း Faw ကား၂ စီးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၊ MA-11 ၂ လက်၊ G-3 ၂ လက်၊ MA-11 ကျည်ဘောက် ၃ ခု၊ G-3 ကျည်ဘောက် ၆ ခု၊ MG 3 ငါးကြင်းမြှီး (၁)လက်၊ MA-7 60 MM တာဝေးစိန်ပြောင်း ၁ လက်၊ 60 MM ဗုံးသီးများ၊ RPG ထိပ်ဖူး ၅ လုံး၊ အီနာဂါ ဗုံးသီး ၅ လုံး၊ .38 Webly Wesson ၆ လုံးပြူး (၁)လက်၊ Jammer ၁ လုံး၊ M-14 နင်းမိုင်း ၂ လုံး၊ လက်ပစ်ဗုံး အလုံး ၃၀ ကျော်၊ ကျည်ဆံများနှင့် တခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း NUG က သတင်းထုတ်ပြန်သည်။  


ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကလေး၀မြို့နယ် တိုက်ပွဲတွင် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။

ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ


 ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ 


#၁၉ဇွန်_ပန်းသပိတ်


အခုလာမယ့် (ဇွန်လ၊ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်) ဟာ အဓမ္မ ဖမ်းဆီးခံထားရတဲ့၊ ပြည်သူအများ မြတ်နိုး လေးစား တန်ဖိုးထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၈) နှစ်ပြည့် မွေးနေ့ချိန်ခါ ဖြစ်ပါတယ်။


အဲ့ဒီနေ့မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သောအားဖြင့်လည်းကောင်း၊ တော်လှန်ရေးသမိုင်းအဆက်ဆက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသောအားဖြင့်လည်းကောင်း ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ပန်းသပိတ်လူထုလှုပ်ရှားမှုကြီးကို နိုင်ငံလုံးကျွတ် ဖော်ဆောင်၊ ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။


ဒီပန်းသပိတ်လှုပ်ရှားမှုရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးမှာ နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျနော်တို့ဟာ စစ်မိစ္ဆာတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်။ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။


နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ ရက် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကို ကမ္ဘာကရော ၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။


ဇွန် ၁၉ မှာ ပန်းသပိတ်လှုပ်ရှားမှုအပြင် အနုပညာရှင်တွေ၊ Social Influencers တွေကလည်း လူထုကို ဖျော်ဖြေတင်ဆက်မှုအချို့ ပြုကြမယ်လို့ သိရပါတယ်။ အထူးသဖြင့် ခွန်အားဖြည့် မိငယ်၊ သွေးမုန်တိုင်း၊ အရေးကြီးပြီ အစရှိတဲ့ တော်လှန်အားဖြည့် သီချင်းတွေကို ဆိုကြ၊ တီးကြမှာပါ။


ဒါ့ကြောင့် ကျနော်တို့တွေ လာမယ့် ဇွန် ၁၉ မှာ နိုင်ငံလုံးကျွတ် ပန်းသပိတ်ဆင်နွှဲကြပါစို့။ ကျနော်တို့တွေ အဲ့ဒီနေ့မှာ ဘုရားပန်းအိုး အသစ်တင်ကြမယ်၊ အိမ်တွင်းအိမ်ပြင်၊ အိမ်ရှေ့တိုင်းမှာ ပန်းတွေထိုးကြမယ်၊ ဆင်ကြမယ်။ ပန်းအလှတွေ ချိတ်ဆွဲပြင်ဆင်ကြမယ်။ Online ကော Off-line မှာပါ ပန်းသပိတ်ကမ်ပိန်း ဆောင်ရွက်ကြမယ်ဗျာ။


လမ်းမထက်မှာ နိစ္စဓူဝ လှုပ်ရှားသွားလာကြမယ့် အမျိုးသမီး၊ အမျိုးသား ပြည်သူအားလုံးကလည်း ပန်းပန်ကြမယ်၊ ရင်ဘတ်မှာ ပန်းထိုးကြမယ်ဗျာ။ ပန်းနဲ့ပတ်သက်ဆက်နွယ်တဲ့ လှုပ်ရှားမှုမျိုးစုံကို မိမိတို့ ဉာဏ်ရှိသလို ဆန်းသစ် တီထွင် ကွန့်မြူးပြီး ဖော်ဆောင်ကြမယ်ဗျာ။ ပန်းအမျိုးအစားကိုတော့ ကန့်သတ်မထားပါဘူး။ မိမိတို့နှစ်သက်ရာ၊ အဆင်ပြေရာ၊ လက်လှမ်းမီရာ ပန်းကို အသုံးပြုနိုင်ကြပါတယ်ဗျာ။


လက်နက်အားကိုး ဗိုလ်ကျချင်တဲ့ ဖက်ဆစ်အာဏာရူးတွေက ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ လူထုတော်လှန်ခြင်းရဲ့ ပန်းတွေကတော့ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်နေမှာဖြစ်ကြောင်းကို လာမယ့် ဇွန် ၁၉ မှာ တစ်နိုင်ငံလုံး အုံးအုံးကြွကြွ သက်သေပြလိုက်ကြပါစို့။


#Freedom_from_Fear


#ကြောက်ခေတ်ကို_မှောက်ပစ်


#June19_FlowerCampaign


#တော်လှန်ပန်းတွေ_အကုန်ပွင့်လန်းကြမည့်_၁၉ဇွန်


အရေးတော်ပုံ အောင်ရမည်။

မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်


 မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဇွန် ၁၆


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Royal Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ ပျူစောထီး ကျေးရွာကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက် သေဆုံးမှုများရှိနိုင်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။


“၁၀ လုံးထုခဲ့တယ်ဗျ၊ ၇ လုံးတော့ ရွာထဲကျတယ်၊ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်း ပဲဗျ၊ ခွေးတွေဘက်က ကျနော်တို့ ပြန်ခါနီး လက်နက်ကြီးနဲ့ ၂ လုံးပြန်ပစ်တယ်၊ အထိအခိုက်မရှိပါဘူး” ဟု Royal Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို Royal Defence Force (MYG) နှင့် Phoenix Ranger(MYG) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Friday, 16 June 2023

နေပြည်တော်၊ လယ်ဝေးတွင် ဗိုလ်မှူး မင်းသူအောင်နှင့် အမျိုးသမီး အရာရှိ ၂ ဦး သေဆုံးသွားသည့် လေတပ် အမောင်းသင် ရဟတ်ယာဉ် ပျက်မှု မြင်ကွင်းဓာတ်ပုံများ


 နေပြည်တော်၊ လယ်ဝေးတွင် ဗိုလ်မှူး မင်းသူအောင်နှင့် အမျိုးသမီး အရာရှိ ၂ ဦး သေဆုံးသွားသည့် လေတပ် အမောင်းသင် ရဟတ်ယာဉ် ပျက်မှု မြင်ကွင်းဓာတ်ပုံများ


ရန်ကုန်၊ ဇွန် ၁၅


နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီး စစ်တပ်၏ အမောင်း သင် H120 ရဟတ်ယာဥ် ပျက်ကျပြီး နည်းပြဖြစ်သူ ဗိုလ်မှူး မင်းသူအောင်နှင့် သင်တန်းသူ အမျိုးသမီးအရာရှိတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။


ယနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှ H120 helicopter အမျိုးအစား အမောင်းသင် လေယာဥ် တစ်စီး Navigation သင်ခန်းစာ လေ့ကျင့်ပျံသန်းစဥ် နေပြည်တော်မှ အပြန် လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီးတွင် ရာသီဥတု မကောင်း၍ ပျက်ကျပြီး နည်းပြဖြစ်သူ pilot ဗိုလ်မှူး မင်းသူအောင် နှင့် သင်တန်းသူ အမျိုးသမီး အရာရှိတို့ သေဆုံးခဲ့ကြောင်း သိရသည်။


" ရာသီဥတုမကောင်းတာ တာဝန်ရှိသူတွေက လေကြောင်း အတတ်သင် လေတပ်စခန်းမှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းကို သတင်းပို့သော်လည်း အရေးတယူစဉ်းစားခြင်းမရှိဘဲ အမြော်အမြင်မဲ့စွာ ဆုံးဖြတ်မှုကြောင့် အသက်ဆုံးရှုံးရတာပါ" ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဝင်းမောင်သိန်းသည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှူး အဖြစ် တာဝန်ယူထားပြီး ၎င်းလက်ထက်တွင် တပ်ပြေးများနေခြင်း လက် အောက် ငယ်သားများအား အကြောင်းမရှိ အကြောင်းရှာ အပြစ်ရှာခြင်း တပ်သားများ၏ လွတ်လပ်ခွင့်များပိတ်ပင်ခြင်း၊ အပြင်ထွက်ခွင့်များအား ကန့်သတ်ပိတ်ပင်ခြင်း များ လုပ်ဆောင်ခြင်းကြောင်း အောက်ခြေ တပ်သားများက ကျေနပ်မှု မရှိကြောင်း သိရသည်။

Wednesday, 14 June 2023

ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇွန် ၁၄


ရှမ်း-ကယား နယ်စပ် ဖယ်ခုံမြို့နယ်တွင် ၁၁ ရက်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း၌ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၂၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း PDF - Pekhon တပ်ဖွဲ့ထံမှ သိရသည်။


ဇွန်လ ၃ ရက်နေ့ မှ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ် အပါအဝင် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းများတို့က ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ ခေါင်းအိကျေးရွာ နှင့် စက်တော်ကျေးရွာကို ရက်ရှည် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။


အဆိုပါ ထိုးစစ်ဆင်နေသော စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စုစုပေါင်း ၂၇ ဦး သေဆုံးပြီး များစွာ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ စစ်သားများ ထိခိုက် ကျဆုံးမှုများသောကြောင့် ဖယ်ခုံ စကခ ၇ နှင့် လက်နက်ကြီး ထိုင်ထားသော ၃၃၆ တပ်တို့မှ ၃ ရက် ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုလက်နက်ကြီးပစ်ကူမှုဖြင့် MBPDF 1007 တပ်ရင်းမှ ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ MA - 2 ၁ လက်၊ MA - 3 ၁ လက်နှင့် ခဲယမ်းများစွာကို သိမ်းဆီး ရမိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို PDF - Pekhon တပ်ရင်းအမှတ် ၁၀၀၂ နှင့်အတူ LKPDF DMO-PDFs 1101, 1102, 1106, 1107 တို့၏ ပူပေါင်းစစ်ကြောင်း၊ DMO Local-PDFs စစ်ကြောင်း၊ MBPDF 1007 ၊ 1009 ၊1008 ၊ 1005 ပူးပေါင်းစစ်ကြောင်း၊ KRU နှင့် KNDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း PDF - Pekhon က ထုတ်ပြန်ထားသည်။ 

ယူကရိန်းကို ပေးအပ်နေသည့် အကူအညီ၏ ၁ ရာခိုင်နှုန်းမျှ မြန်မာ့ တော်လှန် ရေး အတွက် ထောက်ပံ့လျှင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း ဖြုတ်ချနိုင်ဟု ဗိုလ်ချုပ် ဂွန်မော်၊ NUGဝန်ကြီး ဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာသို့ ပြောဆို အကူအညီတောင်း


ယူကရိန်းကို ပေးအပ်နေသည့် အကူအညီ၏ ၁ ရာခိုင်နှုန်းမျှ မြန်မာ့ တော်လှန် ရေး အတွက် ထောက်ပံ့လျှင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း ဖြုတ်ချနိုင်ဟု ဗိုလ်ချုပ် ဂွန်မော်၊ NUGဝန်ကြီး ဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာသို့ ပြောဆို အကူအညီတောင်း


■ NUG ၊ KIA နှင့် KNU တို့ စစ်ရေးဆိုင်ရာ ပူးတွဲဗဟိုကွပ်ကဲရေး ဖွဲ့စည်းထားပြီး တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နေ


ရန်ကုန်၊ ဇွန် ၁၄

 

ယူကရိန်းကို ပေးအပ်နေသည့် အကူအညီ၏ ၁ ရာခိုင်နှုန်းမျှ မြန်မာ့ နွေဦးတော် လှန်ရေးအတွက် ထောက်ပံ့လျှင် စစ်အာဏာရှင်ကို အချိန်တိုအတွင်း အပြတ်ဖြုတ်ချနိုင်ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ ဝန်ကြီးဦးရည်မွန်နှင့် ဦးမင်းကိုနိုင်တို့က နိုင်ငံတကာကို အကူအညီတောင်းခံလိုက်ကြသည်။


ဇွန်လ ၁၃ ရက်နေ့ USIP တွင် KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၊ NUG ကာ ကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ဦးမင်းကိုနိုင်တို့က "Like Ukraine, Myanmar Deserves International Aid" ဆိုသော ယူကရိန်းကဲ့သို့ မြန်မာအနေဖြင့်လည်း နိုင်ငံတ ကာ အကူအညီများ ရထိုက်" ဟူသည့် ဆောင်းပါးရေးသား၍ နိုင်ငံတကာကို ပန်ကြား တောင်းဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။


မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တော်လှန်ရေးအတွက် လျှင်မြန်သော အောင်ပွဲများရရှိရေး နိုင်ငံတကာ အသိုက်အဝန်း၏ ပံ့ပိုးကူညီမှုနှင့် အကူအညီ လိုအပ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံသားများအနေဖြင့် ယူကရိန်းနိုင်ငံသားများကဲ့သို့ အကူအညီများ မရရှိဘဲ ထောက်ပံ့မှု အနည်း ငယ်သာရရှိကြောင်း၊ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ကူညီမှု၏ ၁ ရာခိုင်နှုန်းမျှသာ ရရှိလျှင်ပင် မြန်မာ့တော်လှန်ရေး၏ အဆုံးအဖြတ် အောင်ပွဲခံနိုင်မှုကို အချိန်ကာ လအနည်းငယ်အတွင်း သက်သေပြနိုင်ကြောင်း ဆောင်းပါးတွင် ရေးသား တောင်းဆိုထား သည်။


လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှုသည် မြန်မာ့သမိုင်းတွင် ထူး ခြား ပြီး နိုင်ငံ တကာ၏ ထောက်ခံအားပေးမှုကို ရသင့်ကြောင်း၊ လက်ရှိ နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လွတ် လပ်မှုကို ဆောင် ကြဉ်းပေးနိုင်ရန် ဆယ်စုနှစ် ၇ ခုအကြာ အကောင်းဆုံးနှင့် နောက်ဆုံး အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းထံမှ ပံ့ပိုးကူညီမှု မရှိစေကာမူ မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ကြိုးပမ်းမှုတွင် မယိမ်းယိုင်ကြကြောင်း၊ သို့သော်လည်း နိုင်ငံတကာ၏ ထောက်ခံအား ပေးမှုသည် ရုန်းကန်မှုကို အားဖြည့်ပေးမည်ဆိုပါက စစ်အာဏာ ရှင်စနစ်ကို အချိန်တိုတိုအတွင်း အောင်ပွဲခံရန် သေချာပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး လျှင်မြန်စွာ ပေါ်ထွန်းလာမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေး နှင့် ဒေသ တည်ငြိမ်အေးချမ်းရေး ဦးတည်သွားမည်ဖြစ်ကြောင်း ဆောင်းပါးတွင်ထောက်ပြထားသည်။


မြန်မာနိုင်ငံတွင် သွေးခွဲအုပ်ချုပ်ခြင်းနှင့် အကြမ်းဖက်မှုများကို လှုံ့ဆော်ခြင်း ပေါ်လစီဖြင့် အစဉ်အဆက် ဆယ်စုနှစ်ချီ၍ အာဏာရယူအုပ်ချုပ်ခဲ့သော မြန်မာစစ်တပ်အနေဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအပြီးတွင် ယင်းပေါ်လစီ ကျရှုံးသွားခဲ့ရပြီဖြစ်ကြောင်း၊ ယနေ့တွင် တိုင်းပြည်သည် မကြုံစဖူးသော ညီ ညွတ်မှုများ ရရှိနေကြောင်း၊ ယူကရိန်းနိုင်ငံသားများကဲ့သို့ပင် မြန်မာနိုင်ငံသားများမှာလည်း အသက်စွန့်၍ ဘဝ၊ ချွေး၊ သွေးတို့ကို ရင်းနှီး ပေးဆပ်၍ ဒီမိုကရေစီအတွက် စစ်အာဏာရှင်ကို စုစည်း တော်လှန်နေကြကြောင်း၊ သို့ရာတွင် မတူညီသည်က မြန်မာနိုင်ငံသားများသည် ယူကရိန်းနိုင်ငံသားများကဲ့သို့ နိုင်ငံတကာ အကူအညီများ ရရှိမနေကြောင်း၊ အကူအညီများရရှိပါ နှစ်ချီကြာမြင့်နိုင်သော စစ်အာဏာရှင်တော်လှန်ရေးမှာ လပိုင်းအတွင်း ပြီးဆုံးနိုင်ပြီး ယူကရိန်းကို ပေးအပ်နေသော အကူအညီ၏ ရာခိုင်နှုန်း အနည်းငယ်မျှ မြန်မာနိုင်ငံသားများကို ပေးအပ်လျှင်ပင် စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲ အလွန်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ရေးသားထားသည်။


 ရက်စက်ကြမ်းကြုတ်သော အာဏာသိမ်းမှုတို့ကြောင့် မြန်မာနိုင်ငံတွင် မကြုံစဖူးစည်းလုံးညီညွတ်မှုရရှိနေပြီး တိုင်းရင်းသားလက်နက်ကိုင်များ၊ NUG ၊ တိုင်းရင်းသားကိုယ်စားပြု အဖွဲ့အစည်းအသီးသီး၊ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုများ အပါအဝင် တော်လှန်ရေးအင်အားစုများ အကြား ညီညွတ်မှုများရှိနေကြောင်း ၊ အဆိုပါ ညီညွတ်မှုများက မြေပြင် တော်လှန်ရေးလှုပ်ရှားမှုများကို အထောက်အကူရရှိစေကြောင်း ထောက်ပြထားသည်။


၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းပြီးနောက် လူထု၏ မတူကွဲပြားသော အစိတ်အပိုင်းများဖြစ်သော ရွေးကောက်ခံခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ CDM ဝန်ထမ်းများက ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး အတွက် ရည်ရွယ်ဦးတည်ထားသော တော်လှန်ရေးလှုပ်ရှားမှုအတွက် လက်တွဲကြကြောင်း၊ လအနည်းငယ်အတွင်း အမျိုးသား စည်းလုံးညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC ၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်း ခဲ့ကြောင်း၊ ဖက်ဒရယ်ဒီမိုကရေီပြည်ထောင်စု ထူထောင်ရေးအုတ်မြစ်ချရန်အတွက် “ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်း” ကို ရေးဆွဲခဲ့ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။


၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြင့် စစ်တပ်က အာဏာသိမ်းမှုကို ခုခံရန် စတင်ခဲ့သော်လည်း မကြာမီတွင် ဗိုလ်ချုပ်များ၏ အကြမ်းဖက်မှုကို တုံ့ပြန်ရန် လက်နက်ကိုင် ကာကွယ်ရေးအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုသည် စစ်တပ် ထိန်းချုပ်မှု ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ လမ်းကြောင်းသစ်တစ်ခု အသွင်ကူးပြောင်းရန် တနိုင်ငံလုံး အတိုင်းအတာဖြင့် တော်လှန်ရေးအသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ကြောင်း၊ လက်နက်ကိုင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးဘက်သို့ လှည့်လိုက်သည်နှင့်အမျှ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း အများအပြားသည် အရပ်သားများကို ကာကွယ်ရန်နှင့် စစ်အစိုးရကို ဖြုတ်ချရန် ရည်ရွယ်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ဖွဲ့စည်း လေ့ကျင့် ပေးကြကြောင်း၊ လက်ရှိတွင် နိုင်ငံတဝှမ်းရှိ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ နှင့် PDF များ ပူးပေါင်း ဆောင်ရွက်နေကြောင်း ရေးသားထားသည်။


‌ေNUG ၏ ကာကွယ်ရေး ဝန်ကြီးဌာနသည် လက်နက်ကိုင် တော်လှန်ရေး ဗဟိုချက်တွင်ရှိပြီး စစ်အစိုးရကို တိုက်ခိုက်နေသည့် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ကရင်အမျိုးသား အစည်းအရုံးတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ စစ်ရေးဆိုင်ရာပူးတွဲဗဟိုကွပ်ကဲရေးအဖွဲ့ ကိုလည်း ထူထောင်ထားပြီး ကရင်နီနှင့် ချင်းအပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နှင့် ဗျူဟာမြောက် ပူးပေါင်းလုပ်ဆောင်နေကြောင်း၊ စစ်ရေး စစ်ဆင်ရေးနှင့် ကွပ်ကဲမှုများကို ညှိနှိုင်းဆောင်ရွက်ရန်၊ စစ်တပ်ကို တော်လှန်ရောတွင် တက်တက်ကြွကြွ ထောက်ခံအားပေးသည့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပိုမိုလေးနက်စွာ နားလည်သဘောပေါက်ပြီး ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။


PDF များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ မဟာမိတ်အဖွဲ့များသည် စစ်ကောင်စီတပ်ကို တော်လှန်နေမှုသည် ဒီမိုကရေစီနှင့် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ အရေးအကြီးဆုံးမှာ၊ ဤမကြုံစဖူးစည်းလုံးမှုသည် အောင်ပွဲအတွက် အခွင့်အလမ်းဖြစ်ကြောင်း၊ စစ်အစိုးရ၏ အကြမ်းဖက်နည်းဗျူဟာသည် စစ်ဘက်နှင့် နိုင်ငံရေးနယ်ပယ်အားလုံးတွင်ကျရှုံးနေကြောင်း၊ ထိုကျရှုံးမှုက တော်လှန်ရေးအင်အားစုများအတွက် နောက်ဆုံးနှင့် အကောင်းဆုံးသော အခွင့်အရေးဖြစ်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံသည် စစ်အာဏာရှင် စနစ်မှ ကင်းလွတ်ပြီး ကင်ဆာဆဲလ်ကဲ့သို့ အမြစ်တွယ်နေသော စစ်အာဏာရှင်ကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း ရေးသားထားသည်။


ပြည်သူလူထု၏ ပံ့ပိုးကူညီမှု၊ ပူးပေါင်းပါဝင်မှုနှင့်အတူ တော်လှန်ရေးက ဆက်လက်ချီတက်နေပြီး PDF များသည် ဗမာလူမျိုးအများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ကျေးလက်ဒေသအများအပြားတွင် အထူးသဖြင့် ဗမာလူမျိုးအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အခြေစိုက်ထားနိုင်ပြီဖြစ်ကြောင်း ဆောင်းပါးက အသိပေးထားသည်။


အလားတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသည် ၎င်းတို့၏ နယ်မြေများ အပေါ် ပိုမို ခိုင်မာပြီး ထိရောက်သော အုပ်ချုပ်ရေးကို ကြိုးပမ်းကာ ၎င်းတို့၏ ထိန်းချုပ်မှု နယ်ပယ်များကို ချဲ့ထွင်လျက်ရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ပေါင်းစည်းထားသလို တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို နယ်မြေတစ်ဝက်ကို ထိန်းချုပ်ထားကြောင်း သိရှိရသည်။


စစ်အာဏာရှင်ကို ဘုံရန်သူအဖြစ် သတ်မှတ်၍ နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ဘုံရည်မှန်းချက် အောင်မြင်မှုရရှိရန် တစ်နိုင်ငံလုံးက အခိုင်အမာ ကတိကဝတ်ပြုထားပြီး မြန်မာပြည်သူပြည်သားများ စည်းလုံးညီညွတ်စွာ ချီတက်နေကြကြောင်း၊ နိုင်ငံရပ်ခြားရောက် မြန်မာအလုပ်သမားများကလည်း လစဉ် ၎င်းတို့ချွေးနည်းစာ လစာများကို လှူဒါန်းနေကြသကဲ့သို့ မြန်မာပြည်အထက်ပိုင်းမှ အဘွားအိုများကလည်း ၎င်းတို့၏ နားကပ် အပါအဝင် ပိုင်ဆိုင်မှုများကို လှူဒါန်းနေကြကြောင်း ၊ လက်နက်ကိုင်တော်လှန်ရေးသည် လက်လုပ်များနှင့် စတင်ခဲ့ကြောင်း၊ တူမီး လက်နက်နှင့်စတင်ခဲ့ရကြောင်း၊ စစ်တပ်က ရုရှားလုပ်လေယာဉ်နှင့် လက်နက်များအကို အသုံးပြုနေကြောင်း၊ ယူကရိန်းက ဆုံးရှုံးသွားသော နယ်မြေကို ပြန်လည်သိမ်းပိုက်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်တွင် မြန်မာလူမျိုးများသည် စစ်အစိုးရမှ ခိုးယူထားသော မြေလက်မတိုင်းအတွက် တိုက်ပွဲဝင်နေကြောင်း ထောက်ပြထားသည်။


Photo Credit - DVB ၊ Matador 

Tuesday, 13 June 2023

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


 နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

++++++++++++++

ဇွန် ၁၃ 


နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်များဆီက သိရပါတယ်။ 


ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနဲ့ လ္ဘက်တောင်ကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများ၊ KA နဲ့ သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3   ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြွေဟောက်မြှောင်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

++++++++++++++

ဇွန် ၁၃ 


နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ တောင်တန်းဒေသ၊ ကိုးတစ်ကျေးရွာအုပ်စု၊ မြွေဟောက်မြှောင်ဘုရားကုန်းရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်များဆီက သိရပါတယ်။ 


ဇွန်လ ၁၂ ရက်နေ့ မနက် ၇ နာရီအချိန် ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အောင်နန်းချိုနဲ့ လ္ဘက်တောင်ကြားရှိ မြွေဟောက်မြှောင်စစ်ကောင်စီတပ်စခန်းကို နေပြည်တော် PDF တပ်ရင်းများ၊ KA နဲ့ သံတောင်မြောက်ပိုင်းပူးပေါင်းအဖွဲ့များ ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"အဲဒီစခန်းက အင်အား ၆၀ လောက်ရှိတယ်။ တပ်ကူလာသောခွေးအဖွဲ့အင်အား၁၀၀လောက်ကို မိုင်းထပ်ဆွဲတယ်။ ခွေးတွေအတုန်းအရုန်းကျတယ်လို့ပြောတယ်။ စစ်ကောင်စီရဲ့ ငါးကြင်းမြီး၁လက် MA3   ၁ လက်နှင့် ၆၀မမ ဗုံးသီးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်သိရတယ်" လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ 


တိုက်ခိုက်မှုအတွင်း တော်လှန်ရေး မဟာမိတ်များဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်


 NUG ဗဟိုဘဏ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်


အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရှောင်တာနဲကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ ဒီကနေ့ ဇွန် ၁၃ ရက်မှာ ကြေညာပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနဲ ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာတော့ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာကမှ ပြန်လွတ်လာခဲ့တာပါ။


သူနဲ့အတူ အမှုတွဲတွေအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနဲ့ ဘဏ္ဍာ‌ရေးဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်း နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့လည်း ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ဒီသတင်းအပါအဝင် ဘီဘီစီရဲ့‌နောက်ဆုံးရသတင်းများစုစည်းတင်ဆက်မှု

https://www.bbc.com/burmese/articles/cyxgwwekl04o

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး


 ကြာအင်းဆိပ်ကြီးတွင် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းကို တိုက်ခိုက်မှု ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၃ ဦးသေဆုံးပြီး ကျန်စစ်သားများ ထိုင်းဘက်သို့ထွက်ပြေး


ရန်ကုန်၊ဇွန် ၁၃ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ၊ ကွီလုံတိုင်စခန်းထံသို့ ရိက္ခာနှင့်ခဲယမ်းများပို့ဆောင်ရန် စစ်ကြောင်းထိုးလာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဒုတိယတပ်ရင်းမှူးအပါအဝင် စစ်သား ၃ ဦး သေဆုံး ပြီး ကျန်စစ်သားများမှာ ထိုင်းဘက်အခြမ်းကို ထွက်ပြေးသွားကြောင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


 ဇွန်လ ၃ ရက်နေ့ ရိက္ခာပို့ရန် စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA နှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁) က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စနိုက်ပါဖြင့် စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး ဒုတပ်ရင်းမှူး သေဆုံးခဲ့ကြောင်း ၊ယင်းတိုက်ပွဲသည် ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် မှ ညနေ ၆ နာရီအထိ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


 အထိနာသွားသော စစ်တပ်စစ်ကြောင်းသည် ထိုင်းဘက်ခြမ်းသို့ကူး၍ ပြန်လည်ဆုတ်ခွာ ထွက်ပြေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် ၅ ဦးဗုံးစထိမှန်ခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း SOF က ပြောသည်။ 


"သွားရောက် တိုက်ခိုက်တာက စစ်ကြောင်း ၁ ရဲ့ အထူးချေမှုန်းရေးတပ်စုပါ"ဟု SOF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


 သံလွင်မြစ်ဘေးရှိ စစ်ကောင်စီ စခန်း ၂ ခုကို KNDF နှင့် ပူးပေါင်းအဖွဲ့များ တိုက်ခိုက် သိမ်းပိုက်


ဧရာဝတီ၊ ဇွန် ၁၃ ၊ ၂၀၂၃


ကယားပြည်နယ်(ကရင်နီပြည်)၊ ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သော တောင်လှစခန်းနှင့် မယ်စဲ့ ရဲစခန်းတို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ကရင်နီဒေသခံ သတင်းရင်းမြစ်တဦးက " တိုက်ပွဲက ဒီနေ့မနက်မှာ ဖြစ်တာပါ။ တောင်လှစခန်းကိုရော၊ မယ်စဲ့ရဲစခန်းကိုရော ကျနော်တို့ဘက်က ရလိုက်တယ်။ စစ်ရေးသတင်းဖြစ်နေတော့ အသေးစိတ်ကို သက်ဆိုင်ရာအဖွဲ့တွေက ကြေညာပါလိမ့်မယ် " ဟု ဧရာဝတီသို့ အတည်ပြု ပြောသည်။


ယခုတိုက်ပွဲဖြစ်ပွားသော ထိုင်း-မြန်မာ နယ်စပ် ပတ်ဝန်းကျင်တွင် စစ်ကောင်စီက ၎င်းတို့၏ ဗျူဟာကုန်းများ၊ တပ်စခန်းများ၊ ဂိတ်စခန်းများနှင့် မယ်စဲ့မြို့ပေါ်ရှိ ရဲစခန်းများကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဧရိယာအများစုမှာ တော်လှန်ရေးအင်အားစုများ၏ စိုးမိုးနယ်မြေများဖြစ်ကြောင်း ၎င်းက ဆိုသည်။


အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး KNDF ဘက်က တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။


#WhatsHappeningInMyanmar

#RejectMilitaryCoup

Monday, 12 June 2023

မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရမိ


 မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်ရွာရှိ ပျူစောထီး စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကာ သေနတ် ၆ လက် သိမ်းဆည်းရမိ 


ရန်ကုန်၊ ဇွန် ၁၂ 


စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်ကြင်းတောင်(ပျူ)ရွာစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီး ၃ ဦးသေဆုံးပြီး လက်နက်များနှင့်အတူ ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း Student’s Revilution Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ဇွန်လ ၈ ရက် နံနက် ၄ နာရီခွဲခန့်က အဆိုပါ ပျူစောထီးစခန်းအား ကျောင်းသားတော်လှန်ရေး တပ်ဖွဲ့ (S.R.F)မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး Carbine M- 2 သေနတ် ၁ လက်၊ 4.8 ပြောင်းချောသေနတ် ၂ လက်၊ က.ပ.စ ထုတ် ကျည် ထိုး ၁ လက်၊ တူမီး ၂ လက်၊ 4.8 ကျည် ၆၃ တောင့်၊ 0.30 ကျည် ၁၁၄ တောင့်နှင့်အတူ ဖုန်း ၃ လုံး တို့နှင့်အတူ ၄ ဦး အရှင်ဖမ်း မိခဲ့ကြောင်းသိရ သည်။ 


“တိုက်ပွဲက ၂ နာရီကျော်ကြာတယ်၊ တစ်နာရီခွဲလောက်ကြာပြီးတော့ ထွက်ပြေးကြတာ၊ ဆက်ပြီး ခုခံနေတဲ့အထဲက ပျူ ၃ ကောင် သေတာပါဗျ၊ တစ်ကောင်က ထပ်မိတာပါ၊ ဖမ်းမိတဲ့အထဲမှာ တစ်ယောက်က ပြည်သူဖြစ်နေလို့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်ပါတယ်၊ စစ်ကူလာတာ မရှိပါဘူးဗျ၊ ပျူရွာဆိုတော့ အင်အားတော့ မခန့်မှန်းတတ်ဘူး” ဟု Student’s Revilution Force တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။


အရှင်ဖမ်းမိသူ ၄ ဦးမှာ အသက် ၆၅ နှစ်အရွယ် ကံငြိမ်း၊ အသက် ၅၈ နှစ် အရွယ် ပြည့်ဘော် ၊ အသက် ၃၇ နှစ် အရွယ် ဝင်းဦးနှင့် အသက် ၅၇ နှစ်အရွယ် အေးဆွေတို့ဖြစ်ပြီး ပြည်သူတစ်ဦးပါ ဖမ်းမိခဲ့သဖြင့် စစ်ဆေး မေးမြန်းကာ ပြန်လွှတ် ပေးလိုက်ကြောင်း သိရသည်။

Breaking News- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီး မကြာမီ ကြားကာလ ပြည်နယ် အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်မည်


 Breaking News- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီး မကြာမီ ကြားကာလ ပြည်နယ် အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်မည်


■ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ချက်ဖြင့် စတင်ဖော်ဆောင်ခြင်းဖြစ် 


ရန်ကုန်၊ ဇွန် ၁၂ 


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် တရားဝင် ထူထောင်လိုက်ပြီဖြစ်ကြောင်း အဆိုပါ အုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌ ခူဦးရယ် ကြေညာသည်။ 


ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၆ ဦးဖြင့် ဇွန်လ ၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ကရင်နီပြည်နယ်တွင် ရည်ရွယ်ချက် ၅ ချက်ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင် သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး ကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန်၊ ပြည်နယ်အတွင်းရှိ အင်အားစု အသီးသီးနှင့် လက်တွေ့ကျစွာ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန် အပါအဝင် ရည်ရွယ်ချက် ၅ ချက်ရှိကြောင်း သိရှိရသည်။ 


"အခက်အခဲတွေအကြားကနေ ကျနော်တို့ ကရင်နီပြည် ကြားကာလ ပြည်နယ်အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေးအတွက် အခြားပြည်နယ်တွေအနေနဲ့လည်း အုပ်ချုပ်ရေး ခိုင်ခိုင်မာမာရှိဖို့ ကြားကာလ အုပ် ချုပ်ရေးကောင်စီတွေ ဖွဲ့စည်းကြဖို့ တိုက်တွန်းလိုပါတယ်" ဟု ကရင်နီပြည် ကြားကာလ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ခူဦးရယ်က ယနေ့ တရားဝင်ထုတ်ပြန်ပြောဆိုသည်။  


ကရင်နီပြည်တွင် ပြည်သူလူထုကို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေး၊ ရဲဌာန၊ တရားရုံးတို့ကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုအသီးသီးနှင့် လက်တွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် လွတ်လပ်တရားမျှတသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော်ဆောင်ရေး တက်ကြွစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း တရားဝင် ကြေညာသည်။


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ အဖြစ် ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ ဇူးပဒုမ္မာ အတွင်းရေးမှူး ၁ ၊ ဗညားခွန်အောင် အတွင်းရေးမှူး ၂ ၊ မော်ဖိုးမြာ ဘဏ္ဍာရေးမှူး အဖြစ် ပါဝင်ဆောင်ရွက်ကြကြောင်း သိရှိရသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...