Tuesday 30 April 2024

ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံ


 ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံ


RNA_ဧပြီ(၃၀)၊၂၀၂၄ ခုနှစ်။


အာဏာသိမ်းစစ်ကောင်စီအတွက် အရေးပါသော မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာရှိစစ်ကောင်စီအထိုင်စခန်းအား ဧပြီလ (၂၈) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက အပြီးသတ် သိမ်းပိုက်တိုက်ပွဲတွင် ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးပြီး ၁၅ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။ 


ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှုးကြီး တင်ကို အပါအဝင် (၁၁)ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား (၁၅) ဦး လက်နက်ချ အညံ့ခံခဲ့ပြီး၊ လက်နက်ငယ် (၁၉) လက်၊ ၆၀ မမ စိန်ပြောင်း (၁)လက် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ 


စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုအားလည်း သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ စစ်ကောင်စီစခန်းအား သိမ်းပိုက်ထားပြီးနောက် နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


ဝါးပို့ချပ်ကျေးရွာတိုက်ပွဲအတွက် လက်နက်ချအညံ့ခံသည့် ရုပ်သံကြည့်ရန် >>>>> https://t.me/rednewsagency/6392


#RedNewsAgency

Website - https://rednewsagency.com/

Youtube- https://www.youtube.com/@rednewsmm/

Telegram- https://t.me/rednewsagency/ 

YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

ဟုမ္မလင်းတွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့SNA မှ တပ်သား ၅ ဦး လက်နက်များနှင့်အတူ အလင်းဝင်


 ဟုမ္မလင်းတွင် စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့SNA မှ တပ်သား ၅ ဦး လက်နက်များနှင့်အတူ အလင်းဝင်


ရန်ကုန်၊ ဧပြီ ၃၀ 


စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ်ဖွဲ့မှ တပ်သား ၅ ဦးသည် လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း ဟုမ္မလင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်း ထုတ်ပြန် သည်။


ဧပြီလ ၂၄ ရက်နေ့ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ SNAမှ ရဲဘော် ၅ဦးသည် ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ ဆက်သွယ်ပြီး လက်နက် ၂ လက်နှင့်အတူအလင်းဝင်လာကြောင်း၊ အဆိုပါရဲဘော်များကို ဟုမ္မလင်းပကဖက ဂုဏ်ပြု ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။  


 SNA ရဲဘော်များအနေဖြင့် ပြည်သူများဘက်မှရပ်တည်ပြီး ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုပါက ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ သို့ဆက်သွယ်နိုင်ပြီး ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကလည်း ဒေသခံတိုင်းရင်းသား SNA ရဲဘော်များကို လှိုက်လှဲစွာဖြင့်ကြိုဆိုပါကြောင်း ဟုမ္မလင်း ပကဖက ကြေညာထားသည်။ 


SNA ရဲဘော်၅ ဦးသည် လက်နက် ၂ လက် နှင့်အတူ ခဲယမ်းကျည်များ ယူ ဆောင် လာကြောင်း ၊ပြည်သူ့ရင်ခွင်သို့ခိုလှုံလာသော ရဲဘော်များကို ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က လိုအပ်သောအကူအညီများကို ပံ့ပိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်


 ▪︎BREAKING NEWS 


ကျင်ဒွေးမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်


-နေ့သစ်/People's Spring 


မကွေးတိုင်းနှင့်ချင်းပြည်နယ်နယ်စပ်ရှိ ကန်ပက်လက်မြို့နယ်အတွင်းမှ ကျင်ဒွေးမြို့ ကို တော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်ပြီဖြစ်ကြောင်း ဒေသခံကာကွယ်ရေးတပ်နှင့် ဒေသခံများထံမှသိရသည်။ 


၂၀၂၃ ဒီဇင်ဘာလအတွင်းမှစ၍ လေးလကျော်ကြာ ပိတ်ဆို့တိုက်ခိုက်နေသည့် ကျင်ဒွေးမြို့ကို ဧပြီ ၂၉ ရက်တွင် ချင်းကာကွယ်ရေးတပ်များ၊ အာရက္ခတပ်တော် (AA)နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်း၍ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ 


“မြို့ရဲ့ အဓိကကျတဲ့နေရာကို သိမ်းပြီးသွားပြီး”ဟုကာကွယ်

ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ 


မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံနှင့် ကျေးရွာများကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်၍ ခုခံခဲ့သည်ဟု ဒေသခံများကပြောသည်။ 


“လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်းက ဗုံးကျဲနေတာ တနေ့တည်းကို လေးငါးကြိမ်လောက်ရှိတယ်။ အဲ့လိုမျိုး ရက်ဆက်ကျဲနေတာ”ဟု ဒေသခံတစ်ဦးကပြောသည်။


စစ်ကောင်စီတပ်က မြို့မကျရန် လေကြောင်းမှ အပြင်းအ

ထန်ခုခံတိုက်ခိုက်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ လပေါင်းများစွာထိုးစစ်ဆင်တိုက်ခိုက်မှုဖြင့်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်သုံ့ပန်းများဖမ်းမိသလို ၊လေကြောင်းကချပေးသောစစ်ကူများလည်းချေမှုန်းခံရကြောင်း တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။


ကျင်ဒွေးမြို့ကို CDFများနှင့် ယောဒေသရှိ PDFများက စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် AAပါဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ 


ကျင်ဒွေးရှိ စစ်ကောင်စီစခန်းကို CDF ပူးပေါင်းတပ်များနှင့် PDF တပ်များ ပူးပေါင်းပြီး ၂၀၂၃ ဒီဇင်ဘာက စတင်တိုက်ခိုက်ခဲ့ရာ စခန်းရလုနီးချိန်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု နှင့် စစ်ကူအင်အားဖြည့်တင်းခဲ့၍ နောက်ဆုတ်ပေးခဲ့ရကြောင်း၊ ယခုနှစ် မတ်လ ၇ရက်မှစ ပြီး ချင်းညီနောင်က ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ကြောင်းCDFများက ထုတ်ပြန်ထားသည်။


ကျင်ဒွေးမြို့ သည် ရွာမှ မြို့အဖြစ်သို့ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၁၉ ဧပြီလတွင် အဆင့်မြှင့်တင်ပေးခဲ့ခြင်းဖြစ်ပြီး မြို့တွင် လူဦးရေ တစ်ထောင်ကျော်နေထိုင်သည် ။မြောက်ဘက်တွင် ကန်ပက်လက်မြို့ ၊ အရှေ့မြောက်ဘက်တွင် မင်းတပ်မြို့နှင့် ကျောက်ထုမြို့ ၊ အရှေ့ဘက်တွင် ဆောမြို့ ၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်ကျောက်တော်မြို့တို့ တည်ရှိသည်။


(ကျင်ဒွေးမြို့အဝင်ဆိုင်းဘုတ်/ ၂၀၁၉ ဧပြီလက ကျင်ဒွေးမြို့ဖွင့်ပွဲ/ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲစဥ်အတွင်း မြို့ပေါ်ရှိအဆောက်အအုံတစ်ခု/ ကျင်ဒွေးမြို့ကို Google Earth တွင်တွေ့ရမှု ။ဓါတ်ပုံ-CJ )

Monday 29 April 2024

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံး


 မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် အများအပြား သေဆုံး 


ရန်ကုန်၊ ဧပြီ ၂၉ 


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ အများအပြားသေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ရှိ ခလရ ၁၄၁တပ်ရင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစပြီး KIAက စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် KIA က ခလရ ၁၄၁ တပ်ရင်းကို တိုက်လိုက် နားလိုက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလနှောင်ပိုင်းတွင် စစ်ဆင်ရေးကို သေချာစွာ ဆောင်ရွက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ဆင်ဘိုစခန်းကတော့ ဒီမနက် ၇ နာရီမှာ အပြီးသတ် နယ်မြေရှင်းလင်းနိုင်ခဲ့ပါပြီ။ တပ်ရင်းမှူး ပါသေပါတယ်။ စခန်းထဲက ကောင်တွေကလည်း အသေခံ တိုက်တယ်။ မပြေးဘူး။ အတော်များများ မိုးမျှော်ကုန်တယ်။ လက်နက်တွေလည်း ရတယ်။ " ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်တပ်စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Sunday 28 April 2024

စဉ့်ကိုင်မြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ကျိုက်ထိုမြို့တွင် ပစ်ခတ်ခံရသည့် စစ်သားဟောင်း ကျော်ကျော် ၁ ရက်အကြာတွင် သေဆုံး


 စဉ့်ကိုင်မြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး၊ ကျိုက်ထိုမြို့တွင် ပစ်ခတ်ခံရသည့် စစ်သားဟောင်း ကျော်ကျော် ၁ ရက်အကြာတွင် သေဆုံး


ရန်ကုန်၊ ဧပြီ ၂၈ 


မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် စစ်သားသစ် စုဆောင်းနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၃ ချက်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၆ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် စဉ့်ကိုင်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာတွင် အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော လက်နက်ကိုင် ကြံ့ဖွတ်ပါတီ ရပ်ကျေးကော်မတီဝင် အောင်ဝင်းကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရဿည်။


"အောင်ဝင်းက ကြံ့ဖွတ်ပါတီမှာလည်း ရပ်ကျေးကော်မတီဝင် ပြည်သူ့စစ် အဖွဲ့မှာလည်းပါတယ်။ သူ့မှာ လက်လုပ် သေနတ် ၁ လက်ရှိတယ်။ အဲကောင်က လက်လုပ်သေနတ် ကိုင်ပြီး ရပ်ရွာထဲ ပတ်ရမ်းနေတာ လူငယ်တွေကို စစ်မှုထမ်းဖို့ ခြိမ်းခြောက်တာတွေလည်း လုပ်တယ်။ ပစ်ခတ်ခံရတဲ့ နေ့က သူ့အိမ်ရှေ့မှာ ကင်းစောင့်နေတာ လက်ကိုင်အဖွဲ့တစ်ဖွဲ့က နေအိမ်ရှေ့ကို ရောက်လာပြီး ပစ်သွားတာပဲ ခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ပွဲချင်းပြီးသေသွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။


အလားတူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ပစ်ခတ်ခံရပြီး ၁ ရက် အကြာ သထုံဆေးရုံကြီးတွင် သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ် ခန့်တွင် ကျိုက်ထိုမြို့၊ ကျိုက်ပိကျေးရွာတွင်‌ နေထိုင်သော အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော စစ်သားဟောင်း ကျော်ကျော် ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း - ၇၈၀၅၊ တပ်ခွဲ ၄၊ UG အဖွဲ့က ရဲဘော်များက ကျိုက်ထိုမြို့၊ ကံကော်ရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နီလာ တည်းခိုခန်း နှင့် အင်းဝဘဏ် ကပ်ရပ်ရှိ ဆိုင်ကယ် ကယ်ရီဂိတ်တွင် ပစ္စတိုဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် သထုံဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ဧပြီလ ၂၇ ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။

Saturday 27 April 2024

နပခ အမ်း၏ အင်အားအကြီးဆုံး တော‌ဟိန်းတောင် ဗျူဟာကို AAသိမ်းပိုက်၊ ကစဉ့် ကလျားထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံ ရှင်းလင်းနေပြီး ထိတွေ့ တိုက်ပွဲ ပြင်းထန်နေ


 နပခ အမ်း၏ အင်အားအကြီးဆုံး တော‌ဟိန်းတောင် ဗျူဟာကို AAသိမ်းပိုက်၊ ကစဉ့် ကလျားထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က လိုက်လံ ရှင်းလင်းနေပြီး ထိတွေ့ တိုက်ပွဲ ပြင်းထန်နေ


ဧရာဝတီတိုင်းမ်

ဧပြီ ၂၇ရက်


ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ စစ်ကောင်စီ၏

အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) လက်အောက်ခံ ကဇုကိုင်း၊ တောဟိန်းတောင်ဗျူဟာစခန်းကို ပြီးခဲ့သည့် ဧပြီ ၂၅ရက်နေ့တွင်  အာရက္ခတပ်တော် (AA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


အာရက္ခတပ်တော် (AA) သည် ဧပြီ ၂၅ရက်နေ့က  အင်အား ၆၀၀နီးပါးရှိသည့် စစ်ကောင်စီ၏  တောဟိန်းတောင်ဗျူဟာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ  ယင်းဗျူဟာမှ စစ်ကောင်စီတပ်သားများ ကစဉ့်ကလျားထွက်ပြေးကြ၍ လိုက်လံတိုက်ခိုက်ခဲ့ရာ ယနေ့ ဧပြီ ၂၇ရက်နေ့အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


"ဗျူဟာကနေဆင်းပြေးတဲ့ တပ်သားတွေကို လိုက်ဖမ်းရာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီဘက်က သေတာတွေလည်း အတော်များတယ်။ စစ်ကူ လာမယ့်လမ်းကြောင်းတွေလည်းဖြတ်ထားတော့ လေကြောင်းအင်အားကူပဲရှိတယ်" ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


AA သည် ပြီးခဲ့သည့် ဧပြီ ပထမပတ် ကတည်းက စတင်၍ စစ်ကောင်စီ၏ တောဟိန်း တောင်ဗျူဟာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနှင့် လေကြောင်းမှ အင်အားထောက်ပို့ခြင်းကို အဆက်မပြတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။


"တပ်တော်(AA)က အမ်းကို အကုန်ပိတ်ပြီး  ချနေတာ။ သူတို့က အဝင်အထွက် လမ်းတွေကို အကုန်ပိတ်ထားပြီးမှ ဆိုတော့ သူတို့ဘဲပြန်ပိတ်မိနေတာ။ တောင်ကုတ် ဘက်ကလည်း မလာကူနိုင်ဘူး။ အမ်း၊ မကွေးကလည်း ကင်းပုန်းချတာနဲ့ ရွာတွေထဲ ဝင်မွှေတာတွေကို စစ်ကောင်စီက လုပ်နေတယ်။  စစ်ကူကတော့ အလွယ် မရောက်နိုင်ဘူး။ အဓိက ကတော့ လေကြောင်းပဲ သုံးနေတယ်။ အခုလည်း လေကြောင်းက ဆက်တိုက်လာနေတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။


တောဟိန်းတောင်ဗျူဟာမှ ကစဉ့်ကလျားထွက်ပြေးကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များသည်  တောင်ခြေအနီးရှိ စွေ့ချောင်း၊ ကဇုကိုင်း၊ အုန်းနွယ်ချောင်း၊ ဆင်အုန်းတိုင်နှင့် အုန်းတိုင်းချောင်း ကျေးရွာများသို့ ဝင်ရောက်ထွက်ပြေးကြသည့်အတွက် အဆိုပါ ကျေးရွာများ၌ ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။


"ရွာတွေထဲဝင်ပုန်းခိုကြတော့ စစ်ကောင်စီတွေမှာလက်နက်လည်းပါလို့ ကျေးရွာသားတွေ အတွက် အန္တရာယ်များတယ်။ မနေ့က ည၉နာရီလောက်ထိ ရွာတွေထဲကနေ ပစ်ခတ်သံတွေကြားနေရတယ်။ တပ်တော်ကတော့ လိုက်လံဖမ်းဆီးတာတွေ လုပ်နေပါတယ်" ဟု အမ်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ- ၅ လက်အောက်ခံဖြစ်ပြီး အင်အား ၆၀၀နီးပါးရှိသော်လည်း AA က စစ်ကူလမ်းကြောင်းများ ဖြတ်တောက်၍ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် တစ်လနီးပါး တိုက်ယူအပြီးတွင် ယခုကဲ့သို့ စခန်းစွန့်ကာ  ကစဉ့်ကလျား ထွက်ပြေးကြခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။


 AA သည် ပြီးခဲ့သည့် မတ် ၂၄ရက်နေ့ကတည်းက အမ်းမြို့နယ်ရှိ ပြောသေကျေးရွာအနီး စစ်ကောင်စီတပ်ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး ယနေ့အထိ အမ်းမြို့နယ်နေရာအနှံ့တွင် တိုက်ပွဲများဖော်ဆောင်လာခြင်းဖြစ်သည်။


စစ်ကောင်စီကလည်း ၎င်းတို့၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ် မကျစေရေးအတွက် လေကြောင်းမှ ဆက်တိုက်ပစ်ကူနှင့် အင်အားထောက်ပို့ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။


#အမ်း #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #ကဇုကိုင်း #တောဟိန်းတောင်ဗျူဟာ #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times

ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက်


 MDY-PDF၏ စစ်ဆင်ရေးသတင်းထုတ်ပြန်ချက် 


ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် 

၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇) ရက်နေ့ 


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၄) ရက်နေ့၊ သင်္ကြန်အကျနေ့တွင် ပြင်ဦးလွင်မြို့ရှိ DSA စစ်တက္ကသိုလ်ကျောင်းဝန်း အတွင်းသို့ ရှော့တိုက်ဒုန်းအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့၊ နံနက်အစောပိုင်းတွင် ပြင်ဦးလွင်မြို့အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သရက်ကုန်းကျေးရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ တနေကုန် နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရန်သူ့ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့သည်။ ညနေခင်းပိုင်းတွင် သရက်ကုန်းကျေးရွာ စစ်စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှိ သရက်ကုန်းကျေးရွာသည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်တက္ကသိုလ်(DSA) တည်ရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာတွင် တည်ရှိသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်၏ ရန်သူ့လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် အရပ်သား နေအိမ်များလည်း ထိမှန်ပျက်စီးမှုများရှိခဲ့သည်။ ရန်သူဘက်မှ သေဆုံးမှုများပြီး ထိခိုက်မှုများစွာရှိခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံအပါအဝင် ခဲယမ်း အမြောက်အများရရှိခဲ့သည်။


အကြမ်းဖက်စစ်ကောင်စီတပ်မှ သရက်ကုန်းကျေးရွာအား ပြန်လည်ရရှိရန် ဧပြီလ (၁၉) ရက်နေ့မှ စ၍ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်လျှက်ရှိသည်။ 


ဧပြီလ (၁၉) ရက်နေ့ တိုက်ပွဲတွင် ထိုးစစ်ဆင်လာသော ရန်သူ့တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၁၅) ဦးခန့်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များပြားခဲ့သည်။ 

ဧပြီလ (၂၀) ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၂) ဦး ကျဆုံးခဲ့သည်။ 


ဧပြီလ (၂၁) ရက်နေ့ တိုက်ပွဲတွင် ရန်သူ့တပ်သား (၁၃) ဦး သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုနေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော သာသနာ့အဆောက်အဦးများ ဖြစ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့သည်။   


ဧပြီလ (၂၂) ရက်နေ့၊ ညပိုင်းတွင် ရန်သူ့တပ်၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား (၃) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 


ဧပြီလ (၂၃) ရက်နေ့၊ မနက်ပိုင်းတွင် ထိတွေ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်သား (၁၅) ဦးခန့် သေဆုံးခဲ့သည်။ 


ဧပြီလ (၂၄) ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 


ဧပြီလ (၂၅) ရက်နေ့၊ နေ့လည်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူ့တပ်သား (၁၃) ဦးခန့် သေဆုံးပြီး (၁၆) ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ 


တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆) ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်

ကာကွယ်ရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ


ဓာတ်ပုံ


ကာကွယ်ရေးဝန်ကြီး MDY- PDF ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိခဲ့စဉ်

Friday 26 April 2024

ဖာပွန် စစ်ဆင်ရေး ၃၈ ရက်အကြာ


 ဖာပွန် စစ်ဆင်ရေး ၃၈ ရက်အကြာ 


၂၀၂၄ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့က စတင်ခဲ့တဲ့ ကရင်ပြည်နယ်၊ ဖာပွန်စစ်ဆင်ရေးဟာ 

- မတ်လ (၂၄) ရက်နေ့မှာ ဖာပွန်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ရဲစခန်းနှင့်ကင်းစခန်းတွေကို သိမ်းပိုက်ပြီး  

- မတ်လ (၂၆) ရက်နေ့မှာတော့ ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါတပ်တွေက စိုးမိုးနိုင်ခဲ့ပါတယ်။

- မတ်လ (၃၀) ရက်နေ့မှာ စစ်တပ်ရဲ့ ဖာပွန်မြို့အခြေစိုက်ခလရ (၁၉) တပ်ရင်းကို ဝင်သိမ်းခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ 

- လက်ရှိ စစ်ဆင်ရေး ၃၈ ရက်အကြာမှာတော့ ဧပြီလ (၂၅) ရက်နေ့မှာ စစ်တပ်ရဲ့ ခမရ (၄၃၄) တပ်ရင်းကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်အရ သိရှိရပါတယ်။ 


ဒီလို အောင်ပွဲတွေဆက်နေတဲ့ စစ်ဆင်ရေးကို တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းဖော်ဆောင်ကြတာဖြစ်လို့ မြေပြင်မှာ အချိတ်အဆက်မိမိ စနစ်တကျ တိုက်ခိုက်နိုင်စွမ်း လက်တွေ့ကြ‌တာကိုလည်း ပြသနေပါတယ်။


တကယ်တော့ စစ်ဆင်ရေးတခု စတင်ဖို့ဆိုတာ ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ အချိန်လည်း ယူကြရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဖာပွန်မြို့ တောင်ဘက်မှာ အခြေချတဲ့ စဗခ (၁) ရတခ လက်အောက်ခံ တပ်ရင်းစခန်းတွေ တည်ရှိရာ မယ်တရိုး၊ ဝေမှု၊ တံခွန်တိုင်၊ ဝေဆာတို့နဲ့ ကူးလူးဆက်သွယ်ရာ လမ်းအားလုံးကို စစ်ဆင်ရေးစတင်ချိန်ကတည်းကနေ ပိတ်ဆို့ဖြတ်တောက်မှုတွေ ပြုလုပ်ထားရပါတယ်။


ဖာပွန်ခွင်မှာ အကြမ်းဖက် စစ်တပ်တပ်ရင်း ၂ ခုဖြစ်တဲ့ ခမရ ၃၄၀၊ ၃၄၁ တပ်ရင်းနှင့် ဗျူဟာစခန်း ၁ခု တို့ ကျန်ရှိနေသေးတာ ဖြစ်လို့ တိုက်ပွဲအရှိန်အဟုန်က ကောင်းနေဆဲဖြစ်ပြီး ရန်သူ့လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ တောင်ပိုင်းစစ်ဒေသ(JOC) ကွပ်ကဲမှုနဲ့အတူ စစ်ဆင်ရေးဟာ ဆက်လက် တိုက်ပွဲဝင်နေဆဲ ရှိသေးတာ ဖြစ်ပါတယ်။ 


ဖာပွန်မှ မဟုတ်ပါဘူး။ မွန်နဲ့ တနင်္သာရီအပါအဝင် တောင်ပိုင်းခွင်ဟာ စစ်ရေးအရှိန်ဆက်မြှင့်နေဆဲဖြစ်ပါတယ်။ စစ်ဆင်ရေးတွေမှာ ခြေသံလုံလုံနဲ့ တိုက်ခိုက်ရင်း အောင်ပွဲတွေလည်း ရရှိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုအားလုံးကလည်း တိုက်ပွဲဝင် ရဲဘော်တွေအတွက် အားအင်တခုအနေနဲ့ စည်းလုံးစွာ မားမားမတ်မတ်ရပ်တည်နေရမှာ ဖြစ်ပါတယ်။ တိုက်ပွဲရှိရင် အောင်ပွဲရှိပါတယ်။ အရေးတော်ပုံ အောင်ကို အောင်ရမည်။ 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။ 


#PDFInsight

Thursday 25 April 2024

မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်


 မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦး သေနတ် ၃ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်


ရန်ကုန်၊ ဧပြီ ၂၅


ချင်းပြည်နယ်၊ မင်းတပ်မြို့မှ ရဲတပ်သား ၁ ဦး သေနတ် ၃ လက်ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ခဲ့ကြောင်း CDF ကန်ပက်လက် တူမီးတပ်ရင်းထံမှ သိရသည်။


ဧပြီလ ၁၀ ရက်နေ့တွင် မင်းတပ်မြို့မှ ရဲတပ်သား မင်းထက်ရိုန်းသည် ၎င်းကိုင်ဆောင်သော G4 သေနတ် ၁ လက်၊ ကျည် ၂၈၀ တောင့်၊ ကျည်အိမ် ၄ ခု၊ BA ၉၄ သေနတ် ၁ လက်၊ ကျည် ၂၁၀ တောင့်၊ ကျည်အိမ် ၃ ခု၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၅ တောင့်နှင့် လက်ပစ်ဗုံး ၁ လုံး တို့ ယူဆောင်လာပြီး CDF ကန်ပက်လက် တူမီးတပ်ရင်း တော်လှန်ရေး ပူးပေါင်းအဖွဲ့ထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့သို့ လက်နက်နှင့်တကွ အလင်းဝင်ရောက်ခဲ့သော ရဲတပ်သား မင်းထက်ရိုန်း ကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ခဲ့ပြီး ရဲတပ်သား မင်းထက်ရိုန်း ၏ ဘဝရှေ့ရေး အဆင်ပြေစေရန် နေထိုင်ရေး၊ အလုပ်အကိုင် ရရှိရေး နှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက်ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ဖာပွန်မြို့ စစ်ကောင်စီတပ်ရင်း ၄၃၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


 ဖာပွန်မြို့ စစ်ကောင်စီတပ်ရင်း ၄၃၄ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


Salween Press 

ဧပြီ ၂၅ ရက်နေ့ ၂၀၂၄  


ကရင်ပြည်နယ် ဖာပွန်ခရိုင် ဖာပွန်မြို့နယ် စစ်ကောင်စီရဲ့ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်တဲ့ တပ်ရင်း ၄၃၄ ကို KNLA နှင့်တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့က ဧပြီ ၂၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက် ခဲ့ တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရပါတယ်။ 


ဖာပွန်မြို့က စစ်ကောင်စီရဲ့နယ်မြေခံတပ်ရင်း ၁၉ နှင့် တပ်ရင်း ၆၄၂ နှင့် တပ်ရင်း ၄၃၄ စုစုပေါင်းတပ်ရင်း ၃ ခုတပ်စခန်းများကို KNLA နှင့်တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ် ပါတယ်။


“မနေ့က ၄၃၄ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်။ ဒီမနက်တော့ အပြီးသတ်ရှင်းလင်းခဲ့တယ် နှစ်ဖက်လုံးအကျအဆုံးရှိ ခဲ့တယ်။ ၄၃၄ ကိုအရင်တစ်ခါ တက်သိမ်းခဲ့သေးတယ်။ စစ်ကောင်စီ ကပြန်တက်ပြီးပြန်ရသွားတာ” ဟု နယ်မြေခံစစ်ရေး သတင်းရင်းမြစ်ကဆိုပါတယ်။  


ဖာပွန်မြို့အနီးတွင်တည်ရှိသည့် စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များသည် တပ်ရင်း ၁၉၊ ၃၄၀၊ ၃၄၁၊ ၆၄၂၊ ဗျူဟာကုန်း နှင့် တပ်ရင်း ၄၃၄ တို့ဖြစ်ကြသည်။ 


စစ်ကောင်စီ၏ တပ်ရင်း ၁၉ နှင့် တပ်ရင်း ၆၄၂ ကိုတော့ မတ်လ ၂၉ ရက်နေ့တွင် KNLA နှင့်တော်လှန်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ တပ်ရင်း ၆၄၂ ကိုတော့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က ၀င်ရောက်ရှင်းလင်းခဲ့တာမရှိဘူးလို့သိရပါတယ်။  


ပုံ - စစ်ကောင်စီ၏ တပ်ရင်း ၄၃၄ နှင့် တပ်ရင်း ၁၉။


#Salweenpress #KNU #Papun #Karen #Burma #KNLA

ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍ KNLAနှင့် PDF ပူးပေါင်း တပ်များက လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိ


 ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍ KNLAနှင့် PDF ပူးပေါင်း တပ်များက လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိ


ရန်ကုန်၊ ဧပြီ ၂၅ 


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်ကောင်စီတပ်စခန်းမှ စစ်သားများ ထွက်ပြေးသွား၍ KNLA တပ်များက လက်နက် ၃၄ လက်၊ ခဲယမ်းများနှင့်အတူ စခန်းကို သိမ်းပိုက်ရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မှ မောထစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်အင်အား ၄၀ ဝန်းကျင်ရှိသော ယင်းစခန်းမှ စစ်သားများက ခုခံ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် ထွက်ပြေးသွားကြသဖြင့် ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


"စခန်းမှာရှိတဲ့ စစ်သားတွေက ထွက်ပြေးသွားတော့ စခန်းကို အလွယ်တကူပဲ သိမ်းပိုက်ရရှိပါတယ်။ လက်နက်တွေပါ ထားပြီး ထွက်ပြေးကြတာ။ လက်နက် ၃၀ ကျော်၊ လက်နက်ကြီးကျည်တွေ အပါအဝင် ခဲယမ်း တွေရပါတယ်။ စခန်းကိုတော့ အပြီး သတ်နယ်မြေရှင်းလင်းပြီးပါပြီ"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


အဆိုပါစခန်းတွင် မြိတ်အခြေစိုက် ခလရ ၁၇ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ သို့ရာတွင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အားလုံးကို တစ်ပါတည်း သယ်ပိုး ထွက်ခွာခဲ့ကြသည့် ပုံရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်က ရှင်းပြသည်။ 


မောထစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Wednesday 24 April 2024

စစ်ကောင်စီ အရာရှိ ၁ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပစ်ခံရပြီး သေဆုံး


 စစ်ကောင်စီ အရာရှိ ၁ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အပစ်ခံရပြီး သေဆုံး

+++++++++++++

ဧပြီ ၂၄ ၊ ၂၀၂၄


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကန်သာယာကျေးရွာအနီးက လက်ဖက်ရည်ဆိုင်တခုမှာ မတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၁ ဖြစ်သူ သက်နိုင်စိုး သေနတ်ပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဒီနေ့ ဧပြီလ ၂၄ရက် မနက် ၉ နာရီကျော်လောက်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေရင်း သေနတ်နဲ့ ၄ချက် အပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။


“မနက်က လက်ဖက်ရည်သောက်နေတဲ့အချိန် ဝင်ပစ်သွားတာ။ မန္တလေး-မိုးကုတ် သွားတဲ့လမ်းပေါ်က စု လက်ဖက်ရည်ဆိုင်မှာ တယောက်တည်း ထိုင်နေတဲ့အချိန် အပစ်ခံရတာ။ ဘယ်လက်နက်ကိုင်အဖွဲ့က ပစ်တယ်ဆိုတာကို မသိရသေးဘူး” လို့ မတ္တရာမြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။


သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးသွားတဲ့ ဗိုလ်မှူးအဆင့်ရှိသူ သက်နိုင်စိုးဆီမှာ လက်နက်တချို့လည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်တွေရောက်လာပြီး မတ္တရာမြို့တွင်းနဲ့ မြို့အဝင်အထွက်တွေကို ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။


ပုံစာ - သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ သက်နိုင်စိုး

ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်နှင့် SNAတပ် ၃၀ကျော်သေဟုဆို


 ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်နှင့် SNAတပ် ၃၀ကျော်သေဟုဆို 


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဆယ်ဇင်း၌ ကျန်နေသည့် စစ်ကောင်စီ ခမရ(၁၁၆)တပ်စခန်းကို ဧပြီ ၂၀ရက်တွင် KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ သုံးရက်ကျော်အကြာတွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


“ဆယ်ဇင်းရွာရှိ စကစနဲ့ SNA တပ်စခန်းတစ်ခု ရပြီ။ မနေ့ည ၁၁နာရီက ရတာ။ ဆယ်ဇင်းဘက် စကစ တပ်နဲ့ SNA အယောက် ၃၀ကျော်သေတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုရှိသည်ဟု အသိပေးထားသော်လည်း အရေအတွက် အတိအကျမသိရသေးပေ။


KIAသည် ဧပြီဒုတိယပတ်က ဆယ်ဇင်းရှိ စစ်ကောင်စီ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ ၂၂ဦး လက်နက်ချအညံ့ခံခဲ့သည်။


KIAသည် ဖားကန့်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ယခုနှစ်အတွင်း သိမ်းပိုက်ထားပြီးမြို့နယ် နေရာအများစုနှင့် မြို့အဝင် လမ်းကြောင်းများကို စိုးမိုးထိန်းချုပ်ထားသည်။


(ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိသော လက်နက်များနှင့် တပ်စခန်းမြေပုံ။ ဓာတ်ပုံ - Myu Tsaw Kasa/FB)

မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ စစ်သင်္ဘော ၂ စီးနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


 မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦးအရှင်မိ၊ စစ်သင်္ဘော ၂ စီးနှင့် စစ်တပ်က တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၄


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကြည်ရွာရှိ စစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးပြီး ၅ ဦးအရှင် ဖမ်းမိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်းအမှတ် ၂ (MGN-Tiger) ထံမှ သိရသည်။


ဧပြီလ ၂၀ ရက်နေ့တွင် မြင်းခြံမြို့နယ် မြောက်ဘက်၊ ဧရာဝတီ မြစ်ကမ်းဘေးရှိ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ဝ ခန့် အထိုင်ချ တပ်စွဲထားသော ကြည်ရွာကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ထိတွေ့တိုက်ပွဲသည် အချိန် ၃ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၅ ဦးသေဆုံးကာ ၅ ဦးအရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ယင်းစခန်းကို တော်လှန်ရေး ရဲဘော်များက ရှင်းလင်းရေး ပြုလုပ်နေစဉ် ဆီမီးခုံရေနက်ဆိပ်ကမ်းမှ စစ်သင်္ဘောနှင့် တပ်ကူများ ရောက် လာသောကြောင့် ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရှိရသည်။


ယင်း တိုက်ပွဲတွင် မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်းမှ စစ်ဆင်ရေး အရာရှိ ရဲဘော် အာကာမင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 


အကြမ်းဖက် စစ်တပ်ထံမှ ၆ဝ မမ အထိုင်ပြောင်း ၁ လက် ၊ ၆ဝ မမ ဗုံးသီး ၉ လုံး၊ MA 3 ၂ လက်၊ ၅.၅၆ ကျည် ၁၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။


အလားတူ ဧပြီလ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်တပ်ရင်းဖြစ်သော ခမရ ၁၅၊   

ဆီမီးခုံ ရေနက်ဆိပ်ကမ်းရှိ စစ်သင်္ဘော ၂ စီးနှင့် စစ်တပ် အထိုင်သော ရုံး၊ ဆီမီးခုံမြို့ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း (PDF - Taloke, MGN Tiger, Myingyan Ranger, MGN 21) ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ Burmese Guerrilla Force - BGF (Myingyan) ၊ Myingyan District Drone Strike (အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့)၊ CDSOM 001 ဒရုန်းတပ်ဖွဲ့ ၊ MP9 ၊ Myingyan Danger Dynamite နှင့် မိုင်းဇာနည် အဖွဲ့တို့ပ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Tuesday 23 April 2024

မြိုင်မြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တပတ်လုံး လိုက်လံတိုက်ခိုက်ရာ ရဲ ၅ ယောက်သေဆုံး..


 မြိုင်မြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တပတ်လုံး လိုက်လံတိုက်ခိုက်ရာ ရဲ ၅ ယောက်သေဆုံး.. 


အကြမ်းဖက်ရဲ ၆ ယောက် အရှင်ဖမ်းမိပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိ

++++++++++++++

ဧပြီ ၂၂ ၊ ၂၀၂၄ 


မကွေးတိုင်း၊ မြိုင်မြို့က ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကို တပတ်လုံး လိုက်လံ တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိကာ လက်နက် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ 


ဧပြီ ၁၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ မြိုင်မြို့ တောင်ဘက် ၂ မိုင်ကျော်အကွာမှာ အခြေပြုထားတဲ့ စက်မှု ၂ က ထွက်ခွာလာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းက မွန်းလွဲ ၂ နာရီကျော်မှာ ပေါက်မြို့နယ် ဆေးပင်ကြီးကျေးရွာနဲ့ ကျောက်မဏ္ဍပ် တောလျှိုမြောင်အတွင်း ရောက်ရှိလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီနေ့ ညနေ ၅ နာရီကျော်မှာတော့ ဖလန်ကိုင်းရေနံမြေကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ 


ဧပြီ ၁၅ ရက်နေ့ မနက် ၁၁ နာရီကျော်မှာတော့ အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာ အင်အား ၅၀ လောက်နဲ့ ဖလန်ကိုင်းကျေးရွာကို ရောက်ရှိသွားခဲ့ပြီး တော်လှန်ရေးတပ်တွေက ည ၁၁ နာရီခန့်ကစတင်ကာ မနက် ၄ နာရီခွဲအထိ ဒရုန်း ဗုံးသီး မြောက်မြားစွာနဲ့ ကြဲချတိုက်ခိုက်ခဲ့သလို ဧပြီ ၁၇ ရက်နေ့ မနက် ၇ နာရီလောက်ကစလို့ ညနေ ၄ နာရီ ၄၀ မိနစ်အထိလည်း ဒရုန်းဗုံးသီး ၈၀ ကျော် ဖြုတ်ချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုများအတွင်း ရဲအုပ် သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲ ဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ဟိန်းပြည့်အောင်တို့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


ဖလန်ကိုင်း ရေနံမြေကို ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်ကြောင်းက ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ ပုန်းအောင်းပြီး ပြန်လည်ထွက်ခွာသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်လံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၁၀၀ ကျော်ခန့် ဖလန်ကိုင်း ကျေးရွာမှာ ပျောက်ကွယ်သွားတာကြောင့် ရော့ကတ်များ၊ ဒရုန်းဗုံးသီးများနဲ့ စစ်ကောင်စီတပ်ဖွဲ့ရှိရာနေရာတွေကို ဧပြီ ၂၂ ရက်နေ့ မနက် ၁ နာရီကျော်အချိန်အထိ ဒရုန်းဗုံးသီး ၁၀၀ ကျော် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီ အကြမ်းဖက်စစ်ကောင်စီတပ် ခိုအောင်းနေနိုင်တဲ့ နေရာတွေကို ဧပြီလ ၂၂ ရက်နေ့ မနက် ၅ နာရီကျော်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက စစ်ကြောင်း ၃ ကြောင်းခွဲပြီး ပစ်ခတ် တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာ ကျောက်မဏ္ဍပ်အနီး လက်နက်ကိုင် ၆ ယောက် တွေ့ရှိတာကြောင့် ဝိုင်းဝန်း ပစ်ခတ်ဖမ်းဆီးတာမှာ ဖလန်ကိုင်းရေနံမြေက ရဲတွေ ဒဏ်ရာရပြီး လက်နက်တွေနဲ့အတူ အရှင် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီဖမ်းဆီးရမိသော ရဲ ၆ ယောက်ကတော် ရဲအုပ် အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သားညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်းတို့ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ရဲတွေကို တော်လှန်ရေးတပ်ဖွဲ့က ဆေးတာဝန်ခံနဲ့ ဆေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးနေကာ စိုးရိမ်ဒဏ်ရာရရှိသူ ၂ ဦးနဲ့ ကျည်ထိမှန်သူ ၄ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လမ်းညွှန်ချက်နဲ့အညီ စစ်သုံ့ပန်း ထိန်းသိမ်းရေးဥပဒေနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ 


ဖမ်းဆီးမိတဲ့ ရဲ ၆ ယောက်ဆီက G-3 ၄ လက်၊ ကျည်ဘောက် ၄ ဘောက်၊ G-3 ကျည် ၃၀၀ တောင့်၊ 79 ၁ လက်၊ ၄၀ မမ ကျည် ၁၀ လုံး၊ AK ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၇၂ တောင့်၊ MA-11 ၁ လက်၊ ကျည်ဘောက် ၁ ဘောက်၊ ကျည် ၄၀၀ တောင့်၊ BA-94 ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည် ၂၅၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်ကိုင်ဖုန်း ၈ လုံး၊ Power Bank ၁ လုံး၊ ပတ်တီး ၂ ခု၊ ဓားမြှောင် ၂ ချောင်း၊ ဓာတ်မီး ၁ လက်၊ ကျည်ကာဦးထုပ် ၅ လုံး၊ ပွိင့် ဖိနပ် ၃ ရံ၊ ကျည်ကာအင်္ကျီ ၇ ထည်၊ နာရီ ၁ လုံး၊ ငွေကျပ် ၁၄၄၈၅၀ ကျပ်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုများကို မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီးပြီး မြိုင်ပကဖ အဖွဲ့ဝင်တွေဖြစ်တဲ့ Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့၊ ပေါက် ဦးကြီးတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Monday 22 April 2024

ဖားကန့် ဆယ်ဇင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA ဆက်လက်တိုက်ခိုက်


 ဖားကန့် ဆယ်ဇင်းရှိ စစ်ကောင်စီတပ်စခန်းကို KIA ဆက်လက်တိုက်ခိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်

စီတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယနေ့ (ဧပြီ ၂၂ )ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


စစ်ကောင်စီ၏ဆယ်ဇင်းဒေသ ခမရ(၁၁၆) တပ်စခန်းကို KIA ပူးပေါင်းတပ်က ဧပြီ ၂၀ရက်တွင် ထိုးစစ်ဆင် တိုက်

ခိုက်ခဲ့ရာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။


“တိုက်နေတုန်း။ ရန်သူက စခန်းအပြင်ကနေ နေရာ ၄ခု ကနေ ခုခံနေတာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဆယ်ဇင်းဒေသ တိုက်ပွဲအခြေအနေကို ပြောပြသည်။


ဧပြီ ဒုတိယ အပတ် ဆယ်ဇင်းဒေသ KIA၏ ထိုးစစ်တွင် ဆယ်ဇင်းရဲစခန်းမှ ရဲ ၂၂ဦး လက်နက်ချခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်

စီစခန်းများကို တိုက်ခိုက်ခဲ့သော်လည်း သိမ်းနိုင်ခဲ့ခြင်းမရှိ၍ ဧပြီ ၂၀ရက် ညနေတွင် ထပ်မံ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


KIAသည် ယခုနှစ်အတွင်း ဖားကန့်ဒေသအပါအဝင် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ တပ်ရင်းဌာနချုပ်များကိုပါ သိမ်းနိုင်ခဲ့သည်။ မတ်လ ၇ရက်က KIA ပူးပေါင်းတပ်များက စစ်ကောင်စီ အများအပြားကို တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့ရာ တစ်လအတွင်း လိုင်ဇာအနီး၊ ဝိုင်းမော်၊ မိုးမောက်၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်း စသည့် ဒေသများမှ တပ်စခန်း ၇၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။


 ထို့နောက် စစ်ရေးအရှိန် ပြန်လည်လျော့ကျခဲ့ပြီး ဖားကန့်၊ မံစီ၊ တနိုင်း၊ ဆော့လော်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းအချို့ကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ကောလင်းအရှေ့ခြမ်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးကာ အများအပြားဒဏ်ရာရ


 ကောလင်းအရှေ့ခြမ်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးကာ အများအပြားဒဏ်ရာရ

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *


ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦး သေဆုံးခဲ့ကြောင်း ကောလင်းခရိုင် အမှတ်(၁) တပ်ရင်းမှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။


ဧပြီလ ၂၁ ရက်နေ့ နံနက် (၅)နာရီခန့်မှစတင်ပြီး ကောလင်းအရှေ့ခြမ်း တံဇူးရွာဘုရားကုန်းအနီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်မှ အထိနာသဖြင့် နေ့လယ်(၁၂) နာရီခန့်တွင် ကောလင်းမြို့အတွင်းမှ စစ်ကူ အင်အား ၈၀ ခန့် ရောက်ရှိလာခဲ့ပြီး ဝန်းသိုရှိစစ်ကောင်စီတပ်ရင်းမှလည်း ဟောင်ဝှစ်ဇာပစ်ကူ၊ ဒရုန်းဗုံးသီးများချ၍ ပစ်ကူပေးကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရသည်။


တံဇူးဘက်သို့တိုးလာသည့် စစ်ကောင်စီစစ်ကြောင်းမှာ ရေရှည်တောင့်မခံနိုင်ဘဲ ညနေ ၆ နာရီခွဲခန့်တွင် ဒဏ်ရာရစစ်သားများအား ထမ်းပိုးကာ ကောလင်းမြို့အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီး တော်လှန်ရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီအလောင်း (၈) လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


တိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်တစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


News : https://www.tachileik.net/mm/news/35718


#TachileikNewsAgency

မြ၀တီသို့ စစ်ကူလာသော စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်၏ သံချပ်ကာကား၊ လက်နက်တပ်ဆင်ထားသော စစ်ကားတချို့ ကို ဒေါနတောင်ခြေတွင် ဖျက်ဆီးထားနိုင်ခဲ့




 မြ၀တီသို့ စစ်ကူလာသော စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်၏ သံချပ်ကာကား၊ လက်နက်တပ်ဆင်ထားသော စစ်ကားတချို့ ကို ဒေါနတောင်ခြေတွင် ဖျက်ဆီးထားနိုင်ခဲ့


ရန်ကုန်၊ ဧပြီ ၂၂ 


ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စစ်ယာဉ်တန်းမှ စစ်ကောင်စီတပ်၏ သံချပ်ကာကား၊ လက်နက်တပ်ဆင်ထားသော စစ်ကားတချို့ ကို ဒေါနတောင်ခြေတွင် ဖျက်ဆီးထားနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့ကြောင်း၊ ထိုးစစ်ဆင်လာသော စစ်ကူတပ်များကို ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆက်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက်တောင်ခြေ တွင် စစ်ကူစစ်ကြောင်းကို ဖြတ်တောက်ထားနိုင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။ 


"KNUဗဟိုကလည်း သတင်းထုတ်ပြန်ထားပြီးသားပဲ။ သံချပ်ကာကားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်ကားတချို့လည်းရတယ်။ မနေ့က ညနေကတော့ ပျက်နေတဲ့ ကား ၆ စီး ဆွဲသွားတယ်" ဟု PDF တောင်ပိုင်းစစ်ဒေသမှ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ 


လတ်တလော ကော့ကရိတ်မြို့တွင်လည်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်များက ဓာတုအဆိပ်ဗုံးများကိုပါ အသုံးပြုနေသည့်အတွက် တော်လှန်ရေးရဲဘော်များ မူးဝေ၊ အော့အန်ခြင်းများဖြစ်ပွားကာ ဒဏ်ရာရရှိမှုများလည်း များပြားကြောင်း၊ ထို့ကြောင့် ကော့ကရိတ်မြို့ထဲမှ တပ်စွဲထားရာ နေရာတချို့ကို ယာယီအားဖြင့် ဆုတ်ခွာရမှုများရှိကြောင်း၊ သို့သော်လည်း များမကြာမီ ဆုတ်ခွာခဲ့ရသည့် နေရာများကို ပြန်လည် ထိန်းချုပ်နိုင်ရန်ရှိနေကြောင်း PDF စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

Sunday 21 April 2024

ချေမှုန်းခံလိုက်ရတဲ့ စစ်အရာရှိများ (၃)


 ချေမှုန်းခံလိုက်ရတဲ့ စစ်အရာရှိများ (၃) 


စစ်တပ်မှာ တပ်မ နဲ့ စကခ စုစုပေါင်း (၃၀) ရှိတဲ့ အနက် တပ်မမှူး၊ စကခမှူးတွေပါ ချေမှုန်းခံရ၊ ဖမ်းဆီးခံရ၊ ဒဏ်ရာရရှိနေပါတယ်။ တပ်ရင်းမှူး အဆင့် အရာရှိ ကျဆုံးဖို့ ရှားပါးတဲ့ အခြေအနေကနေ ဗျူဟာမှူး၊ တပ်မမှူးတွေပါ ကျဆုံးနေတာကို ကြည့်ရင် စစ်တပ်ရဲ့ တိုက်စွမ်းရည် ကျဆင်းမှု၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ တိုက်အားကို သိနိုင်ပါတယ်။ စစ်သက်ရင့်နေတဲ့ စစ်အရာရှိတွေတောင် ကျဆုံးနေချိန်မှာ အသစ်လူသစ်စုဆောင်းပြီး အင်အားဖြည့်ဖို့ ကြိုးပမ်းလာတာ နောက်ဆုံး အားကိုးရာအနေနဲ့ အားထုတ်မှုပဲ ဖြစ်ပါတယ်။ ဘာနဲ့တူလဲဆိုတော့ ဒုတိယကမ္ဘာစစ် ဂျာမန်တပ်မတော်နဲ့ တူနေပါတယ်။ ဂျာမန်တပ်ဟာ စစ်ရေးလေ့ကျင့်မှု နဲ့ တိုက်စွမ်းရည် ရှိပေမယ့် ဖက်ဆစ် အာဏာရှင် ဟစ်တလာ နဲ့ နာဇီပါတီရဲ့ အကြွင်း မဲ့ ဦးဆောင်မှုအောက်မှာ တဖြည်းဖြည်း နဲ့ အရည်အချင်း ကျဆင်းလာမှုဖြစ်ပါတယ်။ ၁၉၄၃ ခုနစ်က စတင်ပြီး ဂျာမန်တပ်ရဲ့ စစ်အင်အား လျော့ပါးမှုကို အသက်မပြည့်သေးတဲ့ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ နဲ့ အစားထိုး ကုစားဖို့ လုပ်ပေမယ့်လဲ မူလ အရည်အချင်းကို မမှီတဲ့အတွက် နောက်ဆုံးမှာ စစ်ရှုံးသွားပါတယ်။ စစ်တပ်ဟာလဲ လက်ရှိကာလမှာ အလားတူဖြစ်နေပါတယ်။ 


စစ်အရာရှိတွေနဲ့ ရဲ အရာရှိ ရာထူး အဆင့်ဆင့် ကျဆုံးမှုကို ကြည့်ရင် ၂၀၂၄ ခုနစ် ပထမ (၃) လ တာမှာ စုစုပေါင်း (၄၀၉) ဦး ရှိပါတယ်။ 

- မိုးမောက်မှာ တပ်မ (၈၈) တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး၊ 

- ကျောက်တော်မှာ စကခ (၉) မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း (အရှင်ဖမ်းမိ)၊

- မြဝတီမှာ တပ်မ (၄၄) မှူး ဗိုလ်မှူးချုပ် အေးမင်းနောင် ရဟတ်ယာဉ်ပစ်ချခံရမှုမှာ သေဆုံး၊

- ပလက်ဝ မှာ စကခ (၁၉) မှူး ဗိုလ်မှူးချုပ် ဇင်မျိုးဆွေ ပျောက်ဆုံး၊

- လောက်ကိုင်မှာ စကခ (၁၆) မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး လက်နက်ချ၊ 

- လောက်ကိုင်မှာ စကခ (၁၄) မှူး ဗိုလ်မှူးချုပ် အေးမင်းဦး လက်နက်ချ၊

- လောက်ကိုင်မှာ စကခ (၁၂) မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း လက်နက်ချ၊ 

- လောက်ကိုင်မှာ တပ်မ (၅၅) မှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း လက်နက်ချ၊

- လောက်ကိုင်မှာ ဗိုလ်မှူးချုပ် မိုးကျော်သူ လက်နက်ချ၊ 

- လောက်ကိုင်မှာ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် လက်နက်ချ တို့ ဖြစ်ပွားခဲ့ပါတယ်။ ရန်သူ အရာရှိ ပြုန်းတီးရာ ဒေသကို ကြည့်ရင် ရှမ်း၊ ရခိုင် ၊ စစ်ကိုင်း တို့မှာ အများဆုံး ဖြစ်ပွားခဲ့ပြီး တောင်တန်း နဲ့ မြေပြန့် ဒေသ (၂) ခု လုံးမှာ ပြုန်းတီးနေတာ သိသာပါတယ်။ 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ


 ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ 


ရန်ကုန်၊ ဧပြီ ၂၁ 


ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က ရွာငံမြို့နယ်၊ မြင်းကျဒိုးရဲစခန်းကို Ywangan PDF – JPRF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထက် မနည်း သေဆုံးပြီး ဒု-တပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


ထို့ပြင် AK-47 သေနတ် ၁ လက်၊ ရိုင်ဖယ် သေနတ် ၁ လက်နှင့် ကျည်ဆံ အတောင့် ၃၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ပြီး Ywangan PDF - JPRF မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။


"ရွာငံ-မန္တလေး အဝေးပြေး လမ်းပိုင်းမှာရှိတဲ့ မြင်းကျဒိုး ရဲစခန်းကို ဒီနေ့ နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်က ကျွန်တော်တို့ Ywangan PDF – JPRF က ဝင်ရောက် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၃ ဦးထက်မနည်း ရှင်းလင်းနိုင်ခဲ့တယ်။ ဒုတပ်ကြပ် ၁ ကောင်ကတော့ အရှင်ဖမ်းမိတယ်။ ကျွန်တော်တို့ဘက်က ရဲဘော် ၁ ဦးလည်း ဒဏ်ရာရခဲ့တယ်" ဟု Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ကျုံးစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်သားများက ခရီးသွား ပြည်သူများကို ကားပေါ်မှ အကုန် ဆင်းခိုင်းကာ ဖုန်းများကို စစ်ဆေး ရှာဖွေမှုပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ခလရ (၂၇၅)ကထွက်ပြေးစစ်သားတွေ ဘယ်လိုခံစစ်ယူထားလဲ


 ခလရ (၂၇၅)ကထွက်ပြေးစစ်သားတွေ ဘယ်လိုခံစစ်ယူထားလဲ


-People's Spring 


မြဝတီမြို့ ၊မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂ )

အနီးက အကောက်ခွန်နဲ့ လဝကရုံးအဆောက်အအုံတွေကိုအကာအကွယ်ယူပြီး ခံစစ်ပြင်ထားတဲ့ ခလရ ၂၇၅ စစ်ကောင်စီတပ် ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၉ ရက်ညကစပြီး တစ်ရက်ခွဲကြာတိုက်ခိုက်ပြီး ဒီကနေ့ နံနက်ပိုင်းကစပြီးခေတ္တရပ်သွားပါတယ် ။ ခလရ (၂၇၅) ကစစ်ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂ )တံတားနားကိုထွက်ပြေးလာခဲ့ကြတာပါ။


ဒါကြောင့် ခလရ (၂၇၅ )ကိုတော်လှန်ရေးတပ်တွေက အဲဒီနေ့ကတည်းကသိမ်းပိုက်ပြီးလက်နက်ခဲယမ်းတွေသိမ်းဆည်းပြီး နယ်မြေရှင်းလင်းရေးလုပ်နိုင်ခဲ့ပါတယ် ။ တံတားနားထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဧပြီ ၁၉ ရက်ညဦးပိုင်းမှာ ဒရုန်းနဲ့စတင်တိုက်ခိုက်ပြီး အဲဒီနေ့ည တစ်ညလုံး ၊ ဧပြီ ၂၀ ရက်နေ့မှာလည်းတစ်နေလုံး ၊တစ်ညလုံး တိုက်ပွဲအပြင်းအထန်

ဖြစ်ပွားခဲ့ပါတယ် ။စစ်ကောင်စီတပ်က သေဆုံးထိ

ခိုက်သူများတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ဒါပေမယ့်စစ်ကောင်စီတပ်ကလေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၊ ခလရ ၂၇၅ ကလက်ကျန်စစ်သားတွေနေရာယူထားတဲ့အဆောက်အအုံတွေဟာ ခံစစ်ကောင်းနေပြီး တော်လှန်ရေးအဖွဲ့တွေက ကွင်းပြင်ခေါင်ကနေ ချီတက်တိုက်ခိုက်ရတဲ့အတွက် အခက်ကြုံခဲ့ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။


စစ်ကောင်စီတပ်သားတွေနေရာယူထားတဲ့ အဆောက်အဦးတွေဟာ ထုထည်ကြီးမား ခိုင်ခန့်တာ ၊ နေရာယူခံစစ်ပြင်ရန် ကောင်းနေတာ၊ ထိုအဆောက်အဦးတွေထံသို့ ချည်းကပ်လာပါက ဘေးပတ်လည်မှာ ကွင်းပြင်ဖြစ်နေတာကြောင့် ရှင်းရှင်းမြင်နေရဆယ်လို့မြဝတီမြို့ မြေပြင်အနေအထားကို နှံစပ်သော စစ်ရေးသုံးသပ်သူတစ်ဦးက ပြောပါတယ်။


"အနားကပ်ရင် သတ်ကွင်းကြီးလေ။ ရှင်းလင်းနေတာ။ နောက်ပြီး အဆောက်အဦးက ကောင်းလို့ နေရာယူလို့ အရမ်းကောင်းတယ်။ တော်တန် ဒရုန်းလည်း ခံနိုင်ရည်ရှိလောက်မယ်"လို့သူကသုံးသပ်ပါတယ်။


ဒါကြောင့်စစ်ကောင်စီတပ်သားတွေ ဘယ်လိုနေရာယူထားတယ်ဆိုတာရယ် ၊တိုက်ပွဲတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာရယ်ကို စာဖတ်သူတွေ ပိုနားလည်စေဖို့ လူထုနွေဦးက အင်ဖိုဂရပ်နဲ့ဖော်ပြလိုက်ပါတယ်။


တစ်ရက်ခွဲကြာတိုက်ပွဲမှာစစ်ကောင်စီတပ်က ၅၀ ဝန်းကျင်သေဆုံးတယ်လို့ ထိုင်းသတင်းဌာန Thai PBS ကဖော်ပြပါတယ်။ ၅၀ လောက်သေတယ်ဆိုရင် ၂၇၅ လက်ကျန်တပ်မှာ အကောင်းအတိုင်းကျန်တဲ့ စစ်သား အများကြီးမကျန်နိုင်တော့ဘူးလို့စစ်ရေးရင်းမြစ်ကပြောပါတယ်။ဒါပေမယ့်

 စစ်ကောင်စီတပ်ကသေဆုံးထိခိုက်သူများတယ်လို့သိရပေမယ့် ဘယ်နှစ်ဦးသေဆယ်ဆိုတာကတော့ People's Spring ကသီးခြားအဆည်မပြုနိုင်သေးပါဘူး။ တော်လှန်ရေးပူးပေါင်းတပ်မှာလည်းထိခိုက်ကျဆုံးမှုအချို့ရှိခဲ့ကြောင်းသိရပါတယ်။


ဧပြီ (၂၁)ရက်နေ့ မနက် ၉နာရီလောက်ကစပြီး တိုက်ပွဲတွေခေတ္တရပ်နားသွားပြီး ဘာကြောင့်ရပ်နားသွားတယ်ဆိုတာတော့မသိရသေးပါဘူး။ ဒါကြောင့် မြို့ပေါ်မှာ BGF အသွင်ပြောင်း KNA တပ်တွေပုံမှန်အတိုင်းလုံခြုံရေးယူထားသလို ၊

အမှတ် ၂ တံတားနားက အကောက်ခွန်နဲ့ လဝကရုံးအဆောက်အအုံတွေမှာတော့ ၂၇၅ ကထွက်ပြေးစစ်သားတွေထဲကတိုက်ပွဲမှာမသေတဲ့လက်ကျန်စစ်သားတွေရှိနေပါတယ် ။ ဒါပေမယ့် စစ်ကောင်စီတပ်ဆီ စစ်ကူပို့တဲ့စစ်ကြောင်းကလည်းဒေါနတောင်ခြေကနေ ဆက်မတိုးနိုင်တာကြောင့်၊ဘယ်ကမှ စစ်ကူထပ်မရောက်ဘူးလို့စစ်ရေးရင်းမြစ်အချို့ကပြောပါတယ် ။

ဖြူးမြို့တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွား၊ မိသားစုများက တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရ


 ဖြူးမြို့တွင် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွား၊ မိသားစုများက တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရ


ရန်ကုန်၊ ဧပြီ ၂၁


ပဲခူးတိုင်း၊ ဖြူးမြို့တွင် အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးပြီး စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၁ ရက်နေ့တွင် ဖြူးမြို့၌ အကြမ်းဖက် စစ်တပ်က ဆိုင်ကယ် စီးနင်းသည့် ပြည်သူ ၈၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးကာ ရဲစခန်းကို ခေါ်ဆောင်သွားပြီး မိသားစုများက ရဲစခန်းကို လိုက်လံသွားပြီး တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရဘဲ စစ်မှုထမ်းရန် ကားများဖြင့် ခေါ်ဆောင်သွားကြောင်း သိရသည်။


"ဒီနေ့ ဖြူးမြို့မှာ စစ်တပ်က ဆိုင်ကယ်တွေကို လိုင်စင် စစ်သလိုနဲ့ ပြည်သူ ၈၀ ခန့်ကို ရဲစခန်းကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မိသားစုတွေက ရဲစခန်းကို သွားပြီး တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရဘူး။ စစ်ခွေးတွေ ဖမ်းဆီးသွားတဲ့ သူတွေကို စစ်မှုထမ်းရမယ်ဆိုပြီး ရဲစခန်းကနေ ကားတွေနဲ့ တင်ဆောင်ပြီး တခြား တနေရာကို ခေါ်သွားတယ်လို့ သိရတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာမသိရသေးဘူး" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။


လက်ရှိချိန်တွင် ဖြူးမြို့ထဲ၌ ပြည်သူများ သွားလာမှုမရှိတော့ဘဲ တိတ်ဆိတ်နေကြောင်း၊ ဖမ်းဆီးခံရသည့် မိသားစုဝင်များက ရဲစခန်းရှေ့တွင် ငိုယိုပြီး တွေ့ဆုံခွင့်ရရန် ဆက်လက် စောင့်ဆိုင်းနေကြောင်း သိရသည်။

Saturday 20 April 2024

မြဝတီတိုက်ပွဲအတွင်း တပ်မ ၄၄ တပ်မမှူး သေဆုံးဟုဆို


 မြဝတီတိုက်ပွဲအတွင်း တပ်မ ၄၄ တပ်မမှူး သေဆုံးဟုဆို


ဧရာဝတီ၊ ဧပြီ ၂၀၊ ၂၀၂၄ 


မြဝတီမြို့ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီး ဖြစ်ပွါးနေသောတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းထက် သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာဖြစ်သည့် လွတ်လပ်သော ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။ 


၎င်း၏ ရုပ်အလောင်းမှာ မဲဆောက်ဆေးရုံကြီးတွင် ရှိနေကြောင်းလည်း ထိုင်းသတင်းတရပ်က ဆိုထားသည်။ 


#WhatsHappeningInMyanmar

#RejectMilitaryCoup

မြဝတီကုန်သွယ်ရေးတံတား (၂)တွင် ခိုအောင်းနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့များကို KNLA မဟာမိတ်တပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများအား အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ပြော


 မြဝတီကုန်သွယ်ရေးတံတား (၂)တွင် ခိုအောင်းနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့များကို KNLA မဟာမိတ်တပ်များ စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သားများအား အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ပြော 


ဧပြီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ


ထိုင်း-ကရင်နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး တံတား အမှတ်(၂)တွင် ခိုအောင်းတပ်စွဲနေထိုင်သည့် ခြေလျင် တပ်ရင်း- ခလရ ၂၇၅ တပ်က စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့နံနက် ၅ နာရီခန့်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်နေ၍ နှစ်နိုင်ငံ နယ်စပ်အနီးတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရသည်။


“မနက် ၅ နာရီအချိန်လောက်မှာ ဒရုန်းတွေ စကြဲတယ်။ RPG တွေ ပစ်ထုတ်တယ်။ ရေပူရွာထဲ ကနေ ကျနော်တို့ ချောင်းဘက်ကိုင်းတောတွေဘက် ပြေးဆင်းရှောင်နေရတယ်။ တချို့လည်း ရေပူဘုန်းကြီးကျောင်းဘက်ပြေး ရှောင်ကြတယ်။ ထိုင်းစစ်သားကတော့ သူတို့ ထိုင်းဘက် အခြမ်းပေးမဝင်ဘူး။ ကမ်းကူးမခံဘူး။ ကိုယ့်မြန်မာ ဘက်ချောင်းကမ်းနားမှာ လူတွေဟိုတစ်စု၊ ဒီတစ်စုနေနေရတယ်”ဟု ရေပူကျေးရွာ ဒေသခံက ပြောသည်။


ယမန်နေ့ည က KNLA မဟာမိတ်တပ်များ တံတား ၂ ကို ဝိုင်းပတ်ပိတ်ဆို့ပြီး ဒရုန်းဗုံးချ တိုက်ခိုက်ရာတွင် တံတား ၂ မြန်မာဘက်အခြမ်းခန်းမဆောင် ထိခိုက်ပျက်စီး မှုအချို့ ရှိခဲ့ကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်များက ပြောသည်။


ယနေ့ ဧပြီ ၂၀ ရက်နံနက် ပိုင်းတွင်မူ KNLA မဟာမိတ် တပ်များကုန်သွယ် ရေးတံတား ၂ အတွင်း ခိုလှုံတပ်စွဲ နေထိုင်သည့် စစ်ကောင်စီတပ်သားများ လက်နက်ချ အညံ့မခံသောကြောင့် ဝင်ရောက်စီးနင်း တိုက်ခိုက်နေခြင်းဖြစ်သည်ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။ 


၎င်းက " သူတို့ကို လက်နက်ချဖို့ ပြောနေတာမချဘူး၊ အောက်ကလာတဲ့ စစ်ကူကို စောင့် နေကြတာ မျိုးဆိုတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေဘက်က ဝင်တိုက်တဲ့ပုံစံပါပဲ။ ထိုင်းမြေနဲ့ တအား နီးကပ်နေတော့ ဂရုစိုက်ပြီး ပစ်ခတ်ရတာမျိုး တော့ရှိတယ်"ဟု KNLA မဟာမိတ် ပူးပါင်း တပ်ဖွဲ့သတင်းအရင်းအမြစ်က ပြောသည်။


ယနေ့ နံနက် အမှတ် (၂) ချစ်ကြည်ရေးတံတား တိုင်ပွဲဖြစ်စဉ်အတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ဒရုန်းယာဉ်၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် စီးနင်းပစ်ခတ်မှုလုပ်ဆောင်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့သည်ဟု မြေပြင်သတင်းအရ သိရသည်။ 


နောက်ဆုံးရရှိသည့်သတင်းအရ ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် ခိုအောင်းနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အပြီးသတ်ရှင်းလင်းလိုက်နိုင်ခဲ့ပြီဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အတည်ပြုပြောသည်။


===============================

-> ကရင်ပြည်သူထု၏ အသံများ နှင့် အမြင်များကို ဖော်ပြပေးသော လွတ်လပ်သည့်သတင်းဌာန အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိဿတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေကို ကြိုဆိုပါတယ်။

-> အောက်ပါ Link သို့ဆက်သွယ်ပြီး လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့်သော်လည်းကောင်း ၊ အလှူငွေသီးသန့်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ပံ့ပိုးကူညီပေးလို့ ရပါတယ်။

Support KIC - https://web.facebook.com/messages/t/113038198360641

===============================

Website: https://kicnews.org

Twitter: https://twitter.com/KIC_NewsCompany

Youtube: https://www.youtube.com/@TheKarenNews/videos

Telegram: https://t.me/Karen_Information_Center

TikTok: https://www.tiktok.com/@kicnews1

Instagram: https://www.instagram.com/karen_information_center_kic/

Spotify: https://open.spotify.com/.../31olqg6bqyrsqmezjqlxbighzu2u...

KIC Application

For (IOS) https://apple.co/3IaRU2G

For (Android) https://bit.ly/3khtzQP

Friday 19 April 2024

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြော


 ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။


ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်းရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။
ဧပြီ ၁၃ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် စစ်ကြောင်း၏ သံချပ်ကာယာဥ်တစ်စီးကို ကော်ဘရာစစ်ကြောင်းက ဖျက်ဆီးနိုင်ခဲ့သည်။ ယင်းနေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံးကြောင်း သတင်းရရှိသည်ဟု အဆိုပါစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောထားသည်။

Thursday 18 April 2024

နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ်ခံရပြီးသေဆုံး၊ ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ


 နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ်ခံရပြီးသေဆုံး၊ ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဧပြီ ၁၈


မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း People's Defence Organization - Natmauk တပ်ဖွဲ့မှ သိရသည်။


ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် န-ဖုန်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်အေးကို ၎င်းနေအိမ်၌ပင် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။


တော်လှန်ရေး တပ်ဖွဲ့များ သွားရောက် တိုက်ခိုက်စဉ် အတွင်း ပျူစောထီး ခေါင်းဆောင် ခင်မောင်အေးက ၎င်းကိုင်ဆောင်ထားသော ကာဘိုင်ဖြင့် စတင်တိုက်ခိုက်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် ခင်မောင်အေးထံမှ ကာဘိုင်သေနတ် ၁ လက် ၊ ကာဘိုင်ကျည် ၁၉ တောင့် ၊ ပစ္စတိုအတု ၁ လက် ၊ လက်ပစ်ဗုံး ၃ လုံး ၊ ၉ မမကျည် ၄ တောင့် ၊ စစ်ဝတ်စုံ ၁၁ စုံ ၊ အီကွေးမန့် ၇ စုံ ၊ စစ်ဖိနပ် ၅ ရံ ၊ ကျောပိုးအိတ် ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို နတ်မောက် ပကဖ ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ကြိုးကြာနီတပ်ဖွဲ့ ၊ မြို့သစ် ပကဖ ၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ၊ Aung San's land ၊ တပ်ရင်း(၉၀၂) တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Wednesday 17 April 2024

ဟားခါးမြို့က စစ်ကောင်စီတပ်သား ၃ ဦးလက်နက်နှင့်အတူ CDF-Hakha ထံအလင်းဝင်


 ဟားခါးမြို့က စစ်ကောင်စီတပ်သား ၃ ဦးလက်နက်နှင့်အတူ CDF-Hakha ထံအလင်းဝင်


ခိုနူမ်းသုန်သတင်း၊ ၁၇ ဧပြီ ၂၀၂၄


ချင်းပြည်နယ် ဟားခါးမြို့ ရုန်းတောင်တပ်စခန်းက စစ်ကောင်စီတပ်သား ၃ ဦးလက်နက် နှင့်အတူ CDF-Hakha တပ်ဖွဲ့ထံ ယနေ့ဧပြီလ ၁၇ ရက်တွင် အလင်းဝင်လာကြသည်ဟု သိရသည်။ 


ရုန်းတောင်တွင်တပ်စွဲထားသော တပ်စခန်းမှ စစ်ကောင်စီတပ်သား ၃ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန် ထမ်းဆောင်လိုစိတ်မရှိတော့သည့်အတွက် CDF-Hakha ထံ အလင်းဝင်လာကြပြီး ၎င်းတို့နှင့်အတူ MA1 သေနတ် ၂ လက်၊ MA2 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကျည်ဆံ ၁၀၀၀ ပါလာကြသည်ဟု CDF-Hakha ကထုတ်ပြန်သည်။ 


၎င်းတို့ ၃ ဦးကို ဆုကြေးငွေ ကျပ်သိန်း ၅၀ စီချီးမြင့်ကာ လုံခြုံသည့်နေရာသို့ပို့ဆောင်ထားပြီဟုဆိုသည်။ ပြည်သူ့ရင်ခွင့်သို့ ခိုလုံလိုသော စစ်ကောင်စီတပ် သားများအနေဖြင့် ၎င်းတို့ထံသို့ အချိန်မရွှေးဆက်သွယ်လာနိုင်ပြီး အမြဲကြို ဆိုကြောင်း CDF-Hakha တပ်ဖွဲ့ထုတ်ပြန်ထားသည်။

Tuesday 16 April 2024

ရခိုင်ပြည် တိုက်ပွဲများအတွင်းမှ ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို


 ရခိုင်ပြည် တိုက်ပွဲများအတွင်းမှ ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို


ရန်ကုန်၊ ဧပြီ ၁၆


ရခိုင်ပြည် ကျောက်တော်မြို့ရှိ အကြမ်းဖက် စစ်စခန်းများကို သိမ်းနိုင်သည်အထိ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲများမှ ပြန်လည် ရောက်ရှိလာသော YDF ရဲဘော်များကို ယောပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။ 


YDF ရဲဘော်များသည် စစ်ပညာရပ်များနှင့် စစ်ရေး အတွေ့အကြုံများ ရယူကာ ယောဒေသကို အပြည့်အဝကာကွယ်ပေးနိုင်ရေးသာမက နိုင်ငံအနှံ့ စစ်အာဏာရှင် ကျ၊ရှုံးရေး တိုက်ပွဲများတွင် ‌ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ရေးအတွက် ပြန်လည်ရောက်ရှိလာသော YDF ရဲဘော်များကို ယောဒေသရပ်ရွာများမှ ပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆို နှုတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


စစ်ရေး အတွေ့အကြုံ လက်တွေ့ရယူခဲ့ကြပြီးဖြစ်သော YDF ရဲဘော်များသည် အနိမ့်ဆုံး စစ်ရေး ရည်မှန်းချက်ဖြစ်သော တော်လှန်ရေး အမြန်ဆုံးအပြီး သတ်အောင်ပွဲရအောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ယောကာကွယ်ရေးတပ်သည် တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း အခြေခံစစ်သင်တန်းကို အပတ်စဉ် ၁၄ အထိ သင်တန်းပေးပြီးဖြစ်ကြောင်း ယောကာကွယ်ရေးတပ်(YDF) က ထုတ်ပြန်ထားသည်။

ကလေးဝမှာ လက်နက်များနဲ့အတူ ဒုရဲအုပ်တစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ


 ကလေးဝမှာ လက်နက်များနဲ့အတူ ဒုရဲအုပ်တစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

+++++++++++++++++++

ဧပြီ၊ ၁၅၊ ၂၀၂၄ 


ကလေး၀ မြို့နယ်မှာ ဒုရဲအုပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာလို့ ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့် ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးလိုက်ကြောင်း Chinland Defense Force - Kalay Kabaw Gangaw အဖွဲ့ထံမှ သိရပါတယ်။


ဧပြီလ ၁၅ ရက်နေ့ ကလေးဝမြို့နယ်မှ ဒုရဲအုပ် ၁ ဦးဟာ Chinland Defense Force - Kalay Kabaw Gangaw အဖွဲ့ထံ လက်နက်များ ယူဆောင်လာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာခြင်းဖြစ်ပါတယ်။


 ဒုရဲအုပ်သည် BA 94 လက်နက် အမျိုးစား ၁ လက် ၊ ကျည်ဘောက် ၂ ဘောက် ၊ ကျည်ဆံ အတောင့် ၂၀၀ နှင့် ခြောက် လုံးပြူး ၁ လက် ၊ ကျည် ၁၂ တောင့် ပါ ယူဆောင်လာတယ်လို့ သိရပါတယ်။


ထပ်မံပြီး ပြည်သူ့ ရင်ခွင်ခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြိုဆိုလျက်ရှိကြောင်း Chinland Defense Force - Kalay Kabaw Gangaw ကထုတ်ပြန်ထားပါတယ်။

Monday 15 April 2024

တပ်ရင်းမှူးအပါအဝင် ခလရ ၁၀၃ တပ်ဖွဲ့ဝင် ၄၈ ဦး ကေအဲန်ယူထံ လက်နက်ချအညံ့ခံ


 တပ်ရင်းမှူးအပါအဝင် ခလရ ၁၀၃ တပ်ဖွဲ့ဝင် ၄၈ ဦး ကေအဲန်ယူထံ လက်နက်ချအညံ့ခံ


ဧပြီ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄/ ဘိတ်-ထားဝယ်ခရိုင် ထီးမိုပွာနယ်မြေ

ကမာပလောစခန်း၊ ထောမာဖြိုးစခန်းမှ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း -ခလရ ၁၀၃ တပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၄၈ ဦး ယနေ့ ဧပြီလ ၁၅ ရက်နံနက်တွင် လက်နက်ချအညံ့ခံခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။


ကမာပလောစခန်းနှင့် ထောမာဖြိုးစခန်းရှိ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း ဦးဆောင်သည့် ခလရ ၁၀၃ မှ တပ်ဖွဲ့ဝင်များသည် ထီးထာရှိ ဗျူဟာစခန်းနှင့် ပြန်လည်ပူးပေါင်းရန် ပြန်လာစဉ် မောထနှင့် ထီး ထာကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။


ထိုသို့ တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် ၄၈ ဦးဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဘိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။


ပဒိုစောအယ်နာက " တိုက်ပွဲဖြစ်ပြီးတော့ သူတို့မနိုင်မှန်းသိတဲ့အခါကျမှ လက်နက်ချအညံ့ခံတဲ့သူ တွေဖြစ် ပါတယ်။ သေချအောင် သူတို့ကို စစ်ဆေးမေးမြန်းသွားရအုံးမှာဖြစ်ပါတယ်။"ဟု ပြောသည်။


Photo: Crd.


===============================

-> ကရင်ပြည်သူထု၏ အသံများ နှင့် အမြင်များကို ဖော်ပြပေးသော လွတ်လပ်သည့်သတင်းဌာန အဖြစ် ရေရှည်ရပ်တည်နိုင်ဖို့ အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိဿတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေကို ကြိုဆိုပါတယ်။


-> အောက်ပါ Link သို့ဆက်သွယ်ပြီး လစဉ်ကြေး ပေးသွင်းခြင်းအားဖြင့်သော်လည်းကောင်း ၊ အလှူငွေသီးသန့်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ပံ့ပိုးကူညီပေးလို့ ရပါတယ်။


Support KIC - https://web.facebook.com/messages/t/113038198360641


===============================

Website: https://kicnews.org

Twitter: https://twitter.com/KIC_NewsCompany

Youtube: https://www.youtube.com/@TheKarenNews/videos

Telegram: https://t.me/Karen_Information_Center

TikTok: https://www.tiktok.com/@kicnews1

Instagram: https://www.instagram.com/karen_information_center_kic/

Spotify: https://open.spotify.com/user/31olqg6bqyrsqmezjqlxbighzu2u?si=28e76050c5054480


KIC Application

For (IOS) https://apple.co/3IaRU2G

For (Android) https://bit.ly/3khtzQP


 


ယနေ့ တိုက်ပွဲတွင် တပ်မဟာ ၄ စစ်ကြောင်း၊ KNLA တပ်ရင်း ၁၀၊ တပ်ရင်း ၂၇၊ တပ်ရင်း ၂၀၃ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ပွိုင့်ဖိုက်၊ ငါးကြင်းမြီးရှည် (စက်လတ်)နှင့် RPG အပါအဝင် စုစုပေါင်း လက်နက် ၆၈ လက် သိမ်းဆည်းရမိသည်ဟု ကေအဲန်ယူက ပြောသည်။

ပြင်ဦးလွင် DSA ကို တိုက်ခိုက်ခဲ့ကြောင်း MDY-PDF ပြော


 ပြင်ဦးလွင် DSA ကို တိုက်ခိုက်ခဲ့ကြောင်း MDY-PDF ပြော

-------------

စစ်ခေါင်းဆောင်ရောက်နေသောကြောင့် DSA ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY-PDF) ၏ ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။


ယနေ့နံနက်တွင် ပြင်ဦးလွင်-နောင်ချိုနယ်မြေအစပ်ရှိ TNLA, PDF ပူးပေါင်းတပ်များ နေရာယူထားသည့် ပြင်ဦးလွင်-မိုးကုတ်လမ်းပေါ်ရှိ ကျောက်မဲလေးနှင့် သံဘိုရွာအနီး စစ်တပ်နှင့် တိုက်ပွဲများဖြစ်နေသည်။


ပြင်ဦးလွင်မြို့တွင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီအခြေစိုက်တပ်များက ပြန်ပစ်ခတ်ခဲ့သလို အရပ်သားသေဆုံးမှုတချို့လည်း ရှိခဲ့သည်။


အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးများ နေထိုင်သည့် နေပြည်တော်တွင်လည်း မကြာသေးခင်က တစ်ပတ်အတွင်း တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားထားကာ ပြည်သူ့ကာကွယ်ရေးတပ်များက လုံခြုံရေးကို ခြိမ်းခြောက်နိုင်ခဲ့သည်။


အပြည့်အစုံဖတ်ရန် > https://myanmar-now.org/mm/news/51195/


ပုံစာ - ဒရုန်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ပြင်ဆင်နေသော MDY-PDF တပ်ဖွဲ့ဝင်တချို့ကို ၂၀၂၃ ဒီဇင်ဘာ ၁၁ က တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)


#MyanmarNow #PyinOoLwin #MDYPDF #ပြင်ဦးလွင် #စစ်တက္ကသိုလ်

Sunday 14 April 2024

" လွတ်မြောက်နယ်မြေတွေ ဖြစ်လာမယ့် မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း "


 " လွတ်မြောက်နယ်မြေတွေ ဖြစ်လာမယ့် မွန်ပြည်နယ် နဲ့ တနင်္သာရီတိုင်း "


၁၉၉၅ခုနှစ်တွင် န၀တ အစိုးရနှင့် အပစ်အခတ်ရပ်စဲဖို့ သဘောတူညီထားတဲ့ မွန်ပြည်သစ်ပါတီဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာတော့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်း ထောနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့မှ ဦးဆောင်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးတပ်ဖွဲ့အဖြစ် မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာခဲ့ပါတယ် ။

၂၀၂၄ မတ်လ ၂၅ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ အာဏာရှင်တိုက်ဖျက်ရေးတပ်ဖွဲ့ဟာ ကရင်နဲ့မွန်ပြည်နယ် အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ကော့ဘိန်းရဲစခန်းကို သိမ်းပိုက်တဲ့ ၂ရက်ကြာ တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေနဲ့အတူ ပါ၀င်လာခဲ့ပြီး စစ်ကောင်စီကို စတင်တိုက်ခိုက်လာတာကို တွေ့ရပါတယ်။ 


စစ်ကောင်စီတပ်သား(၂၃) ဦးနှင့် မိသားစု၀င်(၁၇) ဦး လက်နက်ချအညံ့ခံခဲ့ရတဲ့ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲမှာ အထိနာသွားတဲ့ စစ်ကောင်စီဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို မွန်ပြည်နယ်၊ ကျိုက်မရောမှာရှိတဲ့ ကော့ဘိန်းရွာအပါအဝင် ခရုံဂူ၊ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ နှင့် ကော့မိတ် အစရှိသည့် ရွာများကို ဖျက်ဆီးမီးရှို့ခဲ့ပြီး ဓမ္မသကျေးရွာကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၊ရေကြောင်းမှလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အိမ်ခြေ (၃၀၀)ခန့်ပျက်စီးခဲ့ပြီး ၊ ပြည်သူ(၆၀၀၀)ခန့် လည်း စစ်ဘေးရှောင်ရတာကို တွေ့မြင်ရပါတယ်။ 


နှစ်ပေါင်း ၃၀ ကျော် အပစ်ခတ်ရပ်စဲပြီး တိုက်ပွဲသံတွေ မရှိတော့တဲ့ မွန်ပြည်နယ်ဟာ ၂၀၂၁ အာဏသိမ်းမှုဖြစ်စဥ်နောက်ပိုင်း NCA စာချုပ်အရ အပစ်အခတ်ရပ်စဲထားပြီး မွန်ပြည်သစ်ပါတီဟာ အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ တော်လှန်ရေးမှာ ပါ၀င်ခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။ 


 သို့သော် အာဏာရှင်ကို အယုံအကြည်မရှိတဲ့ လူငယ်ပါတီဝင်များမှ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မည့် လမ်းစဥ်ကိုရွေးချယ်ပြီး အခြားတော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ မွန်ပြည်နယ်အတွင်း စစ်ရေးစတင်ဖော်ဆောင်လာတာကိုလည်း တွေ့ရပါတယ်။တောင်ပိုင်းမှာ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ထိုးစစ်ကြောင့် နယ်မြေတွေ ၊ စခန်းတွေ လက်လွှတ်ဆုံးရှုံးခံနေရတဲ့ စစ်ကောင်စီမှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အောက်ခြေစစ်သားတွေကိုယ်တိုင် ထိုင်းနိုင်ငံထဲထိ ပြေးဝင်၊ လက်နက်ချတာတွေလည်း ရှိလာပါတယ်။ ဒီလို တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ကြောင့် တောင်ပိုင်းမှာ အရှက်တကွဲအကျိုးနည်းဖြစ်နေတဲ့ စစ်ကောင်စီကို မွန်ပြည်သစ်ပါတီကနေ ခွဲထွက်လာတဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးတပ်ဖွဲ့ တွေကလည်း ပူးပေါင်းတိုက်ခိုက်လာတာကြောင့် များမကြာမှီ အချိန်တစ်ခုအတွင်း ကရင်၊မွန်၊ရေး၊ထားဝယ်နှင့်မြိတ် အစရှိတဲ့ မြန်မာပြည်အောက်ပိုင်း မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသဟာလည်း လွတ်မြောက်နယ်မြေတစ်ခုအဖြစ် ဖြစ်လာနိုင်ကြောင်း သုံးသပ်လိုက်ရပါတယ်။ 

လက်ရှိမွန်ပြည်နယ်တွင်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေသည့်တပ်ဖွဲ့များ... 

၁ ။ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF)

၂ ။ မွန်ပြည်တော်လှန်‌ရေးတပ် (MSRF) 

၃ ။ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (MLA)

၄ ။ ရေးဘီလူး

၅ ။ YJK – တိုက်ခိုက်/ထောက်ပို့

၆ ။ ရေးပြောက်ကျားတပ်ဖွဲ့

၇ ။ စွန်ရဲ မြို့ပြ ပြောက်ကျားတပ်ဖွဲ့ 

၈ ။ Ye Air Force – Stealth Fighter 

၉ ။ မွန်ပြည်နယ် အခြေပြုတော်လှန်ရေး အဖွဲ့အစည်း (MSRO)

၁၀။ မွန်ပြည်တော်လှန်ရေးတပ်

၁၁။ ချောင်းဆုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်

၁၂။ ဘီလူးကျွန်း – ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့

၁၃။ ရာမည ပြောက်ကျားတပ်ဖွဲ့

၁၄။ ရေးမြို့ကာကွယ်ရေး အထူးတပ်ဖွဲ့

၁၅။ ရာမညကာကွယ်ရေးတပ်ဖွဲ့

၁၆။ မော်လမြိုင်မြို့-ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပါတယ်။

လက်ရှိစစ်ရေးအခြေအနေကိုခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကိုဖတ်ရှုပါ။ 

#PDFInsight

စစ်အခြေခံသင်တန်းကျောင်းသို့ သွားသော ကား (၆) စီးအား ပစ်ခတ် တိုက်ခိုက်



 စစ်အခြေခံသင်တန်းကျောင်းသို့ သွားသော ကား (၆) စီးအား ပစ်ခတ် တိုက်ခိုက်

          မုံရွာခရိုင်၊ မုံရွာမြို့ (နမခ) ထပရ-၉၂၉ မှ အရာတော်မြို့နယ် (စခတ-၁၀) သို့ သင်တန်းသားအသစ် (၂၅၀) ဦးပါ စစ်ကောင်စီ၏ ၁၂ ဘီးကား (၅) စီးနှင့် Express ကား (၁) စီးအား အရာတော်မြို့နယ်၊ ကမ်းဖြူရွာ၌ ဧပြီလ (၁၂) ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ရန်သူ့ကား (၃) စီး ပျက်စီးပြီး ဒု-အရာခံဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၁) ဦး၊ တပ်ကြပ် (၁) ဦး၊ အားကစားသိပ္ပံမှ (၁) ဦးနှင့် သင်တန်းသား အသစ် (၄၅) ဦးအား ဖမ်းဆီးရမိသည်။

          မုံရွာခရိုင် တပ်ရင်း (၆၊ ၁၉၊ ၂၄)၊ မုံရွာခရိုင် ကွန်မန်ဒိုတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် တိုက်နယ်-၁၁ ပကဖ၊ မိတ္ထီလာခရိုင် တပ်ရင်း-၂၊ Danger Force LPDF၊ ကျားသစ်နက် LPDF နှင့် Special Revolution Force LPDF အဖွဲ့တို့မှ ပူးပေါင်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

          ရန်သူ့ဘက်မှ ဗိုလ်ကြီး (၁) ဦးအပါ သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရသည်။ ရန်သူ့ထံမှ လက်နက်ငယ် (၇) လက်၊ ကျည်မျိုးစုံ (၅၅၀၀) ခန့်၊ ဗုံးသီး မျိုးစုံ (၈၀) ခန့်၊ RPG-7 ဒုံးသီး (၁၀) လုံး၊ မိုင်းမျိုးစုံ (၇၀) ခန့်၊ Jammer စက်အကြီး (၁) လုံး၊ ကျည်အိမ် (၇) ခု၊ Detonater (၅၀) ချောင်း၊ ကျည်ကာ ဦးထုပ် (၃) လုံး၊ စစ်ဖိနပ် (၂၀) ရံ၊ Equipment (၁) ခု၊ ကျောပိုးအိတ် (၁) လုံး၊ ဖိုင်တွဲ (၈၈) ဖိုင် သိမ်းဆည်းရမိသည်။ 

အမှတ် (၁) စစ်ဒေသ

Saturday 13 April 2024

ဆော့လော်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်


 ဆော့လော်မြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်စခန်းနဲ့ ပြည်သူ့စစ်စခန်းကို KIA သိမ်းပိုက်

==============

ဧပြီလ ၁၃ ရက်

Radio NUG


ကချင်ပြည်နယ် ဆော့လောမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်တပ်ဖွဲ့-BGF (၁၀၀၁) ရဲ့ တပ်စခန်းတခုနဲ့ ပြည်သူ့စစ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။


ဆော့လော်မြို့သွားလမ်း မျှော်ဇန်ကူး နယ်ခြားစောင့်တပ် -၁၀၀၁ ရဲ့ တပ်စိပ်စခန်းကို ဧပြီလ ၁၂ရက် မွန်းတည့် ၁၂ နာရီမှာ KIA တပ်ရင်း-၄၆ တပ်ဖွဲ့က သိမ်းပိုက်ရှင်းလင်းခဲ့ရာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် ဧပြီလ ၁၁ ရက်နေ့ကလည်း ချီဖွေကနေ ဆော့လော်မြို့ကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ မျှော်ဂျောင်ပန်ဝါ ပြည်သူ့စစ် စခန်းကိုလည်း KIA တပ်မဟာ-၇ က သိမ်းပိုက်ခဲ့ရာမှာ လူနဲ့ လက်နက်များရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးပါတယ်။


ဦးစခုန်တိန့်ယိမ်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ဟာ ၁၉၉၃ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူပြီး နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်တာလို့ သိရပါတယ်။


ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ KIA က ပြီးခဲ့တဲ့နှစ်တွေကတည်းက အသိပေးကြေညာထားတာရှိပါတယ်။ 


အဆိုပါနယ်ခြားစောင့်တပ်တွေနဲ့ပြည်သူ့စစ်တွေအနေနဲ့ မိခင်တပ်ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ထံ လာရောက်ပူးပေါင်းဖို့ ၂ဝ၁၁ ခုနှစ်ကတည်းက လမ်းဖွင့်ပေးထားပေမယ့် လက်ရှိအချိန်အထိ ပူးပေါင်းတာမရှိတဲ့အတွက် စစ်ရေးပစ်မှတ်အဖြစ်ရှိနေတာလို့ သိရပါတယ်။


KIA အနေနဲ့ ဝိုင်းမော်မြိုနယ်မှာရှိတဲ့ ဦးရွှေမင်းရဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ စစ်ဆင်ရေးမှာလည်း ဦးရွှေမင်းကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ပါတယ်။

Friday 12 April 2024

ဖားဆောင်းကို စစ်ကူလာသော စစ်တပ် ချေမှုန်းခံရ၊ ၅၈ဦး အရှင် ဖမ်းမိ


 ဖားဆောင်းကို စစ်ကူလာသော စစ်တပ် ချေမှုန်းခံရ၊ ၅၈ဦး အရှင် ဖမ်းမိ 


မိုးတိမ် ၊ ဧရာဝတီ ၁၂၊ ၂၀၂၄ 


ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဝိုင်းဝန်းပိတ်ဆို့ထားသည့် ဖားဆောင်းမြို့ရှိ ခြေလျင်တပ်ရင်း- ခလရ ၁၃၄ သို့ စစ်ကူလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းမှာ ဧပြီ ၁၁ရက်တွင် စစ်ကြောင်းတခုလုံး ချေမှုန်းခံရပြီး စစ်သုံ့ပန်း ၅၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်ပေါင်းစုတာဝန်ရှိသူတဦးက ပြောသည်။


၎င်းက "ဘော်လခဲကနေ စစ်ကူလာတာ ၁၀၉ယောက်။ပါပူရွာနားမှာ အကုန် ချေမှုန်းလိုက်တယ်။တပ်ပေါင်းစုက အကျအဆုံး မရှိဘူး။ ၃ ဦး ဒဏ်ရာရတယ်" ဟု ဆိုသည်။ 


ဖားဆောင်းမြို့ အခြေစိုက် ခလရ- ၁၃၄ နှင့် ၁၃၅ ကို တော်လှန်ရေးတပ်ပေါင်းစုများက ဝိုင်းဝန်းပိတ်ဆို့ကာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်မှာ နှစ်လကျော်နေပြီဖြစ်သည်။ တော်လှန်ရေး တပ်ပေါင်းစု၏ ထိုးစစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ အကျအဆုံးများနေသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်းလည်း သိရသည်။


ခလရ ၁၃၅ ကို မတ်လ ပထမပတ်တွင် တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်းရှိကာ မြို့၏၈၀ရာခိုင်နှုန်းခန့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 


ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ကရင်နီတပ်မတော် (KA)၊ ကြယ်ဖြူ (KNSO)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF)များက ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။


ပုံစာ-၂၀၂၄၊ မတ်လအတွင်းက တိုက်ပွဲပြင်းထန်ခဲ့သော ဖားဆောင်းမြို့မြင်ကွင်း/Free Burma Ranger


#WhatsHappeningInMyanmar

#RejectMilitaryCoup


စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ 


Support The Irrawaddy: https://bit.ly/3btQYpR

Thursday 11 April 2024

Breaking News- မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိဟု ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြ၊ မြ၀တီမြို့တွင် စစ်တပ်စခန်းမရှိတော့ဘဲ တော်လှန်ရေး တပ်များ လက်အောက်သို့ ကျရောက်


 Breaking News- မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိဟု ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြ၊ မြ၀တီမြို့တွင် စစ်တပ်စခန်းမရှိတော့ဘဲ တော်လှန်ရေး တပ်များ လက်အောက်သို့ ကျရောက်


ရန်ကုန်၊ ဧပြီ ၁၁ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာဖြစ်သည့် The Reporter၊ ThaiPBS North တို့က ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြသည်။ 


ဧပြီလ ၉ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ခလရ ၂၇၅ တပ်ကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက စတင်တိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း ခလရ ၂၇၅ ကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မနေ့ညနေပိုင်းကစပြီး ပစ်ခတ်သံနဲ့ တိုက်ပွဲဖြစ်သံတော့ ငြိမ်သက်သွားတယ်။ တစ်ချက်တစ်ချက်တော့ ပေါက်ကွဲသံလိုလို လေယာဉ်နဲ့ ဗုံးကျဲတာလိုလို အသံမျိုးတော့ ခပ်လှမ်းလှမ်းက ကြားရတယ်။ စခန်းသိမ်းလား မသိမ်းလားက သေ ချာမသိပါဘူး" ဟု မြ၀တီမြို့တွင် စစ်ဘေးရှောင်ရန် ပြင်ဆင်ထားသော ပြည်သူတစ်ဦးက ရှင်းပြသည်။ 


မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ကို တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိမှု သတင်းနှင့်ပတ်သက်၍ KNLA နှင့် မဟာမိတ်တပ်များက တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ ရန်ကုန်ခေတ်သစ်အနေဖြင့်လည်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်ကို ဆက်လက် အတည်ပြုရန် ကြိုးပမ်းနေဆဲဖြစ်သည်။ 


အကယ်၍ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပါက မြ၀တီမြို့ပေါ်တွင် မည်သည့် စစ်ကောင်စီတပ်မှ မရှိတော့ဘဲ တော်လှန်ရေးတပ်များ၏ လက်ထဲသို့ မြ၀တီမြို့တစ်ခုလုံး ကျရောက်သွားမည်ဖြစ်သည်။ 


မြ၀တီမြို့ပေါ်ရှိ ဘဏ်များ၊ ရွှေဆိုင်များ၊ လုပ်ငန်းများ နှင့် မြို့မစျေးကြီးမှာ ဧပြီလ ၈ ရက်နေ့မှ စတင်ပိတ်ထားပြီး ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့တွင်လည်း ဆက်လက်ပိတ်ထားကြောင်း၊ မြန်မာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရသဖြင့် ထိုင်းဖုန်းနှင့် အင်တာနက်လိုင်းများကို အဓိက အသုံးပြုနေရကြောင်း၊ ကုန်စျေးနှုန်းများလည်း မြင့်တက်နေကြောင်း သိရှိရသည်။


ထို့ပြင် ယမန်နေ့ တစ်ရက်တည်းတွင်ပင် မြ၀တီမြို့မှ မဲဆောက်မြို့ဘက်သို့ ပြည်သူ ၄၀၀၀ တစ်ရက်တည်း ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဝင်ရောက်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ 


ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်တွင် လုံခြုံရေး အထူးတိုးမြှင့်ခဲ့ပြီး ကြည်း တပ်ကလည်း သောင်းရင်းမြစ်တစ်လျှောက် လုံခြုံရေး တိုးမြှင့်ထားကြောင်း၊ ထိုင်းတော်ဝင်လေတပ်၏ F-16 လေယာဉ်များကလည်း ထိုင်း-မြန်မာနယ်စပ်တွင် ပျံသန်းကင်းလှည့်လျက်ရှိကြောင်း သိရှိရသည်။


ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မြ၀တီမြို့တွင်း အခြေအနေများ။ 


Photo- CJ ။

Wednesday 10 April 2024

နှစ်ပေါင်း၂၀ကျော် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီ KNSOက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု ကြေညာ


 နှစ်ပေါင်း၂၀ကျော် စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင်နီ KNSOက စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တော့မည်ဟု ကြေညာ


မောင်မောင်/People’s Spring


စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးရယူခဲ့သည့် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ(KNSO)ခေါ် ကြယ်ဖြူ ပြည်သူ့စစ်တပ်ဖွဲ့က စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယနေ့ ကြေညာချက်ထုတ်ပြန်သည်။


ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။


၂၀၂၁ စစ်တပ်အာဏာသိမ်းယူမှု နောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများအပေါ် စစ်ကောင်စီက နည်းအမျိုးမျိုးဖြင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံး တိုက်ခိုက်လာမှုကြောင့် ကရင်နီ ပြည်တွင်းရှိ ပြည်သူများသာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ လူငယ်လူရွယ်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာ ဖမ်းဆီးခံရခဲ့ကြောင်း၊ ယင်းသို့သော စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် လုံး၀ ကန့်ကွက်ရှုတ်ချကြောင်း KNSOက ထုတ်ပြန်သည်။


စစ်ကောင်စီသည် KNSO ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူ ကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ မော်ချီးရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခြင်းတို့ပြုလုပ်ခဲ့ရာ ယင်းသို့လုပ်ဆောင်မှုသည် စစ်ကောင်စီက ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။


ထို့ကြောင့် KNSOအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းကာ စစ်အာဏာရှင် ကျဆုံးရေး နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအထိ ပါဝင်တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။


ကြယ်ဖြူပြည်သူ့စစ်အဖွဲ့ဟုခေါ်ဆိုသည့် KNSO သည် မော်ချီးဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၀၂နိုဝင်ဘာ ၉ရက်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။


၂၀၂၃ ဇွန်လအတွင်းကလည်း စစ်ကောင်စီ လက်အောက်ခံနယ်ခြားစောင့်တပ်(BGF) အဖြစ် ဖွဲ့စည်းထားသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)ကလည်း ကရင်နီ(ကယား)ပြည်နယ် မဲစဲ့ဒေသတိုက်ပွဲတွင်ပါဝင်ပြီး ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အပါအဝင် တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ပြီဖြစ်ကြောင်း အသိပေးကာ တိုက်ပွဲဝင်လျက်ရှိသည်။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...