Monday, 8 May 2023

အမရပူရမြို့နယ် လ၀ကရုံး ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦးထိခိုက်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှ ကြိုး၀ိုင်းမှ ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


 အမရပူရမြို့နယ် လ၀ကရုံး ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦးထိခိုက်၊ ဘိုကလေးမြို့နယ်၊ မိန်းမလှ ကြိုး၀ိုင်းမှ ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ မေ ၇ 


မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် မေလ ၅ ရက်နေ့ ဗုံးပေါက်ကွဲပြီး Non-CDM ဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်း ကပြောဆိုသည်။ 


မေလ ၅ ရက်နေ့ ညနေ ၄ နာရီအချိန် မန္တလေး တိုင်း၊ အမရပူရမြို့နယ်၊ မှန်တန်းရပ် ကွက်၊နယ်မြေ ၅/ကရှိ အမရပူရမြို့နယ်၊လဝကရုံးတွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားပြီး ပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အမရပူရမြို့နယ် လ၀က ဒုဦးစီးမှူး ဒေါ်ဝင်းဝင်း ၊ စာရေးနှင့် ဝန်ထမ်း ၂ ဦးလည်း ဒဏ်ရာရရှိကြောင်း၊ ကားတစ်စီးနှင့် ရုံးလည်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။ 


အမရပူရမြို့နယ် လ၀ကရုံး ဗုံးခွဲတိုက်ခိုက်မှုကို No More Dictatorship People Defense Force NMD အဖွဲ့နှင့် Demon Revolution Army က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ ယန္တရား လည်ပတ်အောင် ကူညီထောက်ပံ့ပေးနေသော ရုံးများ၊ စစ်တပ်နှင့်ရဲကင်းများနှင့် ပြည်သူများ ဝေးဝေး နေထိုင်ကြရန် အဆိုပါ အဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။  


အလားတူ မေလ ၅ ရက်နေ့ နေ့ညပိုင်း ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ဘိုကလေးမြိုနယ်၊မိန်းမလှကြိုးဝိုင်း စက်ကျွန်းမှ ရဲတချို့ကို စက်လှေဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

Saturday, 6 May 2023

ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် DSA အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံး


 ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွင် DSA အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံး


ရန်ကုန်၊ မေ ၆

ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက မေလ ၅ ရက်နေ့ ညနေပိုင်း  ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများတွင် စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၄၂ ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် ပါဝင်သွားကြောင်း စစ်ဘက်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

"DSA အပတ်စဉ် ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးသွားတာ မိသားစုဘက်ကလည်း အတည်ပြုတယ်။ စစ်တပ်ဘက်ကလည်း အတည်ပြုထားပါပြီ။ ချင်းပြည်နယ်၊ မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်း ဝင်စီးခံရမှုမှာ သေဆုံးတာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီအချိန် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာ ဌာနချုပ် စခန်းကို CDF မတူပီ တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်၊ ဗိုလ်မှူး ၁ ဦးနှင့် စစ်သားယာဉ်မောင်း ၁ ဦးသေဆုံးကြောင်း CDF- Matupi  တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတူပီ စစ်မဟာဗျူဟာ ဌာနချုပ်စခန်းကို  CDF-Matupi တပ်ရင်း ၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေး အဖြစ်  ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  CDF မတူပီတပ် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း  CDF- Matupi  တပ်ရင်း ၁ ပြောခွင့်ရပုဂ္ဂိုလ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူး ၁ ဦး၊ ယာဉ်မောင်း တပ်သား ၁ ဦးကတော့ သေဆုံးပါတယ်။ သေနတ် ၁ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်" ဟု CDF- Matupi  တပ်ရင်း ၁ ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။

ဓာတ်ပုံ- မတူပီ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် (DSA အပတ်စဉ် ၄၂ ) ။

Friday, 5 May 2023

ABSDF နဲ့ PDF တပ်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ


 ABSDF နဲ့ PDF တပ်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ

+++++++++++++

မေ ၄ 


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF စစ်ကြောင်း ၃ နဲ့ PDF တပ်များရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင် စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိတယ်လို့ ABSDF Column - 3 က သတင်းထုတ်ပြန်လာပါတယ်။ 


ABSDF ကျောင်းသားတပ်မတော် ABSDF စစ်ကြောင်း ၃ အနေနဲ့ လက်ရှိ တပ်ရင်း ၂ ရင်း ဖြစ်တဲ့ ယောဒေသမှာ ရှိတဲ့ အမှတ် ( ၁၂ ) တပ်ရင်းနဲ့ ချင်းတွင်းဒေသ တပ်ရင်းတို့၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ PDF တပ်ရင်းများ ၊ Local PDFများ ၊ ပ.က.ဖ များနဲ့ တွဲဖက်ကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 


ABSDF နဲ့ PDF တပ်များ ပူးပေါင်းပြီး မတ် ၃၁ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကို ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများနဲ့ ပူးပေါင်း စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ အင်အား ၄၅ ဦးခန့်သေဆုံးပြီး ၁၀ ဦးဒါဏ်ရာရခဲ့ကာ ရန်သူ့ လက်နက် G3 ၄ လက် ၊ G4 ၁လက် နဲ့ ခဲယမ်းအချို့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


အလားတူ ဧပြီ ၃ရက်နေ့မှာ ဂန့်ဂေါမြို့ မြစ်သာမြစ်ရိုးအတိုင်း စစ်ကြောင်ထိုးလာတဲ့ အင်အား ၇၀ ဝန်းကျင်ရှိ စစ်ကြောင်းကို ဂန့်ဂေါခရိုင် PDFတပ်ရင်းများ ၊ Local PDF များ ၊ ပ.က.ဖများနဲ့ ပူးပေါင်းပြွး ဂန့်ဂေါမြို့ စိုင်ဒူးကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဧပြီ ၅ရက်နေ့မှာ ပုလဲမြို့နယ် ဇီဖြူကုန်းရွာကနေ ကန်းထောင့် ရဲစခန်းကို ထွက်ခွာလာတဲ့ စစ်တပ်နဲ့ ပျူစာထီးများကို ကန်းထောင့်ကျေးရွာ အနီး ABSDF ချင်းတွင်းဒေသနဲ့ ညီနောင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၇ ရက်နေ့မှာတော့ ဂန့်ဂေါမြို့ ခ.လ.ရ ( ၅၀ ) က ထွက်ခွာလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းနဲ့ ဂန်ဂေါမြို့နယ် လာပို့ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ဒါဘော(Cobra Column စစ်ကြောင်းမှူး)


 

ဘိုကလေးမြို့နယ်မှာ ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးကာလက်နက် ၁ လက်ပါသိမ်းယူနိုင်ခဲ့


 ဘိုကလေးမြို့နယ်မှာ ကင်းစောင့်နေတဲ့စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး သေနတ်နဲ့ပစ်ခံရပြီးသေဆုံးကာလက်နက် ၁ လက်ပါသိမ်းယူနိုင်ခဲ့


ဧရာဝတီတိုင်းမ်

မေလ ၅ ရက်


ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗျဲကြီးကျေးရွာ အုပ်စု၊ ပဒဲကောကျေးရွာမှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ည ၇ နာရီအချိန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရဲ့ကင်းတဲမှာ တပ်ကြပ်ကြီးတစ်ဦးထဲရှိနေချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးကာ ၎င်းကိုင်ဆောင်တဲ့လက်နက်ကိုပါ ပစ်ခတ်သူများကယူဆောင်သွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။


 "ပဒဲကောချောင်းဘေးမှာ သစ်တို့ဝါးတို့ စက်လှေတွေကို ဆက်ကြေးကောက်တဲ့ကင်းတဲပါ၊ အမြဲစစ်သားကတစ်ယောက်နှစ်ယောက်ပဲရှိနေတာ။ ညကတော့တပ်ကြပ်ကြီးကို၀င်ပစ်သွားတာ၊ ပစ်တဲ့လူတွေကသူ့သေနတ်ပါယူသွားတယ် "လို့ ဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။


သေဆုံးသွားသူဟာ စစ်ကောင်စီတပ်ကြပ်ကြီး အေးမြင့်ဆိုသူဖြစ်ပြီး မအူပင်အခြေစိုက် ခလရ ၂၇ တပ်က အဲ့ဒေသမှာ လာရောက်ပြီး တပ်စွဲပြီး တာ၀န်ကျနေသူတစ်ဦးလို့ သိရပါတယ်။


ခုလို စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ဦးသေဆုံးပြီး လက်နက်တစ်လက်ရရှိ ခဲ့တာနဲ့ပတ်သတ်ပြီး ဧရာ၀တီတိုင်းအတွင်းလှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုများဘက် သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။


လက်ရှိမှာတပ်ကြပ်ကြီး ပစ်သတ်ခံရပြီး ညပိုင်းနဲ့မေလ ၅ ရက်နေ့မနက်ပိုင်းမှာ ပဒဲကောကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်သားများက ၀င်ရောက်လာပြီးစစ်ဆေးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။


#ဘိုကလေး #စစ်ကောင်စီတပ်သားတစ်ဦး #ပစ်သတ်ခံရ #Ayeyarwaddy_Times

Thursday, 4 May 2023

KNLA တပ်မဟာ ၅ နယ်မြေရှိ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ


 KNLA တပ်မဟာ ၅ နယ်မြေရှိ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၄


ကရင်ပြည်နယ်၊ KNLA တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ BGF ၆ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။ 


မေလ ၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်တွင် KNLA တပ်မဟာ ၅ နယ်မြေရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF၏ နီကန်စခန်းကို KNLA-အမှတ် ၅ တပ်မဟာ လက်အောက်ရှိ တပ်ရင်းများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နယ်ခြားစောင့်-BGF မှ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 


အဆိုပါတိုက်ပွဲအတွင်း BGF ထံမှ AR ၅ လက်၊ ကျည်ဆံအပြည့်ပါ ကျည်ဘောက် ၁၆ ချပ်၊ 9-MM ပစ်စတို ၁ လက်၊ RPG-7 ၁ လက်နှင့် ဗုံးသီး ၆ လုံး၊ NATO စက်လတ် ၁ လက်နှင့် ကျည် ၅၀၀ တောင့်၊ ဆက်သွယ်ရေး စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


တိုက်ပွဲ အတွင်း KNLA-ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ အမှတ် ၅ တပ်မဟာ ဘက်မှ စစ်သည်တော် ၂ ဦးကျဆုံးကာ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သုံးနှစ်သမီးနှင့်မိသားစု လွတ်ရက်စေ့ပြီး ဧပြီလကုန်၌ အင်းစိန်ထောင်မှလွတ်မြောက်


 သုံးနှစ်သမီးနှင့်မိသားစု လွတ်ရက်စေ့ပြီး ဧပြီလကုန်၌ အင်းစိန်ထောင်မှလွတ်မြောက်


မိခင်၊ အဘွားဖြစ်သူတို့နှင့်အတူ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် သုံးနှစ်အရွယ် သမီးငယ်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်၌ အချိန် နှစ်နှစ်ကျော် ဖြတ်သန်းခဲ့ရသည်။


အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် အမှိုက်သိမ်း စည်ပင်ဝန်ထမ်းတစ်ဦးကို ဖမ်းမမိသဖြင့် စစ်ကောင်စီက မိခင်ဖြစ်သူ၊ ဇနီးနှင့် သုံးနှစ်အရွယ် သမီးငယ်တို့ကို ဖမ်းဆီးထောင်ချခဲ့သည်။


လွန်ခဲ့သည့် ဒီဇင်ဘာလက အင်းစိန်ထောင်တွင် အသက် ၄ နှစ်ပြည့်သည့် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ မှာ စစ်ကောင်စီ၏ အကြိမ်ကြိမ် လွတ်ငြိမ်းခွင့်များတွင် မပါဝင်ခဲ့ဘဲ လွတ်ရက်စေ့မှသာ လွတ်မြောက် ခဲ့သည်။


အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅-က အတွက် ပြစ်ဒဏ်ကို ထောင် ဒဏ် နှစ်နှစ်မှ သုံးနှစ်အထိ ပြင်ဆင်သတ်မှတ်ခဲ့ကာ ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချရာ၌ ထိုပုဒ်မ ကို အများဆုံးအသုံးချလေ့ရှိသည်။ 


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်က အာဏာ သိမ်းပြီးနောက် လူပေါင်းတစ်သောင်းကျော် ဖမ်းဆီးထောင်ချခံရသည်။


သတင်းအပြည့်အစုံဖတ်ရန် >>> https://myanmar-now.org/mm/news/35721/

မြိုင်မြို့နယ်တွင် စစ်သားများလိုက်လာသည့် Faw ကားကို ပစ်ခတ် တိုက်ခိုက်မှု ၁၀ ဦး သေဆုံး


 မြိုင်မြို့နယ်တွင် စစ်သားများလိုက်လာသည့် Faw ကားကို ပစ်ခတ် တိုက်ခိုက်မှု ၁၀ ဦး သေဆုံး


ရန်ကုန်၊ မေ ၄


မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်သားများလိုက်လာသည့် faw ကားကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


မေလ ၄ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် မြိုင်မြို့မှ သရက်ကွ ပျူစောထီးရွာကို ပြန်လာသည့် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော Faw ကားကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း အမှတ် ၁၇ တပ်ခွဲ ၂ မဟာမိတ် တပ်ပေါင်းစု၊ Middle Revolution Task Force (MRTF)၊ RPTF ၊ JRT၊ လျှပ်စီးပြောက်ကြား၊ အညာမြေပြောက်ကျားအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Wednesday, 3 May 2023

ရွှေကုက္ကိုလ်တိုက်ပွဲမှာ KNU အယောင်ဆောင်ထားတဲ့ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး


ရွှေကုက္ကိုလ်တိုက်ပွဲမှာ KNU အယောင်ဆောင်ထားတဲ့ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံး

+++++++++++++

မေ ၃ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် တိုက်ပွဲမျာ KNU အယောင်ဆောင် ဝင်လာတဲ့ သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Kyaihto Information Organization ဆီက သိရပါတယ်။ 


ဧပြီလ ၂၉ ရက်နေ့ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ KNU အယောင်ဆောင် ဝင်လာတဲ့ ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ၂၀၇ အမြောက်တပ်က စစ်ဗိုလ် ရန်လင်းအောင်ကို KNU/PDF တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 


"ပြီးခဲ့တဲ့ စနေနေ့က KNU အယောင်ဆောင်ပြီးသွားလို့ အပစ်ခံရတာ ကရင် ပြည်နယ် ရွှေကုက္ကိုလ်မှာပါ"လို့ Kyaihto Information Organization ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 


သေဆုံးသွားတဲ့ စစ်ဗိုလ် ရန်လင်းအောင်ဟာ သိမ်ဇရပ်မြို့သားဖြစ်သလို သင်တန်းဆင်းပြီးကာစ အရာရှိ တစ်ဦးဖြစ်ပြီး "သိမ်ဇရပ်သား အချင်းချင်းလည်း မညှာဘူး ပစ်မှာပဲ" လို့ ခြိမ်းခြောက် ပြောဆိုလေ့ရှိသူ ဖြစ်ကာ လက်ရှိအချိန်ထိ ရန်လင်းအောင် ရုပ်အလောင်းကို အကြမ်းဖက်စစ်တပ်က လာကောက်ယူတာမရှိသေးဘူးလို့ Kyaihto Information Organization ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။ 

ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို စီးနင်းတိုက်ခိုက်၊ ရဲ ၂ ဦးသေပြီး သေနတ် ၈ လက်ရ


 ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ရဲစခန်းကို စီးနင်းတိုက်ခိုက်၊  ရဲ ၂  ဦးသေပြီး သေနတ် ၈ လက်ရ


မဇ္ဈိမ။   ။မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ပွေးကျစ်ရဲစခန်းကိုတိုက်ခိုက်ရာတွင် ရဲနှစ်ဦး သေဆုံးပြီး သေနတ်ရှစ်လက်ရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်က သတင်းထုတ်ပြန် ထားသည်။


အဆိုပါ ရဲစခန်းကို မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြင်းခြံ ခရိုင်၊ တပ်ရင်း(၃)နှင့်ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှပြန်လည် ပစ်ခတ် နိုင်ခြင်းမရှိဘဲ ရဲနှစ်ဦးသေဆုံးကာ ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ် ရေးက ဆိုသည်။


ပွေးကျစ်ရဲစခန်းတွင် ရန်သူ့အင်အား ၁၃ ဦးခန့်သာရှိပြီး ရှစ်ဦးတရားရုံးသွားနေချိန်တွင် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်းရှိ ရန်သူ့မိသားစုဝင် အမျိုးသမီးနှင့်ကလေးများကို လွှတ် ပေးခဲ့ကြောင်း သိရသည်။


 ပွေးကျစ်ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး G-4  တစ်လက်၊ G-3 နှစ်လက်၊ အူစီ တစ်လက်၊ ခြောက်လုံးပြူး လေးလက်၊ လက်ပစ်ဗုံးရှစ်လုံး၊ ရုံးသုံး Laptop တစ်လုံး၊ ကျင်စက်နှစ်ခု၊ လက်ထိတ်တစ်ခုနှင့် ကျည် ၉၃၅ တောင့်ရရှိခဲ့သည်ဟု NUG ကာကွယ်ရေးက ထုတ်ပြန်သည်။


ရဲစခန်းတိုက်ခိုက်ခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)၊ ညောင် ဦး PDF ၊ ကျောက်ပန်းတောင်း PDF ၊ ဒီပဲယင်း PDF နှင့် Burmese Guerrilla Force တို့ ပူးပေါင်းစစ် ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်။


စာတည်း။  ။စောဖေ


#မန္တလေးတိုင်း

#ကျောက်ပန်းတောင်းမြို့နယ်

#ပွေးကျစ်ရဲစခန်း

#NUG


--------------------- 

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

ဘောလခဲမြို့တွင်း စစ်ကောင်စီတပ်နေရာယူထားသည့် ဌာနဆိုင်ရာရုံးနေရာများကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်စီး


 ဘောလခဲမြို့တွင်း စစ်ကောင်စီတပ်နေရာယူထားသည့် ဌာနဆိုင်ရာရုံးနေရာများကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်စီး

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *

ကရင်နီ (ကယား)ပြည်နယ်၊ ဘောလခဲမြို့တွင်းရှိ စစ်ကောင်စီတပ်နေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လ.ဝ.ကရုံး၊ မြို့မရဲစခန်းနှင့် ရုပ်သံလွှင့်ဌာနတို့ကို ဒေသကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်အချို့ သိမ်းဆည်းရရှိသည်ဟု သိရသည်။ 


အဆိုပါနေရာများကို ၂၀၂၃ ခုနှစ်၊ မေလ ၁ ရက်နေ့ နံနကိပိုင်းတွင် ဝင်ရောက်စီးနင်းရာ ၂ နာရီကျော်ကြာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်မှု ထမ်းဟောင်းရုံးအား မီးရှို့ခဲ့ကြောင်း သိရသည်။


ယင်းနောက် လ.ဝ.က ရုံးအား ဝင်ရောက်စီးနင်းရာတွင် စစ်ကောင်စီ၏ အမှတ် ၄၃၀ တပ်ရင်းမှ စစ်ကူများရောက်ရှိလာသဖြင့် ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟု သိရသည်။


စီးနင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖက်မှ (၇) ဦးသေပြီး (၂၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ မေလ (၂) ရက်တွင် ဒဏ်ရာရသူများအား ရဟတ်ယာဉ်ဖြင့်လာ‌ ရောက်ခေါ် ယူသွားသည်ဟု သိရသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ G4 ၁ လက်၊ AK 22 ၁ လက်၊ G4 ကျည်ဘောက် ၆ ဘောက်၊ AK ကျည်ဘောက် ၃ ဘောက်၊ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံအချို့တို့အား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို ကယားစစ်ဒေသ ဘောလခဲပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာ စစ်ကြောင်းတို့က လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


#TachileikNewsAgency

Tuesday, 2 May 2023

ဗားရ်စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့သူတွေထဲမှာ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြခဲ့သူနဲ့ ခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်ခဲ့သူတို့ ပါဝင်


 ဗားရ်စခန်းသိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိခဲ့သူတွေထဲမှာ အာဏာသိမ်းမှုဆန့်ကျင် ဆန္ဒပြခဲ့သူနဲ့ ခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်ခဲ့သူတို့ ပါဝင်


မဲခေါင်၊ မေ ၂


စစ်အာဏာရှင်ကို ဆန္ဒပြရင်း ဖမ်းဆီးခံရရာကနေ စစ်တပ်ထဲရောက်ခဲ့ရသူနဲ့ ရန်ကုန်မှာ ခါးပိုက်နှိုက်ခံရမှုကြောင့် ဒုက္ခရောက်နေချိန် စစ်သားတစ်ယောက်ရဲ့ မတရားစည်းရုံးခံရလို့ စစ်တပ်ထဲရောက်ခဲ့ရတဲ့ဖြစ်ရပ်တွေကို ကာယကံရှင်တွေက ရင်ဖွင့်လာပါတယ်။


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ၊ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းချရာ ဗားရ်စခန်းကို ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်၊ မနက်အစောပိုင်း ၅ နာရီခွဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် - CNDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ သုံ့ပန်း ၁၅ ယောက်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။


ဖမ်းဆီးခံရတဲ့ သုံ့ပန်းထဲမှာ ဗိုလ်ကြီးကောင်းမြတ်ထွန်း အပါအဝင် သာမာန်တပ်သားတွေလည်းပါဝင်ခဲ့ရာမှာ တပ်သားဇော်ထက်အောင် နဲ့ တပ်သား ဝေယံထက်တို့ကတော့ စစ်ကောင်စီရဲ့ မတရားစည်းရုံးသိမ်းသွင်းခံရမှုကြောင့် စစ်တပ်ထဲဝင်ခဲ့ရမှုကို ရင်ဖွင့်လာတာပါ။


ရန်ကုန်ကိုအလုပ်လုပ်ဖို့ ဆင်းလာတဲ့ ဇော်ထက်အောင်ဟာ ပါလာတဲ့ပိုက်ဆံတွေခါးပိုက်နှိုက်ခံရလို့ ဒုက္ခရောက်နေချိန် စစ်သားတစ်ယောက်နဲ့တွေ့ဆုံပြီး အကူအညီတောင်းခဲ့တာလို့ဆိုပါတယ်။


“သူက ဘာကူညီရမလဲပြောတော့ သူနဲ့လိုက်ခဲ့ပါဆိုလို့လိုက်သွားတယ်။ အဲဒီမှာ ပြန်မလွှတ်တော့ဘဲနဲ့ အဲဒီစစ်သားကလည်း ပြန်မလာတော့ဘူး။ အဲဒီမှာ တပ်ကြပ်တစ်ယောက်ကပြောတယ်။ မင်းစစ်ထဲဝင်မလားလို့မေးတယ်။ မဝင်ချင်ဘူးလို့ ပြောတော့ ဒလန်လားလို့မေးတယ်။ ဒလန်ဆိုတာဘာလဲလို့ ကျွန်တော်ပြန်မေးလိုက်တော့ ဒလန်ဆိုတာလာပြီးထောက်လှမ်းလာတာပဲ လို့ ပြောပြီးတော့ ကျွန်တော့်ကို ပြန်မလွှတ်ပေးတော့တာ။ အဲဒီကနေ တစ်ခါတည်း စစ်တပ်ထဲဝင်ခဲ့ရတာ” လို့ တပ်သားဇော်ထက်အောင် က ပြောပါတယ်။


အဲ့ဒီကနေ အခုဖလမ်းအခြေစိုက် စစ်ကောင်စီတပ် ခလရ (၂၆၈) ဗားရ်တပ်စခန်းမှာစတင်တာဝန်ထမ်းဆောင်ခဲ့ရင်း ထွက်ဖို့ကြိုးစားရာကနေ စခန်းသိမ်းတိုက်ပွဲမှာ ဖမ်းခံရတာလို့ ဆိုပါတယ်။


အလားတူ တပ်သား ဝေယံထက်မှာလည်း နွေဦးတော်လှန်ရေးကာလတုန်းက ဆန္ဒပြလိုက်ရင်း ဖြိုခွင်းခံရရာကနေ အဖမ်းခံပြီးနောက် စစ်ထဲရောက်လာခဲ့ရပုံကို ရင်ဖွင့်ခဲ့ပါတယ်။


“အာဏာသိမ်းချိန်မှာ ဆန္ဒပြလိုက်ရင်း ဖြိုခွင်းခံရရာကနေ အဖမ်းခံရတယ်။ အဲဒီမှာ ထောင်ကျခံမလား။ တပ်ထဲဝင်မလားဆိုပြီး ၂ မျိုးမေးတယ်။ အဲဒါနဲ့ ထောင်မကျချင်လို့ တပ်ထဲဝင်လိုက်တာဗျ။ နောက်တော့ ဦးလေးနဲ့ညှိပြီးတော့ ပြန်ထွက်ဖို့စဉ်းစားသေးတယ်။ ဒါပေမယ့်ချင်းပြည်နယ်ကို တခါမှ မရောက်ဖူးဘဲ ရောက်ခဲ့တာကနေ ဘယ်လိုမှ ပြန်ထွက်ဖို့မဖြစ်နိုင်တော့ဘူး” လို့ ဆိုပါတယ်။


ဗားရ်စခန်းသိမ်းတိုက်ပွဲမှာ စစ်သားနဲ့ရဲစုစုပေါင်း ၁၄ ယောက်သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းများစွာကို CNDF ဘက်ကသိမ်းဆည်းရမိခဲ့ပါတယ်။


ဒါ့အပြင် ဗိုလ်ကြီးအဆင့်ရှိ ကောင်းမြတ်ထွန်းနဲ့အတူတပ်သား ဇော်ထက်အောင်နဲ့ ဝေယံထက်တို့အပါ ၁၅ ယောက်တို့ကို အရှင်ဖမ်းဆီးရမိခဲ့တာပါ။


ဖမ်းဆီးခံရသူတွေကို ကောင်းမွန်စွာ နိုင်ငံတကာစစ်ဉပဒေနဲ့အညီကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း နဲ့ တော်လှန်ရေးရဲဘော်တွေနဲ့အတူ တန်းတူအခွင့်အရေး ရရှိကြောင်း ကာယကံရှင်တွေကလည်း ထုတ်ဖော်ပြောကြားလာသလို တော်လှန်ရေးအဖွဲ့ကို ယုံကြည်တယ်လို့ ဆိုပါတယ်။


“ကျွန်တော်တို့ ဒီအတိုင်းပြန်သွားလို့ အဆင်မပြေဘူး။ စစ်ကောင်စီက စခန်းစွန့်ခွာမှုနဲ့ ထောင်ချမယ်။ မိသားစုကိုလည်း အန္တရာယ်ရှိတယ်။ တစ်နေရာကို သွားအခြေချမှ ရမယ်” လို့ ဗိုလ်ကြီးအဆင့်ရှိ ကောင်းမြတ်ထွန်းက ပြောပါတယ်။


CJ005

#MeKongNews

#ဗားရ်စခန်းသိမ်းတိုက်ပွဲ

#ဖလမ်းမြို့နယ်

ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို PDF က တိုက်ခိုက်


 ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို PDF က တိုက်ခိုက်

* * * * *

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာတွင် စစ်ကောင်စီတပ် လက်အောက်ခံ ရင်းငြိမ်ပြည်သူ့စစ်တပ်ဖွဲ့ကို MON - S.O.F တပ်ဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း လက်နက်အချို့ သိမ်းဆည်းရမိကြောင်း သိရသည်။


 အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်အပါအဝင် အချို့မှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းနေအိမ်မှ M16 အမျိုးအစား သေနတ် ၁ လက်၊ M1 အမျိုးအစားရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၂၀၀ တောင့်၊ ဖုန်း ၂ လုံး သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။


ရင်းငြိမ်ပြည်သူ့စစ်ခေါင်းဆောင် ဖိုးချစ်သည် ပေါင်မြို့နယ်အတွင်း CDM နှင့် အပြစ်မဲ့လူငယ်များအား ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းနှင့် လောင်းကစားလုပ်ငန်းမျိုးစုံကို စစ်ကောင်စီလက်အောက်ခံအဖွဲ့များနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်းကြောင့် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် MON - S.O.F က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။


#TachileikNewsAgency

KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို တင်မြှောက်


KNU ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို တင်မြှောက် 


ရန်ကုန်၊ မေ ၂ 


ကရင့်အမျိုးသားအစည်းအရုံး၏ ဥက္ကဋ္ဌ သစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ယ နေ့ တင်မြှောက်လိုက်ကြောင်း KNU နိုင်ငံခြားဆက်ဆံရေးဌာန၏ သတင်း နှင့်‌ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


"ဥက္ကဋ္ဌအသစ်က ပဒိုစောကွယ်ထူးဝင်းဖြစ်ပါတယ်။ အဲဒါကို အတည်ပြုပါ တယ်" ဟု KNU နိုင်ငံခြားဆက်ဆံရေးဌာန၏ သတင်းနှင့်‌ပြန်ကြား ရေးတာဝန်ခံက ပြောသည်။ 


ယခင်ရက်များကတည်းက KNU ဥက္ကဋ္ဌ သစ်အဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယင်းအချိန်က မဲပေးမှုနှင့် မဲရေတွက်မှု မပြီးစီးခဲ့သဖြင့် အတည်မဖြစ်ခဲ့ကြောင်း သိရှိရသည်။ 


ပဒိုစောကွယ်ထူးဝင်းသည် KNU ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ရာမှ ယနေ့တွင် ဥက္ကဋ္ဌသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံ ရခြင်းလည်း ဖြစ်သည်။ 

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး


ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၂ ဦးသေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံး


ရန်ကုန်၊ မေ ၁ 


ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ကညွတ်ကွင်းမြို့တို့တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၂ ဦး သေဆုံးကာ PDF ရဲဘော် ၃ ဦးကျဆုံးခဲ့ကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဧပြီလ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန် -မန္တလေး အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း နှင့် ကညွတ်ကွင်းမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အမှတ် ၂ စစ်ဒေသ၊ ပဲခူးတိုင်း၊ ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းတို့ကြား တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၂ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ချစ်မျိူးဝေ၊ ရဲဘော် ဘိုဘိုအောင် ၊ ရဲဘော်တင့်လွင် တို့ကျဆုံးခဲ့ကြောင်း သိရသည်။


ကျဆုံးရဲဘော် ၃ ဦးအား ဧပြီလ ၂၄ ရက်နံနက် ၁၀ နာရီက ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ရေစက်ချ တရားနာ အမျှဝေခြင်းလုပ်ဆောင်ခဲ့ကာ တိုင်းပြည်အတွက် တာဝန်ကျေးပွန်စွာထမ်းဆောင်ခဲ့သော ရဲ ဘော် ၃ ဦးအား ပြည်သူ့အာဇာနည် နိုင်ငံသူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဦးညွှတ်ပါကြောင်း ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ ထုတ်ပြန်ထားသည်။


တိုက်ပွဲကာလအတွင်း အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော အဖွဲ့အစည်းအားလုံးကို အထူးကျေး ဇူးတင်ရှိပါကြောင်းနှင့် တပ်ဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိပဲ မတရားဖမ်းဆီးခံရသော ပြည်သူများရှိပြီး တိုက်ပွဲ အသေးစိတ် အခြေအနေကို ထုတ်ပြန်ရန် မရှိသေးကြောင်း ပဲခူးခရိုင် အမှတ် ၃၇၀၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။ 

ဧပြီလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊ အငြိမ်းစား စစ်အရာရှိ အပါအဝင် ၂၀ ဦးသေဆုံး

ဧပြီလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊ အငြိမ်းစား စစ်အရာရှိ အပါအဝင် ၂၀ ဦးသေဆုံး


ရန်ကုန်၊ မေ ၂


စစ်အာဏာရှင် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများ၊ နိုင်ငံတစ်ဝန်း တိုက်ပွဲများနှင့် ပစ်ခတ်ခံရမှုများကြောင့် ဧပြီလအတွင်း ဗိုလ်မှူးကြီး ၃ ဦး၊ ဒုဗိုလ်မှူးကြီး ၆ ဦး၊ ဗိုလ်မှူး ၈ ဦး ၊အငြိမ်းစား စစ်အရာရှိများအပါအဝင် ၂၀ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ပုလဲတွင် ဗိုလ်မှူး မင်းမြတ်သူ သေဆုံး

=============================


ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် စစ်ကိုင်းတိုင်းပုလဲမြို့နယ်၊ နှောကန်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ပုလဲမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက် ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူ ၂ ဦးတွင် တစ်ဦးမှာ ဗိုလ်မှူး မင်းမြတ်သူ ဖြစ်ကြောင်း သိရှိရသည်။ 


မင်းတိုင်ပင်ကျေးရွာတွင် ဗိုလ်မှူး ၁ ဦး သေဆုံး

=====================================


ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ နောက်ဘက်သို့ ရှေ့ပြေးကင်း အဖြစ် ထွက်လာသော အ ကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကိုက် ၁၀၀ အတွင်း အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး တစ်ယောက် အပါအဝင် အကြမ်း ဖက်စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ရေတာရှည်တွင် ဗိုလ်မှူး ၁ ဦး သေဆုံး

==============================


ဧပြီလ ၄ ရက် နေ့လည် ၁၁ နာရီ၀န်းကျင် အချိန်ခန့်က တော်လှန်ရေးအင်အားစုများ နေရာယူထားသော ပဲခူးတိုင်း၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မိချောင်းအိုင် ကျေးရွာအုပ်စု၊ ကျောက်ပုံ ကျေးရွာ မြောက်ဘက် တရုတ်ကုန်း သို့ မိချောင်းအိုင် ကျေးရွာအုပ်စု ရွှေသောင် ရွာဟောင်းမှ တဆင့် စစ်တောင်းမြစ် ကမ်းပါးအတိုင်း အင်အား ၁၀၀ ၀န်းကျင်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၇ နာရီ ကျော် ကြာမြင့်ခဲ့ကြောင်း ၊ အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး အဆင့်ရှိသူ တစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် (၂၀)ကျော် သေဆုံးပြီး (၁၀)ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တော် လှန်ရေးအင်အားစုများ ဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ရွှေကူတွင် ဗိုလ်မှူး/ဗိုလ်ကြီး တစ်ဦးသေဆုံး

 ===============================


ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ဧပြီလ ၅ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကြောင်းမှူး ဗိုလ်မှူး/ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်တပ်ဘက်မှ ၃၀ အထက် သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ရွှေက္ကိုလ်တိုက်ပွဲတွင် စစ်တပ်လက်အောက်ခံ BGF ဗိုလ်မှူး ဒီးဒီ သေဆုံး 

=======================================================

ဧပြီလ ၅ ရက်နေ့ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်ဒေသ စခန်းသိမ်းတိုက်ပွဲတွင် BGF တပ်ရင်း(၁၀၁၇) တပ်ရင်းမှူး ဗိုလ်မှူး ဒီးဒီ သေဆုံးခဲ့ပြီး စစ်တပ်ဘက်မှ ၈၅ယောက် သေဆုံးပြီး (၆၀)ခန့် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။ 


မတ္တရာတွင် ဗိုလ်မှူး အောင်မြင့် သေဆုံး

==============================

ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့ အထိ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ဗိုလ်မှူး အောင်မြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။


လှိုင်သာယာဗုံးကွဲတွင် ဗိုလ်မှူးကြီး ဇင်မောင်လွင် မိုင်းထိသေဆုံး

====================================================


ဧပြီလ ၁၃ ရက် ည (၈း၁၀)ခန့်က လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက-၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ ကြောင်း၊ ယင်း ပေါက်ကွဲမှုကို စစ်တပ်က သွားရောက် စစ်ဆေးခဲ့ရာ ည ၈ နာရီ ၂၀ အချိန် ပထမ ပေါက်ကွဲသည့် နေရာနှင့် ၁၅ ပေခန့် အကွာ၌ ထပ်မံ ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဗိုလ်မှူးကြီး ဇင်မောင်လွင်၏ ဦးခေါင်းထဲ မိုင်းစမှန်ပြီး သေဆုံးခဲ့သည်။ 


 

သန်လျင်တွင် ဒုဗိုလ်မှူးကြီး အောင်ညီထွန်း (ငြိမ်း) (၄၈-နှစ်) သေဆုံး

=============================================


ဧပြီ ၁၈ရက် နံနက် ၁၁နာရီခွဲခန့်က ရန်ကုန်တိုင်း သန်လျင်မြို့ ထန်းပင်ကုန်း ရပ်ကွက်ရှိ အမှတ်(၃)ကျောင်း အနီးတွင် ပစ်ခတ်မှုဖြစ်ပွားရာ ခမရ ၄၅၆ ကွတ်ခိုင် တပ်ရင်းမှူး ဖြစ်ခဲ့သော အငြိမ်းစား ဒုတိယ အောင်ညီထွန်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ 


ဘီးလင်းတွင် ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး သေဆုံး 


ဧပြီလ ၁၂ ရက်နေ့တွင် မွန်ပြည်နယ် ၊ ဘီးလင်းမြို့အနီးရှိ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် ဖြတ်သန်းလာသည့်ကားများကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဗိုလ်မှူး/ဗိုလ်ကြီး အေးမင်းဦး ဖမ်းဆီးရမိကြောင်း၊ ယင်းနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး ချုပ်နှောင်ထားစဉ် ယင်းနေ့ ညပိုင်းတွင် အိမ်သာတက်ရန် အကြောင်းပြကာ ထွက်ပြေးရာမှ ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည် ပစ်ခတ် ဖမ်းဆီးရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ်အတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


 ဟားခါးမြို့နယ်အတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၂ 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း မေလ ၁ ရက်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး လက်နက် ၁၁ လက်နှင့် ခဲယမ်းမျာ သိမ်းဆည်းရမိကြောင်း ချင်းအမျိုးသားတပ်မတော်CNA နှင့် ဒေသသတင်းရင်း မြစ်များက အတည်ပြုပြောသည်။ 


မေလ ၁ ရက်နေ့ နံနက်ပိုင်း ဂန့်ဂေါမြို့နယ်မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ ခြေလျင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်၏ တပ်မ ၇၇ စစ်ကြောင်းကို ဟားခါးမြို့နယ်အတွင်းတွင် CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂၀ ဝန်းကျင်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်၏ သေနတ် ၉လက်၊ ၆၀မမ မော်တာတစ်ခု၊ RPG လောင်ချာတစ်ခု၊ လက်ပစ်ဗုံး ၁၁ လုံး၊ မိုဘိုင်းဖုန်းများနှင့် အခြားစစ်အသုံးအဆောင်များ၊  လက်နက်ခဲယမ်းများကို CNA နှင့် CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- မေလ ၁ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၀ ဝန်းကျင်သေဆုံးပြီး စစ်တပ်၏ လက်နက် ၁၁ လက်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားစဉ်။

Monday, 1 May 2023

မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို ၈ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား


 မတ္တရာတွင် စစ်တပ် စစ်ကြောင်းကို ၈ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြား


ရန်ကုန်၊ မေ ၁


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၈ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးကျဲခြင်းကြောင့် စစ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့မှ မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဧပြီလ ၂၁ ရက်နေ့တွင် အိမ်စီးကားများ အသုံးပြုပြီး စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို ပထမအကြိမ် မြှောင်းဦးကျေးရွာ အနီးတွင် မိုင်း ၂ လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ထုံးဘိုကျေးရွာဘက်မှ ကင်းကျေးရွာဘက်သို့ ဦးတည် မောင်းနှင်လာသည့် စစ်သားများ လိုက်ပါလာသည့် အိမ်စီးကားများကို ကင်းကျေးရွာ အနီးတွင် မိုင်း ၂ လုံးဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 


ဧပြီး ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထုံးဘိုကျေးရွာမှကင်းကျေးရွာဘက်သို့ ခြေလျင် စစ်ကြောင်းထိုးလာစဥ် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ကင်းကျေးရွာ၊ ရွှေပုထိုးတောင်၊ ကျက်ပြင်ကျေးရွာ၊ ငါးလုံးပြွန်ကျေးရွာတို့တွင် အထိုင်ချ တပ်ဆွဲပြီး ပြည်သူပိုင် ပစ္စည်းများကို အဓမ္မခိုးယူပြီး နေအိမ်များကို မီးရှို့ ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်ကို နတ်ဆိုး မြေအောက် တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ ရဲဘော်များက ၄ ရက်ဆက်တိုက် ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


" အသေစာရင်းကတော့ ၃ ကောင် ထက်မနည်းသေတယ်။ ဒဏ်ရာ ရတာလည်း အတော်များတယ် ၈ ရက်အတွင်း မြေပြင်ဝေဟင် တိုက်ခိုက်ခဲ့တာပါ" ဟု နတ်ဆိုး မြေအောက် တော်လှန်ရေး တပ်ဖွဲ့ တာဝန်ခံ ဗိုလ်နတ်ဆိုးကပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ထံမှ အူစီ ကျည်ဘောက် ၂ ဘောက်၊ ၉ မမ ကျည် ၂၀ တောင့်၊ လိုင်စဥ် ၁ ခု၊ ဖုန်းတစ်လုံး G3 ကျည် ၂၂တောင့်နှင့် ရဲယူနီဖောင်းတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မုံရွာမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၅ ဦးသေဆုံး


 မုံရွာမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု ၅ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၃၀ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Chindwin Attack Force မှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။


ယမန်နေ့ ဧပြီလ ၂၉ ရက် ညနေ ၆ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်သားများ တပ်စွဲထားသည့် ကညနရုံးနှင့် စိုက်ပျိုးရေး ရုံးတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပြိုင်တည်းဝင်ရောက် တိုက် ခိုက် အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


“တိုက်ပွဲက နာရီဝက်လောက်ကြာခဲ့တယ်၊ ဝင်တိုက်ခဲ့တဲ့နေရာနှစ်ခုက နီးနီးလေးပဲ၊ နေရာ ၂ ခုပေါင်းရင် စစ်ခွေး အင်အားက ၆၀ လောက်ရှိမယ်၊ တိုက်ပွဲပြီးခါနီးတော့ စစ်ကူလာတယ်၊ အပြန်အလှန်ပစ်ခတ် တိုက် ပွဲဖြစ်ခဲ့တာပါ” ဟု မုံရွာ ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း ၄ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys ) ၊ မုံရွာခရိုင်အမှတ် (၅) တပ်ရင်း A.S.F (Aung San Force) ၊ မုံရွာခရိုင်တပ်ရင်း (၇) ၊ ယင်းမာပင်တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော် ၊ 5/UG ၊ MRDA ရင်း (6) တပ်ခွဲ2 စေတန် ၊ Spring Dove နှင့် People's Defense & Revenge Army PDRA တပ်ဖွဲ့တို့ ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မုံရွာ ခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ တပ်ရင်း - ၃ တပ်ရင်း ၄ ၏ တပ်ရင်းတပ်ဖွဲ့များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အရေး ပေါ်လက်နက်ခဲယမ်းများစွာ လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ


ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး လက်နက်များ သိမ်းဆည်းရမိ


ရန်ကုန်၊ မေ ၁ 


ဟားခါးမြို့နယ်၊ ချွန်ကျူံးရွာတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခဲ့ကြောင်း၊ စစ်တပ်က အထိနာပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


ဧပြီလ ၃၀ ရက်နေ့ တစ်နေ့လုံး ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် စစ်ကောင်စီတပ်များနှင့် ချင်းတော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်များက ချွန်ကျုံးကျေးရွာတွင် ပြန်လည် အခြေချ တပ်စွဲရန် ကြိုးစားစဉ် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာသဖြင့် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


ယ‌မန်နေ့ဧပြီ ၃၀ရက် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲဖြစ်ပွားပြီး ထို တိုက်ပွဲတွင် ချင်း ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်အချို့သိမ်းယူနိုင်ကြောင်း ဒေသသတင်း ရင်းမြစ် The Chin Post က သတင်းဖော်ပြသည်။ 


"မနေ့က တိုက်ပွဲက ပြင်းထန်တယ်။ လေယာဉ်နဲ့လည်း တောက်လျှောက်ဗုံးကျဲတာ။ ချင်းကာကွယ်ရေးဘက်မှာလည်း အထိအခိုက်တချို့ရှိပါတယ်" ဟု ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။ 

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...