Tuesday, 16 July 2024

မန္တလေးနှင့် ၁၀ မိုင်ခန့်သာ ဝေးသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုကို MDY-PDF ထပ်မံသိမ်းပိုက်



 မန္တလေးနှင့် ၁၀ မိုင်ခန့်သာ ဝေးသည့် စစ်ကောင်စီတပ်စခန်းနှစ်ခုကို MDY-PDF ထပ်မံသိမ်းပိုက်

------------

မန္တလေးနှင့် ၁၀ မိုင်ကျော် အကွာအဝေးသာရှိသော Alpha ဘိလပ်မြေစက်ရုံမှ စစ်ကောင်စီတပ်စခန်းနှင့် မန္တလေး-မိုးကုတ်ကားလမ်းပေါ်ရှိ တံငါ (တောင်) တပ်စခန်းတို့ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ၏ ပြောခွင့်ရ ကိုအော်စမွန်က Myanmar Now ကို ပြောသည်။


စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Alpha ဘိလပ်မြေစက်ရုံတပ်စခန်းမှ ဆုတ်ခွာပြေးချိန်တွင် စက်ရုံကို မီးရှို့ဖျက်ဆီးသွားပြီး၊ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ် ဆယ်ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။


“ကျွန်တော်တို့ အပြီးသတ်ရရှိတဲ့အချိန်မှာပဲ ရန်သူက ဆုတ်ခွာပြေးတယ်။ ဆုတ်ခွာပြေးတဲ့အချိန်မှာ သူတို့က စက်ရုံဝင်းအတွင်းမှာရှိတဲ့ အဆောက်အအုံတွေကို မီးရှို့သွားတယ်။ အဆောက်အအုံတွေက ခိုင်ခံ့ကောင်းမွန်တာကြောင့် အများကြီးတော့ မီးလောင်သွားတာမရှိပါဘူး” ဟု ကိုအောင်စမွန်က ဆိုသည်။


MDY-PDF အနေဖြင့် မတ္တရာမြို့နယ်အတွင်း သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး၊ မတ္တရာမြို့နယ်အတွင်း ကျောက်တံတားကျေးရွာတပ်စခန်းတွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဆိုသည်။


၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ စတင်သည့် နေ့မှစ၍ ဖမ်းဆီးရမိသည့် သုံ့ပန်းအရေအတွက် ၁၅၀ ကျော်ရှိလာပြီး တပ်မိသားစုဝင်များအပါအဝင် ၃၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း ကိုအော်စမွန်က ဆိုသည်။


MDY-PDF က သိမ်းပိုက်ရရှိသည် ကြေညာသော Alpha ဘိလပ်မြေစက်ရုံတပ်စခန်းသည် အာဏာသိမ်းပြီးလအနည်းငယ် အကြာကတည်းက စစ်ကောင်စီက အင်အား ၅၀ ခန့်ဖြင့် တပ်စွဲအထိုင်ချထားခြင်းဖြစ်သည်။


ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က အဆိုပါစက်ရုံမှ ပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး အောင်သပြေကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဒေါ်တင်လှ သေဆုံးခဲ့သည်။ ယင်းမှစကာ အောင်သပြေကျေးရွာ ရွာသူရွာသားအားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။


ထို့နောက် ဇွန်လ ၁ ရက်နေ့တွင် ကျေးရွာနေအိမ်သို့ ခေတ္တသွားရောက်ကာ လိုအပ်သည့်အသုံးအဆောင်များ ယူဆောင်သည့် အသက် ၂၀ အရွယ် ကိုဝင်းလွင်ဦးနှင့် ကိုသန်းကိုဝင်းတို့နှစ်ဦး ဖမ်းဆီးခံလိုက်ရပြီး သေသည်ရှင်သည်မသိရဘဲ အဆက်အသွယ်ပြတ်တောက်သွားကြောင်း ဒေသခံများက ပြောသည်။


ရွာလုံးကျွတ်တိမ်းရှောင်နေရသည့် အောင်သပြေကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကလည်း “ဟုတ်တယ်၊ တော်လှန်ရေးအဖွဲ့က သိမ်းလိုက်ပါပြီ။ မနေ့ကစပြီး ပစ်သံခတ်သံ လုံးဝမကြားရတော့ဘူး။ လေယာဉ်လာတိုက်တာပဲ ရှိတယ်။ ဘယ်သူမှတော့ ရွာပြန်မကပ်ရဲသေးဘူး။ အကုန်စစ်ရှောင်နေရတုန်းပဲ” ဟု ယနေ့ ဇူလိုင် ၁၆ ညပိုင်းတွင် ပြောသည်။


ဇွန် ၂၅ မှ စတင်ကာ ၁၀၂၇ စစ်ဆင်‌ရေးအပိုင်း (၂) နှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေး ဖော်ဆောင်နေသည့် MDY-PDF က မတ္တရာမြို့နယ်အတွင်း ရေနံ့သာရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၂၈ ခုကို သိမ်းပိုက်ရရှိပြီးဖြစ်သည်။


၎င်းတို့၏ စစ်ဆင်ရေးသည် မြန်မာပြည်အလယ်ပိုင်း စီးပွားရေးအချက်ချာကျပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ရာ မန္တလေးမြို့နှင့် အင်မတန်နီးကပ်လာသောကြောင့် စစ်ကောင်စီသည် မန္တလေးမြို့ကို ခံစစ်ပြင်ကာ လုံခြုံရေးအထူးတင်းကျပ်ထားသည်။

Monday, 15 July 2024

တောင်သာမြို့နယ်ရှိ အင်အား ၄၀ ခန့်ရှိသော ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းကို ဝင်တိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ပျူစောထီး ၄ ဦးအရှင်မိ၊ လက်နက် ၁၀ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ


 တောင်သာမြို့နယ်ရှိ အင်အား ၄၀ ခန့်ရှိသော ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းကို ဝင်တိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ပျူစောထီး ၄ ဦးအရှင်မိ၊ လက်နက် ၁၀ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၅ 


မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ အင်အား ၄၀ ခန့်ရှိသော ကျွဲတလင်းကျေး ရွာ ပျူစောထီးစခန်းကို တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီးရရှိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် တောင်သာမြို့နယ်၊ ကျွဲတလင်းကျေး ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီအချိန်တွင် စခန်းသိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါ စခန်းတွင် လက်နက်ကိုင် ပျူစောထီး ၁၅ ဦးခန့်၊ အခြားအရန်အင်အား ပြည်သူ့စစ် (ခေါ်) ပျူစောထီးများ အပါအဝင် စုစုပေါင်း အင်အား ၄၀ ခန့်ရှိကြောင်း၊ တိုက်ခိုက်မှုကြောင့် ပျူစောထီး ၂ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိကြောင်း ကျန်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း၊ လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


“မနက်အစောပိုင်း ၄ နာရီခွဲလောက်က ပျူစခန်းကိုကပ်တယ်၊ ၅ နာရီလောက်မှာ ပူးပေါင်း မဟာမိတ်တွေက စတိုက်ကြတာ၊ ၆ နာရီခွဲ ၇ နာရီဝန်းကျင်လောက်မှာ သိမ်းနိုင်တယ်၊ တိုက်ပွဲချိန်က ၁ နာရီခွဲ ၂ နာရီလောက်ကြာတယ်။ သေတာက ၂ ကောင်သေတာ၊ ကျန်တဲ့သူတွေက လက်နက်ချပြီးထွက်ပြေးကြတာ၊ အဲဒီရွာရဲ့ ပတ် ပတ်လည်က တောင်တွေ၊တောင်တွေရိုးတွေကောင်းတော့ လိုက်ပြီမချေမှုန်းနိုင်လိုက်ဘူး။ သူတို့ ဆီ မှာ က လက်နက်တော့မပါသွားဘူး။ လက်နက် ၁၀ လက်နဲ့ခဲယမ်းတွေအမြောက် အများရခဲ့တယ်။ ဖမ်းမိတဲ့အထဲမှာ ပျူခေါင်းဆောင်ပါတယ်။ အဲဒီရွာက စစ်တပ်ထောက်ခံတဲ့သူတွေများတယ်၊ အဲဒီရွာ လူတွေက အခုလက်ရှိစစ်တပ်ထဲမှာကို စစ်ဗိုလ်တွေ၊ စစ်သားသားသမီးတွေများတယ်၊ ပျူခေါင်း ဆောင် က နေအိမ်ကနေ ပြန်လည်ခုခံလို့ လက် နက်ကြီးနဲ့ထုလိုက်တာမီးစွဲလောင်သွားတယ်၊ ကျန်တဲ့ အိမ်တွေတော့ မီးလောင်တာမရှိပါဘူး။ စစ်တပ်က ညနေလောက်မှ ရောက်လာပြီး ပြည်သူ့နေအိမ် ၂ လုံးကို ထပ်ပြီးမီးရှို့သွားတယ်။ အခုလက်ရှိအဲဒီရွာမှာက ပျူရော စစ်ခွေးရောမရှိတော့ဘူး” ဟု တောင်သာမြို့နယ်ပကဖ TTA PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။


အဆိုပါ ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းသည် အရေးပါသော စခန်းတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ၏ ထောက်ပို့လမ်းကြောင်းကို အနှောင့် အယှက်ပေးနေသော ကျေးရွာတစ်ခုဖြစ်ကြောင်း သိရှိရသည်။


စစ်ဆင်းရေးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သာပလဖ၊ နေပြည်တော်၈၀၁ တပ်ရင်း ၊ ညောင်ဦးခရိုင်တပ်ရင်း ၁ ၊ မိတ္ထီလာပကဖ အပါ အဝင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

လားရှိုး၊ အမှတ် ၆၂၆ ထောက်ပို့တပ် မှ စစ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်မှု ငွေကျပ် ၁၆၅ သိန်းချီးမြှင့်


 လားရှိုး၊ အမှတ် ၆၂၆ ထောက်ပို့တပ် မှ စစ်သား ၁၀ ဦး လက်နက်ချ အလင်းဝင်မှု ငွေကျပ် ၁၆၅ သိန်းချီးမြှင့်


ရန်ကုန်၊ ဇူလိုင် ၁၅ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အခြေစိုက် အမှတ် ၆၂၆ ထောက်ပို့တပ်မှ စစ်သား ၁၀ ဦးသည် လက်နက်ချ အလင်းဝင်လာကြောင်း MNDAA က ပြောသည်။ 


ဇူလိုင်လ ၃ ရက်နေ့မှစတင်ပြီး လားရှိုးရှိ စစ်ကောင်စီတပ်များနှင့် MNDAA အကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ရက်ပိုင်းအတွင်း အမှတ် ၆၂၆ ထောက်ပို့တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသည် လက်နက်များနှင့်တကွ လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။ 


အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ချ အခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကို ငွေကျပ် ၁၆၅ သိန်း ချီးမြှင့်ကြောင်း၊ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် က ရိုင်ဖယ် သေနတ် ၉ လက်၊ လက်ပစ်ဗုံး ၅ လုံး ၊ ဖောက်ခွဲရေးစက် ၅ လုံး ၊ ကျည် ၅၆၃ တောင့် ယူဆောင်လာကြောင်း သိရှိရသည်။

Sunday, 14 July 2024

ညောင်ရွှေမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ



 ညောင်ရွှေမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၄ 


ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာမှ ဆိုင်ကယ်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


ယနေ့ ဇူလိုင်လ ၁၄ ရက် နံနက် ၁၀ နာရီ အချိန်က ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်တပ်စခန်းမှ ဆိုင်ကယ်ထွက်လာသည့် အကြမ်းဖက် စစ်တပ် လက်အောက်ခံ PNO အဖွဲ့ဝင် ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံးသေဆုံးသွားပြီး သေနတ် ၂ လက်၊ ကျည်ဘောက် ၅ ဘောက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“စကစနဲ့ အတူ ပူးပေါင်းစစ်ရေး လှုပ်ရှားနေလို့သာ ကျွန်တော်တို့ကတိုက်ခိုက်ရတာပါ။ PNO ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ စကစနဲ့ မပူးပေါင်းဘဲ ပြည်သူဘက်က PNO ကို ရပ်တည်ပေးစေချင်ပါတယ်။ ပြည်သူဘက်ကနိုင်နေပါပြီ ဒီအခြေအနေမှာ ပြည်သူဘက်က မရပ်တည်ရင် ဘယ်သူနဲ့ရပ်တည်မှာလဲ" ဟု ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။


လက်ရှိတွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်‌အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များက နန့်ဗွမ်ကျေးရွာတွင် စခန်းချတပ်စွဲထားပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေး အဖွဲ့၊ SSRY ၊ ပျားစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့တို့နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ပျားစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လားရှိုးမြို့နယ် ခလရ ၆၈ ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ခမရ ၅၀၇နှင့် လွယ်ပြေစခန်းတို့တွင် လည်း တိုက်ပွဲများ ပြင်းထန်နေ



 လားရှိုးမြို့နယ် ခလရ ၆၈ ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ခမရ ၅၀၇နှင့် လွယ်ပြေစခန်းတို့တွင် လည်း တိုက်ပွဲများ ပြင်းထန်နေ


ရန်ကုန်၊ ဇူလိုင် ၁၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ တပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း စစ်ဘက်နှင့် တော်လှန်ရေးသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


လားရှိုးမြို့အဝင် ရပ်ကွက် ၁၂ အေတီတံတားအကျော်တွင်ရှိနေသော ခလရ ၆၈ တပ်မှာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်းကပင် တပ်ရင်းစခန်းတစ်ခုလုံး အဆက်အသွယ်ပြတ်တောက်ပြီး ဆုတ်ခွာလာသော တပ်တချို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲသို့ ပြန်လည်ရောက်ရှိလာကြောင်း စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။ 


"ဆုတ်ခွာလာတဲ့ တပ်တချို့ ပြန်ပေါင်းတယ်။ အဖမ်းခံရတဲ့သူတွေလည်းများတယ်။ ခလရ ၆၈ က ကျပြီလို့ ပြောလို့ရတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ 


တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း ခလရ ၆၈ ကို MNDAA က သိမ်းပိုက်ရရှိထားပြီဟု ကြားသိထားသော်လည်း MNDAA ဘက်က ထုတ်ပြန်မှသာလျှင် အတည်ပြုနိုင်မည်ဖြစ်ကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရှိကြောင်း၊ လားရှိုးတိုက်ပွဲတွင် MNDAA တပ်ပေါင်းစုက နေရာပေါင်းစုံမှ တိုက်ခိုက်နေပြီး မြို့တွင်းအထိ တိုက်ပွဲများရှိနေကြောင်း ပြောဆိုသည်။ 


လတ်တလော ခမရ ၅၀၇ ရှိနေသော အထက်မန်အိုင်နှင့် လွယ်ပြေတောင်စစ်စခန်းတို့တွင် ယမန်နေ့တစ်နေ့ လုံး မှ ယနေ့အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

Saturday, 13 July 2024

မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ် ထွက်လာသော ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ


 မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ် ထွက်လာသော ရဲ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၁ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၃ 


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၂၃ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ဈေးဝယ်ရန် ထွက်လာသည့် ရဲ ၁ ဦးကို အသင့် နေရာယူ စောင့်ဆိုင်းပြီး ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး G 3 အမျိုအစား သေနတ် ၁ လက် ၊ 7 .62 ကျည် ၄၃ တောင့်နှင့် ဖုန်း ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


“ကုက္ကဲရွာကို ရဲစခန်းထဲကနေ ဈေးဝယ်ထွက်လာတာ။ ခြေလျင်ပဲထွက်လာတာ။ ကြိုတင်သတင်းရလို့ ကင်းပုန်းဝပ်ပြီး ချောင်းပစ်တာ။ လက်ဦးမှု ရယူပစ်လိုက်တာဆိုတော့ အပြန်အလှန်လည်းမဖြစ်လိုက် ရဘူး၊ မနေ့ကတော့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်။ ကျနော်တို့တစ်ဖွဲ့တည်း ပဲ လုပ်ဆောင်ခဲ့တာပါ” ဟု ရွှေခြံသားပြောက်ကျား တပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်း သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကုက္ကဲရဲစခန်းအတွင်းမှ စစ်သားများက ညပိုင်းတွင် လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Friday, 12 July 2024

သံတွဲရှိ နောက်ဆုံးလက်ကျန် တပ်ရင်း ခလရ ၅၅ ကို AA သိမ်းယူခဲ့ပြီး မြို့သိမ်းရန် အတွက် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် တိုက်ခိုက်နေ


 သံတွဲရှိ နောက်ဆုံးလက်ကျန် တပ်ရင်း ခလရ ၅၅ ကို AA သိမ်းယူခဲ့ပြီး မြို့သိမ်းရန် အတွက် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆက်လက် တိုက်ခိုက်နေ


ဧရာဝတီတိုင်းမ်

ဇူလိုင် ၁၂ရက်


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်သည့် ခလရ-၅၅ ကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


သံတွဲမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ သံတွဲအခြေစိုက်တပ်ရင်းများထဲမှ လက်ကျန် စခန်းတစ်ခုဖြစ်သော ခလရ-၅၅ တပ်ရင်းကို ဇူလိုင် ၉ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့‌ကြောင်း သိရသည်။ 


အဆိုပါတပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရာတွင် စစ်ကောင်စီ၏ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့‌ကြောင်း AA က ထုတ်ပြန်သည်။ 


ရခိုင်ပြည်နယ်အတွင်းမှ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA က တစ်ခုပြီး တစ်ခု ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယခုရက်များ၌ အဓိကတိုက်ပွဲ ဖြစ်ပွားလျက်ရှိသော နေရာများထဲမှ သံတွဲမြို့နယ် နှင့် မောင်တောမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်းနှစ် ခုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်သော ခမရ-၅၆၆ ကို ဇွန် ၂၇ ရက်၊နေ့ ညနေပိုင်းတွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကူလာသူများ နှင့် သံတွဲမြို့အတွင်းရှိ လက်ကျန် တပ်ဖွဲ့ဝင်များသည် သံတွဲမြို့ နှင့် သံတွဲမြို့အနီး ပတ်ဝန်းကျင်မှ ခုခံစစ်များကိုဆင်နွှဲရန် ပြင်ဆင်နေသောကြောင့် သံတွဲမြို့တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ရယူနိုင်မည့် ထိုးစစ် များကို ဆက်လက်လုပ်ဆောင်ရမည် ဖြစ်ကြောင်းသိရသည်။


စစ်ကောင်စီသည် ၎င်းတို့စီးပွား‌ရေးအရ ရင်းနှီးမြှုပ်နှံမှုများစွာရှိနေသည့် ငပလီ ဟိုတယ်ဇုံရှိရာ သံတွဲမြို့မကျစေရန်အတွက် ကြည်း၊ ရေ၊ လေမှ ခုခံတိုက်ခိုက်နေပြီး နယ်မြေအစုံမှ တပ်ရင်းတပ်ဖွဲ့များကို အင်အားအလွန်အကျွံသုံး၍ ခုခံလျက်ရှိသည်။


ထို့ကြောင့် သံတွဲမြို့သိမ်းတိုက်ပွဲသည် ယခုအချိန်တွင် အမြင့်ဆုံးနှင့်အပြင်းထန်ဆုံးသို့ ရောက်ရှိနေပြီး မြို့သိမ်းတိုက်ပွဲများတွင် အခက်ခဲဆုံးတိုက်ပွဲဖြစ်ကြောင်း AA က ဆိုထားသည်။


ဓာတ်ပုံ-AA Info Desk


#သံတွဲ #စစ်ကောင်စီ #ခလရ၅၅ #AA #သိမ်းပိုက် #မြို့သိမ်းတိုက်ပွဲ #ဆက်လက်ထိုးစစ်ဆင် #Ayeyarwaddy_Times

Thursday, 11 July 2024

ပုလောမြို့နယ်တွင် အင်အား ၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရရှိ၊ PDF ၁ ဦးကျဆုံး



 ပုလောမြို့နယ်တွင် အင်အား ၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရရှိ၊ PDF ၁ ဦးကျဆုံး


ရန်ကုန်၊ ဇူလိုင် ၁၁ 


တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် အင်အား ၅၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်မှူး သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းဆီးရရှိကာ PDF ၁ ဦးကျဆုံးကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယမန်နေ့ ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီဝန်းကျင်အချိန် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ၅ မိုင်ကျေးရွာအနီးသို့ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီလက်အောက်ခံ ခလရ ၂၈၅ စစ် ကြောင်း ကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ၁ သက်ထွန်းအောင် အပါအဝင် စစ်သား ၅ ဦး သေဆုံးခဲ့ပြီး စစ်သား ၂ ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ 


သေဆုံးသူများမှာ ဗိုလ်မှူး သက်ထွန်းအောင်၊ တပ်ကြပ်ကြီး ခင်မောင်သိန်း၊ တပ်ကြပ် ခိုင်လင်းအောင်၊ တပ်ကြပ် တင်စိုး၊ ဒု-တပ်ကြပ် သန်းဦးမြင့်တို့ဖြစ်ပြီး အရှင်ဖမ်းဆီးရရှိသော စစ်သုံ့ပန်း ၂ ဦးမှာ တပ်ကြပ် မောင်ဖြူနှင့် တပ်ကြပ် မြမောင်တို့ဖြစ်ကြောင်း သိရှိရသည်။ 


"ဖမ်းဆီးရရှိတဲ့ စစ်သား စစ်သုံ့ပန်း ၂ ဦးကို လက်ရှိအချိန်ထိတော့ ထိန်းသိမ်းထားပါတယ်" ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း ၇ ၊ တပ်ခွဲ ၅ ၊ ပုလောဒေသကာကွယ်ရေးတပ်(PRDF)မဟာမိတ်ပူးပေါင်းတပ်များမှ ဝိုင်းရံတိုက်ခိုက်ခဲ့ကြောင်း၊ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ပုလောဒေသကာကွယ်ရေးတပ်(PRDF)မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်ဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပြီး 

(၁) MA-7 ၆၀မမ စိန်ပြောင်း (၁)လက်

(၂) ၆၀မမ ကျည် (၃)ခု

(၃) MA-1 ရိုင်ဖယ် (၁)လက်

(၄) MA-2 အပေါ့စားစက်သေနတ် (၂)လက်

(၅) MA-3 ရိုင်ဖယ် (၃)လက်

(၆) MA-5 ပစ္စတို (၁)လက်

(၇) အီနဂါ (၁)ခု

(၈) လက်ပစ်ဗုံး (၈)လုံး

(၉) MA-14 နင်းမိုင်း (၃)ခု

(၁၀) MA ကျည်ဘောက် (၂၇)ခု

(၁၁) MA-2 ကျည်ဘောက်အဝိုင်း (၂)ခု

(၁၂) ၅.၅၆(ကပစ) ကျည် (၂၄၁၂)တောင့်

(၁၃) စစ်ဦးထုပ် (၆)လုံး

(၁၄) စကားပြောစက်(အသေး) (၁)လုံး

(၁၅) လက်ကိုင်ဖုန်း (၄)လုံး

(၁၆) ကျည်ကာအင်္ကျီ (၅)စုံ

(၁၇) အီကွေးမင်း (၅)ခု

(၁၈) ကျောဘိုးအိတ် (၁)လုံး တို့ဖြစ်ကြောင်း သိရှိရသည်။

Wednesday, 10 July 2024

နောင်ချိုမြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်



 နောင်ချိုမြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်


Salween Press 

ဇူလိုင် ၁၀ ရက် ၂၀၂၄ 


ရှမ်းပြည်မြောက်ပိုင်းရှိနောင်ချိုမြို့ကို ဇူလိုင် ၁၀ ရက်နေ့တွင် တအာင်းတပ်မတော်- PSLF/ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA ထုတ်ပြန်ပါတယ်။


နောင်ချိုမြို့မှ စစ်ကောင်စီ၏နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်သည့် ဒုံးတပ်ရင်း ၆၀၆ ကိုလည်း ဒီနေ့နေ့လယ်မှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ နောင်ချိုမြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်ဟု PSLF/ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေသတင်းဌာနကို အတည်ပြုပြောပါတယ်။


နောင်ချိုမြို့သည် စစ်ကောင်စီ၏စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်နဲ့အနီးစပ်ဆုံး ရှမ်းပြည်မြောက်ပိုင်းမှမြို့ ဖြစ်သည့်အတွက် စစ်ကောင်စီဘက်မှခုခံတိုက်ခိုက်လို့ ပြင်ဦးလွင်နဲ့ နောင်ချိုအစပ်ကနေရာတွင်မှာလည်း တိုက်ပွဲဆက်ဖြစ်သည်ဟု TNLA ကဆိုပါတယ်။


(Photos: Shwe Phee Myay & TNLA)

Tuesday, 9 July 2024

မိုးမိတ်နှင့် မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်း လေးခု TNLAထပ်မံသိမ်းပိုက်


 မိုးမိတ်နှင့် မိုးကုတ်ရှိ စစ်ကောင်စီတပ်စခန်း လေးခု TNLAထပ်မံသိမ်းပိုက်


▪️စစ်ဆင်ရေးလဝက်အတွင်း စစ်ကောင်စီတပ်စခန်း ၄၀ထိ သိမ်းပိုက်နိုင်ဟု TNLA ပြော


ဟန်နွေ/People’s Spring


မိုးမိတ်နှင့် မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းလေးခုကို ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ၁၀၂၇စစ်ဆင်ရေး အပိုင်း(၂) ၁၅ရက်မြောက် စစ်ရေးသတင်းဖော်ပြချက်တွင် အသိပေးထားသည်။


မိုးမိတ်မြို့နယ် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် သရက်တောစခန်းနှင့် မိုင်တိုင်(၆)တပ်စခန်းတို့ကို TNLAက သိမ်းပိုက်နိုင်ခဲ့ကြောင်းဖော်ပြသည်။ သိမ်းပိုက်ရရှိခဲ့သည့် နေ့ရက်ကို ဖော်ပြမထားသော်လည်း လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း အသိပေးသည်။


မိုးကုတ်မြို့နယ်ရှိ မိုင်တိုင်(၅) စစ်ကောင်စီတပ်စခန်းနှင့် ယောမူးစခန်းတို့ကိုလည်း ယနေ့ (ဇူလိုင် ၉ရက်) မွန်လွဲပိုင်းတွင် TNLAက သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။


TNLAနှင့် မဟာမိတ်တပ်များသည် ၁၀၂၇ စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်တွင် စတင်ခဲ့ပြီး သီပေါ၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့သည်။


စစ်ဆင်ရေးစတင်ချိန်မှ ယနေ့(ဇူလိုင် ၉ရက်)အထိ စစ်ကောင်စီတပ်စခန်း ၄၀ခုထိ သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ ညပိုင်း၌ ပြောပြသည်။


နောင်ချိုမြို့နယ် သဲခေါ်ရွာအနီးတဝိုက်တွင်လည်း TNLAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။ သဲခေါ်ရွာသို့ ဘန့်ဘွေးအခြေစိုက် စစ်ကောင်စီတပ်မှ အတွဲလိုက်ဒုံး (၃၁)လုံး၊ ဒရုန်းဖြင့် (၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ 


ထို့ပြင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နောင်ချိုမြို့ ဒုံးတပ် (၆၀၆)စခန်း အနီးတဝိုက်သို့ စစ်ကောင်စီတပ်မှ Jet Fighterဖြင့် တစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဖော်ပြသည်။


တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျောက်မဲမြို့နယ် တော့ဆန်ရွာကိုလည်း စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် တစ်ကြိမ်နှင့် လက်နက်ကြီးဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ လားရှိး၊ တန့်ယန်းမြို့နယ် စစ်ကောင်စီတပ် မန်ကတ်စခန်းမှ နားဆောင်ရွာသို့ လက်နက်ကြီးဖြင့် ရှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။


မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ‌‌ခြောက်ကြိမ်နှင့် ဗုံးကြဲတိုက်ခိုက်ရာမှာ ရွှေတောင်ဉီးရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုကြောင့် (၁၁)နှစ်အရွယ် ကလေးငယ် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး၊ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။


ထို့အပြင် သရက်တောဘုန်းကြီးကျောင်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက် ကွဲမှုကြောင့် ဘုန်းကြီး တစ်ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ဟု အသိပေးသည်။


စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ဆင်ရေးကာလအတွင်း အရပ်သားသေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ ဇွန်လ ၂၅ရက်မှ ယနေ့အထိ ၁၅ရက်တာအတွင်း အရပ်သား ပြည်သူ ၅၀ဦး သေဆုံးကာ ၇၀ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။


TNLA၏ ထုတ်ပြန်ချက်၌ လားရှိုးတိုက်ပွဲသတင်းဖော်ပြထားခြင်းမရှိသော်လည်း လားရှိုးမြို့နယ်အတွင်း ယနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ဟု ဒေသခံက ပြောသည်။


"တိုက်ပွဲက မြို့ပေါ်တော့ မဟုတ်ပါဘူး။ မြို့ပြင်ဘက်တွေမှာပါ"ဟုဒေသ သတင်းရင်းမြစ်က ပြောပြသည်။ 


လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ မြို့ပေါ်က ကြားနေရသည်ဟု ဆိုသည်။ ရပ်ကွက်အချို့အတွင်း လက်နက်ကြီးကျရောက်မှုရှိပြီး လူနှင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိသည်ဟုလည်း သတင်းရင်းမြစ်က အသိပေးထားသည်။


(၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် စစ်ကောင်စီအား တိုက်ခိုက်နေသော TNLA ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

Mandaly PDF သတင်းထုတ်ပြန်ချက်




 သတင်းထုတ်ပြန်ချက်


၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၉)ရက်

၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သိမ်းပိုက်ရရှိထားသော မတ္တရာမြို့နယ် ရေနံ့သာ တိုးဂိတ်သို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးလာရာ ၄င်းစစ်ကြောင်းအား အထိအခိုက်များစွာဖြင့် ဆုတ်ခွါသွားစေရန် ချေမှုန်းနိုင်ခဲ့သည်။ ရန်သူ့အလောင်း (၇)လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

၂။ စဉ့်ကူးမြို့နယ် ပင်လယ်ကြီးတပ်စခန်းမှ ထွက်ပြေးသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းလျက်ရှိရာ ဗိုလ်ကြီး(၁)ဦး အပါအဝင် သုံ့ပန်း (၄)ဦးခန့် ထပ်မံဖမ်းဆီးရမိခဲ့သည်။ ထို့အပြင် ရန်သူ့အလောင်း(၂)လောင်းနှင့် လက်နက်ခဲယမ်းများလည်း ထပ်မံသိမ်းဆည်းရမိခဲ့သည်။

၃။ မတ္တရာမြို့နယ် အုတ်ဖို(ရွာသစ်)ကျေးရွာသို့ တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် ကလေး(၁)ဦး အသက်သေဆုံးခဲ့ရသည်။

၄။ ထို့အပြင် မတ္တရာမြို့နယ် သန်းကုန်းကျေးရွာသို့လည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကျေးရွာစာသင်ကျောင်းအပါအဝင် အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

Monday, 8 July 2024

မန္တလေးPDFက စဥ့်ကူးမြို့နယ်အတွင်းစစ်ကောင်စီစခန်း ၅ ခုကိုထပ်မံသိမ်းပိုက် ၊ ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင်အပါအဝင် စစ်သား ၁၅ ဦးကိုဖမ်းဆီး


 မန္တလေးPDFက စဥ့်ကူးမြို့နယ်အတွင်းစစ်ကောင်စီစခန်း ၅ ခုကိုထပ်မံသိမ်းပိုက် ၊ ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင်အပါအဝင် စစ်သား ၁၅ ဦးကိုဖမ်းဆီး


- နေ့သစ်/ People's Spring 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)(MDY-PDF )

က စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း 

၅ ခုထပ်မံသိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ် မှ ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။


စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည် ရဲစခန်း ၊ လက်ပန်လှ ရဲစခန်း ၊ ကျည်တောက်ပေါက် တပ်စခန်း ၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ ပြီး ယခင်သိမ်းပိုက်ရရှိထားသော စစ်ကောင်စီ တပ်စခန်း(၆)ခု အပါအဝင် တပ်စခန်းသိမ်းပိုက်မှု (၁၁)ခုအထိ ရှိခဲ့ပြီဖြစ်သည်ဟု မန္တလေး PDF က ယနေ့ (ဇူလိုင် ၈)တွင်ထုတ်ပြန်သည်။


စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီဘက်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် (OTC-19) အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရရှိပြီး လက်နက်ချ အလင်းဝင်သော ပသစ(ပျူစောထီး)တပ်ဖွဲ့များလည်း ရှိကြောင်းအသိပေးထားသည်။


ထို့အပြင စစ်ကောင်စီမှ လေကြောင်းဖြင့် ချပေးခဲ့သော လက်နက်ခဲယမ်းအထုပ်များအပါအဝင် အခြားသောလက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိကြောင်း ဓါတ်ပုံနှင့်တကွဖော်ပြသည်။


စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အား စဉ့်ကူးမြို့နယ် ပကဖမှ ထောက်ပို့ဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်းသိရသည်။


မန္တလေး(PDF)က မတ္တရာမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်း ၂၄ ခုသိမ်းပိုက်ထားပြီး စစ်တပ်မှအလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၃၀ ကျော်ရှိကြောင်း မန္တလေး PDF ပြောရေးဆိုခွင်ရှိသူ ကိုအော်စမွန်က ဇူလိုင် ၆ ရက်တွင် People's Spring သို့ပြောသည်။


(ဒုဗိုလ်မှူးကြီးလှိုင်းထွန်းအောင် အပါအဝင် စစ်သုံ့ပန်း နှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ ၊စစ်တပ်လေကြောင်းမှ ချပေးသောခဲယမ်း၊ရိက္ခာထုပ်များ။

ဓါတ်ပုံ-MDY-PDF )

Saturday, 6 July 2024

လူသောမြို့နယ်၊ ဖားဝေါ်လိုး စစ်စခန်းမှ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာသည့် စစ်သား ၂ ဦးကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ရရေး KNU က လုပ်ဆောင်ပေးမည်


 လူသောမြို့နယ်၊ ဖားဝေါ်လိုး စစ်စခန်းမှ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာသည့် စစ်သား ၂ ဦးကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ရရေး KNU က လုပ်ဆောင်ပေးမည်


ရန်ကုန်၊ ဇူလိုင် ၆


ကရင်ပြည်နယ်၊ လူသောမြို့နယ်၊ ဖားဝေါ်လိုး စစ်စခန်းမှ လက်နက် ယူဆောင်လာပြီး အလင်းဝင်လာသည့် စစ်သား ၂ ဦးကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်ရရေး လုပ်ဆောင်ပေးနေကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။


ဇူလိုင်လ ၄ ရက်နေ့တွင် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသူ တပ်သား စိုးသီဟ နှင့် တပ်သား ညီညီနိုင်တို့ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများက ကြိုဆို ဂုဏ်ပြုအခမ်းအနားပြုလုပ်ပေးကာ ငွေကျပ် သိန်း ၂၀ ချီးမြှင့်ပေးခဲ့ကြောင်း၊ အလင်းဝင်ရောက် လာသူတပ်သား ၂ ဦးသည် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခမရ ၅၉၉ တပ်ရင်းမှ တပ်သား ဖြစ်ကြောင်း သိရသည်။


၎င်းတို့ ၂ ဦးသည် ဇွန်လ ၂၅ ရက်နေ့က တာဝန်ကျရာစခန်းကနေ စွန့်ခွာပြီး စစ်လက်နက် ပစ္စည်းများ ဖြစ်သော MA-1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည် ၄၆၅ တောင့်၊ MG-5 မိုင်း ၆ လုံး၊ M-14 မိုင်း ၂ လုံး၊ ခွေးဗုံး ၂ လုံး၊ အီကွေးမန့် ၁ စုံ၊ MA-5 သေနတ်တို ၁ လက် နှင့် ကျည် ၁၀ တောင့် ယူဆောင်ကာ KNLA တပ်ဖွဲ့ထံ လာရောက် လက်နက်ချ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။


မူတြော်ခရိုင် လူသောမြို့နယ် ဖားဝေါ်လိုး တပ်စခန်းတွင် စားနပ်ရိပ်က္ခာမလုံလောက်မှု၊ ရေရှားပါးမှု နှင့် နေရာထိုင်ခင်း အဆင်မပြေမှု၊ အိမ်ရေးမဝ၊ အမြဲတမ်းစခန်းထဲတွင် နေထိုင်နေရပြီး ကြောက် လန့်နေရသည့် အပြင် အထက်အရာရှိများ၏ ဖိနှိပ်မှု နှင့် ရိုင်းပြစွာ ပြောဆိုဆက်ခံခဲ့ရကြောင်း၊ ထို့ ကြောင့် စခန်းမှ စွန့်ခွာ ထွက်ပြေးလာပြီး လက်နက်ချအလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။


ကေအဲန်ယူ−မူတြော်ခရိုင် တာဝန်ရှိသူများမှ လက်နက်ချ အလင်းဝင်ကာ လာရောက်ပူးပေါင်းသော ၎င်းတို့ နှစ်ဦးအား ကောင်းမွန်စွာ ကြည့်ရှု့စောင့်ရှောက်ထားလျက်ရှိပြီး ၎င်းတို့၏ ဆန္ဒများအတိုင်း ထိုင်းနိုင်ငံတွင် အလုပ် သွားရောက် လုပ်ကိုင်နိုင်ရန်အတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက် ပေး လျက်ရှိကြောင်း သိရသည်။

ရွာငံမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံး...


 ရွာငံမှာ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံး... 


စစ်တပ်ဆီက သေနတ် ၆ လက်နဲ့ စစ်အသုံးအဆောင်တွေအပြင် မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိ... 


ဇူလိုင် ၆ ၊ ၂၀၂၄ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်မှာအင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာစစ်သား ၁၂ ယောက်ထက်မနည်း သေဆုံးပြီးလက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ( Ywangan PDF - JPRF ) အဖွဲ့ဆီက သိရပါတယ်။ 


ဇူလိုင် ၅ ရက် မနက်အစောပိုင်းက အင်အား ၄၀ ပါစစ်ကား ၂ စီးနဲ့ အင်အား ၂၀ ပါခြေလျင်စစ်ကြောင်းတို့ကို ရွာငံမြို့နယ်၊ ရေချမ်းရွာနဲ့ ၀က်ကဘူးရွာကြား လမ်းပိုင်းတစ်နေရာမှာ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ နဲ့ အမှတ် (၅၁၅) PDF ရဲဘော်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 


အဲ့ဒီနောက် ၁ နာရီကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြားထိခိုက်သေဆုံးခဲ့သလို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့က ရဲဘော် ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ G3 သေနတ် ၂ လက်၊ ၇၉ သေနတ် ၂ လက်၊ AK47 ၁ လက်နဲ့ AK P22 ၁ လက်အပါအဝင် စုစုပေါင်းသေနတ် ၆ လက်နဲ့ စစ်အသုံးဆောင်ပစ္စည်းတွေအပြင် မူးယစ်ဆေးဝါးတွေကိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တစ်ပါတည်း သိမ်းဆည်းရရှိခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ 


" သူတို့( စစ်တပ်)စစ်ကြောင်းက ဘယ်ဘက်ကို ဦးတည်လဲတော့ မသိပေမယ့် တိုက်ပွဲက ပြင်းထန်ခဲ့တယ်လို့တော့ ပြောရပါမယ်။ နောက်ပြီး တိုက်ပွဲထဲ ရဲဘော်တွေဘက်က ကျည်ကာဦးထုပ်တွေ၊ ကျည်ကာအကျီတွေလည်း မပါကြလို့ စိုးရိမ်ကြောင့်ကြမှု့တွေတော့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ပစ်ခတ်ခဲ့ရတာ အားရကျေနပ်မှုရှိခဲ့တယ်လို့ ပြောရပါမယ်။ ပြည်သူတွေလည်း နောက်ပိုင်း ပူးပေါင်းပါဝင်စေချင်ပါတယ်" လို့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။

Friday, 5 July 2024

ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA ပူးပေါင်းအဖွဲ့များ ထိန်းချုပ်


 ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို TNLA ပူးပေါင်းအဖွဲ့များ ထိန်းချုပ်


ဧရာဝတီ၊ ဇူလိုင် ၅၊ ၂၀၂၄


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မန္တလေး-လားရှိုး ရထားလမ်းပေါ်ရှိ ကမ္ဘာကျော် ဂုတ်ထိပ်တံတားကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားကြောင်း မြေပြင် စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။


ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ဝင်တဦးက “ဂုတ်ထိပ်ရယ် ဂုတ်တွင်းရယ်ကို TNLA အဖွဲ့ရယ် ကျနော်တို့ ကျောက်မဲခရိုင်အထူးတိုက်ခိုက်ရေးအဖွဲ့ရယ် ထိန်းချုပ်ထားတယ်၊ ဂုတ်ထိပ်ရဲ့ ဟိုဘက်ကမ်းကိုကျတော့ MDY PDF ရယ် ဓနုအဖွဲ့ရယ် TNLA ပေါ့ ထိန်းချုပ်ထားတယ်၊ လောလောဆယ် ၆၀၆ တပ် ကို တိုက်နေတဲ့အတွက်ကြောင့် ဒီဘက်ကို ခဏ ငြိမ်ထားတယ်”ဟု ပြောသည်။


ဂုတ်တွင်းကြီးထိပ်၌ တည်ဆောက်ထားသော တံတားဖြစ်သောကြောင့် ဂုတ်ထိပ်တံတားဟုခေါ်ဆိုပြီး နောင်ချိုဘူတာအလွန် ၇ မိုင်အကွာတွင် တည်ရှိကာ ယခုအခါ သက်တမ်း ၁၂၄ နှစ်ရှိပြီဖြစ်သည်။


TNLA သည် နောင်ချိုမြို့ကို ထိန်းချုပ်ထားပြီး ကျန်နေသည့် စစ်တပ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း သိရသည်။


ပုံစာ- ဂုတ်ထိပ်တံတားတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်  


#WhatsHappeningInMyanmar

#RejectMilitaryCoup 


စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။


Support The Irrawaddy: https://bit.ly/3btQYpR

Thursday, 4 July 2024

မိုးကုတ်အနောက်ပိုင်းအား TNLAပူးပေါင်းတပ် ထိန်းချုပ်ထားမှု မြင်ကွင်းများ



 မိုးကုတ်အနောက်ပိုင်းအား TNLAပူးပေါင်းတပ် ထိန်းချုပ်ထားမှု မြင်ကွင်းများ 


ဟန်နွေ/People’s Spring


မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းဒေသများရှိ စစ်ကောင်စီတပ်စခန်းအားများ တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် တအာင်းတပ်မတော်(TNLA) နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိထားသည့် တပ်စခန်းများနှင့် ဒေသတွင်း စစ်ရေးလှုပ်ရှားမှု မြင်ကွင်းများကို စစ်မြေပြင်သတင်းရင်းမြစ် တစ်ဦးက မှတ်တမ်းဓာတ်ပုံများ ယနေ့ ထုတ်ဖော်ပြသခဲ့သည်။


ဇွန်လ ၂၅ရက်မှစတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) စစ်ရေးဖော်ဆောင်ရာ၌ TNLAနှင့် ပူးပေါင်းတပ်များသည် မိုးကုတ်ရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်ပတ် အတွင်း မိုးကုတ်အနောက်ပိုင်းနယ်မြေဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။


"အနောက်ပိုင်းကတော့ အကုန်လုံးကို ကျနော်တို့ TNLAနဲ့ MDY(MOD) မိုးကုတ်ဗျူဟာတွေ ထိန်းချုပ်ပြီးပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ယနေ့ ထုတ်ဖော်ပြသခဲ့သည့် ဓာတ်ပုံမှတ်တမ်းတွင် စစ်မြေပြင်အထိ ကွင်းဆင်းလေ့လာကွပ်ကဲနေသည့် TNLA ဒုစစ်ဦးစီးချုပ် တားမုံကျော့နှင့် တာဝန်ရှိသူများ၊ MDY PDF တပ်မှူးအချို့ကိုလည်း တွေ့ရသည်။


မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များအား တအာင်းတပ်မတော် TNLA၊ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တို့ ပူးပေါင်းတိုက်ခိုက်ရာ တစ်ပတ်အတွင်း စစ်ကောင်စီထံမှ လက်နက် (၄၃)လက်သိမ်းရမိပြီး ရဲ(၂)ဦးအပါအဝင် စစ်သုံ့ပန်း (၁၅)ဦးဖမ်းဆီးရမိထားသည်ဟု TNLAက ထုတ်ပြန်ထားသည်။


ဓာတ်ပုံ - Mai A Hein

Wednesday, 3 July 2024

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်


 စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာနယ်မြေ ရဲစခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိ၊ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်


ရန်ကုန်၊ ဇူလိုင် ၃ 


မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ဒေသပြည်သူများနှင့်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇွန်လ ၃၀ ရက်နေ့မှ စတင်ပြီး စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၂ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာရဲကင်းစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တော် လှန်ရေးတပ်ဖွဲ့များ အကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာများ၊ လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ကြားမှ အဆိုပါ နွယ်ရုံနယ်မြေရဲကင်းစခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။ 


"နွယ်ရုံ ရဲစခန်းတော့ ရသွားပြီလို့ ပြောတယ်။ ထွက်ပြေးနေရတဲ့ ပြည်သူတွေကတော့ ရွာကို ပြန်လာလို့မရသေးဘူးလို့ PDF လေးတွေက လှမ်းပြောတယ်။ စစ်ဘေးရှောင်နေရတာက နွယ်ရုံရွာနဲ့ပတ်ဝန်းကျင် ရွာတွေအကုန်လုံးပဲ။ လူဦးရေကတော့ ထောင်နဲ့ ချီရှိတယ်။ လေယာဉ်တွေကတော့ ဝဲနေတုန်း လာပစ်နေတာရှိသေးတယ်။ ၃ ရက်လောက် တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တာ။ နွယ်ရုံရွာလည်း အတော်ပျက်စီးသွားတယ်။ ပြည်သူတွေလည်း ထိခိုက်သေဆုံးမှုရှိပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


ရန်ကုန်ခေတ်သစ်သတင်းဌာနက ဒေသတော်လှန်ရေးတပ်ဖွဲ့များထံသို့ ဆက်သွယ်မေးမြန်းရာ သက်ဆိုင်ရာက သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ပြီး စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေ၍ မည်သည့် ဖြေဆိုမှုမှ လုပ်နိုင်သေးကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးမှုတချို့ရှိကြောင်း ပြောဆိုသည်။ 


"လက်နက်ကြီးတွေကို ကျောက်မြောင်းတပ်က ပစ်နေတယ်။ နွယ်ရုံစခန်းကတော့ မနေ့ည ကတည်းက ရသွားပါပြီ။ နွယ်ရုံရဲစခန်းကျသွားလို့ စစ်တပ်ကရွာကို အငြိုးထား လုပ်မှာဆိုးလို့ တစ်ရွာလုံးနီးပါး စစ်ဘေးရှောင်နေရပါတယ်

။ ဘေးရွာက ပင်လယ်ကြီး စစ်ဆေးရေးဂိတ်မှာတော့ တိုက်ပွဲဆက်လက်ပြင်းထန်နေပါသေးတယ်"ဟု စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ 

 

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်တွင် ဇွန်လ ၃၀ ရက်နေ့မှစတင်ပြီး မြိုနယ်ရဲတပ်ဖွဲမှူးရုံးအပါအဝင် အစိုးရရုံးတချို့ကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့် ဗုံးကျဲမှု အပါအဝင် စစ်ဆင်ရေးများ စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ Photo- MOD။

Tuesday, 2 July 2024

မန္တလေး နဲ့ မိုင် ၂၀ အတွင်းက စိုးမိုးကုန်းကို PDF သိမ်းယူ


 မန္တလေး နဲ့ မိုင် ၂၀ အတွင်းက စိုးမိုးကုန်းကို PDF သိမ်းယူ


ဆိုင်းမင်း/People's Spring


မန္တလေးမြို့ပေါ်ကနေ မိုင် ၂၀ အဝေးအတွင်းမှာရှိတဲ့ မတ္တရာနယ်ထဲက Alpha ဘိလပ်မြေ စက်ရုံ စိုးမိုးကုန်းကို မန္တလေး PDF က သိမ်းယူလိုက်ပါပြီ ။


အဲဒီ ဘိလပ်မြေစက်ရုံတည်နေရာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာရှိတာဖြစ်ပြီး မန္တလေး နန်းတွင်းမှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ဆိုရင် ၁၉ မိုင် သာ ဝေးပါတယ်။


ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင်တပ်စခန်းကို သိမ်းယူထားလိုက်ပြီဆိုတာကို မန္တလေး PDF က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။


အဲဒီစိုးမိုးကုန်းကို လက်ရှိအချိန်ထိ ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်လို့ လည်း မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။ 


"ဒီကုန်းတွေကို စစ်ကောင်စီက ပြန်ရဖို့ လေကြောင်းနဲ့ရော မြေပြင်မှာထိုးစစ်ဆင်နေတယ် ၊လက်ရှိချိန်ထိတော့ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ဆဲပါပဲ"လို့ မန္တလေးPDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကဆိုပါတယ်။ 


စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ဘိလပ်မြေစက်ရုံ တဝိုက်ကို မန္တလေး PDF တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူခဲ့တာလို့သိရပါတယ်။


မန္တလေး PDF ရဲ့ ဒီနေ့ သတင်ထုတ်ပြန်ချက်မှာ ဇွန်လ ၂၅ ရက်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စစ်ဆင်ရေးအနေနဲ့ မတ္တရာနယ်ထဲက (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး တပ်၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နဲ့ Alpha ဘိလပ်မြေစက်ရုံရဲ့ စိုးမိုးကုန်း မြေနီတောင် တပ်စခန်း ကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။


ဒေသခံတွေရဲ့ပြောပြချက်အရ ဘိလပ်မြေစက်ရုံဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်နားမှာရှိတာကြောင့် တိုက်ပွဲတွေဟာ ပုသိမ်ကြီးမြို့နယ်အနားထိပါ ရောက်လာပြီလို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပွားတာအပြင် စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မတ္တရာ အရှေ့ခြမ်းမှာတော့ ဒေသခံပြည်သူသောင်းဂဏန်း စစ်ရှောင်နေရတယ်လို့သိရပါတယ်။


စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းနဲ့ ဘိလပ်မြေစက်ရုံအကွာအဝေး


ဓာတ်ပုံ − Google Map

မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထား




 မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိ၊ စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထား


■ စစ်ကောင်စီထံမှ လက်နက် ၁၂၅ လက်နှင့် ခဲယမ်းများကိုလည်း သိမ်းပိုက်ရရှိထား


ရန်ကုန်၊ ဇူလိုင် ၂ 


မန္တလေးတိုင်း၊ မတ္တရာ မြို့နယ်အတွင်းရှိ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ဆည်တော်၊ ပန်းသလဲတောင်၊ ရေစိုတောင် အပါအဝင် တပ်စခန်း ၈ ခုကို သိမ်း ပိုက်ရရှိပြီး စစ်တပ်ဘက်မှ လက်နက်ချ အညံ့ခံသူ ၆၇ ဦးနှင့် မိသားစုဝင် ၁၁၇ ဦးကို ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်( မန္တလေး)က သတင်းထုတ်ပြန်သည်။


 ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် မတ္တရာမြိုနယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော်တပ်စခန်း ၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း ၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်း နှင့် Alpha ဘိလပ်မြေစက်ရုံ၏ စိုးမိုးကုန်းဖြစ်သော မြေနီတောင် တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။ 


မတ္တရာစစ်ဆင်ရေးနယ်မြေအတွင်း စစ်တပ်ဘက်မှ ဖမ်းဆီးရမိစစ်သုံ့ပန်းနှင့် လက်နက်ချအညံ့ခံသူ ၆၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ ထို့ပြင် တပ်မိသာစုဝင်များဖြစ်သည့် အမျိုးသမီး ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ စုစုပေါင်း (၁၁၇)ဦးခန့်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။ 


ထို့ပြင် စစ်တပ်၏ လက်နက်မျိုးစုံ ၁၂၅ လက်နှင့် ဆက်စပ်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ ဒေသခံအဖွဲအစည်းဖြစ်သည့် မတ္တရာမျိုးမှန်တပ်ဖွဲသည်လည်း ပူးပေါင်းပါဝင် တိုက်ခိုက်လျက်ရှိကြောင်း ထုတ် ပြန်ထားသည်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး “၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”နှင့်အတူ ဟန်ချက်ညီညီ တိုက်ပွဲဝင်လျက်ရှိပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနှင့် မတ္တရာ စစ်မျက်နှာများတွင် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Monday, 1 July 2024

မန္တလေးမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်မှု ဆုငွေ ကျပ် သိန်း ၈၀ ကျော် ချီးမြှင့်


 မန္တလေးမြို့၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ အလင်းဝင်မှု  ဆုငွေ ကျပ် သိန်း ၈၀ ကျော် ချီးမြှင့်


ရန်ကုန်၊ ဇူလိုင် ၁ 


မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ တပ်မှ တပ် ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်လာရာ ငွေကျပ် သိန်း ၈၀ ကျော် ဆုချီးမြှင့် ပေးမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၀ Yoma Yar Zar PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့က မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာတွင် တာဝန်ကျနေသော စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း အမှတ် ၉၁၀ မှ တပ်ကြပ်တစ်ဦးသည် MA 1 အမျိုးအစား သေနတ် ၁ လက်၊ ကျည် ၂၃၉ တောင့်နှင့်အတူ စစ် ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် ၂၀ တပ်ရင်း Yoma Yar Zar တပ်ဖွဲ့ထံသို့ ခိုလှုံဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။


“ကျနော်တို့တပ်ရင်းမှာရှိတဲ့ သူ့ရဲ့ ညီနဲ့ ချိတ်ဆက်ဝင်လာတာ။ ဆုငွေကတော့ အခုလောလောဆယ် သတ်မှတ်ထားတာက NUG က ပေးတာရယ်၊ ကျနော်တို့တပ်ရင်းကရယ်၊ သိန်း ၈၀ တော့ပေးမယ့် ပေါ့၊ အလှူရှင်ကိုလည်းတင်ထားသေးတယ်၊ ဘယ်လောက်ပေးမလဲတော့ မသိသေးဘူး၊ အားလုံး ဆိုရင် သိန်း ၈၀ ကျော်မှာပေါ့၊ နောက်ထပ်အလင်းဝင်လာမယ့်သူတွေကိုလည်း ကျနော်တို့ဘက်က ထောက်ပံ့ပေးနိုင်တာနဲ့ နွေးနွေးထွေးထွေးနဲ့ လက်ကမ်းကြိုဆိုနေပါတယ်” ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ Yoma Yar Zar PDF တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။


အလင်းဝင်ရောက်လာသူတပ်ကြပ်ကို တပ်ရင်းမှူးနှင့် ရဲဘော်များ၊ ပြည်သူများက နွေးထွေးစွာကြိုဆို ခဲ့ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ထားကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံရန် ပြီးခဲ့သည့် မေလ ၁၅ ရက် နေ့ကတည်းက ဆက်သွယ်ကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...