Monday 31 July 2023

စစ်ဆေးမှုကြမ်းသည့် ဖားအံ သံလွင်တံတားဂိတ်ပေါက်ကွဲမှုဖြစ်၊ ထိခိုက်မှုရှိ



 စစ်ဆေးမှုကြမ်းသည့် ဖားအံ သံလွင်တံတားဂိတ်ပေါက်ကွဲမှုဖြစ်၊ ထိခိုက်မှုရှိ


ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ


ဝင်ထွက်သွားလာနေသည့် ပြည်သူများကို စစ်ဆေးမှုကြမ်းပြီး လူငယ်များမကြာခဏ ဖမ်းဆီးခံရလေ့ရှိသည့် ကရင်ပြည်နယ်၊ ဖားအံမြို့သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် ယနေ့ ဇူလိုင်လ ၃၁ရက်နေ့ နံနက် (၇)နာရီအချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားသည်ဟု ဒေသခံများထံမှ သိရသည်။


အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ဆေးရေးပြုလုပ်နေသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင် အချို့ထိခိုက်မှုရှိသည်ဟုသိရပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် အရေးပေါ်ကယ်ဆယ်ရေး ကားများလည်း သွားလာနေသည်ဟု တွေ့ရှိရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။


ဗုံးပေါက်ကွဲမှုဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သလို လက်ရှိအချိန်တွင် သံလွင်တံတား ဖြတ်သန်း သွားလာမှုကို စစ်ကောင်စီဘက်မှ ပိတ်ထားလိုက်ကာ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။


သံလွင်တံတားပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများနှင့်ပတ်သက်၍ နာမည်ကြီးသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သလို တံတားပေါ်တွင် ဖြတ်သန်းသွားလာသည့် ပြည်သူလူထုယာဉ်များအားလုံးကို ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မှတ်ပုံတင် နှင့်လက်ကိုင်ဖုန်းထဲရှိ အချက်အလက်များကို စစ်ဆေးလေ့ရှိသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။


ထို့အပြင် လက်ကိုင်ဖုန်းထဲတွင် နိုင်ငံရေး Post များကို တွေ့ရှိခဲ့ပါက ငွေညစ်တောင်းခံနေသည့်အပြင် နည်းပညာနှင့်ဖုန်းများ စစ်ဆေးနေသည့်အတွက် လူငယ်အမြောက်အများလည်း မကြာခဏ ဖမ်းဆီးခံခဲ့ရသည့် ဂိတ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။

#KIC

လောင်းလုံးမြို့ရှိ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို PDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်


 လောင်းလုံးမြို့ရှိ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို PDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်


ရန်ကုန်၊ ဇူလိုင် ၃၀


တနင်္သာရီတိုင်း၊ လောင်းလုံးမြို့တွင် လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို ဖမ်းဝရမ်းထုတ်ထားကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် အဆိုပါ လက်နက်ကိုင် သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးကို LLPDF တပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း၊ ယင်း သင်္ကန်းဝတ်နှင့် ပျူစောထီး ၈ ဦးသည် အကြမ်းဖက် စစ်တပ်နှင့်အတူ ကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ ပြည်သူ့ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ အတူတကွ လိုက်ပါ လုပ်ဆောင်ခဲ့ကြကြောင်း၊ စစ်ကြောင်းထိုးရာတွင် ပျူစောထီးများက စစ်သား ယူနီဖောင်းများ ဝတ်ဆင်ခဲ့ကြပြီး ဘုန်းကြီး ၂ ပါးသည်လည်း လက်နက်များ ကိုင်၍ လိုက်ပါခြင်းတို့ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။


" သူတို့ကို ဖမ်းဝရမ်းထုတ်တာပေါ့။ အခုသူတို့တွေ လောင်းလုံး နယ်မြေထဲ မရှိတော့ဘူး ဘယ်ပြေးကုန်ပြီလည်းမသိဘူး။ သူတို့ကို ဘယ်လို ဆက်လက် အရေးယူမယ်ဆိုတာ ဖမ်းဆီးရပြီးမှပဲ ဆက်လက် ထုတ်ပြန်မယ်" ဟု လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


အဆိုပါ သင်္ကန်းဝတ်နှင့် ပျူစောထီး ၈ ဦးမှာ ဦးဓမ္မာစာရ နခံတောဘုန်းကြီးကျောင်း (သုဘရာဇာ ဒေါက်တာကိုလူချော - Facebook အကောင့်ပိုင်ရှင်) ၊ ခမောင်းတောင်ကျောင်းထိုင်ဆရာတော် ဦးစိန္တိတ၊ ဦးသိန်းလွန်(ခ) ဖိုးကျော့ခိုင်၊ ဦးစိုးတစ်၊ ဦးမွန်အေးနှင့် သား၊ ဒေါ်အုန်းကြွယ်၊ နော်မှတ်တို့ ဖြစ်ကြောင်း၊ ၎င်းတို့ ၈ ဦးကို LLPDF တပ်ဖွဲ့က စစ်တပ်နှင့် မပူးပေါင်းရန် စာပေးပို့ခြင်း၊ ဖုန်းဆက်၍ သတိပေးတားမြစ်ခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးရာတွင် ပူးပေါင်းသွားလာခြင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


လက်ရှိချိန်တွင် အဆိုပါ သင်္ကန်းဝတ် ၂ ဦး နှင့် ပျူစောထီး ၆ ဦးသည် အကြမ်းဖက် စစ်တပ်မှ ၎င်းတို့ကို လုံခြုံရေးအပြည့်အဝမပေးနိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရန် လုပ်ဆောင်နေကြကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Friday 28 July 2023

ချင်းပြည်နယ်နဲ့ မကွေးတိုင်းရဲ့ ပေါင်းစည်းမှုအင်အား


 ချင်းပြည်နယ်နဲ့ မကွေးတိုင်းရဲ့ ပေါင်းစည်းမှုအင်အား 

————————————————————————


ဟိုးလက်နက်ကိုင် တော်လှန်ရေးကာလစခါစ၊ စစ်ရေးသဘောနဲ့ မကျွမ်းဝင်ချိန်ကာလမှာတုန်းက နေရာ ဒေသ အခြေခံ မတူညီကြတဲ့ တပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်တိုက်ဖို့ ဖြစ်နိုင်ရဲ့လားလို့ တွေးတောမိကြပါလိမ့်မယ်။ 


မြေပြင်မှာ အတူယှဉ်တွဲလို့ စစ်တိုက်ကြတဲ့အခါ ဆင့်ကဲ chain of command တွေ ၊ တာဝန်ခွဲဝေယူခြင်းတွေနဲ့ ဖြစ်လို့ မလွယ်ကူနိုင်သလို အချိန်လည်း အတော်ကို ယူခဲ့ရမှာ အမှန်ပါပဲ။ 


အခု တော်လှန်ရေးကာလ ၂ နှစ်ကျော်မှာ တွေ့လာရတဲ့ ချင်းပြည်နယ်က CNA /CDF တပ်ဖွဲ့တွေ နဲ့ အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းက PDF တွေရဲ့ ပူးပေါင်းတိုက်ပွဲတွေက “ဖြစ်နိုင်ပါတယ်” လို့ အဖြေပေးနေသလို ရှိပါတယ်။ 


ဇူလိုင်လလယ်ကနေစပြီး စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်ကို ကုန်းလမ်း  ဝင်ရောက်နိုင်ဖို့ မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မြို့ဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ကို အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ သူတို့အနေနဲ့ အင်အားကျန်ရှိနေသေးတဲ့ ကန်ပက်လက်မြို့ နဲ့ ကျင်ဒွေးမြို့ပေါ်က စစ်စခန်းများကို ရီက္ခာဖြည့်တင်းဖို့နဲ့ တပ်ပြောင်းလဲဖို့ ရည်ရွယ်ပြီး မကွေးတိုင်းက မြို့နယ်တွေကို ဖြတ်သန်းပြီး စစ်ကြောင်း ၂ ကြောင်း သုံးကာ လာခဲ့တာ ဖြစ်ပါတယ်။ 


လက်ရှိမှာတော့ ဒီစစ်ကြောင်းတွေရဲ့ အသွားအပြန် လမ်းကြောတလျောက်မှာ CNA/CDF/PDFပူးပေါင်းတပ်များက လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ဇူလိုင်လ ၂၄ ရက်နေ့ တစ်ရက်ထဲရဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား၂၀ဦး သေဆုံးခဲ့ပါတယ်။ ယနေ့ထိလည်း ကန်ပက်လက်မြို့နဲ့ နယ်မြေဆက်စပ် မကွေးတိုင်း၊ ဆောမြို့နယ်မှာ ထိတွေ့မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ 


ဒီလို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေရဲ့ သေဆုံးအလောင်းများဟာလည်း သက်သေ တစ်ရပ်အဖြစ်ပြနေတာဖြစ်လို့ ပေါင်းစည်းမှုအင်အားနဲ့ စစ်ဆင်ရေးတွေ ညှိနှိုင်း လုပ်ဆောင်လာနိုင်တာ၊ စစ်မြေပြင် အဆင့်မှာ ချိတ်ဆက် ဆက်သွယ်နိုင်မှု အားကောင်းလာတာကို မီးမောင်းထိုးနေကြောင်း တင်ပြလိုက်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Thursday 27 July 2023

မင်္ဂလာဒုံရဲစခန်းအနီး ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ


 မင်္ဂလာဒုံရဲစခန်းအနီး ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ 

++++++++++++++

ဇူလိုင် ၂၇ 


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံရဲစခန်းအနီး ဒီနေ့ညပိုင်း ဗုံးပေါက်ကွဲပြီး ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသခံပြည်သူများဆီက သိရပါတယ်။ 


ဇူလိုင်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန် မင်္ဂလာဒုံရဲစခန်းနဲ့ ခရေပင် လမ်းခွဲအနီး ဗုံးပေါက်ကွဲတာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ရာရရှိသလို သယ်ဆောင်သွားမှုများ မြင်တွေ့ရတယ်လို့ ဒေသခံပြည်သူတစ်ဦးက ရှင်းပြပါတယ်။ 


"ဒီည ၇နာရီ ၁၀မိနစ်လောက်ကမင်္ဂလာဒုံရဲစခန်းနား ပေါက်ကွဲသံကြား ရပြီးတော့ ရဲခွေးတွေထိတယ်။ ရဲတွေနဲ့ စစ်သားတွေ ပြာယာခတ်နေတာပဲ" လို့ ဒေသပြည်သူတစ်ဦးက ပြောပါတယ်။ 


ရန်ကုန်မြို့မှာ အခုဇူလိုင်လနှောင်းပိုင်းမှာ ရက်အတော်ကြာ ပေါက်ကွဲမှုများမဖြစ်ပွားဘဲ ငြိမ်သက်နေရာက ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ မင်္ဂလာဒုံ ရဲစခန်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာဖြစ်တယ်လို့ သိရပါတယ်။ 


ဓာတ်ပုံ- ရန်ကုန်မှာ ညပိုင်း လုံခြုံရေးစောင့်ကြပ်နေတဲ့ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်တချို့။ (ပုံဟောင်း)

Monday 24 July 2023

ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို အာဏာဖီဆန်မှုနဲ့ ထောင်ချထားတယ်လို့ KNU ဗဟိုထုတ်ပြန်


ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို အာဏာဖီဆန်မှုနဲ့ ထောင်ချထားတယ်လို့ KNU ဗဟိုထုတ်ပြန်

++++++++++++++++

ဇူလိုင် ၂၄ 


ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)  တပ်မဟာ (၆)၊  KNLA - ပူးပေါင်းတပ်ဖွဲ့များနဲ့ ဒရုန်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ လက်ခတ်တောင်ဘုရားကုန်းနဲ့ တာဝါတိုင်ကုန်း စခန်းသိမ်းတိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ ဆုတ်ခွါခဲ့တဲ့ အကြမ်းဖက်စစ်တပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို အာဏာဖီဆန်မှုနဲ့ ထောင်ချထားတယ်လို့ KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ 


“ရန်သူထိခိုက် သေဆုံးမှု စာရင်းအား စိစစ်ဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ဆုတ်မိန့် မရပဲ တပ်ဆုတ်ခဲ့ သော ခမရ−၂ မှ တပ်ရင်းမှူး အာကာအောင် နှင့် ဒု-တပ်ရင်းမှူး ကျော်သူမောင် တို့ နှစ်ဦးအား အာဏာ ဖီဆန်မှုဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ အကျဥ်းထောင်တွင် အပြစ်ပေး ထောင်ချခံနေရကြောင်း KNLA - ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေး သို့ အတည်ပြု ပြောကြား” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။ 


ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်ဘုရားကုန်း နဲ့ တာဝါတိုင်ကုန်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စခန်းတွေကို ဇူလိုင် ၂၁ ရက် မနက် ၅ နာရီခန့်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ 


အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အင်အား ၆၀ ကျော်ရှိတဲ့ ခမရ ၂ တပ်ရင်းနဲ့ ခမရ ၁၁၈ တပ်ရင်းဘက်က ထိခိုက်သေဆုံးမှု များနိုင်တယ်လို့လည်း KNU ဗဟိုက ဆိုပါတယ်။ 


အကြမ်းဖက်စစ်တပ်ရဲ့စခန်းနှစ်ခုကို ခက်ခက်ခဲခဲ စီးနင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ ဆုတောင်းမေတ္တာပို့သတဲ့အတွက် တော်လှန်ရေးရဲဘော်တွေဘက်က အသက်ဆုံးရှုံးမှုမရှိဘဲ မစိုးရိမ်ရတဲ့ ဒဏ်ရာနဲ့ ၆ ဦး ထိခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


ဓာတ်ပုံ− စစ်ကောင်စီတပ်စခန်းက သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများနဲ့ ကော်ဘရာ စစ်ကြောင်း

Friday 21 July 2023

မြ၀တီမြို့နယ်ရှိ စစ်ရေးဗျူဟာ အရအရေးပါလှသည့် စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 မြ၀တီမြို့နယ်ရှိ စစ်ရေးဗျူဟာ အရအရေးပါလှသည့် စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၁ 


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ရေးဗျူဟာ အရအရေးပါလှသည့် စစ်ကောင် စီ တပ်၏ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်း ပိုက် လိုက်ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ ည သတင်းထုတ်ပြန် သည်။ 


ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်၍ KNU တပ်မဟာ ၆ KNLA ကော်ဘရာစစ်ကြောင်း ၁ ၊ ကျားသစ်နက်၊ Federal Wings မဟာမိတ်ပူးပေါင်းတပ်များက လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ဝင်ရောက်စီးနင်း တိုက် ခိုက်ခဲ့ရာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် လက်ခတ်တောင်ကြော တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခမရ ၁၁၈ ၊ လ ၈ တို့ပါဝင်ပြီး ရန်သူထိခိုက်သေဆုံးမှုများရှိကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု အရေအတွက်ကို စိစစ်နေဆဲဖြစ်ပြီး သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းများမှာ ဆက်သွယ်ရေးစက် ၁ လုံး၊ 60mm ၁၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကားမိုင်း ၉ လုံး၊ Jammerစက် ၂ လုံး၊ မိုင်းရှာစက် ၂ လုံး၊ စက်လက်ပြောင်း ၁ ပြောင်း၊ ကွန်မန်ဒို60mmပြောင်း ၂ လက်၊ 40mm ၉ လုံး၊ G3ကျည်ဘောက် ၄ ခု၊ MAကျည်ဘောက် ၂ ဘောက်၊ စစ်ခမောက် ၈ လုံး၊ RPGပို့ယမ်း ၃ တောင့်၊ RPGသီး ၁ လုံး၊ 7.62ကျည် ၁၈၈၀ တောင့်၊ 5.56ကျည် ၃၀၂ တောင့် တို့ဖြစ်ကြောင်း သိရှိရသည်။

အရှေ့ဒဂုံနှင့်မြောက်ဒဂုံတို့တွင် ရာအိမ်မှူးနှင့် ပျူစောထီးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေဆုံး


 အရှေ့ဒဂုံနှင့်မြောက်ဒဂုံတို့တွင် ရာအိမ်မှူးနှင့် ပျူစောထီးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၂၁ 


ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးနှင့် ပျူစောထီးဟု နာမည်ထွက်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။ 


ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီ ဝန်းကျင်အချိန် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၀၈ရပ်ကွက် ဦးမြူလမ်းရှိ အောင်သပြေရောင်ခြည်သစ်လက်ဖက်ရည်ဆိုင် ထိုင်၍ ပြန်လာသော စစ်ကောင်စီခန့် ရာအိမ်မှူး ကျော်လွင်ကို သေနတ်သမား ၁ ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


"ဆိုင်ကယ်စီးနေတဲ့ ရာအိမ်မှူးကို ဆိုင်ကယ်ပေါ်ကနေပဲ ပစ်သွားတာ။ ပွဲချင်းပြီး ဆုံးတယ်" ဟု ဒေသပြည်သူတစ်ဦး က ပြောဆိုသည်။ 


အလားတူ ဇူလိုင်လ ၂၀ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းမြိုနယ်၊ ၃၈ ရပ် ကွက်၊ ရာဇဓိရာဇ်လမ်းနှင့် ခရေလမ်းထောင့်တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ ကျော်ဆန်းဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


"ပစ်ခတ်မှုက ရာဇဓိရာဇ်လမ်းနှင့်ခရေလမ်းထောင့်မှာ ဖြစ်တာ။ ပစ်သတ်ခံရတာက ပျူစောထီးလို့ ပြောတယ်။ သတင်းပေးလုပ်နေတဲ့သူလို့လည်းပြောတယ်။ အတိအကျတော့မသိရဘူး။ ပစ်သွားတာကလည်း ဆိုင်ကယ်နဲ့ ပစ်သွားတာပဲ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။ 

 

လက်ရှိတွင် အရှေ့ဒဂုံနှင့်မြောက်ဒဂုံဘက်ကတွင် စစ်ကောင်စီတပ်များက လမ်းဆုံလမ်းခွများကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဆိုင်ကယ်များကို ဖမ်းဆီးနေကြောင်း၊ ဘေးတွဲဆိုင်ကယ်နှင့် ဆိုင်ကယ်စီးသူများကို ရိုက်နှက် ဖမ်းဆီးသည်အထိ လုပ်ဆောင်နေကြောင်း သိရှိရသည်။

Wednesday 19 July 2023

ဟားခါး အခြေစိုက် ခလရ ၂၆၆ တပ်မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်


 ဟားခါး အခြေစိုက် ခလရ ၂၆၆ တပ်မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာမှု သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်


ရန်ကုန်၊ ဇူလိုင် ၁၈ 


ချင်းပြည်နယ်၊ ဟားခါးအခြေစိုက် ခလရ ၂၆၆ တပ်မှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာပြီး ယင်းတပ်သားကို သိန်း ၅၀ ဆုချီးမြှင့်ကာ လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးက သတင်းထုတ်ပြန်သည်။ 


ဇူလိုင်လ ၁၇ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် အမှတ် ၂၆၆ ခြေလျင်တပ်ရင်းမှ တပ်သားတစ်ဦးသည် MA 1 သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု ၊ ကျည်ဆန် ၁၂၆ တောင့်နှင့်အတူ အလင်းဝင်လာကြောင်း သိရှိရသည်။ 


အလင်းဝင်လာသည့် တပ်သားကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံရာနေရာသို့ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးက ထုတ်ပြန်ထားသည်။

Monday 17 July 2023

တိုင်းပြည်အတွက် အသက်စွန့်ခဲ့သူ မြန်မာ့လက်ဝှေ့ ဂန္ထဝင်သူရဲကောင်း တူးတူး (သတင်းဆောင်းပါး)



 တိုင်းပြည်အတွက် အသက်စွန့်ခဲ့သူ မြန်မာ့လက်ဝှေ့ ဂန္ထဝင်သူရဲကောင်း တူးတူး (သတင်းဆောင်းပါး)


ဆောင်းပါးရှင် - ဆလိုင်းသန့်စင်

ဇူလိုင်လ ၁၇ ရက်


“တူးတူး”ဟုဆိုလျှင် မြန်မာ့ရိုးရာလက်ဝှေ့ပရိတ်တိုင်း သိကြသည်။ ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် တူးတူး၏ တွဲဆိုင်းပါသည့်ပွဲဆိုလျှင် ပရိတ်သတ်က ရုံပြည့်ရုံလျှံအားပေးကြသည်။ 


တူးတူးသည် ကြိုးဝိုင်းအတွင်း၌ ပြိုင်ဘက်ကို လေးလေးစားစား ယှဉ်ပြိုင်သည်။ ရေသာခို၍ ဟန်ပြထိုးလေ့မရှိဘဲ ပါဝါအပြည့်၊ အားမာန်အပြည့် ပညာကုန်သုံး၍ ထိုးလေ့ရှိသည်။ ထို့ကြောင့် တူးတူးကို ပရိတ်သတ်များ တခဲနက် အားပေးကြသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း မြန်မာ့လက်ဝှေ့လောက၌ “တူးတူး (နဂါးမာန်)” ဟူသည့်နာမည်က အရှိန်အဝါကြီးမားလာခဲ့ပြီး WLC ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ အပါအဝင် အောင်မြင်မှုပေါင်းများစွာ ဆွတ်ခူးနိုင်ခဲ့သည်။


ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာ့လက်ဝှေ့လောက၏ ဂန္ထဝင်တစ်ဦးဖြစ်လာခဲ့သည့် တူးတူးသည် ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းချိန်တွင် ပြည်သူလူထုနှင့်အတူ ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့တွင် မင်းဘူးခရိုင်၊ စကုမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခု၌ လူငယ် ၆ ဦးနှင့်အတူ တူးတူးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။


စစ်ကောင်စီက လက်ဝှေ့ကျော် တူးတူးကို စကုမြို့ရှိ စစ်တပ်စစ်ကြောရေးစခန်းတွင် ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ခဲ့သည့်အတွက် မြန်မာ့လက်ဝှေ့လောက၏ ဂန္ထဝင်လက်ဝှေ့သမား တူးတူးမှာ ဧပြီလ ၂၆ ရက်နေ့တွင် 

ကြွေလွင့်ကျဆုံးခဲ့ရသည်။


"အခုခေတ်မှာ ရှားပါးနေပြီဖြစ်တဲ့ ရိုးရာလက်ဝှေ့ရဲ့ သရုပ်သကန် သတ်ကိုးသတ်စုံလင်အောင် ကစားနိုင်တဲ့ လက်ဝှေ့သမားတစ်ဦး ဆုံးရှုံးလိုက်ရခြင်းပါ။ အာဏာမသိမ်းခင်က နိုင်ငံတကာအထိဖောက်ထွက်ဖို့ ကြိုးစားခဲ့တဲ့ ရိုးရာလက်ဝှေ့လောကရဲ့ ရှေ့တန်းသမားတဦးကို ဆုံးရှုံးလိုက်ရတာက တော်တော်ကိုကြီးမားတဲ့ ဆုံးရှုံးမှုပါ"ဟု တူးတူး၏မိတ်ဆွေ ရိုးရာလက်ဝှေ့သမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပြသည်။


မြန်မာ့လက်ဝှေ့ကျော်ဖြစ်လာမည့် တူးတူးကို ၁၉၉၀ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဗူးကျွန်းရွာတွင် မွေးဖွားခဲ့သည်။ တူးတူး၏ ငယ်နာမည်မှာ မောင်တူး ဖြစ်သည်။ 


မူလတန်းပညာကို ဆင်ဖြူကျွန်းမြို့နယ်တွင် သင်ကြားခဲ့ပြီး အလယ်တန်းပညာကို မကွေးမြို့ အလက (၄) တွင် တက်ရောက်သင်ကြားခဲ့သည်။ ၈ တန်းအောင်မြင်ပြီးနောက် န၀မတန်းနှင့် ဒဿမတန်းကို မကွေး၊ အထက (၁) တွင် ပညာသင်ကြားခဲ့သူ ဖြစ်သည်။


ရင်းနှိးသူမိတ်ဆွေများ၏ပြောပြချက်အရ မောင်တူးသည် ငယ်စဉ်ကပင် တိုက်ခိုက်ရေးပညာကို စိတ်ဝင်စားခဲ့ပြီး ၈ တန်းနှစ်အရွယ်ကပင် မကွေးမြို့ရှိ ဆရာဦးတင်မောင်အေး၏ Rocky Tiger Kyokushin Karate သင်တန်းကျောင်းတွင် ကရာတေးပညာ စတင်သင်ကြားခဲ့သည်။


တူးတူးသည် ဝါသနာအရ မကွေးတိုင်းအတွင်းရှိ ဘုရားပွဲများတွင် အပျော်တမ်းလက်ဝှေ့လိုက်ထိုးခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့ရှိ လက်ဝှေ့ပွဲတစ်ခု၌ လက်ဝှေ့ထိုးရင်း နဂါးမာန်လက်ဝှေ့ကလပ် တည်ထောင်သူ နည်းပြဆရာ ဦးကျော်စိုးကတွေ့ရှိပြီး ၎င်း၏ကလပ်သို့ ခေါ်ယူကာ လေ့ကျင်သင်ကြား ပေးခဲ့သည်။


"သူက မကွေးတိုင်းသား။ ရိုးရာလက်ဝှေ့ပွဲနည်းတဲ့သူ့ဇာတိမှာ ၂၀၁၀ တုန်းက ပွဲတစ်ပွဲကျင်းပတော့ လက်ရှိနဂါးမာန်နည်းပြချုပ်က သူ့ကိုသဘောကျပြီး ရန်ကုန်ခေါပြီး လေ့ကျင့်ပေးခဲ့တာ။ အဲဒီအချိန်မှာ လက်ဝှေ့ဂန္ထဝင် တွေ့မရှောင်နဲ့တွဲပြီး သူလေ့ကျင့်ခွင့်ရခဲ့တယ်။ မိသားစုနဲ့ခွဲပြီး ရန်ကုန်မှာ ‌အခြေချ လေ့ကျင့်ခဲ့ရတဲ့ မအောင်မြင်ခင်ကာလတွေက လက်ဝှေ့သမားဘဝမှာ သူ့အတွက် အကြမ်းတမ်းဆုံး ဖြစ်မယ်ထင်တယ်"ဟု တူးတူး၏မိတ်ဆွေက ပြောပြသည်။


တူးတူးသည် ၂၀၁၀ ခုနှစ်မှစ၍ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘ၀ကို စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ကျင်းပသည့် အာရှမွေ့ထိုင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည်။


၂၀၁၃ ခုနှစ်ကစတင်၍ လက်ဝှေ့လောက၌ တူးတူး (နဂါးမာန်) ဟူသည်နာမည်က ထင်ရှားခဲ့ပြီး အောင်မြင်မှုများ ဆက်တိုက် ဆွတ်ခူးနိင်ခဲ့သည်။ ယင်းနှစ်တွင် မကွေးတိုင်းဝန်ကြီးချုပ်ဖလား လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သလို ၂၀၁၃ ခုနှစ်၏ ဒဂုံရွှေအောင်လံဆုကိုလည်း ပြိုင်ဘက်အားလုံးကို အနိုင်ယူ၍ ဆွတ်ခူးခဲ့သည်။ 


ထို့ပြင် ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ၌ လက်ခံကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် တူးတူးက မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲ ၇၁ ကီလိုတန်းတွင် ပြိုင်ဘက်များကို အနိုင်ယူပြီး မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်ဆု ရယူပေးခဲ့သည်။ 


ထိုမျှမကသေး ၂၀၁၃ ခုနှစ်၊ ဇွန်လက တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့၌ ကျင်းပခဲ့သည့် အာရှ ကိုယ်ခံပညာပြိုင်ပွဲ၌ မွေ့ထိုင်း ၆၇ ကီလိုတန်းကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ အတွက် အာရှအဆင့်ပြိုင်ပွဲတွင် ကြေးတံဆိပ်ရယူပေးခဲ့သူ ဖြစ်သည်။


၂၀၁၃ ခုနှစ်ထဲမှာပင် ရွှေခါးပတ် ၄ ဆုရှင် ဝါရင့်လက်ဝှေ့သမား ဝင်းထွန်း (လယ်/ဆည်) နှင့် တူးတူး (နဂါးမာန်) တို့ ထိုးသတ်ခဲ့သည်။ ထိုပွဲစဉ်တွင် ဝါရင့်လက်ဝှေ့ကျော် ဝင်းထွန်းကို အသာစီးထိုးသတ်ကာ တတိယအချီတွင် အလဲထိုးဖြင့် တူးတူးက အနိုင်ယူခဲ့သည်။ ယင်းနိုင်ပွဲကြောင့် မြန်မာ့ရိုးရာ လက်ဝှေ့လောက၌ ပထမတန်း လက်ဝှေ့ကျော် တူးတူး ဟူသည့် နာမည်က ပို၍ထင်ရှားလာခဲ့သည်။ 


“ကျွန်တော်က တူးတူးကို ဝင်းထွန်းနဲ့ ထိုးတဲ့ပွဲမှာ စပြီးသဘောကျတာ။ ဝင်းထွန်းက သမ္ဘာရင့်ဝါရင့်၊ ရွှေခါးပတ် ချန်ပီယံ ၄ ဆုရှင်၊ တူးတူးက တက်သစ်စ။ အဲ့ပွဲမှာ ဝင်းထွန်းကို အသာစီးနဲ့လှလှပပ အလဲထိုးပြသွားတာ”ဟု ပုသိမ်မြို့မှ တူးတူး၏လက်ဝှေ့ပရိတ်သတ်တစ်ဦးက ပြောဆိုသည်။


ပထမတန်းလက်ဝှေ့ကျော်ဖြစ်လာသည့် တူးတူးသည် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ နာမည်ကျော် Thai Fight မွေ့ထိုင်းပြိုင်ပွဲတွင် သူငယ်ချင်းဖြစ်သူ ထွန်းထွန်းမင်းနှင့်အတူ ပွဲစဉ်တချို့ ထိုးသတ်ခဲ့သည်။ နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လာ၍ မြန်မာ့ရိုးရာလက်ဝှေ့လောက၏ ရှုံးပွဲမရှိသော ထိပ်တန်းလက်ဝှေ့သမားတစ်ဦးအဖြစ် ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ဆလိုဗက်ကီးယား၊ ဂျပန်၊ ဩစတြေးလျ၊ ပြင်သစ်၊ ယူကရိန်း၊ ရုရှား၊ ဘရာဇီး၊ ပီရူးစသောနိုင်ငံများမှ ဖိုက်တာများကို ဧည့်ခံထိုးသတ်ခဲ့သူဖြစ်သည်။


၂၀၁၅ ခုနှစ်တွင် မြန်မာ့ရိုးရာလက်ဝှေ့၏ ၇၅ ကီလိုတန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ၂၀၁၇ ခုနှစ်တွင် WLC ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံဖြစ်လာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်လည်း Air Kanbawza ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး ရိုးရာလက်ဝှေ့တွင် ရှုံးပွဲမရှိချန်ပီယံအဖြစ် မှတ်တမ်းစိုက်ထူ နိုင်ခဲ့သည်။


"တူးတူးက ရိုးရာလက်ဝှေ့လောကမှာ အရှိန်အဝါကြီးတဲ့ လက်ဝှေ့သမားတယောက်ပါ။ အာဏာမသိမ်းခင်က ရိုးရာလက်ဝှေ့အလွတ်တန်းရဲ့ နံပါတ် ၂ ကစားသမားဖြစ်ခဲ့ပေမယ့် ပြည်တွင်းအလွတ်တန်းချန်ပီယံက သူငယ်ချင်းအရင်းဖြစ်တဲ့ ထွန်းထွန်းမင်းဖြစ်နေလို့ အလွတ်တန်းချန်ပီယံဘွဲ့ကို စိန်မခေါ်ခဲ့သူပါ။

သူက ဆိုင်ကယ်စီးတာ ဝါသနာကြီးတယ်။ ဂျပန်မှာ ပွဲသွားထိုးပြီး ဆိုင်ကယ်တစီးဝယ်လာခဲ့ဖူးတယ်။ တောလိုက်၊ တောလည်တာလည်း ဝါသနာပါတယ်”ဟု တူးတူး၏မိတ်ဆွေ ရိုးရာလက်ဝှေ့သမားက ပြောပြသည်။


စစ်တပ်အာဏာသိမ်းချိန်တွင် မဟုတ်မခံစိတ်ရှိပြီး မတရားမှုကို တွန်းလှန်လိုသောတူးတူးသည် ၎င်း၏ဇာတိနယ် မကွေးတိုင်းအတွင်းသို့ ပြန်ခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုများ ပါဝင်လှုပ်ရှားခဲ့သလို ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။


"အာဏာသိမ်းပြီး ဆန္ဒပြကြတော့ သူလည်းဆန္ဒပြတာတွေမှာ ပါဝင်နေမှန်း ဆိုရှယ်မီဒီယာက ပုံတွေအရ သိခဲ့ရတယ်။ ၂၀၂၁ မေလမှာ သူက ကေအန်ယူ တပ်မဟာ ၁ ထဲရောက်နေပြီ။ စစ်သင်တန်းတက်ဖို့ လုပ်နေတာ တွေ့ခဲ့တယ်။ နောက်ပိုင်းမတွေ့ဖြစ်တော့ဘဲ အောက်တိုဘာလောက်ကျတော့ သူမကွေးပြန်ရောက်နေကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးအတွက် လိုအပ်တဲ့ ရန်ပုံငွေရှာနေကြောင်း အွန်လိုင်းက လာပြောပြတယ်။ လွတ်မြောက်နယ်မြေကို သူပြန်လာမယ်ပြောပေမယ့် ဧပြီလမှာ သူအဖမ်းခံလိုက်ရတယ်"ဟု တူးတူးနှင့် နောက်ဆုံးအဆက်အသွယ်ရခဲ့သည့်အခြေအနေကို မိတ်ဆွေဖြစ်သူက ပြောပြသည်။


စစ်ကောင်စီက လက်ဝှေ့ကျော် တူးတူးနှင့်အတူ လူငယ် ၆ ဦးကို ယခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စကုမြို့၊ မင်းချောင်းတံတားအနီးရှိ ရွှေအိမ်သစ်စားသောက်ဆိုင်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့နှင့်အတူ ပစ္စတို သေတန် ၅ လက်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ကျည်ဆံတချို့ သိမ်းဆည်းရမိခဲ့ကြောင်း စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြသည်။ 


စစ်ကောင်စီတပ်၏ စစ်ကြောရေး၌ညှဉ်းပန်းနှိပ်စက်မှုဖြင့် လက်ဝှေ့ကျော် တူးတူး သေဆုံးပြီဖြစ်ကြောင်း ဧပြီလကုန်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း စစ်တပ်က မည်သည့်ထုတ်ပြန်မှုကိုမျှ မပြုလုပ်ခဲ့ချေ။ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်က လက်ဝှေ့ကျော်တူးတူးမှာ ဧပြီလ ၂၆ ရက်နေ့က သေဆုံးပြီ ဖြစ်ကြောင်း မိသားစုထံ အကြောင်းကြားခဲ့သည်။


“သူက မဟုတ်မခံစိတ်အပြည့်ရှိသလို စိတ်ဓာတ်ကြံ့ခိုင်တဲ့ လက်ဝှေ့သမားဖြစ်လို့ စစ်ကြောရေးမှာလည်း ဦးမကျိုးခဲ့တဲ့ တော်လှန်ရေးသမားဆိုတာ သေချာပါတယ်"ဟု တူးတူး၏မိတ်ဆွေလက်ဝှေ့သမားက မှတ်ချက်ပြုသည်။


စစ်ကောင်စီတပ်သည် လက်ဝှေ့ကျော်တူးတူးကို စစ်ကြောရေး၌ နှိပ်စက်သတ်ဖြတ်ခဲ့သလို အလောင်းကိုလည်း မိသားစုထံ ပြန်ပေးခြင်းမရှိခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။


“မိသားစုက ကိုတူးတူးအလောင်းလည်း ပြန်မရပါဘူး။ ဖမ်းသွားကတည်းက ဘယ်မှာဖမ်းတယ်၊ ဘာပုဒ်မတပ်ပြီး အရေးယူထားတယ်ဆိုတာကို မသိရတာ။ အခုကျမှ သေပြီဆိုပြီး အကြောင်းကြားလာတာ”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။


မြန်မာ့ရိုးရာလက်ဝှေ့လောက၏ ဂန္ထဝင်တစ်ဦးဖြစ်သူ တူးတူး (နဂါးမာန်) သည် ကျဆုံးချိန်တွင် အသက် ၃၂ နှစ် ရှိပြီဖြစ်သည်။ ဇနီးသည်နှင့်အတူ သားတစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။ ၎င်း၏ ရိုးရာ လက်ဝှေ့သမားဘ၀တလျှောက် ၆၆ ပွဲထိုးသတ်ခဲ့ပြီး ၃၉ ပွဲနိုင်၊ ၂၆ ပွဲသရေကျခဲ့ပြီး ၁ ပွဲသာ ရှုံးနိမ့်ခဲ့သည်။ 


ယင်းပွဲစဉ်မှာ ၂၀၂၀ ခုနှစ်က တူးတူး နောက်ဆုံးထိုးသတ်ခဲ့သည့် WLC မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ ဖြစ်ပြီး ပြိုင်ဘက် တူတာဗိုယက်ကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ တူးတူးမှာ မွေ့ထိုင်းပွဲစဉ် ၉ ပွဲ ထိုးသတ်ခဲ့ရာ ၇ ပွဲနိုင် ၂ ပွဲ ရှုံးနိမ့်ခဲ့သည့်မှတ်တမ်း ပိုင်ဆိုင်ခဲ့သည်။


လက်ဝှေ့ကြိုးဝိုင်းအတွင်း၌ ပြိုင်ဘက်ကို သွေးအေးအေးနှင့် နည်းဗျူဟာကျကျ ထိုးသတ်တတ်သူ တူးတူး၊ မြန်မာနိုင်ငံဂုဏ်ဆောင်၍ ဆုတံဆိပ်များစွာဆွတ်ခူးပြီး အောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူခဲ့သူ တူးတူး (နဂါးမာန်) ကြွေလွင့်ခဲ့ရသည့်အပေါ် လက်ဝှေ့လောကသားများနှင့် ပရိတ်သတ်များက နှမျောတသ ဖြစ်လျှက်ရှိသည်။


တူးတူးနှင့်ထိုးသတ်ခဲ့သူ မြန်မာ့ရိုးရာလက်ဝှေ့သမား ဒေဝ (Dave Leduc) က “တူးတူး၊ ညီအကို။ မင်းက တိုက်ခိုက်ရေးသမား၊ လက်ဝှေ့ဂန္ထဝ၀ငတစ်ယောက်ဖြစ်ပြီးတော့ ငါ ထိုးခဲ့သမျှ အကြမ်း ဆုံးထဲ က တစ်ယောက် ဖြစ်ပါတယ်။ တူးတူးဟာဆိုရင် ကျွန်တော့်ကို မြန်မာလက်ဝှေ့ကမ္ဘာထဲ ကို ကြိုဆိုပြီး ကျွန်တော်နှင့် ပထမဆုံး ထိုးသတ်ခဲ့တဲ့လူပဲဖြစ်ပါတယ်။ သမိုင်းတင်လောက်တဲ့ပွဲတစ်ပွဲလဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ အဆင်မပြေငြင်းခုန်မှုတွေ ရှိခဲ့ပေမယ့် မင်းကို ငါ လေးစားပါတယ်။ မင်းနှင့်အတူ ကြိုးဝိုင်းထဲ မှာ ဆုံဆည်းခွင့် ရခဲ့တာကို ဝမ်းသာမိပါတယ်။ အေးချမ်းစွာ အနားယူပါ”ဟု သူ၏လူမှုကွန်ရက် Facebook တွင် ရေးသားခဲ့သည်။


ရန်ကုန်မြို့မှ ရိုးရာလက်ဝှေ့ပရိသတ်တဦးကလည်း "ကိုတူးတူးက ကျွန်တော်အကြိုက်ဆုံး ရိုးရာလက်ဝှေ့ သမားပါ။ အခုလို စစ်ကောင်စီက နှိပ်စက်သတ်ဖြတ်တာ ခံလိုက်ရတယ်ကြားတော့ တော်တော့်ကို ရင်နာမိတယ်ဗျာ။ သူက ရိုးရာလက်ဝှေ့မှာတင်မဟုတ်ဘဲ Thai Fight လို အထင်ကရမွေထိုင်းပွဲမှာတောင် အစွမ်းပြခဲ့တဲ့သူမို့ သူ့အတွက် တော်တော်လေး ယူကျုံးမရဖြစ်မိ၊ နှမြောမိတယ်"ဟု မှတ်ချက်ပေး ပြောဆိုသည်။


၂၀၁၉ ခုနှစ်က လက်ဝှေ့ကျော် တူးတူးသည် သူအမြဲသုံးသည့် Facebook ၌ ယခုလို မှတ်ချက်ကို ရေးသားခဲ့သည်။


“ရိုးရာလက်ဝှေ့လောကမှာ တူးတူးဆိုတဲ့နာမည်တစ်လုံးရလာဖို့ လျှောက်ခဲ့ရတဲ့လမ်းတွေက အရမ်းကြမ်းခဲ့တယ်။ တတ်ခဲ့တဲ့တောင်တွေ လည်းအရမ်းမြင့်လွန်းခဲ့တယ်။ ခက်ခက်ခဲခဲ စိုက်ထူခဲ့ရတဲ့မှတ်တိုင်တွေကတော့ တချိန်ကျ လှပတဲ့သမိုင်းတခုအဖြစ် နောက်လူတွေကိုပြောပြနိုင်ဖို့ပေါ့”


ယခုလည်း လူ့လောက၌ တူးတူး မရှိတော့သော်လည်း မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်၊ တိုင်းပြည်နှင့်လူထုအတွက် အသက်စွန့် ပေးဆပ်ခဲ့သော မြန်မာ့လက်ဝှေ့ဂန္ထဝင် တူးတူး၏သမိုင်းကို မြန်မာနိုင်ငံသားများက အမြဲအမှတ်ရ၍ လက်ဆင့်ကမ်းပြောဆိုနေကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။


ဓာတ်ပုံ - WLC and Social Media

#တူးတူး #မြန်မာ့လက်ဝှေ့ #သူရဲကောင်း #နဂါးမာန်ကလပ် #Ayeyarwaddy_Times

Sunday 16 July 2023

နေပြည်တော် ကုတင်တစ်ထောင်စစ်ဆေးရုံတွင် ခြေလက်


 နေပြည်တော် ကုတင်တစ်ထောင်စစ်ဆေးရုံတွင် ခြေလက်

ပြတ်၍ကုနေရသောစစ်သားနှစ်လအတွင်း ၂၀၀ ကျော်ဟုဆို


ရဲခေါင်/People's Spring 


နေပြည်တော်ကုတင်(၁,၀၀၀) စစ်ဆေးရုံတွင် စစ်ကောင်စီတပ်သားများခြေလက်ပြတ်၍ ကုသနေရသူ နှစ်လအတွင်း ၂၀၀ ကျော်ရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြော သည်။


အထူးသဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း နှင့်ကရင်နီ (ကယား)ပြည်နယ်အတွင်း စစ်ဆင်ရေးဝင်နေသည့် စစ်ကောင်

စီ တပ်သားများဖြစ်ကာ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်မှုများနေခြင်းဖြစ်ကြောင်းသိရသည်။


"နေပြည်တော်လိုအခြေစိုက်တဲ့စစ်ဆေးရုံတစ်ခုသည် ပုံမှန်ကာလတွေမှာ အရေးပေါ်(EA Transfer)အဖြစ်သာလွှဲ

ပြောင်းပေးရသောအထက်ဌာနတစ်ခုဖြစ်ပြီး အောက်ဌာနေဆေးရုံငယ်များအနေဖြင့်တောင်မရှူနိင်မကယ်နိုင်ဖြစ်နေရသော မင်းအောင်လှိူင်တပ်ဖွဲ့ဝင်များကိုကြည့်ခြင်းအားဖြင့် "နေပြည်တော်မှရင်ခုန်သံ"ကိုကြားရခြင်းပင်ဖြစ်ပါတယ်"ဟု CDM ဗိုလ်ကြီး သာထက်ဥာဏ်က သုံး သပ်သည်။


ထို့အပြင်ခြေလက်ဖြတ်တောက်ရသည့် စစ်ကောင်စီ တပ်

သားများ၏ ထောက်ပံ့ စရိတ်ကိုပင် အထက်အရာရှိအဆင့်ဆင့်ဖြတ်တောက်ခံနေကြရသည်ဟု လည်း တပ်တွင်းသ

တင်းရင်းမြစ်က ဆိုသည်။


"စစ်ကောင်စီစခန်းတွေကိုဝင်စီးတဲ့အခါ ဒါမှမဟုတ်တိုက်ပွဲတွင်း တိုက်တဲ့အခါ နဲ့ သူတို့အခြေစိုက်တပ် တွေကို တိုက်

ခိုက်ရေးမှာ နည်းပညာအရ ကျွန်တော်တို့ တွေ အသာစီးရနေ တာက ဒရုန်းနဲ့ တိုက်ခိုက်ရေးဖြစ်တယ်။အဲဒါ ကို ဖိဖိ

စီးစီး နဲ့ ဒီထက်ပိုကောင်းအောင် ဆက်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အပိုင်းမှာ လိုအပ်ချက်တွေကတော့ရှိနေတာပေါ့ ။အထူးသဖြင့် ဘဏ္ဍာရေးပိုင်းပေါ့။ဒါကိုလည်း မိဘပြည်သူတွေရဲ့ အားနဲ့ ရှေ့ဆက်နိုင်မယ်လို့ ယုံကြည်တယ်"ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြော

သည်။


လက်ရှိ ဖယ်ခုံ၊မိုးဗြဲ တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားနေပြီး ကရင်နီပြည်နယ် ဘောလခဲခရိုင်ရှိ ရွာသစ်၊ဖားဆောင်း

နှင့် မယ်စဲ့ တိုက်ပွဲများမှာ ပြင်းထန်နေသည်။


ဇွန်လ အတွင်းက ကရင်နီ(ကယား)ပြည်နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်(၅၀)နီးပါး သေဆုံး ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထား

သည်။


လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့ နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


(နေပြည်တော် ကုတင်၁၀၀၀ စစ်ဆေးရုံတွင်ဆေးဝါးကုသမှုခံယူနေသော စစ်သားအချို့ ။ဓါတ်ပုံ-Thar Htet Nyan)

Saturday 15 July 2023

ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံး


 ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံး 

ရန်ကုန်၊ ဇူလိုင် ၁၄ 


မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်နှင့် WTRF (Wundwin Township Revolution Force)အဖွဲ့ထံမှ သိရှိရသည်။ 


ဇူလိုင်လ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် ဝမ်းတွင်းမြို့နယ်၊ ၁ ရပ်ကွက် ၊အောင်မင်္ဂလာရပ်၊ အောင်မင်္ဂလာလမ်းရှိရဲသတင်းတပ်ဖွဲ့ ယာယီရုံးရှေ့တွင် ရဲအုပ် သိန်းဇော်မိုးသည် ရုံးရှေ့ထွက်နေစဉ် လူငယ် ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပါးစပ်မှ နောက်စေ့ ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေရာသို့ စစ်ကောင်စီ တပ်မှ ဗိုလ်ကြီးဝေယံကျော် ဦးစီးသော စစ်ကြောင်းက လာရောက်ပြီး ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


"ပစ်ခတ်ခံတဲ့နေရမှာပဲ ရဲအုပ်သိန်းဇော်မိုး ပွဲချင်းပြီး သေဆုံးပါတယ်။ ဝမ်းတွင်းမြို့ကို စစ်တပ်က ပိတ်ဆို့ပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်" ဟု ဝမ်းတွင်းဒေသပြည်သူတစ်ဦးက ပြောသည်။ 


Wundwin Township Revolution Force၏ ထုတ်ပြန်ချက်တွင်မူ ရဲအုပ် သိန်းဇော်မိုး ကို ပစ်ခတ်မှုသည် ၎င်းတို့၏ လက်ချက် ဖြစ်ပြီး ရဲအုပ် သိန်းဇော်မိုး၏ ဦးခေါင်းကို ကျည်၂ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲအုပ်သိန်းဇော်မိုး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ဝမ်းတွင်းမြို့နယ်တွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ် သိန်းဇော်မိုး ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

Friday 14 July 2023

ဖယ်ခုံတွင် စစ်တပ် ထောက်ပို့ယာဥ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ


 ဖယ်ခုံတွင် စစ်တပ် ထောက်ပို့ယာဥ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ယာဥ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း PDF 1008 တပ်ရင်း (SSRY) က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဖယ်ခုံမြို့မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ လက်နက်ခဲယမ်း တင်ဆောင်လာသော ထောက်ပို့ယာဥ် ၁ စီးကို ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူ ဘုရားအကြား လမ်းဆုံ၌ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲတပ်ကြပ်ကြီး CQ ၊ တပ်ကြပ် ၊ ဒုတပ်ကြပ် အပါအဝင် ၄  ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ထံမှ MA1 သေနတ် ၁ လက်၊ စက်လက် (ငါးကြင်းမြီး)  ၁ လက်၊ ၆၀ မမ ဗုံးသီး ၁၆ လုံး၊ ၁၈ မိုင်း ၁ လုံး၊ Tecno mobile Phone ၁ လုံး၊ ခဲယမ်းများနှင့် စစ်ရိက္ခာပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို PDF 1008 တပ်ရင်း(SSRY) ၊ PDF ၁၀၀၅ တပ်ရင်း (SSLRU) ၊ NPT (ပ.က.ဖ)၊ KRU ၊ ဖယ်ခုံ PDF 1002တပ်ရင်းနှင့် ရှမ်းတောင် မဟာမိတ် တပ်ပေါင်းစုများမှ ပူးပေါင်းလုပ်ဆောင်ခဲ့​ကြောင်း သိရှိရသည်။

Thursday 13 July 2023

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စု လမ်းပိုင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လုံခြုံရေး ယူကာ စစ်ဆေးမှုများ ပြုလုပ်


 မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စု လမ်းပိုင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လုံခြုံရေး ယူကာ စစ်ဆေးမှုများ ပြုလုပ်


ရန်ကုန်၊ ဇူလိုင် ၁၃


မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စု လမ်းပိုင်းကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လုံခြုံရေးယူကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယနေ့ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၁ မိနစ်မှ စတင်ကာ နံနက် ၁၁ နာရီအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးယူကာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ခရီးသွားပြည်သူတွေဘက်ကလည်း အပြည့်အဝပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ယင်း စစ်ဆေးမှုများကို ဇွန်လ ၁၅ ရက်နေ့ကစတင်ကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ အရပ်သားကားဖြင့် ခရီးသည်တင်ကားများကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေအပါအဝင် စစ်အင်အားတိုးချဲ့တာတွေ ဆောင်ရွက်နေသည့် အတွက် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်းကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ လမ်းပိုင်းကို ဖြတ်သန်း သွားလာမည့် မော်တော်ယာဉ်များ အနေဖြင့် စစ်တပ်နှင့် ပတ်သက်သည့် လူများ၊ ပစ္စည်းများ တင်ဆောင်ခြင်းမျိုး မပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် စစ်တပ်ယာဉ်များနှင့် လိုက်ပါ စီးနင်းခြင်း မပြုလုပ်ရန်နဲ့ အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အသုံးပြုတဲ့ယာဉ်များ အနေဖြင့်လည်း ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာအစစ်ဆေးခံရန် ထပ်မံတိုက်တွန်းအပ်ကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒုစစ်ဆင်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။

Wednesday 12 July 2023

A viral video clip has emerged from Karenni Generation Youth, showing that a group of the junta soldiers were arrested by the Karenni armed group during their assault against the junta military outpost at a recent time


 A viral video clip has emerged from Karenni Generation Youth, showing that a group of the junta soldiers were arrested by the Karenni armed group during their assault against the junta military outpost at a recent time. 


The video provides a glimpse into the junta regime's struggle to control the Kayah state as the regime is largely losing control over a large swathe of land in Kayah state to the Karenni armed group. 


The location of where the incident had occurred is not fully revealed but it is believed that this incident took place recently from a location where the Karenni armed group captured the junta military outposts. 


Photo/Karenni Generation Youth

Tuesday 11 July 2023

ပေါင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးများက သေနတ် ၆ လက်နှင့် ကျည်များ အပ်နှံ


 ပေါင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် ပျူစောထီးများက သေနတ် ၆ လက်နှင့် ကျည်များ အပ်နှံ


ရန်ကုန်၊ ဇူလိုင် ၁၀ 


မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်ပျူစောထီးများ၏ လက်နက်များသိမ်းဆည်းရမိကြောင်း KNLA နှင့် PDF ပူးပေါင်း တပင်ရွှေထီး စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ထန်းလေးရွာဗမာစုရှိ စစ်ကောင်စီ လက်အောက် ခံ ပျူစောထီးခေါင်း‌ဆောင်ထံတွင် လက်နက်များရှိနေကြောင်း သတင်းအရ သထုံခရိုင်၊ အမှတ် (၂) KNLA/PDF ပူးပေါင်းတပ်ရင်း၊ တပင်ရွှေထီးစစ်ကြောင်းမှ ရဲဘော်များက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 


ထိုသို့ သွားရောက်စစ်ဆေးရာတွင် ထန်းလေးရွာ၊ ဗမာစုနေ ပျူစောထီး ခေါင်းဆောင် ရွှေမြ၏ နေအိမ် ကို အလစ်အငိုက် ဝင်ရောက်စီးနင်းရာ ၎င်းနေအိမ်မှ ရိုင်ဖယ်သေနတ် ၃ လက်နှင့် BA52 စတင်းဂန်း ၁ လက်၊ကျည်အိမ် ၆ ခုနှင့်ကျည်ဆံများသိမ်းဆည်းရမိကြောင်း၊ ဆက်လက်ဖော်ထုတ်စစ်ဆေးရာမှာ နောက်ထပ် ပျူစောထီးအဖွဲ့ဝင် ၂ ဦး၏နေအိမ်မှ ရိုင်ဖယ် ၁ လက်စီ နှင့်ကျည်အိမ် ၂ ခုစုစုပေါင်း လက်နက် ၆ လက်ကျည်အိမ်(၈)ခုနှင့်ကျည်(၁၀၀) တောင့်ခန့်ကိုသိမ်းဆည်းရမိခဲ့ကြောင်း တပင်ရွှေထီးစစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။ 


ပျူစောထီးများမှပြန်လည်ခုခံခြင်းမပြုနိုင်ဘဲအသာတကြည်လက်နက်ချခဲ့ကြသည့်အတွက် ထန်းလေးရွာရှိ စကစလက်အောက်ခံ ပျူစောထီးများ၏ အသက်အန္တရာယ် တစုံတရာအရေးယူမှု မလုပ်ဘဲ သတိပေးပြီး၊ UG ရဲဘော်များအားလုံးပြန်လည်ဆုတ်ခွာခဲ့ရာ လုံခြုံဘေးကင်းစွာ တပ်ရင်းသို့ ပြန်လည် ‌ရောက်ရှိခဲ့ကြကြောင်း သိရှိရသည်။

မြိုင်မြို့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး


မြိုင်မြို့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၀ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့အရှေ့ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇူလိုင်လ ၈ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်ခန့်က အဆိုပါအကြမ်းဖက်စစ်တပ်ဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အကြမ်းဖက် စစ် သားတစ်ဦးနှင့် ပျူစောထီးတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ မြိုင်မြို့ထဲမှ လူမှုကူညီရေးကားနှင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။


ထိုသို့တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သားများမှ မြိုင်မြို့အထွက် စီမံကိန်းရုံးအနီးပတ်ဝန်းကျင် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ Royal Phoenix Task Force (R .P. T. F)၊ Middle Revolution Task Force (M. R. T. F)၊ Justice Revolution Team (J.R.T)၊ Freedom Fighters အဖွဲများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Monday 10 July 2023

စစ်တပ်ထောက်ပို့လေယာဥ်မှကျဲချသောခဲယမ်းအချို့ ဒီးမော့ဆိုPDF သိမ်းဆည်းရရှိ


 စစ်တပ်ထောက်ပို့လေယာဥ်မှကျဲချသောခဲယမ်းအချို့ ဒီးမော့ဆိုPDF သိမ်းဆည်းရရှိ


ရဲခေါင်/People's Spring 


စစ်ကောင်စီ၏ထောက်ပို့လေယာဥ်မှကျဲချခဲ့သည့်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကPeople's Spring သတင်းဌာနသို့ပြောသည်။


စစ်ရေးအရပြင်းထန်နေသည့်ကရင်နီ(ကယား)ပြည်နယ်၌ စစ်ကောင်စီကမြေပြင်၊ဝေဟင်မှတဆင့်အင်အားများဆက်တိုက်တိုး၍ ထိုးစစ်ဆင်နေပြီး ခဲယမ်းများကိုလည်းလေကြောင်းမှ ပို့ဆောင်စဥ်ခဲယမ်းအချို့ကို ကရင်နီပူးပေါင်းတပ်က ယခုရက်သတ္တပတ်အတွင်း ရရှိခဲ့ခြင်းဖြစ်သည်။


"ဒီးမော့ဆို အနောက်ခြမ်းမှာလည်းရသလိုအရှေ့ခြမ်းမှာလည်းရတာရှိတယ်။လက်ရှိစစ်ရေးအရအတိအကျမပြောလိုဘူး"ဟု အထက်ပါတာဝန်ရှိသူကရှင်းပြသည်။


ယနေ့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များထံမှ ထွက်ပေါ်

လာသည့် ရုပ်သံဖိုင်မှတ်တမ်းအရ ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးကာ ၄၀ မမ ဗုံးသီး အလုံး ၅၀ ပါသည့်

 သေတ္တာကိုတွေ့ရှိသည်။


လက်ရှိတွင် စစ်ကောင်စီကကရင်နီပြည်နယ်သို့ ရှမ်း ပြည်

နယ်အခြေစိုက်တပ်ရင်းများပို့ဆောင်ထားပြီး အထူးသဖြင့် ဖယ်ခုံ၊ဒီးမော့ဆို၊ရွာသစ်၊ဖားဆောင်း မြို့နယ် သို့ တပ်ရင်း ၆ ရင်းခန့် ရောက်ရှိနေပြီ ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။


"ဒီးမော့တို အနောက်ခြမ်း နန်းမယ်ခုံ ဘက်မှာ တပ်ရင်း တစ်ရင်းစာပို့နေတယ်။ဖားဆောင်းမှာဆိုတပ်ရင်းနှစ်ရင်းဝင်နေပြီ၊ရွာသစ်ဘက်ကတော့ အထူးစစ်ဆင်ရေး အနေနဲ့ စကစ ဘက်က ဝင်နေတာရှိတယ်။တိုက်ပွဲလည်း နေ့စဥ်နီးပါးဖြစ်နေတယ်"ဟု ၎င်းက ရှင်းပြသည်။


ဇွန်လ ဒုတိယပတ်က မယ်စဲ့မြို့နှင့် မယ်စဲ့မြို့နယ်ကို ကရင်နီပူးပေါင်းတပ်က သိမ်းဆည်းထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများဖြစ်ပွားနေသည်။


ထို့အတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို တော်လှန်ရာတွင် အောင်မြင်မှုများစွာရရှိနေသော ကရင်နီဒေသကို စစ်ကောင်စီက လေကြောင်း အပြင် တပ်မ ၅၅ ၊ တပ်မ ၆၆ ၊ တပ်မ ၄၄၊တပ်မ ၉၉ အစရှိသည့် တပ်မ လေးခု အပြင် ရှမ်းပြည်နယ် အခြေစိုက် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊(စကခ ၁၈) လက် အောက်ခံတပ်ရင်းများပါ အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။သို့သော် ကရင်နီပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှု ၊တန်ပြန်ထိုးစစ်ကြောင့် ကရင်နီတွင် စစ်ကောင်စီတပ်အထိနာနေသည်။


(စစ်ကောင်စီထံမှ ရရှိခဲ့သော ၄၀ မမ ဗုံးသီးသေတ္တာ ကို ကရင်နီပူးပေါင်းတပ်က ဖွင့်ဖောက်စစ်ဆေးနေစဥ်။

ဓါတ်ပုံ-CJ)

Sunday 9 July 2023

ဟားခါးမြို့နယ်၊ သီတာကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၆ ဦးသေဆုံးပြီး သေ နတ် ၄ လက်သိမ်းဆည်း ရရှိ၊ ဟားခါးဆေးရုံသို့ စစ်သား ၄၀ ကျော်ရောက်ရှိနေ


ဟားခါးမြို့နယ်၊ သီတာကျေးရွာအနီးတိုက်ပွဲတွင် စစ်သား ၆ ဦးသေဆုံးပြီး သေ နတ် ၄ လက်သိမ်းဆည်း ရရှိ၊ ဟားခါးဆေးရုံသို့ စစ်သား ၄၀ ကျော်ရောက်ရှိနေ


ရန်ကုန်၊ ဇူလိုင် ၉ 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ သီတာကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့ကြောင်း CNA တပ် ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ယမန်နေ့ ဇူလိုင်လ ၈ ရက် နေ့က ဟားခါးမြို့နယ်၊ ဟားခါး-ထန်တလန်လမ်းမပေါ် သီတာကျေးရွာ အနီး တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို CNA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား အများအပြားထိခိုက်သေဆုံးပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း သို့ အကြမ်းဖက်စစ်တပ်က လေကြောင်းပစ်ကူ ၂ ကြိမ်ပေးခဲ့သည့်အပြင် ဟားခါးမြို့တပ်ကုန်းမှနေ၍ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ပွဲဖြစ်ပွားသည့်နေရာကို ယနေ့ ဇူလိုင် ၉ ရက် နေ့တွင် CNA တပ်ဖွဲ့က နယ်မြေရှင်းရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သား အလောင်း ၆ လောင်း၊ သေနတ် ၄ လက်နှင့် ခဲယမ်းအများအပြား၊ အခြားစစ်အသုံးအဆောင်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။


 "ဟားခါးဆေးရုံကို စစ်ခွေးတွေ ၄၀ ကျော်ပို့တယ်လို့ သိရပါတယ်" ဟု CNA တပ်ဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။ 


မေလနောက်အပတ်မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ဟားခါး-ထန်တလန် ကား လမ်းကို စိုးမိုးနိုင်ရန် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် မြေပြင်မှ ခြေလျင်အင်အား အများအပြားအသုံးပြု ထိုးစစ်ဆင်လျက်ရှိရာနေ့စဉ်နှင့်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ 

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းချုပ်


ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေများ၌ ၂၀၂၃ ခုနှစ် ပထမ (၆) လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းချုပ် 


ဇူလိုင်လ (၉)ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ-ဗဟို။ 


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ (၃၀) ရက်နေ့ထိ (၆) လတာ ကာလအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှုအောက်ရှိ ပူးပေါင်းတပ်ဖွဲ့များ နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၄၉၅)ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး (၅)ဦး၊ ဒုရင်းမှူး (၅)ဦး၊ ဗိုလ်ကြီး (၉)ဦး၊ ဗိုလ် (၄)ဦး၊ အရာခံဗိုလ် (၅)ဦး အပါအဝင် စုစုပေါင်း (၂၆၃၂) ဦးသေဆုံးပြီး ဒုရင်းမှူးတစ်ဦး အပါအဝင် စုစုပေါင်း (၁၆၈၅) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ဆင်ရေးအတွက် အသုံး ပြုသော မော်တော်ယာဉ် (၉၉)စီး ပျက်စီးခဲ့သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA နှင့် KNDOတို့၏ စစ်ရေးကွပ်ကဲမှု အောက်ရှိ ပူးပေါင်းတပ်ဖွဲ့များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၇၆)ဦး မြင့်မြတ်စွာအသက်ပေးလှူ ခဲ့ရပြီး (၂၅၇)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသည်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တိုက်ပွဲများ နေ့စဉ် မပြတ် ဖြစ်ပွားလျှက်ရှိပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်ရေး ချိုးဖောက်မှု ပုံစံအမျိုးမျိုးကိုကျုးလွန်နေသောကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင်ဦးရေ (၅၉၉၄၀၀)ဦး ထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူလူထုများမှာ အခက်အခဲများစွာ ရင်ဆိုင်ကြုံနေရပါသည်။ ၂၀၂၂ ခုနှစ် ဇူလှိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ စစ်ဘေးရှောင်အိမ်ထောင်စု (၅၄၄၉၄) စုရှိ လူဦးရေ (၂၆၉၆၃၁) ဦးအတွက် လိုအပ်သည်များကို ကူညီထောက်ပံ့နိုင်ခဲ့သည်။ ယခုအချိန်ကာလသည် မိုးရာသီ ဖြစ်သည့်အလျှောက် စစ်ဘေးရှောင်ပြည်သူလူထုများအတွက် နေရာထိုင်ခင်းအတွက် အမိုးအကာများ နှင့် စားနက်ရိက္ခာ မလုံလောက်မှု အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ နေရပြီး အရေးပေါ် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအား လိုအပ်လျက် ရှိသည်။


Read in Karen Here

https://knuhq.org/public/kn/news/255 

စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ၏ မိတ်ဖက် MAI ငွေစာရင်းဘဏ်အကောင့်ကို စင်ကာပူ UOB ဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အပြီး ပိတ်သိမ်းမည်


 စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ၏ မိတ်ဖက် MAI ငွေစာရင်းဘဏ်အကောင့်ကို စင်ကာပူ UOB ဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အပြီး ပိတ်သိမ်းမည်


■ MAI က ရရန်နှင့်ပေးရန်များ ဆိုင်းငံ့ထားရပြီး စင်ကာပူ DBS ၊ ထိုင်း Kasikorn ဘဏ် နှင့် ဒူဘိုင်း Emirates NDB ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ရန် ကြိုးစားနေ


ရန်ကုန်၊ ဇူလိုင် ၉ 


အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၊ ဥရောပသမဂ္ဂနှင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် စစ်ကောင်စီ၏ မိတ်ဖက် MAI လေကြောင်းလိုင်းပိုင် ဘဏ်စာရင်းအကောင့်ကို စင်ကာပူ UOB ဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း MAI က မိတ်ဖက် စီးပွားရေးကုမ္ပဏီများထံ အကြောင်းကြားစာအရ သိရှိရသည်။ 


MAI လေကြောင်းလိုင်း၏ ငွေစာရင်းအကောင့်များကို စင်ကာပူ UOB က ပိတ်သိမ်းလိုက်ပြီး ငွေစာရင်းရှင်းလင်းခြင်းနှင့် အကောင့်ပိတ်သိမ်းခြင်းကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ လုပ်ဆောင်နေကြောင်း၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း၊ MAI က ပြန်လည် စဉ်းစားပေးရန် အသနားခံတင်ပြမှုကိုလည်း စင်ကာပူ UOB ဘဏ်က ပယ်ချလိုက်ကြောင်း သိရှိရသည်။ 


လက်ရှိတွင် MAI လေကြောင်းလိုင်း အနေဖြင့် ပေးရန် ရှိနေသည်များကို ပေးဆောင်နိုင်ခြင်းမရှိသေးဘဲ စင်ကာပူ DBS ဘဏ် ၊ ထိုင်း Kasikorn ဘဏ် နှင့် ဒူဘိုင်း Emirates NDB ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ရန် ကြိုးစားနေကြောင်း၊ တိုးတက်မှုများရှိနေကြောင်း MAI လေကြောင်းလိုင်းက မိတ်ဖက် စီးပွားရေးကုမ္ပဏီများထံ အကြောင်းကြားစာအရ သိရှိရသည်။ 


MAI လေကြောင်းလိုင်းကို ယခင်က ကမ္ဘောဇဘဏ်ပိုင်ရှင် အောင်ကိုဝင်းက ပိုင်ဆိုင်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစတင်၍ 24 Hours ကုမ္ပဏီပိုင်ရှင် အောင်အောင်ဇော်က ရှယ်ယာအများစု ဝယ်ယူပြီး ပိုင်ရှင်အဖြစ် လက်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Friday 7 July 2023

စစ်ကောင်စီတပ်ကို နည်းပညာမြင့်မောင်းသူမဲ့လေယာဉ်များဖြင့် တာဝေးစစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်မည်


 စစ်ကောင်စီတပ်ကို နည်းပညာမြင့်မောင်းသူမဲ့လေယာဉ်များဖြင့် တာဝေးစစ်ဆင်ရေး အရှိန်မြှင့်တိုက်ခိုက်မည်


ရန်ကုန်၊ ဇူလိုင် ၇


ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေသောအကြမ်းဖက်စစ်ကောင်စီတပ်ကို ယခုလက်ရှိ တိုက်ပွဲဝင်ဒရုန်းများထက် ကီလိုမီတာများစွာ ပျံသန်းနိုင်ပြီး ဗုံးသီးကြီးများကို သယ်ဆောင်နိုင်သည့် မောင်းသူမဲ့လေယာဉ်ကြီးများဖြင့် တာဝေးစစ် ဆင် ရေးများ လုပ်ဆောင်ကာ အရှိန်မြှင့်တိုက်ခိုက်မည်ဖြစ်ကြောင်း ဒရုန်းစစ်ဆင်ရေးများကို လုပ်ဆောင်နေသည့် Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


သာမန်ဒရုန်းများထက် ခရီးမိုင်ပေါင်းများစွာကို အမြင့်ကြီးမှ ပျံသန်းနိုင်ကာ ပစ်မှတ်ကို တိကျစွာ တိုက်ခိုက်နိုင်သည့် VTOL (ခေါ်) Vertical Take-off Landing ဒရုန်း ၁၂ စင်းကို အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားပြီဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။


မောင်းသူမဲ့လေယာဉ် VTOLများကို မကြာမီ စစ်ဆင်ရေးများတွင် အသုံးပြုတော့မည်ဟုလည်း ၎င်းက ဆိုသည်။


“အခု done တွေက ကီလိုမီတာ ၈/၁၀/၁၅ လောက်ပဲ အသွားအပြန်လုပ်နိုင်တယ်။ တာဝေးကျတော့ drone က ကီလိုမီတာအများကြီးပျံသန်းနိုင်တယ်။ အဲ့နည်းပညာက အခုလို သာမာန် drone မှာ မရနိုင်ဘူး။ VTOL လို့ခေါ်တဲ့ Vertical Take-off Landing မှအဆင်ပြေတာ” ဟု Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


VTOL ဒရုန်းများသည် ဒရုန်းဖြတ်စက်များကို ကျော်လွန်ပျံသန်းနိုင်ပြီး Fixed Wings နှင့် Multi Rotor ပေါင်းစပ်နည်းပညာဖြင့် တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် ဗုံးသီးအကြီးစားများကို သယ်ဆောင်နိုင်ကြောင်း Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


Federal Wings သည် တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေးစီမံကိန်းကို ပြည်တွင်းနှင့် ကမ္ဘာအနှံ့မှ နည်းပညာရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည်မှာ (၁) နှစ်တာကာလအတွင်းသို့ ချင်းနင်းဝင်ရောက်လာပြီဖြစ်ကြောင်း၊ ဒရုန်းကိုယ်ထည် အား Composite နည်းပညာများဖြင့် Federal Wings ၏ ထုတ်လုပ်ရေးတပ်ဖွဲ့များက ကိုယ်တိုင်ထုတ်လုပ်နိုင်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူသို့ အသိပေး အစီရင်ခံချက်အရ သိရသည်။


နည်းပညာဖွံ့ဖြိုးမှုအားကောင်းရန်အတွက် Research & Development (R&D) လုပ်ငန်းများအား Federal Wings မှ ကြိုးစားဆောင်ရွက်နိုင်သော် လည်း ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ဒရုန်းတပ်ဆင်ရေးလုပ်ငန်းများအား လျှင်မြန်ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ ပြည်သူလူထု၏ ငွေကြေးထည့်ဝင်မှုကိုသာ အားကိုးအားထားပြုရမည်ဖြစ်ကြောင်း Federal Wingsထံမှ သိရသည်။


ထို့ကြောင့် Federal Wings ဒရုန်းများ အားဖြည့်တပ်ဆင်ရန်အတွက် Federal Wings နှင့် Cobra (Campaign)၊ Federal Wings နှင့် KNDF/B-15 (Campaign)၊ Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Campaign)စသည့် အစီအစဉ် (၃) ခုအား စတင်သွားမည်ဖြစ်သဖြင့် ပါဝင်အားဖြည့်ကူညီပေးနိုင်ကြပါရန် ပြည်သူလူထုအားမေတ္တာရပ်ခံကြောင်း၊ 

Federal Wings ၏ မူလပထမ အတောင်ပံများဖြစ်သော အဖွဲ့များထံတွင် ပါဝင်ကူညီအားဖြည့်နိုင်ကြောင်း Federal Wingsက ဆိုထားသည်။


ပုံ- Federal Wings ၏ တာဝေးစစ်ဆင်ရေးနှင့် ကင်းထောက်ဒရုန်း ထုတ်လုပ်ရေး Project များမှ ထုတ်လုပ်ထားသည့် VTOLများ

ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး


 ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး


ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ကြောင်း One Star Task Force – OSTF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် ကျော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော ဆားလင်းကြီးမြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် အနီးသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်သား၊ ရဲများက စက်လက်များဖြင့် ရမ်းသမ်းပြန်လည် ပစ်ခတ် ခဲ့ပြီး ဆက်လက်တိုက်ခိုက်နိုင်ရန် ကျည်မရှိတော့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရ သည်။

“ရဲစခန်းအနား ပေ ၂၀၀ လောက်အထိ အနီးကပ်သွားတိုက်ခိုက်ခဲ့တာပါ၊ ရဲခွေးတစ်ကောက်သေတယ် ဆိုတာ ဖရဲသီးဆီက အတည်ပြုချက်ရပါတယ်၊ ဆက်ပစ်ဖို့ကျည်မရှိတော့လို့ ပြန်ဆုတ်ခဲ့ရတာ၊ ပြန်ပစ် တာမှ စက်လက် ၂ လက်နဲ့ ပြန်ပစ်တာ တရစပ်ပဲ၊ ကျနော်တို့မှာက လက်နက်က ငှားပစ်ရတာဗျ၊ ပစ် စရာကျည်ဖူးလေးရတော့ မဟာမိတ်အဖွဲ့ဆီက လက်နက်ငှားပြီး သွားပစ်ခဲ့တာ၊ ကျနော်တို့အဖွဲ့မှာက မိဘပြည်သူတွေရဲ့ အကူအညီအများကြီးလိုအပ်နေပါတယ်” ဟု One Star Task Force – OSTF တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် ကျော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို One Star Task Force – OSTF တပ်ဖွဲ့နှင့် တစ်ကိုယ်တော် သုဘရာဇာ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်၊ ခဲယမ်းပစ္စည်းများ လိုအပ်ချက်ရှိနေသဖြင့် မိဘပြည်သူ များအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thursday 6 July 2023

မော်လိုက်ရှိ စစ်တပ် စခန်း သိမ်းပိုက်ခံလိုက်ရသည့် တောင်အင်းရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ


မော်လိုက်ရှိ စစ်တပ် စခန်း သိမ်းပိုက်ခံလိုက်ရသည့် တောင်အင်းရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ 


ရန်ကုန်၊ ဇူလိုင် ၆


စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် စစ်တပ် စခန်း သိမ်းပိုက်ခံလိုက်ရသည့် တောင်အင်းရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။


ယနေ့ဇူလိုင်လ ၆ ရက် နံနက် ၇ နာရီခန့်ကစတင်ပြီး မော်လိုက်မြို့နယ်၊ ညောင်သပြေကျေးရွာ၊ ပေါ် တော်မူကုန်း၌ အင်အား ၄၀ ခန့်ဖြင့် ၁၂၀ မမ လက်နက်ကြီးများ အထိုင်ချတပ်စွဲကာ တောင်တွင်း ကျေးရွာ၊ တောင်အင်းကျေးရွာ၊ တနန်းတောကျေးရွာများဘက်သို့ ပစ်ခတ်ကာ ခြေလျင်အင်အား ၁၂၀ ခန့်ဖြင့် တောင်အင်းကျေးရွာဘက်သို့ ပြန်လည် ဝင်ရောက်နေခြင်း ဖြစ်ကြောင်း သိရသည်။


“ပြီးခဲ့တပတ်လောက်က စခန်းသိမ်းခံလိုက်ရတဲ့ တောင်အင်းရွာ၊ တနန်းတောရွာဘက်ကို ၁၂၀ မမ လက် နက်ကြီးတွေနဲ့ လှမ်းထုပြီး တောင်အင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးနေတယ်၊ တောင်အင်းရွာကို တော့ ၄၀ ၊ ၅၀ လောက်ရောက်နေပြီလို့ သိရတယ်၊ လက်နက်ကြီးနဲ့ထုနေတာ ၁၂ ချက်လောက်ရှိပြီ၊ တောင်အင်းရွာထဲအထိ ကျတယ်လို့ ပြောတယ်၊ ညောင်သပြေရွာနဲ့ တောင်အင်းရွာက ၇ မိုင်လောက် ဝေးတယ်ဗျ၊အခုမှ စစ်ကြောင်းထိုးနေ တာဆိုတော့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာမရှိသေးဘူး။” ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ 


ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က ကလေးမြို့မှ ရဟတ်ယာဉ် ၂ စီးဖြင့် အကြမ်းဖက်စစ်သား ၈၀ ခန့် မော် လိုက်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ အလားတူ ကလေးဝဘက်မှလည်း ကားကြီး၊ ကားငယ်များဖြင့် မော် လိုက် မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်မှုကြောင့် ကလေးဝနှင့်မော်လိုက်ကြားရှိ ပလူဇဝကျေး ရွာ အနီးရှိ တံတားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မိုင်းခွဲ ဖျက်ဆီးဖြတ်တောက်ခဲ့သော်လည်း ထိရောက်မှုနည်းခဲ့ပြီး ကားကြီးများ သွားလာနိုင်ခြင်းမရှိသော်လည်း ကားငယ်များသွားလာနိုင်သဖြင့် ကားငယ်များဖြင့် ပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။


ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က အကြမ်းဖက်စစ်တပ် ခမရ ၃၆၅ ၊ ခမရ ၃၆၆ ၊ ရဲနှင့် ပျူစောထီးပူးပေါင်း အခြေချတပ်စွဲထားသော တောင်အင်းကျေးရွာစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ မော်လိုက်ခရိုင်တပ်ရင်း ၂ ၊ တပ်ရင်းမှူး ဦးစီးပြီး ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး စိန်ပြောင်း ၂ လက်အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့သည်။ 

ရှားတောမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာ၊ ရှမ်းပြည်နယ်မှ လာသည့် စစ်ကူ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိ


 ရှားတောမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာ၊ ရှမ်းပြည်နယ်မှ လာသည့် စစ်ကူ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိ 


ရန်ကုန်၊ ဇူလိုင် ၆ 


ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ထိုင်း-ကရင်နီနယ်စပ်၊ သံလွင်မြစ်အရှေ့ခြမ်းရှိ နယ်စပ်တပ်စခန်း နှစ်ခုဖြစ်သော ကျား ပါးစပ်လေးနှင့် ပွိုင့် ၂၉၅၇ စခန်းနှစ်ခုကို အကြမ်းဖက်စစ်သားများက စွန့်ခွာသွားပြီး ရှမ်းပြည်နယ်မှ လာသည့် စစ်ကူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိ KA အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇွန်လ ၂၅ ရက်နေ့က အကြမ်းဖက်စစ်သားများ စွန့်ခွာသွားသည့် တပ်စခန်းနှစ်ကို KA အမှတ် ၂ တပ်ရင်း မှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ ၆၀ မမ ဗုံးသီး ၄၅ လုံး၊ RPG 7 ဗုံးသီး ၂၄ လုံး၊ MG ငါးကြင်းမြီး ကျည် ၄၃၆၉ တောင့်၊ MA ကျည် အတောင့် ၃၄၀ ၊ လက်ပစ်ဗုံး ၄ လုံးနှင့် ၁၄ မိုင်း ၁၀ လုံးကို သိမ်းဆည်း ရရှိခဲ့ကြောင်း၊ အဆိုပါတပ်စခန်းနှစ်ခုသည် ရိက္ခာလမ်းကြောင်းဖြတ်တောက်ပိတ်ဆို့ခံရခြင်း၊ မကြာခဏ ချောင်းမြောင်း တိုက်ခိုက်ခံရခြင်းတို့ကြောင့် စွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။


“အဲဒီစခန်းနှစ်ခုက ထိုင်း- ကရင်နီနယ်စပ်ပေါ်မှာပဲ တည့်တည့်ရှိတာ၊ ကရင်နီ အခေါ်အရတော့ ဆိုတရှားမြို့နယ်ထဲပါတယ်၊မြန်မာပြည်မြေပုံအရဆိုရင်တော့ ရှားတောမြို့နယ်ထဲပါတယ်၊ အဲဒီမှာနေတဲ့ စစ် သားတွေက အောက်ဘက်ရောက်သွားရောက်သွားပြီ၊ ဒေါမယ်ကျိုရွာဟောင်းဆိုတာလည်း ၂၉၅၇ ရဲ့ အရှေ့ ဘက်မှာရှိတယ်၊” ဟု KA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထို့အပြင် ဇွန်လ ၂၉ ရက် နေ့ ရှားတောမြို့နယ်၊ ဒေါမယ်ကျိုရွာဟောင်းအနီးသို့ ရှမ်းပြည်နယ်ဘက်မှလာသော စစ်ကူ စစ်တပ် တပ်ရင်း အမှတ် ၅၁၀ တပ်ဖွဲ့ကို KA အမှတ် ၂ တပ်ရင်းမှ ရဲဘော် များက တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ် တပ်မှ ၁၂၀ မမ အမြောက် ကြီးအများအပြားပစ်ခတ်ကာ ပစ်ကူ ပေးခဲ့သည့်အပြင် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချခဲ့ကြောင်း၊ KA ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း သိရ သည်။


ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်၏ အသုံးအဆောင်ပစ္စည်းများဖြစ်သော 60 mm ၁ လက်နှင့် ကျည် ၁၄ လုံး၊ RPG 7 ကျည် ၇ လုံး၊ 79 ဗုံးသီး ၆၅ လုံး၊ MG(ငါးကြင်းမြီး) ၁ လက်၊ ပြောင်း ၂ ခုနှင့် ကျည် ၇၂၆ တောင့်၊ MA5(9 mm) ၁ လက်၊ MA4 (79) တွဲ ၁ လက်၊ MA3 ၄ လက်၊ MA2 ၁ လက်၊ MA1 ၂ လက်၊ MA ဘောက် ၂၆ ခုနှင့် ကျည် ၃,၇၂၀ တောင့်၊ စွပ်ဗုံး ၂၁ လုံး၊ လက်ပစ်ဗုံး ၈ လုံးနှင့် နင်းမိုင်း ၈ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

Monday 3 July 2023

အကြမ်းဖက်စစ်ကောင်စီ(၅၀)ခန့် သက်တမ်းကုန်ဆုံးခဲ့


 ◼️အကြမ်းဖက်စစ်ကောင်စီ(၅၀)ခန့် သက်တမ်းကုန်ဆုံးခဲ့


ဂျူလိုင်(၃)ရက် ||| နွေဦးအသံ |||


၂၀၂၃ ခုနှစ်ရဲ့ ပထမ(၆)လတာအတွင်းမှာ Federal Wings က ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ပြီး (၂၈၁) ကြိမ်ခန့် ဒရုန်းပျံသန်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ခန့် သက်တမ်းကုန်ဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲ(၂၈၁)ကြိမ်အတွင်းမှာ Federal Wings တပ်ဖွဲ့ဝင် (၁) ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက် (၂) ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ကျန်တပ်ဖွဲ့ဝင် (၄) ဦးမှာ သက်သာပျောက်ကင်းသွားပြီ ဖြစ်တာကြောင့် မူလတာဝန်တွေကို ပြန်လည်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာ Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့တဲ့အပြင် ပင်မအခြေပြုဒေသဖြစ်တဲ့ ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးတွေစတင်နိုင်ခဲ့ပြီဖြစ်တယ်လို့ Federal Wings အဖွဲ့က ဖော်ပြထားပါတယ်။


Federal Wings နဲ့ ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒရုန်းတပ်ဆင်ရေးနဲ့ ဒရုန်းအင်အားဖြည့်တင်းရေးအတွက် ပြည်သူလူထုအင်အားနဲ့ ကူညီဖြည့်ဆည်းသွား နိုင်ဖို့ စီစဉ်နေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

ကို Subscribe လုပ်ထားနိုင်ပါတယ်။


#WhatsHappeningInMyanmar

#RejectMilitaryCoup


©The Voice of Spring

https://youtube.com/c/TheVoiceOfSpringTV

#thevoiceofspring 


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက် ရပ်တည်နိုင်ဖို့ The Voice Of Spring YouTube Channel ကို Subscribe လုပ်နိုင်ပါပြီ။

ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကော်ကမ်းကျေးရွာအနီး တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား အလောင်းများတွေ့ရှိ


ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကော်ကမ်းကျေးရွာအနီး တိုက်ပွဲတွင် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား အလောင်းများတွေ့ရှိ

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ကော်ကမ်းကျေးရွာအနီး ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များက နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရာ တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား အလောင်းများအား တွေ့ရှိခဲ့ရကြောင်း Homalin People’s Defense Force – HPDF 124ထံမှ သိရသည်။


၂၀၂၃ခုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ခလရ(၂၇၂)နှင့် ရှမ်းနီတပ်ဖွဲ့ (SNA) ပူးပေါင်းစစ်ကြောင်းသည် အင်အား(၁၀၀)ဝန်းကျင်ဖြင့် ဖောင်းပြင်မြို့မှ တဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ရာက တိုက်ပွဲစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ဇွန်လ (၂၈)ရက်နေ့ နှင့် (၂၉)ရက်နေ့ တို့တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ(၂၉)ရက်နေ့ ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချခဲ့ကြောင်း သိရသည်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် SNAတပ်များ အထိနာကာ ဇွန်လ(၃၀)ရက်နေ့တွင် လက်နက်ကြီးပစ်ကူရယူ၍ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။ 


အဆိုပါ နှစ်ရက်ကြာတိုက်ပွဲအတွင်း အရပ်သား(၂)ဦး သတ်ဖြတ်ခံရကာ PDFရဲဘော် တစ်ဦး၊ ပ.က.ဖ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။


#TachileikNewsAgency

Photo : Homalin People's Defense Force - HPDF 124 

အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်


အကြမ်းဖက် မင်းအောင်လှိုင် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်


ရန်ကုန်၊ ဇူလိုင် ၃ 


အကြမ်းဖက် မင်းအောင်လှိုင်၏ ယနေ့ ကျရောက်သည့် မွေးနေ့ အထိမ်းအမှတ် အဖြစ် Yangon Revolution Force - YRFက ပန်းသပိတ်ပြုလုပ်ကြောင်း သိရှိရသည်။ 

Saturday 1 July 2023

မော်လိုက်မြို့နယ် တောင်အင်းရွာ စစ်ကောင်စီစခန်းကုန်းကို PDF သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ



 မော်လိုက်မြို့နယ် တောင်အင်းရွာ စစ်ကောင်စီစခန်းကုန်းကို PDF သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ


မဲခေါင်၊ ဇူလိုင် ၁


စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ တောင်အင်းရွာမှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းကို မော်လိုက်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ က ဇွန်လ ၃၀ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။


တောင်အင်းကျေးရွာအနီး တပ်စွဲထားတဲ့ အဲ့ဒီစခန်းမှာ ခမရ ၃၆၅(မော်လိုက် စကခ၁၀)၊ ခမရ ၃၆၆ (မော်လိုက် စကခ ၁၀) က စစ်ကောင်စီတပ်သားတွေအပြင် ရဲနဲ့ ပျူစောထီးပူးပေါင်းအင်အား ၅၀ ခန့်ရှိတာကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


အဲ့ဒီလို ဝင်ရောက်တိုက်ခိုက်ချိန်မှာ ဒေသကွပ်ကဲမှုဌာနချုပ် (ကလေး)မှာ အခြေပြုထားတဲ့ စစ်ကောင်စီရဟတ်ယာဉ်က ၄ ကြိမ်တိတိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၁ ဦးအပါ၊ ၁၀ ယောက်သေဆုံးပြီး MA 60 ၊ MA 10 RPG ၁ လက်၊ BA 100 ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်အပါအဝင် လက်နက်ခဲယမ်း အများအပြားသိမ်းမိတယ်လို့ သိရပါတယ်။

စစ်ရေးအရှိန် မြင့်တင်ပြီး အဓိကလမ်းမကြီးတချို့အား အသွားအလာကန့်သတ်


 စစ်ရေးအရှိန် မြင့်တင်ပြီး အဓိကလမ်းမကြီးတချို့အား အသွားအလာကန့်သတ်


ဇူလိုင် ၁၊ ၂၀၂၃


ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ်(၂)၊စစ်ဒေသခွဲက အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို တန်ပြန် ထိုးစစ်ဆင်ပြီး စစ်ရေးအရှိန်မြင့်တင် ဆောက်ရွက်မယ်လို့ ဒီကနေ့ ဇူလိုင်လ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ 


 စစ်ရေးအရှိန်မြင့်တင် ဆောက်ရွက်မှာ ဖြစ်လို့ ပြည်သူလုထု ထိခိုက်နစ်နာမှု မရှိစေဖို့ကို ပဲခူးတိုင်းအတွင်းက ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပဲခူး- စစ်တောင်း လမ်းပိုင်းနဲ့ မွန်ပြည်နယ် အတွင်းက ရန်ကုန်-မုတ္တမ ၊ ရန်ကုန်-ဖားအံလမ်းတွေကို သွားလာချိန်ကန့်သတ်လိုက်ပါတယ်။ အဲဒီလမ်းတွေမှာ နေ့အချိန် သွားလာရာမှာ မှန်ချသွားလာဖို့  တာဝန်ရစစ်ဆေးတာကို ကြည်ဖြူစွာလက်ခံဖို့နဲ့ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာခြင်းမပြုလုပ် အသိပေးထားတာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သထုံမြိုနယ်နဲ့ ဘီးလင်းမြို့နယ်ကြားက တံတားတစီးကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဖောက်ခွဲတိုက်ခိုက်ပါတယ်။ အခုကန့်သတ်လိုက်တဲ့ လမ်းမကြီးတွေထဲမှာ ထိုင်းနိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေး ပြုလုပ်နေတဲ့ အဓိကလမ်းမကြီးတွေ ပါဝင်ပါတယ်။ 


 #MyanmarLabourNews

ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန်ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား


 ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန်ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွား


■ ရဟတ်ယာဉ်များ ၊ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် လူနေအိမ်များ၊ ဘုန်းကြီးကျောင်းနှင့်ဘုရားစေတီများ ပျက်စီး


ရန်ကုန်၊ ဇူလိုင် ၁ 


စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံး၊ တော်လှန်ရဲဘော် ၂ ဦး ကျဆုံးပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း Homalin People's Defense Force - HPDF ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။ 


ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်တပ် ခလရ -၂၇၂ နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းစစ်ကြောင်း အင်အား (၁၀၀) ဝန်းကျင်က ဖောင်းပြင်မြို့မှတဆင့် ကော်ကမ်းကျေးရွာသို့ လေကြောင်းပစ်ကူဖြင့် စစ်ကြောင်းထိုးလာခဲ့ကြောင်း၊ ယင်းနောက် ထိုနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ရဟတ်ယာဉ် Mi-35 နှင့် Mi-17 ၂ စီးဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်ဗုံးကျဲခဲ့ကြောင်း၊ စစ်ကောင်စီတပ် နှင့် ဟုမ္မလင်း-ဖောင်းပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လေယာဉ်ပစ်ကူပြီး ထိုးတက်လာသော စစ်ကောင်စီတပ်မျာသည်း မိုင်းများ ထိပြီး ၄ ဦး စိုးရိမ်ဒဏ်ရာရရှိကြောင်း၊ စစ်သား ၁ ဦးမှာ ဒဏ်ရာပြင်းထန်ဖြင့် ဖောင်းပြင်ပြည်သူ့ဆေးရုံတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုသမှုခံယူနေကြောင်း သိရှိရသည်။


ဇွန်လ ၂၉ ရက်နေ့ တိုက်ပွဲဒုတိယနေ့တွင် ခမရ ၃၀၉ မှ စစ်ကူ တပ်စု တစ်စု ရောက်လာပြီး ယင်းနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ် အချိန် တိုက်လေယာဉ် နှစ်စီးဖြင့် မိနစ် ၃၀ ခန့် ပစ်ခတ်ဗုံးကျဲခဲ့ကြောင်း၊ ပထမနေ့ထက် ပိုမိုပြင်းထန်စွာ ဗုံးကျဲခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်း (၅) ကြောင်းဖြန့်ပြီး တိုက်ထုတ်ရှင်းလင်းရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ 


စစ်တပ်က အထိနာသွားသဖြင့် ဇွန်လ ၂၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန် တွင် ဂျက်ဖိုက်တာ JF-17 ဖြင့် ပေါင် (၅၀၀) ဗုံးသီး ၂ လုံး ပစ်ချခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ အရာခံဗိုလ် တစ်ဦး၊ တပ်သား တစ်ဦး နှင့် SNA ရဲဘော် တစ်ဦး သေဆုံးပြီး၊ အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။


ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖောင်းပြင်စစ်တပ်မှ MA-8 (81 mm) ဖြင့် တောက်လျှောက်ပစ်ကူခဲ့ကြောင်း ၊ ၂ ရက်တာ တိုက်ပွဲအတွင်း ပြည်သူ နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခြင်းခံရပြီး၊ PDF ရဲဘော် တစ်ဦး၊ ပ.က.ဖ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

အာဏာသိမ်း စစ်တပ်ကို ပြန်တိုက်ပြီဟု ကလလတ တရားဝင်ကြေညာ


 အာဏာသိမ်း စစ်တပ်ကို ပြန်တိုက်ပြီဟု ကလလတ တရားဝင်ကြေညာ

ဧရာဝတီ၊ ဇူလိုင် ၁၊ ၂၀၂၃


စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)အဖြစ် ရပ်တည်ခဲ့သည့် ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က အာဏာသိမ်းစစ်အုပ်စုအား ပြန်လည်တိုက်ခိုက်နေပြီဖြစ်ကြောင်း ယနေ့တွင် တရားဝင်ကြေညာလိုက်သည်။


၎င်းတို့အနေဖြင့် စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရနှင့် ၂၀၀၈ အခြေခံဥပဒေ အကုန်အစင်တိုက်ဖျက်ရေး ရည်မှန်းချက်ထားရှိပြီး ထိုသို့တိုက်ဖျက်နိုင်မှသာ အားလုံးမျှော်မှန်းတောင့်တလိုလားကြသည့် ဒီမိုကရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု(သို့) စစ်မှန်သည့်ပြည်ထောင်စုအား တည်ဆောက်နိုင်ရန် အခြေခံကောင်းများ ပေါ်ပေါက်လာနိုင်မှာဖြစ်ကြောင်းလည်း ပြောထားသည်။


နွေဦးတော်လှန်ရေးတွင်လည်း ၎င်းတို့အနေဖြင့် တတ်နိုင်သမျှနည်းလမ်းများဖြင့် ပါဝင်ခဲ့ပြီးနောက် ယခုအခါတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့နှင့် နီးနီးကပ်ကပ်လက်တွဲပြီး တော်လှန်ရေးလုပ်ငန်းတာဝန်များ ပူးတွဲလုပ်ဆောင်သွားဖို့လည်း အဆင်သင့်ဖြစ်နေကြောင်းလည်း ကလလတ ကပြောထားသည်။


ယင်းအပြင် အာဏာသိမ်းစစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေကြသည့် တောင်ပေါ်မြေပြန့်ဒေသအနှံက မည်သည့်တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို အပြန်အလှန်နားလည်မှု၊ သွေးစည်းညီညွတ်မှု၊ မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းမှုများအား အဆင့်ဆင့်တည်ဆောက်သွားနိုင်ရေးအတွက် စိတ်ရောကိုယ်ပါ အဆင်သင့်ရှိနေကြောင်းလည်း ၎င်းတို့ကပြောထားသည်။


ကရင်နီပြည်လူမျိုးပေါင်းစု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ထံမှ ၁၉၇၈ ခုနှစ်တွင် ခွဲထွက်ကာ ၁၉၉၄ ခုနှစ်တွင် န..အ.ဖ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့် တပ်အဖြစ် ဖွဲ့စည်းခဲ့သည့်အဖွဲ့ဖြစ်သည်။


ထိုသို့ စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲထားသည့် ကာလများအတွင်း ပြည်သူလူထု မနှစ်သက်၊ မလိုလားသည့် အပြုအမှုတချို့၊ ဖြစ်ရပ်တချို့ ဖြစ်ပွားခဲ့မှုများ ရှိခဲ့သည်ကိုလည်း ပွင်းလင်းစွာဝန်ခံကြောင်းနှင့် ထိုသို့ တိမ်းစောင်းမှားယွင်းမှုများအတွက် ပြည်သူလူထုအား အလေးအနက် ဝန်ချတောင်းပန်ပါကြောင်းလည်း ၎င်းတို့ကပြောထားသည်။


လက်ရှိတွင်မူ ဇွန်လ ၁၃ ရက်နေ့ဖြစ်ပွားခဲ့သည့် ကရင်နီပြည်နယ်၊ သံလွင်မြစ်အရှေ့ခြမ်း၊ မယ်စဲ့မြို့နယ်ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ တပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်မှုမှစတင်ကာ ကလလတ ၏ သမိုင်းစာမျက်နှာသစ်အား တရားဝင်ဖွင့်လှစ်ခဲ့ပြီး စစ်အုပ်စု၏ အဆွယ်အပွားတပ်တခုဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့ဘဝမှ စစ်အုပ်စုအား ပြန်လည်ခုခံတော်လှန်သည့် တပ်အဖြစ် အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ကလလတ ကြေညာထားသည်။


စစ်ကောင်စီဘက်ကလည်း လတ်တလောတွင် ၎င်းတို့အား ပုန်ကန်တိုက်ခိုက်နေသည့် ဖားဆောင်းမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့အတွင်းရှိ နယ်ခြားစောင့်တပ် အခြေစိုက်တပ်စခန်းများအား လေကြောင်းအင်အားအသုံးပြုကာ အပြင်းအထန်တိုက်ခိုက်လျှက်ရှိရာ တိုက်ပွဲများပြင်းထန်လျှက်ရှိသည်။


ဓာတ်ပုံ - ၂၀၂၁ ခုနှစ် လွိုင်ကော်တွင် ဆန္ဒထုတ်ဖော်စဉ်က ပြည်သူ့ဘက်မှ ရပ်တည်ပေးနေသည့် ကလလတ တပ်ဖွဲ့ဝင်များ / The Kayan Time


#WhatsHappeningInMyanmar 

#RejectMilitaryCoup

#Karenni

#SpringRevolutionMyanmar

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...