Thursday 31 August 2023

ငွေတောင်ရွာသစ် ရက်ရှည်တိုက်ပွဲ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၀ ကျော် သေဆုံး


 ငွေတောင်ရွာသစ် ရက်ရှည်တိုက်ပွဲ ဒရုန်းနဲ့တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၀ ကျော် သေဆုံး


မဲခေါင်၊ သြဂုတ် ၃၁


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း၊ ငွေတောင်ရွာသစ်ကျေးရွာ အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ သြဂုတ်လ ၂ ရက်စပြီး ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေရာ စစ်ကောင်စီဘက်က အရာရှိ အပါအဝင် စစ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ Battle Wings တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။


တိုက်ပွဲ စတင်ပြီးနောက် သြဂုတ်လ ၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဒရုန်းစစ်ဆင်ရေး အကြိမ် ၂၀ နဲ့ ဗုံးသီး ၅၄ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။


"သေတာ အတည်ပြုတာက ၁၀ ရက် တစ်ရက်တည်းမှာ ဒကစ အတည်ပြုထားတာရှိတယ်။ အဲ့ရက် မတိုင်ခင်ကလည်း သူတို့ အလောင်းတွေ မြှုပ်ထားတာတွေ တွေ့ရတယ်" လို့ သူက ပြောပါတယ်။


ဒရုန်း စစ်ဆင်ရေးကို Battle Wings အဖွဲ့၊ အမှတ် (၁၁၀၆) တပ်ရင်း၊ T2S2 နည်းပညာ ထုတ်လုပ်ရေးအဖွဲ့နဲ့ မြေပြင်ပူးပေါင်းတပ်တွေ အဓိက ပြုလုပ်တယ်လို့ ဆိုပါတယ်။


ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် သြဂုတ်လ ၂ ရက်နေ့ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာရာ စစ်ကောင်စီဘက်က အထိနာပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးရတာကြောင့် လက်နက်ကြီးနဲ့ လေကြောင်းကို ပိုမိုအသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ တိုက်ပွဲ၀င် ရဲဘော်တွေက ပြောပါတယ်။


စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၄ နာရီကျော်မှာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိတဲ့ ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်ပြည်သူတွေ ရှိရာနေရာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။


CJ-004

#MeKongNews 

#ငွေတောင်ရွာသစ်

#Battle_Wings

#လက်နက်ကြီး

Wednesday 30 August 2023

AA က ကျောင်းသားလက်ရုံးတပ်တော်ကို အထူးတိုက်ခိုက်ရေး သင်တန်းပေး



 AA က ကျောင်းသားလက်ရုံးတပ်တော်ကို အထူးတိုက်ခိုက်ရေး သင်တန်းပေး


မော်လမြိုင် - ဩဂုတ်(၃၀) 


ရက္ခိုင့်တပ်တော် (AA) က ကျောင်းသားလက်ရုံးတပ်တော်ကို အထူးတိုက်ခိုက်ရေး သင်တန်း ပေးခဲ့တယ်လို့ ကျောင်းသားလက်ရုံး တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ ဩဂုတ်လ (၂၈) ရက်နေ့က ကျောင်းသား လက်ရုံးတပ်တော် ဗဟိုဌာနချုပ်မှာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့တာပါ။


သင်တန်းမှာ သင်တန်းသား (၆၀) တက်ရောက်ခဲ့ပြီး (၅၈) ဦးသင်တန်းဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အထူးတိုက်ခိုက်ရေး သင်တန်းဆင်းတပ်သား တွေက တပ်သား စစ်ကြောင်းမှ ချီတက် အလေးပြုခဲ့ပြီးကျောင်းသားလက်ရုံးတပ်တော် နဲ့ရက္ခိုင့်တပ်တော်တာဝန်ရှိသူတွေက အမှာစကားပြောကြားကာ အခမ်းအနားတက်ရောက် လာသူတွေကို ကျွေးမွေးဧည့်ခံတာတွေ ပြုလုပ် ပေးခဲ့တယ်လို့ သိရပါတယ်။


ဓာတ်ပုံ - S.A.F

ယင်းမာပင်မှာ သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၇) ဦးသေဆုံး


 ယင်းမာပင်မှာ သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ (၇) ဦးသေဆုံး


ယင်းမာပင် - ဩဂုတ်(၃၀) 


စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၇) ဦးသေဆုံးခဲ့တယ်လို့ KLG တပ်မဟာက သတင်းထုတ်ပြန်ထားပါတယ်။


ပြီးခဲ့တဲ့ဩဂုတ်လ(၂၉) ရက်နေ့ကမနက်ပိုင်းက သစ်ထုတ်ယူနေတဲ့ စစ်ကောင်စီတပ်ရဲ့ အင်အား (၃၅) ဦးပါ ရှေ့ပြေးစစ်ကြောင်းဟာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့တာပါ။


တိုက်ပွဲမှာ (၁၅) မိနစ်ဝန်းကျင်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ MA 11 တလက်၊ ကျည်ဘောက် ၃ ဘောက်၊ ကျည်ကာ ၂ ခု၊ လက်ကိုင်ဖုန်း ၃ လုံး၊ ဘေးလွယ်အိတ် ၁ လုံး၊ ပိုက်ဆံလက်ကိုင်အိတ် ၁ လုံး၊ မြန်မာကျပ်ငွေအချို့ ၊ထိုင်းဘတ် 50 နဲ့ရွှေထည်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။


ဒါ့အပြင် အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုထားပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။


သစ်ထုတ်နေတဲ့ စစ်ကောင်စီတပ်ကို ULF(တပ်ပေါင်းစု) စစ်ကြောင်းမှူး ဗိုလ်နိုင်မင်းဦးဆောင်ပြီး Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း ၊Alpha စစ်ကြောင်းနဲ့ ဒေသမဟာမိတ်တွေဖြစ်တဲ့ B-21 PDF(တပ်ရင်း ၁၇)၊ PDA (တပ်ရင်း ၃၅)၊ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ၊ သေမင်းတမန် LPDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ကျဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။


သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - KLG

မူဆယ်နှင့် ကွတ်ခိုင်တွင် ဖြစ်ပွားနေ‌သော တိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ


 မူဆယ်နှင့် ကွတ်ခိုင်တွင် ဖြစ်ပွားနေ‌သော တိုက်ပွဲတွင် စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ 


RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။


ရှမ်းပြည်နယ်၊ မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ ယမန်နေ့ကဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိအခိုက် အကျအဆုံးများပြီး တိုက်လေယာဥ်နှင့် လက်နက်ကြီး အလုံး (၆၀) ကျော် ပစ်ကူပေးခဲ့ရကြောင်း သိရသည်။


တအာင်းတပ်မတော်ရှိရာ လွယ်တယ်မိန်းတောင်သို့ စစ်ကောင်စီတပ် တပ်မ (၉၉)လက်အောက်ခံ ခမရ - ၄၂၀၊ ၄၁၇ နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်လာသည့်အတွက် နံနက် ၉ နာရီတွင် နားထန်အနီးတွင်တစ်ကြိမ်၊ ညနေ (၅း၄၅)အချိန်တွင် စယ်လန်းကျေးရွာအနီးတွင်တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ကွတ်ခိုင်မြို့နယ် TNLA ရှိရာ လွယ်နောတောင်သို့ စစ်ကောင်စီတပ်လက်အောက် ခံ စကခ - ၁၇၊ ခမရ - ၅၇၇၊ ရမခ/ခရလ - ၄၅ တို့ထိုးစစ်ဆင်လာသဖြင့် နံနက် ၁၁ နာရီခန့်က ခိုမုန်းကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။


"စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော်မှ နံနက်(၉း၀၀)အချိန်တွင် မူဆယ်မြို့တွင်းသို့လည်းကောင်း၊ ညနေ (၇း၅၀)အချိန်တွင် စယ်လန့်ရှိ စကစတပ်စခန်းအားလည်းကောင်း၊ ညနေ(၆း၀၀)အချိန်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာသို့လည်းကောင်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့ပြီး အသေးစိတ်မသိရှိရသေးပေ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 


တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ စစ်ကောင်စီမှ နမ့်ဖက်ကာတပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီး အကြိမ်(၂၀)၊ ၁၀၅ မိုင်တပ်စခန်းမှ (၁၅)ကြိမ်နှင့် လွယ်ကျလော့စခန်းမှ အကြိမ်(၃၀)ကျော် စယ်လန့်ရွာစေတီတောင်နှင့် စယ်လန့်ရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း၊ ညနေ ၅ နာရီ၄၀ တွင် တံတားဦးမှ ဂျက်ဖိုက်တာ ၁ စီးဖြင့် စယ်လန့်စေတီတောင်သို့ ဗုံး ၈ လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။


#RedNewsAgency 

https://rednewsagency.com/ 

https://t.me/rednewsagency/3997 

https://www.youtube.com/@rednewsmm/?sub_confirmation=1

Tuesday 29 August 2023

မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ


 မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ သြဂုတ် ၂၉


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး အကြမ်းဖက် စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


သြဂုတ်လ ၂၈ ရက်နေ့တွင် မူဆယ်မြို့နယ်ရှိ TNLA ရှိရာ ခိုမုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA နှင့်တစ်နေကုန် နီးပါး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။


ခိုမုန်းကျေးရွာသည် တရုတ်နယ်စပ်နှင့် ၁.၅၄ ကီလိုမီတာသာ ကွာဝေးပြီး အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ၄၂၁၊ ၄၂၃၊ ၅၇၇ တပ်ရင်းများနှင့် ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်သည့် ရှောက်ဟော်၊ လုံထန်၊ မြို့မ ၁၊ ၂၊ ၃ အဖွဲ့များက စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ် အထိ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရသည်။


တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်၏ နမ့်ဖက်ကာ ၁၂၃ တပ်မှ ၁၀၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် ၏ တပ်မ ၉၉ လက်အောက်ခံ ၄၂၀ ၊ ၄၁၇ တပ်ရင်းမှ တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ၎င်းတို့တပ်စွဲထားသည့် လွယ်ကျယ်လောက်မှနေ၍ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်ကို လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ 


အလားတူ တအာင်းတပ်မတော် တပ်မဟာ ၄ စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ်တွင် TNLA တပ်ဖွဲ့ ရှိရာ နေရာကို စစ်ကားများ အသုံးပြုကာ ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ တနေ့ကုန်နီးပါးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်း တပ်များဘက်မှ ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ တအာင်းတပ်မတော်နှင့် အကြမ်းဖက် စစ်တပ်တို့အကြား သြဂုတ်လအတွင်း တိုက်ပွဲစုစုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရှိရသည်။

ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး


 ထန်တလန်မြို့ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၁၁ ဦးကျဆုံး


ရန်ကုန်၊ ဩဂုတ် ၂၉ 


ချင်းပြည်နယ်။ ထန်တလန်မြို့နယ်တွင် ယမန်နေ့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး RPG အပါအဝင် လက်နက် ၅ လက် သိမ်းဆည်းရရှိကြောင်း ချင်းအမျိုးသားတပ်မတော် CNA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဩဂုတ်လ ၂၈ ရက်နေ့ ထန်တလန်မြို့ တပ်ကုန်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်မှ ၂၈ ဦးသေဆုံးပြီး ၆၀ ကျော် အပြင်းအထန်ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရရှိသူများကို ဟားခါးမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး စစ်ကောင်စီ တပ်ဘက်မှ RPG ၁ လက်၊ MA လက်နက် ၄ လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်။


ထန်တလန်မြို့ တိုက်ပွဲတွင် CNA ၊ CDF-Zophei ၊ CDF - Thantlang နှင့် CDF - Hakha တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့ တိုက်ပွဲ တွင် CNA ရဲဘော် ၅ ဦး၊ CDF-Zophei ရဲဘော် ၄ ဦး၊ CDF - Thantlang ၁ ဦး နှင့် CDF - Hakha ရဲဘော် ၁ ဦး စုစုပေါင်း ၁၁ ဦး တိုင်းပြည် အတွက် အသက်ပေးလှူခဲ့ကြကြောင်း သိရှိရသည်။ 


"ထန်တလမြို့ တပ်ကုန်းစခန်းကိုတော့ ဒရုန်းတွေနဲ့ ဆက်တိုက် ဗုံးကျဲပြီး ဝင် တိုက်ခိုက်တာဖြစ်ပါတယ်။ CNA အပါအဝင် ချင်းတော်လှန်ရေးတပ်တွေ ဘက် က ၁၁ ဦးကျဆုံးပါတယ်။ စစ်ခွေးတွေဘက်ကတော့ ၂၈ ဦးသေဆုံးပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရပါတယ်" ဟု ချင်းတိုင်းရင်းသားတော်လှန်ရေး သတင်း ရင်းမြစ်က ပြောဆိုသည်။ 


ဓာတ်ပုံ- ဒရုန်းဖြင့် ဗုံးကျဲချမှုကြောင့် အထိနာနေသော ထန်တလန်မြို့ တပ်ကုန်းစခန်း မြင်ကွင်း။

Monday 28 August 2023

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းတပ်ဖွဲ့ဝင် ရဲဘော်များ တွေ့ဆုံဆွေးနွေး


 ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းတပ်ဖွဲ့ဝင် ရဲဘော်များ တွေ့ဆုံဆွေးနွေး


ရန်ကုန်၊ ဩဂုတ် ၂၈ 


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၁၃ တပ်ရင်းတပ်ဖွဲ့ဝင် ရဲဘော်များ၏ တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သပိတ်ကျင်း ပကဖ နဲ့ TBK တောဆင်ရိုင်းပြောက်ကြားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်


 ◼️သပိတ်ကျင်း ပကဖ နဲ့ TBK တောဆင်ရိုင်းပြောက်ကြားတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်


ဩဂုတ် ၂၈ ရက် ||| နွေဦးအသံ |||


မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အနီး ကားလမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ရဲဘော်တွေက ဩဂုတ် ၂၆ ရက်၊ နေ့လယ် ၂ နာရီခွဲမှာ ဆိုင်ကယ်နဲ့ လျှပ်တပြတ်ဝင်ရောက်ပစ်ခတ်ရာ စကစရဲတပ်သား ၁ ဦး ဇီဝိန်ချုပ်ပြီး အခြား ၁ ဦး ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


သပိတ်ကျင်းမြို့နယ် (ပကဖ)၊ TBK တောဆင်ရိုင်း ပြောက်ကြားတပ်ဖွဲ့ ရဲဘော်တွေက စစ်ဆင်ရေးကို ၅ မိနစ်အတွင်း အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Sunday 27 August 2023

မူဆယ်တွင် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ


 မူဆယ်တွင် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ


ရန်ကုန်၊ သြဂုတ် ၂၇


ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို ဖျက်ဆီးရန် လာရောက်စဥ် TNLA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


သြဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် TNLA ပြုပြင်ခဲ့သည့်လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က ထပ်မံဖျက်ဆီးရန် ၁၀၅ မိုင်မှ ဘူဒိုဇာ ၁ စီးဖြင့် ထိုးစစ်ဆင်လာစဥ် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထိတွေ့ တိုက်ပွဲသည် နမ့်တောင်းရွာနှင့် ဖာဖိန့်ရွာ အကြားတွင် ဖြစ်ပွားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ ၊ ခမရ ၄၂၀ တပ်ရင်းနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ကို တအာင်းတပ်မတော် TNLA တပ်မဟာ ၁ တပ်ရင်း ၅၇၁ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိကြောင်း သိရှိရသည်။


နမ့်တောင်းနှင့် ပန်ကြုံအကြားရှိ လမ်းပိုင်းကို သြဂုတ်လ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် မြို့မပြည်သူ့စစ်တပ်တို့က ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂၃ ရက်နေ့တွင် တအာင်းတပ်မတော်မှ ပြန်လည်မြေဖို့ပြုပြင်ပေးခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ထပ်မံလာရောက် ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရသည်။


အလားတူ သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်တွင် ကွတ်ခိုင်မြို့မှ သိန္နီသို့ စစ်ကား ၂၄ စီးဖြင့် ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် တပ်မဟာ ၅ တပ်ရင်း ၃၃၅ တို့ မန့်ပိန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် စစ်ကောင်စီတပ်အကြား ယခုသြဂုတ်လအတွင်း စုစုပေါင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရှိရသည်။

Saturday 26 August 2023

မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများရဟုဆို


 မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို KIA/PDF တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းများရဟုဆို 


ဆန်အောင်/People’s Spring


ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က ယမန်နေ့ ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဩဂုတ် ၂၅ရက် ညနေပိုင်းက မိုးမိတ်အခြေစိုက် စစ်ကောင်စီ၏ ခမရ(၂၇၆) တပ်စွဲထားသည့်စခန်းနေရာကို KIA တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၂) ပူးပေါင်းအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


"စီဘိန်း(စီပိန်း)ရွာမှာ လာထိုင်ထားတဲ့ မိုးမိတ်တပ် ခမရ -၂၇၆ စခန်းဖြစ်တယ်။မနေ့ညနေ ၅နာရီ မှာ KIA ရင်း (၁၂)နဲ့ PDFတွေ သွားတိုက်တာ။ ဒီမနက်မှာ စခန်းကိုအပြီးအစီးသိမ်းပိုက်နိုင်ခဲ့တယ်။လက်နက်တွေရတယ်။ ထိခိုက်မှုက ငါတို့ဘက်မရှိပါ”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


KIA စစ်ရေးသတင်းများ ဖော်ပြလေ့ရှိသည့် 7Stars News၏ ဖော်ပြချက်တွင် စီဘိန်းရှိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းအမြောက်များ သိမ်းဆည်းရရှိခဲ့သည်ဟု ဓာတ်ပုံနှင့်တကွ ဖော်ပြသည်။ယခု စခန်းသိမ်းတိုက်ခိုက်မှုသည် KIA တပ်ရင်း (၁၂)နယ်မြေအတွင်း၌ ပထမဆုံး စခန်းသိမ်းတိုက်ခိုက်မှု ဖြစ်သည်ဟု ဆိုသည်။


(KIA/PDF ပူးပေါင်းတပ်မှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - 7Stars News)

စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့်ငြင်း ဆန် မှုဖြင့် အဖမ်းခံထားရပြီး ခမရ ၃၀၁ မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း စစ် အမိန့် ဖီဆန်မှုဖြင့် ထောင်ဒဏ် ၂၀ ချမှတ်ခံရဟုဆို


 စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့်ငြင်း ဆန် မှုဖြင့် အဖမ်းခံထားရပြီး ခမရ ၃၀၁ မှ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း စစ် အမိန့် ဖီဆန်မှုဖြင့် ထောင်ဒဏ် ၂၀ ချမှတ်ခံရဟုဆို


ရန်ကုန်၊ ဩဂုတ် ၂၆ 


အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း တပ်ရင်းမှူးအများအပြား စစ်တိုက်ရန် အမိန့် ငြင်းဆန်နေပြီး မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(DSA-46) ကို စစ်ရေး အမိန့် ဖီဆန် မှု ဖြင့် စစ်ခုံရုံးက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ကြောင်း CDM အရာရှိတချို့ ဦးဆောင်သော ပြည်သူ့ရင်ခွင် - People's Embrace က တရားဝင် သတင်း ထုတ်ပြန်သည်။


ယခုနှစ် ဇွန်လအစောပိုင်းတွင် စစ်ကိုင်းတိုင်း ကသာဒေသအတွင်း ထိုးစစ်ဆင် နေ သည့် မကွေးအခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူးဇေယျာထွန်း(DSA-46) သည် စစ်ရေးအမိန့်ငြင်းဆန်ခဲ့ သဖြင့် ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခံလိုက်ရကြောင်း၊ ဗိုလ်မှူး ဇေယျာထွန်း သည် ယာယီတပ်ရင်းမှူးအဖြစ် ရာထူးတိုးပေးပြီး အသေခံခိုင်းသည်ကို ငြင်းဆန် ပြီး ထောင်ဒဏ်ကိုရွေးချယ်ခဲ့သည့်လုပ်ရပ်အဖြစ် တပ်အတွင်းတွင် လှုပ်ခတ် သွားစေခဲ့ကြောင်း ပြည်သူ့ရင်ခွင် - People's Embrace က ဆိုသည်။ 


အလားတူ ကရင်ပြည်နယ် မြဝတီ လက်ခတ်တောင်တိုက်ပွဲတွင် တပ်မ ၄၄ လက်အောက်ခံတပ်များ အထိအခိုက် အကျအဆုံး များပြားပြီး စိတ်ဓာတ် ကျဆင်းနေသည့် စစ်ကောင်စီတပ်များသည် တပ်ပျက်သည်အထိ စစ်ရေး အထိ နာနေကြောင်း၊ တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ တပ်ရင်းမှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး အာကာအောင် (DSA-46) နှင့် ဒုတပ်ရင်းမှူး ကျော်သူမောင် (DSA-47) တို့ နှစ်ဦးသည် စစ်ရေးအမိန့်ဖီဆန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်း အရေး ယူ ခံထားရကြောင်း သိရှိရသည်။


ထို့အတူ ကချင်ပြည်နယ်၊ လိုင်ဇာ နမ့်ဆန်ယန်ဒေသကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် ခလရ ၁၂ ၊ ခလရ ၁၃ ၊ ခမရ၄၁၁ ၊ ခလရ ၃၇ နှင့် ခမရ ၃၇၈ တပ်ရင်းများမှ တပ်ရင်းမှူးများကို စစ်ဆင်ရေးအမိန့်ဖီဆန်မှုဖြင့် အသီးသီး ဖမ်းဆီးချုပ်နှောင် အရေးယူထားကြောင်း ပြည်သူ့ရင်ခွင် - People's Embrace ၏ အဆိုအရ သိရှိရသည်။


KIA ဌာနချုပ်အနီး နမ့်ဆန်ယန်စစ်ဆင်ရေးတွင် တပ်မ ၁၁ လက်အောက်ခံ တပ်များ ၏ စစ်ရေးအမိန့်ဖီဆန်မှုများ ဆက်တိုက်ပေါ်ပေါက်လာပြီးနောက် ကစထမှူး နှင့် မြောက်ပိုင်းစစ်တိုင်းမှူးတို့ကိုပါ ခေါ်ယူထိန်း သိမ်းအရေး ယူခဲ့ခြင်း ဖြင့် တပ်တွင်း အကွဲအပြဲများစွာဖြစ်ပေါ်နေကြောင်း သိရှိရသည်။ 


ထိုသို့ စစ်ဗိုလ်ချုပ်ကြီးများ၏ အတင်းအကျပ် ဖိအားပေး ထိုးစစ်ဆင်ခိုင်းနေခြင်း နိုင်ငံအနှံ့ စစ်ရေးရှုံးနိမ့်မှုများလာတာ ခြင်းနှင့် စစ်မြေပြင်တွင် အကျအဆုံး များလာ‌ခြင်းတို့ကြောင့် စစ်သားအများအပြား တပ်တွင်းမှ ထွက်ပြေးကာ အစုလိုက်အပြုံလိုက် ပြည်သူ့ထံပူးပေါင်းဝင်လာရောက်ကြောင်း သိရှိရသည်။ 

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ထုတ်ပြန်ချက်အရ အကြမ်းဖက် စစ်တပ် လက် အောက်တွင် တာဝန် မထမ်းဆောင်သဖြင့် ၄ လတာအတွင်း ထွက်ပြေး လာ သည့် စစ်သား ၅၀၀ နီးပါးရှိကြောင်း သိရှိရသည်။

Friday 25 August 2023

စစ်အာဏာရှင် မကြာခင် ပြုတ်ကျတော့မည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော ပြောဆို


 စစ်အာဏာရှင် မကြာခင် ပြုတ်ကျတော့မည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘော ပြောဆို


ရန်ကုန်၊ သြဂုတ် ၂၅


အကြမ်းဖက် စစ်အာဏာရှင် မကြာခင် ပြုတ်ကျတော့မည်ဟု ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက လက်ခတ်တောင် စစ်ရေး အခြေအနေနှင့် ပတ်သက်ပြီး ပြည်သူလူထုထံသို့ သတင်းစကား ပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။


"ပြည်သူလူထုကို ပြောချင်တာက ကျွန်တော်တို့ ပန်းတိုင်ကို မကြာခင် လျှောက်လှမ်းနိုင်တော့မယ်။ အာဏာရှင်သည် မကြာခင် ပြုတ်တော့မယ်ဆိုတဲ့ဟာကို ကျွန်တော်တို့အနေနဲ့ ရဲရဲကြီးပြောနိုင်တယ် ဘာလို့လည်းဆိုတော့ ဒီနေ့ ဒီအချိန်အထိ လူထုတွေက အခုအချိန်အထိ ဇွဲလုံ့လ သတ္တိတွေက လုံးဝ မလျှော့ဘဲနဲ့ တရှိန်ထိုးကို တိုးတက်တာကို တွေ့ရတယ်။ ဒါကြောင့် မကြာခင် အာဏာရှင်ပြုတ်မယ်ဆိုတာကို စစ်ရေးအရ သုံးသပ်ပြီးပြောနိုင်ပါတယ်" ဟု ကော်ဘရာစစ်ကြောင်းမှူ ဗိုလ်ဒါဘောက ပြောဆိုသည်။


လက်ရှိ စစ်ရေး အခြေအနေများသည် အားလုံးသိကြသည့် ၂ နှစ်ကျော် ကြာလာသည်နှင့် အမျှ စစ်ရေး အရှိန်အဟုန်မျ တစ်ချက်မှ မှေးမှိန်မသွားကြောင်း၊ တောက်လျှောက် ခံစစ်မှသည် ထိုးစစ်ဆင်နိုင်သည်အထိ လုပ်လာနိုင်ကြောင်း၊ လက်ရှိ အချိန်အထိ လက်ခတ်တောင်ကို ပြန်လည်ရရှိရန် အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်း အသုံးပြုပြီး လက်နက်ကြီးများ၊ မစ်ဇိုင်းများ၊ လေကြောင်း တိုက်ခိုက်မှုများ အသုံးပြု၍ ပြန်လည် တိုက်ခိုက်နေသော်လည်း တော်လှန်ရေး ရဲဘော်များ၊ ပြည်သူ တစ်ယောက်ချင်းစီတိုင်း လက်မလျှော့သရွေ့ စစ်အာဏာရှင်သည် တော်လှန်ရေး တပ်ဖွဲ့များကို မယှဉ်နိုင်ကြောင်း ပြောကြားခဲ့သည်။


အကြမ်းဖက် စစ်တပ်က လက်ခတ်တောင်ကို ပြန်လည်ရရှိရေး ထိုးစစ်မှု ၁၀ ကြိမ်အထက်ရှိပြီး စစ်သားများ အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားရကာ ၁ လပြည့်သည်အထိ လက်ခတ်တောင်ကို စစ်တပ်က မကပ်နိုင်သေးကြောင်း သိရသည်။


ထို့ပြင် လူထုအားလုံးပါဝင်သည့် စစ်ဆင်ရေး ကမ်ပိန်း တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ရှေ့တန်းရှိ ရဲဘော်များ ထိခိုက်မှု ကျဆုံးမှု နည်းပါးရန် ကျည်ကာနှင့် ခမောက်များကို ဖြည့်တင်းပေးခြင်းကြောင်း၊ စစ်ဆင်ရေး အများအပြားတွင် မထိခိုက်သင့်ဘဲ ထိခိုက်သည်များ တွေ့ရပြီး မကျဆုံးသင့်ဘဲ ကျဆုံးခြင်းများ တွေ့မြင်နေရကြောင်း၊ ရဲဘော်များ ကျည်ကာကြောင့် အသက်မဆုံးရှုံးရသည်ကို တွေ့ရပြီး ခမောက်ကြောင့် တိုက်ပွဲတွေ ကြားတွင် လက်နက်ကြီး ကျည်ဆ ထိမှန်ခြင်းမှ ကာကွယ်နိုင်ကြောင်း၊ လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် သွားချင်သည့် တရှိန်ထိုး စစ်ဆင်ရေးကို လုပ်ဆောင်နိုင်ရန် ဒုတိယအချက်အနေဖြင့် ဖြည့်တင်းသင့်သည့် လက်နက်ခဲယမ်းများကို ဖြည့်တင်းနိုင်ဖို့ရန် အဆိုပါ ကမ်ပိန်းကို ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ပြောဆိုသည်။

ရှားတောမြို့နယ်တွင် ရိက္ခာပို့လာသည့် ခမရ ၅၁၉ ပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သားအများအပြား သေ ဆုံး ပြီး လက်နက် ၂၀ ကျော်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ



 Breaking News- ရှားတောမြို့နယ်တွင် ရိက္ခာပို့လာသည့် ခမရ ၅၁၉ ပူးပေါင်း စစ်ကြောင်းကို တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သားအများအပြား သေ ဆုံး ပြီး လက်နက် ၂၀ ကျော်၊ ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ်လ ၂၅ 


ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ ၂၈၈၈ နှင့် မေယုတောင်ကြား တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၁၉ ရိက္ခာပို့ပူးပေါင်း စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက် ခဲ့ရာ စစ်သားအများအပြားသေဆုံးပြီး လက်နက်ကြီး၊ လက် နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီ KA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ရှားတောမြို့နယ်၊ ၂၈၈၈ တပ်နှင့် ၃၂၂၂ တောင်ကုန်းတို့ရှိ အကြမ်း ဖက်စစ်တပ်စခန်းများကို ရိက္ခာပို့ရန် ရှမ်းပြည်နယ် ဘက်မှ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၁၉ စစ်ကြောင်းကို KA ပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများ အပြားသေဆုံးပြီး လက်နက်ကြီးလက်နက် ၂၀ ကျော် အပြင် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။


“အရင်တုန်းက ယာယီရိက္ခာစုပုံတဲ့ ဂိုဒေါင်တစ်ခုရှိတယ်လေ၊၂၈၈၈ နဲ့ ၃၂၂၂ ကို ရိက္ခာပို့မရအောင် ဖြတ် တိုက်ထားတာ၊ အဲဒီတုန်းကလည်း ရိက္ခာတွေ၊ လက်နက်တွေ ရတယ်၊ ၄ ယောက်လား ၅ ယောက်လား မသိ ဘူး ကျတယ်၊ အခုတမြန်နေ့က ထပ်ဖြစ်တာက အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကိုပဲ၊ ရှမ်းပြည် ဘက်နေ ထောက်ပို့ဖို့အတွက် ထွက်လာတဲ့ စစ်ကြောင်းကို ဖြတ်တိုက် တာ၊ လက်နက်က ၂၀ ကျော် လောက်ရ တယ်၊ အတိုတွေလည်းပါတယ်၊ အားလုံးက ၂၀ ကျော်ပဲ၊ ဘယ်နှစ်ယောက်သေလဲဆိုတာတော့ မသိဘူး” ဟု ကရင်နီ KA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။


သိမ်းဆည်းရရှိသော လက်နက်များတွင် လက်နက်ငယ် ၁၄ လက်၊ ငါးကြင်းမြီး စက်လက် တစ်လက်၊ စိန် ပြောင်းလက်နက်ကြီး ၄ လက်အပါအဝင် ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှု များပြားသဖြင့် ညနေ ၃ နာရီနှင့် ၄ နာရီကြားတွင် အကြမ်းဖက်စ စ်တပ်မှ လေကြောင်းမှတဆင့် တိုက်ခိုက်ပစ်ကူပေးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း ကရင်နီ KA တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။


“၅၁၉ နဲ့ဖြစ်တာ၊ ရှမ်းပြည်နယ်က တပ်ပဲ၊ ၅၁၉ တို့ ၃၃၄ တို့ အဲဒီအဖွဲ့တွေ၊ သူတို့က ဌာနချုပ် ဉာဏ်မူ ရှေ့က တပ်စခန်းကို ရိက္ခာပို့နေတာ၊ သူ့တို့ နှစ်စကတည်းကပဲ၊ အခုထိရိက္ခာက မရောက်နိုင်တော့ ယာ ယီ စုပုံစခန်းဆို ပြီးထားထားတာရှိတယ်၊ အဲဒီ စစ်ကြောင်းကို ဖြတ်တိုက်တာ၊ အခုကတော့ ဘယ်နှစ် ယောက်သေလဲ မသိဘူး၊ အထိနာတော့ လေယာဉ် နဲ့လာပစ်တယ် လေ၊ ၂၃ ရက်နေ့ညနေက၊ ဖြစ်တာ ကတော့ မွန်းလွဲပိုင်းပါပဲ လေယာဉ်နဲ့ လာပစ်တာက ၃ နာရီ ၄ နာရီလောက်မှာလာပစ်တာ၊ ကျနော်တို့ရဲ ဘော် တွေက ထိခိုက်ဒဏ်ရာရတာမရှိပါဘူး၊ သူတို့လာမှာပဲ ဆိုတာ သိတော့ ကြားကနေဖြတ်တိုက်တာ၊ BP 9 နဲ့ မက်လွန်ရိုးကြား မယ်ဟောင်ဆောင် အနောက်ဘက်တည့်တည့်မှာပဲ” ဟု ကရင်နီKA စစ်ဖက် ဆိုင်ရာ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

Thursday 24 August 2023

ကျိုက်ထိုတွင် ဒေသခံများကိုလက်နက်အားကိုးဖြင့် သတ်ဖြတ်ခြိမ်းခြောက်နေသည့် BGF ဗိုလ်တစ်ဦးသတ်ခံရပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိ


 ကျိုက်ထိုတွင် ဒေသခံများကိုလက်နက်အားကိုးဖြင့် သတ်ဖြတ်ခြိမ်းခြောက်နေသည့် BGF ဗိုလ်တစ်ဦးသတ်ခံရပြီး သေနတ်နှစ်လက် သိမ်းဆည်းရမိ


ဧရာဝတီတိုင်းမ်

(ကျိုက်ထို)၊ ဩဂုတ်လ ၂၄ ရက်


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာအနီးတွင် ယနေ့ဩဂုတ်လ ၂၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ဒေသခံများအပေါ်လက်နက်အားကိုးဖြင့် ခြိမ်းခြောက် အနိုင် ကျင့်နေသည့် စစ်ကောင်စီတပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) မှ စစ်ဗိုလ် ဝင်းစိုးကို ကျိုက်ထိုမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ (KRF) နှင့် ဝေါမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ပူပေါင်းကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။


BGF ဗိုလ်ဝင်းစိုးနှင့် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သူတို့ မောင်းနှင်လာသည့် ကားကို ကော့ထင်းကျေးရွာနှင့် ဘိုရားကြီးကျေးရွာအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် နှစ်ဦးလုံးသေဆုံးခဲ့ပြီး သေနတ် နှစ်လက်၊ ဖုန်း၊ BGFတပ်ဖွဲ့ဝင် စီစစ်ရေးကတ်၊ မှတ်ပုံတင်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။


"သူကအရင် ကတည်းက လောင်းကစားလုပ်တယ်။ ပြောရမယ်ဆိုရင် ဥပဒေနဲ့ မကင်း တာတွေပဲ လုပ်တာများတာပေါ့။ အာဏာသိမ်းပြီး နောက်ပိုင်းမှာကျတော့ သူလုပ်ချင်တာ လုပ်လို့ရသွားတယ်ပေါ့။ အရင်ကကျလုပ်လို့မရဘူး။ သူ(BGF စစ်ဗိုလ်ဝင်းစိုး)က လမ်းမှာ စစ်‌ဆေးရေးလုပ်ရင်း လူငယ်တစ်ယောက်ကိုလည်း ပစ်သတ်ဖူးတယ်။ ‌ကျိုက်ထို တောင်ပိုင်းမှာလည်း လှည်းကင်းစောင့်ရင်း လူငယ်တစ်ယောက်ကို ပစ်သတ်ဖူးတယ်" ဟု သထုံခရိုင် PDF မှ တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။


BGF ဗိုလ်ဝင်းစိုးသည် ‌လူငယ် နှစ် ဦးကိုအကြောင်းမဲ့ပစ်သတ်ခဲ့သူဖြစ်ပြီး တရားမဝင် ကားမှောင်ခိုလုပ်ငန်းများလုပ်ကိုင်ခြင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းကာ သောင်နု မြေဧက ၃၀၀ ကျော်ကိုသိမ်းယူခြင်း၊ ကျေးရွာများတွင်လျှပ်စစ်မီးများ ဖြတ်တောက်ကာ မီးတာခ များမတရားကောက်ခံခြင်းများ ပြုလုပ်လေ့ရှိကြောင်းလည်း သိရသည်။


၎င်းသေဆုံးပြီးနောက် စစ်ကောင်စီတပ်သည် အဆိုပါနေရာနှင့် အနီးတဝိုက်တွင် သေနတ် ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့က ကျောက်ကလပ်အပိုင် ဆင်ဖြူ တောရဘုန်းကြီးကျောင်းအနီးတွင် စခန်းချနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော် လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ဗိုလ်အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများကို အမတ ၃၁၀ တပ်ရင်းအတွင်း မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ-ပေးပို့ 


#ကျိုက်ထို #BGFဗိုလ်စိုးဝင်း #သေနတ် #ပစ်သတ်ခံရ #KRF #ဝေါပကဖ #Ayeyarwaddy_Times

Wednesday 23 August 2023

နယ်ခြားစောင့်တပ် (B.G.F) − တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်


 နယ်ခြားစောင့်တပ် (B.G.F) − တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်


သြဂုတ်လ (၂၃) ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအဲန်ယူ−ဗဟို။


၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့တွင် နယ်ခြားစောင့်တပ် (B.G.F) - တပ်နယ် (၂) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့် အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်ခဲ့ကြောင်း သိရသည်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား မနှစ်သက်သဖြင့် တော်လှန်ရေးပြီးဆုံးသည်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) − ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာရှင်စနစ်အား တွန်းလှန်ထိုက်ထုတ် တိုက်ပွဲဝင်သွားရန် BGF - တပ်နယ် (၂) မှ တပ်သား အောင်ကိုဦး ၃၆ နှစ်မှာ M16-A1 (၁) လက်၊ ၎င်းကျည်ဘောက် (၅) ဘောက် နှင့် ၅.၅၆ ကျည်တောင့် (၁၅၀) တောင့်တို့အားယူဆောင်လာပြီး KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ပြောသည်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အား ဆန့်ကျင်၍ KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လာရောက်ပူးပေါင်းသော စစ်ကောင်စီ လက်အောက်ခံတပ်မှ မည်သည့် စစ်သား မဆို KNLA - ပူးပေါင်းတပ်ဖွဲများ နှင့် ပြည်သူများမှ နွေးထွေးစွာ ကြိုဆိုလျှက်ရှိနေပြီး ဆုတော်ငွေများဖြင့် လည်း ဆုချီးမြှင့်လျှက်ရှိသည်။ သို့ဖြစ်၍ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းလာသော တပ်သား အောင်ကိုဦးသည်လည်း KNLA - ပူးပေါင်းတပ်ဖွဲများမှ နွေးထွေးစွာကြိုဆိုပြီး KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော မှ ဆုတော်ငွေအဖြင့် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်းဘတ် တိတိအား ဆုချီးမြှင့်ခဲ့သည်။


အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ယနေ့ထိတိုင် တစ်လကျော်အကြာ ထိုးစစ်ဆင်ခဲ့ပေမည့် KNLA- ပူးပေါင်းတပ်ဖွဲ့များ၏ ပျောက်ကျား ပစ်ခတ်မှုကြောင့် အရာရှိ အပါအဝင် ထိခိုက်ကျဆုံးမှု များပြားခဲ့ရပြီး လေကြောင်း ပစ်ကူအဖြင့် အသုံးပြုနေရကြောင်း သိရသည်။


၎င်းသတင်းအချက်အလက် နှင့် မှတ်တမ်းဓာတ်ပုံမှာ KNLA- ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ပေးပို့ခြင်း ဖြစ်သည်။


ဓာတ်ပုံ - KNLA - ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်း နှင့်အတူ လာရောက်ပူးပေါင်းသော BGF တပ်သား တစ်ဦး နှင့် KNLA - ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော။


သတင်းအရင်းအမြစ် − ဒူးပလာယာခရိုင်−သတင်းနှင့် ပြန်ကြားရေး။

Tuesday 22 August 2023

စစ်တပ် သေနင်္ဂဗျူဟာ ခံစစ် အနေအထား ရောက်သွားခြင်း


 စစ်တပ် သေနင်္ဂဗျူဟာ ခံစစ် အနေအထား ရောက်သွားခြင်း

————————————————————————————


အကြမ်းဖက် စစ်တပ် အနေနဲ့ ပြည်သူ့ခုခံတော်လှန်စစ် အစ ကာလတွေမှာ တော်လှန်ရေး အင်အားစု နယ်မြေတွေကို စစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ရေးလက်ဦးမှု ရရှိခဲ့ကာ သေနင်္ဂဗျူဟာ ထိုးစစ် အနေအထား မှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လည်း တော်လှန်ရေး နှစ်နှစ် ကျော်သွားတဲ့အခါ စစ်တပ်ဟာ နိုင်ငံတောင်ပိုင်း ဒေသတွေမှာ သေနင်္ဂဗျူဟာ ခံစစ် အဆင့်ကို လျှောကျရောက်ရှိသွားပါတယ်။ ဒီ အခြေအနေကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက “First 100 Days: KNU in New Era” သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ စစ်တပ် အနေနဲ့ ထိုးစစ်ဆင်ခြင်း မပြုနိုင်ဘဲ ခြေကုန်စခန်းများကိုသာ ကာကွယ်နေရတဲ့ အကြောင်း၊ နယ်မြေ ရှင်းလင်းရေးကိုလည်း အင်အားအနည်းငယ် လုပ်ဆောင်နေရပြီး တပ်လဲလှယ်ရေး ကိုမလုပ်ဆောင်နိုင်တော့ဘဲ တပ်တွင်းထောက်ပို့ရေးကိုပင် လေကြောင်းက ပြုလုပ်နေရကြောင်း ၎င်းက မှတ်ချက်ပြုထားပါတယ်။


မြေပြင်ပဂတိအနေအထားအရ တောင်ပိုင်း ဒေသမှာ စစ်တပ်ဟာ ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် အပါအဝင် ပြည်သူ့ ကာကွယ်ရေး တပ်တွေရဲ့ တိုက်ခိုက်မှုကိုသာ ခံနေရပါတယ်။ မြဝတီမြို့ အနီးက လက်ခတ်တောင်ကို ယနေ့ ထိ သိမ်းပိုက်နိုင်ခြင်း မရှိသလို မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိတ်ကြီး မြို့တွေကိုလည်း တော်လှန်ရေး အင်အားစုတွေ မကြာခဏ တိုက်ခိုက်နိုင်နေပါတယ်။ မော်လမြိုင်-ရေး-ထားဝယ် လမ်းမကြီးကိုပင် ပုံစံ စိုးမိုးထိန်းချုပ်နိုင်နေပြီဖြစ်ပါတယ်။ စစ်တောင်း မြစ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ညောင်လေးပင်၊ ကျောက်တံခါး၊ ရေတာရှည် မြို့တွေ အနီးမှာလည်း တိုက်ပွဲတွေ ပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ 


“ ရန်သူ၏ ထိုးစစ် ကို ချေမှုန်းလိုက်ပြီး၊ ရန်သူက နောက်ထပ် ထိုးစစ် တရပ်မဆင်သေးမီ အချိန်သည် ရန်သူက သေနင်္ဂဗျူဟာ ခံစစ်ဆင်ပြီး ကျနော်တို့က သေနင်္ဂဗျူဟာ ထိုးစစ်ဆင်သော အချိန်ဖြစ်သည်။ ဤအချိန်မျိုး၌ ကျတော်တို့၏ စစ်ဆင်ရေးလမ်းညွှန်မှုမှာ တိုက်၍ မအောင်နိုင်သည့် ခံစစ်နေရာကို အခိုင်အခံ့ယူထားသည့် ရန်သူ ကို တိုက်ရန် မဟုတ်၊ တစုံတခုသော ဒေသအတွင်း၌ ပြောက်ကျားတပ်ဖွဲ့တို့က အနိုင်တိုက်နိုင်သော ရန်သူ့ တပ်ကလေးများ နှင့် မျိုးဖျက်လက်နက်ကိုင်တပ်များကို စီမံကိန်းရှိစွာ ချေမှုန်းပစ်ရန် နှင့် မောင်းထုတ်ပစ်ရန်၊ ကျနော်တို့ သိမ်းပိုက်ထားသော နယ်မြေများကို တိုးချဲ့ရန်၊ ဂျပန် ခုခံရေး တိုက်ပွဲထဲ ပါလာအောင် ပြည်သူ လူထုကို လှုံဆော်ရန်၊ ကျတော်တို့၏ တပ်များကို ဖြည့်တင်းပေးရန် နှင့် လေ့ကျင့်ပေးရန်၊ ပြောက်ကျားတပ်ဖွဲ့သစ်များ စည်းရုံးဖွဲ့စည်းရန်တို့ဖြစ်သည်” ဟု မော်စီတုန်း လက်ရွေးစင်ကျမ်း အတွဲ (၂)၊ ပထမအုပ် တွင် ဖော်ပြထားတဲ့ “ဂျပန်ခုခံရေး ပြောက်ကျားစစ်၏ သေနင်္ဂဗျူဟာ ပြဿနာများ” စာတမ်း စာမျက်နှာ (၂၀၄) မှာ ဖော်ပြထားပါတယ်။


အကြမ်းဖက် စစ်တပ် အနေနဲ့ ကရင်တပ်ဖွဲ့တွေ အဓိက စစ်ရေးလှုပ်ရှားတဲ့ တောင်ပိုင်း စစ်ဒေသမှာ ထိုးစစ်ဆင်နိုင်တဲ့ စွမ်းရည် ကင်းမဲ့ သွားပုံရပြီး သေင်္ဂဗျူဟာ ခံစစ် အနေအထားကို ရောက်သွားပုံရပါတယ်။ ဒီအတွက်ကြောင့် မြို့တွေကို သေချာ မထိန်းနိုင်တာ၊ အဓိက ဆက်သွယ်ရေး လမ်းမကြီးတွေကို လုံခြုံမှု မပေးနိုင်တာတွေ တွေ့နေရပါတယ်။ တော်လှန်ရေး အင်အားစုတွေကတော့ စစ်ရေးလမ်းညွှန်ချက် အတိုင်းပဲ ရန်သူ အင်အားပျော့တဲ့နေရာကို ထိုးဖောက်တာ၊ တပ်ဖွဲ့သစ်တွေကို လေ့ကျင့် လက်နက်တပ်ဆင်ရန်၊ လူထု ကို စည်းရုံးလုပ်ဆော်ရန် လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒီ စစ်ရေး အခြေအနေသစ်အောက်မှာ စစ်တောင်းမြစ်ဝှမ်း ထိုးဖောက်ရေး စီမံချက် ပေါ်လာတာပဲ ဖြစ်ပါတယ်။


မြောက်ပိုင်း ဒေသ တွေမှာတော့ လိုင်ဇာ ဒေသကို စစ်တပ် က စစ်ကြောင်းတချို့ စေလွှတ်တာ၊ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတချို့ဖော်တာ၊ စစ်ကိုင်း နဲ့ မကွေး ဒေသထဲမှာ လှည့်လည် စစ်ဆင်တာတွေ လုပ်ဆောင်နေသေးတော့ ရန်သူ့ အနေနဲ့ အညာ နဲ့ မြောက်ပိုင်း ဒေသမှာ သေနင်္ဂဗျူဟာ ထိုးစစ် အဆင့်ထဲမှာပဲ ရှိနေအုံးမယ်လို့ သတ်မှတ်နိုင်ပါတယ်။ ရန်သူ့ အနေနဲ့ အကျအဆုံး များပြားနေတာကြောင့် မကြာခင်မှာ စစ်ဆင်တိုက်ခိုက်နိုင်မှု ရပ်တန့်သွားမှာ ဖြစ်ပြီး အခြေစိုက်စခန်းထဲမှာပဲ နေရတဲ့ ဘဝ ကို ရောက်တော့မှာပါ။ အဲဒီ အခြေအနေ ရောက်ရင်တော့ စစ်တပ်ဟာ တနိုင်ငံလုံးမှာ သေနင်္ဂဗျူဟာ ခံစစ် အဆင့်ကို လုံးဝ ရောက်သွားပြီ ပြည်သူ့ ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ် အင်အားစုတွေက သေနင်္ဂဗျူဟာ တန်ပြန် ထိုးစစ် အတွက် အသင့်ဖြစ်နေပြီလို့ ပြောနိုင်မှာပါ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ကပစ ၂၃ စခန်းကုန်းတိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ရ


 ကပစ ၂၃ စခန်းကုန်းတိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းတချို့ရ


ဂန့်ဂေါ၊ ဩဂုတ် ၂၂၊ ၂၀၂၃။


မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောမြို့အခြေစိုက် ကပစ ၂၃ ရဲ့ အရေးပါတဲ့ ဗျူဟာစခန်းကုန်းတခု ဝင်ရောက်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးအပါအဝင် ၃ ဦးသေကာ ခဲယမ်းတွေလည်း သိမ်းမိခဲ့တယ်လို့ ရဲဘော်တွေဆီက သိရပါတယ်။


ဩဂုတ် ၂၁ ရက် မနက် ၉ နာရီခွဲဝန်းကျင်က ကပစ၂၃ နဲ့ ၂ မိုင်ခန့်အကွာက စစ်ကောင်စီစခန်းကုန်းတခုကို ယောကာကွယ်ရေးတပ် YDFရဲ့ ယောနကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲဖြစ်နေချိန်အတွင်း ကပစထဲကနေလည်း လက်နက်ကြီး ပစ်ကူပေးတယ်လို့ ဆိုပါတယ်။


“လုံခြုံရေးမိုင်းတွေလည်း အထပ်ထပ်ကာထားတယ်။ အဲ့ဒါကို ကျနော်တို့က တက်ပြီးမှ သိမ်းတာပါဗျ။ သူတို့ဘက်က သေတဲ့သူတွေက ဒီတိုင်းပဲ အလောင်းတွေရတယ်။ မသေတဲ့ တချို့တပ်သားတွေကတော့ လက်နက်တွေ ယူပြီးမှ ထွက်ပြေးသွားတယ်။ ကျတော်တို့က ပြင်းပြင်းထန်ထန် ကျားထိုးပြီးမှ ပစ်အားကောင်းကောင်းနဲ့ ဝင်လိုက်တာဆိုတော့ ထွက်ပြေးသွားတဲ့အခြေအနေမျိုးပါ။”လို့ ယောကာကွယ်ရေးတပ် YDFရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ကြပ်ကြီး သီဟအောင် အပါအဝင် ၃ ဦးသေဆုံးပြီး MA 3 ၂ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၄ လုံး၊ power bank ၂ လုံး သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


သိမ်းဆည်းနိုင်ခဲ့တဲ့ စခန်းကုန်းဟာ ဗိုလ်ကြီး ၂ ဦး၊ ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦး နေထိုင်ပြီး အဆိုပါ စခန်းကုန်းဟာ ကပစ၂၃ တခုလုံးရဲ့ လုံခြုံရေးယူပေးတဲ့ စိုးမိုးကုန်းဖြစ်တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇွန် ၃ရက်ကလည်း ကျောက်ထုမြို့နယ်၊ စံတောင်အနီးမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေကာ ၄ဦး ဒဏ်ရာရခဲ့ပြီး ကျည်ဆန်တချို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။


သတင်း - ချယ်ရီ၊ စာတည်း - လင်းဇေ


#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါခရိုင် #ကျောမြို့ #ကပစ၂၃ #ယောနကစစ်ကြောင်း #သတင်း 

*****************************************


PDF Zoland ဆီ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲ နှစ်ဦးကို ကျပ်သိန်းတစ်ရာ ဆုငွေ ချီးမြှင့်...


 PDF Zoland ဆီ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ ရဲ နှစ်ဦးကို ကျပ်သိန်းတစ်ရာ ဆုငွေ ချီးမြှင့်...

+++++++++++++++

သြဂုတ် ၂၂ 


PDF Zoland ဆီ လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ နှစ်ဦးကို ကျပ်သိန်းတစ်ရာ ဆုငွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ PDF Zoland က ဒီကနေ့ ထုတ်ပြန်ပါတယ်။ 


သြဂုတ်လ ၂၀ ရက်နေ့မှာ PDF Zoland ဆီကို လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတာဖြစ်ပြီး ရဲ နှစ်ဦးစလုံး လက်ရှိအချိန်မှာ ဆုငွေတွေနဲ့အတူ လုံခြုံတဲ့ နေရာကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ကနီနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်စိတ်မှူး အရှင်ဖမ်းမိ



 ကနီနယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တပ်စိတ်မှူး အရှင်ဖမ်းမိ


▪️ နွားခြံကုန်းကျေးရွာအား စစ်ကောင်စီတပ် ဖျက်ဆီးသွား


​ချင်းတွင်းမောင်၊ဆလိုင်းမာန်အောင် /People's Spring


စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းအား တိုက်ခိုက်ရာ  တစ်ဦးသေဆုံးပြီး တပ်စိတ်မှူးတစ်ဦးအရှင်ဖမ်းဆီးရမိခဲ့ကြောင်း ULF တပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။


သြဂုတ် ၂၀ ရက်က ကနီမြို့နယ်၊နွားခြံကုန်းကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်း​၏ ရှေ့ပြေးကင်းထောက် ၂၅ဦးသည် နွားခြံကုန်းရွာအပြင်သို့ ရောက်ရှိလာစဉ် ULFတပ်ပေါင်းစု၏ ကင်းပုန်းတပ်စုနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကိုဂျော်ဒန်က ပြောသည်။


ထိတွေ့ပစ်ခတ်မှု ၂၅မိနစ်ခန့်အတွင်း စစ်သားတစ်ဦးသေဆုံးကာ တပ်စိတ်မှူးထွန်းဝင်းဆိုသူအား အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။


"အဲဒီတပ်စိတ်မှူးက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က လာတာ။ အခု သွေးထွက်လွန်နေလို့ ဆေးကုသပြီးမှ စစ်သုံ့ပန်းဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ"ဟု ကိုဂျော်ဒန်က ရှင်းပြသည်။


ULFတပ်ပေါင်းစုဝင် ရဲဘော်များအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး တပ်စိတ်မှူးထွန်းဝင်းထံမှ (၄၀) မမ ဗုန်းသီး ၂လုံး၊ ကျည် ၂၅၀နှင့် ကျည်ဘောက် နှစ်ခုရရှိခဲ့ကြောင်း ထုတ်ပြန်သည်။


နွားခြံကုန်းရွာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ညနေတွင် ပြန်လည်ထွက်ခွာသွားပြီး နေအိမ်အားလုံးနီးပါး ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။


"ရွာမှာက အိမ်ခြေ ၅၀၀ လောက်ရှ်ိတယ်။ အိမ်တိုင်းကို မွှေထားတယ်။ အိမ်တချို့ မီးရှို့သွားတယ်။ မီးလောင်တဲ့စာရင်းတော့ မရသေးဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။


စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု)က Comrade စစ်ကြောင်း၊ KLG စစ်ကြောင်းနှင့် Alpha စစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။


ကနီမြို့နယ်တွင် သြဂုတ် ၁၈ ရက်မှ ၂၀ရက်အထိ  သုံးရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း (၂၁၊၂၂၊၂၃၊၂၅၊၂၈နှင့် ၃၀) တို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


(အရှင်ဖမ်းဆီးရမိသော စစ်ကောင်စီတပ်၏ တပ်စိတ်မှူးနှင့် သိမ်းဆည်းရမိသော ကျည်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ULF)

Sunday 20 August 2023

ထန်တလန်တိုက်ပွဲ ချင်းပူးပေါင်းတပ်က စစ်ကောင်စီထံက လက်နက်များ သိမ်းဆည်းရရှိခဲ့


 ထန်တလန်တိုက်ပွဲ ချင်းပူးပေါင်းတပ်က စစ်ကောင်စီထံက လက်နက်များ သိမ်းဆည်းရရှိခဲ့

++++++++++++++++++++


ချင်းပြည်နယ် ထန်တလန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲ့ယမ်းများ သိမ်းဆည်းရရှိမိခဲ့ကြောင်း CNF CAN ကသတင်းထုတ်ပြန်ပါတယ်


ဩဂုတ် ၁၄ရက်က ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဟောင်ကာဘုံးစခန်းကို ချင်းအမျိုးသား တပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊ CDF-ဇိုဖေတိုပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


အဲ့ဒီ့ စခန်းသိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် သုံးလက်၊ RPG နှစ်လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ထုတ်ပြန်ဖော်ပြခဲ့တာဖြစ်ပါတယ်။


Photo -CNF

မုံရွာမြို့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဆက်ကြေးတောင်းနေသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ


 မုံရွာမြို့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဆက်ကြေးတောင်းနေသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိ 


ရန်ကုန်၊ သြဂုတ် ၂၀


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ဆက်ကြေးတောင်းနေသော စစ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ ခေါင်းဆောင် ကိုလင်းယုန်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာမြို့၊ ဘိုးဘွားရိပ်သာ မြောက်ဘက်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပြည်သူများထံ ဆက်ကြေးကောက်နေသည့် စစ်သား ၅ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


" မုံရွာမြို့ပေါ်မှာ ကျွန်တော့်အဖွဲ့တွေက အချိန်မရွေး တိုက်မှု ပြုလုပ်နိုင်တာမို့ ပြည်သူတွေအနေနဲ့ သွားသတိ လာသတိနဲ့ သွားလာကြဖို့ ပြောချင်ပါတယ်" ဟု Golden Eagle Force-Monywa အဖွဲ့ ခေါင်းဆောင် ကိုလင်းယုန်က ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို Golden Eagle Force-Monywa အဖွဲ့မှ ဦးဆောင်ပြီး ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(24)(Monywa ranger group truth army)၊ ကြယ်နီတပ်ဦး (pla)၊ brother revolution force-monywa နှင့် Ka Naung Min Thar Gyi-Monywaတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Saturday 19 August 2023

NCA ကို ကျောခိုင်းခြင်း


 NCA ကို ကျောခိုင်းခြင်း

————————————

အကြမ်းဖက် စစ်တပ် အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲမှု သဘောတူညီချက် စာချုပ် NCA ကို အသုံးချပြီး လူမျိုးစု လက်နက်ကိုင်တချို့ကို တက်နိုင်သမျှ စည်းရုံးဖို့၊ တော်လှန်ရေး ကို သွေးခွဲဖို့ ကြိုးပမ်းနေပေမယ့်လဲ NCA စာချုပ် ပျက်ပြယ်သွားပြီလို့ ကရင် အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစော တာဒိုမှူးက တရားဝင်ပြောကြားသွားပါတယ်။


တကယ်ဆိုရင်လဲ NCA စာချုပ်ဟာ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ နဲ့ ကိုက်ညီမှု မရှိတော့ပါဘူး။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲဖို့၊ နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ သက်ဆိုင်ရာ အမျိုးသားရေးအုပ်စု အလိုက် ညီလာခံတွေ၊ ငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပဖို့၊ သဘောတူညီချက်တွေရယူပြီး လွှတ်တော်ကနေ တဆင့် အတည်ပြုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၅ ခုနစ် မှာ စာချုပ်ကို မြန်မာ အစိုးရ၊ စစ်တပ်၊ ကျောင်းသား တပ်မတော် ABSDF ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ၊ ချင်း အမျိုးသား တပ်ဦး CNF ၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA PC ၊ ဒီမိုကရက်တစ် ကရင်အမျိုးပြု တပ်မတော် DKBA ၊ ကရင် အမျိုးသား အစည်းအရုံး KNU ၊ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ လတ်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၁၈ ခုနစ်မှာ လားဟူ ဒီမိုကရတ်တစ် ယူနီယံ LDU နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။


လက်ရှိမှာတော့ စာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေထဲက ကရင် အမျိုးသား အစည်းအရုံး KNU နဲ့ ချင်း အမျိုးသား တပ်ဦး CNF တို့ က နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင် တိုက်ခိုက်လျက်ရှိပါတယ်။ 


ကျန်ရှိနေသေးတဲ့ အဖွဲ့တွေထဲမှာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ မွန်ပြည်သစ် ပါတီ NMSP တို့ပဲ အင်အားကောင်းတဲ့ အဖွဲ့တွေပါ။ မွန်ပြည်သစ် ပါတီ စစ်ကြောင်းတွေဟာလဲ လက်ရှိကာလမှာ ရေး နဲ့ သံဖြူဇရပ်မြို့နယ်တွေ မှာ စတင် ကင်းလှည့်လျက်ရှိသလို ကျန် လူမျိုးစု အဖွဲ့တွေ အားလုံး တိုက်ခိုက်ရင် စစ်ကောင်စီကို တိုက်ခိုက်မယ်ဆိုတဲ့ သဘောထားကိုလဲ ပြောကြားလျက်ရှိပါတယ်။ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လို့ လူသိများတဲ့ RCSS အဖွဲ့ကသာလျင် ထုတ်ဖော်ပြောကြားမှု မရှိသေးတာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက အင်အားကောင်းတဲ့ အဖွဲ့အားလုံး နီးပါးက စစ်ကောင်စီ ကို ဆန့်ကျင် နေတဲ့ သဘောမှာ ရှိပါတယ်။ 


နေပြည်တော်ကို သွားရောက်ပြီး ဆွေးနွေးလျက်ရှိတဲ့ အဖွဲ့တချို့ဟာဆိုရင် လက်တွေ့ အင်အား သိပ်မရှိတဲ့ အဖွဲ့ငယ်လေးတွေသာ ဖြစ်ပါတယ်။ လူမျိုးစုတွေ နဲ့ လူထု ကောင်းကျိုး အတွက် ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး ၂၀၀၈ ခုနစ် အခြေခံ ဥပဒေ နဲ့ ၂၀၁၅ ခုနစ် NCA စာချုပ်ကို အခြေခံ ရမယ်လို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားနေပေမယ့် အဲဒီ အခြေခံ ဥပဒေ နဲ့ စာချုပ်ကို ဘယ် လူမျိုးစု အဖွဲ့ကမျှ အလေးထားခြင်း မရှိတော့ပါဘူး။ ၂၀၂၁ ခုနစ် စစ်အာဏာသိမ်းလိုက်ပြီးကတည်းက အဲဒီ သဘောတူ စာချုပ်တွေ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။


‌NCA လက်မှတ် မထိုးအဖွဲ့များ

——————————————

မူလ ကတည်းက မြောက်ပိုင်း လူမျိုးစု အဖွဲ့တွေ ဖြစ်တဲ့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ NDAA၊ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့က NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာလဲ အခြေအနေအရ နေပြည်တော်ကို သွားရောက်ဆွေးနွေးနေတဲ့ အဖွဲ့တွေထဲမှာ ဝ၊ မိုင်းလား၊ ရှမ်းပြည် တိုးတက်ရေးပါတီ တို့ပါဝင်ပေမယ့်လဲ စစ်ကောင်စီက ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေး ညီလာခံ တက်မှာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ဒီရက်ပိုင်းမှာဆိုရင် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)လို့ လူသိများတဲ့ SSPP နဲ့ စစ်တပ် ကြားမှာပါ မြေပြင်တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ဒါတွေက ဘာကိုပြလဲဆိုတော့ စစ်တပ်ရဲ့ NCA အတုအယောင် စာချုပ်ကို အင်အားကြီး မြောက်ပိုင်း လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကလဲ လက်မခံဘူးဆိုတာ ကို ပြပါတယ်။


သမိုင်းရဲ့ ပျက်ရယ်ပြုမှု လို့ ပြောလို့ရတဲ့ အချက်ကတော့ NCA စာချုပ်ချုပ်ဖို့ ဆွေးနွေးတော့ ဆွေးနွေးပွဲ တက်ဖို့ တောင်းဆိုခဲ့တဲ့ ရခိုင် AA၊ ကိုးကန့် MNDAA၊ နဲ့ တအာင်း TNLA အဖွဲ့တွေ ကို စစ်တပ်က လက်မခံခဲ့တဲ့ ၂၀၂၁ နောက်ပိုင်း အခင်းအကျင်းမှာမှ ညီနောင် ၃ ဖွဲ့ လို့ နာမည်ကျော်တဲ့ အဲဒီအဖွဲ့တွေ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ စစ်တပ်က အသည်းအသန် ကြိုးပမ်းနေရပါတယ်။ အဲဒီ ၃ ဖွဲ့ကလဲ ရှမ်းမြောက်မှာ တိုက်ပွဲတွေ အရှိန်မြှင့်ပြီးတော့ဘဲ လက်တွေ့ အဖြေပေးထားပါတယ်။


NCA နိဂုံးချုပ်သွားခြင်း

————————————

မူလ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ ယခင်ကတည်းက လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေပါ စစ်ကောင်စီ ကို တိုက်ခိုက်တာ၊ ဆန့်ကျင်တာတွေ လုပ်နေတဲ့ အတွက် NCA စာချုပ် ပျက်ပြယ်သွားပြီလို့ ပြောလို့ရပါတယ်။ NCA ထဲမှာ ဆက်လက် ပါဝင်နေတဲ့ အင်အားကြီး အဖွဲ့ ဆိုလို့ ရှမ်း RCSS နဲ့ မွန်ပြည်သစ် NMSP တို့ပဲ ကျန်ပါတယ်။ အဲဒီ အဖွဲ့တွေဟာလဲ မကြာခင်မှာ တော်လှန်ရေးမှာ ပူးပေါင်းလာဝင်လာမယ့် အလားအလာတွေ အများကြီးတွေ့နေရပါတယ်။ 


အသိသာဆုံးကတော့ ဒီရက်ပိုင်းမှာ မွန်ပြည်သစ် ပါတီရဲ့ စစ်ကြောင်းတွေ လှုပ်ရှားလာမှု ဖြစ်ပါတယ်။ NCA ကို လူမျိုးစု အဖွဲ့တွေ ကျောခိုင်းသွားမှု နဲ့ အတူ တောင်တန်း ‌တော်လှန်ရေး နဲ့ မြေပြန့်တော်လှန်ရေး သွေးခွဲဖို့ ကြိုးစားတဲ့ စစ်တပ်ရဲ့ အကြံဟာလဲ ပျက်ပြယ်သွားရပြီ ဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Friday 18 August 2023

မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများ စစ်ကောင်စီ က လာမကောက်၍ ပုတ်ပွနံစော်နေ


မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများ စစ်ကောင်စီ က လာမကောက်၍ ပုတ်ပွနံစော်နေ


ရန်ကုန်၊ ဩဂုတ် ၁၈ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော လက်ခတ်တောင်ကို စစ်ကောင်စီတပ်က တိုက် လေယာဉ်များဖြင့် ယနေ့ ဗုံးကျဲ ချ ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။


ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်အချိန်မှစတင်၍ စစ်ကောင်စီ တပ် ၏ တိုက်လေယာဉ်များက လက်ခတ်တောင်ကို ဗုံးစတင်ကျဲခြင်းဖြစ်ပြီး ၃ ကြိမ်တိုင်တိုင် လှည့်ပတ်ပျံသန်း ဗုံးကျဲသွားကြောင်း သိရှိရသည်။ 


"လုံခြုံရေးအရ ဘယ်နေရာတွေကို ကျဲတယ်ဆိုတာမျိုး ပြောလို့မရသေးပါဘူး။ လေယာဉ်နဲ့ ဗုံးကျဲတာတော့မှန်ပါတယ်" ဟု စစ်သတင်းရင်းမြစ်က ဆိုသည်။ 


စစ်ရေးဗျူဟာအရအရေးပါလှသည့် လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ၊ ယင်းနောက် စစ်ကောင်စီက လက်ခတ် တောင်ကုန်း ပြန်လည် ရရှိရေး အပြင်းအထန်ထိုးစစ်ဆင်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။ 


လက်ခတ်တောင်တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ရာ ဩဂုတ်လ ၁၅ ရက်နေ့ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်မှ ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


လက်ခတ်တောင် တိုက်ပွဲတွင် သေဆုံးသွားကြသော စစ်သားအလောင်းများကို စစ်တပ်က လာရောက် ကောက်ယူခြင်းမရှိသဖြင့် အလောင်းများ ပြန့်ကျဲ၍ ပုတ်ပွ နံစော်နေကြောင်း သိရှိရသည်။

Thursday 17 August 2023

လက်ခတ်တောင်စခန်းကုန်းကို လာတိုက်ရင်း သေကုန်သည့် စစ်ကောင်စီတပ်နှင့်BGF တပ်သားများ၏ အလောင်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြေမြုပ်ပေး


 လက်ခတ်တောင်စခန်းကုန်းကို လာတိုက်ရင်း သေကုန်သည့် စစ်ကောင်စီတပ်နှင့်BGF တပ်သားများ၏ အလောင်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြေမြုပ်ပေး 


နွေဦးမောင် /ဧရာဝတီတိုင်းမ်

သြဂုတ်လ ၁၇ရက်


ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းသို့ လာတိုက်ရာတွင် သေဆုံးခဲ့ပြီး ပြန်လည်ကောက်ယူနိုင်ခြင်းမရှိသည့် စစ်ကောင်စီ တပ်နှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များ၏အလောင်းများကို လူသားချင်း စာနာသည့်စိတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြေမြုပ်သင်္ဂြိုဟ် ပေးခဲ့ကြောင်းသိရ သည်။


လက်ခတ်တောင်တိုက်ပွဲတွင် တပ်ကောင်စီတပ်နှင့်BGFပူးပေါင်းအဖွဲ့မှ ဗိုလ်မှူးအဆင့် တစ်ဦး၊ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၁၅ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးဒဏ်ရာရရှိခဲ့ကာ ပြန်လည် ကောက်ယူခြင်းမရှိသည့် စစ်ကောင်စီတပ်သား အလောင်းများကို တော်လှန် ရေးတပ်ဖွဲ့ဝင်များက မြေမြုပ်ပေးခဲ့ခြင်း ဖြစ်သည်။


“ဒီကောင်တွေ(တပ်ကောင်စီတပ်နှင့်BGFတပ်သားများ)က အသေခံပြီး တက်လာတာဗျ။ သူတို့ အထက်က အရာရှိတွေကလည်း သေတွင်းထဲကိုပို့ပေးနေတာ။ အခုသေတာတောင် အလောင်းတွေ မကောက်နိုင်ဘူး။ ကိုယ့်ဆီက တော်လှန်ရေးအဖွဲ့တွေကပဲ မြေမြုပ်ပေးနေရတယ်။ လူသားချင်းစာနာတဲ့ စိတ်နဲ့ပေါ့ဗျာ” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ 


ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ ညပိုင်းကတည်းက စတင်၍ စစ်ကောင်စီတပ်နှင့်BGF ပူးပေါင်းအဖွဲ့ဝင်များသည် လက်ခတ်တောင် စခန်းကုန်းကို သိမ်းပိုက်ရန်အတွက် စစ်ကြောင်းသုံးကြောင်းခွဲ၍ ချီတက်လာခြင်းဖြစ်သည်။ 


စစ်ကောင်စီတပ်နှင့်BGF ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၃၀၀ ကျော်၊ Jet Fighter ဖြင့် သုံး ကြိမ်၊ Mi-35 ဖြင့် သုံးကြိမ်တိုင် ပစ်ကူများရယူ၍ လက်ခတ်တောင်ပေါ်သို့ ထိုးတက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။   


“သြဂုတ်လ ၁၄ ရက်နေ့ညကတည်းက အင်အားအလုံးရင်းနဲ့ တတ်လာတာ။ မြဝတီမြို့ပေါ်ကနေကော လေ့ကေကော်မြို့သစ်မှာရှိတဲ့ ခွေးကုန်း(အမြောက်ကုန်း) ကကော လက်နက်ကြီးတွေနဲ့ တစ်ညလုံးပြစ်တာ ၁၅ ရက်နေ့ မနက် ၄ နာရီ လောက်မှာ စစ်ကြောင်းသုံးကြောင်းခွဲပြီး စခန်းကုန်းပေါ်ထိုးတတ်လာတာ” ဟု မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်က ဆိုသည်။ 


တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့ထံမှ 60-မမကွန်မန်ဒို ပြောင်း တစ် လက်၊ MAsniper တစ်လက်၊ MA4 နှစ်လက်၊ MA3 သုံးလက်၊ MA-2 လေးလက်၊ MA1 တစ်လက်၊ M16 တစ်လက်၊ MA ကျည်ဘောက် ၅၃ ခု၊ MA-2 ကျည်ဘောက်အဝိုင်း လေးခု၊ M-16ကျည်ဘောက်နှစ်ခု၊ 5.56ကပစကျည်ဆံ ၅,၂၀၀ တောင့်၊ 7.62NATOကျည်ဆံ ၂,၆၅၀ တောင့်၊ MAsniperကျည်ဘောက် တစ်ခု၊ 60-မမဗုံးသီး ၃၆ လုံး၊ RPGဗုံးသီး ကိုးလုံး၊ RPGပို့ယမ်းရှစ်ခု၊ 40-မမဗုံးသီး ၅၇လုံး၊ ငါးကြင်းမြှီးပြောင်း နှစ်ပြောင်းနှင့် ဆက်သွယ်ရေးစက်တစ်လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် နှစ် ဦး ကျဆုံးခဲ့ပြီး ရဲဘော် ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။ 


ဓာတ်ပုံ - လက်ခတ်တောင်တိုက်ပွဲတွင် သေဆုံးနေသည့် စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့မှ တပ်သားများ ၊ 


#လက်ခတ်တောင်စခန်း #စစ်ကောင်စီတပ် #အလောင်းများမကောက်နိုင် #တော်လှန်ရေးတပ်ဖွဲ့များ # မြေမြုပ်သင်္ဂြိုဟ် #Ayeyarwaddy_Times

စစ်ကောင်စီမှ ဗိုလ်မှူး (၁)ဦး အပါအဝင် အများအပြားသေဆုံး"


စစ်ကောင်စီမှ ဗိုလ်မှူး (၁)ဦး အပါအဝင် အများအပြားသေဆုံး"  "


(၁၅.၈.၂၀၂၃) တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ မိမိတို့ ပူးပေါင်းတပ်ဖွဲ့ နယ်မြေလုံခြုံရေးယူထားသော လက်ခတ်တောင်အနီးတဝိုက်သို့ နံနက် (၃) နာရီ ခန့်မှစ၍ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့သည်။ ထို့ကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်မှ လက်နက်ကြီးအကြိမ်ရေ (၃၀၀)ကျော်၊ Jet Fighter ဖြင့် (၃)ကြိမ်၊ Mi-35(Attack-Helicopter) ဖြင့် (၃)ကြိမ် ပစ်ခတ်ခဲ့သည်။ ရန်သူဘက်မှ ဗိုလ်မှူး(၁)ဦး၊ ဗိုလ်ကြီး(၁)ဦး အပါအဝင် စုစုပေါင်း (၁၅)ဦး သေဆုံး၊ (၂၁)ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ 60mmကွန်မန်ဒိုပြောင်း (၁)လက်၊ MAsniper (၁)လက်၊ MA4 (၂)လက်၊ MA3 (၃)လက်၊ MA2 (၄)လက်၊ MA1 (၁)လက်၊ M16 (၁)လက်၊ MAကျည်ဘောက် (၅၃)ခု၊ MA2 ကျည်ဘောက်အဝိုင်း (၄)ခု၊ M16ကျည်ဘောက် (၂)ခု၊ 5.56ကပစကျည် (၅၂၀၀) တောင့်၊ 7.62NATOကျည် (၂၆၅၀)တောင့်၊ MAsniperကျည်ဘောက် (၁)ခု၊ 60mmဗုံးသီး (၃၆)လုံး၊ RPGဗုံးသီး (၉)လုံး၊ RPGပို့ယမ်း (၈)ခု၊ 40mmဗုံးသီး (၅၇)လုံး၊ ငါးကြင်းမြှီးပြောင်း (၂)ပြောင်း၊ ဆက်သွယ်ရေးစက် (၁)လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။ ရန်သူ၏ လက်နက်ကြီးအလုံးအရင်းပစ်ခတ်မှုကြောင့် ဆက်သွယ်ရေးတာဝါတိုင်နှင့် သာသနာအဆောက်အဦးများ ပျက်စီးခဲ့ရသည့်အပြင် မိမိတို့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၂)ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရပြီး ရဲဘော် (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Wednesday 16 August 2023

လမ်းအားလုံး နေပြည်တော်သို့


လမ်းအားလုံး နေပြည်တော်သို့ 

———————————————


အကြမ်းဖက်စစ်တပ် အခြေစိုက်ရာ နေပြည်တော် နဲ့ မိုင် ၃၀ လောက်သာ ကွာဝေးတဲ့ ပျဥ်းမနားမြို့နယ်ထဲက တောင်ပေါ်စခန်းတွေကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် နဲ့ မဟာမိတ် အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တိုက်ခိုက်ခဲ့တဲ့တပ်တွေက သံတောင်မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့ နဲ့ (၁၀၀၄) တပ်ရင်း (ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ်) တို့ပဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ရန်သူ (၁၀) ဦး သေဆုံးပြီး တော်လှန်ရေး ဘက်က (၃) ကျရှုံးကာ လက်နက်ငယ် (၉) လက် သိမ်းယူနိုင်ခဲ့ပါတယ်။ သိမ်းယူရရှိထားတဲ့ လက်နက်တွေ၊ သေဆုံးနေတဲ့ စစ်ကောင်စီ တပ်သား ဓာတ်ပုံတွေကိုပါ တော်လှန်ရေး အဖွဲ့တွေက ဓာတ်ပုံ အထောက်အထားတွေ နဲ့ ထုတ်ပြန်ခဲ့တာပါ။


လမ်းအားလုံး နေပြည်တော်သို့ ဆိုတဲ့ စစ်ရေးစီမံချက် အကြောင်းကို အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ထုတ်ဖော်ပြောကြားပြီး မကြာခင် နေပြည်တော် အနီးမှာ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ရန်သူ့ ဌာနချုပ် နေပြည်တော်ကို ယခုလို စနစ်တကျ တိုက်ခိုက်နိုင်ရေး အတွက်လည်း နေပြည်တော် စစ်ဒေသခွဲ ကို ဖွဲ့စည်းထားရှိပြီး တပ်ရင်း အမှတ် (၈၀၁) ကနေ (၈၀၆) အထိ တပ်ရင်းပေါင်း (၆)၊ ပကဖ အဖွဲ့တွေ၊ သံတောင်မြောက်ပိုင်း အထူးဒေသ အဖွဲ့ကဲ့သို့ မဟာမိတ် အဖွဲ့တွေ စနစ်တကျ စုဖွဲ့ တိုက်ခိုက်နေတာကို တွေ့ရပါတယ်။ တပ်ရင်းတွေ စုဖွဲ့တာ၊ လေ့ကျင့်တာ၊ စစ်ရေး အတွေ့အကြုံ ယူတာတွေ ပြီးလို့ အသင့်ဖြစ်နေပြီလို့လည်း ထုတ်ပြန်ပြောဆိုလျက်ရှိပါတယ်။


နေပြည်တော် အနောက်ဘက်က မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး ဒေသ ၊။ မြောက်ဘက်က တပ်ကုန်း၊ ရမည်းသင်း ဒေသ၊ ။ အရှေ့ဘက်က ပျဥ်းမနား၊ ပင်လောင်း ဒေသ၊ ။ တောင်ဘက်က ရေတာရှည် ဒေသတွေမှာ ပြည်သူ့ ကာကွယ်ရေး တပ်မတော်‌ တပ်ရင်းအဖွဲ့တွေ စနစ်တကျ စုစည်းထားပြီး တိုက်ခိုက်မှုတွေကို ပုံမှန် လုပ်ဆောင်နေပါတယ်။ အဲဒါကြောင့်မို့လို့လည်းနေပြည်တော် နယ်မြေတွင်း ဗုံးခွဲမှုတွေ၊ ပစ်ခတ်မှုတွေ၊ စခန်းသိမ်းပွဲတွေ၊ နေပြည်တော် အေလာ လေတပ်စခန်းကို ပစ်ခတ် တိုက်ခိုက်မှုတွေ ပုံမှန် ပေါ်ထွက်လာတာပါ။ ရန်သူ့ အနေနဲ့ သူ့ဌာနချုပ် လက်တကမ်း အကွာက ဒေသတွေမှာပါ စစ်အင်အား အပြည့်ထားရှိတာ၊ နယ်မြေ စိုးမိုးအောင် လုပ်ဆောင်နိုင်တာတွေ မလုပ်ဆောင်နိုင်တော့ဘူးဆိုတာ ဒီတိုက်ခိုက်မှုတွေက ပြသနေပါတယ်။


တချိန်တည်းမှာပဲ နေပြည်တော် တပ်ရင်းတွေ အတွက် လက်နက်ကြီးတွေ ဖြည့်တင်းရေး ရန်ပုံငွေ ရှာဖွေပွဲတွေ လုပ်ဆောင်လျက်ရှိပြီး လက်ရှိ အချိန်ထိ နေပြည်တော် စစ်ဒေသခွဲထဲက တပ်ရင်းတွေကိုတောင် လက်နက်ကြီးတွေ လုံလုံလောက်လောက် တပ်ဆင်ရခြင်း မရှိသေးပါဘူး။ လက်ရှိ လက်နက်ငယ်တွေနဲ့တင် ရန်သူ့အနေနဲ့ အခက်အခဲ ကြုံတွေနေရတာဖြစ်ပါတယ်။ လိုအပ်တဲ့ လက်နက်ကြီးတွေ တပ်ဆင်မှုပြီးရင် နေပြည်တော် တပ်ရင်းတွေ ပိုမို စစ်ရေးလှုပ်ရှားလာနိုင်မှာဖြစ်ပြီး စစ်ကောင်စီစခန်းသိမ်းပိုက်မှုတွေ ပိုမို ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။


ပြည်တွင်းစစ် ကာလတွေမှာ စစ်တပ် အနေနဲ့ နယ်စပ်ဒေသမှာရှိတဲ့ ဗမာပြည်ကွန်မြူနစ် ပါတီ ဌာနချုပ် ပန်ဆိုင်း၊ ကရင် အမျိုးအသား အစည်းအရုံးဌာနချုပ်‌ဟောင်း မာနယ်ပလော၊ ကချင် လွတ်လပ်ရေး အဖွဲ့ ဌာချုပ်ဟောင်း ပါ‌‌ဂျောင် စတာတွေကို သိမ်းပိုက်တာ၊ ခြိမ်းခြောက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေးကာလမှာတော့ အစဥ်အလာ အားဖြင့် လက်နက်ကိုင်မှု မရှိတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ ဗဟိုချက်မှာ ရှိတဲ့ နေပြည်တော်ကိုပင် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ မဟာမိတ်တွေက ခြိမ်းခြောက်နိုင်နေပြီ၊ တိုက်ခိုက်နိုင်နေပြီ ဖြစ်ပါတယ်။


လိုအပ်တဲ့ လက်နက်ကြီး တပ်ဆင်မှုတွေ ပြီးပြီဆိုရင် စစ်ကောင်စီ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ထားတဲ့ မုံရွာမြို့ မှာ တိုက်ပွဲတွေ ပုံမှန် ဖြစ်ပေါ်လာသလိုပဲ နေပြည်တော်မှာလည်းတိုက်ပွဲတွေ ပုံမှန် ဖြစ်ပေါ်လာတော့မှာပါ။ ဒါတွေဟာ ‘လမ်းအားလုံး နေပြည်တော်သို့ ‘ စစ်ရေး စီမံချက် အသက်ဝင်လာမှု ကြောင့်ပဲ ဖြစ်ပါတယ်။ 


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight 

မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က ထိုးစစ်ဆင်စဉ် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 မြ၀တီမြို့နယ်၊ လက်ခတ်တောင်ကို စစ်တပ်က ထိုးစစ်ဆင်စဉ် စစ်တပ်ဘက်မှ သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၁၆


ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်တွင် ယမန်နေ့ တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားခဲ့ကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရှေ့တန်းတော်လှန်ရေး သတင်းရင်း မြစ်တချို့ထံမှ သိရှိရသည်။


ဩဂုတ် ၁၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် KNLA နှင့် PDF တပ်များ သိမ်းပိုက်ထားသော လက်ခတ်တောင်ကို အကြမ်းဖက်စစ်တပ်က အပြင်း အထန် ထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း ၊ ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်ခြမ်း၊ မဲဆောက်မြို့မှပင် ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ သေဆုံးမှု များပြားခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 


"မနေ့က တိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးမှုများပြားတယ်။ လက် နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်။ တော်လှန်ရေး တပ်ဖွဲ့ တွေဘက် ကလည်း ၂ ဦးကျဆုံးတယ်လို့ သိရတယ်။ ဒဏ်ရာရ သူတွေ လည်းရှိတယ်" ဟု တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက ပြောသည်။ 


မြ၀တီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အရေးပါသည့် လက်ခတ်တောင် စခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၂၁ ရက်နေ့တွင် သိမ်းပိုက်ခဲ့ချိန်မှစတင်၍ သြဂုတ်လ ၁၃ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က လက်ခက်တောင်စခန်းကုန်းကို ပြန်လည်ရရှိရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ် ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၁၇ ဦး သေဆုံး ကာ ၃၄ ဦး ထိ ခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။

Tuesday 15 August 2023

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ သေနတ် ၉ လက် သိမ်းဆည်းရရှိ...


 နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ သေနတ် ၉ လက် သိမ်းဆည်းရရှိ... 


စစ်တပ်ဘက်က သေဆုံးမှု များပြားပြီး  PDF ၃ ဦးကျဆုံး

++++++++++++++

ဩဂုတ် ၁၅ 


နေပြည်တော်ကောင်စီနယ်မြေနယ်၊ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သေနတ် ၉ လက်သိမ်းဆည်းရရှိပြီး အဲ့ဒီစခန်းသိမ်းတိုက်ပွဲ အပါအဝင် ၃ ရက် အတွင်း  စစ်သား ၅၀ ထက်မနည်း သေဆုံးခဲ့ကာ PDF တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း PKS-PDF 1004 တပ်ရင်းရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၀ ရက် မနက် ၆ နာရီ ၄၉ မိနစ်ခန့် အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ပျဉ်းမနားမြို့နယ်၊ ဘိုမသံတောင်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၄၁၁ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ၁၅ ဦးထက်မနည်းသေဆုံးပြီး ၃ ဦးမှာ စခန်းကနေ ထွက်ပြေးလွတ်မြောက်သွားသလို စခန်းသိမ်းပိုက်ပြီးနောက် မနက် ၉ နာရီနဲ့ ၁၀ နာရီကြား တပ်မ ၆၀၆ က စစ်ကူ တစ်စီး ဆင်းလာတာကြောင့် စစ်ကူကားကို လက်လုပ်မိုင်း၊ လက်နက်ငယ်များနဲ့ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တဲ့နောက် ပြန်ဆုတ်ပြေးသွားတယ်လို့ သိရပါတယ်။ 


“သတင်းအရတော့ အဲဒီစခန်းမှာက ၂၀ လောက်ရှိတာ၊ သွားတိုက်တဲ့အချိန်မှာ ၁၅ ဦးလောက်သေတာ တွေ့ရတယ်၊ ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်၊ စခန်းသိမ်းပြီး ပြန်ဆုတ်လာတဲ့ အချိန်မှာ ကျနော်တို့ပြန်ပြီးတော့ တိုက်ခိုက်တယ်၊ ပြန်လည်ပစ်ခတ်မှုလုပ်သေးတာပေါ့၊ လုပ်တဲ့အချိန်မှာ ကျနော်တို့ဘက်ကလည်း ပြန်ပစ်တဲ့အချိန်မှာ တစ်ဦးထပ်ပြီးဒဏ်ရာရသွားတယ်၊ စခန်းသိမ်းတိုက်ပွဲမှာ ကျနော်တို့ဘက်က နှစ်ယောက်ကျဆုံးခဲ့တာ၊ ၄ ယောက်ဒဏ်ရာရတဲ့အထဲမှာမှ ၂ ယောက်က ပြင်းထန် ဒဏ်ရတယ်၊ တစ်ယောက်က စိုးရိမ်ဒဏ်ရာနဲ့ ပြန်လည်သယ်ဆောင်တဲ့အချိန်မှာပဲလမ်းမှာ ကျဆုံးခဲ့ရတာ” လို့ အလယ်ပိုင်း တိုင်း PKS-PDF 1004 တပ်ရင်းရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့် စစ်ကူကားများ ထပ်မံဆင်းလာရာ နန်းနေဆန်း အကျော် ရှေ့ထွက် လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်အတိအကျ မသိရသလို ဩဂုတ်လ ၁၁ ရက် မနက် ၆ နာရီခန့်အချိန် ဒဏ်ရာရ PDF ရဲဘော်များကို ဘိုမမှာ ဆေးကုသနေချိန် စစ်တပ်က အင်အား ၃၅ ဦးနဲ့ စစ်ကြောင်းထိုးလာပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ PDF ရှေ့ ကင်းတပ်ဖွဲ့တို့ ထိတိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 


အလားတူ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်းအုပ်စု၊ တောင်မြင့်ရေပူတောင်နဲ့ တောင်မြင့်ရွာမကြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ၁ နာရီခန့် ထပ်မံတိုက်ပွဲဖြစ်ခဲ့ ရာ အကြမ်းဖက်စစ်သား ၁၀ ဦးမနည်းသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


ဒါ့အပြင် ဘိုမသံတောင်စခန်းရှိ ဒဏ်ရာရ စစ်သားများနဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရ စစ်သားများကို ကားတစ်စီးပေါ်တင်ကာ သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ဆိတ်ဖြူတောင်ရွာထိပ်အရောက် ရှေ့ထွက်မိုင်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအကျမသိရသေးဘူးလို့ သိရပါတယ်။ 


“တိုက်ပွဲဖြစ်နေရင်းနဲ့ပဲလူနာကို အဓိကဆွဲထုတ်လိုက်တဲ့အချိန်မှာ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း အုပ်စု၊ တောင်မြင့်ရေပူတောင်နဲ့ တောင်မြင့်ရွာမကြားမှာ ကျနော်တို့ကို လမ်းကြောင်းပိတ်ပေးတဲ့ ကျနော်တို့ရဲ့ တပ်ဖွဲ့တွေနဲ့ စစ်တပ်နဲ့ ၁ နာရီကျော်ကျော်လောက်ထပ်မံတိုက်ပွဲဖြစ်ခဲ့တယ်၊ အဲဒီမှာတွေ့လိုက်ရတာကတော့  စစ်သား ၁၀ ယောက်ထက်မနည်းကျဆုံးတယ်၊ ၁၀ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိတယ်၊ ၁၁ ရက်နေ့ မှာ ပဲ တိုက်ပွဲ ၂ နှစ်ပွဲဖြစ်ပွားခဲ့တာ။ အဲဒီ ၁၁ ရက်နေ့မှာပဲ ဘိုမသံတောင်မှာရှိတဲ့ ဒဏ်ရာရတဲ့သူတွေရော၊ ကျနော်တို့ကြားဖြတ်တိုက်ခိုက်လိုက်လို့ ဒဏ်ရာတဲ့သူတွေရော အဲဒီလူနာတွေကို  ကားတစ်စီးနဲ့ တင်ဆင်းပြီး တော့မှ ဆိတ်ဖြူတောင်ရွာထိပ်နားလေးမှာ နောက်ထပ် ရှေ့ထွက်မိုင်းထပ်ဆွဲလိုက်တာ၊ အဲဒီမှာကတော့ ဘယ်နှစ်ဦးဒဏ်ရာတယ်၊ ဘယ်နှစ်ဦးသေဆုံးတယ်ဆိုတာ အတိအကျမသိလိုက်ဘူး၊” လို့ PKS-PDF 1004 တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၂ ရက်နေ့မှာ နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘိုမအုပ်စုဘက် အင်အား ၈၅ ဦးနဲ့ စစ်တပ်က စစ်ကြောင်းထပ်မံထိုးလာရာ ရေပူတောင်မှာ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုများကို PKS-PDF 1004 တပ်ရင်းနဲ့ သံတောင်မြောက်ပိုင်း အထူးဒေသ ၂ တပ်ဖွဲ့တို့ ပူး ပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့တာမှာ အကြမ်းဖက်စစ်သား ၅၀ ဦးထက်မနည်း သေဆုံးပြီး ၄၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို အကြမ်းဖက်စစ်သားများ အသုံးပြုတဲ့ သေနတ် ၉ လက်၊ လက်ပစ်ဗုံး၊ ကျည်ဘောက်၊ စကားပြော စက် နဲ့ ကျည်ဆံအချို့ သိမ်းဆည်း ရရှိခဲ့ပေမယ့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၃ ဦး ကျ ဆုံး ပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာနဲ့ ၂ ဦးသာမန် ဒဏ်ရာ ရရှိခဲ့တယ်လို့ PKS-PDF 1004 တပ်ရင်းမှ သတင်းနှင့်ပြန် ကြား ရေးတာဝန်ခံက ပြောပါတယ်။ 


ဩဂုတ်လ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်များက ပျဥ်းမနားမြို့နယ်အရှေ့ဘက် ဘိုမအထက်ကျေးရွာကို ဗုံးကျဲချတာကြောင့် နေအိမ် အများအပြား ပျက်စီးသွားတယ်လို့ သိရပါတယ်။ 


ဓာတ်ပုံ - နေပြည်တော်၊ ပျဉ်းမနားမြိုနယ်၊ ဘိုမသံတောင် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိမှုမှာ သေဆုံးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Monday 14 August 2023

ထန်တလန်ရှိ ခလရ ၂၆၉ တပ်စခန်းတစ်ခုကို CNA နှင့် CDF ပူးပေါင်း တပ် များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၆ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး


 ထန်တလန်ရှိ ခလရ ၂၆၉ တပ်စခန်းတစ်ခုကို CNA နှင့် CDF ပူးပေါင်း တပ် များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၂ ဦး အရှင်ဖမ်းမိကာ လက်နက် ၆ လက် သိမ်းဆည်းရရှိ၊ ချင်းတော်လှန်ရေးရဲဘော် ၃ ဦးကျဆုံး


ရန်ကုန်၊ ဩဂုတ် ၁၄


ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းစခန်းဌာနချုပ်ကို CNA နှင့် CDF ပူးပေါင်းတပ်များက ယနေ့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းစခန်း လုံခြုံရေး တပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးCNF က တရားဝင် သတင်းထုတ်ပြန်သည်။ 


ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang နှင့် CDF-Zophei ပူးပေါင်းတပ်ဖွဲ့က ခလရ ၂၆၉ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက်ခဲ့ ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုအခြေအနေ အတိအကျမသိရသော် လည်း စစ်သား ၂ ဦး ဖမ်းဆီးရရှိကာ လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း သိရှိရသည်။ 


အဆိုပါတိုက်ပွဲတွင် CDF ထန်တလန်မှ ရဲဘော် ၁ ဦးနှင့် CNF -Zophei မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း၊ စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် Kouafo ကျေးရွာ နှင့် Loklung ရွာမှ လူနေအိမ်များနှင့် ဘုရားကျောင်း ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမည်ဖြစ်သော်လည်း စစ်သား ၁၃၂ ဦး သာကျန်ရှိတော့ဟု လျှို့ဝှက် အစီရင်ခံ တင်ပြ


 စစ်ကောင်စီ၏ ခမရ ၁၁၄ တပ်ရင်းတစ်ခုလုံးတွင် ဖွဲ့စည်းပုံအရ အင်အား ၈၀၀ ဦး ကျော် ရှိရမည်ဖြစ်သော်လည်း စစ်သား ၁၃၂ ဦး သာကျန်ရှိတော့ဟု လျှို့ဝှက် အစီရင်ခံ တင်ပြ 

 

■ နိုင်ငံတစ်ဝန်းရှိ စစ်ကောင်စီ၏ ခြေလျှင်နှင့်ခြေမြန်တပ်ရင်းများတွင် တပ် ရင်း တစ်ခုလျှင် စစ်သား အင်အား ၁၀၀ အောက်သာကျန်ရှိနေပြီး တပ်ပျက် နေပြီဟုဆို


ရန်ကုန်၊ ဩဂုတ် ၁၄ 


ရှမ်းပြည်နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်၊ နောင်ချိုမြို့ အခြေစိုက် အမှတ် ၁၁၄ ခြေမြန်တပ်ရင်း-ခမရ ၁၁၄ တွင် တပ်ရင်းတစ်ခုလုံး အင်အား ၁၃၂ ဦးသာ ကျန်ရှိတော့ကြောင်း နေပြည်တော်စစ်ရုံးသို့ တင်ပြသည့် လျှို့ဝှက် တင်ပြစာအရ သိရှိရသည်။ 


ပုံမှန်အားဖြင့် ဖွဲ့စည်းပုံအင်အားမှာ ခမရ ၁၁၄ တွင် အရာရှိနှင့်စစ်သား အင်အား ၈၅၇ ဦး ရှိရမည်ဖြစ်သော်လည်း လက်တွေ့တွင် ၁၃၂ ဦးသာရှိတော့ကြောင်း ၊ ယင်းတို့ထဲတွင် ရှေ့တန်းထွက် အင်အားမှာ ၇၀ ဦးဖြစ်ပြီး တပ်တွင်းတွင် ၆၂ ဦးသာကျန်ရှိကြောင်း သိရှိရသည်။ 


" ပေါက်ကြားလာတာက အမှတ် ၁၁၄ ခြေမြန်တပ်ရဲ့တပ်ရင်းတစ်ရင်းလုံး အင် အား ဖွဲ့စည်းပုံစာရွက်လို့ ပြောလို့ရပါတယ်၊ ဒီထဲက အင်အားစာရင်း အရ ဆိုရင် သူတို့ရဲ့လက်ရှိ ရှိတဲ့ အင်အားလို့တောင်ပြောလို့ရတယ်၊ နောက်ပြီး တော့ ဒါက အထက်ဌာနကို တင်ပြထားတဲ့ စာဖြစ်တယ်၊ အဲဒီတော့ ဒီဥစ္စာမှာတောင် နည်း နည်း လေး ပိုပိုသာသာ တင်ထားတာရှိဦးမယ်ပေါ့၊ ကျနော်ထင်တယ် ၊ အဲဒီ စာရွက်မှာ တောင်မှ အနည်းဆုံး စစ်သားအင်အား ၁၀ ဦးလောက် လက်တွေ့မှာ ထပ် လျော့နည်းမယ်လို့ ကျနော်ထင်တယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ တပ်တွေ တော်တော် များများဟာ သူတို့ရဲ့ ရှိတဲ့အင်အားကို အမြဲတမ်း ၅ ယောက်ကနေ ၁၀ ယောက်ကြားကို အမြဲတမ်း ပိုပိုသာသာတင်ပြလေ့ရှိတယ်၊ ဒါကကျနော် သိခဲ့တဲ့ အခြေအနေ၊ အခုအခြေအနေက အဲထက်တောင်ပိုပြီးတော့ ဆိုးရွားနိုင် တယ်လို့ ကျနော်ကတော့ ယူဆတယ်၊ အဲဒီတော့ နဂိုတုန်းက ဆိုရင်တော့ ဒီလိုတပ်တွေဟာ အနည်းဆုံး လူအင်အား ၁၅၀ ကနေ ၁၇၀ ကြားမှာကို ရှိတယ် ပေါ့၊ ဒါကအာဏာမသိမ်းခင်အခြေအနေမှာပေါ့နော်၊ အခုအခြေအနေမှာတော့ ၁၃၀ ကျော်ဆိုတဲ့ ဥစ္စာကတော့ တော်တော်လေးကို ဆိုးဆိုးဝါးဝါးဖြစ်သွားပြီလို့ သုံးသပ်လို့ရတယ်၊ ဒါဟာ စာရွက်ပေါ်က အင်အားမှာတောင်မှ ဒီလောက်ပဲ ပြနိုင်တယ်ဆိုရင်တော့ စစ်တပ်ရဲ့အင်အားဟာ ကျနော်တို့ထင်တာ ထက်ကိုပို ပြီးတော့ လျော့နည်းသွားတယ်ဆိုတော့ ကျနော်တို့ ပြောလို့ရပါတယ်ဗျ" ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


အမှတ် ၁၁၄ ခြေမြန်တပ်ရင်းတစ်ခုလုံး၏ အင်အား ၁၃၂ ဦးတွင် စစ်သားမှာ ၂၅ ဦးသာရှိပြီး ကျန်သူများမှာ အရာရှိ၊ အရာခံ၊ အကြပ်များဖြစ်သည့်အတွက် စစ်သားအင်အား အလွန်နည်းပါးနေသည့် အခြေအနေကို ဖော်ညွှန်းနေသည်ကို တွေ့ရသည်။ 


ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်ကမူ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့ များတွင် စစ်သား သေဆုံးမှု အလွန်များပြားသည့်အတွက် တပ်ရင်းတပ်ဖွဲ့ ဖွဲ့စည်းပုံ အလွန် ပျက်စီးသည်အထိ အင်အား အလွန်နည်းပါး ကာ တပ်ပျက် နေကြောင်း ပြောဆိုသည်။

စစ်ကောင်စီဝန်ထမ်းများ CDMလုပ်ရန်သတိပေးချက် သတ်မှတ်ကာလမကုန်သေး၍ အရေးယူမှုမရှိသေး ခြင်းဖြစ်ဟု TNLA ပြော


 စစ်ကောင်စီဝန်ထမ်းများ CDMလုပ်ရန်သတိပေးချက် သတ်မှတ်ကာလမကုန်သေး၍ အရေးယူမှုမရှိသေး ခြင်းဖြစ်ဟု TNLA ပြော


"ဒီဟာကလည်း ၈လပိုင်း(ဩဂုတ်လ) နောက်ဆုံးထားပြီးမှ သတိပေးထားတာပေါ့”


ဝင်းမောင်/People’s Spring


အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအနေဖြင့် CDM ပြုလုပ်ရန် တအာင်းတပ်မတော်(TNLA)က တရားဝင်ကြေညာချက်ထုတ်ပြန်ထားရာ သတ်မှတ်ကာလ မကုန်သေး၍ အရေးယူမှုအပိုင်းမရှိသေးခြင်းဖြစ်သည်ဟု TNLA သတင်းပြန်ကြားရေးဌာန ဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။


ယခုနှစ်ဆန်းပိုင်းတွင် TNLA၏ အုပ်ချုပ်ရေးဌာနက ထုတ်ပြန်ခဲ့သည့်ကြေညာချက်၌ Non CDM များ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားခြင်းဖြစ်သည်။


"ကျနောတို့ အုပ်ချုပ်ရေးပိုင်းက အောက်ခြေကို ညွှန်ကြားတဲ့စာပေါ့။ ဒီဟာကလည်း၈လပိုင်း နောက်ဆုံးထားပြီးမှ သတိပေးထားတာပေါ့။ သတ်မှတ်ကာလလည်း မကုန်သေးတော့ ဘာမှ အရေးယူတာမျိုးတော့မရှိသေးပါဘူး"ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ယနေ့ ဩဂုတ် ၁၄ရက်တွင်ပြောကြားသည်။


ထို့ကြောင့် TNLAက စစ်ကောင်စီဝန်ထမ်းများ CDM ပြုလုပ်ရန် သတ်မှတ်ထားသည့် အချိန်မှာနှစ်ပတ် ကျော်သာ ကျန်တော့သည်။


ထိုသတိပေးကြေညာချက်သည်ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသရှိ မြို့နယ်အများစု အပါအဝင် မြို့နယ် ၉ခု၌အကျုံးဝင်သည်ဟု TNLA သတင်းပြန်ကြားရေးဌာနမှူးက ယခုနှစ်ဆန်းပိုင်းကရှင်းပြထားသည်။ကျောက်မဲ၊ သီပေါ၊နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊မိုးကတ်ု၊ နမ့်ခမ်း၊ကွတ်ခိုင်၊မူဆယ်မြို့နယ်များပါဝင်သည်ဟုဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောကြားထားသည်။


"ဒါပေမဲ့ ကျောက်မဲ ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ် တချို့ဟာတော့ ကျနော်တို့ ထိန်းချုပ်မှု၊ လှုပ်ရှားမှု အကုန်လုံးတော့ မရှိဘူး”ဟု ၎င်းက ပြောပြောကြားထားသည်။

 

စစ်ကောင်စီ အုပ်ချုပ်ရေးကို လက်မခံကြောင်း TNLAက တရားဝင်ကြေညာချက် ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ရာ စစ်ရေးအရ တုံ့ပြန်လာနိုင်ခြင်းနှင့်ပတ်သက်ပြီး TNLA၏ သဘောထားကို မေးမြန်းရာ TNLA အနေဖြင့် ယခင်ကတည်းက ခုခံစစ်အနေဖြင့် ပြင်ဆင်ထားသည်ဟု ကြေညာချက် ထုတ်ပြန်စဉ်က ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။


လက်ရှိတွင် စစ်ကောင်စီက TNLAကို ထိုးစစ်ဆင်လာ၍ဇူလိုင်လမှစ၍ရှမ်းမြောက်၌တိုက်ပွဲပြင်းထန်လျက်ရှိရာဇူလိုင်လ ၂၃ရက်မှ လက်ရှိအချိန်အထိ သုံးပတ်တာ ကာလအတတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲ ၁၂ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။


"ဒီနှစ်ထဲမှာတော့ မဖြစ်တဲ့လ(တိုက်ပွဲမဖြစ်သည့်လ)တော့မရှိဘူး။ ၇လပိုင်းမှာတော့ နည်းနည်းပြန်များလာတာ။ အဓိကတော့ ထိုးစစ်လာရောက်တိုက်ခိုက်တော့ကျနော်တို့က ပြန်ပြီး တိုက်ခိုက်တာပေါ့ အဲဒီလိုမျိုးနဲ့တိုက်ပွဲဖြစ်တာပေါ့"ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ယနေ့ ပြောကြားသည်။


(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား အခမ်းအနားတစ်ခု၌ တွေ့ရစဉ်။ ဓာတ်ပုံ - AFP)

Sunday 13 August 2023

ငွေတောင်ရွာသစ်နား တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ


 ငွေတောင်ရွာသစ်နား တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲ


မဲခေါင်၊ သြဂုတ် ၁၃


ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြား သဲတောင်အနီး ငွေတောင် ရွာသစ် မှာ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေကြား သြဂုတ်လ ၂ ရက်ကစ တိုက်ပွဲတွေဆက်တိုက် ပြင်းထန်နေပြီး လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေတယ်လို့ မြေပြင် ရဲဘော်တဦးက ပြောပါတယ်။


"လေယာဥ်နဲ့လဲ ကြဲတယ်။ ညတိုင်းလာကြဲတယ်လေ၊နေ့ရော။ မနေ့ညကလည်း ကြဲတယ်။တိုက်ပွဲရဲ့ ဧရိယာမှာပဲ လာကြဲတယ်လေ။တိုက်ပွဲက မပြီးသေးဘူး။အသေးစိတ်ကတော့ ကျွန်တော်တို့ပြောလို့အဆင်မပြေဘူးလေနော့။"လို့ သူက ပြောပါတယ်။


သြဂုတ်လ ၉ ရက်လောက်မှ ရာသီဥတုသာယာလာတာကြောင့် စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းကို အဓိက အားထားပြီး ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။


ငွေတောင်ရွာသစ်နားကို ဒီးမော့ဆိုဘက်က စစ်ကြောင်းတကြောင်း၊ ဖရူဆိုဘက်က စစ်ကြောင်းတကြောင်းနဲ့ စစ်ကြောင်းတွေထိုးနေကာ စစ်ကြောင်းတကြောင်းမှာ စစ်သား အယောက် ၂၀၀ ကျော် ပါတယ်လို့ သိရပါတယ်။


နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိခိုက်အကျဆုံးများပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ သိရပေမယ့် အတိအကျကို ပြောပြဖို့ ခက်သေးတယ်လို့ ပြောပါတယ်။


ကရင်နီပြည်နည်ရဲ့ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကို အဓိကထား တိုက်ခိုက်နေပါတယ်။


စစ်တပ် အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၇၂ ကြိမ်ထိ ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီအင်အားစု PKPFက သြဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


CJ-004

#MeKongNews

#ငွေတောင်

#ရွာသစ်

#စစ်ကောင်စီ

#လေကြောင်း

လားရှိုးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က အင်အား အများအပြား ဖြည့်တင်းနေ၊ ဝက်လက်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ငါးပတ်ချောင်းရွာကို မီးရှို့နေ


လားရှိုးတွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်က အင်အား အများအပြား ဖြည့်တင်းနေ၊ ဝက်လက်တွင်လည်း တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ငါးပတ်ချောင်းရွာကို မီးရှို့နေ 


ရန်ကုန်၊ ဩဂုတ် ၁၃ 


ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ ဟိုလောက်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် က အင်အားအများအပြား ဖြည့်တင်းနေကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


သြဂုတ်လ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က စတင်ကာ အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ စကခ - ၁၆ ၊ ခလရ-၆၈၊ ရမခ/ခလရ - ၁၇ စုပေါင်းအင်အား ၆၀ ခန့်ရှိ အထိုင်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်း ထန်ခဲ့ရာ လားရှိုးမြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်သား စစ်ကူအများအပြားကို တိုက်ပွဲဖြစ်ပွားရာ နေရာသို့ ပို့ဆောင်ခဲ့သည့်အပြင် လေကြောင်းဖြင့်ပါ ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။


ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် - TNLA တို့ တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။


ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းကျေးရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ် ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက်စစ်တပ်က ငါးပတ်ချောင်းကျေးရွာကို ဝင်ရောက်မီးရှို့နေကြောင်း ပြည် သူ့အစေခံတော် လှန်ရေး တပ်ဖွဲ့ - ဝက်လက်မြို့နယ်ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။


ယနေ့ ဩဂုတ်လ ၁၃ ရက်နံနက်ပိုင်းက ကျောက်မြောင်းမြို့၊ ခမရ ၁၂ တပ်မှ သံကွန်မော်တော် တစ်စီး ဖြင့် စုန်ဆင်းလာပြီး နံနက် ၉ နာရီခန့်တွင် ရှိန်းမကား ဆိပ်ကမ်းသို့ ကပ်ကာ လက်နက်ခဲယမ်းများချပြီး ထပ်မံ၍ ရွာသာရွာ ကျေးရွာသို့ ဆန်တက်ကာ ၎င်းကျေးရွာမှ တဆင့် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်၌ အင် အား ၇၀ ခန့်ဖြင့် ငါးပတ်ချောင်းကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ ဝင် ရောက်လာသော အကြမ်းဖက်စစ်သားများကို ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


“တိုက်ပွဲအခြေအနေကတော့ အခုချိန်ပြောလို့မရသေးဘူးဗျ။ ခွေးတွေက ငါးပတ်ချောင်းရွာထဲဝင်ပြီး မီးတင်ရှို့နေတယ်၊ ငါးပတ်ချောင်းပြည်သူတွေကတော့ ပစ်ခတ်နေချိန်မှာ အကုန်ထွက်နိုင်တယ်ဗျ၊ ပေါက်ကံရွာမမှာတော့ စစ်ကြောင်းလဲမရှိ အလွတ်လာပြီး ဖိုက်တာနဲ့ ၅ ကြိမ် လာပစ်သွားတယ်ဗျ” ဟု ပြည် သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ - ဝက်လက်မြို့နယ်ထံမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။


အဆိုပါအကြမ်းဖက်စစ်သားသည် ငါးပတ်ချောင်းကျေးရွာအတွင်း၌ ဝင်ရောက်တပ်စွဲကာ မီးရှို့နေသဖြင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ပြည်သူများအနေဖြင့် အထူးဂရုစိုက်သွားလာနေထိုင်ကြပါ ပြည်သူ့ အစေခံ တော်လှန်ရေးတပ်ဖွဲ့- ဝက်လက်မြို့နယ်မှ ထုတ်ပြန်သတိပေးထားသည်။ 

မြိုင်မြို့ပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ


 မြိုင်မြို့ပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိ


ရန်ကုန်၊ သြဂုတ် ၁၃

မကွေးတိုင်း၊ မြိုင်မြို့ပေါ်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်နေသည့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း Myaing Villages Revolution Front မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းကို ဆိုင်ကယ် ၂ စီးဖြင့် ကင်းပတ်လာသည့် စစ်သား ၃ ဦးကို Myaing Villages Revolution Front (MVRF) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးလုံး‌ သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

"မြိုင်မြို့ပေါ် ၊ မြို့ပတ်လမ်းကို ဆိုင်ကယ် ၂ စီးနဲ့ ကင်းပတ်လာတဲ့ စစ်ခွေး ၃ ကောင်ကို ကင်းပုန်းဝပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ  ၃ ကောင်လုံး သေတယ်။ သူတို့ စီးလာသော ဆိုင်ကယ် ၁ စီးကို မီးရှို့ ဖျက်ဆီးခဲ့တယ်။ လက်နက် ၂ လက်လည်း ရရှိခဲ့တယ်" ဟု Myaing Villages Revolution Front မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Saturday 12 August 2023

ဖလမ်းမြို့ စစ်ကောင်စီ၏ ခလရ ၂၆၈ စစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


 ဖလမ်းမြို့ စစ်ကောင်စီ၏ ခလရ ၂၆၈ စစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၁၂ 


ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်တပ် ရင်း ခလရ ၂၆၈ စခန်းကို ချင်းအမျိုးသားတပ်မတော် CNA နှင့် CDF ပူးပေါင်း တပ်များက ယနေ့ နံနက်ပိုင်း ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းအမျိုးသား တပ်မ တော် CNA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ဖလမ်းမြို့နယ် ခြေလျင် တပ်ရင်း ခလရ ၂၆၈ ကို ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီ ဘက်မှ တပ်သား ၆ ဦးသေဆုံးကြောင်း၊ စစ်သား ၈ ဦးဒဏ်ရာရရှိပြီး လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း၊ တိုက်ပွဲမှာ ၂ နာရီခွဲကြာမြင့်ပြီး ချင်းတိုင်း ရင်း သား တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။ 


"မနက် ဖလမ်းတပ်ကုန်းတိုက်ပွဲမှာ စစ်ခွေးက ၆ ဦးသေတယ်။ စစ်သား ၈ ဦးဒဏ်ရာရတယ်။ အခုလည်း ဖလမ်းနဲ့ ဟားခါး လုံပြေးမှာ သေနတ်ဖောက် သံခဏ ခဏ ကြားတယ်။ CNA ကလည်း ဟားခါးနဲ့ ဖလမ်းဘက်ကို ဆင်းတယ်။ ထိတွေ့တိုက်ပွဲ ရှိနေတယ်လို့ မြေပြင်ဘက်က ပြောတယ်" ဟု ချင်းအမျိုးသား တပ်မတော် CNA တာဝန်ရှိသူက ပြောဆိုသည်။ 


လက်ရှိအချိန်အထိ ဟားခါးနှင့်ဖလမ်းဘက်တွင် စစ်ရေးတင်း မာနေဆဲဖြစ်ပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။


“တိုက်ပွဲက ၄ နာရီလောက်ကနေစဖြစ်တယ်၊ တိုက်ပွဲကတော့ မ နက်မိုးလင်းလောက်အထိ ဖြစ်တယ်၊ လက်နက်သိမ်းခဲ့တာတွေတော့ ရှိတယ်၊ သိမ်းခဲ့တာက ၁၃ လက်လို့တော့ပြောတယ်၊ M4 ၄ လက်ပါ ၁၃ လက်လို့ပြောတယ်၊ တခြားလက်နက်တွေက ဘယ်လိုလက်နက်အမျိုးအစားတွေလဲဆိုတာ မသိရသေးဘူး၊ လက်နက်ကြီးတွေလည်းပါတော့ပါတယ်လို့ပြောတယ်၊ အဓိက က သူတို့ဂိုဒေါင်သွားသိမ်းတာဆိုတော့၊ သူ့ရဲ့သေနတ်နာမည်မသိရသေးတာ၊” ဟု CDF KKG မှ ပြောရေးဆိုခွင့်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယင်းတိုက်ပွဲတွင် CDF KKG က ဒုတပ်ရင်းမှူးတစ်ဦးကျဆုံးခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ အထိနာသဖြင့် ယနေ့ မွန်းလွဲပိုင်းအထိ ဖလမ်းမြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...