Wednesday 31 July 2024

လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော အင်အား ၃၀၀ ရှိ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရ ၊ စစ်ကူစစ်ကြောင်း ပျက်စီးသွား ကစဉ့်ကလျားဖြစ်




 လားရှိုးသို့ တန့်ယန်းမှ စစ်ကူလာသော အင်အား ၃၀၀ ရှိ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရ ၊ စစ်ကူစစ်ကြောင်း ပျက်စီးသွား ကစဉ့်ကလျားဖြစ်


ရန်ကုန်၊ ဇူလိုင် ၃၁


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်သို့ တန့်ယန်းမှ စစ်ကူသွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးပြီး ရာချီ ဒဏ်ရာရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ 


ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီးလားရှိုးဘက်သို့ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင် စစ်ကားကြီး ၁၅ စီးဖြင့် ထွက်သွားကြောင်း ၊ အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်များ ဖရိုဖရဲ ဖြစ်ပြီး ဆုတ်ခွာ ထွက်ပြေးသွားကြောင်း၊ လတ်တလော စာရင်းများအရ စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံးပြီး ရာချီဒဏ်ရာရရှိကြောင်း၊ စစ်ကူ စစ်ကြောင်းတစ်ခုလုံး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။ 


"MNDAA နဲ့ BPLA နဲ့ မဟာမိတ်တပ်တွေက ကြားကနေ စောင့်ပြီး တိုက်တာ။ သူတို့ တက်လာကတည်းက ဒီဘက်မှာ သတင်းတွေက ရတော့ ကြားဖြတ်တိုက်တာ ကားကြီး ၁၅ စီးလောက်ရှိမယ်။ ကားတွေ မီးလောင် တယ်။ စစ်သားတွေလည်း သေတာ ၅၀ ကျော်လောက်ရှိမယ်။ ဒဏ်ရာရတဲ့သူတွေ တင်ပြီး နောက်ကြောင်း ပြန်ဆုတ်သွားတယ်" ဟု တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်က လက်ရှိ လားရှိုးတွင် တိုက်ခိုက်ခံနေရသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို စစ်ကူပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသော်လည်း တော်လှန်ရေးတပ်များ၏တိုက်ခိုက်မှုများကြောင့် စစ်ကူမသွားနိုင်တော့ဘဲ ဖြစ်နေရကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမှ ထွက်ခွာသော စစ်ကူစစ်ကြောင်းမှ စစ်ကားများနှင့် တိုက်ခိုက်ခံရပြီးနောက် ပျက်စီး သေဆုံးနေသော စစ်သားများနှင့်စစ်ကားများ။

Monday 29 July 2024

လားရှိုးရှိ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကို သိမ်းပိုက်၊ သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိ




 လားရှိုးရှိ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကို သိမ်းပိုက်၊ သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိ


ရန်ကုန်၊ ဇူလိုင် ၂၉ 


လားရှိုးရှိ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ရင်း၊ စစ်တပ်ဂေါက်ကွင်းတို့ကိုယနေ့ ထပ်မံ သိမ်းပိုက်ပြီး သံချပ်ကာကားနှင့်လက်နက်ခဲယမ်းအများအပြားရရှိကြောင်း BPLA က သတင်းထုတ်ပြန်သည်။ 


ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့နှင့် ဇူလိုင်လ ၂၈ ရက်နေ့တို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) နှင့် ဗမာပြည်သူ့လွတ်မြောက် ရေး တပ်တော် (BPLA)တို့ပါဝင်သော မဟာမိတ်တပ်ပေါင်းစုက လားရှိးမြို့ အခြေ စိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ခွဲနှင့် တပ်မတော်ဂေါက်ကွင်းတို့မှ စစ်ကောင်စီတပ်များကို အပြီးတိုင် တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


BPLA ၏ ထုတ်ပြန်ချက်များအရ တပ်ရင်းများ သိမ်းပိုက်ရရှိမှုတွင် သံချပ်ကာကားနှင့် စစ်လက်နက်ခဲယမ်းအများပြား ပါဝင်သည်ကို တွေ့ရှိရသည်။

လားရှိုးမီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ


 လားရှိုးမီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ပြီး အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ


ရန်ကုန်၊ ဇူလိုင် ၂၉ 


ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မီးရထားဘူတာရုံကို MNDAA တပ်များက သိမ်းပိုက်လိုက်ကြောင်း MNDAA ဘက်က ပြောဆိုသည်။ 


ဇူလိုင်လ ၂၈ ရက်နေ့တွင် လားရှိုးမီးရထားဘူတာရုံကို MNDAA က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တော်လှန်ရေး ရှေ့တန်း သတင်းရင်းမြစ်က ပြောဆိုသည်။ 


" ရမခမှာတော့ ဝင်အလုံးခံနေရပြီ။ သတင်းကောင်းကြားရမှာပါ" ဟု ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တော်လှန်ရေးက ဆက်ရေးတော့မယ့် လားရှိုးသမိုင်း


 တော်လှန်ရေးက ဆက်ရေးတော့မယ့် လားရှိုးသမိုင်း


၃ နှစ်ကျော် ခက်ခက်ခဲခဲကြိုးပမ်းကြရခဲ့ပြီးနောက် မြန်မာရဲ့ စစ်ရေးနိုင်ငံရေးအခြေအနေတွေက အလျှင်အမြန်ပြောင်းလဲနေပါတယ်၊ ၁၀၂၇ ဒုတိယအကျော့ လို့ဆိုတဲ့ ရှမ်းမန်းစစ်ဆင်ရေးဟာ အောင်မြင်မှုကြီးစွာရနေတာဖြစ်တယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဘယ်သူမှမရခဲ့တဲ့ အောင်ပွဲတွေရရှိနေတာပါ။ ၁၉၄၅ နှစ်ဆန်းပိုင်းမှာ အင်္ဂလိပ် နဲ့ မဟာမိတ်တပ်တွေက ဂျပန်လက်ရောက်နေတဲ့ လားရှိုးကိုပြန်လည်သိမ်းပိုက်ခဲ့တာပါ။ ၇၀ ခုနောက်ပိုင်းကစလို့ လားရှိုးဟာ ဗကပ ဆန့်ကျင်ရေးတိုက်ပွဲတွေနဲ့အတူ အရေးပါလာခဲ့တာပါ။ အဲဒီကာလအတွင်းမဆလအစိုးရက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဆိုတာကို လားရှိုးမှာဖွဲ့စည်းခဲ့ပြီး သူတို့အခေါ် သောင်းကျန်းသူနှိမ်နင်းရေးဆိုတာတွေ တောက်လျှောက်လုပ်လာခဲ့တဲ့ အချက် အခြာနေရာတခုပါပဲ။ ခေတ်တွေအမျိုးမျိုးပြောင်းလာခဲ့ပါတယ်။ ဗကပပေါ်လာပြီးနောက် ကာကွယ်ရေးခေတ်မှာ လော်စစ်ဟန်နဲ့ အခြားအဖွဲ့များ လားရှိုးမှာ ခြေချင်းလိမ်နေခဲ့တဲ့ ကာလတွေရှိခဲ့သလို ဗကပ အပျက်မှာလဲ ကိုးကန့်အားပြိုင်မှုတွေကနေ ရှုံးနိမ့်သူတွေ လားရှိုးကိုရောက်လာကြတာဖြစ်တယ်။ KIA တပ်မဟာ ၄ ကခွဲထွက်လာတဲ့ မထုနော်အဖွဲ့ဟာလဲ လားရှိုးအနီး ကောင်းခါးမှာ ဖျက်သိမ်းမခံရမီအချိန်အထိ ဆယ်စုနှစ်အချို့ရှိနေခဲ့ပြီး မူးယစ်ဆေးဝါးချက်သူများနဲ့ အကြီး အကျယ် ပါတ်သက်ခဲ့ကြသေးတာပါပဲ။ ပြောမယ်ဆိုရင် လားရှိုးဟာ ကာကွယ်ရေးခေတ်ကစလို့ မူးယစ်ဆေးဝါး ၊ ဘိန်း၊ လက်နက် နဲ့ တရားမဝင်စီးပွားရေးပေါင်းစုံ ရှိနေခဲ့ပြီး လားရှိုးမှာတာဝန်ကျဘူးတဲ့ စစ်ခေါင်းဆောင်တိုင်း အဲဒီလုပ်ငန်းတွေက အကျိုး အမြတ်တွေ အနည်းနဲ့အများဆိုသလို ပါတ်သက် ရရှိနေခဲ့ကြတာပါ။ မန္တလေးက တာမိုးညဲပြည်သူ့ စစ်က ဖွင့်ထားတဲ့ ဘီယာဆိုင်မှာ သန်းရွှေနဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတောင် တွေ့ခဲ့ကြရသေးတာပဲ။ ခင်ညွန့်ကတော့ ပိုအခြေအနေဆိုးပါတယ်။ ရန်ကုန်က အကြီးဆုံး ဇိမ်အိမ်ကြီးမှာ ခင်ညွန့်နဲ့ အဲဒီပိုင်ရှင်နဲ့တွဲရိုက်ထားခဲ့တဲ့ ဓါတ်ပုံချိတ်ထားတာ သူ့ ထောက်လှမ်းရေးတွေ တွေ့သွားလို့ အရှက်ကွဲပြီး အဲဒီလူကို ထောင်နှစ်အစိတ်လောက် ချလိုက်သေးတယ်မဟုတ်လား။ဘယ်လိုပဲဖုံးကြ ဖိကြပစေ စစ်ခေါင်းဆောင်များနဲ့ ပါတ်သက်ရာ ပတ်သက်ကြောင်းတွေ နဲ့ အဖျားအနားကလူတွေကအစ တသွေးတမွေးတောက်ပြောင်လာတာ၊အခုချိန်ထိ ထိပ်တန်းစီးပွားရေးတွေပိုင်ကြပြီး သုံးနိုင်ဖြုံးနိုင် ဖြစ်နေတာကတော့ အားလုံးမျက်မြင်ပါပဲ။  


        တဘက်မှာလဲ ပြည်သူတွေအတွက်တော့ လားရှိုးဟာ ရှမ်း ၊တရုတ် ၊ဂျိန်းဖော၊ တအာင်း ၊ ဗမာ အပါအဝင် လူမျိုးစုံ ယဥ်ကျေးမှုမျိုးစုံ ရောယှက်နေထိုင်ရာ ကူးလူး ဆက်ဆံရာ အဖိုးတန်လှတဲ့ နေရာဖြစ်နေပါတယ်။ အင်္ဂလိပ်ဦးဆောင်တဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ကချင်အပျော်တန်းစစ် သည်တွေ ထောင်နဲ့ချီပြီး ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ သမိုင်းဝင်မြို့လဲဖြစ်တယ်။ ဒီမိုကရေစီကာလလေးတခုမှာ NLD နဲ့ SNLD တို့ အေးချမ်းစွာ အားပြိုင်ခဲ့တဲ့နေရာလဲဖြစ်ခဲ့တာပါ။ အခုတော့ မြို့တမြို့ရဲ့ သမိုင်းကြောင်းထဲက ကောင်းမွေကိုသာဆက်ခံပြီး စစ်အာဏာရှင်တွေခေတ်က ဆိုးမွေအားလုံးပယ်ဖျက်ပစ်ဖို့ အခွင့်ကောင်းတခု ရလာပြီလို့ဆိုရမှာပါ။


      တွေ့မြင်ရတဲ့ သတင်းဓါတ်ပုံတွေအရ အကျာကျားတို့ ဘယ်လိုပဲဖင်ပိတ်ငြင်းပစေ လားရှိုးဟာ MNDAAနဲ့ ပူးပေါင်းတပ်တွေလက်ထဲရောက်နေပါပြီ။ ဟိုအရင်က ဦးသိန်းဖေမြင့်ရဲ့ အရှေ့မြောက်တိုင်းတခွင် ဆိုတဲ့ စာအုပ်မှာ လော်စစ်ဟန်ကို စီးတတ်ရင်မြင်းကောင်းပဲလို့ ရေးခဲ့တယ်။ တကယ်လဲ နောက်ပိုင်းမှတ်တမ်းတွေအရဆိုရင် ဗကပ ပြိုကွဲအောင်လုပ်ရာမှာ လော်စစ်ဟန်က အရေးပါတဲ့နေရာမှာရှိခဲ့ပါတယ်။ အခုအဲဒီမြင်းရဲ့ သားကို စာထုတ်ပြီး ကိုးကန့်ကိုနားချခိုင်းတော့ ဘာမှထူးမလာပါဘူး။ လွန်ခဲ့တဲ့ နှစ်၄၀လောက်က အကွက်ကို ကြံရာမရထုတ်သုံးတော့ ဒါတွေကရိုးသွားပြီပေါ့။ တကယ်တော့ ဟိုလူကလဲ မကောင်းတတ်လို့ လုပ်ရတာ အခြေနေတွေသိတာပေါ့၊ နောက်ဖေးပေါက်ကနေတောင် အခုခေါင်းဆောင်တွေနဲ့ ချိတ်ထားပြီးလောက်ပါပြီ။ အခုခေတ် လူငယ်စစ်ခေါင်းဆောင်တွေက ဆွန်ဇူးတို့ သုံးပြည်ထောင်ဝထ္ထုတို့လဲ အတော်ဖတ်ထားကြပုံရပါတယ်။ စစ်ရေးဗျူဟာတွေက အတော်လှတာတွေ့ရတယ်။ ဒေါ်စိန်အေးကျောင်းရဲ့ သမရိုးကျအမြင်တွေနဲ့ လိုက်လို့မမှီတော့ပါဘူး။ ဒီလိုအရှိတရားတွေကို လက်ခံကြဖို့လိုတာပါပဲ။ မည်သို့ဆိုစေ မြန်မာဟာ ခေတ်သစ်တခုကို ရောက်ရတော့မှာပါ။ ထွန်းလင်းတောက်ပတဲ့ လားရှိုးသမိုင်းကို ဆက်ရေးကြရမှာပါ။ ဒီကမှတဆင့် စစ်တပ်ရဲ့ ခွန်နှစ်ဆွေး ရှစ်ဆွေး ဂျင်းတွေကိုခွာချပြီး သစ်လွင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လျောက်လှမ်းကြရမှာပါ။ ဒီလမ်းကြောင်းမှာ လားရှိုးမြို့သိမ်းတိုက်ပွဲဟာ အင်္ဂလိပ်တို့ ဂျပန်လက်က သိမ်းခဲ့ရတဲ့ တိုက်ပွဲထက် မလျော့တဲ့ သမိုင်းတန်ဖိုးရှိလာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

Sunday 28 July 2024

မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသော စစ်ကောင်စီဘက်တော်သား ၁၂၀ ဦးဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ၊ ထွက်ပြေးသူများကို ဆက်လက် ရှင်းလင်း ဖမ်းဆီးနေ




 မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသော စစ်ကောင်စီဘက်တော်သား ၁၂၀ ဦးဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ၊ ထွက်ပြေးသူများကို ဆက်လက် ရှင်းလင်း ဖမ်းဆီးနေ


ရန်ကုန်၊ ဇူလိုင် ၂၈ 


ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေး သွားသော စစ်ကောင်စီဘက်တော်သား ၁၂၀ ဝန်းကျင်ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိပြီး ဒုတိယအသုတ်အဖြစ် ဆက်လက်ဖမ်းဆီးခြင်းနှင့် ထွက်ပြေးလွတ်မြောက်နေသူများကို ဆက်လက် ရှင်းလင်းနေကြောင်း ချင်းညီနောင်က ကြေညာသည်။ 


ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးတွဲ စစ်ဆင်ရေးအဖြစ် ချင်း ပြည်နယ်၊ မတူပီမြို့ရှိ ခမရ ၃၀၄ ၊ ခလရ ၁၄၀ နှင့် မတူပီ အခြေချ စစ်ဗျူဟာတို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၂၉ ရက်နေ့တွင် အဆိုပါစခန်းများကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ 


မတူပီမြို့သိမ်းတိုက်ပွဲတွင် အသက်လုထွက်ပြေးသွားသော စစ်ကောင်စီတပ် သားများ၊ တပ်မိသားစုဝင်များ၊ အရပ်ဘက်ဝန်ထမ်းများ စုစုပေါင်း ၁၂၀ ဦးဝန်းကျင်ကို ဇူလိုင်လ ၁၇ ရက်နေ့တွင် လက်နက်ခဲယမ်းများ၊ စစ်အသုံး အဆောင်များနှင့်အတူ ပထမအသုတ်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။ 


ဇူလိုင်လ ၂၅ ရက်နေ့တွင်လည်း ထွက်ပြေးလွတ်မြောက်နေသော လက်ကျန်စစ်သုံ့ပန်းများ၊ တပ်မိသားစုဝင်များ ပါဝင်သော စစ်ကြောင်းနှင့် ၂ နာရီကြာ ထပ်မံ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒုတိယအသုတ်အဖြစ် စစ်သုံ့ပန်းများ ထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း၊ အခြားထွက်ပြေး လွတ်မြောက်နေသူများကိုလည်း ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။ 


ဖမ်းဆီးရရှိသူသော စစ်သုံ့ပန်းများတွင် အစာငတ်ပြတ်ခြင်း၊ ဆေးဝါးမရှိခြင်းနှင့် တိုက်ပွဲအတွင်း ပြင်းထန်ဒဏ်ရာများဖြင့် သေဆုံးသူတချို့ရှိကြောင်း၊ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥ့ပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



 ထန်တလန်မြို့ရံရှိ  စစ်ကောင်စီ၏  Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၈ 


ချင်းပြည်နယ်၊ ထန်တလန်မြို့ရံရှိ  စစ်ကောင်စီ၏  Auto တောင် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Chinland Council က သတင်းထုတ်ပြန်သည်။


ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်း ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ ထန်တလန်မြို့ရံရှိ စစ်ကောင်စီ၏ ရှေ့တန်းအမာခံစခန်းဖြစ်သည့် Auto တောင် စခန်း ၃ ခုအား Chinland Council ပူးပေါင်းတပ်ဖွဲ့က အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်း၊  အဆိုပါစခန်းများမှာ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း အထိုင်ချသည့်နေရာဖြစ်ပြီး တိုက်ခိုက်သိမ်းပိုက်မှုအတွင်း  စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးကာ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


ဇူလိုင်လ ၂၂ ရက်နေ့မှ ယနေ့ အထိ တစ်ပတ်အတွင်း Chinland Council ပူးပေါင်းတပ်ဖွဲ့များက ဟားခါး-ထန်တလန်အကြားရှိ စစ်ကောင်စီ၏ ရှေ့တန်းအမာခံစခန်း ၆ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊  လက်နက်ခဲယမ်းများအပြင် စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

Saturday 27 July 2024

ကျောက်မဲနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု သေနတ် ၄ လက် သိမ်းဆည်းရရှိ


 ကျောက်မဲနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု သေနတ် ၄ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၇


ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။


ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စကခ ၁ ၊ ခမရ ၅၀၁ နှင့် ၅၀၂ တွင် တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


ထို့ပြင် မိုးမိတ်မြို့၊ ညောင်ပင်ဆောက်၊ ဒိုးပင်နှင့် မိုးမိတ်ဗျူဟာကုန်း စသည့်နေရာများတွင်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။ 


အလားတူ ယနေ့ နံနက် ၆ နာရီခန့်တွင် မိုးမိတ်မြို့ ဒိုးပင်နှင့် ညောင်ပင်ဆောက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၂၇၆ တပ်စခန်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ညောင်ပင်ဆောက်၌ ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃ နှင် မိုးမိတ် ဗျူကာကုန်းရှိ စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈ တို့နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


မိုးကုတ်မြို့ အတွင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားအချို့ကိုလည်း TNLA က လိုက်လံ တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

သပိတ်ကျင်းရှိ တွင်းငယ်နှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်မှု အမှတ်(၁) စစ်ဒေသ ထုတ်ပြန်



 သပိတ်ကျင်းရှိ တွင်းငယ်နှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်မှု အမှတ်(၁) စစ်ဒေသ ထုတ်ပြန်


▪️သပိတ်ကျင်းတွင် PDF သိမ်းပိုက်ထားသည့် စစ်ကောင်စီစခန်း ၃ခုရှိလာ


ဟန်နွေ၊မိထက်၊ဇေအောင်/People's Spring


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂ဦးနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသရုံးက ယနေ့(ဇူလိုင်၂၇ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။


ရဲအုပ်(စခန်းမှူး) ကျော်ဝဏ္ဏထွန်းဦးစီးပြီး ရဲ အင်အား (၉)ဦးရှိသော တွင်းငယ်ရွာရဲစခန်းအား မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲ၍ အမှတ် (၅၀၉)တပ်ရင်း၊ ကချင်လွတ်လပ်ရေးတအ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့က ယနေ့ (ဇူလိုင်၂၇ရက်) နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။


စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီးတစ်ဦး ထိခိုက်ဒဏ်ရာရကာ နှစ်ဦး ဖမ်းဆီးရမိ၊နှစ်ဦး ပျောက်ဆုံးနေကြောင်း အမှတ် (၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။


"တွင်းငယ်ရဲစခန်းရပါပြီ။ ဒီစခန်းက မိုးမိတ်-မန္တလေးလမ်းပိုင်းမှာရှိတဲ့ အခိုင်အမာတပ်ပါ"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ 


စခန်းသိမ်းပိုက်မှုမှ လက်နက်ငယ် (၉)လက်၊ ကျည်မျိုးစုံ ၁၁၀၃တောင့်၊ လက်ပစ်ဗုံး (၅)လုံး၊ ကျည်အိမ် (၁၉)ခု၊ Equipment (၅)ခုနှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ကို အမှတ် (၁) စစ်ဒေသရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။


ဇူလိုင် ၂၅ရက် နံနက်ပိုင်းကလည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)နှင့် သပိတ်ကျင်းမြို့နယ် ပကဖတို့ဝင်ရောက်စီးနင်းသိမ်းပိုက်ရာ ရန်သူ့ထံမှ လက်နက်ငယ် ၁၃လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ ကျည်အိမ် ၂၈ခု သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။


ဇူလိုင်၂၁ရက်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်းအား အထူးလှုပ်ရှား တပ်ရင်း(၃)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ်/တကောင်းတိုက် နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က (၈) ဦးသေဆုံးပြီး ဒုအရာဗိုလ်အပါအဝင် (၈) ဦး ဖမ်းဆီးရမိ၍ လက်နက်ငယ် (၂၃) လက်၊ ကျည်မျိုးစုံ ၃,၃၇၉တောင့်၊ လက်ပစ်ဗုံး (၄)လုံး၊ ရှေ့ထွက်မိုင်း တစ်လုံးနှင့် ကျည်အိမ် (၉၉)ခု သိမ်းဆည်းရမိခဲ့သည်။      


အလားတူ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းပေါ်ရှိ ချောင်းကြီးစခန်းကိုလည်း ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့၍ ဒေငခံပြည်သူ ခုနစ်ဦးထက်မနည်းသေဆုံးကာ နေအိမ် ၅၀ကျော်ပျက်စီးခဲ့သည်။

လားရှိုးမြို့ရှိ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေ




 လားရှိုးမြို့ရှိ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေ


ရန်ကုန်၊ ဇူလိုင် ၂၇


ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဟိုပိတ် တိုးဂိတ်၊ ၉၁၂ စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းနှင့် ခလရ ၄၁ တပ်ရင်း တို့ကို MNDAA က ဆက်လက် သိမ်းပိုက်ပြီး စစ်သား အလောင်းများကို ရှင်းထုတ်နေကြောင်း MNDAA က ပြောဆိုသည်။


ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် MNDAA တပ်၏ အမြောက်တပ်ရင်းများ ပူးပေါင်း၍ လားရှိုးမြို့ ဟိုပိတ် တိုးဂိတ်၌ ကျန်ရှိနေသော အကြမ်းဖက် မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်ဖွဲ့ဝင်များကို စတင် တိုက်ခိုက်ခဲ့ကာ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်တွင် တိုးဂိတ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 


လက်ရှိချိန်တွင် MNDAA တပ်ဖွဲ့ဝင်များသည် တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက် စစ်သား အလောင်း အကြွင်းအကျန်များကို ရှင်းထုတ်နေကြောင်း သိရှိရသည်။


ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၄၁ တပ်ရင်း နှင့် ၉၁၂ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း တို့ကို MNDAA တပ်က သိမ်းပိုက်နိုင်လိုက်ကြောင်း သိရသည်။

လားရှိုးမြို့တော်ခန်းမ၊ စစ်ကောင်စီတပ်ရင်းများ၊ ရဲစခန်း၊ ဆေးရုံကြီး၊ မြို့လယ်ခေါင်၊ မီးသတ်ဌာန အပါအဝင် လားရှိုးတစ်မြို့နယ်လုံးကို သိမ်းပိုက်ထားသည့် သက်သေ ဓာတ်ပုံများ MNDAA က ထုတ်ပြန်






 လားရှိုးမြို့တော်ခန်းမ၊ စစ်ကောင်စီတပ်ရင်းများ၊ ရဲစခန်း၊ ဆေးရုံကြီး၊ မြို့လယ်ခေါင်၊ မီးသတ်ဌာန အပါအဝင် လားရှိုးတစ်မြို့နယ်လုံးကို သိမ်းပိုက်ထားသည့် သက်သေ ဓာတ်ပုံများ MNDAA က ထုတ်ပြန်


ရန်ကုန်၊ ဇူလိုင် ၂၇


MNDAA က လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိပြီ ဖြစ်ကြောင်း ကြေညာပြီးနောက် လားရှိုးမြို့ သိမ်းပိုက်ထားမှုကို ဓာတ်ပုံသက်သေများနှင့်တကွ သတင်းထုတ်ပြန်လိုက်သည်။


MNDAA က ထုတ်ပြန်သော သက်သေဓာတ်ပုံများတွင် လားရှိုးမြို့တော်ခန်းမ၊ ခလရ ၄၁၊ ခမရ ၅၀၇ ၊ အင်ဂျင်နီယာတပ်ရင်း ၊ အမှတ် ၉၅၉ ဆောက်လုပ်ရေး တပ်ခွဲ၊ လားရှိုးမြို့လယ်ခေါင်၊ ရဲစခန်း၊ မူးယစ်ရဲတပ်ဖွဲ့၊ မီးသတ်ဌာန ၊ ဆေးရုံကြီး အပါအဝင် လားရှိုးမြို့လယ် နေရာများအားလုံးကို သိမ်းပိုက်ထားမှုများကို ထုတ်ပြန်ထားသည်။ 


လားရှိုးမြို့နယ်ကို MNDAA က သိမ်းပိုက်ရရှိထားကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ တွင် တရားဝင် ကြေညာခဲ့ခြင်းဖြစ်သည်။ 


လားရှိုးမြို့ စစ်ရေးအုပ်ချုပ်မှု ကော်မတီ ဖွဲ့စည်းပြီး MNDAA က အုပ်ချုပ်မည်ဟု တရားဝင် ကြေညာထားသည်။


လားရှိုးတွင် စစ်ရေးအုပ်ချုပ်မှု ကော်မတီဖွဲ့စည်းပြီး တိုက်ပွဲအပြီး မြို့နယ် အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ လားရှိုးမြို့ရှိ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ဆရာဝန်များနှင့် သူနာပြုများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ပြန်လည် လာရောက် ထမ်းဆောင်ကြရန်၊ တရုတ်အမျိုးသားလူမှုရေး အဖွဲ့အစည်းများအနေဖြင့် လားရှိုးဧရိယာ စစ်အုပ်ချုပ်ရေး ကော်မတီကို ကူညီပံ့ပိုးကြရန် ပန်ကြားထားသည်။ 


MNDAA ရဲဘော်များအနေဖြင့် ကျင့်ဝတ်နှင့်စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ရာထူးကို အလွဲသုံးစားလုပ်ခြင်း၊ အရပ်သားများ၏ အကျိုးအမြတ်ကို လုယူခြင်းနှင့် အရပ်သားများ၏ စည်းစိမ်ဥစ္စာများကို သိမ်းယူခြင်းများ ကျူးလွန်ပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။ 


ပြည်သူများအနေဖြင့် MNDAA တပ်ဖွဲ့ဝင်များ ဝင်ရောက်မှုကို စိုးရိမ်ထိတ်လန့်ရန် မလိုဘဲ ဆိုင်းခန်းများ ဆက်လက်ဖွင့်လှစ်နိုင်ကြောင်း၊ ကုန်စျေးနှုန်း မြှင့်တင်ခြင်းကို ကန့်ကွက်ပြီး မူလ နေထိုင်ရေးစန်စကို အမြန်ဆုံး ပြန်လည် တည်ဆောက်ရန် တိုက်တွန်းထားသည်။


MNDAA တပ်ဖွဲ့ဝင်များ စည်းကမ်းဖောက်ဖျက်ပါက အချိန်မရွေး လာရောက် တိုင်ကြားရန်၊ ပြည်သူလူထုကို ဖိနှိပ်ခြင်းများကို လုံး၀ ကန့်ကွက်ပြီး ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။ 


လားရှိုးမြို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင် လုပ်ငန်းများကို ပြင်းပြင်း ထန်ထန် တိုက်ဖျက်နှိမ်နင်းမည်ဖြစ်ကြောင်း၊ သတင်းတု နှင့် ဝါဒမှိုင်းတိုက်ခြင်းများကို အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။ 


တိုက်ပွဲကြောင့် ပျက်စီးသွားသော အရပ်သားနေအိမ်များကို ပြုပြင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများကို ကူညီပံ့ပိုပေးမည်ဖြစ်ကြောင်း၊ အခက်အခဲများ ရင်ဆိုင်ရပါက အကူအညီ ကို လာရောက်စုံစမ်းနိုင်ကြောင်း၊ တိုင်ကြားရန်နှင့် အကူအညီတောင်းခံရန် ဖုန်းနံပါတ်များကိုပါ တစ်ပါတည်း ကြေညာထားကြောင်း သိရှိရသည်။

Friday 26 July 2024

စစ်ကောင်စီတပ်ပြေး နှစ်ဦး လက်နက်များနှင့်အတူ သံတောင် PDF ဖမ်းမိ


 စစ်ကောင်စီတပ်ပြေး နှစ်ဦး လက်နက်များနှင့်အတူ သံတောင် PDF ဖမ်းမိ 


ထားမြတ်/People’s Spring


သံတောင်မြို့ရှိ စစ်ကောင်စီတပ်မှ ထွက်ပြေးလားသည့် စစ်သားနှစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း People Defence Force Thandaungက သတင်းထုတ်ပြန်သည်။


လက်နက်များယူဆောင်ပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးလာခြင်းဖြစ်သည့် အဆိုပါတပ်သား နှစ်ဦးကို ဆုငွေချီးမြှင့်ခဲ့သည့် ဓာတ်ပုံမှတ်တမ်းကိုလည်း ဖော်ပြသည်။


အဆိုပါ တပ်သားနှစ်ဦးသည် သံတောင်မြို့ရှိ (၆၀၄)တပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး ၎င်းတို့တပ်မှ လက်နက်ဖြင့် တပ်ပြေးလာခြင်းအား သံတောင် PDF၏ MLB စစ်ကြောင်းမှ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။


အဆိုပါတပ်သားများနှင့်အတူ MA1 သေနတ်တစ်လက်၊MAကျည် ၆၀၀၊MAကျည်‌ ဘောက်၆ခု၊ MA5သေနတ် တစ်လက်၊ ၉ မမကျည်၁၀‌‌ တောင့်နှင့် MA5 magazine နှစ်ခုနှင့် လက်ပစ်ဗုံး၂လုံး သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်သည်။


တောင်ငူခရိုင်၊တပ်မဟာ(၂ )၊တပ်ရင်း(၅ )လက်အောက်ခံ သံတောင် PDF ၏ MLB စစ်ကြောင်း မှ ဖော်ဆောင်ခဲ့သော စစ်ဆင်ရေးများကိုလည်း ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၁၀ရက်မှ ၂၂ရက်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ခဲ့သည်ဟု ဖြစ်စဉ်အလိုက် ဖော်ပြသည်။


ဇူလိုင် ၁၀ရက်တွင် တောင်ငူ - လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းအား စနိုက်ပါဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦးနှင့်တပ်သား နှစ်ဦး သေဆုံးသွားကြောင်း၊ ထို့ပြင် ဇူလိုင် ၁၇ရက်တွင် ကျောက်လုံးကြီးစခန်းအား စနိုက်ပါဖြင့်ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။


ဇူလိုင် ၂၂ရက်ကလည်း လိပ်သိုမှတောင်ငူမြို့သို့ ထွက်ခွာလာသည့် အင်အား ၂၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တောင်ငူ-လိပ်သို လမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ပြီး ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း အသိပေးသည်။


အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်က် များပြားခဲ့သည်ဟုလည်းထုတ်ပြန်သည်။


(စစ်ကောင်စီတပ်ပြေး နှစ်ဦးအား လက်နက်များနှင့်အတူတွေ့ရစဥ်။ ဓာတ်ပုံ - သံတောင် PDF )

ဆီမီးခုံမြို့တွင် ၄၀ မမ သေနတ်ကိုင်ဆောင်ထားသော စစ်သား တစ်ဦးကို တော် လှန်ရေးရဲဘော်များက ဝင်ရောက်လုံးထွေး ထိုးကြိတ်ပြီး လက်နက်လုယူနိုင်၊ ပစ်ခတ်မှုကြောင့် စစ်သားသေဆုံးသွား



 ဆီမီးခုံမြို့တွင် ၄၀ မမ သေနတ်ကိုင်ဆောင်ထားသော စစ်သား တစ်ဦးကို တော် လှန်ရေးရဲဘော်များက ဝင်ရောက်လုံးထွေး ထိုးကြိတ်ပြီး လက်နက်လုယူနိုင်၊ ပစ်ခတ်မှုကြောင့် စစ်သားသေဆုံးသွား

 

ရန်ကုန်၊ ဇူလိုင် ၂၆


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ပေါ်တွင် ၄၀ မမ အောက်တွဲလောင်ချာသေနတ်ကိုင်ဆောင် ပြီး သောင်းကျန်းနေသောအကြမ်းဖက်စစ်သားတစ်ဦးကို တော်လှန်ရေးရဲဘော်များက လုံးထွေး ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ကာ ၄၀ မမ သေနတ်ကို လုယူရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံ သို့ ပြောကြားသည်။


ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်အချိန် ဆီးမီးခုံမြို့၊ ဝါးထောင်ဘုန်းကြီး ကျောင်းအနီးတွင် ၄၀ မမ အောက်တွဲ လောင်ချာ သေနတ်တစ်လက်ကိုင်ဆောင်ပြီး သွားလာသောင်းကျန်းနေသော အကြမ်းဖက်စစ်သား အင်္ဂုလိ ဆိုသူကို တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးက ဝင်ရောက်လုံးထွေး သတ်ပုတ်ပစ် ခတ်သတ်ပြီး ၎င်းကိုင်ဆောင်သော ၄၀ မမ ထောက်တွဲလောင်ချာနှင့်အတူ ခဲယမ်း များ သိမ်း ဆည်းရရှိကာ ဘေးအန္တရာယ်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


 “သူက ဖိုးဝှီးကားနဲ့ အမြဲတမ်းဈေးလာတယ်၊ ကွမ်းဝင် ဝင်တယ်၊ သူ့ကွမ်း ဝင် ယူတဲ့အချိန်မှာ အမြဲ တမ်း ၄၀ မမ အတွဲကြီးကိုင်ထားတာ။ အဲလို ၄၀ မမ အတွဲကြီးတွေကိုင်ထားတော့ သူ့ကို အကုန်ကြောက်နေ ကြတာ၊ အဲဒါကြောင့် ကျနော်တို့လည်း အင်္ဂုလိ ဆိုတဲ့ကောင်ကို ရအောင် လုပ်မယ်ဆိုပြီး ၁၇ ရက်နေ့မှာ သွားချောင်းတယ်။ ဒါပေမယ့် အင်အား အရမ်းများနေတော့ ကျောချင်းပေးပြီး ရှောင်ခဲ့တယ်။ တို့ မှာက အဲဒီလို လက်နက်လည်း မရှိဘူး။ သူ့ဆီက လက်နက် လိုချင်တယ်ဆိုပြီးတော့ ဇူလိုင်လ ၁၈ ရက်နေ့မှာ အရဲစွန့်ပြီး ထပ်လာ ချောင်းတာ။ အဲဒီစစ်သားက ဖိုးဝှီးကားနဲ့ ကွမ်း အယူမှာ ကျနော်တို့က သေနတ်နဲ့ပစ်တယ်။ ပစ်တဲ့အခါမှာ ထိရောက်မှုအားပျော့တော့ သူက ပြန်ပစ်မလို့လုပ်တာပေါ့၊ အဲလိုလုပ်တဲ့အချိန် ခေါင်းကိုဆွဲပြီး နပန်းဝင်လုံးတာ။ ၄ ယောက်ဝင်လုံးပြီး ပထမ ရင်ဘတ်တွေကို ပစ်တာ၊ ရင်ဘတ်တွေ မှာက ကျည်ကာပါတော့ မထိရောက်တာနဲ့ ဆီးခုံ ၂ ချက်၊ ထိပ်တစ်ချက်ပစ်ထည့်လိုက်တာ၊ ဝင်လုံး ပစ်တဲ့အချိန်မှာ အသံတွေထွက်သွားလို့ သူ့ဆီက ဂန်းတော့ရခဲ့တယ်၊ ကျနော်တို့ဆီပါတဲ့ SIG ထိုင်း နိုင်ငံထုတ် လက်နက်တစ်လက်နဲ့ ဖုန်းတစ်လုံးတော့ ကျကျန်ခဲ့နေခဲ့တယ်” ဟု တော်လှန် ရေးသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း တို့ပူးပေါင်းကာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thursday 25 July 2024

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိ



 သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်၊ လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၅


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ရဲစခန်းကို KIA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများနှင့် ကားများသိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းကို KIA ၊ KPDF နှင့်ABSDF ပူးပေါင်း တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"ဒီနေ့ ၁၁ နာရီ ၂၀ မိနစ်မှာ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းကို KIA+KPDF+ABSDF ပူးပေါင်းတပ်ဖွဲ့တွေ အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း ရတယ်။ ကားတွေလည်း သိမ်းဆည်းရမိတယ်" ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

Wednesday 24 July 2024

မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်များ ထိန်းချုပ်





 ▪︎Breaking News 


မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်များ ထိန်းချုပ်


မိထက်/People's Spring 


မိုးကုတ်မြို့မှ စစ်ကောင်စီဗျူဟာကုန်းကို TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မိုးကုတ်မြို့အား ထိန်းချုပ်လိုက်ပြီဟု မြေပြင်စစ်ရေးသတင်းမြစ်နှင့် နီးစပ်သူများကပြောသည်။


" မိုးကုတ်ဗျုဟာကို ရပါပြီ။ မိုးကုတ်က ပြီးသလောက်ဖြစ်သွားပါပြီ" ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။


မိုးကုတ်မြို့မှ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား TNLA နှင့် PDF(မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့ကနယ်မြေရှင်းလင်းရေးလုပ်နေသည်ကို "တံမျက်စည်းလှဲနေပြီ"ဟုလည်း လူငယ်အချို့က လူမှုကွန်ရက်တွင်ရေးသားထားသည်။


မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း သတင်းနှင့် ဓာတ်ပုံမှတ်တမ်းအချို့ ထုတ်ပြန်ပေးနေသည့် TNLA တပ်ဖွဲ့ဝင်တဦးကလည်း " အိမ်နဲ့ အဆက်အသွယ်မရလို့ဆိုပြီး စိတ်ပူနေကြတဲ့ အဝေးရောက် မိုးကုတ်သူ/သားများအတွက်"ဟု ဆိုကာ ကာကွယ်ရေးရဲဘော်များအား ပြည်သူများကကြိုနေသည့် ဓာတ်ပုံမှတ်တမ်းများကို ယနေ့ညနေ ၆ နာရီခန့်တွင် ထုတ်ပြန်ထားသည်။


ဇွန်လ၂၅ရက်မှစတင်သည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း မြို့အနောက်ပိုင်းမှ TNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူထားပြီး မြို့အရှေ့ပိုင်းမှ စစ်ကောင်စီစခန်းများကို ဇူလိုင်လ ၁၈ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိုးကုတ်မြို့ကို စစ်ကောင်စီက ဇူလိူင်လ ၁၉ရက်မှစ၍ ယနေ့အထိ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားသည်။ 


မိုးကုတ်မြို့တိုက်ပွဲနှင့်ပတ်သက်၍ TNLAက ဇူလိုင်လ ၂၃ရက်ညက နောက်ဆုံးထုတ်ပြန်ခဲ့ပြီးတိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်ကောင်စီအကျအဆုံးများကြောင်း ထုတ်ပြန်ထားသည်။


မိုးကုတ်ဗျုဟာသိမ်းတိုက်ပွဲကို TNLA နှင့် မိုးကုတ်ဗျူဟာက ထုတ်ပြန်ထားခြင်းမရှိသေးပေ။


TNLA နှင့် ပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်

ရေးဒုတိယပိုင်းတွင် နောက်ချို မြို့ကို ဇူလိုင် ၁၀ ရက်က သိမ်းပိုက်ထိန်း ချုပ်လိုက်ပြီးနောက် မိုးကုတ်မြို့ကို ထပ်မံသိမ်းပိုက်နိင်ခဲ့ခြင်းဖြစ်သည်။ မိုးမိတ်မြို့နှင့် ကျောက်ခဲ မြို့မှာ စစ်စခန်းများစွာကိုလည်း ပူးပေါင်းတပ်များကသိမ်းပိုက်ထားပြီးကျန်လက်ကျန်စစ်တပ်စခန်းများကို သိမ်းပိုက်ရန် ဆက်လက်ထိုးစစ်ဆင်နေသည်။


ထိုအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး ) ကလည်း ၁၀၂၇ စစ်ဆင်ရေးနှင့်

 တချိန်တည်းတွင် မတ္တရာ နှင့် စည်ကူး မြို့နယ်တို့ကိုပါထိုးစစ်ဆင်ပြီး စဥ့်ကူးမြို့ ကို ဇူလိုင် ၁၇ ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။


(TNLA ဦးဆောင်သော တော်လှန်ရေးတပ်များ မိုးကုတ်ဗျူဟာသိမ်းပြီးနောက် ပြည်သူများက အောင်သပြေဖြင့် ကြိုဆိုစဥ်။ဓါတ်ပုံ-Mai A Hein)

၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပါဝင်နေသည့် စစ်ရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်


 ၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ပါဝင်နေသည့် စစ်ရေး လှုပ်ရှားမှုဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်


ရန်ကုန်၊ ဇူလိုင် ၂၄ 


၁၀၂၇ ဒုတိယလှိုင်း စစ်ဆင်ရေးတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ပါဝင်နေသည့် ဓာတ်ပုံမှတ်တမ်းများကို  BPLA က ယနေ့  သတင်းထုတ်ပြန် သည်။


၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၏ အမှတ် ၂၀၃ စစ်ဒေသ၏ လှုပ်ရှားမှတချို့ကို ဖော်ပြကြောင်း BPLA က သတင်းထုတ်ပြန်ထားသည်။ 


ရန်ကုန်ခေတ်သစ်၏ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ ၁၀၂၇ ဒုတိယလှိုင်းစစ်ဆင်ရေးတွင် BPLA အပြင် NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်မှ  ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်နေပြီး အထူးသဖြင့် အညာဒေသမှ PDF တပ်တချို့လည်း ပါဝင်နေကြောင်း ပြောဆိုသည်။ 


"အဓိကတော့ လားရှိုးခွင်မှာ PDF တပ်တွေရော၊ BPLA တပ်တွေရော အဓိက ပါဝင်ပြီး တိုက်ပွဲဝင်နေကြတာ" ဟု ရန်ကုန်ခေတ်သစ်၏ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

Tuesday 23 July 2024

လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်



 လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်


■ စစ်ကောင်စီကို ပြန်လည် တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင်ပါဝင်လိုကြောင်း လက်နက်ချ စစ်သားများက ပြောဆို


ရန်ကုန်၊ ဇူလိုင် ၂၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦး တို့ ဦးဆောင်၍ စုစုပေါင်း တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAA ထံတွင် လက်နက်ချ အလင်းဝင်ကြောင်း MNDAA က သတင်းထုတ်ပြန်သည်။ 


 ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး တစ်ဦးက ဗိုလ်မှူး ၂ ဦးကိုခေါ်ဆောင်၍ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သားများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးကို MNDAAတပ်သို့ လက်နက်ချအလင်းဝင်ခဲ့ပြီး မင်းအောင်လှိုင်၏အာဏာသိမ်းတပ်အား တိုက်ထုတ်ရန် မဟာမိတ်တပ်ဖွဲ့တွင် ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 


 MNDAAနိုင်ငံရေးဌာန၏ ရှေ့တန်းလုပ်ငန်းအဖွဲ့မှ လက်နက်ချအလင်းဝင်လာသူတို့အား လက်ခံခဲ့ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ လက်နက်ချမှုနှင့် တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုခဲ့ပြီး လူတိုင်း၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကို အာမခံချက်ပေးထားကြောင်း သိရှိရသည်။ 


MNDAAတပ်ဖွဲ့၏ မူဝါဒအရ စစ်သုံ့ပန်းများအတွက် ဦးစားပေး ကုသရေး မူဝါဒအရ MNDAAတပ်ဖွဲ့သည် လက်နက်ချသော ဝန်ထမ်းများအတွက် အခြေခံ အသက်မွေးဝမ်းကြောင်း လုံခြုံမှုကိုသာမက ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဖျားနာသော ဝန်ထမ်းများအား အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် တပ်ဖွဲ့ဝင်များထံ လက်နက်ချအလင်းဝင်သူတို့ကိုလက်ခံချိန် MNDAAတပ်ဖွဲ့ က သေနတ်နှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

လားရှိုး ခလရ ၆၈ ကို မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ



 လားရှိုး ခလရ ၆၈ ကို  မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက် ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ  အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၂၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ ခလရ ၆၈ ကို  မြောက်ပိုင်းမဟာမိတ်တပ်များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ  အလောင်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ညီနောင်မဟာမိတ်တပ်၏ ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


လားရှိုးမြို့အထွက်ရှိ စစ်ကောင်စီ ၏ခလရ ၆၈ တပ်စခန်းကို MNDAA ဦးဆောင်သောင်သော မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းများရရှိထားပြီး အသေးစိတ်ကို မကြာမီ သတင်းထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။ 


ခလရ ၆၈ တပ်မှ သေဆုံးနေသော စစ်ကောင်စီတပ်များ၏ အလောင်းများကို မြောက်ပိုင်းမဟာမိတ်တပ်များမှ ရဲဘော်တချို့က ရိုက်ကူးထားသော ဗီဒီယိုကို စစ်တပ်လော်ဘီများက MNDAA တပ်သားများ သေဆုံးနေသယောင်ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြကြောင်း၊ အမှန်တကယ်မှာ ခလရ ၆၈ တပ်မှ စစ်သားများနှင့် ပြည်သူ့စစ်များ အတုန်းအရုန်းသေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။


(ဓာတ်ပုံအကြည်များနှင့် ဗီဒီယိုများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက် ကြည့်ရှုနိုင်ပါသည်။)

Monday 22 July 2024

တော်လှန်ရေးရဲဘော်များ၏ သတင်းများကို စုံစမ်း ခြိမ်းခြောက်နေသော ဖြူးမြို့နယ်မှ ရဲဒုတပ်ကြပ် လင်းလင်း ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး


 တော်လှန်ရေးရဲဘော်များ၏ သတင်းများကို စုံစမ်း ခြိမ်းခြောက်နေသော ဖြူးမြို့နယ်မှ ရဲဒုတပ်ကြပ် လင်းလင်း ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၂၁ 


ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေးရဲဘော်များ၏ သတင်းများကို စုံစမ်းပြီး ခြိမ်းခြောက်နေသော ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းမှ ရဲဒုတပ်ကြပ် လင်းလင်း ဘီယာသောက်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။ 


ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် ညောင်ပင်သာမြို့တောင်ဘက်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ စိမ်းနုဝေဘီယာဆိုင်တွင် ဘီယာသောက်နေသော ရဲဒုတပ်ကြပ် လင်းလင်းကို ဖြူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Phyu PDO) က ဝင်ရောက်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


သေဆုံးသူ ရဲဒုတပ်ကြပ် လင်းလင်းသည် ပြည်သူများအားဒုက္ခပေးနေသူ၊တော်လှန်ရေးရဲဘော်များသတင်းကိုအမြဲထောက် လှမ်းကာ စစ်တပ်နှင့်ပေါင်း ၍ တော်လှန်ရေးရဲဘော်များကိုခြိမ်းခြောက်ပြောဆိုနေသဖြင့် ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(Phyu PDO)က ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

မိုးကုတ်မြို့ စစ်ကောင်စီစခန်း သိမ်းပိုက်ရာ စကစ ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ



 ◼️မိုးကုတ်မြို့ စစ်ကောင်စီစခန်း သိမ်းပိုက်ရာ စကစ ၂၀ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ


၂၂ ဇူလိုင် ||| နွေဦးအသံ |||


မန္တလေးဒေသ၊ မိုးကုတ်မြို့အရှေ့ပိုင်း ပန်မထိပ်ရွာအနီးနဲ့ အကျဉ်းထောင်ရှိ အကြမ်းဖက်စစ်ကောင်စီစခန်းကို TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇူလိုင် ၂၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စကစ ၂၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းပိုက်ရာ လက်နက်ငယ် ၅ လက်၊ ဒရုန်း ၁ စင်းနဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။


နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့က ဆက်လက် တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး တဲခေါ်ရွာရှိ စစ်ကောင်စီ စခန်းကိုလည်း ဇူလိုင် ၂၂ ရက်၊ နေ့လယ် ၁ နာရီခန့်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နဲ့ နမ့်ဆီလင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို TNLA တပ်ဖွဲ့က လိုက်လံရှင်းလင်းရာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Sunday 21 July 2024

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၂ မြို့


 တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့ 


-People's Spring 


ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)က စဥ့်ကူးမြို့ အပါအဝင် စဥ့်ကူးတစ်မြို့နယ်လုံးကို ဇူလိုင် ၁၇ ရက်ကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး​နောက်  ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့​ပေါင်း ၇၂ မြို့ ရှိလာပြီဖြစ်ပါတယ် ။ People's Spring အရင်အင်ဖိုဂရပ်​တွေမှာ မပါ​သေးတဲ့ အခြားမြို့က   တာမိုးညဲမြို့ဖြစ်ပါတယ် ။ ကွတ်ခိုင်မြို့နယ် ထဲက တားမိုးညဲ ​ဒေသက ဒတ်နှိုင်း(Daknai) စစ်ကောင်စီတပ်စခန်းကို KIA က ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့သလို  ကျန်စစ်တပ်စခန်းတွေကို လည်း၁၀၂၇ စစ်ဆင်​ရေး ပထမလှိုင်းအတွင်းမှာပဲ​တော်လှန်​ရေးတပ်​​တွေက သိမ်းပိုက်ပြီး တာမိုးညဲ မြို့ကို ထိန်းချုပ်ခဲ့တာပါ။ အလားတူ​တော်လှန်​ရေးအဖွဲ့​တွေ သိမ်းပိုက်ထိန်းချုပ်ထား​ပေမယ့် မထုတ်ပြန်တာ​ကြောင့်  အခု အင်ဖိုဂရပ်မှာ မပါဝင်​သေးတဲ့ မြို့​တွေ ၊​ဒေသ​တွေ ကျန်ရှိနိုင်ပါ​သေးတယ် ။ ​နွေဦး​တော်လှန်​ရေးမှာ ပထမဆုံးမြို့သိမ်းတိုက်ပွဲကို  ကရင်နီတပ်​ပေါင်းစု က  ၂၀၂၃ ဇွန် ၂၄ ရက်တွင် ​မယ်စဲ့မြို့ နဲ့  မယ်စဲ့မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။  ဒါ​ကြောင့် မယ်စဲ့ မြို့သိမ်းတာ ကစပြီး  ၁၃ လနီးပါး အတွင်းမှာ ​တော်လှန်​ရေးတပ်​တွေက မြို့​ပေါင်း ၇၂ ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ် ။


​တော်လှန်​ရေးတပ်​တွေက ဆက်လက်ပြီး​တော့ သံတွဲ ၊​မောင်​တော၊ မိုးကုတ်၊ မိုးမိတ်  ၊ ​ကျောက်မဲ ၊ မတ္တရာ ၊သပိတ်ကျင်း စတဲ့မြို့နယ်​တွေက စစ်​​ကောင်စီတပ်စခန်း​တွေကို ထိုးစစ်ဆင်တိုက်ချုက်​နေပါတယ် ။


ဟားခါးရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ ဝင်စီးပြီး နိုင်ငံ‌ရေးအကျဉ်းသား ၅၀ ကျော်ကို ကယ်ထုတ်


 ဟားခါးရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ ဝင်စီးပြီး နိုင်ငံ‌ရေးအကျဉ်းသား ၅၀ ကျော်ကို ကယ်ထုတ်

-------------

ချင်းပြည်နယ်မြို့တော် ဟားခါးမြို့မှ မြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များက ဝင်စီးပြီးနောက်

CDM ဝန်ထမ်း ၇ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ကို ကယ်ထုတ်ခဲ့သည်။


“အဓိက ရည်ရွယ်ချက်ကတော့ အကျဉ်းသားတွေ ကယ်ထုတ်ဖို့ပါ။ တော်လှန်ရေးတပ်သားတွေလည်း ပါတယ်။ တော်လှန်ရေးမှာ တစိုက်မတ်မတ်အားပေးတဲ့ ပြည်သူတွေလည်း ကျွန်တော်တို့ကြောင့် စွဲချက်တင်ခံထားရသူတွေလည်း ပါတယ်။ သူတို့ကို ကယ်ထုတ်ချင်တာနဲ့ ဒီလိုမျိုး စီစဉ်တာဖြစ်ပါတယ်” ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ ဟားခါး (CDF-Hakha) တပ်မဟာ (၄) ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။


အပြည့်အစုံဖတ်ရန် > https://shorturl.at/HIviw


#MyanmarNow #chinstate #Hakha #CDFHakha #ဟားခါး

Saturday 20 July 2024

စဉ့်ကူးကို ရပြီးနောက် သပိတ်ကျင်းကို တော်လှန်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်


 စဉ့်ကူးကို ရပြီးနောက် သပိတ်ကျင်းကို တော်လှန်ရေးတပ်များ ဆက်လက်ထိုးစစ်ဆင်


မိုးဦး/Myanmar Now


ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် မဟာမိတ်များသည် မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကို အပြီးသတ်သိမ်းဆည်းနိုင်ကြောင်း ယနေ့ ကြေညာပြီးနောက် အနီးအနားမှ သပိတ်ကျင်းမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။


စဉ့်ကူး-မန္တလေးသည် ၅၇ မိုင် ကွာဝေးပြီး၊ စဉ့်ကူးနှင့် သပိတ်ကျင်းသည် ကားဖြင့် သွားပါက တစ်နာရီခွဲခန့် ကွာဝေးသည်။


တော်လှန်ရေးတပ်များသည် သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာမှ ရဲကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ထိုစခန်းတွင် ရဲများအပြင် စစ်ကောင်စီတပ်သားများလည်း ရှိနေသည်ဟု ဒေသခံတို့က ဆိုသည်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ဦးဆောင်နေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွင် မတ္တရာ၊ စဉ့်ကူးတို့မှ စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးများကို ရှမ်း-မန်း စစ်ဆင်ရေးဟုလည်း ခေါ်ကြသည်။


ထိုးစစ်ဆင်နေသည့် စဉ့်ကူးမြို့တွင်း တိုက်ပွဲများ ၁၈ ရက်နေ့တွင် တိတ်ဆိတ်သွားခဲ့ပြီး၊ မြို့တွင်းရှင်းလင်းမှုများကို တော်လှန်ရေးအဖွဲ့များက လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။


မိုင်းရှင်းလင်းခြင်း၊ တိုက်ပွဲတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများကို ရှင်းလင်းခြင်းများ လုပ်ဆောင်နေသည်ကိုတွေ့ရပြီး၊ မြို့သူမြို့သားများကိုတော့ ပြန်လည်ဝင်ရောက်ခွင့်မပေးသေးကြောင်း စဉ့်ကူးမြို့သားတစ်ဦးက ပြောသည်။


"ကျွန်တော် ဝင်ခွင့်ရပြီလားလို့ နေ့တိုင်း သွားကြည့်တယ်၊ သူတို့ရှင်းလင်းနေတုန်းမို့ပါ၊ မိုင်းတွေ ကျန်နေတာတွေ ရှိနေသေးတယ်၊ မဝင်ပါနဲ့ဦးလို့ ပြောတယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ထပ်ဖြစ်လာနိုင်သေးတော့ အန္တရာယ်များတယ်တဲ့၊ မြို့ကိုတော့ PDF က ရသွားပြီလေ" ဟု ဆိုသည်။


တိုက်ပွဲပြင်းထန်ခဲ့စဉ်ရက်များအတွင်း လေကြောင်းမှ အပြင်းအထန် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ရွှေဘိုမြို့နယ် မခေါက်ရွာ စစ်စခန်းမှ အမြောက်များဖြင့် အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့သော်လည်း မြေပြင်တိုက်ပွဲများ ပြီးသွားချိန်တွင် ပစ်ခတ်သံများ မကြားရတော့ကြောင်း ပြောသည်။


စဉ့်ကူးမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ လက်ရှိတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ စဉ့်ကူးမြို့အတွင်းသို့ မဟုတ်သော်လည်း မြို့မြောက်ဘက် ကျေးရွာတချို့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတချို့ ယနေ့ နေ့လယ်ပိုင်းအထိ လုပ်ဆောင်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့် စဉ့်ကူးမြို့သားတစ်ဦးကလည်း ပြောသည်။


စဉ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီခြေကုပ်စခန်း၊ ရဲစခန်းနှင့် ပျူစောထီး ခေါ် ပြည်သူ့စစ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းဆည်းပြီးဖြစ်သော်လည်း၊ မြို့နယ် တောင်ဘက်အစွန်အနီး၊ ဧရာဝတီမြစ်တွင်း ကျွန်းရွာတစ်ခုဖြစ်သည့် ရွာသာယာကျေးရွာရှိ စစ်စခန်းကိုမူ PDF များက တိုက်ခိုက်မှုမလုပ်သေးကြောင်း သိရသည်။


"အဲ့ဒီပျူစခန်းတစ်ခုပဲ ကျန်တယ်။ ကျန်တဲ့စခန်း အကုန်ရပြီးပြီ၊ လေကြောင်းကလည်း မြို့ထဲတိုက်ခိုက်တာမျိုး မတွေ့ရတော့ဘူး။ မြို့နယ် တံတားကြားက ရွာတွေဘက်မှာတော့ လေကြောင်းကနေ တစ်ခါတလေ ဗုံးကြဲနေတာရှိသေးတယ်" ဟု ထိုအမျိုးသားက ဆိုသည်။


စဉ့်ကူးမြို့နယ်တွင်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများအတွင်းမှ စစ်ကောင်စီတပ်သားများ၊ ဒေသတွင်း နာမည်ကြီးသည့် ပျူစောထီးခေါင်းဆောင်းများကို အရှင်ဖမ်းဆီးရမိမှုများလည်း ရှိနေကြောင်း သိရသည်။


ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း စတင်သည့် ဇွန် ၂၅ ရက်တွင် MDY-PDF ဦးဆောင်သည့် ဒေသတွင်း PDF ပူးပေါင်းတပ်များက မတ္တရာမြို့နယ်တွင်လည်း တစ်နေ့တည်း ထိုးစစ်များစတင်ခဲ့သည်။ စစ်ကောင်စီ၏ စခန်းကြီးငယ်နှင့် ရဲစခန်း စုစုပေါင်း ၃၀ နီးပါးကို သိမ်းဆည်းထားနိုင်ပြီးဖြစ်သလို တိုက်ပွဲများသည် မြို့အနီးဝန်းကျင်အထိ ရောက်ရှိလာနေသည်။


မတ္တရာမြို့နယ်တွင်း တိုက်ပွဲများအပြင်၊ စဉ့်ကူးမြို့နယ်အတွင်းမှ စစ်စခန်းများကိုလည်း ရက်အနည်းငယ်ခြားကာ ထိုးစစ်ဆင်ခဲ့သည်။ ရက်ပေါင်း ၂၀ ခန့်အတွင်း စဉ့်ကူးမြို့နယ်တွင်း စခန်းအားလုံးနီးပါးနှင့် မြို့ကို သိမ်းယူနိုင်ခဲ့သည်။


စဉ့်ကူးမြို့နယ်ကို သိမ်းပိုက်ရရှိချိန်တွင် သပိတ်ကျင်းမြို့နယ်တွင်း စစ်စခန်းများကို စတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း သပိတ်ကျင်းမြို့နယ် အရှေ့မြောက်ပိုင်းမှ ကျေးရွာစစ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ် KIA ဦးဆောင်သည့် ပူးပေါင်းတပ်များက သိမ်းယူထားသည်။ တွင်းငယ်-မိုးမိတ်ကားလမ်းပေါ်မှ တောင်လယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်စခန်းတစ်ခုဖြစ်သည်။


သပိတ်ကျင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၄၈) ခြေလျင်တပ်ရင်း အခြေစိုက်ထားပြီး၊ အမှတ် (၁၃) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တွင်းငယ်)၊ သိပ္ပံနှင့် သုသေသနနည်းပညာတပ်နှင့် စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတို့လည်း ရှိသည်။


#MyanmarNow #thabeikkyin

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်


 တိုက်ပွဲသတင်းထုတ်ပြန်ချက်


၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ(၂၀)ရက်


၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် စဉ်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို ၂၀၂၄ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။


၂။ ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်။


၃။ စဉ့်ကူးစစ်ဆင်ရေးများတွင် သုံ့ပန်း အများအပြား ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်ရမိခဲ့သည်။


၄။ စဉ့်ကူးစစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဘက်မှ ထိုက်သင့်သော ပေးဆပ်မှုအချို့ရှိခဲ့ပြီး အသက်ပေးလှူသွားခဲ့သော ရဲဘော်များအား ဦးညွှတ် အလေးပြု မှတ်တမ်းတင်အပ်ပါသည်။


၅။ စဉ့်ကူးစစ်ဆင်ရေးများတွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့သောကြောင့် မြို့နေဧရိယာများ ၊ အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။ 


စစ်ဦးစီးအဖွဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)


#MDY_PDF

#1027_Part2

#Singu

KNU တပ်မဟာ ၅ မှာ ၁၅ ရက်အတွင်း စကစ ၃၇ ဦး သေဆုံး


 ◼KNU တပ်မဟာ ၅ မှာ ၁၅ ရက်အတွင်း စကစ ၃၇ ဦး သေဆုံး


၂၀ ဇူလိုင် ||| နွေဦးအသံ |||


ကရင်ပြည် KNU တပ်မဟာ ၅ နယ်မြေမှာ ဇူလိုင် ၁ ရက်မှ ၁၅ ရက်အထိ တိုက်ပွဲပေါင်း ၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စကစ ၃၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


KNLA အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ် ခွဲ၊ တပ်စု၊ တပ်စိပ် တပ်ဖွဲ့ဝင်တွေ၊ မဟာမိတ်တပ်ဖွဲ့ဝင်တွေ လက်ချက်နဲ့ စကစ တွေသေဆုံးခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိတဲ့ စကစ ၁၀ ဦးလည်း ရှိခဲ့တယ်လို့ KNU Mutraw က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက် စကစ သေဆုံးစာရင်းထဲမှာ ဗိုလ်အဆင့်ရှိသူ တဦးလည်း ပါဝင်တယ်လို့ သိရပြီး စကစ တပ်စခန်းအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း၊ KNLA ဘက်မှ တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။


ဓာတ်ပုံ | ပုံဟောင်းများ


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Thursday 18 July 2024

မကွေးတွင် စစ်ကောင်စီအတွက် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေသော အလယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်ခံရပြီး သေဆုံး


 မကွေးတွင် စစ်ကောင်စီအတွက် တပ်သားသစ် အတင်းအဓမ္မ စုဆောင်းနေသော အလယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇူလိုင် ၁၈


မကွေးတိုင်း၊ မကွေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် စစ်သားသစ် အတင်းအဓမ္မ စုဆောင်းပေးနေသော အလယ်ဘိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။


ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ခန့်အချိန် မကွေးမြို့နယ်၊ သစ်ရာကောက်တိုက်နယ်၊ အလယ်ဘိုအုပ်စု၊ လက်ပံရွာသစ်ကျေးရွာမှ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကို ကို မြို့ပြ ပြောက်ကျား ရဲဘော်များက သစ်ရာကောက်-ကိုးပင်လမ်းပိုင်း တစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ သေနတ်ကျည် ၇ ချက် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်ကိုကိုသည် ကျေးရွာ လူငယ်များကို စစ်မှုထမ်းရန် လူစာရင်းများ အတင်းအဓမ္မ ကောက်ခံခြင်း၊ တော်လှန်ရေးကာလမှ စတင်ပြီး ပြည်သူများကို စစ်တပ်ကိုခေါ်ဆောင်၍ ရိုက်နှက်ခိုင်းစေခြင်း၊ အခွန်များမတရား ကောက်ခံခြင်းတို့ကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ရှင်းပြသည်။


အဆိုပါ တိုက်ခိုက်မှုကို Magway Guerrilla Warfare (မကွေးပြောက် ကျားတပ်ဖွဲ့) ၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့ ၊ Taungdwingyi Fighter Force (LPDF) နှင့် Yenanthar Youth Force (YYF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တောက်တိုင် မှန်သမျှ ပြည်သူလူထုနှင့် အမြန်ဆုံး ပူးပေါင်း ပါ၀င်ပေးကြပါရန် မကွေးပြောက်ကျားတပ်ဖွဲ့ တာ၀န်ခံ ကိုကံကြီးမောင် က ဆက်လက် ပြောဆိုသည်။

Wednesday 17 July 2024

ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိ


 ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင် ဖမ်းမိ


ရန်ကုန်၊ ဇူလိုင် ၁၇ 


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာပျူစောထီးကျေးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား၊ ပျူ ၅ ဦးသေဆုံးပြီး ၁၀ ဦးအရှင်ဖမ်းမိကာ လက်နက် ၁၀ လက်အပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်ခန့်က ပခုက္ကူမြို့နယ်၊ ဘဲကြီးအုပ်စု၊ အောင် သာ ပျူစောထီးကျေးရွာစခန်းကို တော်လှန်ရေးအင်အားစုများမှ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံး ကာ ၁၀ ဦးအရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


ထို့အပြင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများထံမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက် ၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက် ၊ ရှော့ဂန်းသေနတ် ၁ လက် ၊ ဝင်ချက်စတာ သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင်ကို သိမ်းဆည်း ရရှိ ခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA) ၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF) ၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) (အမှတ် ၈၁၅ စစ်ဒေသ) ၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် BLY ပြည်သူ့ကာကွယ် ရေးအဖွဲ့ ၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပခုက္ကူမြို့နယ် စုဖွဲ့မှု တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ခဲယမ်း၊ ရိက္ခာ များ သိမ်းဆည်းရရှိ


 မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ခဲယမ်း၊ ရိက္ခာ များ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇူလိုင် ၁၇ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ ခဲယမ်း၊ ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ် သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီခန့်တွှု် တစ်ကြိမ် တွင်းမရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများစွာဖြင့် တွင်းမရွာအတွင်းသို့ ပြန်ဝင်သွား ကြောင်း သိရသည်။


ထိုသို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပြန်ဝင်သွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာအား နယ် မြေရှင်းလင်းစဉ် RPG 7 အဖူး - ၅ ဖူး ၊ ပိုယမ်း ၁၀ တောင့် ၊ 60 မမ - ၂ ဗူး ၊ ကာဘိုင်ကျည် အတောင့် - ၁၅၀၀ တောင့် ၊ တော်ပီဒိုယမ်းအချောင်း - ၆ ချောင်း ၊ ဆန် ၈ အိတ် ၊ ဖုန်း - ၂ လုံး နှင့် ဆေးပစ္စည်း အစုံ သိမ်းဆည်းရရှိခဲ့ကြောင်း ၊တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်တစုံတရာမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ခိုက်မှုကို ပကဖ အမှတ် ၁ တပ်ရင်း ၊ ပခုက္ကူခရိုင်အမှတ် ၂ တပ် ရင်း ၊ မြိုင်ပကဖ တပ်ခွဲ ၁ ၊ တပ်ခွဲ - ၂(ဂဠုန်) ၊ Myaing Warriors တပ်ဖွဲ့ ၊ PDF-Kamma (ကမ္မတပ်ပေါင်းစု) နှင့် KMDF (ကမ္မ တပ်ပေါင်းစု) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...