Wednesday, 19 April 2023

နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု အပါအဝင် မစ်ရှင် များကို လုံခြုံရေးအရ ခက်ခဲစွာ ဖော်ဆောင်နေရ


 နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု အပါအဝင် မစ်ရှင် များကို လုံခြုံရေးအရ ခက်ခဲစွာ ဖော်ဆောင်နေရ


■ Brave Warriors for Myanmar - BWM အဖွဲ့က ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်သည့် မစ်ရှင် ၆ ခုကို တရားဝင် အသိပေး


ရန်ကုန်၊ ဧပြီ ၁၉


နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အပါ အဝင် မစ်ရှင်များကို ဖော်ဆောင်ရာတွင် လုံခြုံရေးအရ ခက်ခဲစွာ ဆောင် နေရ ကြောင်း MKCDFအဖွဲ့ ဥက္ကဋ္ဌ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။ 


ဧပြီလ ၁၆ ရက်နေ့ နေပြည်တော် အေလာလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုတွင် အလွန်ခက်ခဲစွာ အကောင်အထည်ဖော်ရသည့်အတွက် လုံခြုံ ရေး အတွက် အထူးသတိထားရကြောင်း၊ လုံခြုံရေး ပထမ ဦးစားပေး၍ အလျှင် အမြန်ဆောင်ရွက်ရသည့်အတွက် သတင်းထုတ်ပြန်ရေးပိုင်းတွင် အား နည်း ချက်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။ 


"အေလာ မစ်ရှင် ကို အလွန်ခက်ခဲစွာ ဖော်ဆောင် ရတဲ့အတွက် လုံခြုံရေး ကြောင့် သတင်းထုတ်ပြန်ရေးပိုင်းမှာ အားနည်းချက်တွေ ရှိနိုင်ပါတယ်။ ဒါကို နားလည် စေချင်တယ်" ဟု MKCDFအဖွဲ့ ဥက္ကဋ္ဌ က ဆိုသည်။ 


MKCDFအဖွဲ့ သည် Brave Warriors for Myanmar - BWM နှင့်အတူ မစ်ရှင်များကို ပူးတွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။ 


Brave Warriors for Myanmar - BWM ၏ ကြေညာချက်တွင်မူ ရှော့တိုက် ဒုံးဖြင့် စစ်ကောင်စီ၏ စစ်ရေးပစ်မှတ် မစ်ရှင် ၆ ခုကို တိုက်ခိုက်ဖော်ဆောင်ခဲ့ပြီး ၎င်းတို့ထဲတွင် နေပြည်တော် အေလာ လေတပ် တပ်ဆွယ်ကို ပစ်ခတ်သည့် မစ်ရှင်လည်း ပါဝင်သည်။ 


Brave Warriors for Myanmar - BWM က ကြေညာထားသည့် ဖော်ဆောင် ပြီး မစ်ရှင်များမှာ-


၁။ မတ်လ ၂၁ ရက်နေ့က မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဉ်နှင့် ရဟတ် ယာဉ်များ ထားသောနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ် ခတ် တိုက် ခိုက်ခဲ့သော မိတ်ဖက်အဖွဲ့များနှင့်မစ်ရှင် (BWM အဖွဲ့နာမည်ဖြင့် မကြေညာခင်ကမစ်ရှင်)


၂။၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ မှာ ကျရောက်ခဲ့သည့် ကိုမောင်ကျော့် မွေးနေ့ အမှတ် တရ နေပြည်တော်အေလာလေတပ်သို့ ရှော့ဒုံး ၃လုံးပစ်ခတ် ခဲ့သည့် မစ်ရှင်။


၃။ မတ်လ ၂၇ တွင် ဖက်ဆစ် စစ်တပ်ရဲ့ စစ်ရေးပြအခမ်းအနားကို ဆန့်ကျင် သည့် အနေဖြင့် မိတ်ဖက်အဖွဲ့များနှင့်အတူ နေပြည်တော်ရှိ အေလာလေဆိပ်၊ စစ်ရေးပြကွင်း လုံခြုံရေး ဗျူဟာကုန်းနှင့် ဆွာမြို့ ခလရ ၁၉ တပ်ရင်းတို့ကို တစ်ရက်တည်း ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့သည့် မစ်ရှင်။


၄။ ရေတာရှည်မြို့နယ်ရှိ စစ်ကောင်စီ တိုင်းရုံး၊ လေ့ကျင့်ရေး ၅ တပ် နှင့် အမှတ် ၈၄ တပ်ရင်းတို့ကို မိတ်ဖက်အဖွဲ့များနှင့်အတူ ၁၀၇မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်မစ်ရှင်။


၅။ ၂၀၂၃ ဧပြီလ ၆ရက်နေ့က မိတ်ဖက်အဖွဲ့များနှင့်အတူ ရန်ကုန်မင်္ဂလာဒုံ လေ တပ် ကိုချေမှုန်းခဲ့သည့် မစ်ရှင်။


၆။ အပြစ်မဲ့သတ်ဖြတ်ခံခဲ့ရသည့် ပဇီကြီးရွာ ပြည်သူများအတွက် မိတ်ဖက်အဖွဲ့ များ နှင့် သွေးကြွေးရယူခဲ့သည့် ဧပြီလ ၁၆ ရက်နေ့် နေပြည်တော် အေလာ လေတပ်ထဲသို့ ရှော့ဒုံး ၄ လုံးဖြင့်ပစ်ခတ်နိုင်ခဲ့သည့်မစ်ရှင် တို့ဖြစ်ကြောင်း သိရှိရ သည်။

ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ


ဒီးမော့ဆို တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သား ၃၀ နီးပါး သေဆုံးပြီး လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ 


ရန်ကုန်၊ ဧပြီ ၁၉ 


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီး တွင် ၂ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃၀ ခန့်သေဆုံးကာ လက်နက် ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။


ဧပြီလ ၁၆ ရက် နံနက် ၇ နာရီခွဲခန့်အချိန်မှ စတင်ပြီး ဒီးမော့ဆိုမြို့နယ်၊ အရှေ့ ဘက် ခြမ်း၊ ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာသို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို KA/KNDF ပူး ပေါင်း တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ ဧပြီလ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃၀ ခန့် သေဆုံးကာ လက် နက် ခဲယမ်းအများအပြား သိမ်း ဆည်း ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


"စစ်ကောင်စီဘက်က သေတာက ၂၀နဲ့ ၃၀ နီးပါးလောက်သေတယ်၊ အဲဒီ ဒေါတကြီးအုပ်စုမှာ အခုထိ စကစရော၊ ကျနော်တို့ဘက်ရော ရင်ဆိုင်ရှိ နေတုန်း ပဲ၊ ကျနော်တို့ဘက်က KA ရဲဘော်တစ်ဦးကျဆုံးတယ်၊ အနည်းအပါး ထိခိုက် ဒဏ်ရာရတာတွေ လည်းရှိတယ်” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်း ထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။


အထိနာသော အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တိုက်လေယာဉ်ဖြင့် တစ် ကြိမ်၊ ညနေ ၃ နာရီခွဲခန့်တွင် တစ်ကြိမ်၊ ဧပြီလ ၁၇ ရက်နေ့ ည ၁၂ နာရီခန့်တွင် တစ်ကြိမ်၊ ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့် တွင် တစ်ကြိမ် တိုက်လေယာဉ် ဖြင့်လာရောက်ဗုံးကျဲခဲ့သည့်အပြင် လက် နက် ကြီး များ ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို KA ၊ KNDF B/10 ၊ B/05၊ B/06 ၊ B/01 ၊ B/16 ၊B/15 ၊ KNDF ETD ၊ လွိုင်ကော် PDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ် ဘက်မှလည်း တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၅ ၊ ခမရ ၅၅ ၊ ခမရ ၈၀ တို့ပူးပေါင်းထားကြောင်း သိရသည်။ 

ဆားလင်းကြီးမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်


 ဆားလင်းကြီးမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဧပြီ ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ယမန်နေ့ ညပိုင်းက PDF တပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း Chindwin Toe Na Yar PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ ည ၁၀ နာရီ ၁၈ မိနစ် မှ ၁၂ နာရီ ၃၀ မိနစ် ထိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆားလင်းကြီး ရဲစခန်းကို ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး အခြေစိုက် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေထိခိုက် သေဆုံးမှု အခြေအနေတော့ မသိရသေးဘူး။ ပြည်သူ့ ကာကွယ်ရေး ရဲဘော် တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်" ဟု Chindwin Toe Na Yar PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ FBGA၊ Salingyi Bowdar Task Force၊ BED ငညို၊ ခရိုင်ရင်း၂၉ ဒေါင်းမင်းတပ်ရင်း၊ တပ်ခွဲ၂၊ MRDA Yinmarbinတပ်ခွဲ၊ Power54ထုတ်လုပ်ရေးအဖွဲ့၊ စွန်ရဲ၊ တောကျီးကန်း၊ EAgle၊ မဲမှောင် နှင့် Arlarwaka တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

Tuesday, 18 April 2023

ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းဆည်းမှုအတွင်း သေဆုံးသွားခဲ့သည့် စစ်သား ၂၀ ဦးခန့်တွင် ဗိုလ်ကြီး သွဲ့လင်းထက် အပါအဝင် အရာရှိ တချို့ပါဝင်


 ကနီတွင် စစ်တပ်၏ တာဝါတိုင်စခန်းကုန်းကို တိုက်ခိုက်သိမ်းဆည်းမှုအတွင်း သေဆုံးသွားခဲ့သည့် စစ်သား ၂၀ ဦးခန့်တွင် ဗိုလ်ကြီး သွဲ့လင်းထက် အပါအဝင် အရာရှိ တချို့ပါဝင်


ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စစ်တပ်အင်အား ၃၀ ခန့် အထိုင်ချထားသော တာ ဝါ တိုင် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ပြီး သေဆုံးသူများတွင် ဗိုလ်ကြီး သွဲ့လင်းထက် အပါအဝင် အရာရှိတချို့ပါဝင်ကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။

ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၄၀ မိနစ်မှ  နံနက် ၈ နာရီအထိ စစ်ကိုင်း တိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ စစ်အင်အား ၃၀ ခန့် ရှိသော စစ်ကောင်စီ တပ်၏ တာဝါတိုင်စခန်း ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်း မာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ ကြောင်း၊ စခန်းတိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်တပ်ဘက်မှ ထွက်ပြေးသူ များလည်း ရှိပြီး ဖမ်းဆီးရမိသူ တချို့လည်း ရှိကြောင်း၊ သေဆုံးသူများနှင့် ဖမ်းဆီးရမိ သူများ တွင် ဗိုလ်ကြီး သွဲ့လင်းထက်နှင့် အရာရှိတချို့လည်းပါဝင်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ တာဝါတိုင်စခန်းကို သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်း သိမ်းဆည်း ရရှိမှုအနေဖြင့် -

(၁) MA-2 (၃) လက်
(၂) MA - 11 (၆) လက်
(၃) MA - 3 (၅)လက်
(၄) MA - 4 (၁)လက်
(၅) MA ကျည်ဘောက် (၈)ခု
(၆) ၅.၅၆ ကျည် (၉၃၈၀) တောင့်
(၇) 60mm - ပြောင်းတို (၁)လက်
(၈) 60 mm ဗုံးသီး (၅၀) လုံး
(၉) 40 mm ဗုံးသီး (၅၇) လုံး
(၁၀) လက်ပစ်ဗုံးသီး (၅၆) လုံး
(၁၁) ရှေ့ထွက်မိုင်း (၁၀) လုံး
(၁၂) နင်းမိုင်း (၂၉) လုံး
(၁၃) Detonator(လက်ပစ်) (၃၇) ခု
(၁၄) Detonator (မိုင်း) (၄၅) ခု
(၁၅) ချပ်ဝတ်တန်ဆာ (၂) ခု
(၁၆) ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ တာဝါတိုင်စခန်းသည် မုံရွာ-ယာကြီး-ကလေး လမ်မဘေး မိုင်တိုင် ၄၉ တွင် တည်ရှိပြီး  စစ်ကောင်စီဆက်သွယ်ရေး တာဝါတိုင်စခန်းတစ်ခု လည်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်တပ်က စစ်အင်အားတိုးချဲ့ပြီး ယမန်နေ့ တိုက်ခိုက်သိမ်းပိုက်ခံ ရသော တာဝါတိုင်စခန်းကုန်းကို ပြန်လည် နေရာယူထားကြောင်း သိရှိရသည်။

သန်လျင်တွင် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


 သန်လျင်တွင် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူး ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဧပြီ ၁၈ 


ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်းရှိ နေအိမ်တွင် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူ း ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်း အပါ ၂ ဦး ပစ်ခတ်ခံရ‌ပြီး သေဆုံးသွားကြောင်းသိရှိရသည်။ 


ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် သန်လျင်မြို့နယ်၊ ထန်းပင်ကုန်းရပ်ကွက်၊ ထန်းပင်ကုန်းလမ်း၊ အမှတ် ၃၆ နေအိမ်တွင် ဒုတိယ ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် အပေါင်းအပါ ၂ ဦးတို့ စကားပြော နေကြစဉ် နေအိမ်အတွင်းသို့ သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်သဖြင့် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရှိရသည်။ 


ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်းသည် မင်္ဂလာဒုံ လေတပ်စစ်လက်နက် ပစ္စည်းထောက်ပံ့ရေးတပ် (လပစ) တပ်မှူး/ ဌာနခွဲမှူးဖြစ်ပြီး အရက် အလွန် သောက်သူဖြစ်၍ ဆေးခွင့်ဖြင့် သန်လျင် နေအိမ်ပြန် အနားယူနေစဉ် ပစ်ခတ်ခံ ရပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ပစ်ခတ်ခံရလို့ သေတာက လေတပ်အရာရှိနဲ့ ရဲဘော်တွေလို့ သိရပါတယ်။ အခုတော့ သန်လျင်တစ်မြို့လုံးကို ပိတ်ဆို့ စစ်ဆေးနေတယ်။ တံတား တွေလည်း ပိတ်ထားတယ်။ လိုင်းကားတွေအပေါ် အထိ တက်ရှာတယ်။ လေတပ်အရာရှိက အရက်နာ ကျလို့ ဆေးခွင့်နဲ့ နေပြန်နေတုန်း အပစ်ခံရပြီး သေဆုံးတာပါ။ ဒုတိယဗိုလ်မှူးကြီးကျော်စွာထွန်းရယ်၊ သူ့ဘော်ဒီဂတ်ရယ်၊ သူ့ဦးလေးရယ် သေတာ" ဟု သန်လျင်ဒေသခံတစ်ဦးက ဆိုသည်။ 


စစ်ကောင်စီ၏ သတင်းစာမျက်နှာ News of Myanmar ၏ သတင်း ထုတ်ပြန်ချက်တွင်မူ သန်လျင်ပစ်ခတ်မှုကြောင့် ဦးအောင်မျိုးဆွေ (၅၃ နှစ်)၊ ဦးအောင်ညီထွန်း (၄၈ နှစ်)နှင့် ဦးခင်မောင်သိန်း (၅၈ နှစ်)တို့ ၃ ဦး သေဆုံး ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း သတင်းထုတ်ပြန်ချက်တွင် ဒုတိယဗိုလ်မှူးကြီး ကျော်စွာထွန်း အမည်ကို မထည့်သွင်းဘဲ လွဲမှား သတင်း ထုတ်ပြန်ထားသည်ဟု တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။  


အလားတူ မတ်လ ၃၁ ရက်နေ့ မြောက်ဒဂုံတွင် မင်္ဂလာဒုံ လေတပ် စခန်း ဌာနချုပ်၊ လေကြောင်းလက်နက်ပြင်ဆင်ရေးဌာန၏ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေ နေအိမ်ရှေ့တွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ၊ သို့ရာတွင် စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ဒုတိယဗိုလ်မှူးကြီး မြင့်ဝေ ပစ်ခတ်ခံရမှုကို တစ်စုံတစ်ရာ ထည့်သွင်းခြင်းမပြုဘဲ သတင်းဖုံးကွယ် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသူ လေတပ်အရာရှိ ဒုတိယဗိုလ်မှူးကြီး ကျော်စွာ ထွန်း။

ရေးမြို့ ရဲစခန်းနှင့် မော်ကျွန်းမြို့ရှိ ခမရ ၅၃၄ တို့ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်


 ရေးမြို့ ရဲစခန်းနှင့် မော်ကျွန်းမြို့ရှိ ခမရ ၅၃၄ တို့ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်


ရန်ကုန်၊ ဧပြီ ၁၈ 


မွန်ပြည်နယ်၊ ရေးမြို့ ရဲစခန်းကို ရေးဘီလူး အဖွဲ့က ဗုံးပစ် လောင်ချာဖြင့် ပစ်ခတ် တိုက်ခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ 


ဧပြီလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၅၉ မိနစ်တွင် ရေးမြို့ ရဲစခန်းကို ဗုံးပစ် လောက်ချာဖြင့် ၄၀ မမ ဗုံးသီး ၁ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။


အလားတူ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ် အခြေစိုက် ခမရ ၅၃၄ ကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း ဧရာဝတီလင်းပိုင် မော်ကျွန်း အဖွဲ့ထံမှ သိရသည်။


ဧပြီ ၁၇ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မော်ကျွန်းမြို့နယ် ခြေမြန်တပ်ရင်း ၅၃၄ ကို တော်လှန်ရေး တပ်ဖွဲ့များက ၇၉ ဗုံးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ်ပြုလုပ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ခမရ ၅၃၄ တပ်ဝန်း အတွင်းရှိ ပျက်စီး ဆုံးရှုံးမှု အခြေအနေကို အတည်မပြု နိုင်သေးကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ 


ယင်းတိုက်ခိုက်မှုကို ဧရာဝတီလင်းပိုင်မော်ကျွန်း နှင့် မော်ကျွန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ဧရာဝတီလင်းပိုင် မော်ကျွန်းက ထုတ်ပြန်ထားသည်။

Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို


 Breaking News- နေပြည်တော် အေလာလေတပ် ပစ်ခတ်ခံရပြီး မီးအကြီး အကျယ် လောင်ကျွမ်း၊ သေဆုံးထိခိုက်မှုနှင့် ပျက်စီးမှုတချို့ရှိဟုဆို


ရန်ကုန်၊ ဧပြီ ၁၇ 


အကြမ်းဖက်စစ်ကောင်စီရဲ့ အရေးကြီးတဲ့ လေတပ်စခန်းတစ်ခုဖြစ်တဲ့ နေပြည် တော် အေလာလေတပ်ကို ဧပြီလ ၁၆ ရက်နေ့ ည ၁၁ နာရီဝန်းကျင် ပစ်ခတ် မှုဖြစ်ပွားပြီး မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ နေပြည် တော် သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောဆိုပါတယ်။ 


"နေပြည်တော် အေလာလေတပ်မှာ မနေ့ ည ၁၁ နာရီ ဝန်းကျင် ပေါက်ကွဲသံ ၂ ချက် ကြားရပြီး မီးလောင်ပါတယ်။ မီးလောင်တဲ့ ဧရိယာက အတော်ကို ကြီးပါတယ်။ လောင်စာကန်ထိတယ်လို့လည်းပြောသလို သေဆုံးထိခိုက်မှု ရှိတယ်လည်း ပြောကြတယ်။ လေတပ်ထဲမှာ ထိခိုက် ပျက်စီးမှုရှိတယ်ဆိုပြီး သတင်းတွေကြားရပါတယ်။ အသေးစိတ် အတိအကျတော့ မသိရပါဘူး" ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုပါတယ်။ 


ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးဘဲ ပစ်ခတ်မှု ကြောင့် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲအပြီးမှာ မီးတွေ ထလောင်ခဲ့တာလို့ သိရပါ တယ်။ လောင်ကျွမ်းတဲ့မီးကိုလည်း နာရီ အတော်ကြာအောင် ငြိမ်းသတ်ခဲ့ရ တယ် လို့လည်း သိရပါတယ်။

Monday, 17 April 2023

နတ်တလင်းတွင် ရာအိမ်မှူးလည်းဖြစ်၊ ရဲတပ်ဖွဲ့နှင့်စစ်တပ်အတွက် အဓိက အလုပ်လုပ်သူလည်းဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး


 နတ်တလင်းတွင် ရာအိမ်မှူးလည်းဖြစ်၊ ရဲတပ်ဖွဲ့နှင့်စစ်တပ်အတွက် အဓိက အလုပ်လုပ်သူလည်းဖြစ်သူ ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဧပြီ ၁၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် တောင်ညိုလေး ကျေးရွာမှ ရာအိမ်မှူး ၁ ဦး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာ ဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့တွင် နတ်တလင်းမြို့နယ်၊ လယ်မအင်းအုပ်စု၊ တောင်ညို လေး ကျေးရွာမှ ရာအိမ်မှူး ဌေးလွင်ကို  သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁ နှင့် တပ်ခွဲ ၄ MRF-Nattalin အဖွဲ့တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဌေးလွင်သည်  ရာအိမ်မှူး ၁ ဦးဖြစ်သည့်အပြင် ရဲတပ်ဖွဲ့၏ လက်အောက်ခံ မှုခင်းရှုထောင့် အဖွဲ့တွင် ပါဝင်၍ တော်လှန်ရေး သတင်းများကို လိုက်လံ စုံစမ်းနေကြောင်း၊ ဌေးလွင်က စစ်တပ်၏ လမ်းပြအဖြစ် စစ်ကြောင်း ထိုးပါက လမ်းပြခြင်းတို့ကို ပြုလုပ်နေသူဖြစ်ကြောင်း သိရသည်။

" သူက ရာအိမ်မှူးလည်းလုပ်တယ်။ ရဲနဲ့ စစ်တပ်အတွက် အလုပ်လုပ်တယ်။ နောက်ပြီး မှုခင်း ရှုထောင့် အဖွဲ့ဝင်လည်းဖြစ်တယ်။ ပြည်သူတွေကို အမျိုးမျိုး ဒုက္ခပေးပြီး စစ်ခွေးတွေ စစ်ကြောင်းထိုးရင် လမ်းပြရလုပ်တယ်။  အဲဒါ တွေကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်တယ်" ဟု သာယာဝတီ ခရိုင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ကျောက်ထုမြို့ရှိ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


 ကျောက်ထုမြို့ရှိ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်


ရန်ကုန်၊ ဧပြီ ၁၇ 


မကွေးတိုင်း၊ ကျောက်ထုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ လေတပ်၊ အမြှောက်တပ်၊ ကပစ ၂၃ နှင့် ရဲစခန်းတို့ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 


မတ်လ ၁၃ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် မှ ည ၈ နာရီ အထိ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ်၂ ၊ ၄ ၊ ၁၀ တပ်ရင်းနှင့် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ဆော) တို့ ပူးပေါင်းကာ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၃ ကာကွယ်ရေး ပစ္စည်း စက်ရုံကို ရှော့တိုက်ဒုန်းများ၊ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အထိ ကျောက်ထုဒေသရှိ ကျောက်ထုလေတပ်၊ အမှတ် ၃၆၈ အမြှောက်တပ်ရင်းနှင့် ကျောက်ထု မြို့နယ် ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် အမှတ် ၈ ၊ ၉ တပ်ရင်း ၊ ဆော PDF YRPA နှင့် DRONE. Revolutionary Rebel Force တို့က ရှော့တိုက်ဒုံး၊ Rocketများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ် ၃၆၈ အမြှောက်တပ်ရင်းအတွင်းရှိ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးဘဲ PDF တပ်ဖွဲ့များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ


 ကော့​သောင်းတွင် ပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးကို ရှင်းလင်းပြီး လက်နက်ခဲယမ်းများ သိမ်းဆညိးရမိ


ရန်ကုန်၊ ဧပြီ ၁၆


ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိတ်ဖူးရွာနေ ပြည်သူ့စစ်ခေါင်းဆောင် ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်ကို ကော့သောင်း ပကဖက ရှင်းလင်းခဲ့တယ်လို့ တနင်္သာရီ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ 


ဒီနေ့ ဧပြီ ၁၆ရက် သင်္ကြန်အတက်နေ့ ညနေ ၄နာရီမှာ သွားရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အထိခိုက်မရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 


သူတို့ဆီကနေ AK-47 နှစ်လက်၊ ကျည် (၁၁၉)တောင့်၊ 9mm ပစ္စတိုတစ်လက်၊ ကျည်ကာ (၄)ထည်၊ ယူနီဖေါင်း နှစ်စုံ၊ ဆုံလည် ဂစ်(စ်)သေနတ် တစ်လက်၊ ကျည်ဘောက် (၅)ခုနဲ့ ဓါးတွေ သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ 


ကော့သောင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးများအနေနဲ့ လူထုနဲ့အတူ အမြန်ဆုံးပူးပေါင်းကြဖို့နဲ့ မပူးပေါင်းရင် ဆက်လက်ချေမှုန်းသွားမယ်လို့ သတိပေး ဖော်ပြထားပါတယ်။

Sunday, 16 April 2023

ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည် နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ် သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများ တောင်းဆို



 ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည် နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ် သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများ တောင်းဆို


ရန်ကုန်၊ ဧပြီ ၁၆


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် ကျဆုံးခဲ့သော ပြည်သူများ၏ ရက်လည်နေ့ဖြစ်သည့် နှစ်ဆန်း တစ်ရက်နေ့တွင် တစ်နိုင်ငံလုံး မီးပိတ်သပိတ် ဆင်နွှဲကြရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုလိုက်ကြောင်းသိရသည်။ 


အဆိုပါ မီးပိတ် သပိတ်ကို ည ၈ နာရီမှ ၈ နာရီ ၅ မိနစ်ထိ ပြုလုပ်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး မီးပိတ်သပိတ်ကို ဆင်နွှဲကြရန်နှင့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဆန့်ကျင်ကြောင်း ပြသကြရန် တောင်းဆိုကြောင်း တော်လှန်ရေး အင်အားစုများကပြောဆိုသည်။


ထို့​ပြင် နှစ်ဆန်းတစ်ရက်နေ့တွင် ပြည်သူများက ပဇီကြီးရွာမှ ကျဆုံးပြည်သူများအတွက် ရည်စူးသော ပြုသမျှသော ကောင်းမှု၊ ဆုတောင်းမှုများသည် ပဇီကြီးအတွက် ရပ်တည်မှု၊ ပြည်သူ့အတွက် ပြည်သူမှရပ်တည်ကြောင်း ပြသကြရန်၊ နှစ်ဆန်းတစ်ရက်နေ့ လမ်းဆုံ၊ လမ်းခွ၊ ရပ်ကွက်အတွင်း အန္တရာယ်ကင်းဆုတောင်းပွဲများတွင် ပဇီကြီး ကျေးရွာဖြစ်ရပ်အတွက် ဆုတောင်း၊ အမျှဝေပေးရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုထားသည်။


သံပုံးသံများဖြင့် ပြည်သူများနှင့် မြန်မာပြည်ကို ဒုက္ခ ပေးနေသော မကောင်းဆိုးဝါး၊ မိစ္ဆာများကို နှင်ထုတ် ဆန့်ကျင်ခြင်းကို ပြသကြရန် တော်လှန်ရေး အင်အားစုများက ပြောဆိုသည်။ 


ဓမ္မကို ကာကွယ်၍ အဓမ္မကို တွန်းလှန်နေသော ပြည်သူတစ်ရပ်လုံးအနေဖြင့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ယနေ့တိုင် ဆန့်ကျင် တော်လှန်နေဆဲဖြစ်ကြောင်းနှင့် လက်သည်းဆိတ်ပါက လက်ထိပ်က နာတတ်သည့် ဖက်ဒရယ်စိတ်ဓါတ်ကို အရင်းတည်ကာ ပြည်သူ့အတွက် ပြည်သူမှ ရပ်တည်ကြောင်း ပါဝင်ပြသကြရန် လေးနက်စွာဖြင့် တိုက်တွန်းနှိုးဆော်အပ်သည်ဟု သပိတ်အင်အားစုများက တောင်းဆိုထားသည်။

အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတ ရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေသည်ဟု NUG သမ္မတဒူဝါလရှီးလ ပြော


အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတ ရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေသည်ဟု NUG သမ္မတဒူဝါလရှီးလ ပြော


ရန်ကုန်၊ ဧပြီ ၁၆ 


အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် နောက်လိုက်များအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဆိုတာ ရှိမည်မဟုတ်ပဲ နိုင်ငံတကာတရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်နေကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။


ယနေ့ ဧပြီလ ၁၆ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းခဲ့သည့် အစိုးရ သက်တမ်း ၂ နှစ် ပြည့်နေ့ ပြည်သူ လူထုသို့ ပြောကြားသည့်မိန့်ခွန်းတွင် ယာယီသမ္မတက ထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


“မြန်မာနိုင်ငံအနှံ့မှာ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ကျူးလွန်သူတွေ တစ်ယောက်မကျန် ၎င်းတို့ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်နဲ့လျော်ညီစွာ ပြန်လည်တာဝန်ခံ ၊တာဝန်ယူကြရမှာ ဖြစ်ပါတယ်၊ ၎င်းတို့အတွက် ပြစ်ဒဏ်ကင်း လွတ်ခွင့်ဆိုတာ ရှိစေမှာမဟုတ်ကြောင်း အတည်အလင်းပြော ကြားလိုပါတယ်၊ အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အ ကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင် နေမယ်ဆိုတာကို သူ့ရဲ့နှုတ်ကနေ အတိအလင်း ကြေညာထားပြီးသားပါ၊ ကမ်းကုန်အောင်ယုတ်မာမယ်၊ ပြီးရင်တော့ အရှက်မဲ့စွာ လိမ် ညာမယ်၊ ဒါဟာ သူတို့လုပ်နေကြ အလုပ်ပါပဲ၊”ဟု ယာယီသမ္မတဒူဝါလရှီးလ က ပြောဆိုသည်။

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်း ၁၆၈ ဦးသေဆုံးပြီး ယင်းထဲတွင် ကလေးငယ်ပေါင်း ၄၀ ၊ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် ၂၄ ဦးသေဆုံးခဲ့ကြောင်း၊အလားတူ ကချင်ပြည်နယ်၊ အနန့်ပါစခန်း၊ ချင်းပြည်နယ်၊ ဝေဘူလမြို့ တို့အပြင်မြန်မာနိုင်ငံအနှံအပြားရှိပြည်သူလူထုအ ပေါ် ဗုံးကြဲတိုက်ခိုက်နေမှုများသည် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇ ဝတ်မှုများကျူးလွန်နေခြင်းဖြစ်ကြောင်း ထောက်ပြထား သည်။


နိုင်ငံတကာအနေဖြင့် အပြစ်မဲ့ပြည် သူလူထုအပေါ် ရည်ရွယ် ချက်ရှိရှိ စစ်ရာဇဝတ်မှုကျူးလွန်နေသောအကြမ်းဖက်စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှုများကို ထိထိရောက်ရောက် တား ဆီးနိုင်ရန် စက်လက်နက် ရောင်းချသူများ၊ လေယာဉ်ဆီတင်သွင်းရောင်းချသူများအား အမြန်ဆုံး ဒဏ်ခတ်အရေးယူ ပေးပါရန် နှင့် မိမိတို့အစိုးရအား လေကြောင်းကာကွယ်ရေး လက် နက်များအမြန်ဆုံး ကူညီထောက်ပံ့ပေးပါရန် ယာယီသမ္မတဒူဝါလရှီးလက အလေးအနက် တောင်းဆိုထားသည်။


“အာစီယံနိုင်ငံနဲ့နိုင်ငံတကာကအကြီးအကဲတွေအနေနဲ့လည်းကျနော်တို့ပြည်သူလူထုရဲ့ဘေးဒုက္ခခံစားနေရတာကို မြင်အောင်ကြည့်ပေးကြပါ၊ ကျနော်တို့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လက်တွေ့ကျကျ ထိထိရောက်ရောက်ညီပေးကြပါ”ဟု ယာယီသမ္မတ ဒူဝါလရှီးလ ဆက်လက်ပြောကြားသည်။


အကြမ်းဖက်စစ်အုပ်၏ လေကြောင်းရန်ကို မကာကွယ်နိုင်သ ၍ နိုင်ငံအနှံ့ဗုံးကျဲတိုက်ခိုက်ခံနေရအုံးမည်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပြည်သူလူထုအသက်ပေါင်းများစွာပေးဆပ်နေရအုံးမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည် တွင်း ပြည်ပအရပ်ဖက်အဖွဲ့အစည်းများ၊ NGO များအနေဖြင့် အကြမ်း ဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် ကူညီလုပ်ပေးမှုများ တိုးမြှင့်လုပ်ဆောင် ပေးရန် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းမေတ္တာရပ်ခံထားသည်။ 

သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ် လုံခြုံရေးရဲတပ်ဖွဲ့ကို မိုင်းခွဲ တိုက် ခိုက်မှု ရဲ ၁ ဦးသေဆုံး


 သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ် လုံခြုံရေးရဲတပ်ဖွဲ့ကို မိုင်းခွဲ တိုက် ခိုက်မှု ရဲ ၁ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၁၆


ပဲခူတိုင်း၊ သုံးဆယ်မြို့၊ We Love Thonze မဏ္ဍပ်ရှိ လုံခြုံရေး ယူထားသည့် ရဲများကို မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၁၅ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် သာယာဝတီမြို့နယ်၊ သုံးဆယ် မြို့ ၊ ဗေဒင်ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည် ကားလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ၏ We Love Thonze မဏ္ဍပ်အနီး လုံခြုံရေးယူ ထားသည့် ရဲများကို သာယာဝတီ ဂဠုန်တပ်ဖွဲ့က မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ၁ ဦးပွဲချင်းပြီး သေဆုံးကာ ရဲ ၄ ဦး ထက်မနည်း မိုင်းစ ထိမှန် ဒဏ်ရာရခဲ့ ကြောင်းသိရသည်။


" စစ်ခွေးတွေရဲ့ မဏ္ဍပ်ကို လုံခြုံရေး ယူပေးနေတဲ့ ရဲတွေကို ဖောက်ခွဲ တိုက် ခိုက်ခဲ့တာ ၁ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ၄ ကောင် ကတော့ ထိခိုက် ဒဏ်ရာ လောက်ပဲရတယ်" ဟု သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


ဓာတ်ပုံ- ရန်ကုန်မဟာသင်္ကြန်ကာလ လူထုကို ဖိနှိပ်ရေး ကင်းလှည့်နေသည့် အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်။)


Photo- AFP ။

Saturday, 15 April 2023

မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း တို့အတွက် အကြွေးဆပ်ခြင်


 မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း တို့အတွက် အကြွေးဆပ်ခြင်း


------


ယနေ့ ၁၅.၄.၂၃ ရက်နေ့၊ သင်္ကြန် အကြတ်နေ့၊ မနက် ၈ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မိမိတို့ လွိုင်ကော် PDF နှင့် Falcon Wings မှ ဒရုမ်း မစ်ရှင် တစ်ရပ်ကို ဆောင်ရွက်ခဲ့သည်။


(၁) အကြမ်းဖက်စစ်ကောင်စီ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒ.က.စ) - လွိုင်ကော်၏ ဗဟိုကင်း 


(၂) အစိုးရ အဖွဲ့ရုံးအတွင်း အကြမ်းဖက်စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ်နှင့် အရာရှိကြီးများ အရာရှိများ ပွဲကျင်းပရာ ဗဟိုမဏ္ဍပ်


ထို (၂) နေရာကို မစ်ရှစ် ဦးတည်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဝင်များ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ အရေအတွက်ကိုမူ အတည်မပြုနိုင်ပါ။ 


ယခုအစီအစဉ်မှာ အကြမ်းဖက်စစ်တပ်မှ ပြည်သူများအား အစုလိုက် အပြုံလိုက် သုတ်သင်မှုများဖြစ်သော မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း အပါအဝင် နိုင်ငံနှင့်အဝန်းတွင် ကျူးလွန်ခံခဲ့ရသည့် စစ်ရာဇဝတ်မှု အမှုအစုစုအတွက် အကြွေးဆပ်ခြင်းဖြစ်သည်။ ဒါ့အပြင် မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) သည် အရေးတော်ပုံ အောင်သည်ထိ တော်လှန်ရေးတွင် ပါဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ဆန္ဒပြုလိုက်သည်။


------

ဝေဟင်စစ်သည်များ

ပြည်သူ့ကာကွယ်ရေးတပ်

(လွိုင်ကော်)

ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား


ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု တွင် သေဆုံးသူ ရဲ ၂ ဦုးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏဖြစ်ပြီး စစ်ကောင်စီက ရဲသေ ဆုံး မှု သတင်းကို ကွယ်ဝှက်ထား


ရန်ကုန်၊ ဧပြီ ၁၅ 


ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယမန်နေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့သော် လည်း စစ်ကောင်စီဘက်က ရဲ များ သေဆုံးမှုမရှိဘဲ ဒဏ်ရာသာရရှိသည်ဟု သတင်းကို ကွယ်ဝှက်ထားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။ 

 

ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု ကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း၊ ယင်းသို့ တိုက်ခိုက် ခဲ့ရာတွင် သေဆုံးသူ ရဲ ၂ ဦးမှာ ရဲတပ်သား နေပိုင်နှင့် ရဲတပ်သား ၀ဏ္ဏတို့ဖြစ် ကြောင်း သိရှိရသည်။  


"ရဲတပ်သား နေပိုင်နဲ့ ရဲတပ်သား ၀ဏ္ဏတို့ သေဆုံးပါတယ်။ ဒါပေမယ့် ရဲတွေက ပြောတာက ဒဏ်ရာပဲရတယ်ပဲ သတင်းဖြန့်တယ်။ မသေဘူး။ ခရမ်းဆေးရုံမှာ ဆိုပြီး ပြောနေတယ်။ တကယ်က သေသွားပါတယ်။ သတင်းကို တလွဲလုပ်ပြီး ဖုံးထားတဲ့သဘော" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 

 

ခရမ်း-PDF က လ၀ကရုံးကို ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ် တိုက်ခိုက်ခဲ့ ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ - ခရမ်း လဝကရုံးစီးနင်းခဲ့တွင် ဒဏ်ရာရရှိသော သေဆုံးသွားသည့် ရဲတပ်သား ၂ ဦး။ 

လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး


 လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး


ရန်ကုန်၊ ဧပြီလ ၁၄ 


ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊အမှတ် ၁၂ ရပ်ကွက်၊မန္တလေး လမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု အတွင်း အ မှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးသွားကြောင်း ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြား သည်။


ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုအားလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဖြိုးပါ အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၀ ဦးတို့နှင့်အတူ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းပါ ၁၅ ဦးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ည ၈ နာရီ မိနစ် ၂၀ အချိန် ပထမပေါက်ကွဲသည့်နေရာနှင့် ၁၅‌ ပေခန့်အကွာ၌ ထပ်မံပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝန်းထံမှ သိရသည်။


“သေတာက ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မောင်လွင်ဆိုတာ အ တည်ဖြစ်သွားပြီဗျ၊ ကျနော်တို့ တိတိကျကျ သတင်းရထားပြီးပြီ၊ မိုင်း စက နားထင်ကို တက်မှန်ဒဏ်တာ၊ ဒဏ်ရာရတဲ့ ၃ ယောက်လုံးက ပြင်းထန် ဒဏ်ရာတွေချည်းပဲ” ဟု ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်း ဌာနထံသို့ ပြောကြားသည်။


အဆိုပါ ပေါက်ကွဲမှုသည် လှိုင်သာယာမြို့မရဲစခန်း အရှေ့ဘက် ၁ မိုင်ခန့်အကွာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက် ကွဲမှုကို အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် ဦး စီးပါ အရာရှိ ၂ ဦးနှစ်ဦး အခြားအဆင့် ၆ ဦးမှ လာရောက်မိုင်းရှင်းစစ်ဆေးစဉ် ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် ဗိုလ်မှူးကြီး ဇင်မောင်လွင်၌ ဒဏ်ရာစိစစ်ဆဲဖြင့် လည်းကောင်း၊ အမှတ် ၇၀၅ ခြေမြန်တပ်ရင်းမှ တပ် သား မျိုးသန့်၌ ဒဏ်ရာ စိစစ် ဆဲ ဖြင့်လည်းကောင်း၊ အမှတ် ၁၂ ရပ်ကွက် ရာအိမ်မှူး အသက် ၅၄ နှစ်အရွယ် မျိုးမြင့်၌ ဒဏ်ရာ စိစစ်ဆဲဖြင့် လည်းကောင်း အမှတ် ၁ တပ်မတော် ဆေးရုံကြီး ကုတင် ၁၀၀၀ သို့ ပို့ဆောင်ကုသပေးခဲ့ကြောင်းသိရသည်။


ထို့အပြင် အခင်းဖြစ်နေရာနှင့် ပေ ၇၀ ခန့်အကွာ၌ နောက်ထပ်မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ပြီး အမှတ် ၉၀၅ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

Friday, 14 April 2023

Breaking News- ရန်ကုန်တိုင်း၊ ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ


Breaking News- ရန်ကုန်တိုင်း၊ ခရမ်းမြို့ လဝကရုံးကို PDFက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ရဲ ၂ ဦး သေဆုံးကာ လက်နက် ၂ လက် သိမ်းဆည်းရမိ


ရန်ကုန်၊ ဧပြီ ၁၄ 


ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးကို ခရမ်း PDF က ယနေ့ မွန်းလွဲပိုင်း တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း ခရမ်း PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 


ဧပြီလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ခရမ်းမြို့နယ် လ၀ကရုံးကို ခရမ်း PDF တပ်က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် ရဲ ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်ရရှိကြောင်း သိရှိရသည်။  


"သေသွားတဲ့ရဲထဲမှာ ရဲတပ်သား နေပိုင် ဆိုတဲ့သူပါတယ်။ သေနတ်နှစ်လက် သိမ်းဆည်းရမိတယ်၊ ရဲနှစ်ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ တခြား ရဲတစ်ဦးလည်း ရန်ကုန်ဆေးရုံကို အရေးပေါ်တင်ထားရတယ်။ ဝန်ထမ်း ၂ ဦးလည်း ထိခိုက်တယ်။ စုစုပေါင်း ၅ ကောင်ထိခိုက် သွားတာမှာ ရခ ၂ ကောင်သေတယ်။ ရခ ၁ ကောင်မှာ အရေးပေါ်တင်ထားတယ်၊ ၄၀ မမ ပစ်ခတ်ပြီး ဝင်သိမ်းခဲ့တာပါ" ဟု ခရမ်း-PDF တာဝန်ခံ ကိုမီးပွားက ပြောကြားသည်။ 


ခရမ်း-PDF က ကနဦး ၄၀ မမ ဗုံးသီးများဖြင့် လ၀ကရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမှ လက၀ရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ - ခရမ်း လဝကရုံးစီးနင်းခဲ့မှုမှ သိမ်းဆည်းရမိသော သေနတ်နှစ်လက်။ 

Thursday, 13 April 2023

"(၁၀.၄.၂၀၂၃) မှ (၁၃.၄.၂၀၂၃) ထိ တိုက်ပွဲသတင်းထုတ်ပြန်ချက်"


 

"(၁၀.၄.၂၀၂၃) မှ (၁၃.၄.၂၀၂၃) ထိ တိုက်ပွဲသတင်းထုတ်ပြန်ချက်"


(၁၀.၄.၂၀၂၃) တွင် ရန်သူဘက်မှ လက်နက်ကြီးပစ်ခတ်ခြင်းမှအပ ထိတွေ့မှုဖြစ်စဉ်မရှိခဲ့ပါ။


(၁၁.၄.၂၀၂၃) တွင် စကစဘက်မှ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့သည်။ မနက် (၇နာရီခွဲ) တွင် Jet Fighter ဖြင့် caster ဗုံး (၅) ကြိမ် ပစ်ခတ်ပြီး ရန်သူဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ရာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ (၁၁နာရီ ခွဲ) တွင် MI35 တစ်စင်း နာရီဝက်ခန့် ပျံဝဲပြီး Rocket, .5, စက်လက်ဖြင့် ပစ်ခတ်ခဲ့သည်။ နေ့လည်(၂နာရီ၁၅မိနစ်)တွင် Jet fighter ဖြင့် ဗုံးကျဲခဲ့သည်။ နေ့လည် (၂နာရီ၃၀မိနစ်) တွင် Jet Fighter၊ ည(၁၂နာရီခွဲ)တွင် Jet Fighter ဖြင့် (၁)ကြိမ် ဗုံးကျဲခဲ့သည်။ ရန်သူဘက်မှ (၆)ဦး သေဆုံး၍ (၁၂)ဦး ဒဏ်ရာရခဲ့ပြီး မိမိဘက်မှ (၄) ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်။


(၁၂.၄.၂၀၂၃) တွင် မိမိဘက်မှ BGFသိန်းတန်ကုန်းအား တက်ရောက်သိမ်းပိုက်နိုင်ခဲ့သည်။ ရန်သူဘက်မှ ၁၀ဦး သေဆုံး၍ အများအပြား ဒဏ်ရာရခဲ့သည်။ လက်နက် (၁၁) လက်၊ ရှေ့ထွက်မိုင်း ၂လုံး၊ ကျည်အိမ်၊ နင်းမိုင်း ၁ လုံး၊5.56 (၅၈၄)တောင့်၊ 7.62ကျည် (၇၅)တောင့်၊ အေကေကျည်ဘောက်(၂)ခု၊ HKကျည်ဘောက် (၅) ခု၊ ကာဘိုင်ကျည်ဘောက်(၂)ခု၊ M၁၆ကျည်ဘောက် (၄)ခု သိမ်းဆည်းရမိခဲ့သည်။


(၁၃.၄.၂၀၂၃) တွင် ကျောက်မိုင်း BGF စခန်းကုန်းအား Sniperဖြင့် ပစ်ခတ်ခဲ့ရာ စကစလက်အောက်ခံ (၃)ဦး သေဆုံးခဲ့သည်။ ရန်သူမှ တနေကုန် မကြာခဏ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။

မုံရွာမှာ သင်္ကြန် မကျပါ








မုံရွာမှာ သင်္ကြန် မကျပါ


ရန်ကုန်၊ ဧပြီ ၁၃


စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာတော့ ပြည်သူတွေက ဒီနေ့ သင်္ကြန်အကြိုနေ့ပေမယ့် လည်း ရေကစားတာ၊ ရေပက်ခံထွက်တာမရှိဘဲ တစ်မြို့လုံး တိတ်ဆိတ်ခြောက် ကပ်စွာနဲ့ စစ်အာဏာရှင်ကို လက်မခံကြောင်း ပြသနေကြပါတယ်။

 

ကျဆုံးသူရဲကောင်းများ[Fallen Heroes]




 

KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း

 KIA အပေါ် စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိ တိုက်ခိုက်မှုများကို လေ့လာခြင်း People's Spring  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ၂၀၂၄ စက်တင်ဘာလကုန်...