Sunday 30 April 2023

"စကစဘက်မှ တပ်ရင်းအမှတ် (၂၀၇)၏ ဗိုလ်မှူးတစ်ဦး io တစ်ဦးနှင့် အခြားစစ်သည် (၃)ဦး စုစုပေါင်း (၅)ဦးသေ (၆) ဦးဒဏ်ရာရ"


 "စကစဘက်မှ တပ်ရင်းအမှတ် (၂၀၇)၏ ဗိုလ်မှူးတစ်ဦး io တစ်ဦးနှင့် အခြားစစ်သည် (၃)ဦး စုစုပေါင်း (၅)ဦးသေ (၆) ဦးဒဏ်ရာရ"


(၂၉.၄.၂၀၂၃) တွင် အကြမ်းဖက်စစ်ကောင်စီသည် လက်နက်ကြီးဖြင့်အကြိမ်ရေ (၉၀)အထက်၊ Missile ဖြင့် (၈)ကြိမ် ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက်ရန် ကြိုးစားခဲ့ရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ ပူးပေါင်းတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။


တပ်ရင်း(၂၀၇) ဗိုလ်မှုး(၁)ဦး၊ io (၁)ဦး အပါအဝင် ရန်သူ (၅)ဦးသေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရကာ

ကပစကျည် (၆၇)တောင့်၊ MA5 (၁)လက်၊ MA5 ကျည်ဘောက် (၁)ဘောက်၊ 9mm ကျည် (၁၅) တောင့်၊ MAကျည်ဘောက် (၄)ဘောက်၊ စကားပြောစက် (၂)လုံး၊ အီနာဂါ (၄)လုံး၊ RPG (၃)လုံး၊ RPG ပို့ယမ်း (၃)တောင့်၊ ဓား (၁)လက်၊ Jammer ကျောပိုးစက် (၁)လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့သည်။


ရန်သူဘက်မှ (၁၅နာရီ၄၅မိနစ်) တွင် (၁) ကြိမ်၊ (၁၅နာရီ ၅၀မိနစ်)တွင် (၁)ကြိမ် YAK(130) Jet Fighter ဖြင့် ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ပို့သသောမေတ္တာကြောင့် မိမိတို့ဘက်မှ ထိခိုက်မှု လုံးဝမရှိခဲ့ပါ။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရသည့် အကြောင်းအရင်းကို ဘန်ကီမွန်းနှင့် NUG ရှင်းလင်းဆွေးနွေး



စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံရသည့် အကြောင်းအရင်းကို ဘန်ကီမွန်းနှင့် NUG ရှင်းလင်းဆွေးနွေး

+++++++++++++++++++++++++++++++++


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြား ရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးမိုးဇော်ဦးသည် ကုလသမဂ္ဂအတွင်း ရေးမှူး ချုပ်ဟောင်း ၊ The Elders ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ မစ္စတာ ဘန်ကီမွန်းကို တွေ့ဆုံခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။


ဧပြီလ ၂၇ ရက်နေ့ ဘန်ကီမွန်းနှင့် ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မကြာသေးမီက သွားရောက်ခဲ့သည့်  မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေး ခဲ့ကြောင်း၊  မြန်မာနိုင်ငံ၏ လက်ရှိ ရင်ဆိုင်နေရသည့် အကျပ် အတည်းများကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရန် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်များ ဖလှယ်ဆွေးနွေး ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။


မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ရည်ရွယ်ချက်မှန်ကန် ကောင်းမွန် သော်လည်း စစ်ကောင် စီက ယင်းခရီးစဉ်အား ၎င်း၏အကျိုး အတွက် အသုံးချရန် ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း ဒုတိယဝန် ကြီးဦးမိုး ဇော်ဦးက ဘန်ကီမွန်းကို အသိပေးခဲ့ပါတယ်။

ဆက်လက်၍ မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက အမျိုး သား ညီညွတ်ရေးအစိုးရ အ ပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူ များနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေတ္တာ ရပ်ခံခဲ့ကြောင်း၊ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရန် အခွင့်မရှိ သကဲ့သို့၊ ရွေး ကောက်ပွဲ များ ကျင်းပမည်ဆိုပါကလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူများ အားလုံးနှင့် တိုင်းရင်းသား အဖွဲ့အားလုံး က လက်ခံနိုင်မည့် အသစ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ကျင်းပ ပြုလုပ်ရမည်ဟု ဒုတိယဝန်ကြီးက ထောက်ပြပြောဆိုဆွေးနွေးခဲ့ပါသေးတယ်။ 


အာဆီယံဘုံ သဘောတူညီချက် (၅)ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) တို့အား လိုက်နာရန် ပျက်ကွက်သည့် စစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပို၍ ဝိုင်းဝန်း ဖိအားပေးမှုနှင့် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ထောက်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။


 မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် ဖြစ်နိုင် ချေရှိသည့်လမ်း ကြောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေး တစ်ရပ် တည်ဆောက်သွားကြမည်ဟူသော သဘောတူညီချက်ဖြင့် တွေ့ဆုံမှုအား အဆုံး သတ်ခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ရှမ်း-ကရင်နီတိုက်ပွဲများတွင် ဗိုလ်မှူးကြီး ၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ် ကြီး၊ ဗိုလ် အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံးနေ


 ရှမ်း-ကရင်နီတိုက်ပွဲများတွင် ဗိုလ်မှူးကြီး ၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ် ကြီး၊ ဗိုလ် အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံးနေ


ရန်ကုန်၊ ဧပြီ ၃၀ 


ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် တိုက်ပွဲများတွင် ဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် အရာရှိများ ဆက်တိုက် သေဆုံးနေကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။ 


ဧပြီလ ၂၄ ရက်နေ့မှ ဧပြီလ ၂၇ ရက်နေ့ အထိ ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံ၊ ပင်လောင်း၊ မိုးဗြဲတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများတွင် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂) မှ ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းညွန့်၊ ဗိုလ်ကြီး ဇင်ကိုကိုလွင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတချို့၊ ဗိုလ်ကောင်းထက်စံ အပါအဝင် အရာရှိများ ဆက်တိုက်သေဆုံးခဲ့ကြကြောင်း သိရှိရသည်။ 


"ကရင်နီနဲ့ ရှမ်းပြည်နယ်အစပ် တိုက်ပွဲတွေမှာ ဗိုလ်မှူးကြီးတွေ၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးတွေ၊ ဗိုလ် ကြီး၊ ဗိုလ်မှူး၊ ဗိုလ်တွေ တောက်လျှောက်ကျနေတယ်။ ကျတာတွေက အလောင်းတောင် ပြန် ကောက်မရတဲ့အထိ ဖြစ်နေတာ။ ဒါကြောင့် ကရင်နီဘက်ကို အတွဲလိုက်ဒုံးတွေ၊ လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ ရဟတ် ယာဉ်တွေနဲ့ ချေမှုန်းရေး အကြီးအကျယ် ထိုးစစ်ဆင်နေတာပါ။ တပ်ဘက်က အထိနာကတော့ အရမ်းကို အထိနာနေတာ" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ 


ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်တချို့၏ အဆိုအရ စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ကို ထိန်းချုပ်ရန် ရှမ်း ပြည်နယ်တောင်ပိုင်းနှင့်ကရင်နီပြည်နယ်အစပ်မှ ဆက်တိုက် ထိုးစစ်ဆင်နေသည့်အပြင် ၎င်းတို့၏ တပ်စခန်းနှင့် ဗျူဟာကျသော စခန်းကုန်းမကျစေရေးအတွက် မတ်လနှင့်ဧပြီလအတွင်းတွင် ဆက်တိုက် စစ်ကြောင်းများ ချီတက် ထိုးစစ်ဆင်နေကြောင်း၊ သို့ရာတွင် လက်ရှိအချိန်အထိ စစ်တပ်၏ ထိုးစစ်ဆင်မှုများကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုက ခုခံတော်လှန်ထိန်းချုပ်နိုင်ထားကြောင်း ပြောဆိုသည်။

Saturday 29 April 2023

ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံး


 ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ၄ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်-မော်လမြိုင် လမ်းမကြီးရှိ လုံခြုံရေး ယူထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Hawk Revolutionary Squad - HRS အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရန်ကုန်‌-မော်လမြိုင် အဝေးပြေး လမ်းမကြီးရှိ ဘီးလင်း-သထုံ လမ်းပိုင်း၊ ရွှေရောင်ပြကျေးရွာ အနီးတွင် အင်အား ၂၀ ခန့်ဖြင့် လမ်းကင်း လုံခြုံရေး ယူထားသော စစ်သားများကို တော်လှန်ရေး အင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ခွဲ ၃၊ HRS နှင့် သထုံပကဖ ပူးပေါင်းတပ်ဖွဲ့မှ Drone အပါအဝင် မြေပြင်မှအနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ထိတွေ့ ပစ်ခတ်မှု မွန်းလွဲ ၂ နာရီ ခန့်အထိဖြစ်ပွားခဲ့ကြောင်း၊ ပူးပေါင်းတပ်မှ Drone ဖြင့် ကနဦးစတင် တိုက်ခိုက်မှုတွင် ထိမှန် လဲကျသွားသူများအား လူနာတင်ယာဥ်ဖြင့် လာရောက် သယ်ယူသည့် အချိန်တွင် မြေပြင်တပ်ဖွဲ့မှ ၄၀ မမ များ၊ လက်နက်ငယ်များဖြင့် အနီးကပ် ဝင်‌ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ အဆောက်အဦးကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးအားလုံး အဆောက်အဦး အတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

စစ်တပ်ဘက်မှလည်း လက်နက်ငယ်များ၊ ၄၀ မမ များဖြင့်တရစပ် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး အနီးနားရှိ အမတ ၃၁၄ (ဇီးဝန်း) မှလည်း လက်နက်ကြီးများဖြင့်ဆက်တိုက် ပစ်ကူပေးခဲ့​​သော်လည်း တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းကယားနယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတဦး ကျ


 ရှမ်းကယားနယ်စပ်တိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာမှူးတဦး ကျ

ဧရာဝတီ 


ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် နယ်စပ်သို့ စစ်ဆင်ရေး ဝင်နေသော အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂) မှ ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းညွန့်သည် တိုက်ပွဲတခု၌ ကျဆုံးသွားကြောင်း သတင်းရရှိသည်။


"ရွာမှာတော့ ပွဲကိုဖြစ်နေတာပေါ့။ ကိုယ့်ရွာသားတယောက် ကျသွားတော့ ဝမ်းသာတဲ့လူလည်း ရှိတယ်။ သူ့အ ကြောင်း သတင်းတွေတော့ တက်လာတာတော့ မတွေ့မိသေးဘူး။ ကောင်လေးက စစ်သွေးကြွတယ်။ သင်တန်းဆင်းပြီးတော့ ရာထူးတိုးပြီး ရှေ့တန်း ထွက်သွားတာမှာ တိုက်ပွဲကျတာ" ဟု ဗိုလ်မှူးကြီးမျိုးမင်းညွန့်နှင့် တရွာတည်းသားတဦးက ပြောသည်။


ဗိုလ်မှူးကြီး မျိုးမင်းညွန့်သည် စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ် မောက္ကတော် ကျေးရွာ ဇာတိဖြစ်ပြီး ဇနီးမှာ ကျောင်းဆရာမဖြစ်ကာ သားတဦးရှိသည်။


ကရင်နီ အမျိုးသားများ ကာကွယ်ရေး တပ်မတော် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာ၊ မိုးဗြဲမြို့တွင် ဧပြီလ ၂၄၊ ၂၅ နှင့် ၂၆ ရက်များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်ဖက်မှ ၂၀ ဦးသေဆုံးကာ ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကရင်နီသတင်းရင်းမြစ်များက မြောက်စလုံးကျေးရွာတွင် ဖြစ်ပွားသော တိုက်ပွဲတွင် ဗိုလ်မှူးကြီးအဆင့် ရာထူးရှိသူတဦး ကျဆုံးကြောင်း အတည်ပြုသော်လည်း နာမည်အတိအကျ မပြောနိုင်ပေ။


ထိုဒေသတွင်း စစ်ဆင်ရေးတွင် စစ်ကောင်စီလက်အောက်ခံ တပ်မ ၅၅၊ တပ်မ ၆၆၊ စကခ ၂၊ ၇၊ ၁၄၊ ၁၈ စသည့် တပ်မ ၆ မ ထိ အသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။


ကျဆုံးသွားသော ဗိုလ်မှူးကြီးမျိုးမင်းညွန့်၏ မိဘများနေထိုင်သည့် မောက္ကတော်ကျေးရွာသို့ ဧပြီလ ၇ ရက်နေ့က စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့ရာ ဗိုလ်မှူးကြီး မျိုးမင်းညွန့်မိဘများနေထိုင်သည့် အိမ်ပါ မီးလောင်သွားခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။


ဗိုလ်မှူးကြီးမျိုးမင်းညွန့်သည် စစ်တက္ကသိုလ်အပတ်စဉ် ၄၆ သင်တန်းဆင်းတဦးဖြစ်ပြီး သူ၏နာမည်ပြောင်မှာ ဂေါ်ပြားဖြစ်ကာ စစ်အာဏာမသိမ်းခင်က ခမရ ၅၅၉ တွင် ဒုတပ်ရင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။


 ဓာတ်ပုံ - တိုက်ပွဲတွင် ကျဆုံးသွားသော ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးမင်းညွန့်


#WhatsHappeningInMyanmar

#RejectMilitaryCoup

ဗဟန်းတွင် တော်လှန်ရေး ရဲဘော်များကို ဖမ်းဆီးရာတွင် အဓိက ပါဝင်ခဲ့သူ အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း ပစ်ခတ်ခံရပြီး သေဆုံး


 ဗဟန်းတွင် တော်လှန်ရေး ရဲဘော်များကို ဖမ်းဆီးရာတွင် အဓိက ပါဝင်ခဲ့သူ အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉ 

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်တွင် အငြိမ်းစား ဗိုလ်မှူး ရဲမင်း သန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း စစ်တပ်ထောက်ခံသော သတင်းစာ မျက်နှာတချို့၏ သတင်းထုတ်ပြန်ချက်နှင့် ဒေသပြည်သူတချို့၏ ပြောဆိုချက် များ အရ သိရှိရသည်။ 

ဧပြီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန် ဗဟန်းမြိုနယ်၊ကျိုက္ကဆံ ရပ်ကွက်၊ငမောက်လမ်းနှင့် မဟူရာလမ်းထောင့်တွင် အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်း အသက် ၅၅ နှစ်သည် ကားဖြင့် ထွက်လာစဉ် သေနတ် သမား တချို့က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 

"ကားနဲ့ ထွက်လာတာကို စောင့်ပြီး ပစ်တာ။ လက်ရှိတော့ အနီးအနား ပတ်ဝန်း ကျင်မှာ ရဲနဲ့စစ်တပ်တွေ အများကြီးချ ပြီး စစ်ဆေးတာတွေရှိတယ်။ အဲဒီ လောက် လုံခြုံရေးတွေ တအားချပြီး စစ်ဆေးပုံအရတော့ စစ်တပ်နဲ့ ပတ်သက် နေမယ်ထင်ပါတယ်" ဟု ဗဟန်း မြို့နယ်၊ ကျိုက္ကဆံရပ်ကွက်မှ ပြည်သူ တစ်ဦးက ပြောသည်။ 

ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့က အငြိမ်းစား ဗိုလ်မှူး ရဲမင်းသန်းသည် တော် လှန် ရေး ရဲဘော်များနှင့် UG များကို အဓိက ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်ခဲ့ ကြောင်း ပြောဆိုသည်။။ 

"တော်လှန်ရေး အင်အားစုတွေကို ဖမ်းဆီးတဲ့နေရာမှာ အဓိကပါဝင်တယ်/ သူ့ ကြောင့် ရဲဘော်အများအပြား ဖမ်းဆီးခံရတယ်" ဟု ရန်ကုန်မြို့ပြပျောက်ကြား တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်

ရေးမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး


ရေးမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၉ 


မွန်ပြည်နယ်၊ ရေးမြို့အဝင် စစ်တပ်စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က လျှပ် တပြက် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း ရေး ဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။ 


ဧပြီလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရေးမြို့အဝင် ခမရ ၅၈၆ အနီး စစ် တပ်၊ BGF နှင့် ပြည်သူ့စစ်များ ရှိနေသော စစ်တပ်လုံခြုံရေးဂိတ်ကို ရေးဘီ လူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဘက်မှ ၆ ဦးသေဆုံးပြီး ရေးဘီလူးတပ်ဖွဲ့ဘက်မှ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။ 


" ရေးမြို့ ၅၈၆ တပ်ဘေးမှာ မကြာသေးခင်က ဖွင့်လှစ်ထားတဲ့ ဂိတ်ပါ ။ အဲဒီ ဂိတ် ကို ဝင်ပစ်တာမှာ စစ်တပ်ဘက်မှ ၆ ဦး သေပါတယ်။ BGF လည်းပါ တယ်။ ကျနော်တို့က လက်နက် မကောက်ခဲ့ဘူး။ အမြန်မစ်ရှင်ဝင်လုပ်တာ။ ကျနော်တို့ ဆီက ၁ ဦး ဒဏ်ရာရတယ်။ ဒီမနက် ၇ နာရီ ခွဲမှာ မစ်ရှင်လုပ်တာပါ" ဟု ရေးဘီ လူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


စစ်ကောင်စီဘက်က သတင်းထုတ်ပြန်မှုတွင်မူ စစ်ဆေးရေးဂိတ် အပစ်ခံရမှု ကြောင့်စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန် ထားသည်။ 


ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရေးမြို့အဝင် စစ်တပ်ဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ သေဆုံးသွားသူ ၁ ဦး။ 

ပြည်သူ ၁၈၁ ဦးသေဆုံးစေခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မင်းအောင်လှိုင်နှင့် အပေါင်းအပါ ၆ ဦး၊ ပျူစောထီးခေါင်းဆောင် ဝါသ၀ တို့ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်


 ပြည်သူ ၁၈၁ ဦးသေဆုံးစေခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုအတွက် မင်းအောင်လှိုင်နှင့် အပေါင်းအပါ ၆ ဦး၊ ပျူစောထီးခေါင်းဆောင် ဝါသ၀ တို့ကို အကြမ်းဖက်မှုဖြင့် အမှုဖွင့်


■ လေကြောင်းတိုက်ခိုက်ရန် စစ်တပ်ကို သတင်းပေးပို့သူ ၄ ဦးကို ဖမ်းဆီးရမိ ပြီး ဥပဒေနှင့်အညီ အရေးယူမည်


ရန်ကုန်၊ ဧပြီ ၂၉ 


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၈၁ ဦးသေဆုံးစေခဲ့သော ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် စစ်တပ်ကို သတင်းပေးပို့ခဲ့ကြသည့် သူတချို့ကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူအပြစ်ပေးယူမည်ဖြစ် ကြောင်း၊ မင်းအောင်လှိုင်နှင့်အပေါင်းအပါ ၆ ဦး၊ ပျူစောထီးခေါင်းဆောင် ဝါသ၀တို့ကိုလည်း အကြမ်းဖက်မှုဖြင့် အမှုဖွင့်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။ 


ပဇီကြီးကျေးရွာတွင် အခမ်းအနားကျင်းပနေချိန် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရန် သတင်းပေးပို့ခဲ့သော စကစ သတင်းပေး တရားခံများဖြစ်သည့် တရားခံ သိန်းရွှေ (၅၃) နှစ်၊ ဦးချို ၆၁နှစ်၊ ဇော်မင်း (၃၆) နှစ် နှင့် ယဉ်ယဉ်ဝင်း ၃၀နှစ် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ အဆိုပါ တရားခံလေးဦးကို ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၁/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး၊ ပြည်သူ့ရဲတပ်ဖွဲ့မှ ယင်းအမှုအား ခိုင်မာစွာတည်ဆောက်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


ထို့ပြင် တရားခံများကို စစ်ဆေးပေါ်ပေါက်ချက်အု အကြမ်းဖက် ပျူခေါင်းဆောင် ဝါသဝနှင့် အပေါင်းအပါ ၂ ဦးတို့ကိုလည်း ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၃/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် လည်းကောင်း၊ မင်းအောင်လှိုင်၊ အပါအဝင် တရားခံ (၆) ဦးတို့ကို ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့်လည်းကောင်း၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရသည်။


ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်၌ ပဇီကြီးကျေးရွာတွင် အရပ်သားများဖြင့် အခြေပြုဖွဲ့စည်းထားသော ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ရွာနီးခြောက်စပ်မှ ရွာသူရွာသားများကို ဖိတ်ကြား၍ ရပ်ဓလေ့ရွာဓလေ့အရ ရုံးသစ်တက် အလှူအတန်းအဖြစ် ထမင်းဖိတ်ကျွေးနေစဉ်၊ အကြမ်းဖက်အာကာသိမ်း ဖက်ဆစ်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်အောက်ခံလေတပ်မှ Yark-130 တိုက်လေယာဉ်နှင့် MI-35တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် အရပ်သားပြည်သူများအား ဗုံးကျဲတိုက်ခိုက်ခြင်း၊ စက်သေနတ်များ ရော့ကတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ 


ယင်းလေကြောင်းတိုက်ခိုက်မှုတွင် အရွယ်မရောက်သေးသည့် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ အရပ်သား ပြည်သူ(၁၈၁)ဦးသေဆုံးပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း သိရှိရသည်။

Friday 28 April 2023

မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားဟုဆို


 မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားဟုဆို


ရန်ကုန်၊ ဧပြီ ၂၈ 


မန္တလေးတွင် စစ်တပ်က လုံခြုံရေးများ ထူထပ်စွာ ချထားသည့်ကြားမှ ရွှေဆိုင် ၂ ဆိုင် ဆက်တိုက် ဓားပြတိုက်ခံရပြီး သိန်းထောင်ချီ တန်ဖိုးရှိ ရွှေထည်ပစ္စည်း များ ပါသွားကြောင်း ဒေသပြည်သူများနှင့် မန္တလေးရဲသတင်းရင်းမြစ်တချို့ ထံမှ သိရှိရသည်။ 

 

ယနေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မီးနစ်အချိန်ဝန်းကျင် ပြည်ကြီး တံခွန်မြိုနယ်၊ ဇ ရပ်ကွက်၊စက်မှု ၁ စျေးရှေ့၊၆၂လမ်း၊၁၃၃×၁၃၄ လမ်းကြား၊အကွက် A-7 ရှိ ''ထက်ဝေယံ'' စိန်ရွှေရတနာဆိုင်ကို လူ ၂ ဦးက ဓားပြတိုက်ရာ ရွှေဆွဲကြိုး ဆိုဒ်စုံ ၁၈ကုံး၊ရွှေနားကပ် ၃၈၀ ရံ၊ရွှေနားဆွဲ ၉၀ ခု၊စုစုပေါင်း ရွှေချိန် ၉၀ကျပ်သားခန့် တန်ဖိုး သိန်း ၂၅၀၀ ကျော် လုယက်ခံရကြောင်း သိရှိရသည်။ 


အလားတူ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ကလည်း မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ်၊ စက်မှု ၁ စျေးရှေ့က ထိပ်တန်း ရတနာရွှေဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၂၇၀၀ တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရှိရသည်။ 


"ဓားပြတိုက်ခံရတဲ့နေရာက ပြည်ကြီးတံခွန် တစ်ရပ်ကွက်တည်းမှာ နှစ်ကြိမ် ဖြစ် တာ။ အဲဒီဘက်မှာ လှည့်ကင်း ကင်းပုန်းနဲ့ စစ်ကားတွေ အမြဲလှည့်နေ တာပဲ။ ဒီလောက် လုံခြုံရေးတွေ ချထားတဲ့ကြားထဲက တစ်ကြိမ်တောင်လည်း မဟုတ်ဘူး။ နှစ်ကြိမ်တောင် ဓားပြတိုက်ခံရတယ်။ နှစ်ကြိမ်စလုံး မမိဘူး ဆိုတော့ လည်း စဉ်းစားသာကြည့်။ အမှန်အကန်လား အာဘန်တွေလားဆိုတာ။ တိုက်တဲ့အချိန်တွေကလည်း နေ့လယ်ပိုင်း လူရှုပ်တဲ့အချိန်တွေချည်းပဲ" ဟု မန္တလေးမြို့ခံ ပြည်သူတစ်ဦးက ပြောဆိုသည်။ 


မတ်လ ၂၇ ရက်နေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင် ရွှေသန့်စင် လုပ် ငန်း မှ ငွေသား သိန်း ၁၂၀၀ ခန့် ရွှေထည်များ ဓားပြတိုက်ခံရကာ ဓားပြ တိုက်သူများကို နောက်နေ့တစ်ရက်တွင် ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်း ထုတ်ပြန်ခဲ့သည်။

ကညွတ်ကွင်းမြို့လျှပ်စစ်မှူး သေဆုံးမှု ဖြူးမြို့နယ်ပကဖ ဗိုလ်ကျားကြီးအဖွဲ့၏ တိုက်ခိုက်မှုဟုဆို၊ ပုသိမ်ကြီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၏သား ဖြစ် သူ ပစ်ခတ်ခံရပြီးသေဆုံ


ကညွတ်ကွင်းမြို့လျှပ်စစ်မှူး သေဆုံးမှု ဖြူးမြို့နယ်ပကဖ ဗိုလ်ကျားကြီးအဖွဲ့၏ တိုက်ခိုက်မှုဟုဆို၊ ပုသိမ်ကြီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၏သား ဖြစ် သူ ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့တွင် မီတာခ မဆောင်သော ပြည်သူ များကို ရဲခေါ် ရိုက်နှက်ပြီး တရားစွဲဆိုခဲ့သူ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ဧပြီလ ၂၇ ရက်နေ့ တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားမှုမှာ ဖြူးမြို့နယ်၊ ပကဖ ဗိုလ်ကြီးကျားကြီးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်း ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းသည် ပဲခူးတိုင်း၊ ကျောက်တံခါး မြို့နယ်မှ အပြန်၊ ကညွတ်ကွင်းမြို့၊ တောင်ဂုံးတဲ ကျေးရွာအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း၊  ရန်ကုန်-မန္တလေး (ကားလမ်းဟောင်း)ဘေးရှိ ကွင်းနောက် ၁ ရပ်ကွက်၊ တောင်ဂုံးတဲကျေးရွာ၊ မိုင်တိုင်အမှတ်-၁၁၄/၁ ဖာလုံအနီးတွင် ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံ လင်းသည်  ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ မေးစေ့အောက် ကျည်ဖောက် ဝင် ဒဏ်ရာ၂ ချက်ဖြင့်   လမ်းဘေးတွင် လဲကျသေဆုံး နေခြင်းဖြစ်ကြောင်း၊ ကျော်စံ လင်း ကို ဖြူးမြို့နယ် ပကဖ ဗိုလ်ကျားကြီး အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း  သိရှိရသည်။

"ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ တောင်ဂုံးတဲ အနီးမှာ မြို့လျှပ်စစ်မှူး  ကျော်စံလင်းပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ သူက မီတာခ မဆောင်သူတွေကို ရဲခေါ် ရိုက်နှက်‌ပြီး တရားစွဲဆိုခဲ့တဲ့သူပါ။ အခုတော့ သေရှာပါပြီ" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၃ မိနစ်အချိန်  ဖြူးမြို့ နယ်၊ ကညွှတ်ကွင်းမြို့၊ စျေးတန်းဟောင်းရပ်ကွက်မှ ဦးကျင်ရွှေ၏ နေအိမ်ကို မီတာခမဆောင်၍ မီတာ လာဖြုတ်ရာ မီတာစာရေးနှင့် ဦးကျင်ရွှေ စကားများ ကြကြောင်း၊  မီတာစာရေးက  ရဲခေါ်ပြီး  ရဲက  သေနတ်ဖြင့်  ပစ်ခတ်ရာ ဦးကျင်ရွှေ၏ တူဖြစ်သူ ကလေးငယ် မောင်စိုးသူရထွန်း၏ ပေါင်ကို ကျည် နှစ်ချက်ထိမှန်ခဲ့ကြောင်း ၊ အဆိုပါဖြစ်စဉ်ကို ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်းက  အိမ်ရှင်က တုတ်ဖြင့် ရိုက်သည်ဟူ၍ လည်းကောင်း၊ ဓားဖြင့်ခုတ်သည်ဟူ၍ လည်း ကောင်း အထက်သို့ မဟုတ်မမှန်ရေးသား အစီရင်ခံသည့်အပြင်  သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူ ဦးကျင်ရွှေနှင့် ကလေးငယ် မောင်စိုးသူရထွန်းတို့ကို အမှုဖွင့် တရားစွဲဆိုခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မန္တလေး၊ ပုသိမ်ကြီး မြို့ နယ်၊လက်ကောင်ကျေးရွာတွင် စစ်ကောင်စီအုပ်ချုပ်ရေးမှူး မောင် မောင်ကြီး ၏ သားဖြစ်သူ စန်းယုမောင် အသက် ၃၉ နှစ်သည် နေအိမ်တွင် ရှိနေ စဥ် သေနတ်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာများဖြင့် နန်းတွင်းဆေးရုံသို့ တင်ပို့ ကုသခဲ့ရာမှ စန်းယု မောင်သည် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ-ယမန်နေ့ ကညွတ်ကွင်းမြို့ လျှပ်စစ်မှူး ကျော်စံလင်း ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ စစ်သား ၁၅ ဦးခန့်တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်သူဆွေ စနိုက်ပါ ထိမှန်သေဆုံး


 ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ စစ်သား ၁၅ ဦးခန့်တွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်သူဆွေ စနိုက်ပါ ထိမှန်သေဆုံး


ရန်ကုန်၊ ဧပြီ ၂၈


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ရေး-ထားဝယ်လမ်းမပေါ် ဘုရားမဲ့စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခံရမှုတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်သူ ဆွေ စနိုက်ပါထိမှန်သေဆုံးသွားကြောင်း ဥဩစစ် ကြောင်း (ထားဝယ်မြို့နယ်) ထံမှ သိရသည်။


ဧပြီလ ၂၃ ရက် နံနက် ၆ နာရီခန့်က ရေး-ထားဝယ်လမ်းမပေါ် မောင်မယ် ရှောင် ကျေးရွာအနီးရှိ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ခမရ ၄၀၆ မှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး ကျော်သူဆွေအပါအဝင် ၂ ဦး စနိုက်ပါ ထိမှန်ပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံး သည်ကို မျက်မြင်သိရှိရကြောင်း၊ အခြားအကြမ်းဖက်စစ်သား ၁၀ ဦးကျော် လည်း တိုက်ပွဲအတွင်း ထိမှန်သေဆုံးခဲ့ ကြောင်း သိရသည်။


ယင်းတိုက်ပွဲအတွင်းသေဆုံးသွားသော ဒုဗိုလ်မှူးကြီးကျော်သူဆွေအပါအဝင် သေဆုံးအလောင်းများကို နာရေးကား ၂ စီး၊ Double Cab အမျိုးအစားယာဉ် ၁ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များဘက်မှ လည်း ရဲဘော်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး အခြား ၁၆ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း ဥဩစစ်ကြောင်း (ထားဝယ်) မြို့နယ်ထံမှ သိရသည်။


ယင်းစစ်ဆေးရေးဂိတ်တိုက်ပွဲအား နေ့လည် ၂ နာရီခန့်တွင် စစ်ကူလာသော အကြမ်းဖက်စစ်ယာဉ်တန်း ကိုလည်း ရှေ့ထွက်မိုင်းဖြင့် ဖြတ်တောက်တိုက်ခိုက် ခဲ့ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရ သေးဟု ဆိုသည်။


အဆိုပါတိုက်ခိုက်မှုများကို ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ ဦးဆောင်ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်တပ်ရင်း(၁)၊ Done တပ်ဖွဲ့၊ DGRF (ထားဝယ် ပကဖ) ၊ ဧဒင်မှူး(ထားဝယ်- ပကဖ) ၊ ဇင်ယော်တပ် စု (ရေဖြူ-ပကဖ) ၊ Mine Force PDF ၊ သံမဏိပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ် တပ်ဖွဲ့များ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဓာတ်ပုံ - အကြမ်းဖက်စစ်အရာရှိတစ်ဦး၏ အသုဘ။ (ပုံအဟောင်းဖြစ်ပါသည်။)

Thursday 27 April 2023

ဟားခါး-ထန်တလန် နယ်စပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ခံရ...


 ဟားခါး-ထန်တလန် နယ်စပ်၊ သီမစ် လွင်ပြင်ရှိ စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ခံရ... 


စစ်တပ်ဘက်က ထိခိုက် သေဆုံးသူများပြားပြီး လက်နက်များပါ သိမ်းဆည်းရမိ...

+++++++++++

ဧပြီ ၂၇ 


ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် မြို့နယ်အစပ်၊ သီမစ်လွင်ပြင်ရှိ စစ်တပ်စခန်း ၂ ခုကို သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ များပြားတယ်လို့ သိရပါတယ်။ 


ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ဟားခါး-ထန်တလန် မြို့နယ် အစပ်၊ သီမစ်လွင်ပြင်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ စခန်းကုန်း ၃ ခုကို CNA နဲ့ CDF ပူးပေါင်း တပ်ဖွဲ့များက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး တောင်ကုန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့​တယ်လို့ သိရပါတယ်။ 


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေးဆုံးသူ များပြားခဲ့တဲ့အပြင် စစ်တပ်ရဲ့ လက်နက်ကြီး သိုလှောင်ထားတဲ့ အိမ်ကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီ တိုက်ပွဲအတွင်း CNA ရဲဘော် ဆလိုင်းဂျွန်စမစ် ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။


ပုံစာ - CNA ရဲဘော် ဆလိုင်းဂျွန်စမစ်

ဘီးလင်းပြည်တွင်းအခွန်ရုံး မိုင်းခွဲမှုကြောင့် ပျက်စီးပြီး ဝန်ထမ်းများ တက်စရာ ရုံးပျောက်ဆုံးကာ ကြောက်ရွံ့စိုးရိမ်နေ


 ဘီးလင်းပြည်တွင်းအခွန်ရုံး မိုင်းခွဲမှုကြောင့် ပျက်စီးပြီး ဝန်ထမ်းများ တက်စရာ ရုံးပျောက်ဆုံးကာ ကြောက်ရွံ့စိုးရိမ်နေ


ရန်ကုန်၊ ဧပြီ ၂၆

မွန်ပြည်နယ်၊ ဘီးလင်းမြိုနယ်၊ ပြည်တွင်းအခွန်ဦးစီးဌာနရုံးကို ဧပြီလ ၂၅ ရက် နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန် မိုင်းခွဲမှု ဖြစ်ပွားပြီး ရုံး၏ နေရာအများစု ပြိုကျ ပျက်စီးသွားသဖြင့် ဝန်ထမ်းများ တက်စရာ ရုံးမရှိတော့ဘဲ ရုံးတက်ရန်လည်း ကြောက်ရွံ့နေကြကြောင်း သိရှိရသည်။

"ရုံးက ၆၀ ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်။ ဝန်ထမ်းတွေတော့ ဒီနေ့ ရုံးမ တက်ကြဘူး။ အခြားရုံးမှာ အစားထိုး တက်ခိုင်းမလား မသိသေးဘူး။ လော လော ဆယ်တော့  ရုံးတက်ဖို့တော့ မဖြစ်နိုင်သေးဘူး။ ရုံး ပြင်တဲ့ အချိန်တော့ ဘယ်လောက်ကြာမလဲမသိဘူး။ နောက်တစ်ခါ ရုံးပြန်ဖွင့်ရင်ကော လုံခြုံ ရေးရှိမလား၊ မရှိဘူးလား။ ရုံးတက်ဖို့တော့ အတော်လန့်နေပြီ" ဟု ဘီးလင်းပြည်တွင်းအခွန်ဝန်ထမ်းတစ်ဦးက ဆိုသည်။

ဘီးလင်းပြည်တွင်းအခွန်ရုံး မိုင်းကွဲမှုကြောင့် ရဲနှင့်စစ်တပ်က ဘီးလင်းမြို့ပေါ် တွင် စစ်ဆေးမှုများ၊ ဧည့်စာရင်း စစ်မှုများ လုပ်ဆောင်နေပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း သိရှိရသည်။

Wednesday 26 April 2023

မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး (၂)ဦး အရှင်မိ

 မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အများအပြားသေပြီး (၂)ဦး အရှင်မိ 

https://t.me/TachileikNewsAgency/38280

* * * * *


ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်များ သိမ်းဆည်းရရှိပြီး ( ၂ )ဦးကို အရှင်ဖမ်းမိကြောင်း စစ်ဖက်သတင်းနီးစပ်သူများထံမှ သိရသည်။ 


၂၀၂၃ခုနှစ်၊ ဧပြီလ(၂၆ရက်နေ့၏  နံနက်ပိုင်းက စတင်ကာ မိုးဗြဲမြို့၊ ညောင်၀ိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အသေးစိတ်အချက်အလက်ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။


( စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများပြားပြီး မြင်မကောင်းဖွယ်ဖြစ်၍ VDO ကို Telegram တွင် ကြည့်နိုင်ပါသည် )

https://t.me/TachileikNewsAgency/38280


#TachileikNewsAgency

How many dead bodies do UN and International Governments need to take action?


 How many dead bodies do UN and International Governments need to take action? 


တစ်နိုင်ငံလုံးအနှံ့ သွေးညှီနံ့တွေ…… 

အသက်ကို ပြင်းပြင်းရှူ….. ကျုပ်တို့နှာခေါင်းဝမှာ ပဇီကြီးက သွေးညှီနံ့တွေ ……. 


မမေ့နဲ့ ၊ ပဇီကြီးဆိုတဲ့ အမည်နာမကို မမေ့နဲ့ ...၊ နန့်နိမ်၊ အနန့်ပါ မမေ့နဲ့၊ လက်ယက်ကုန်းကို မမေ့နဲ့၊  ဒီအမည်နာမတွေထဲမှာ ကျုပ်တို့ရဲ့ ဒေါသတွေကို ပစ်ထည့်ကြ၊ ခံပြင်းမှုတွေကို ပစ်ထည့်ကြ…။ 


လောင်ကျွမ်းနေတဲ့ ခံပြင်းမှုတွေနဲ့ ကမ္ဘာကို ကိုင်လှုပ်ပစ်ကြ၊ ကျုပ်တို့နိုင်ငံက သွေးညှီနံ့တွေနဲ့ ကမ္ဘာကို လှုပ်နှိုးပစ်ကြ…


အိပ်ပျော်နေတဲ့ နိုင်ငံတကာရဲ့ အိမ်မက်လှလှလေးထဲ ပဇီကြီးက အရိုးခေါင်းတွေ သွားပစ်ထည့်ကြ၊ ပဇီကြီးက အော်ဟစ်သံတွေကို နားစွင့်ကြ၊ အွန်လိုင်းပေါ်က status တွေကို တော်လှန်လုပ်ရပ်တွေ အဖြစ် ပြောင်းလဲကြ ၊ ကျစ်ကျစ်ဆုပ်ထားတဲ့ လက်သီးတွေနဲ့ နိုင်ငံတကာကို ရိုက်နှိုးကြ။


အာဏာရှင်ကို မကြောက်ကြနဲ့၊ ပဇီကြီးက မကြောက်ခဲ့ဘူး။ 


ပဇီကြီးက သွေးအလိမ်းလိမ်းကို အကျီတွေပေါ် သုတ်လိမ်း၊ မြို့နယ်အနှံ့အပြားက သပိတ်ကော်မတီတွေ ပေါင်းစု နှိုးဆော်တဲ့ ပဇီကြီး လှုပ်ရှားမှုမှာ ပူးပေါင်းကြ။


ပူးပေါင်းကြလော့... ပဇီကြီးအတွက်ကျခဲ့တဲ့ မျက်ရည်တွေကို တော်လှန်မိုးတွေအဖြစ် ပြောင်းလဲကြ။ 


ပဇီကြီးလှုပ်ရှားမှုမှာ ပါဝင်ကြ။ 


စစ်ရာဇဝတ်ကောင် အကြမ်းဖက် စစ်တပ်ကို အရေးယူဖို့ ငါတို့ ပြည်သူတွေရဲ့ အလောင်းတွေ ဘယ်လောက်လိုဦးမှာလဲလို့ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရတွေကို မေးခွန်းထုတ်ကြ။


GSCB ၏ တိုက်တွန်းနှိုးဆော်ချက်။ 


ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကို အကြောင်းပြု၍  အကြမ်းဖက်စစ်တပ်အား အရေးယူမှုများ ပြုလုပ်နိုင်စေရန်နှင့် 


လျစ်လျူရှု ခံထားရသော မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများအား နိုင်ငံတကာမှ ပြန်လည် သတိပြုလာစေရန်အတွက် ‘’ ပဇီကြီး လှုပ်ရှားမှု ‘’ ဟူသော အမည်ဖြင့် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ပါသည်။  


ဆန္ဒပြသပိတ်တိုက်ပွဲများ ဖော်ဆောင်မည်၊ သွေးစွန်းနေသော ပုံသဏ္ဍာန်များဖြင့် ဓာတ်ပုံရိုက်၍ နိုင်ငံတကာတွင် လူမှုကွန်ရက်မီဒီယာများတွင် ထိုးဖောက်နိုင်ရန်ကြိုးစားဆောင်ရွက်မည် ဖြစ်ပါသည်။ 


သို့ဖြစ်ပါ၍ ပဇီကြီး ဖြစ်ရပ်အား ရွံရှာမုန်းတီးသူ ပြည်သူလူထုအနေဖြင့် ပဇီကြီးလှုပ်ရှားမှု ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။


#ပဇီကြီးလှုပ်ရှားမှု

#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

#သွေးကြွေးမှာဆွေးနွေးစရာမရှိ 

#GSCB

အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ ပိုင်ဆိုင်မှုပေါင်း(၇၀၀)ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့


 အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ ပိုင်ဆိုင်မှုပေါင်း(၇၀၀)ကျော်ကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့

https://www.tachileik.net/mm/news/32427

* * * * *


မြန်မာနိုင်ငံအနှံ့က ဒီမိုကရေစီတအရေး တက်ကြွလှုပ်ရှားသူများ၏ နေအိမ်၊ အဆောက်အဦနှင့် အကြီးစား ပစ္စည်း စသည့် ရွှေ့ပြောင်းမရနိုင်သော ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး (၇၅၁)ခုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက်နေ့ အထိ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီအဖွဲ့က ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဧပြီလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။


ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနှင့် အရပ်သား (၆၃၆)ဦး၏ ပိုင်ဆိုင်မှုများ ဖြစ်ကြသည့် အိမ်နှင့်တိုက်ခန်း စုစုပေါင်း (၆၄၁)လုံး အပါအဝင် ဆိုင်ပေါင်း (၄၂) ဆိုင်၊ စီးပွားရေး လုပ်ငန်း (၁၄) ခု၊ ခြံမြေ (၁၄) ခြံ၊ အဆောက် အဦး နှင့် ရုံးခန်း (၁၂) ခု၊ ဆေးရုံနှင့် ဆေးခန်း (၁၀) ခု၊ စားသောက်ဆိုင် (၁၇) ဆိုင်၊ စာသင်ကျောင်း (၅) ကျောင်း၊ တည်းခိုခန်း ဟိုတယ် (၄) လုံးနှင့် ဘာသာရေး အဆောက်အဦ (၂) ခုတို့ ချိတ်ပိတ်ခံခဲ့ရသည်ဟု ဆိုသည်။


၎င်း (၆၃၆) ဦး အနက် အနည်းဆုံး လူ (၃၀၀) မှာ လွှတ်တော်အမတ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ သို့မဟုတ် အမျိုးသားဒီမိုကရေစီ အဖွဲ့အချုပ်ကို ထောက်ခံသူများနှင့် ဆက်စပ်ပုဂ္ဂိုလ် (၄၇) ရာခိုင်းနှုန်း ပါဝင်ပြီး ချိပ်ပိတ် သိမ်းဆည်းမှုများသည် ဒီမိုကရေစီ အရေးလှုပ်ရှားမှုကို ထောက်ခံ အားပေးမှုကြောင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်သူကို စစ်အုပ်စုက ဖမ်းဆီးရန် ရည်ရွယ်ခြင်း သို့မဟုတ် လက်တွေ့ အမှန်တကယ် ဖမ်းဆီးခြင်း တို့နှင့် စပ်လျဉ်း၍ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း တွေ့ရှိရသည်ဟု AAPP က ထုတ်ပြန်ထားသည်။


အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ်မတ်လ(၃၁)ရက်နေ့ အထိ တိုင်းနှင့်ပြည်နယ် အလိုက် AAPP က စုဆောင်း ကောက်ယူထားသည့် စာရင်းများ အရ စစ်အုပ်စု၏ ချိပ်ပိတ်သိမ်းဆည်းမှု အများဆုံး ခံစားရသော ဒေသမှာ စစ်ကိုင်းတိုင်း ဖြစ်ပြီး ပိုင်ဆိုင်မှုပေါင်း (၁၅၉) ခု ချိပ်ပိတ် သိမ်းဆည်းခံခဲ့ရရာ ၎င်းနောက် ရန်ကုန်တိုင်းမှာ ပိုင်ဆိုင်မှုပေါင်း (၁၂၄) ခု နှင့် မန္တလေးတိုင်းတွင် ပိုင်ဆိုင်မှုပေါင်း (၉၁၃) တို့ ချိပ်ပိတ် သိမ်းဆည်းမှု အများဆုံးခံခဲ့ရသည်။


#TachileikNewsAgency

infographic: AAPP

ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး


 ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၅


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော စစ်တပ်ကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ချီပါရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။


" Sniper နှစ်လက် နဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁ ကောင် ငရဲရောက်သွားတယ်လို့ ပြည်သူတွေကို သတင်းကောင်း ပါးလိုက်ရပါတယ်။ ကျွန်တော်တို့ မဟာမိတ် ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်" ဟု ဗိုလ်ကျားရိုင်း-ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့နှင့်အတူ Flying Dragon Force (F.D.F)-SHWEBO၊ မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်း အဖွဲ့၊ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ C&T SHWEBO-LDF၊ MDF SHWEBO နှင့် ရွှေဘိုမြို့နယ် တိုက်နယ်-၂၊တိုက်နယ်-၅ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Tuesday 25 April 2023

တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီ၏ စစ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရမိ


တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာရှိ စစ်ကောင်စီ၏ စစ်စခန်းကို တိုက် ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့် ခဲယမ်း များ သိမ်းဆည်းရမိ


ရန်ကုန်၊ ဧပြီ ၂၅ 


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နားဋောင်းကျကျေးရွာတွင် အထိုင်ချ တပ်စွဲ ထားသော စစ်တပ်နှင့်ပျူစောထီး စစ်စခန်းကို PDF တပ်များက တိုက်ခိုက် သိမ်းပိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး လက်နက် ၇ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တန့်ဆည်PDF က ပြောသည်။။ 


ယနေ့ဧပြီလ ၂၅ ရက်နေ့ နံနက် ၃ နာရီအချိန် တန့်ဆည်မြို့နယ်မှ စစ်တပ်နှင့် ပျူစော ထီးများ တပ်စွဲထားသော နဋောင်းကျပျူစောထီးရွာ အထိုင် စစ်စခန်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက် နိုင် ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်နှင့်ပျူစောထီး ၁၂ ဦးကျော် သေ ဆုံးပြီး လက်နက် ၇ လက် သိမ်းဆည်းရမိကြောင်း သိရှိရသည်။ 


" စစ်ခွေးစခန်းကို ဝင်တိုက်တာက မနက် ၃ နာရီမှာ စစ်ဆင်ရေးစတာ၊ နံနက် ၄ နာရီ ၃၀ မိနစ်မှာ ပြန်ဆုတ်တယ်။ တစ်နာရီခွဲကြာတာပါ။ စခန်းသိမ်းတဲ့အထိ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့တယ်၊ သိမ်းဆည်းရမိတဲ့လက်နက်ပုံတွေတော့ ခွင့်ပြုမရလို့ တင်လို့မရပါဘူး။ ရဲဘော်တွေ ဘေးကင်းပါတယ်" ဟု တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။ 


ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ကာဘိုင်သေနတ် ၄ လက်၊ ၁၂ ဗို့ ခါးကျိုး သေနတ် ၃ လက်၊ ကျည်ဘောက် ၇ ခု၊ ကျည်မျိုးစုံ ၂၀၀ကျော်၊ လက်ပစ်ဗုံး များနှင့် စစ်ဝတ်စုံများ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ တိုက်ခိုက်ခဲ့သော နားဋောင်း ကျကျေးရွာစစ်စခန်း သည် တန့်ဆည်-ကန့်ဘလူနယ်စပ် မူးမြစ် ကမ်းဘေး တွင် တည်ရှိပြီး ပျူစောထီးများ ကျင်လည်ကျက်စားရာ နယ်မြေ အတွင်း တည်ရှိကြောင်း သိရှိရသည်။  


နားဋောင်းကျကျေးရွာစစ်စခန်းတွင် ပျူစောထီးများကို စစ်ကောင်စီက စစ်သင်တန်းပေးလက်နက် တပ်ဆင်ထားကြောင်း၊ အနီးနားကျေးရွာများရှိ ပြည်သူပိုင်ပစ္စည်းများသိမ်းယူခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိ​သဖြင့် ဒေသခံပြည်သူများ နေ့စဥ် စိုးရိမ် ထိတ်လန့်စွာ နေထိုင်နေရကြောင်း၊ စစ်တပ်နှင့်ပျူစောထီးများ၏ ခြိမ်း ခြောက်မှုများကို နေ့စဉ် ခံနေရကြောင်း သိရှိရသည်။ 


တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမူ ပြည်သူများကို စစ်တပ်က လေကြောင်း၊ ကုန်းကြောင်းသုံးပြီး အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည့်အတွက် မြို့နယ်တွင်းကျေးရွာများအနေဖြင့် ပွဲလမ်းသဘင်အခမ်းအနားများကို လုံခြုံရေးသတိဖြင့် ကျင်းပရန်နှင့် မလိုအပ်ဘဲ လူစုလူဝေးများကို ရှောင်ရှားပေးကြပါရန် တိုက်တွန်း မေတ္တာရပ်ခံထားသည်။ 

မင်းတပ်-ကျောက်ထု လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦး သေဆုံး


 မင်းတပ်-ကျောက်ထု လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦး သေဆုံး


ရန်ကုန်၊ ဧပြီ ၂၅


မင်းတပ်-ကျောက်ထု လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet ထံမှ သိရသည်။


ဧပြီလ ၂၃ ရက်နေ့တွင် ကျောက်ထု အမြှောက်တပ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ ကျောက်ထု-မင်းတပ် လမ်းပိုင်း တစ်နေရာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦ သေဆုံးခဲ့ကြောင်းသိရသည်။


အဆိုပါ ထိတွေ့တိုက်ပွဲသည် ညနေ ၄ နာရီမှ ၅ နာရီ အထိ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ CDF-Mindat မှ ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ထံမှ ၆၀ မမ ဗုံးသီး ၁ လုံး၊ ၄၀ မမ ဗုံးသီး ၁ လုံးနှင့် MA ကျည်ဘောက် ၂ ခု အပြင် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို CDF-Mindat၊ CDF-Kanpetlet နဲ့ The Youth Force (Saw, Kyawthu) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း CDF-Kanpetlet ကထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးအပါအဝင်၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း


 ဖယ်ခုံမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ် ဒုတပ်ရင်းမှူးအပါအဝင်၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း


မျက်မှောက်ခေတ်၊ ဧပြီ ၂၅ 


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေး ရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအ ဝင်၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF သတင်းရင်းမြစ်တွေဆီကသိရပါတယ်။


 ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့ ကြား မြောက်စလုံး ကျေးရွာမှာ တပ်စွဲထားတဲ့ စကခ ၂ လက်အောက်ခံ စစ်ကောင်စီတပ်ကို ဧပြီ ၂၄ ရက်နေ့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီအဖွဲ့ဝင်တွေသေဆုံးပြီး လက်ခဲယမ်းတွေကိုလည်း ပူးပေါင်းတပ်ဖွဲ့ကသိမ်းယူရရှိခဲ့တယ်လို့သိရပါတယ်။


 စကခ ၂ လက်အောက်ခံစစ် ကြောင်းတွေဖြစ်တဲ့ ခလရ ၂၄၇ စစ်ကြောင်း၊ ခလရ ၂၄၈ စစ်ကြောင်း နှစ်ကြောင်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ၊ ကရင်နီ တပ်မတော် KA တပ်ရင်း - ၅ အပါ အဝင် ကရင်နီပူးပေါင်းတပ်တို့ကတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။


အဆိုပါတိုက်ပွဲမှာ KNDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၂၀ ကျော်သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေကဆိုပါတယ်။


တိုက်ပွဲမှာ စစ်ကောင်စီသေဆုံးတာနဲ့ပတ်သက်လို့ အနည်းဆုံးအရေအတွက်ကိုပြောဆိုတာဖြစ်ပြီး အတိအကျတိရှိရခြင်းမရှိသေးပါဘူး။

ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၁၅ ဦးသေဆုံး၊ ရှစ်မိုင်စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုတွင် လည်း စစ်တပ်ဘက်မှ အထိနာ


ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၁၅ ဦးသေဆုံး၊ ရှစ်မိုင်စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှုတွင် လည်း စစ်တပ်ဘက်မှ အထိနာ


ရန်ကုန်၊ ဧပြီ ၂၅ 


တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ စစ် ကောင်စီ ၏ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို PDF မဟာမိတ်ပူးပေါင်းတပ်များက ဝင် ရောက် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကြောင်း ပြည်သူ့ ကာ ကွယ် ရေးတပ်မတော်(ထားဝယ်ခရိုင်)-T1 က ပြောဆိုသည်။ 


ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲအချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ် များက စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ ၁၅ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူများပြားသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်(ထားဝယ်ခရိုင်)-T1 က သတင်းထုတ်ပြန်သည်။


ဧပြီလ ၂၃ ရက်နေ့ နံနက် ၅ နာရီခွဲမှ ၇ နာရီခန့်အချိန်အထိ ၁ နာရီခွဲခန့် ကြာ သည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်များဘက်မှ ၁၆ ဦး ဒဏ် ရာ အနည်းငယ်ရရှိပြီး ကျန်တစ်ဦးကမူ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရ သည်။ 


စစ်ဆင်ရေးတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ရင်း(၁)မှ ဗိုလ်ကျော်ကြီး ဦး ဆောင် သည့် စစ်ကြောင်း၊ Drone တပ်ဖွဲ့၊ ဥဩစစ်ကြောင်း၊ DGRF၊ Aline Force၊ ဧဒင်မှူး၊ သံမဏိပျောက်ကြား-နဘယံများက ပူးပေါင်း ပါဝင်ခဲ့ကြ ကြောင်း သိရှိရသည်။


အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အခြား စစ်တပ်စစ်ဆေး ရေးဂိတ် ဖြစ်သော ရှစ်မိုင် စစ်တပ်စစ်ဆေးရေးဂိတ်ကိုလည်း ဧ‌ပြီလ ၂၃ ရက် နေ့ မွန်းလွဲပိုင်းတွင် PDF မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ခိုက်မှုတွင် ပါဝင်သော ဒေသတော်လှန်ရေးတပ်က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။


ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာ အုပ်စု၊ မဲချောင်းကျေးရွာအနီး ၈မိုင်စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာ ကွယ်ရေး ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ၄၀ မမ၊ ၆၀မမ၊ ၈၀ မမ ဗုံးသီးများအပြင် လက်နက်ငယ်များဖြင့်ပါ ဝင်ရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲ တစ်နာရီကြာဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


"စစ်ကောင်စီတပ်ဘက်ကထိခိုက်သေဆုံးတာရှိပေမယ့် အတိအကျကိုတော့ မသိရသေးပါဘူး။ တိုက်ပွဲမှာတော့ ကျနော်တို့လက်နက်ကြီး တစ်ချက်ပစ်ရင် သူတို့ ၃ချက်လောက်ဆက်တိုက်ထုတယ်။ စက်လက်တွေ နဲ့လည်း ဆက်တိုက် ဆွဲတယ်" ဟု တိုက်ခိုက်ရာမှာပါဝင်သည့် DDT အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။


PDF တပ်များ စုပေါင်းတိုက်ခိုက်ခဲ့သည့် ၈မိုင် စစ်ဆေးရေးဂိတ်စခန်းတွင် မူလ စစ်သား ၁၂ဦးဝန်းကျင်သာရှိပြီးလက်ရှိအချိန်တွင် အင်အားတိုးမြှင့် ထား ကြောင်း သိရှိရသည်။ 


စစ်ကောင်စီ၏ ပကာရီရဲစခန်းက တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီး ပစ်ကူ ပေးနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည် ဆုတ်ခွာခဲ့ ကြောင်း၊ တိုက်ခိုက်မှုကို ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)၊ ထားဝယ်ခရိုင်(တပ်ရင်း-၁)တို့ပူးပေါင်း စစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column)မှ တော်လှန်ရေးရဲဘော်များ။ 

Monday 24 April 2023

ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့က နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိ၊ စစ်သား ၁၀ ဦးထွက်ပြေး

ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU ပူးပေါင်းတပ်ဖွဲ့က နာရီဝက်အတွင်း တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိ၊ စစ်သား ၁၀ ဦးထွက်ပြေး


ရန်ကုန်၊ ဧပြီ ၂၄ 


ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်တပ်မယ်စိထာဂိတ်စခန်းကို KNU တပ် မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်းတပ်ဖွဲ့က နာရီဝက်အတွင်း တိုက်ခိုက် သိမ်းပိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်များ ရရှိကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။


ယနေ့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ ၁ နှင့် တပ်မဟာ ၅ ပူးပေါင်း တပ်ဖွဲ့က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ ၈ လက် အောက်ခံ ခမရ ၄၀၁ တပ်ရင်း၏ မယ်စိထာ စစ်ဆေးရေးဂိတ် စခန်းကို တိုက်ခိုက်ရာ နံနက် ၅ နာရီတွင် သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။ 

 

စစ်တပ်ဂိတ်စခန်းကို သိမ်းပိုက်ရာတွင် စစ်ကောင်စီဘက်မှ တပ်သား ၅ ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး ပစ္စတို MA 5 ၁ လက်၊ K3 79 ၁ လက်၊ K3 ၃ လက်၊ ကျည်ဘောက် ၂၀ ခု၊ ကျည်ဆန် ၁၅၀၀ တောင့်ကို သိမ်းယူ နိုင်ခဲ့ ကြောင်း သိရှိရသည်။


မယ်စိထာ ဂိတ်စခန်းသည် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ တပ်မဟာ ၁ နှင့် တပ်မဟာ ၅ အကြားတွင် တည်ဆောက်ထားပြီး အချက်အချာကျသည့် ဂိတ်စခန်း တစ်ခုဖြစ်၍ ခရီးသွား ပြည်သူများကို စစ်ဆေးခြင်း၊ မတရားဖမ်းဆီးနှိပ်စက်ခြင်း၊ စခန်းအတွင်း ခေါ်ယူကာ လူသားဒိုင်းပြုလုပ်ခြင်းများ ကျူးလွန်နေသည့် စစ်ကောင်စီ ဂိတ်စခန်းဖြစ်ကြောင်း သိရှိရသည်။


မယ်စိထာဂိတ်စခန်းတွင် စစ်ကောင်စီ တပ်သားအင်အား ၁၅ ဦးရှိပြီး စစ်သား ၅ ဦးမှာ စခန်းအတွင်း သေဆုံးခဲ့ကြောင်း၊ ကျန်စစ်သား ၁၀ ဦးမှာ ဂိတ်စခန်း ကို စွန့်ခွာထွက်ပြေး လွတ်မြောက်သွားကြောင်း၊ မယ်စိထာဂိတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် KNLA ပူးပေါင်းတပ်ဖွဲ့ကို ဦးဆောင်သူ တပ်မှူးများ မှာ သထုံခရိုင်-KNLA အမှတ်ု ၁ တပ်မဟာ ဗျူဟာ ရုံးထိုင်မှူး ဗိုလ်ကြီး စောရမ်ဗိုနှင့် မူတြော်ခရိုင် KNLA တပ်ရင်း ၁၀၂ ဒုတပ် ရင်း မှူး ဗိုလ်ကြီး ဗိုလ်တောတို့ဖြစ်ပြီး KNUတပ်ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
 

လှိုင်သာယာ ဗုံးပေါက်ကွဲမှုတွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင် လွင် ဗုံးစ ဦးခေါင်းထဲဝင်၍ သေဆုံးပြီး သေဆုံးမှု သတင်းမဖြန့်ရန် စစ်တပ်က တားမြစ်ပိတ်ပင်


လှိုင်သာယာ ဗုံးပေါက်ကွဲမှုတွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင် လွင် ဗုံးစ ဦးခေါင်းထဲဝင်၍ သေဆုံးပြီး သေဆုံးမှု သတင်းမဖြန့်ရန် စစ်တပ်က တားမြစ်ပိတ်ပင်


ရန်ကုန်၊ ဧပြီ ၂၄ 


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုတွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင်သည် ဦးခေါင်းထဲသို့ ဗုံးစဝင်ရောက်သည့် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ယင်းသေဆုံးမှုသတင်းကို မဖြန့်ရန် စစ်တပ်က တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရသည်။ 


 ဧပြီလ ၁၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ (အနောက် ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကို အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူး ကြီး ဇင်မောင်လွင် ဦးဆောင်အဖွဲ့ က သွားရောက်စစ်ဆေးနေစဉ် ထပ်မံ၍ ည ၈ နာရီ ၂၀ မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှ မိုင်းစသည် ဗိုလ် မှူး ကြီး ဇင်မောင်လွင်၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရှိ ရသည်။ 


"ဗိုလ်မှူးကြီး ဇင်မောင်လွင်ရဲ့ ဦးခေါင်းထဲကို မိုင်းစက ခေါင်းထဲဝင်ထားတော့ ချက် ချင်းမသေဘူး။ ရက်တော်တော်ကြာ ဆေးကုပြီးမှ သေတယ်။ သူနဲ့အတူ အခြားအဆင့် တပ်သား ၁ ဦးလည်းသေပါတယ်။ ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင်က စစ်တက္ကသိုလ် အပတ်စဉ် ၄၁ ကျောင်းဆင်းပါ။ အဲဒါ မိတ် ဆွေ တွေ သူငယ်ချင်းတွေက တစ်နေ့က RIP တွေ တင်ကြတယ်။ ဒါပေမယ့် စစ်တပ် ဘက်က သတင်းမပြန့်စေဖို့ ပုံတွေ RIP ပို့စ်တွေ ပြန်ဖျက်ခိုင်းတော့ အကုန်ပြန် ဖျက် သွားကြတယ်။ ချက်ချင်းမသေဘဲ တမြေ့မြေ့ သေသွားခဲ့တာပါ" ဟု စစ်ဘက် အသိုင်းအ၀ိုင်းက ပြောသည်။ 


ရန်ကုန်တွင် အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် မိုင်းထိ မှန် သေဆုံးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင် ဒုညွှန်ချုပ် ဒုဗိုလ်မှူးကြီး (ငြိမ်း) စိုင်း ကျော်သူ ပစ်ခတ်ခံရ၍ သေဆုံးခြင်း၊ သန်လျင်တွင် ဒုဗိုလ်မှူးကြီး (ငြိမ်း) အောင်ညီ ထွန်း ပစ်ခတ်ခံရ၍ သေဆုံးခြင်းများကြောင့် စစ်တပ်အရာရှိများ၊ စစ်မှုထမ်းဟောင်းများ ထိတ်လန့်တုန်လှုပ်လျက်ရှိ ကြောင်း သိရှိရသည်။ 

Sunday 23 April 2023

တိုက်ပွဲသတင်းထုတ်ပြန်ချက်



 တိုက်ပွဲသတင်းထုတ်ပြန်ချက်


၂၀၂၃ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မှ (၂၂) ရက်နေ့အထိ နောင်ချိုမြို့နယ်နှင့်ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ များတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နှင့်ရန်သူ့တပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ 

ရန်သူ့တပ်ဘက်မှ အင်အား (၉၀၀)နှင့်(၁၀၀၀) ကြားရှိခဲ့ပြီး ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉) ၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ဘာအထူးတပ်ဖွဲ့နှင့်ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များ ပါဝင် တိုက်ခိုက် ခဲ့သည်။ (၁၈)ရက်တာ တိုက်ပွဲအတွင်း တစ်နေကုန် ရင်ဆိုင် တိုက်ခိုက်ရသော တိုက်ပွဲကြီး (၄) ကြိမ်နှင့် တိုက်ပွဲငယ် (၁၈) ကြိမ် ဖြစ်ပွါးခဲ့သည်။  

ရန်သူ့တပ်ဘက်မှ Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ် များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ အလွန်အကျွံ အသုံးပြုခဲ့သည်။ 

ရန်သူ့တပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သား (၇) ဦး သေဆုံး အပါအဝင် ဒဏ်ရာရသူ တစ်ချို့ ရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့တွင် မြေပြင်သတင်းအရ ရန်သူ့တပ် အခြေပြုတပ်စွဲထားသည့် ခလရ(၁၄၇) စခန်းကုန်းသို့ မနက်(၃)နာရီခန့်တွင် ချဥ်းကပ်ခဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်များက စခန်းကုန်း စွန့်ခွာထွက်ပြေးသဖြင့် မိမိတို့တပ်ဖွဲ့ဝင်များမှ အစားထိုး နေရာယူခဲ့သည်။ ထို့နောက် မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦးပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ တာတိုင်ကျေးရွာနှင့် ငုက္ခလေး ကျေးရွာအကြားတွင် Toyota Corolla အိမ်စီးကားတစီးရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့သည်။  

ဧပြီလ(၂၂)ရက်နေ့တွင်ပင်နောင်ချိုမြို့ပေါ်ရှိရန်သူ့တပ်၏ခလရ(၁၁၄)နှင့်ခလရ(၁၁၅)တို့အား ရှော့တိုက်ဒုန်း များဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ(၁၁၄) တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး ရန်သူ့ တပ်သား (၅) ဦးသေဆုံးခဲ့ကာ ခလရ(၁၁၄) ဒုတပ်ရင်းမှူး သေဆုံးသည်ဟု သိရှိရသော်လည်း ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ 

တိုက်ပွဲကာလအတွင်း ရန်သူ့တပ်၏ ခလရ(၁၄၇) တပ်ရင်းမှုး ဒုတိယဗိုလ်မှုကြီး တစ်ဦး ၊ ခလရ(၂၅၈) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး နှင့် ခလရ (၂၅၃) မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင် ရန်သူ့တပ်သား (၁၀၀)ဦး ဝန်းကျင်ထိ သေဆုံးခဲ့ပြီး ခလရ(၂၅၃)မှ စစ်ကြောင်းမှူးအပါအဝင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မိမိတို့ဘက်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်(၁၁)ဦး အသက်ပေးလှူခဲ့ရပြီး ထိခိုက်ဒဏ်ရာရမှု တစ်ချို့ ရှိခဲ့သည်။  

ရန်သူ့တပ်ထံမှ MA(3) 3 လက် ၊ 5.56 ကျည် အများအပြား ၊ 9မမ ကျည် အတောင့်(၂၀)၊ (60)မမ အသီး (10)လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။  


စစ်ဦးစီးအဖွဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဖားကန့်တွင် Happy KTV တွင် ပျော်ပါးနေသည့် ဗိုလ်မှူးဇော်မောင်နှင့် အပေါင်းအပါများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး


 ဖားကန့်တွင် Happy KTV တွင် ပျော်ပါးနေသည့် ဗိုလ်မှူးဇော်မောင်နှင့် အပေါင်းအပါများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၃ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်တွင် ဖွင့်လှစ်ထား သော Happy KTV တွင် ပျော်ပါးနေသည့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး ဇော်မောင်နှင့် အပေါင်း အပါများ ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံးကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။


ဧပြီလ ၂၂ ရက်နေ့ ညပိုင်း ဗိုလ်မှူးဇော်မောင်(ခ) ဇော်မိုင်း၊ ဗိုလ်မှူးဇော်မောင် ၏ ရည်းစား မမီးမီး၊ ရဲဝန်ထမ်း ကိုလတ်၊ လုံးခင်းကျောက်စိမ်း ခရိုနီ ကိုဘတုတ်၊ ကျောက်သမား ကိုကျော်စိုး ၊ ရဲဝန်ထမ်း ကိုလတ်၏ အမျိုးသမီး တို့ က Happy KTV စားသောက်ပျော်ပါးနေကြစဉ် KIA နှင့် PDF တပ်များ က ဝင် ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှုကြောင့် ၆ ဦးစလုံး သေဆုံး သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ဗိုလ်မှူးဇော်မောင် အပါအဝင် ၅ ဦးသေဆုံးတာတော့ အတည်ပြုလို့ရပါပြီ။ သူတို့နဲ့ ကျောက်သမားတွေနဲ့ တွေ့ကြတာပါ။ ရဲဝန်ထမ်း ကိုလတ်ကတော့ ဒဏ်ရာနဲ့ မသေသေးပါဘူး" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


ယခုနောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ ရဲဝန်ထမ်း ကိုလတ်မှာ လည်း မြစ်ကြီးနားဆေးရုံသို့ ဆေးကုသွားရန်အသွား လမ်းခရီးတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။


သေဆုံးသွားသူ ဗိုလ်မှူး ဇော်မောင်(ခ) ဇော်မိုင်းသည် တပ်မ ၃၃ လက် အောက် ခံ တပ်ရင်း တပ်ခွဲမှဖြစ်ပြီး ကျောက်သမားများနှင့် ပူးပေါင်းကာ စီးပွားရှာ နေသူဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ပစ်ခတ်မှုကြောင့် သေဆုံးသူ ဗိုလ်မှူးဇော်မောင်။

KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ် စခန်း ၄ ခုကို တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေမှုန်းရှင်းလင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး


 KNU တပ်မဟာ ၃ နယ်မြေတွင် စစ်တပ် စခန်း ၄ ခုကို တစ်ပြိုင်နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေမှုန်းရှင်းလင်း၊ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး 


ရန်ကုန်၊ ဧပြီ ၂၃ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ KNU တပ်မဟာ ၃ နယ်မြေတွင် စစ်ကောင်စီ တပ် ၏ စခန်း ၄ ခုကို တစ်ပြိုင် နက် တည်း တိုက်ခိုက်ခဲ့ပြီး စခန်း၂ ခုကို ချေ မှုန်း ဖျက်ဆီးနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ ၁၆ ဦးသေ ဆုံး ကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။ 


ဧပြီလ ၂၂ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၅ နာရီ ၃၀ မိနစ် အတွင်း စစ်ကောင်စီတပ်၏ စခန်း ၄ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက် ခဲ့ရာတွင် စခန်း ၂ ခကို ချေမှုန်းနိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ တပ် ၏ စခန်း ၄ ခုမှာ ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင် စခန်း နှင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်း တို့ဖြစ်ကြောင်း KNU က ပြောသည်။ 


လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်းစခန်းကို တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနိုင်ပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း၊ ကေအဲန်ယူ-မူးမြို့ နယ်ရှိ နောင်ကုန်းစခန်းနှင့် ရန်မျိုးအောင် စခန်းကို တိုက်ခိုက်ချေမှုန်း နိုင် ခြင်းမရှိကြောင်း၊ ထိုစခန်းနှစ်ခုကို တိုက်ခိုက်ချေမှုန်း နိုင်ခြင်း မရှိသည့် အ ကြောင်း အရင်းမှာ စစ်သားများက စခန်းတွင်မနေဘဲ အပြင်ဘက်သို့ ပုန်း ရှောင် နေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။ 


စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက် စစ်ကောင် စီဘက်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိ ခဲ့ ကြောင်း၊ KNLA တပ်မဟာ ၃ တပ်ပေါင်းစုဘက်မှ ၁ ဦး ကျဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က အထိနာသဖြင့် လေကြောင်း တိုက် ခိုက် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီတပ်ဘက်မှ တိုက်ခိုက်ချေမှုန်းရှင်းလင်းခံရသည့် စစ်စခန်း ၄ ခုတွင် နယ်မြေခံတပ်များဖြစ်သော ခလရ-၆၀၊ ခမရ-၃၅၁အပြင် နောက်ထပ် အင်အား ထပ်မံ ဖြည့်တင်း လာသည့် တပ်များဖြစ်သော တပ်မ-၇၇နှင့် ခမရ-၅၉၈ တပ်တို့ တည်ရှိနေကြောင်း သိရှိရသည်။

Saturday 22 April 2023

စစ်ကောင်စီ၏ တရားမဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြား ရေးမှူးချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူ ရန်ကုန်တွင် ပစ်ခတ်ခံရပြီး သေဆုံး


စစ်ကောင်စီ၏ တရားမဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြား ရေးမှူးချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူ ရန်ကုန်တွင် ပစ်ခတ်ခံရပြီး သေဆုံး


■ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တို့ကို ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု ပုဒ်မ ၁၃၀ (က) ဖြင့် လိမ်လည် တရား စွဲဆိုခဲ့ရာတွင် ဒုဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူ က တရား လို ပြ သက် သေအဖြစ် ဆောင်ရွက်ခဲ့


ရန်ကုန်၊ ဧပြီ ၂၂ 


အကြမ်းဖက်စစ်ကောင်စီ၏တရားမဝင် ရွေးကောက်ပွဲကော်မရှင် ဒုညွှန်ကြား ရေးမှူးချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း)စိုင်းကျော်သူသည် ရန်ကုန်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 


ယနေ့ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်၏ ဒုညွှန်ချုပ် ဒုဗိုလ်မှူးကြီး (ငြိမ်း)စိုင်းကျော်သူကို For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရာ မှ သေဆုံးသွားခြင်း ဖြစ် ကြောင်း၊ ၎င်း မောင်းနှင်လာသော ကားအတွင်းသို့ သေနတ်အတိုများဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာပင် ပွဲချင်း ပြီးသေဆုံးသွားကြောင်း၊ ထိုကားမှာလဲ ရွေးကောက်ပွဲကော်မရှင်က ၎င်းအား အသုံးပြုရန် ပေးအပ် ထား သော ကားဖြစ်ကြောင်း သိရှိရသည်။ 


ဒုဗိုလ်မှူးကြီး (ငြိမ်း) စိုင်းကျော်သူသည် လက်ရှိ စစ်ကောင်စီ၏ ရွေးကောက် ပွဲကော်မရှင်တွင် ဒုညွှန်ချုပ်ရာထူးမှ ညွှန်ကြားရေးမှူးချုပ်အထိ ရာထူးတိုးရန် ရှိနေသူဖြစ်ပြီး စစ်တပ်ထဲတွင် တိုက်ကွမ်ဒိုကျွမ်းကျင် အထူးကွန်မန်ဒို တစ်ဦးဖြစ်ကြောင်း၊ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ မုန်းတီးသူဖြစ်ရုံတင်မက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲရာတွင် ပါဝင် ခဲ့သူဖြစ်ကြောင်း သိရှိရသည်။ 


For the Yangon မြို့ပြပြောက်ကျားတပ်ဖွဲ့က စစ်ကောင်စီ၏ ရာထူးရှိ အကြမ်းဖက် ဗိုလ်ချုပ်၊ ဗိုလ်မှူးများသာမက ၎င်းတို့နှင့်အတူ ပူးပေါင်းကာ ပြည်သူလူထုအား ဖိနှိပ်၊ အနိုင်ကျင့်၊ အကြမ်းဖက်နေသူများ စစ်ကောင်စီ သက်ဆိုး ရှည်အောင်ထောက်ပံ့ ကူညီသူများကို ဆက်လက် သုတ်သင် ရှင်းလင်း သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။


စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ ကော်မရှင် ဒုတိယ ညွှန်ကြားရေးမှူးချုပ်ကို အောင်ရတနာဆေးရုံ အနီးတွင် သေနတ်သမား များက လုပ်ကြံသတ်ဖြတ်သွားကြောင်း၊ ဇနီးဖြစ်သူ ဆရာဝန် ကို ဆေးခန်းပို့ ပြီးပြန်လာသော ဒုညွှန်ကြားရေးမှူးချုပ်ကို ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားကြောင်း သတင်း ထုတ်ပြန်ထားသည်။ 


ဒုညွှန်ချုပ် စိုင်းကျော်သူသည် လည်ပင်း၊ ယာနားနောက်၊ ချိုင်းအောက်၊ လက်များတွင်ကျည်ထိဒဏ်ရာငါးချက်ရပြီး သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ ဆောင် စဥ် သေဆုံးသွားကြောင်း စစ်တပ်က တရားဝင် သတင်း ထုတ်ပြန် ထားသည်။ 


သေဆုံးသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်မှူးကြီး(ငြိမ်း) စိုင်းကျော်သူသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်၍ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစု ကြည်နှင့် ဦးမင်းသူတို့ကို ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော် သြဇာသုံး၍ လွှမ်းမိုးမှုဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲ ဆိုခဲ့ရာ တွင် တရားလိုပြသက်သေအဖြစ် တရားရုံးတွင် ပါဝင်ဆောင် ရွက်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။ 

ရေးဘီလူးအဖွဲ့ က တပ်သားအသစ်များကို ရက်တို အခြေခံစစ်သင်တန်းပို့ချနေ


ရေးဘီလူးအဖွဲ့ က တပ်သားအသစ်များကို ရက်တို အခြေခံစစ်သင်တန်းပို့ချနေ

++++++++++++

ဧပြီ ၂၂ 


မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ရေးဘီလူးအဖွဲ့ဟာ အပတ်စဉ် ၉ အဖြစ် အဖွဲ့ဝင်အသစ်များကို ရက်တို အခြေခံစစ်သင်တန်း ပို့ချနေတယ်လို့ သိရပါတယ်။ 


လက်ရှိ သင်တန်းသားအသစ် ၃၀ နီးပါး ထပ်တိုးလာလို့ အခြေခံစစ်သင်တန်းပေးပြီး နောက်ပိုင်းမှာ လူဟောင်းများနဲ့ ပေါင်းကာ စစ်ဆင်ရေးတွေ လုပ်ဆောင်မယ်လို့ သိရပါတယ်။ 


သင်တန်းဆင်း တပ်သားများကိုလည်း အမျိုးသမီး၊ အမျိုးသား မခွဲခြားဘဲ ဝါသနာရာ တာဝန်ထမ်းဆောင်စေမှာဖြစ်တယ်လို့ သိရပါတယ်။ 


ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နဲ့ ဒေါက်တိုင်များက်ု မကြာခဏ တိုက်ခိုက်နေပြီး ဧပြီလ ၁၇ ရက်နေ့က​လည်း ရေးမြို့မရဲစခန်းကို ရေးဘီလူးအဖွဲ့ရဲ့ မြေအောက်မြို့ပြပြောက်ကျားအဖွဲ့က ၄၀ မမ ဗုံးသီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ 

စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာမှ နေအိမ် ၄၀၀ နီးပါးကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ


 စစ်ကိုင်းမြို့နယ်၊ အင်းစရွာနှင့် တောင်ကြားရွာမှ နေအိမ် ၄၀၀ နီးပါးကို စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ


ရန်ကုန်၊ ဧပြီ ၂၂

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အင်းစကျေးရွာနှင့်တောင်ကြားကျေးရွာကို စစ်ကောင်စီတပ်များက ယမန်နေ့က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးရာ ပြည်သူ ထောင်ချီ၍ စစ်ဘေးရှောင်နေရကြောင်း ဒေသ ပြည်သူ များနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်  စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာမှ ထွက်လာသော အင်အား ၁၀၀ ကျော်ရှိသော စစ်တပ် စစ် ကြောင်းက အင်စရွာကို ရောက်ရှိလာခဲ့ပြီး  နံနက် ၉ နာရီ ၂၅ မိနစ်အချိန်တွင် ကျေးရွာကို မီးတင်ရှို့ခဲ့ကြောင်း၊ အိမ်ခြေ ၅၀၀ ခန့်ရှိသော အင်းစကျေးရွာမှာ အိမ်ခြေ ၁၀ လုံးခန့်သာ အကောင်းကျန်ပြီး ရွာလုံးကျွတ် ပြာကျသွားကြောင်း သိရှိရသည်။

ယင်းနောက် အင်းစရွာနှင့် ကပ်လျက် တောင်ကြားရွာမှ နေအိမ် ၁၀ လုံးကို လည်း စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း၊ ‌စစ်တပ်က စစ်ကြောင်းထိုးလာသော ဧပြီလ ၂၀ ရက်နေ့ ညပိုင်းမှ စ၍ စစ်ကိုင်းမြို့နယ် တလိုင်းကျွန်း၊ ညောင်ပင်ရှည်၊ အင်းစ၊‌ တောင်ကြား ၊မူးသာ၊ မန်ကျည်းကုန်း ရွာမှ ပြည်သူထောင်ချီ၍ စစ်ဘေးရှောင်နေရ ကြောင်း သိရှိရသည်။

"စစ်ကိုင်းမြို့နယ် အင်းစရွာကို မနေ့ နံနက် ၉နာရီက စစ်တပ်က မီးရှို့တာ  ရွာလုံးကျွတ်နီးပါး မီးထဲပါတယ်။ ရွာသားတစ်ယောက်ဖမ်းသွားပြီး နွားလေး ကောင် ကို သတ်သွားတယ်။  ထွန်စက်၊ဆိုင်ကယ် စပါး၊ ဂျုံ လှောင်ရုံများ မီး ထဲပါ ဆုံးရှုံးပါတယ်။  အင်းစရွာက အိမ်ခြေ ၅၀၀ လောက်ရှိတဲ့နေရာမှာ  ၁၀ ဂဏန်းလောက် ကျန်တယ်။ နောက်ပြီး  တောင်ကြား ကျေးရွာ ကို စစ်တပ်က  ထပ်၀င်ပြီး အိမ် ၁၀လုံး ရှို့သွားတယ်။ မြင်းမူမြို့နယ်ကနေ မူးမြစ်ကူးပြီး စစ်ကြောင်းထိုးလာတာ။ ရေနည်းချိန်ဆိုတော့ မြစ်ကို အသာလေးဖြတ်ကူးပြီး နောက်ကပတ် စစ်ကြောင်း ၀င်ထိုးတာ" ဟု စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မြဝတီမြို့၊ ကျောက်မိုင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိ


 မြဝတီမြို့၊ ကျောက်မိုင်းဒေသတွင် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးကာ ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဧပြီ ၂၂ 


ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်မိုင်းဒေသသို့ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက် စစ် သားတစ်ဦးသေဆုံးကာ ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့က အကြမ်းဖက်စ်ကောင်စီတပ်မှ အမြှောက်၊ ဟောင်ဝိုက်ဇာ များဖြင့် အကြိမ်များစွာပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ နယ်မြေစိုးမိုးထားသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း၊ နယ်မြေ ရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များနှင့် အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 


အထိနာသော အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်ခဲ့သော်လည်း ထိုးဖောက် ဝင်ရောက်နိုင်ခြင်းမရှိပဲ ကျောက်မိုင်းဒေသရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးကာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက Yak -130 ဂျက်ဖိုက်တာတိုက်လေယာဉ်ဖြင့်လည်းကောင်း၊ ယဗန့ ဧပြီလ ၂၂ ရက် နံနက် အစောပိုင်း ၁ နာရီ ခန့်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အဆိုပါ အကြမ်းဖက်စစ်သားများကို တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့ ၊ ကော်ဘရာစစ်ကြောင်း (၁) ၊ ကော်ဘရာစစ်ကြောင်း(၂) ၊ ကျားသစ်နက် စစ်ကြောင်း၊ Federal Wings ၊ Golden Eagle ၊ရောင်နီ တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့အနီးနေရာအများအပြားအား ဖြန့်ကျက်နေရာယူကာ အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း ကျားသစ်နက်စစ်ကြောင်း က ထုတ်ပြန် ထားသည်။

မတူပီတွင် ရဲ ၁ ဦးအရှင်ဖမ်းမိပြီး စစ်သား ၁ ဦး လက်နက် ခဲယမ်းများဖြင့် အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်


 မတူပီတွင် ရဲ ၁ ဦးအရှင်ဖမ်းမိပြီး စစ်သား ၁ ဦး လက်နက် ခဲယမ်းများဖြင့် အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်


ရန်ကုန်၊ ဧပြီ ၂၁ 


ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ရဲ ၁ ဦးအရှင်ဖမ်းမိပြီး စစ်သား ၁ ဦ လက်နက် ခဲယမ်းများဖြင့် အလင်းဝင် လာသောကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း CDF တပ်ဖွဲ့များထံမှ သိရသည်။


မတူပီမြို့နယ်၊ ရေဇွာမြို့ ရဲစခန်း၌ တာဝန် ထမ်းဆောင်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ ၁ ဦးကို CDF-ZOTUNG တပ်ရင်း ၄ က ဧပြီ ၁၉တွင် အရှင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ထို့ပြင် မတူပီမြို့နယ်၊ လိုင်လဲန်ပီမြို့ရှိ အကြမ်းဖက် စစ်တပ်မှ တပ်သား လှိုင်မျိုးဦးသည် MA3 ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး နှင့်ကျည် ၂၄၄ ထောင့် ယူဆောင်ကာ ဧပြီလ ၁၆ ရက်နေ့တွင် CDF-Mara ထံသို့ အလင်း၀င်ရောက်ခဲ့ကြောင်း သိရသည်။


လက်နက် ခဲယမ်းများ ယူဆောင်ကာ အလင်း၀င် လာသောကြောင့် CDF- Mara မှ ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ပြီး လုံခြုံသည့် နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Mara ကထုတ်ပြန်ထားသည်။

Friday 21 April 2023

ထားဝယ် ရေနက် ဆိပ်ကမ်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး


 ထားဝယ် ရေနက် ဆိပ်ကမ်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး


ရန်ကုန်၊ ဧပြီ ၂၀


တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ ထားဝယ် ရေနက်ဆိပ်ကမ်း ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း ရေဖြူမြို့နယ် (ပကဖ) တပ်ခွဲ-၃ (A.0) အဖွဲ့ထံမှ သိရသည်။


ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ ထားဝယ် စီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရေနက်ဆိပ်ကမ်း ရဲစခန်းကို ရေဖြူမြို့နယ် (ပကဖ) တပ်ခွဲ-၃ (A.0) အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရဲစခန်းတွင် ရေတပ်မှ စစ်သားနဲ့ ရဲများ တပ်စွဲထားပြီး အင်အား ၂၀ ဝန်းကျင်ခန့်ရှိကြောင်း၊ ရေဖြူ မြို့နယ် (ပကဖ) တပ်ခွဲ-၃ (A.0) အဖွဲ့က လက်နက်ကြီး ၇ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ စျေးအနီးတွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်


 ပုသိမ်ကြီးမြို့နယ်၊ မြကန်သာ စျေးအနီးတွင် စျေးဝယ်ထွက်လာသည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာပြင်းထန်


ရန်ကုန်၊ ဧပြီ ၂၀ 


မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု ၊ မြကန်သာစျေး အနီး တွင် ယူနီဖောင်းဖြင့် စျေးဝယ်ထွက်သည့် စစ်သား ၂ ဦး ပစ်ခတ်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရှိရသည်။ 


ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့ နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာအုပ်ချုပ်ရေး မှူးရုံး အစောင့် စစ်သား ၂ ဦး သည် ယူနီဖောင်း အပြည့်အစုံဖြင့် မြကန်သာစျေးသို့ စျေးဝယ် ထွက်လာစဉ် သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ခံရကြောင်း၊ စစ်သား ၁ ဦးမှာ နေရာ တွင်ပင် သေဆုံးခဲ့ပြီး ၁ ဦးမှာမူ ဒဏ်ရာ အပြင်းအထန် ရရှိကြောင်း သိရှိရသည်။ 


"ပစ်တာက ကားနဲ့လာပစ်သွားတာလို့ ပြောတယ်။ စစ်သား ၁ ဦးကတော့ ပွဲချင်း ပြီးသေတယ်။ နောက်ထပ် စစ်သား ၁ ဦးလည်း သေဖို့များပါတယ်။ စစ်သား တွေက မြကန်သာအုပ်ချုပ်ရေးမှူးရုံးက စစ်သားတွေပါ။ စျေးဝယ်ထွက်လာတာ။ သူတို့ကလည်း ယူနီဖောင်းဝတ်ပြီး လူကြားထဲမှာ ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ စျေးဝယ် ထွက်တာ။ ဖြစ်စဉ်ကတော့ အမှန်ပါပဲ" ဟု မြကန်သာကျေးရွာမှ ပြည်သူ တစ်ဦးက ပြောသည်။ 


စစ်တပ်က ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့ဘက်သို့ အသွားလမ်းများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိပြီး ပစ်ခတ်သွားသည့် ကားကိုလည်း ရှာဖွေလျက်ရှိ ကြောင်း၊ လက်ရှိအချိန်အထိ ပစ်ခတ်သွားသည့် အဖွဲ့မှာ လွတ် မြောက် သွားကြောင်း သိရှိရသည်။


ဓာတ်ပုံ- သေဆုံးသွားသော အကြမ်းဖက်စစ်သား။

Thursday 20 April 2023

"စစ်ကောင်စီမှ YAK130 Jet Fighter ဖြင့် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်သော်လည်း အထိအခိုက်မရှိဘဲ စကစ၏ လက်နက်များ သိမ်းဆည်းရမိ"


 "စစ်ကောင်စီမှ YAK130 Jet Fighter ဖြင့် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်သော်လည်း အထိအခိုက်မရှိဘဲ စကစ၏ လက်နက်များ သိမ်းဆည်းရမိ"


(၂၀.၄.၂၀၂၃) တွင် မိမိတို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ စိုးမိုးနယ်မြေအား အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး လေကြောင်းပစ်ကူ (YAK130 Jet Fighter) ၁ စီးဖြင့် (၃)ကြိမ်ထက်မနည်း ပစ်ခတ်ပြီး ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားခဲ့သည်။

မိမိတို့ တပ်မဟာ(၆) KNU/ KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူးပေါင်းတပ်ဖွဲ့တို့မှ နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့ရာ MA1 (၁)လက်၊ MA2 (၁)လက်၊ MAကျည်ဘောက် (၃)ဘောက်၊ MA2ကျည်ဘောက်အဝိုင်း (၁)ဘောက်၊ 40mmအသီး (၆)လုံး၊ 60mm (၆)လုံး၊ RPG (၁)လုံး၊ နင်းမိုင်း (၄)လုံး စသည်တို့အား သိမ်းဆည်းရမိခဲ့သည်။

ရန်သူဘက်မှ လက်နက်ကြီး၊ လေကြောင်းတို့ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မိမိတို့ပူးပေါင်းတပ်ဖွဲ့မှာ မိဘပြည်သူများပို့သသောမေတ္တာကြောင့် ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ပါ။

သဲကုန်းတွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်၊ ကျည်များ နှင့် ဆိုင်ကယ် သိမ်းဆည်းရမိ


 သဲကုန်းတွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်၊ ကျည်များ နှင့် ဆိုင်ကယ် သိမ်းဆည်းရမိ


ရန်ကုန်၊ ဧပြီ ၂၀ 


ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် နယ်ထိန်းရဲတပ်သား ဇေယျာအောင် ပစ်ခတ်ခံရ ပြီး သေဆုံးသွားကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ပြော သည်။ 


ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် သဲကုန်းမြို့နယ်၊ ဗြဟ္မာ့ ကျေး ရွာ အုပ်စု တာဝန်ကျ နယ်ထိန်းရဲတပ်သား ဇေယျာအောင်ကို နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ကွင်းကြီး ကျေးရွာအနီး တောစပ် တစ်နေရာတွင် ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း သိရှိရသည်။ 


နယ်ထိန်း ရဲတပ်သား ဇေယျာအောင် သည်၄င်း နယ်ထိန်းတာဝန်ကျသော ကျေးရွာ အုပ်စု အတွင်းတွင် အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍ လောင်းကစား ဝိုင်းများ ပြုလုပ်ပြီး ဆက်ကြေး ကောက်ခံခြင်း၊ ကျေးရွာ အုပ်စုအတွင်းရှိ တောင် သူများ ထံမှ စိုက်ဘဏ် ချေးငွေများ၊ သမဝါယမ ချေးငွေများကို အ​ကြမ်းဖက် စစ်ကောင်စီ ၏ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များနှင့် ပူးပေါင်း၍အတင်းအ​​ကျပ် တောင်း ခံပေးခြင်း၊ ကျေးရွာအုပ်စုအတွင်းသစ်မှောင်ခိုလုပ်ကိုင်သူ များထံမှ ငွေကြေး ကောက်ခံ၍တရားမဝင်ခွင့် ပြုလုပ်ကိုင်စေခြင်း ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။ 


ထို့ပြင် ကျေးရွာအုပ်စု အတွင်းရှိ စစ်ကောင်စီ ထောက်ခံသူများနှင့်ပူးပေါင်း၍ ပျူစောထီးအဖွဲ့များကို ၎င်းကိုယ်တိုင်ဦးဆောင်၍ စည်းရုံးဖွဲ့စည်း ဆောင်ရွက် ရန် ကြိုးစားနေခြင်း အပါအဝင် စစ်ကောင်စီအလိုကျ လိုက်ပါ ဆောင် ရွက် လုပ် ကိုင် ပေးနေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း နယ်ထိန်း ဇေယျာအောင် နှင့်ပတ်သက်သော အချက်အလက်များကို စိစစ်ရာ တွင် မှန်ကန် သည့်အတွက် ၄င်းလာရာလမ်းကြောင်းမှစောင့်၍ ပစ်ခတ် ရှင်းလင်း ခဲ့ရာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။


" ကျနော်တို့က သူ့ကိုအရှင်ဖမ်းပြီး သူ့ဆီက သဲကုန်းမြို့နယ် အတွင်း စစ်ကောင် စီ ၏ လုပ်ဆောင်နေသောလျှို့ဝှက်လုပ်ငန်းများ စစ်ဆေး မေးမြန်း ရန် လက် နက် ချခိုင်းသော်လည်း သူကအသင့်ပါလာသော G3 သေနတ် ဖြင့် စပြီး ပြန် လည် ခုခံ ပစ်ခတ်တဲ့အတွက် ကျနော်တို့က လက်ဦးမှုရယူပြီး ဆီး စပ် ကို တစ်ချက်၊ နားထင် တစ်ချက်၊ရင်ညွန့် တစ်ချက် စုစုပေါင်းကျည် ၃ တောင့် ဖြင့် ၃ ချက်​ပစ်ခတ်ရှင်းလင်းလိုက်ရ​ပါတယ်" ဟု သဲကုန်းမြို့နယ် ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။


သေဆုံးသွားသော နယ်ထိန်း ရဲတပ်သား ဇေယျာအောင်ထံမှ G3​သေနတ် ၁ လက်၊ကျည်ဘောက် ၂ ခု၊ ကျည် ၁၁၉ တောင့် ၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီး ၊လက်ထိပ် ၁ ခု၊ ဘေးလွယ်အိတ် ၁ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ သည်။ 


အကြမ်းဖက်စစ်ကောင်စီအလိုကျပူးပေါင်းဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင်များ ၊အကြမ်းဖက်စစ်သားများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီအလိုကျ ပူးပေါင်း ဆောင်ရွက်ခြင်းမပြုရန်၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဌာန၏လုပ်ငန်းများ အဆင်ပြေ ရေးကိုဦးစားပေး၍ပြည်သူကိုငဲ့ညှာမှုမပြုဘဲ ဆောင်ရွက်ပေးနေခြင်း၊တို့ကို အရေးယူမည်ဖြစ်ကြောင်း သတိပေးထားသည်။


အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်း၍လုပ်ကိုင်ရမည့်မည်သည့်လုပ်ငန်းများကိုမဆို ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုရန်၊ စစ်ကောင်စီ အလိုကျ ဆောင်ရွက် သူ များ အနီးတွင် နေထိုင် သွားလာ ဆက်ဆံခြင်း မပြုရန် ထပ်မံသတိပေး အပ် ကြောင်း၊ အကယ်၍ ထိုသို့တားမြစ်နေသည့်ကြားမှ စစ်ကောင်စီ၏ လုပ်ငန်း များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း၊ အများပြည်သူ အကျိုး ကိုငဲ့ကြည့် မှုမရှိဘဲ မိမိ ကိုယ်ကျိုးစီးပွား အတွက်သာကြည့်ပြီး ပြည်သူလူထုကို မဖိနှိပ်ရန် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသော မည်သူကိုမဆို အရေးယူ ရှင်းလင်း သွားမည် ဖြစ်ကြောင်း TPDF သဲကုန်းမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ခွဲ ၄၊ တပ်ခွဲမှူး ဗိုလ်ဆူးထက်က ထုတ်ပြန်ထားသည်။

ချင်းတောင်တန်းပေါ်တွင် ပြန်လမ်းမရှိတော့သည့် စစ်ကောင်စီ၏ စွန့်ပစ်ခံ သံချပ်ကာ ကား ၂ စီးကို စစ်တပ်က ပြန်မသယ်ယူနိုင်တော့


 ချင်းတောင်တန်းပေါ်တွင် ပြန်လမ်းမရှိတော့သည့် စစ်ကောင်စီ၏ စွန့်ပစ်ခံ သံချပ်ကာ ကား ၂ စီးကို စစ်တပ်က ပြန်မသယ်ယူနိုင်တော့


ရန်ကုန်၊ ဧပြီ ၂၀ 


ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရိက္ခာနဲ့ လက်နက်တင် ကားတန်း ကို ချင်းကာကွယ် ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အဲဒီအထဲမှာ စစ်ကောင်စီတပ်ပိုင် သံချပ်ကာကား ၂ စီးကိုလည်း လမ်းဘေးမှာ သုံးမရတော့တဲ့ အနေအထားနဲ့ တွေ့မြင်နိုင်ပါတယ်။ 


"သံချပ်ကာ ကား ၂ စီးက နေရာ နည်းနည်းကွာတယ် ရှိနေတာ။ တစ်စီးက မီးလုံး၀ လောင်သွားပြီး သုံးမရတော့ဘူး။ နောက်တစ်စီးကတော့ ပျက်သွားပြီ။ သူကတော့ အပြင်မှာ အကောင်းအတိုင်း ကျန်သေးတယ်။ အထဲမှာတော့ စက် တွေ အကုန်ပျက်သွားပြီ။ အဲဒီကားက ကျည်ဆန်တွေ ဗုံးတွေတော့ အကုန် လုံးယူပြီးပြီ။ သံချပ်ကာ ကား ၂ စီးလုံး ဒီအတိုင်းပဲ" လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ မှ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။ 

 

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါးလမ်း၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ ကား ၂ စီးနဲ့ ယာဉ်တန်းကို ချင်းကာ ကွယ်ရေးတပ်ဖွဲ့ CNA နဲ့ မဟာမိတ်တပ်များက ဧပြီလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့ တွေမှာ ပူးပေါင်း ဖျက်ဆီးနိုင်ခဲ့တာပါ။


စစ်ကောင်စီတပ်ရဲ့ သံချက်ယာဉ် ၂စီးကို CNA နဲ့ မဟာမိတ်ပူးပေါင်းတပ် များ က ဖျက်ဆီးနိုင်ခဲ့ပြီး ယာဉ်တန်းကို တောက်လျှောက် ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ် တယ် လို့ သိရပါတယ်။ 


"အဲဒီယာဉ်တန်းကို တောက်လျှောက်ဆိုသလို တိုက်ခိုက်နေတာမှာ သံချပ်ကာ ၂ စီးနဲ့ အခြားယာဉ်တွေပါ ဖျက်ဆီးနိုင်လိုက်တယ်" လို့  ချင်းကာကွယ်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။ 


"စစ်တပ်က  ချွန်ကျုံးကျေးရွာထဲမှာ တပ်စွဲပြီးတော့ လက်နက်တွေ၊ ရိက္ခာတွေ သိမ်းထားတာ။ အဲဒါတွေက တိုက်ပွဲဖြစ်ပြီး အကုန်မီးလောင်သွားတယ်။ ရွာထဲ က အိမ်တွေလည်းမီးလောင်တယ်။ ရွာထဲမှာ ပြည်သူတွေက မရှိတော့ဘူး။ အကုန် ပြေးကုန်ကြပြီ။ စစ်တပ်က ရွာထဲဝင်ပြီး နေရာယူထားတာ။ ကားတန်း အတိုက်ခံရတော့ လက်နက်တွေ ရိက္ခာတွေကို အဲဒီရွာထဲ ရွှေ့ထားတာ" ဟု ချင်းကာကွယ်ရေးသတင်းရင်းမြစ်က ဆိုသည်။ 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်နဲ့  ၁၇ မိုင်အကွာ ချွန်ကျုံးရွာမှာ ချင်းတော်လှန် ရေးပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား ဧပြီ ၁၃ ရက်နေ့မနက် ပိုင်းမှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်ခဲ့ ပါသေးတယ်။ 


စစ်ကောင်စီစစ်ကြောင်းအနေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့အကြိမ်ကြိမ် တိုက် ခိုက်မူကိုခံခဲ့ရပြီး စစ်ကောင်စီအဖွဲ့ဝင် သုံးဆယ်ဝန်းကျင်သေဆုံးခဲ့သလို ကားငါးစီးကိုလည်း လမ်းမှာစွန့်ပစ်ခဲ့ရပါတယ်။ 


ချင်းတောင်တန်းတွေရဲ့ လမ်းတွေပေါ်မှာ သုံးမရတော့ စစ်ကောင်စီရဲ့ ရိက္ခာ တင် ကားတွေနဲ့အတူ စွန့်ပစ်ထားတဲ့ သံချပ်ကာ ကား ၂စီးကတော့ ချင်းပြည် နယ် ဟာ ချင်းတိုင်းရင်းသားတွေရဲ့ အုပ်ချုပ်မှုအောက်ကို အပြည့်အ၀ ရောက် နေပြီ ဖြစ်တယ်ဆိုတဲ့ လက္ခဏာကိုလည်း ပြသနေတာလည်းဖြစ်ပါတယ်။

CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ်ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်


 CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ်ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်


■ စစ်ဒေသ ၄ ခု ဖွဲ့စည်းပြီး စစ်အာဏာရှင်ကို တိုက်ထုတ်မည်


ရန်ကုန်၊ ဧပြီ ၂၀ 


CDM စစ်အရာရှိများနှင့်ရဲအရာရှိများ ဦးဆောင်သော မိုးကြိုးပျောက်ကျား တပ် ဖွဲ့ အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး စစ်ဒေသ ၄ ခု ဖွဲ့ စည်း ကာ စစ်အာဏာရှင်ကို တိုက်ထုတ်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 


မိုးကြိုးပျောက်ကျားတပ်ဖွဲ့ - အမှတ် ၄၀၄ တပ်ရင်း သင်တန်းဆင်းပွဲကို လွတ် မြောက်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပြီး မိုးကြိုးပျောက်ကျားတပ်ဖွဲ့ကို CDM တပ်မတော် အရာရှိများ ၊ ရဲအရာရှိများက ဦးစီး၍ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ကြောင်း၊ ယခုအခါ စစ်ဒေသ ၄ ခုဖွဲ့စည်းတည်ထောင်ထားပြီးဖြစ် ကြောင်း သိရှိရသည်။ 


မိုးကြိုးပျောက်ကျားတပ်ဖွဲ့ ၏ ရည်ရွယ်ချက်အနေဖြင့် အာဏာရှင်နှင့် မဟာ လူမျိုးကြီးဝါဒချုပ်ငြိမ်းရေး ၊ ပင်လုံကတိကဝတ်ကိုလေးစားတန်ဘိုးထားရေး ၊ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အချုပ်အခြာအာဏာအပြည့်အဝရှိသည့် တိုင်းရင်းသားပြည်နယ်များပေါ်ထွန်းရေး ၊ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးကို လေးစားတန်ဖိုးထားရေး နိုင်ငံရေးဆိုင်ရာ မူဝါဒများဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့က ဆိုသည်။

Wednesday 19 April 2023

"၂ရက်တာတိုက်ပွဲအတွင်း စကစ(၂၄)ဦးသေဆုံး၊ (၂၃)ဦးဒဏ်ရာရ၊ လက်နက်များသိမ်းဆည်းရမိ"


 "၂ရက်တာတိုက်ပွဲအတွင်း စကစ(၂၄)ဦးသေဆုံး၊ (၂၃)ဦးဒဏ်ရာရ၊ လက်နက်များသိမ်းဆည်းရမိ"


 တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ ခလရ(၂၀၇)၊ BGF(၁၀၁၉)တပ်ရင်း တို့အား ရင်ဆိုင်တိုက်ပွဲများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။

 (၁၈.၄.၂၀၂၃) တွင် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ သန်းခေါင်ကျော်အချိန်မှစ၍ ရန်သူဘက်မှ လက်နက်ကြီးပစ်ကူယူ၍ နံနက် (၅)နာရီ အချိန်တွင် စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ပူးပေါင်းတပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ့ဘက်မှ (၄) ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရခဲ့သည်။ ရန်သူ့ထံမှ 40mm (၁)လက်၊ အေကေ (၁)လက် အား သိမ်းဆည်းရမိခဲ့သည်။ ရန်သူဘက်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် မိမိတို့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။

 (၁၉.၄.၂၀၂၃) တွင် မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ သန်းခေါင် ၁၂နာရီမှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရန်သူဘက်မှ စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေးယူထားသော မိမိတို့ ပူးပေါင်းတပ်ဖွဲ့များနှင့် နံနက် ၆ နာရီတွင် ထိတွေ့မှုတိုက်ပွဲ စတင်ခဲ့သည်။ ရန်သူဘက်မှ (၂၀) ဦး သေဆုံး၊ (၁၈) ဦး ဒဏ်ရာရခဲ့ပြီး အမ်အေ1 (၁)လက်၊ အမ်အေ2 (၁)လက်၊ အမ်အေ3 (၁)လက်၊ နာတိုပြောင်း (၁)ပြောင်း၊ 60mmကွန်မန်ဒိုပြောင်း (၁)ပြောင်း၊ 60mmပြောင်းရှည် (၁)ပြောင်း၊ နာတိုကျည် (၅၂၀)တောင့်၊ နာတိုကျည်ကြိုး (၁၂)ကြိုး၊ ကပစကျည် (၁၅၀၀)တောင့်၊ အေကေကျည် (၁၄၀)တောင့်၊ 60mm (၂၃)လုံး၊ အီနာဂါ (၁၈)လုံး၊ အီနာဂါပို့ကျည် (၂၀)တောင့်၊ 40mm (၃၉)လုံး၊ အမ်အေကျည်ဘောက် (၁၉)ဘောက်၊ အေကေကျည်ဘောက် (၁)ဘောက်၊ နင်းမိုင်း (၇)လုံး၊ လက်ပစ်ဗုံး (၂) လုံး အား သိမ်းဆည်းရမိခဲ့သည်။ ရန်သူဘက်မှ အကျအဆုံးများသဖြင့် ၈နာရီခွဲမှစ၍ လက်နက်ကြီးများနှင့် လေကြောင်းအသုံးပြုကာ (၅)ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သဖြင့် မိမိတို့ကော်ဘရာစစ်ကြောင်းမှ ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်။

မြိုင်မြို့နယ် ၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေး ကုသမှု ခံယူနေသော လူငယ်တချို့ကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား၊ အသက် ၁၇ နှစ်အရွယ် လူငယ် အလောင်း တွေ့ရှိရ


မြိုင်မြို့နယ် ၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေး ကုသမှု ခံယူနေသော လူငယ်တချို့ကို ပစ်သတ်ကာ ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား၊ အသက် ၁၇ နှစ်အရွယ် လူငယ် အလောင်း တွေ့ရှိရ 


ရန်ကုန်၊ ဧပြီ ၁၉ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ တွင် ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထား ကြောင်း ပြည်သူ့ကာကွယ်ရေးသတင်းရင်း မြစ်က ပြောသည်။ 


ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်၊ မကျီးကန်ရွာကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် ပစ်ခတ်ကာ Mi 17 ရဟတ်ယာဥ် ၂ စီးဖြင့် စစ်သားများ ချထားကာ ဝင်ရောက် စီးနင်းခဲ့ကြောင်း၊ ရွာဆေးရုံရှိ လူနာများနှင့် သက်ကြီးရွယ်အိုများကို ဓားစာခံ အဖြစ် ဖမ်းဆီးထားပြီး ထွက်ပြေးကြသည့် ဆေးဝါးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ပစ်သတ်ခံရကြောင်း ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ 


စစ်တပ်က ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပြန်လည်ထွက်ခွာသွားသော လက်ရှိအချိန်တွင် လူငယ် ၁ ဦး အလောင်းကို စတင်တွေ့ရှိရကြောင်း သိရှိရသည်။ 


"မနေ့ကအသတ်ခံရတဲ့ အသက် ၁၇ နှစ် ၉ တန်းကျောင်းသားအလောင်းတလောင်းတွေ့ပါတယ်။ ဆေးတွေကို မီးရှို့ဖျက်ဆီးတယ်။ ဓါတ်ခွဲခန်းကိုလည်း ဖျက်ဆီးခဲ့တယ်။ ဆေးရုံရှေ့အိမ် ၄ အိမ် မီးရှို့ခံရတယ်" ဟု ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။ 

 

စစ်တပ် မကျည်းကျေးရွာကို ဝင်ရောက်စီးနင်းရာတွင် လေကြောင်းဖြင့် တိုက်ခိုက်ပြီးမှ စစ်အင်အားများချကာစီးနင်းဖြစ်၍ ရုတ်တရက် ဝင်ရောက် စီးနင်းမှုဟု ဒေသပြည်သူများက ဆိုကြသည်။  


" မကျီးကန် ဆေးရုံကို စစ်တပ်က ဝင်စီးတဲ့အချိန်မှာ မပြေးနိုင်ဘဲ ဆေး ကုနေ တဲ့ ခြေပြတ်လက်ပြတ် လူငယ်လေးတွေကိုပစ်သတ်လိုက်ပြီ။ စုစုပေါင်း ၁၀ ဦးဝန်းကျင် ခန့်မှန်းရှိနိုင်ပါတယ်။ စစ်တပ်က လေကြောင်းနဲ့ မြိုင်နယ် မကျည်း ကန် ဆေးရုံနဲ့ ရွာကို လေ‌ကြောင်းနဲ့ တိုက်ခိုက်၊ပြီးတော့ လေယာဉ်ပေါ်က ဆင်း ပြီး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်တယ်။ အဲဒါ ဆေးရုံမှာ ဆေးကုသမှုခံ ယူ နေ တဲ့ လူငယ်တွေလည်း ကြောက်လန့် တကြားထွက်ပြေးတော့ ဝေးဝေး မပြေးနိုင်သူတွေ ပစ်သတ်ခံရတယ်။ ဆေးဝါးကုသမှု ခံယူနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေလည်း ပစ်သတ်ခံရမှုမှာ ပါနိုင်တယ်။ " ဟု ပြည်သူ့ကာကွယ်ရေး သတင်း ရင်းမြစ်က ဆိုသည်။ 


ထို့ပြင် မကျီးကန်ဆေးရုံနှင့် မကျီးကန်ကျေးရွာအတွင်းမှ ပြည်သူ ၃၀ ဦးကို လည်း စစ်တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက် မေးမြန်းလျက်ရှိကြောင်း ဒေသပြည်သူတချို့ကဆိုသည်။ 


"အဖမ်းခံထားရသူတွေ ၃၀ လောက်ရှိမယ်။ အဲဒါတွေကိုလည်း တစ်နေရာတည်း မှာ စုပြီး ညှဉ်းပန်းနှိပ်စက်နေတယ်လို့ သတင်းရပါတယ်။ခွေးတွေ မထွက်သေး တော့ အခြေအနေအသေးစိတ်မပြောနိုင်ဘူး။ အခြေအနေက စိုးရိမ်စရာပါပဲ" ဟု ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ဆိုသည်။ 


စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄ လုံး၊ ကား ၂ စီး၊ဆိုင်ကယ် ၄ စီးတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် မွှေနှောက်သွားပြီး ရွှေထည် ပစ္စည်းများ ၊ပိုက်ဆံများ နှင့် ပြည်သူများထံမှ ဖုန်းအလုံး ၁၀၀ ကျော်ကိုလည်း ယူဆောင်သွား​ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်နီ ပျူရွာကို ရောက်ရှိလျက်ရှိကြောင်း မြိုင်မြို့ နွေဦးတော်လှန်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ 


စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်မူ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၂၀ ဦးတို့ ကို PDF နှင့် ဆက်စပ်နိုင်သည်ဟုဆိုကာ ဖမ်းဆီး ထိန်းသိမ်း ခေါ်ဆောင်သွား သည်ဟု သိရှိရသည်။ 

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...