Saturday 29 June 2024

#BreakingNews || မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီဟု ချင်းညီနောင်ထုတ်ပြန်



 #BreakingNews  || မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီဟု ချင်းညီနောင်ထုတ်ပြန်


ခိုနူမ်းသုန်သတင်း၊ ၂၉ ဇွန် ၂၀၂၄


ချင်းပြည်တောင်ပိုင်းတွင် အကြီးဆုံးသော စစ်ဗျူဟာအခြေစိုက်ရာ မတူပီမြို့ကို ယနေ့ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ချင်းညီနောင်က ထုတ်ပြန်သည်။ 


ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ဇွန်လ ၂၉ ရက်နေ့တွင် စစ်ဗျူဟာကုန်း နှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းမှုများလည်း လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ချင်းညီနောင်က ယနေ့ဇွန်လ ၂၉ ရက်ညတွင် ထုတ်ပြန်လာသည်။ 


 “၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး” ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်အာရက္ခတပ်တော် AA၊ Yaw Army(YA)၊ Yaw Defense Force (YDF) အစရှိသည့် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ ၉ ရက်မှ စတင်၍ မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 


ချင်းညီနောင်စစ်ဆင်ရေးတွင် အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အဂ်ါပေးဆပ်ကြသည့်ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု ၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိနှင့် ဇွဲလုံ့လရှိမှုအပေါ် လေးစားဂုဏ်ယူကြောင်း၊ ချင်းပြည်နယ်ရှိ မြို့နယ်များအတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ချင်းညီနောင်ကဆိုသည်။

စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်



 စစ်ကောင်စီတပ်၏ ဗိုလ်မှူးအဆင့်မှ  တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်


ရန်ကုန်၊ ဇွန် ၂၉ 


အကြမ်းဖက် စစ်ကောင်စီတပ်မှ  ဗိုလ်မှူးအဆင့်မှ  တပ်သားအဆင့်အထိ တပ်ဖွဲ့ဝင် ၅၃ ဦး TNLAထံ လက်နက်ချ အလင်းဝင်ကြောင်း TNLA က ပြောဆိုသည်။ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့်  မိုးမိတ်မြိုနယ်တို့တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ဇွန်လ ၂၅ရက်နေ့မှ စတင်ခဲ့ပြီး ဇွန်လ ၂၉ရက်နေ့အထိ စစ်ဆင်ရေး ​၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ဗိုလ်မှူးအဆင့်မှ တပ်သားအဆင့် တပ်ဖွဲဝင်  ၅၃ ဦးလက်နက်ချအလင်းဝင်ခဲ့ကြောင်း သိရှိရသည်။ 


 စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ဗိုလ်ကြီး  ၄ ဦး၊ ရဲအုပ်  ၁ ဦး၊ တပ်ကြပ်ကြီး ၆ ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း) ၁ဦး၊ တပ်ကြပ်  ၁၁ ဦး၊ ဒုတပ်ကြပ် ၉ ဦး၊ ရဲတပ်သား ၁ ဦးနှင့် စစ်သား ၁၉ ဦး ၊တပ်ဖွဲဝင် ၅၃ ဦးတို့က TNLA ထံ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။ 


ဇွန်လ ၂၆ ရက်နေ့တွင်လည်း နောင်ချိုမြို ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက်နက်မျိုးစုံ  ၅၀ ကျော် သိမ်းဆည်းရမိထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်  ၁၇ ဦးလည်း တအာင်းတပ်မတော် TNLA ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည့် နန့်သာရွာစခန်းရှိ စကစ အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့


 ပြည်သူကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည့် နန့်သာရွာစခန်းရှိ စကစ အကုန်လုံးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့


29 June 2024 - Kachinwaves


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာတပ်စွဲထားသည့် စစ်ကောင်စီအတွက် အ‌ရေးပါသည့် တပ်စခန်းတစ်ခုအား တော်လှန်ရေးတပ်ဖွဲ့များမှ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။


အဆိုပါ နန့်သာရွာစခန်းတွင် စစ်ကောင်စီတပ် အင်အား ၂၀ ခန့်သာရှိသော်လည်း စစ်ကောင်စီတပ်က ရွာတွင်ကျန်ရှိနေသည့် ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ၎င်းဖမ်းဆီးခံရသည့် ပြည်သူများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် အများအပြား သေဆုံးခဲ့ရသည့်အတွက် တိုက်ပွဲကို ခတ္တရပ်နားခဲ့ရကြောင်း ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။


နန့်သာရွာစခန်းတွင် တပ်မ ၇၇ မှ အင်အား ၁၇ ဦးခန့် အထိုင်ချနေသည့် စစ်ကောင်စီစခန်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူမရှိပဲ ခလရ (၆) မှ သုံးပွင့်ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် ၁၆ ဦးသေဆုံးကာ တပ်ကြပ်တစ်ဦး ၁ ကို အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ရှေ့တန်းရဲဘော်တစ်ဦးက ပြောသည်။


"တစ်ယောက်မှ လွတ်တာမရှိပါဘူး။ အကုန်အသေတွေချည်းပဲ ရတာပါ။ ၁ ဦးကတော့ ထွက်ပြေးသွားသေးတယ်။ ပြန်လိုက်ဖမ်းတဲ့အခါမှာ ပြန်ဖမ်းမိခဲ့တယ်။"ဟု ဆိုသည်။


လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခြင်းထားသည့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အတွက် တိုက်ပွဲကို ခတ္တရပ်နားခဲ့ရကာ ဇွန် ၂၈ ရက်နေ့ နံနက် ၄ နာရီတွင် ပြန်လည်တိုက်ခိုက်ခဲ့၍ နံနက်ပိုင်း ၉ နာရီတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်းလည်း ပြောသည်။


"စတာတော့ ၂၂ ရက်နေ့မှာ စတာပေါ့လေ။ သူတို့က ပြည်သူတွေကို ဓားစာခံဖမ်းတာတွေရော လေကြောင်းနဲ့ပစ်လို့ ဓားစာခံပြည်သူတွေ အများကြီးသေတာတွေရောဆိုတော့ တိုက်ပွဲကို ၃ ရက်လောက် နားလိုက်ရတယ်ပေါ့လေ။ အဲ့တာ ၂၈ ရက်နေ့ မနက်ပိုင်းမှ ပြန်စတိုက်ခဲ့ရတာ။ တိုက်ပွဲကြာချိန် ၅ နာရီလောက်ရှိသွားတယ်။ မနက် ၉ နာရီမှာပဲ အပြီးသတ်သိမ်းနိုင်ခဲ့တယ်။"ဟု ဆိုသည်။


တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် စစ်ကောင်စီဘက်မှ အလောင်း ၁၆ လောင်းအပြင် လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံး၊ ဦးထုပ် (၁၁) ခု၊ ဆန်အိတ် (၄၁) အိတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲဖြစ်နေစဉ်အတွင်း နံနက် ၈ နာရီအချိန်ခန့်တွင် တံတားဦးမှတက်သည့် ဂျက်ဖိုက်တာနှင့် လေကြောင်းတိုက်လိုက်မှု ပြုလုပ်ခဲ့သည့်အတွက် PDF ရဲဘော်နှစ်ဦး ထိခိုက်‌ခဲ့ပြီး အင်းတော်စစ်တပ်ကုန်းမှလည်း လက်နက်ကြီးဖြင့် အကြိမ် ၄၀ နီးပါး ပစ်ခတ်ခဲ့သည်ဟု သိရသည်။


တိုင်ပွဲတွင် KIA တပ်မဟာ ၉ လက်အောက်ခံ တပ်ရင်း (၄၄) နှင့် ကသာခရိုင် အမှတ် (၂) တပ်ရင်း ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Friday 28 June 2024

TNLA က သိမ်းပိုက်ရရှိသော နောင်ချို ခမရ ၁၁၅ တပ်စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများ ရရှိ


 TNLA က သိမ်းပိုက်ရရှိသော နောင်ချို ခမရ ၁၁၅ တပ်စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများ ရရှိ


ရန်ကုန်၊ ဇွန် ၂၈ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် TNLA က သိမ်းပိုက်ရရှိထားသော ခမရ ၁၁၅ စခန်းမှ လက်နက် ၃၈၀ ကျော်နှင့် ခဲယမ်းအမြောက်အများရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 


ဇွန်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၆ ရက်နေ့တို့တွင် နောင်ချိုမြို့ စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်စခန်းကို TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်း စစ်ကောင်စီလက်နက်မျိုးစုံ ၃၈၀ ကျော် သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။


သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 ၂၄ လက်၊ MA-2 ၁၃ လက်၊ MA-3 ၃၆ လက်၊ MA-4 ၃ လက်၊ M22 ၁ လက်၊ G3 ၁၀ လက်၊ ရိုင်ဖယ်သေ နတ် ၁၀၃ လက်၊ ကာ ဘိုင်သေနတ် ၁၅၉ လက် စသည့်ချေမှုန်းရေးလက်နက် စုစုပေါင်း ၃၄၉ လက်၊စက် လက်အသေး ၁၁ လက်၊ MA-15 (ငါးကြင်းမီး) ၁ လက်၊ 0.5 ၁ လက်၊ M79 ၁ လက် ၊ ၈၁ မမ ၁ လက်၊ ၈၁ မမ (နောက်ပွင့်) ၂ လက်၊ RPG-7 ၄ လက်၊ ၆၀ မမ ၂ လက်၊ ပြောင်းသေး ၆၀ မမ ၁၀ လက် တို့ကို သိမ်ဆည်းရရှိကြောင်း၊ လက်နက်ငယ် ကျည်အမျိုးမျိုး ၅၀,၀၀၀ ကျော် RPG ၊ ၆၀/၈၀ မမ ကျည်အမျိုးမျိုး၊ ၅၀၀ ကျော် ၊ ဗုံးသီး၊ မိုင်းနှင့် စကား ပြောစက်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။ 


ထို့ပြင် ဇွန်လ ၂၆ ရက်နေ့ နောင်ချိုမြို ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှ လက် နက်မျိုးစုံ ၅၀ ကျော်ကိုလည်း သိမ်းဆည်းရမိထားသည့်အပြင် လက် နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးနှင့်အတူ လက်နက်မျိုးစုံ ၅၀ ကျော်ပါ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ရှမ်းမြောက်တွင် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်ဟု စစ်ကောင်စီက တရုတ်ထံသို့ အသိပေးတိုင်ကြားပြီး ဟန့်တားပေးရန် တောင်းဆို


 ရှမ်းမြောက်တွင် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်ဟု စစ်ကောင်စီက တရုတ်ထံသို့ အသိပေးတိုင်ကြားပြီး ဟန့်တားပေးရန် တောင်းဆို


■ မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ပေးရန် သမ္မတဟောင်း သိန်းစိန်ထံမှတစ်ဆင့် တရုတ်ခေါင်း ဆောင်များထံသို့ စစ်ကောင်စီက သတင်းစကားပါး


ရန်ကုန်၊ ဇွန် ၂၈ 


ရှမ်းပြည်နယ်မြောက်ပိုင်းတွင်း ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို တအာင်း TNLA က ချိုးဖောက်ပြီး ထိုးစစ်ဆင်နေသဖြင့် အဆိုပါ ထိုးစစ်ကို ဟန့်တားပေးရန် စစ်ကောင်စီက တရုတ်ထံသို့ အသိပေး တိုင်ကြားတောင်းဆိုလိုက်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


စစ်ကောင်စီက TNLAတပ်စခန်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်းဖြင့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ခြင်းတို့ ကြောင့် ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး TNLA က စစ်ကောင်စီတပ်စခန်းများကို စတင် တိုက်ခိုက်ခဲ့ကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်သူမှာ TNLA ဖြစ်သည်ဟု တရုတ်ထံသို့ တိုင်ကြားကြောင်း ၊ ထို့ပြင် TNLA ၏ ထိုးစစ်ကိုလည်း ဟန့်တားပေးရန် တောင်းဆိုကြောင်း သိရှိရသည်။


ထို့ပြင် ဇွန်လ ၂၇ ရက်နေ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက် ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်း အနားတက်ရောက်ရန် တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည့် သမ္မတဟောင်း သိန်းစိန်နှင့်လည်း မြန်မာ့ငြိမ်းချမ်းရေးအတွက် ကြားဝင် ညှိနှိုင်းပေးရန် တရုတ်ခေါင်းဆောင်များထံသို့ အကြမ်းဖက် မင်းအောင်လှိုင်က သတင်း စကားပါးထားကြောင်း သိရှိရသည်။  


ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး မိုးကုတ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် မိုးမိတ်မြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၅ ခုတို့တွင် TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်လျက်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ - TNLA က ထိန်းချုပ်လိုက်သော နောင်ချိုမြို့ပေါ်ရှိ KBZ ဘဏ်ခွဲ။

Thursday 27 June 2024

ရှမ်းမြောက်ဒေသ နှင့် မန္တလေးတိုင်း စစ်ဆင်ရေးများတွင် PDF တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်နေပြီး အောင်ပွဲများ ဆက်တိုက် ရရှိထားဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အသိပေး



 ရှမ်းမြောက်ဒေသ နှင့် မန္တလေးတိုင်း စစ်ဆင်ရေးများတွင် PDF တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်နေပြီး အောင်ပွဲများ ဆက်တိုက် ရရှိထားဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အသိပေး


ရန်ကုန်၊ ဇွန် ၂၇


ရှမ်းမြောက်ဒေသ နှင့် မန္တလေးတိုင်း စစ်ဆင်ရေးများတွင် PDF တပ်ရင်း၊ တပ်ဖွဲ့များ ပါဝင် တိုက်ခိုက်နေပြီး အောင်ပွဲများ ဆက်တိုက် ရရှိထားဟု NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။


ရှမ်းမြောက် ဒေသ၌ ဇွန်လ ၂၅ ရက်နေ့က ပြန်လည် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ နှင့်အတူ ဟန်ချက်ညီ စစ်ဆင်မှုများကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များက ဆင်နွဲလျက်ရှိပြီး ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းတွင် အောင်ပွဲများ ဆက်တိုက် ရရှိထားကြောင်း သိရသည်။


ရှမ်းမြောက်ဒေသ နှင့် မန္တလေးတိုင်းစစ်ဆင်ရေး နယ်မြေများ အတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ၊ မိုးကုတ် ဗျူဟာ တပ်ရင်း (၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄)၊ အမှတ် ၅၁၃ တပ်ရင်း၊ ကျောက်မဲ ခရိုင် အထူး တိုက်ခိုက်ရေး တပ်ဖွဲ့၊ ပြင်ဦးလွင် ခရိုင် ပကဖ၊ မိုးကုတ် မြို့နယ် ပကဖ၊ မတ္တရာ မြို့နယ် ပကဖ တို့ ပါဝင်ကာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ စစ်မျက်နှာများတွင် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့်အတူ တိုက်ပွဲ ဝင်လျက်ရှိကြောင်း သိရှိရသည်။ 


နောင်ချို မြို့ရှိ ခမရ ၁၁၅ ၊ မတ္တရာ မြို့နယ်တွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်း၊ ရေစိုတောင် စခန်း၊ (၆၀၆) ဒုံးတပ်ရင်း များကို သိမ်းပိုက်ရရှိထားပြီး ခမရ (၁၁၄)၊ (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင် တို့ကို အပြီးသတ် သိမ်းပိုက်ရေး ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။


မိုးကုတ်မြို့ နှင့် ကျောက်မဲမြို့များကိုလည်း မဟာမိတ်များ နှင့် အတူ ပူးပေါင်း တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ် စခန်း အများစုကို သိမ်းပိုက်ထားနိုင်ကာ အောင်ပွဲများ ဆက်တိုက် ရရှိလျက်ရှိကြောင်း၊ ရှမ်းမန်း စစ်ဆင်ရေး၏ ထူးခြားချက်သည် ရှမ်းမြောက်ဒေသ နှင့် ဆက်စပ်လျက် မန္တလေးတိုင်းထဲသို့ပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့် တော်လှန်ရေး အင်အားစုများ ထိုးဖောက် ဝင်ရောက် စစ်ဆင်နေခြင်း ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

မတ္တရာ မြို့နယ်က စကစ ထောက်ပို့ယဉ် သိမ်းဆည်းရမိ



 မတ္တရာ မြို့နယ်က စကစ ထောက်ပို့ယဉ် သိမ်းဆည်းရမိ


မန္တလေး၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ် ၂ စီးနဲ့ စစ်သုံ့ပန်း ၄ ဦးတို့ကို ပြင်ဦးလွင် ခရိုင် ပကဖနဲ့ မတ္တရာမြို့နယ် ပကဖတို့က ဇွန် ၂၆ ရက်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သေနတ် ၄ လက်နဲ့ ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သတင်းရရှိသည်။


စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ် ၂ စီးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စစ်သုံ့ပန်း ၄ ဦးကိုလည်း ဇွန် ၂၆ ရက်၊ ညပိုင်းမှာ အရှင်ဖမ်းမိခဲ့တဲ့ အပြင် ‌G 3 ၃ လက်၊ MA 13 တလက်နဲ့ ကျည် အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖားကန့် ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး နာမည်စာရင်းများ ရရှိ



 ဖားကန့် ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးပြီး နာမည်စာရင်းများ ရရှိ


ရန်ကုန်၊ ဇွန် ၂၇


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိုင်းတောင်ရဲစခန်းတွင် အစည်းအဝေး လုပ်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချရာ ဒုရဲမှူးကြီး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဆိုင်းတောင်ရဲစခန်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အစည်းအဝေး ပြုလုပ်နေစဥ် KIA က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ဖားကန့် ရဲတပ်ရင်းမှူး အောင်သူရ အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


" ဆိုင်းတောင်ရဲစခန်းမှာ သူတို့ အစည်းအဝေးလုပ်နေတုန်း KIA က drone နဲ့ ဗုံးလာကျဲတဲ့ထဲမှာ သေတာ ရဲ ၁၀ ကောင်သေတယ်။ ၆ ကောင် ဒဏ်ရာပြင်းထန်တယ်။ " ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။


ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသွားကြသူများမှာ -


၁- ဒုရဲမှူးကြီး အောင်သူရ

၂- ဒုရဲမှူး ခိုင်စိုးဟန်

၃- ရဲအုပ် ထွန်းခိုင်စိုး

၄-ရဲတပ်ကြပ်ကြီး သိန်းစိုး

၅-ဒုတပ်ကြပ် ဇော်မိုး

၆-တသ ဟိန်းမင်းထက်

၇-တသဖြိုးထက်အောင်

၈-တသဇော်၀င်းကျော်

၉-တသထွန်းထွန်းလင်း

၁၀-တပ်ကြပ်ကြီး ၀င်းမြင့် တို့ဖြစ်ကြောင်း သိရှိရသည်။ 


ဓာတ်ပုံ - ဖားကန့် ဆိုင်းတောင် တိုက်ပွဲအတွင်း သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

Wednesday 26 June 2024

ရေးမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်


 ရေးမြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်မှု ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့် 


ရန်ကုန်၊ ဇွန် ၂၆


မွန်ပြည်နယ်၊ ရေးမြို့ပေါ် မြို့မရဲစခန်းမှ ဒုတပ်ကြပ်ရဲ ၁ ဦး လက်နက်ယူဆောင်လာပြီး ရေးဘီးလူး တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သောကြောင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


ရေးမြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတပ်ကြပ် ရဲထက်ပိုင်သည် AK 47 ၁ လက် ၊ 7.62 ကျည် ၆၀ တောင့်၊ ကျည်ဘောက် ၂ ခု တို့ ယူဆောင်လာပြီး ရေးဘီလူးတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သောကြောင့် ငွေကျပ်သိန်း ၃၀ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြို့မရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူး အရှင်ဖမ်းမိ၊ အမှတ် ၃၅၂ အမြောက် တပ်နှင့် စခန်းသာကုန်းတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား


 ကျောက်မဲမြို့မရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူး အရှင်ဖမ်းမိ၊ အမှတ် ၃၅၂ အမြောက် တပ်နှင့် စခန်းသာကုန်းတို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား


■ မိုးကုတ်မြို့နယ်၊ ဒေါ်နန်းကြည်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ 


ရန်ကုန်၊ ဇွန် ၂၆ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မရဲစခန်းကို ယနေ့ နံနက်ပိုင်း TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ ရဲစခန်းကို သိမ်းပိုက်ရရှိပြီး စခန်းမှူးကိုလည်း အရှင်ဖမ်းဆီးရရှိကြောင်း ကျောက်မဲမြို့မှ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


"ဒီမနက်မှာ ကျောက်မဲမြို့မရဲစခန်းကို ဝင်တိုက်တာမှာ စခန်းမှူးအရှင်မိတယ်လို့ သိရတယ်။ စစ်တပ်ဘက်က သေဆုံးသူတွေလည်းရှိတယ်" ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ 


ထို့ပြင် ကျောက်မဲမြိုရှိ စစ်ကောင်စီ အမြောက်တပ်ကုန်း အမှတ် ၃၅၂ အ မြောက် တပ်ရင်းနှင့် စခန်းသာတို့တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျှက်ရှိကြောင်း၊ ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၅ နာရီ ၄၇ မိနစ်အချိန် ကျောက်မဲမြို စခန်းသာကုန်းတွင်လည်းကောင်း၊ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ် ၃၅၂ အမြောက်ကုန်းတွင်လည်းကောင်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။ 


အလားတူ ယနေ့ နံနက်ပိုင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် ၊ ဒေါ်နန်းကြည်တောင်ပတ်ဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်က နံနက် ၉ နာရီ ၂၀ မိနစ်အချိန် တိုက်လေယာဉ်ဖြင့် ဗုံး ၃ လုံးကျဲချသွားကြောင်း သိရှိရသည်။ 


"အခု တိုက်ပွဲဖြစ်နေတာက မိုးကုတ်အနောက်ဘက်၊ ဒေါ်နန်းကြည်တောင်ကို ဗဟိုပြုပြီး ဖြစ်နေတာ။ မနက်အစောပိုင်းကတည်းက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ကြတယ်။ နံနက် ၉ နာရီ ၂၀ မှာ တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးလာကျဲသွားတယ်။ မြေကြီးတွေတောင် တုန်တယ်" ဟု မိုးကုတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။ 


အကြမ်းဖက်စစ်ကောင်စီတပ်နှင့် TNLA တပ်များအကြား မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ ၊ သီပေါမြို့တို့တွင် ယမန်နေ့ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း သိရှိရသည်။ 


ဓာတ်ပုံ- ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ယမန်နေ့ တိုက်ပွဲတွင် သေဆုံးနေကြသည့် အကြမ်း ဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ။

Tuesday 25 June 2024

နောင်ချိုရဲစခန်းနှင့် မြို့ပေါ်ရှိဌာနဆိုင်ရာအချို့ကိုပါ TNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


 နောင်ချိုရဲစခန်းနှင့် မြို့ပေါ်ရှိဌာနဆိုင်ရာအချို့ကိုပါ TNLA နှင့်ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


မြရာ/ဧရာဝတီတိုင်းမ်

ဇွန် ၂၅ ရက်


ရှမ်းမြောက်၊ နောင်ချိုမြို့ရှိ ရဲစခန်းအပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY- PDF) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။


နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ်များ ယနေ့ ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ ပြီး စစ်ကောင်စီတပ်စွဲထားသည့် မိုး/ဇလရုံး၊ မီးသတ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့ဆေးရုံတို့ရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို တိုက်ခိုက်ပြီး ဌာနဆိုင်ရာရုံးအချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရ သည်။


နောင်ချိုမြို့အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ-၁၁၅၊ ခမရ-၁၁၄ နှင့် ပျူစောထီးအဖွဲ့များတပ်စွဲ ထားသည့် စစ်မှုထမ်းဟောင်းရုံးတို့ကို ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေကြောင်း TNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။


"ဟုတ်ပါတယ်။ ရဲစခန်းနဲ့ ဌာနဆိုင်ရာတွေကို သိမ်းပြီး သွားပြီ။ စစ်တပ်စခန်းတွေကိုတော့ တိုက်နေတုန်းပါ"ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။


TNLA နှင့် ပူးပေါင်းတပ်တို့သည် စစ်ကောင်စီ၏ ခမရ-၁၁၅ တပ်စခန်းအပြင် နောင်ချို-ပြင်ဦးလွင်လမ်းပိုင်းရှိ အုမ္မတီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းနှင့် ကျောက်မဲမြို့အနောက်မြောက်ဘက်ရှိ ငြိမ်းချမ်းရေးကုန်းတွင် နေရာယူထားသည့် စစ်ကောင်စီတပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်သည် ပြင်ဦးလွင်-နောင်ချိုလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် မပေးတော့ဘဲ ပိတ်ဆို့လိုက်ပြီး နမ့်လင်းခမ်းရွာထိပ်ရှိ စစ်ကောင်စီဂိတ်မှနေ၍ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများကို မြို့အတွင်း ပြန်ဝင်ခိုင်းကာ ပိတ်ဆို့ထားကြောင်း သိရသည်။


လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် စစ်ကောင်စီ၏ ခမရ ၁၁၅ တပ်ရင်းအတွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ ပစ်လိုက်သည့် ရှော့တိုက်ဒုံးများကျရောက်ပြီး ထိခိုက် ဒဏ်ရာရသူနှင့်‌ သေဆုံးသူများရှိကာ စစ်ကောင်စီက အပြင်းအထန်ခုခံနေရကြောင်း သိရသည်။


ပုံစာ- TNLA တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်နေစဉ် (ပုံဟောင်း) 


#ရှမ်းမြောက် #နောင်ချို #မြို့ပေါ် #ရဲစခန်း #ဌာနဆိုင်ရာများ #TNLA #MDY #PDF #သိမ်းပိုက် #Ayeyarwaddy_Times

အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA သိမ်း၊ ‌ဝှေလုံတပ်စခန်းမှ ၁၇ ဦး လက်နက်ချ



 အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA သိမ်း၊ ‌ဝှေလုံတပ်စခန်းမှ ၁၇ ဦး လက်နက်ချ

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * * *


ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်း (၃)ခုကို KIA သိမ်းပိုက်လိုက်ပြီး ‌ဝှေလုံတပ်စခန်းမှ စစ်ကောင်စီတပ်သား (၁၇)ဦး လက်နက်ချအညံ့ခံကြောင်း စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။


အင်းတော်ကြီးဒေသရှိ ညောင်ပင်နှင့် ဝှေလုံစခန်းကို ၂၀၂၄ခုနှစ် ဇွန်လ (၂၃)ရက်နေ့ ညပိုင်းတွင် သိမ်းပြီး ချောင်းဝတပ်စခန်းကိုမူ KIAက ဇွန်လ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း သိရသည်။


“မနေ့ညက(ဇွန်လ ၂၃ရက်နေ့) ညဦးပိုင်းမှာရတာပေါ့။ ‌ဝှေလုံနဲ့ ညောင်ပင်ကိုရတာ။ ဝှေလုံမှာက စစ်ကောင်စီတပ်သား (၁၈)ယောက်ပဲရှိတယ်။ (၁၇)ယောက် လက်နက်ချတယ်။ တစ်ယောက်သေတယ်။ လက်နက်ခဲယမ်း အကုန်လုံးရတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။


အဆိုပါ စစ်ကောင်စီတပ်သား (၁၇)ဦးသည် သက်ဆိုင်ရာရွာလူကြီးများ၏ ညှိနှိုင်းပေးမှုအရ လက်နက်ခဲယမ်းများကို စခန်း၌ထားခဲ့ပြီး အဝတ်တထည်ကိုယ်တခုဖြင့် စခန်းမှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။


“အခုမှရှင်းလင်းရေးလုပ်ပြီးသွားတာပါ။ လက်နက်ချတာက သူတို့ထွက်သွားချင်တယ်ဆိုပြီး လှမ်းညှိနှိုင်းတယ်။ ထွက်ချင်ရင် ပစ္စည်းတွေအကုန်လုံးထားခဲ့၊ ခါးဝတ်ခါးစနဲ့ပဲထွက်ဆိုတော့ သူတို့ထွက်သွားတာပေါ့။ ကျွန်တော်တို့ဘက်က ကားစီစဉ်ပေးလိုက်တယ်။ လမ်းမှာလည်း အန္တရာယ်မဖြစ်အောင် အကုန်လုံးစီစဉ်ပေးလိုက်တာ။ လက်နက်ချတာ အတိုကအစ ဘာတခုမှ ယူမသွားဘူး။”ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။


တပ်စခန်းအတွင်းမှ ၆၀ မမ၊ MA စီးရီး၊ စနိုက်ပါ စသည့် လက်နက်ခဲယမ်းအားလုံးကို သိမ်းဆည်းရရှိကြောင်း သိရသည်။


‌‌ဝှေလုံစခန်းသည် ဟိုပင်-ဂွေခါ သွားလမ်း၌ရှိပြီး ညောင်ပင်စခန်းသည် စစ်ကောင်စီနှင့် ရှမ်းနီတပ် SNA ပူးပေါင်းတပ်စွဲထားသည့် စခန်းဖြစ်သည်။


အင်းတော်ကြီးဒေသရှိ ချောင်းဝပြည်သူ့စစ်စခန်းကို ၂၀၂၂ ခုနှစ်ကလည်း KIA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ပြီး‌နောက် မီးရှို့ဖျက်ဆီးခဲ့သေးသည်။


News : https://www.tachileik.net/mm/news/36428


#TachileikNewsAgency

မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ



 မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၂၅ 


မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင် ၂၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူး ၁ ဦး အပါအဝင် ၅ ဦး အရှင်ဖမ်းမိကာ သေနတ် ၂၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။


ဇွန်လ ၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ မြင်းခြံခရိုင်အတွင်း လှည့်လည်နေသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ စုစုပေါင်း ၁၂ ကြိမ် အထက်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်သား ၄၀ ဦးထက် မနည်းသေဆုံးကာ ဗိုလ်မှူး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၅ ဦး ကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။


ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသော RPG-7 လက်နက်ကြီး ၁ လက်၊ ငါး ကြင်းမြီး စက်က် ၁ လက်၊ ၄၅ မမ စိန်ပြောင်း ၁ လက်၊ MA 1 သေနတ် ၄ လက်၊ MA 2 သေနတ် ၁ လက်၊ MA 3 သေနတ် ၄ လက်၊ G3 သေနတ် ၅ လက်၊ အူစီ သေနတ် ၂ လက်၊ MA5 ပစ္စတို သေနတ် ၂ လက်၊ ကျည်မျိုးစုံ အတောင့် ၃၀၀၀ ကျော်နှင့် အခြားသော ခဲယမ်းပစ္စည်းပေါင်းများစွာ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မြင်ခြံခရိုင်အမှတ်- ၄ တပ်ရင်း - နွားထိုးကြီး PDF ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး MDY-PDF ၊ မြင်းခြံမြို့နယ်-ပကဖ ၊ နွားထိုးကြီးမြို့နယ်-ပကဖ၊ တံတားဦးမြို့ နယ်-ပကဖ ၊ မြင်းခြံခရိုင်-Drone တပ်ဖွဲ့နှင့် မြင်းခြံခရိုင်အတွင်း၌ ရှိသော အခြားသော မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Monday 24 June 2024

ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှု စစ်ကောင်စီလာရောက်တောင်းပန်သော်လည်း မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ဟု ကြခတ်ဝိုင်းဆရာတော်ကြီး မိန့်ကြား


 ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှု စစ်ကောင်စီလာရောက်တောင်းပန်သော်လည်း မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ဟု ကြခတ်ဝိုင်းဆရာတော်ကြီး မိန့်ကြား


"ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး၊ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ပျောက်နိုင်ဘူး" - ကြခတ်ဝိုင်းဆရာတော်ကြီး


သတိုး/People's Spring 


ပဲခူးမြို့ ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှုအပေါ် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်စား လာရောက်တောင်းပန်သည့် သာသနာရေးဝန်ကြီးအား ယင်းဖြစ်ရပ်သည် မေ့ပျောက်ဖွယ်ရာမဖြစ်နိုင်ဟု ကြခတ်ဝိုင်းဆရာတော်ကြီးက မိန့်ကြားခဲ့သည်။


" အခုလျှောက်ထားတဲ့အတွက်တော့ သိရှိရပြီပေါ့။ ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး၊ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ပျောက်နိုင်ဘူး"ဟု ကြခတ်ဝိုင်းဆရာတော်ကြီးက ပြန်လည်မိန့်ကြားခဲ့သည်။ 


ဝိနိမိတ္တာရုံကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူသည့်ကိစ္စအပေါ် တောင်းပန်ကြောင်း စစ်ကောင်စီ၏ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ယနေ့(ဇွန်လ၂၄ ရက်)တွင် အဆိုပါကျောင်းတိုက်သို့ လာရောက်တောင်းပန်ခဲ့ခြင်းဖြစ်သည်။



ဆရာတော်ကြီးပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သောဒေသတွင် PDFများ လှုပ်ရှားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ပစ်ခတ်ခံရသည့်ယာဥ်မှာလည်း သာသနာရေးနှင့်သက်ဆိုင်သည့် အမှတ်အသားများ မပါသည့် အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင်လာသည့်အတွက် ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရခြင်းကြောင်း စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးက လျှောက်ထားသည်။


"ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့ အနေဖြင့် များစွာဝမ်းနည်းကြေကွဲရသည့်အပြင် ယခုဖြစ်စဉ်အတွက်လည်း အလေးအနက်ထား၍တောင်းပန်အပ်သည်ကို လျှောက်ထားအပ်ပါသည်"ဟု ၎င်းက ပြောဆိုသည်။


ထိုသို့ လျှောက်ထားမှုအပြီးတွင် ကြခတ်ဝိုင်းဆရာတော်ကြီးက အထက်ပါအတိုင်း ပြန်လည်မိန့်ကြားခဲ့ခြင်း ဖြစ်သည်။


ပဲခူးမြို့ ဝင်းနိမိတ္တာရုံဆရာတော်သည် ဇွန်လ ၁၉ ရက် နံနက်က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပိုင်း၌ စစ်ကောင်စီ၏ ပစ်ခတ်မှူကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။


ဇွန်လ ၂၂ ရက်က ဆရာတော်ကြီး၏ ဈာပနသို့ သီတဂူဆရာတော်လာရောက်၍ ယင်းကိစ္စအပေါ် သံဃာတော်များအနေဖြင့် သီးခံခွင့်လွှတ်ရန် မိန့်ကြားခဲ့‌သောကြောင့် ဝေဖန်မှုခံ‌နေရသည်။


ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အသတ်ခံရမှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်း၊ ‌ချောင်ဦးနှင့် ဒီပဲယင်းမြို့နယ်တွင် သံဃာတော်များစုပေါင်းပြီး စစ်ကောင်စီအား ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေသည်။


ဇွန်လ ၂၃ ရက်တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တနေရာရှိ ဘုရားတစ်ဆူတွင် ဆရာတော် သံဃာတော်များစုဝေး၍ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင်ပြုလုပ်ခဲ့သည်။ ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ဒီပဲယင်းမြို့နယ် ကျေးရွာပေါင်း ၃၀ နီးပါးရှိ ဘုန်းကြီးကျောင်းများမှ ကိုယ်စားပြု သံဃာတော် ၃၀ နီးပါးက ကျောင်းတစ်ကျောင်းရှိသိမ်၌ စုဝေး၍ စစ်ကောင်စီကို ဝိနည်းတော်နှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်နေကြောင်း အဆိုပါ ဆရာတော်၊ သံဃာတော်များက မိန့်ကြားသည်။ 


ဆရာတော်သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်နေ၍ စစ်အာဏာရှင်ကို အနိုင်ရသည်အထိ ပူးပေါင်းပါဝင်ပေးရန် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက လျှောက်ထားတောင်းဆိုလိုက်သည်။ 


ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များက ယနေ့ (ဇွန်လ ၂၄ ရက်)တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်၍ သံဃာထုအား တောင်းဆိုလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီမှ ဗုဒ္ဓသာသနာနှင့် မြန်မာ့လူ့အဖွဲ့ အစည်းအား အလုံးစုံဖြိုချခြင်း(Year Zero)ကို လုပ်ဆောင်လာ၍ အလျှော့မပေးစတမ်း ခုခံကြပါရန် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဆရာတော်ဘုရားကြီး၏ တပည့်သံဃာတော်များက သဘောထားထုတ်ပြန်သည်။

Sunday 23 June 2024

အင်းတော်ကြီးဒေသရှိ ညောင်ပင်စစ်ကောင်စီစခန်းကို KIA ထပ်မံသိမ်းပိုက်


 အင်းတော်ကြီးဒေသရှိ ညောင်ပင်စစ်ကောင်စီစခန်းကို KIA ထပ်မံသိမ်းပိုက်


ဟန်နွေ/People’s Spring


ကချင်ပြည်နယ် အင်းတော်ကြီးဒေသ ညောင်ပင်စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယနေ့(ဇွန်လ ၂၃ရက်)ညပိုင်း၌ သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဖားကန့် - အင်းတော်ကြီးဒေသမှ ဝှေလုံစခန်း၊ ညောင်ပင်စခန်း၊ချောင်း၀ စခန်းများကို KIA ပူးပေါင်းတပ်က ဇွန်လ ၂၂ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့ ည ၆နာရီ ၄၅မိနစ်တွင် ဝှေလုံစခန်း၊ ည ၈နာရီ ၄၀မိနစ်တွင် ညောင်ပင်စခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။


"ဖားကန့်မြို့နယ် ညောင်ပင် စကစတပ်စခန်းအား KIA ပူးပေါင်းအဖွဲ့မှ အပြီးအစီး တိုက်ခိုက်သိမ်းပိုက်။ လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရရှိ"ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


ဝှေလုံတပ်စခန်း သိမ်းပိုက်စစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း KIA သတင်းများ ဖော်ပြလျက်ရှိသည့် 7Stars News က ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။


ဝှေလုံတပ်စခန်းသည် ဟိုပင်-ဂွေခါ သွားလမ်း ၌ ရှိပြီး အင်အား ၄၀ ခန့် တပ်စွဲထားသည့် စခန်းဖြစ်သည်ဟု အခြားစစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။ထို့ပြင် ညောင်ပင်စခန်းသည်လည်း စစ်ကောင်စီနှင့် ရှမ်းနီတပ် SNA ပူးပေါင်းတပ်စွဲထားသည့် စခန်းဖြစ်ပြီး ယနေ့ ညပိုင်း၌ သိမ်းပိုက်ပြီးစီးဟု အသိပေးထားသည်။


(ဖားကန့် - အင်းတော်ကြီးဒေသမှ ဝှေလုံစခန်းနှင့် ညောင်ပင်စခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - Padang Nsen၊CJ)

သံတွဲ လေဆိပ်ကို AA သိမ်းပိုက်


 သံတွဲ လေဆိပ်ကို AA သိမ်းပိုက်


ဧရာဝတီတိုင်းမ်

ဇွန် ၂၃ရက်


ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သံတွဲလေဆိပ် (မဇင်လေဆိပ်) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက  သိရသည်။


သံတွဲလေဆိပ်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ-၅၆၆နှင့် ခလရ- ၅၅မှ ပူးပေါင်းတပ်များကို ယနေ့ ဇွန် ၂၃ရက်နေ့တွင် AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လေဆိပ်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


"ဟုတ်ပါတယ်။ သံတွဲလေဆိပ်မှာ တပ်တော်(AA)အလံစိုက်လိုက်ပါပြီ။ စစ်ကောင်စီအဖွဲ့တွေ ခမရ-၅၆၆ ဘက်ပြေးတာတွေလည်းရှိတယ်။ ဖမ်းမိတာတွေလည်းရှိပါတယ်။ တပ်တော်ဘက်က ထုတ်ပြန်မလားပဲ" ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


AA ကစစ်ကောင်စီ၏ ခမရ-၅၆၆ တပ်ရင်းနှင့် လေဆိပ်တွင်တပ်စွဲထားသော တပ်ရင်းများကို  ပြီးခဲ့သည့် ဇွန် ၁၉ရက်နေ့မှစတင်၍  တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇွန် ၂၃ ရက်နေ့တွင် လေဆိပ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ကာ လေဆိပ်ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။


AA ၏ ထိုးစစ်သည် သံတွဲမြို့အတွင်း အထိရောက်ရှိလာပြီး  စစ်ကောင်စီက မြို့တွင်းလမ်းများတွင် မိုင်းထောင်ကာ ဒေသခံများကို မြို့အတွင်းမှ‌ပေးမထွက်ဘဲ ပိတ်ဆို့ထားကြောင်း သိရသည်။


AA သည် သံတွဲတွင်  တိုက်ပွဲစတင်ခဲ့သည့် သူဌေးရေအားလျှပ်စစ်အနီးရှိ လက်နက်ကြီးစခန်းများကိုပါ သိမ်းပိုက်ထားပြီး ဇွန် ၂ရက်နေ့တွင် ငပလီမြို့ ဂေါ့ကျေးရွာရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 


ထို့ကြောင့်  စစ်ကောင်စီသည် သံတွဲလေဆိပ်ကို ဇွန် ၃ ရက်နေ့မှစတင် ပိတ်ဆို့ခဲ့ပြီး လေဆိပ်အတွင်း တပ်စွဲခဲ့သော်လည်း  AA က ယနေ့တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 


#သံတွဲ #မဇင်လေဆိပ် #စစ်ကောင်စီ #တပ်စခန်း #AA #သိမ်းပိုက်ထိန်းချုပ် #Ayeyarwaddy_Times

Breaking News - အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


 Breaking News - အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ရှေ့ကာ စခန်းဖြစ်သော တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက် 


ရန်ကုန်၊ ဇွန် ၂၃ 


ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၏ ရှေ့ကာ စခန်းဖြစ်သော ကဇူးကိုင်း၊ တောဟိန်းတောင်ဗျူဟာကုန်းကို AA က အပြီး သတ်တိုက်ခိုက်သိမ်းပိုက်သွားပြီဖြစ်ကြောင်း စစ်ကောင်စီ၏ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဇွန်လ ၂၃ ရက်နေ့ နံနက် ၂ နာရီ ကျော်အချိန်တွင် အမ်းမြို့နယ်၊ ကဇူးကိုင်း၊ တော ဟိန်းတောင်ဗျူဟာကုန်းစခန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ အဆက်အသွယ် လုံး၀ ပြတ်တောက်သွားကြောင်း၊ အဆိုပါ တောဟိန်းတောင်ဗျူဟာကုန်းကို AA က မတ်လ နောက်ဆုံးအပတ်မှစတင်၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"ကဇူးကိုင်း ဗျူဟာကုန်း ကျသွားပြီလို့ ပြောလို့ရပါတယ်။ အဆက်အသွယ်ပြတ် တောက်တယ် ဆိုတာ စခန်းကုန်းကျသွားလို့ မဆက်သွယ်နိုင်တော့တာပါ" ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ 


AA စစ်ရေးသတင်းရင်းမြစ်ကလည်း ဗိုလ်မှူးချုပ် အဆင့် ဦးစီးနေသည့် အမ်းမြို့နယ်၊ကဇုကိုင်း၊ တောဟိန်းတောင်ဗျူဟာရှိ ပင်မကုန်း နှစ်ခုစလုံးကို အာရက္ခတပ်တော်က ယနေ့ နံနက် ၈ နာရီအချိန်တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း၊ လက်နက်ခဲယမ်းနှင့် စစ်သားအလောင်းအများအပြားရရှိထားပြီး ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။ 


လက်ရှိတွင် စစ်ကောင်စီတပ်က Jet fighter ဖြင့် ၁၆ ကြိမ်၊ Y12 ဖြင့် ၂ ကြိမ်၊ Y(8)ဖြင့် ၁ ကြိမ်၊ လာရောက်တိုက်ခိုက် ဗုံးကျဲနေကြောင်း၊ အမ်းမြို့နယ်အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ကူပေးနေကြောင်း သိရှိရသည်။

စစ်ကောင်စီလက်ထဲက ကနေဒီတောင်ကုန်းကို PDA-Tedim တပ်ဖွဲ့က ပြန်လည်သိမ်းယူ


 စစ်ကောင်စီလက်ထဲက ကနေဒီတောင်ကုန်းကို PDA-Tedim တပ်ဖွဲ့က ပြန်လည်သိမ်းယူ


BVJ/KNT၊ ဇွန် ၂၃၊ ၂၀၂၄

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က စစ်ရေးအရအချက်အခြာကျတဲ့ ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို People Defence Army-Tedim တပ်ဖွဲ့က ပြန်လည် သိမ်းယူနိုင်ခဲ့တယ်လို့ တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 


“ဇွန် ၂၂ ရက်က PDA-Tedim တပ်ဖွဲ့ပြန်သိမ်းလိုက်တယ်။ စကစက ပြန်ဆုတ်သွားတယ်။ အခုလောလောဆယ် ဆယ် စခ(စကစ)တွေက ရွာထဲမှာ ရှိတယ်။ ဘယ်လိုပုံစံနဲ့ ပြန်သိမ်းတယ်ဆိုတာကိုတော့ သေချာမသိရဘူး။ အကျအဆုံး အခြေအနေလည်း မသိရဘူး” လို့ပြောပါတယ်။ 


တီးတိန်-ကလေးကားလမ်းမဘေးမှာ တည်ရှိနေတဲ့  ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အခုနှစ် ဇွန်လ ၁၈ ရက်မှာ  စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ 


အင်အား ၁၀၀ ခန့်ရှိတဲ့  စစ်ကောင်စီတပ်ဖွဲ့ဟာ ဇွန်လ ၁၈ ရက်နေ့က တီးတိန်မြို့ ကနေ ကနေဒီတောင်ကို စစ်ကြောင်း ထိုးလာကာ PDF-Zoland တပ်ဖွဲ့ကို ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်အားမမျှတဲ့အတွက် PDF-Zoland တပ်ဖွဲ့တွေဟာ ကနေဒီတောင်ကနေ ပြန်လည်ဆုတ်ခွါသွားခဲ့ပါတယ်။


လက်ရှိမှာ စစ်ကောင်စီလက်ထဲကနေ PDA-Tedim တပ်ဖွဲ့က ပြန်လည်တိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြောင်းကို တပ်ဖွဲ့က မနေ့က ဇွန် ၂၂ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။


ကနေဒီတောင်ကုန်းကို PDA-Tedim တပ်ဖွဲ့က ပြန်လည်သိမ်းယူပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-PDA-Tedim)

ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ


 ■ ကော့ကရိတ်၊ စုကလိ စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှု ၆ဦးသေဆုံး၊ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၂၁ ဦး ဖမ်းဆီး ရရှိ


Western News| ဇွန် ၂၃ 


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ စုကလိမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိမှုတွင် စစ်ကောင်စီဖက်မှ ၆ဦးသေဆုံးပြီး ဗိုလ်မှူးကြီးတစ်ဦး အပါအဝင် ၂၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ 


အဆိုပါ တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ဇွန်လ ၁၇ ရက်နေ့ နံနက် ၇ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့တွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း KNU တပ်မဟာ ၆၊ ဒူပလာယာခရိုင်က သတင်းထုတ်ပြန်သည်။ 


တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သားစစ်သား ၂၁ ဦး ဖမ်းဆီးရရှိကာ ဖမ်းမိသူများတွင် ဗိုလ်မှူးကြီး ၀ဏ္ဏတိုး ပါဝင်ကြောင်း ယင်းအထဲမှ ၁၄ ဦး လွတ်မြောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 


စစ်ကောင် စီတပ်ဖွဲ့ဝင်များကို လက်နက်ချရန် မတ်လ ၂၅ ရက်နေ့ မှ မတ်လ ၃၀ ရက်အထိ စာဖြင့်အသိပေး အကြောင်းကြားခဲ့သော်လည်း နာခံခြင်းမရှိသည့်အတွက် ဇွန်လ ၁၇ ရက်နေ့တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဆိုသည်။


စုကလိမြို့ အ‌ခြေစိုက် စစ်တပ်စခန်းသည် စခက ၁၃ လက်အောက်ခံ၊ ခမရ ၅၆၀ တပ်ရင်းမှ ဗိုလ်မှူးကြီး ၀ဏ္ဏတိုး နှင့် ဒု-ဗိုလ်မှူးကြီး သူရိန်ဦး ‌ဦးဆောင်သော အထိုင်ချစခန်းဖြစ်ကြောင်း အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့မှလည်း ၁၅ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။


အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနေဖြင့် စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ရင်ခွင်သို့ ဝင်ရောက် ပူးပေါင်း ရန် K.N.U - ကရင်အမျိုးသားအစည်းအရုံး က ဖိတ်ခေါ်ထားကြောင်း သိရသည်။


Western News-WN

Wednesday 19 June 2024

တိုက်ပွဲသတင်းထုတ်ပြန်ခြင်း June 13,2024. ကံရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှူန်းခဲ့


 တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

June 13,2024.

ကံရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချေမှူန်းခဲ့


မင်းကင်းမြို့နယ်၊မတောကျေးရွာ၊ဗုံးကျဲခံရမှုအပြီး (၁၀)ရက်အကြာ ၂၀၂၄ ခုနှစ်၊ဇွန်လ (၁၂)ရက်နေ့တွင် ကျွန်ုပ်တို့ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) ၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(P.R.F) နှင့် Min Kin Local PDF Union တို့ပူးပေါင်း၍ မဟာမိတ်စစ်ကြောင်းပြု၍ မင်းကင်းမြို့နယ်၊ကံရွာစစ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပါသည်။


နံနက် (၄:၅၀)နာရီတွင် ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲကြာချိန် (၁၅)မိနစ်ခန့်တွင် စစ်ကောင်စီတပ်သားအပါအဝင် ပျူစောထီးတပ်ဖွဲ့ ဝင်များအားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြပါတယ်။


ရန်သူ့ဖက်မှ တပ်ဖွဲ့ဝင် စစ်‌ကောင်စီတပ်သား(၁)ယောက်၊ပျူ‌‌ေစာထီး (၃)ယောက်သေဆုံးပြီး (၅)ယောက် ဒဏ်ရာရရှိခဲ့ပါသည်။ကျွန်ုပ်တို့ တပ်ပေါင်းစုဖက်မှ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့ပါသည်။


တိုက်ပွဲမှ Carbine တစ်လက်၊Carbine ကျည်ဘောက် (၃)ခု၊(.30)ကျည် (၂၅၉)တောင့်၊5.56(ကပစ)(၄၀)တောင့်၊7.62(ကပစ)(၃၃၀)တောင့်၊ BA-63 ကျည်ဘောက်(၂)ခု၊ရှေ့ထွက်မိုင်း (၃)လုံး၊နင်းမိုင်း (၇)လုံး၊လက်ပစ်ဗုံး(၁)လုံး၊Drone Jammer (၁)လုံးသိမ်းဆည်းရမိခဲ့ပါသည်။


ဆက်လက်၍ Drone ဖြင့် အနီးအနားမှ စစ်စခန်းများဖြစ်သော ကျေးတောင်ဦး၊မင်းကင်းမြို့ တို့ကို ဆက်လိုက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား (၂)ယောက် ထိခိုက်ခဲ့ပါသည်။


#ရဲဘော်bravo 

#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ 

#ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့

Tuesday 18 June 2024

ရခိုင်တောင်ပိုင်းမှ တရုတ်ရေနံပိုက်လိုင်းအနီး AA တပ်များကပ်လာချိန်တွင် ထိပ်တန်းသံတမန်တစ်ဦးကို တရုတ်က နေပြည်တော်သို့ စေလွှတ်


 ရခိုင်တောင်ပိုင်းမှ တရုတ်ရေနံပိုက်လိုင်းအနီး AA တပ်များကပ်လာချိန်တွင် ထိပ်တန်းသံတမန်တစ်ဦးကို တရုတ်က နေပြည်တော်သို့ စေလွှတ်

----------------

တရုတ်ရင်းနှီးမြှုပ်နှံမှုအများအပြားရှိရာ ရခိုင်တောင်ပိုင်းသို့ အာရက္ခတပ်တော် AA ၏ ထိုးစစ်များ ပြင်းထန်လာချိန်တွင် တရုတ်အစိုးရက အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးရန် နေပြည်တော်သို့ စေလွှတ်လိုက်သည်။


ပြည်နယ်၏ ထက်ဝက်ကျော်ကို သိမ်းပိုက်ထားပြီးဖြစ်သော AA တပ်သည် စီးပွားရေးအရ လွန်စွာအရေးပါသည့် ရခိုင်တောင်ပိုင်းကိုပါ ဆက်လက်သိမ်းပိုက်ရန် ကြိုးစားနေသည်။


ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့တွင် တရုတ်အတွက် အရေးပါသည့် ရေနံနှင့်သဘာဝဓာတ်‌ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းများရှိနေသည်။


ရန်ကုန်မြို့အခြေစိုက် တရုတ်သံရုံးမှ သံအရာရှိ ၈ ဦးသည် ကျောက်ဖြူမြို့၊ မဒေးကျွန်းရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများသို့ ယခုလ ၈ ရက်နေ့က စတင်ကာ ၃ ရက်ကြာ သွားရောက်စစ်ဆေးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တရုတ်ထိပ်တန်းသံတမန် နေပြည်တော်သို့ ရောက်လာခြင်းဖြစ်သည်။


တရုတ်အစိုးရ၏ အာရှရေးရာအထူးကိုယ်စားလှယ်သည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တည်ငြိမ်ရေး၊ ဆက်ဆံရေးတိုးမြှင့်ရေးနှင့် အာဆီယံနှင့် နိုင်ငံတကာစင်မြင့်တွင် ပိုမိုနီးကပ်စွာဆောင်ရွက်ရေးအတွက် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။


ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုများရှိသော်လည်း တိုက်ပွဲများရပ်တန့်ရန် အလွန်ခက်ခဲကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယခုလ ၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။


ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း AA က ထိုးစစ်ကြီး စတင်ခဲ့ပြီး၊ ယခုအခါ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။


ရခိုင်ကို AA သိမ်းပါက စစ်ကောင်စီဆုံးရှုံးမည့် ဘီလျံချီ စီးပွားရေးလုပ်ငန်းများအကြောင်း အပြည့်အစုံဖတ်ရန် 


https://myanmar-now.org/mm/news/52757/


#MyanmarNow #Rakhine #China #တရုတ်

စုကလိစစ်ကောင်စီတပ်စခန်းကို KNLAပူးပေါင်းတပ် သိမ်းပိုက်


 စုကလိစစ်ကောင်စီတပ်စခန်းကို KNLAပူးပေါင်းတပ် သိမ်းပိုက်


မက်ကစံ/People’s Spring


ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စုကလိစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။


ဇွန်လ ၁၇ရက် ည ၈နာရီခန့်တွင် စုကလိစစ်ကောင်စီတပ်စခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


" ဆုတ်တဲ့နောက်ကိုတော့ သူတို့လိုက်ပိတ်နေတယ်ကြားတယ်။ အထိအခိုက်အကျအဆုံးက မသိရသေးဘူး"ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။


သို့သော် ယနေ့(ဇွန်လ ၁၈ရက်) နံနက်တွင် အပြီးသိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ခြင်းဟု အခြားကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ KNLA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့က အဆိုပါစခန်းအား ဇွန်လ ၁၆ရက်နှင့် ဇွန်လ ၁၇ရက် နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 


စုကလိစခန်းမှ တပ်ရင်းမှူးနှင့် စစ်ကောင်စီ တပ်သားများ လက်နက်ချပူးပေါင်းရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNDO)က ပြီးခဲ့သည့် မတ်လအတွင်းက အကြောင်းကြားစာ ပေးပို့ခဲ့သည်။ 


KNLA တပ်ရင်း (၁၀၃)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောသေဂေးနှင့် KNDO တပ်ရင်း(၈) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအယ်မြထူးတို့ လက်မှတ်ရေးထိုးထားသည့် အဆိုပါ အသိပေးစာတွင် စုကလိစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တက်ရောက်တိုက်ခိုက်ခြင်း မပြုမီ လက်နက်ချလာရောက်ပူးပေါင်းရန်၊ ၎င်းတို့နှင့်လာရောက်ပူးပေါင်းပါက အသက်အန္တရာယ်များကို အာမခံပေးနိုင်သလို ပူးပေါင်းခြင်းမလုပ်ဆောင်ပါက စခန်းကိုရရှိအောင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက်



 မတူပီမြို့ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်သိမ်းပိုက် 


          || ဗျူဟာကုန်းနှင့် ခလရ ၁၄၀ တပ်ရင်းကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်


ခိုနူမ်းသုန်သတင်း၊ ၁၈ ဇွန် ၂၀၂၄


ချင်းပြည်တောင်ပိုင်းတွင် ချင်းညီနောင် စစ်ဆင်ရေးအဖြစ်ဖော်ဆောင်နေသည့် မတူပီမြို့တိုက်ပွဲတွင် စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး ဗျူဟာကုန်း၊ ခလရ ၁၄၀ တပ်ရင်းနှင့် အခြားသော စစ်ကောင်စီတပ်စခန်းများ ဆက်လက်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု သိရသည်။ 


“၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်တွင် စစ်ကောင်စီအလုံးစုံကင်းစင်ရေး” ရည်မှန်းချက်ဖြင့် ချင်းညီနောင်စစ်ဆင်ရေး ကနဦးအဆင့်အဖြစ် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် မဟာမိတ်အာရက္ခတပ်တော် AA၊ Yaw Army(YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇွန်လ ၉ ရက်မှ စတင်၍ မတူပီမြို့ပေါ်က စစ်ကောင်စီစခန်းများနှင့် တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 


ဇွန်လ ၁၇ ရက်နေ့တွင် မတူပီမြို့ပေါ်က ခမရ ၃၀၄ တပ်ရင်းကိုအပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ လက်နက်ကြီးနှင့်တကွ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း ချင်းညီနောင်က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။ 


ကျန်ရှိနေသေးသော မတူပီဗျူဟာကုန်း၊ ခလရ ၁၄၀ နှင့် အခြားစစ်ကောင်စီတပ်စခန်းများကိုလည်း ဆက်လက် သိမ်း ယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိကြောင်း ချင်းညီနောင်ကဆိုသည်။ 


ယခုကဲ့သို့ စခန်းသိမ်းအောင်မြင်မှုရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှထောက်ပံ့ပေးလျှက်ရှိသော ထောက်ပို့ပြည်သူများ နှင့် ထိုးစစ်များတွင်ပါဝင်ခဲ့သောစစ်သည်တော်များအားလုံး၏ ပြောင်မြောက်သောတိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့် နာခံမှုတို့အပေါ် လေးနက်စွာအသိမှတ်ပြုကြောင်း၊ စခန်းသိမ်းတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း အသက်နှင့် ကိုယ်လက်အဂ်ါဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင်လေးစားအသိမှတ်ပြုအပ်ပါသည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။ 


ချင်းပြည်နယ်အတွင်း စစ်ကောင်စီကင်းစင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများမှ ဆက်လက်ကူညီထောက်ပံ့ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်ဟု ချင်းညီနောင်၏ ထုတ်ပြန်ချက်မှာဖော်ပြထား သည်။ 


ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တုန်းကလည်း ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့တွင် ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီစခန်းများဖြစ်သည့် EPC လျှပ်စစ်ရုံး နှင့် တာဝါတိုင်ရုံးစခန်းကုန်း ၂ ခုအား အပြီးသတ်သိမ်းယူခဲ့ကြသည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၉ ဦးကိုအရှင်ဖမ်းဆီးရမိကာ လက်နက်ကြီးလက်နက်ငယ် ၁၇ လက်သိမ်းဆည်းရမိသည်ဟု ချင်းညီနောင်ကထုတ်ပြန်သည်။

Monday 17 June 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံး


 ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံး


ရန်ကုန်| ဇွန် ၁၇


အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီမှ မေလ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀၀ နီးပါး သေဆုံးပြီး တပ်စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ဗမာ ဖက်ဆစ် နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှု စောင့်ကြည့်အစီအစဉ် (Burma Fascism and Nationalism Watch –BFNW)ရဲ့ သုတေသန စာရင်းတခုအရ သိရပါတယ်။


၂၀၂၄ခုနှစ် ဇန်နဝါရီလကနေ မေလအထိ နိုင်ငံတဝှမ်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က တပ်စခန်းပေါင်း ၂၁၈ခု လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။


ဒီစခန်းပေါင်း ၂၀၀ကျော် လက်လွှတ်ဆုံးရှုံးရမှုဟာ အာဏာသိမ်း စစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း ၂၀၀၀ကျော်အတွင်း စစ်ကောင်စီတပ်က တပ်စခန်းဆုံးရှုံးခဲ့ရမှုတွေဖြစ်ပါတယ်။


ကချင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၁၀၃ခု၊ ရခိုင်ပြည်နယ်မှာ တပ်စခန်းပေါင်း ၆၃ခု အပါအဝင် ချင်း၊ ကရင်၊ ရှမ်း၊မွန်၊ကရင်နီ့(ကယား)ပြည်နယ်နဲ့ စစ်ကိုင်း၊မကွေး၊တနင်္သာရီ၊ပဲခူးတိုင်းတွေက တပ်စခန်းအများအပြားကို စစ်ကောင်စီတပ်က ၅လအတွင်း လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။


ဒီလို တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် တပ်ဖွဲ့ဝင်ပေါင်း ၂၈၆၉ ဦးသေဆုံးပြီး ၂၈၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ BFNWက ဆိုပါတယ်။ 


တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ၄၀၅ ဦးသေဆုံးပြီး ၉၀၃ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


စခန်းသိမ်းခံရတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၀၀ကျော်ဖမ်း ဆီးခံခဲ့ရပြီး ဘက်ပြောင်းအလင်းဝင်လာသူအရေအတွက်ကလည်း ၄၁၀၁ ဦးအထိရှိခဲ့တယ်လို့ BFNWက ဆိုပါတယ်။


ဒီကာလအတွင်း နှစ်ဖက်တိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၁၅၃ ဦးသေဆုံးခဲ့ရသလို ၁၁၉၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။

Sunday 16 June 2024

မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ



 မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၁၅ 


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများကို အနီး ကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Earthquake People's Defense Force မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မြိုင်မြို့နယ်၊ကိုင်းတောမစခန်းမှ အရှေ့ ဘက်သို့ ထွက်လာသော အင်အား ၁၅ ဦး ပါ အကြမ်းဖက်စစ်ကြောင်းကို ကိုင်းတောမစခန်းနှင့် မီတာ ၅၀ အကွာ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အ လှန် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။


“စခန်းအရှေ့ဘက်ကို ၁၅ ဦး ထွက်လာတာ၊ မီတာ ၅၀ အကွာလောက်အရောက်မှာ အနီးကပ် ပစ်ခတ်ခဲ့တာပါ၊ ၃ ဦးနေရာမှာ ပွဲချင်းပြီး သေတော့ ကျန်တဲ့သူတွေက ပြန်ဆုတ်သွားတယ်၊ ကျနော် တို့ရဲဘော်တွေအးလုံးဘေးကင်းပါတယ်၊ ကျနော်တို့ ရှေ့ဆက်ပြီး ပိုမိုပြင်းထန်တဲ့ စစ်ရေးမစ်ရှင်တွေ ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ၊ ဒီအတွက်လဲ လိုအပ်တဲ့ ရိက္ခာခဲယမ်းတွေအတွက် တတ်နိုင်သမျှ အားဖြည့်ပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံလိုပါတယ်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် တဲ့အထိ ပြည်သူနှင့်အတူ တိုက်ထုတ်တွန်းလှန်သွားမှာပါ” ဟု Earthquake People's Defense Force မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၃ ဦးပွဲချင်းပြီး အကြမ်းဖက်စစ်သားများ ကိုင်ဆောင် အသုံးပြုသည့် MA 1 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၃၄ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်အခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊ Earthquake People's Defense Force ı Pakokku People's Defense Forces Young Force UG ၊ Hunter PKU၊ မြိုင် ပကဖ ၊ Justice Revolution Force နှင့် Thu Rain TR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းတွင် စစ်သားစုဆောင်းနေသော ကြို့ပင်၀ိုင်းကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပွားသီး နှင့် စဉ့်ကူးတွင် စစ်သားသစ် စုဆောင်းရေး ခေါင်းဆောင် အငြိမ်းစား ဗိုလ်ကြီးအောင်ကိုကိုတို့ ပစ်ခတ်ခံရပြီး သေဆုံး


 ပေါက်ခေါင်းတွင် စစ်သားစုဆောင်းနေသော ကြို့ပင်၀ိုင်းကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ပွားသီး နှင့် စဉ့်ကူးတွင် စစ်သားသစ် စုဆောင်းရေး ခေါင်းဆောင် အငြိမ်းစား ဗိုလ်ကြီးအောင်ကိုကိုတို့ ပစ်ခတ်ခံရပြီး သေဆုံး


ရန်ကုန်၊ ဇွန် ၁၅ 


ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်၀ိုင်းကျေးရွာအုပ်စုတွင် ကျေးရွာအုပ် ချုပ်ရေးမှူး အသစ်အဖြစ် တာဝန်ယူထားသော ပွားသီး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ် ရင်း၏ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

 

ဇွန်လ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းကျေး ရွာ နှင့် အင်းငါးခွသကြားစက်လမ်းခွတွင် ကြို့ပင်၀ိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပွားသီးကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူး ပွားသီးသည် PDF က ပစ်ခတ်သတ်ဖြတ်လိုက်သော အုပ်ချုပ်ရေးမှူး ညွန့်စိုး နေရာတွင် အစားထိုး ဝင်ရောက် နေရာယူသူဖြစ်ကြောင်း၊ စစ်ကောင်စီအလိုကျ စစ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။ 


သေဆုံးသူအုပ်ချုပ်ရေးမှူးပွားသီးသည် လွှစင်ကုန်းရွာတွင် နေထိုင်သူဖြစ် ကြောင်း ၊ ၎င်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ ရွှေလေးညီနောင်အဖွဲ့နှင့်ပေါက်ခေါင်း(ပကဖ)ဆောင်းခိုငှက်အဖွဲ့တို့က ပူးပေါင်း ရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။ 


သေဆုံးသူ အုပ်ချုပ်ရေးမှူး ပွားသီးသည် ပျူစောထီးအပတ်စဉ် ၁ သင်တန်း ဆင်းတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်ကောင်အတွက် စစ်မှုထမ်းရန်အတွက်စစ်သားစုဆောင်းရာတွင်လည်း ဦးဆောင်လုပ်ကိုင်နေချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


အလားတူ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော အငြိမ်းစား ဗိုလ်ကြီး အောင်ကိုကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ 


ဇွန်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာတွင် နေထိုင်သော အငြိမ်းစား ဗိုလ်ကြီးအောင်ကိုကိုသည် နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ ၎င်းက စစ်တပ်အတွက် သတင်းများ စုဆောင်းပေးသည့်အပြင် စစ်သားသစ် စုဆောင်းရေးကိုလည်း ဦးဆောင်ပြုလုပ်နေသူဖြစ်ကြောင်း သိရှိရသည်။

Saturday 15 June 2024

တနင်္သာရီတိုင်းမှစစ်ကောင်စီခလရ ၂၈၅ တပ်စခန်းကို KNLA တပ်မဟာ ၄ တိုက်ခိုက်သိမ်းပိုက်၊၊ စစ်ကောင်စီတပ်သား ၁၇ ဉီးသေဆုံး


 တနင်္သာရီတိုင်းမှစစ်ကောင်စီခလရ ၂၈၅ တပ်စခန်းကို KNLA တပ်မဟာ ၄ တိုက်ခိုက်သိမ်းပိုက်၊၊ 

စစ်ကောင်စီတပ်သား ၁၇ ဉီးသေဆုံး


Salween Press 

ဇွန်လ ၁၅ ရက်နေ့  ၂၀၂၄ 


KNU တပ်မဟာ ၄ ဒေသမှ စစ်ကောင်စီရဲ့ ခလရ ၂၈၅ တပ်စခန်းကို ဇွန်လ ၁၄ ရက်နေ့မှာ  KNLA တပ်မဟာ ၄ တပ်ဖွဲ့ကဉီး ဆောင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ပြီး စစ်ကောင်စီတပ်သား ၁၇ ဉီးသေဆုံးခဲ့သည်ဟု KNLA တပ်မဟာ ၄ ထံမှသိရပါတယ်၊၊


စစ်ကောင်စီရဲ့ အောင်သာ၀ရတပ်စခန်းကို KNLA တပ်မဟာ ၄ ကဉီး ဆောင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်အများအ ပြားလည်း သိမ်းပိုက်ခဲ့သည်၊၊


“အဲ့ဒီစခန်းက တနင်္သာရီမြစ်ကမ်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်း၊၊ ဗမာလို အောင်သာ၀ရတပ်စခန်းလို့ ခေါ် တယ်၊၊ ခလ၇ ၂၈၅ ဖြစ်တယ်၊၊ ၁၉၉၇ ခုနှစ်မှာစခန်းလာတည်တာဖြစ်တယ်၊၊ ဇွန်လ ၁၄ ရက်နေ့မှာ KNLA တပ်မဟာ ၄ ကဉီး ပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့တာ၊၊ တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဉီးအလောင်းကျန်ခဲ့တယ်၊၊ တချို့တပ်သားက ထွက် ေြပးခဲ့တယ်” ဟု KNU တပ်မဟာ ၄ မြိတ်/ထားဝယ်ခရိုင်ရုံးရဲ့အတွင်းရေးမှူး ပဒို စောအယ်နာ က ပြောပါတယ်။ 


စခန်းသိမ်းပိုက်ရာမှာ လက်နက်ကြီးလက်နက်ငယ်အပါအ၀င် ကျည်ဆံစသည့်လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိသည်ဟုဆိုပါတယ်။


KNU တပ်မဟာ ၄ တပ်ဖွဲ့နှင့် သိမ်းဆည်းရမိသည့်လက်နက်ခဲယမ်းများ (Photos: KNLA တပ်မဟာ ၄)


#Salweenpress

တနင်္သာရီတွင် ၂၇ နှစ်ကြာတပ်စွဲထားသည့် အောင်သာဝရစခန်းကို KNU နှင့် PDF များ တိုက်ခိုက်သိမ်းယူ


တနင်္သာရီတွင် ၂၇ နှစ်ကြာတပ်စွဲထားသည့် အောင်သာဝရစခန်းကို KNU နှင့် PDF များ တိုက်ခိုက်သိမ်းယူ 

Dawei Watch| ဇွန် ၁၅ 

၂၇ နှစ်ကြာတပ်စွဲထားသည့် တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အောင်သာဝရစခန်းကို KNU တပ်မဟာ (၄)၊ တပ်ရင်း (၇) နှင့် PDF ပူးပေါင်းတပ်များက ဇွန်လ ၁၄ရက် နေ့လယ်ပိုင်းတွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။ 

အဆိုပါစခန်းသည် တနင်္သာရီမြစ်ဘေးတွင်တည်ရှိပြီး ကရင်တိုင်းရင်းသားများ နေထိုင်သည့်ရွာတွင် ၁၉၉၇ ခုနှစ်ကတည်းက အခိုင်အမာတပ်စွဲထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာကျသည့် စစ်အခြေစိုက်စခန်းတစ်ခုဖြစ်ကြောင်း KNU တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ 

ယင်းစခန်းတွင် ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အထိုင်ချပြီး စစ်ကောင်စီတပ်ဖွဲ့ ခန့်မှန်းအင်အား ၅၀ ခန့်ရှိကြောင်း ၎င်းက ဆိုသည်။ 

“မတိုက်ခင် ကျွန်တော်တို့ သွားညှိနှိုင်းတာပဲ။ လက်နက်ချပါ၊ ပူးပေါင်းပေးပါဆိုပြီး၊ ဒါပေမဲ့ သူတို့က လက်နက်မချဘူး၊ သူတို့က အသေခံဖို့ ဆုံးဖြတ်လိုက်တာဆိုတော့ မလွဲမရှောင်သာ ကျွန်တော်တို့က တိုက်ရမှာပေါ့နော်” ဟု ၎င်းက ပြောသည်။ 

ညှိနှိုင်း၍ မရသောကြောင့် ဇွန်လ ၁၄ ရက် နံနက် ၅ နာရီတွင် စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ နေ့လယ် ၁၂ နာရီခန့်တွင် စခန်းကို သိမ်းပိုက်ရရှိခဲ့ကြောင်း ပဒိုစောအယ်နားက ပြောဆိုသည်။  

“ရေကြောင်းတော့မရဘူး။ လေယာဉ်ကတော့ နေ့တိုင်းလိုလို ဗုံးကြဲနေတာပဲ။ စခန်းသိမ်းတဲ့နေ့မှာလည်း တခါ နှစ်ခါ သုံးခါ ဗုံးကြဲတယ်။ အဲဒါပြီးတော့ ကျွတော်တို့ တပ်ရင်း ၇ ရဲ့ ဆေးရုံကိုလည်းသူတို့ ဗုံးလာကြဲတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

စခန်း သိမ်းယူခံရပြီးနောက် အောင်သာဝရရွာမှ ရေလမ်းဖြင့် ၂ နာရီခန့်သွားသည့် KNU တပ်မဟာ ၄ KNDO တပ်ရင်း ၇ ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းဖြင့် ဇွန်လ ၁၄ရက်က ဗုံးကြဲတိုက်ခိုက်သဖြင့် သူနာပြုဆရာမတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ပဒိုစောအယ်နားက ပြောသည်။ 

လက်ရှိတွင် စခန်းသိမ်းပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သဖြင့် နှစ်ဖက်ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု၊ လက်နက်ခဲယမ်းရရှိမှု အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ 

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ရက်မှ ဇွန်လ ၁၄ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်စခန်းနှင့် ပျူစောထီးစခန်း ၁၀ ကျော်ကို KNLA ၊PDF နှင့် KTLA မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ 

Dawei Watch ရဲ့ သတင်းတွေကို 

Instagram > https://www.instagram.com/dawei_watch/

Telegram > https://t.me/daweiwatch/

Friday 14 June 2024

တိုင်းပြည်တစစီ ဖြစ်သွားနိုင်သလား?


 တိုင်းပြည်တစစီ ဖြစ်သွားနိုင်သလား?


ဆောင်းပါးမစမီ ဒီမေးခွန်းကိုအရင်ဖြေရရင် တိုင်းပြည်တစစီ ဖြစ်မသွားနိုင်ပါဘူးလို့ပဲ ဖြေရမှာပါ။ ဒီအဖြေအတွက် ခိုင်မာတဲ့အကြောင်းအချက်တွေရှိပါတယ်။ ဒါတွေကို မြန်မာမှာရှိနေကြတဲ့ တိုင်းရင်းသား များအားလုံး နားလည်သဘောပေါက်ထားပြီးဖြစ်တယ်ဆိုတာပါ တဆက်ထဲပြောပါရစေ။ ဒီလို တိုင်းပြည်တစစီဖြစ်သွားနိုင်တယ်ဆိုတဲ့ အစကို ဆွဲထုတ်လာကြသူတွေဟာ စိုးရိမ်ရမှာကို မစိုးရိမ်ပဲ မစိုးရိမ်ရမယ့်ဟာကို စိုးရိမ်နေကြသူတွေပဲဖြစ်ပါတယ်။


     တကယ်စိုးရိမ်ရမှာက စစ်တပ်က အာဏာသိမ်းထားတဲ့ ၃နှစ်တာအတွင်း မြန်မာပြည်သူတွေ ရောက်နေတဲ့ ဆင်းရဲဒုက္ခတွေအတွက် စိုးရိမ်ရမှာဖြစ်တယ်။ စစ်အုပ်စု မြန်မြန်မပြုတ်ကျလေ ပြည်သူတွေ ပိုပြီး ဒုက္ခရောက်လေဖြစ်မှာကို စိုးရိမ်ရမှာ၊ စစ်အုပ်စု အာဏာဆက်ရှိလေ အရှေ့တောင်အာရှနဲ့ ပစိဖိတ်အရှေ့ခြမ်းတခုလုံး လုံခြုံရေးအန္တရာယ်ရှိနေတာကို စိုးရိမ်ရမှာပါ။ စကစ အာဏာဆက်ရှိလေ ကျားဖြန့်လိုကိစ္စတွေနဲ့ မူးယစ်ဆေးဝါး အန္တရာယ်ဆက်ရှိလေ ဖြစ်မှာပါ။ လွန်ခဲ့တဲ့ ရက်တပတ်လောက်ကပဲ ထိုင်းနယ်စပ်မှာ မူးယစ်ဆေးပြား သယ်ဆောင်လာသူတွေနဲ့ ထိုင်းစစ်တပ်ထိတွေ့မှုဖြစ်ခဲ့ပြီး ဆေးပြား သန်း ၉၀၀ ဖမ်းမိခဲ့တာဖြစ်တယ်။ ဒါတွေက စစ်အုပ်စု ခန့်ထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ အဓိကပါဝင်ပတ်သက်နေတာဖြစ်လို့ စစ်တပ်တည်မြဲနေသ၍ ဆက်ရှိနေမယ့်ပြသနာတွေဖြစ်တယ်။ သူတို့ဆက်ရှိလေ အိမ်နီး ချင်းနိုင်ငံတွေအဖို့ လူကုန်ကူးမှု အန္တရာယ်နဲ့ စစ်ဘေးစစ်ရှောင်တွေ တရားမဝင်ပြောင်းရွှေ့အခြေချသူတွေ ဆက်ရှိနေမှာဖြစ်တယ်။ ဒီလိုကိစ္စတွေအတွက် စစ်တပ်ဟာ ဘယ်လိုတာဝန်ယူမှုမျိုးကိုမှ လုပ်မှာမဟုတ်ပဲ လက်ပိုက်ကြည့်နေမှာပဲဖြစ်တယ်။ စစ်အုပ်စုရှိနေသ၍ မြန်မာမှာ ပြည်သူတွေရဲ့ လက်နက်ကိုင် ပုန်ကန်မှုတွေ ဆက်ရှိနေမှာဖြစ်ပြီး နယ်စပ်ဒေသမတည်ငြိမ်မှုတွေဆက်ဖြစ်နေမှာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေရော မြန်မာပါ နှစ်နိုင်ငံ အကျိုးရှိစေခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးတွေလဲ ရပ်တန့်နေမှာပဲဖြစ်တယ်။ ဒီလိုဆိုးကျိုးတွေအတွက် အိမ်နီးချင်းများအပါ ကမ္ဘာကြီးက ဒါတွေကိုအဓိက စိုးရိမ်ရမှာပါ။

       

အခုတော့ မြန်မာ့အရေးအကဲခတ်ဆိုသူတချို့နဲ့ Think Tank တခုတလေက ပြောလိုက်တာနဲ့ တိုင်းပြည်ပြိုကွဲနိုင်သလားဆိုတာကြီးက တကယ့်စိုးရိမ်စရာကြီးလိုဖြစ်လာတော့တာပါ။ တကယ်ကတော့ အဲလိုမဟုတ်ပါဘူး၊ ဗမာနဲ့အခြားသော တိုင်းရင်းသားတွေအားလုံးဟာ ဒီမြေ ဒီရေမှာ အတူယှဥ်တွဲနေထိုင်လာကြတာက ထောင်စုနှစ်နဲ့ချီနေပါပြီ။ ဒီကြားကာလတွေမှာ စစ်ပွဲတွေမရှိတာမဟုတ်၊ ရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ပွဲတွေကြောင့် တိုင်းပြည် နှစ်ခု သုံးခုဖြစ်လာတာမဟုတ်ပဲ ပိုပြီးစည်းလုံးတဲ့နိုင်ငံတွေပဲ ပေါ်ထွန်းလာတာပါ၊ ဒါက အထူး အဆန်းမဟုတ်ပါဘူး၊ တရုတ်နိုင်ငံရဲ့ နှစ်ပေါင်း နှစ်ထောင် သုံးထောင်သမိုင်းမှာလဲ ဒီလို စစ်ပွဲပေါင်းများစွာဆင်နွှဲပြီးမှ တစည်းတလုံးထဲသောနိုင်ငံဖြစ်လာတာပါ။ နှစ် ၂၀၀ ကျော်သမိုင်းပဲရှိသေးတဲ့ အမေရိကန်တောင် ပြည်တွင်းစစ်ကိုဖြတ်ပြီးမှ ခုလိုအင်အားတောင့်တင်းတဲ့ ဘဝရောက်လာတာပါပဲ။ ဒီတိုင်းပြည်ကတော့ လွတ်လပ်ရေးရအပြီး တိုင်းပြည်တည်ဆောက်နေချိန် အလားအလာကောင်းနေချိန်မှာ စစ်တပ်အာဏာသိမ်းရာက ဒီဇာတ်လမ်းတွေစလာတာဖြစ်တယ်။ ၆၂ ခုနှစ် အာဏာသိမ်းမှုဖြစ်ချိန်မှာ ကမ္ဘာမှာလဲ စစ်တပ်အာဏာသိမ်းမှုလှိုင်းတွေ ရိုက်ခတ်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် အာဏာရှင်စနစ်တွေဟာ စစ်အေးအလွန်ကာလမှာ အားလုံးပြောင်းလဲကုန်ကြပေမယ့် မြန်မာမှာတော့ စစ်တပ်ကအာဏာထပ်သိမ်းလို့ သူများနိုင်ငံတွေလောက် မတိုးတက်ခဲ့တာပါ။ ၂၀၁၀မှာ ဒီမိုကရေစီအရိပ်အငွေ့ကလေးရလာပြီး တိုးတက်တော့မယ် ကြံကာရှိသေး ၂၀၂၁ မှာ စစ်တပ်ကပဲ အာဏာထပ်သိမ်းပြန်လို့ ဒီအခြေအနေရောက်တာပါ။ အဲတော့ မကောင်းတဲ့ ဖြစ်စဥ်အားလုံးအတွက် တရား ခံက များများရှိနေတာမဟုတ်ပါဘူး။ စစ်တပ်တခုတည်းသာ ဖြစ်တယ်။ ဒီဖြစ်စဥ်တွေဖြတ်သန်းလာကြတဲ့ တိုင်းရင်းသားအားလုံးဟာ ကိုယ့်တိုင်းပြည်အခြေအနေကိုယ် ကောင်းစွာနားလည်ပြီးဖြစ်တယ်။     


       အဲဒါကြောင့် စစ်တပ် သို့မဟုတ် စစ်အာဏာရှင် စနစ်မရှိတဲ့နောက်တိုင်းပြည်ဟာ တစည်းတလုံးထဲသော ဖက်ဒရယ်ပြည်ထောင်စု အဖြစ်ကလွဲလို့ အခြားလမ်းကြောင်းဖြစ်သွားစရာမရှိပါဘူး၊ သမိုင်းကြောင်းတလျောက်လုံး အများစုတိုင်းရင်း သားများဟာ ရောထွေးယှက်တင်နေခဲ့ကြတာပါ။ ဒါတွေက ရေကို မျဥ်းတားလို့မရသလိုပါပဲ။ အခုမှ ခွဲခြားပိုင်းဖြတ်ပစ်လို့မရပါဘူး။ လက်ရှိအခြေအနေမှာ တချို့က ကွန်ဖက်ဒရိတ်အဆင့်လောက်ပြောနေတာရှိပေမယ့် ခွဲထွက်ပြီးသီးခြားနိုင်ငံထူထောင်ဖို့အထိ ပြောသူမရှိပါဘူး။ လက်တွေ့မှာလည်း ကမ္ဘာမှာ နိုင်ငံသေးသေးလေးပေါ်လာမှာကို ဘယ်အိမ်နီးချင်းကမှ ကြိုဆိုကြမှာမဟုတ်ပါဘူး။ ခွဲထွက်သူ အတွက်ပဲ အန္တရာယ်ပါတ်လည်ဝိုင်းလာမှာ ကို သိကြတာဖြစ်ပါတယ်။ မြန်မာမှာရှိတဲ့ လူများစု ဗမာအပါ အဝင်အားလုံးသော လူမျိုးတိုင်းဟာ စစ်အာဏာရှင်စနစ်အောက်မှာ ခံစားခဲ့ရတာတွေသိပ်များခဲ့လို့ ပေါက်ကွဲထွက်လုနီးပါးပြောဆိုကြတာ သို့မဟုတ် ဖော်ပြခဲ့ကြတာတွေရှိကောင်းရှိနိုင်ပေမယ့် လက်တွေ့မှာ ကိုယ်ပိုင်အုပ်ချူပ်ခွင့် အပြည့်အဝနဲ့ ကိုယ်လူမျိုးကိုယ် တိုးတက်အောင်လုပ်ခွင့်တွေရလာကြတဲ့အခါ တိုင်းပြည်ဟာ ပိုပြီးစည်းလုံးလာတာကိုပဲတွေ့ကြရမှာပါ။ ကွဲလွဲမှုတွေရှိလာရင်တောင် လူမျိုးတိုင်းဟာ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဖြေရှင်းတတ်တဲ့ အလေ့အကျင့်ကောင်းတွေ သုံးတတ်လောက်အောင် နိုင်ငံရေးအရ ရင့်ကျက်လာကြပြီဖြစ်ပါတယ်။ ဒါက တဘက်ကပြောရင် စစ်အာဏာရှင်တွေအောက်က ဖြေရှင်းနည်းတွေ အလုပ်မဖြစ်ခဲ့ဘူးဆိုတာအပေါ် သင်္ခန်းစာယူ နိဂုံးချုပ်ထားတာလဲဖြစ်တယ်။ 


           မှန်ကန်တဲ့ နိုင်ငံရေးအမြင် မှန်ကန်တဲ့သဘောထားတွေ မှန်ကန်တဲ့ ဖြေရှင်းနည်းတွေနဲ့သာ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားနိုင်မယ်ဆိုတာ အားလုံး နားလည်လက်ခံကြပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ တိုင်းပြည် တစစီဖြစ်သွားနိုင်တယ်ဆိုတာအပေါ် စိုးရိမ်စရာမလိုပါဘူး။ တကယ်စိုးရိမ်ရမှာတွေက အပေါ်မှာပြောခဲ့ပါပြီ။ နောက်တခု စိုးရိမ်ရမယ့်အချက်ရှိပါသေးတယ်။ နိုင်ငံကြီးတွေအနေနဲ့ မြန်မာ့အရေးမှာ လိုတာထက်ပိုပြီးမပတ်သက်ကြဖို့ပါပဲ။ အဲဒါက အင်အားကြီးတွေရဲ့ အင်အားချိန်ခွင်လျှာ ထိန်းညှိမှုများအကြား မြန်မာဟာ မြေဇာပင်ဖြစ်သွားနိုင်လို့ပါ။ တဘက်ကလည်း ပေါ့လျော့နေခဲ့မယ်ဆိုရင် စကစဟာ ဆီးရီးယားမှာ အာဆတ်အစိုးရ ပြန်ခိုင်သွားသလိုဖြစ်လာနိုင်တာပါ။ ဒါလောက်ဆိုရင် တကယ်စိုးရိမ်ရမှာနဲ့ မစိုးရိမ်ရမှာတွေ ရှင်းလောက်ပါပြီ။ မြန်မာပြည်သူတွေအတွက်ကတော့ နောက်ပြန်ဆုတ်စရာအကြောင်းမရှိပါ၊ ရှေ့ကိုပဲ ဆက်လက်ချီတက်ပြီး အောင်ပွဲကိုအရယူကြတော့မှာဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

၂၀၂၄ အစုလိုက်အပြုံလိုက် လက်နက်ချမှုများ


 ၂၀၂၄ အစုလိုက်အပြုံလိုက် လက်နက်ချမှုများ

------------------------------------------------------------

၁၀၂၇ စစ်ဆင်ရေးကအစပြုလို့ နောက်ပိုင်း နိုင်ငံအနှံ့က တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက် လက်နက်ချ အညံ့ခံတယ်ဆိုတဲ့ အဖြစ်အပျက်တွေဟာ မထူးခြားတော့တဲ့ ဖြစ်စဉ်တစ်ခုလို ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ဘက်က တပ်ရင်းတွေသာမဟုတ်ပဲ ရဲဘက်တွေကပါ အစုအလိုက်အပြုံလိုက် လက်နက်ချလာကြတာဖြစ်ပါတယ်။ 


၂၀၂၄ ခုနှစ် ငါးလတာကာလကိုပဲ ပြန်ကြည့်ရင် လက်နက်ချ အလင်းဝင်သူ အရာရှိ နဲ့ တပ်သားစုစုပေါင်းဟာ အကြမ်းဖျဉ်းအားဖြင့် (၅,၃၀၀) ထက်မနည်း ရှိပါတယ်။ အဲ့ထဲမှာမှ လက်နက်ချ လက်နက်ချအညံ့ခံမှုကြောင့် ပြုန်းတီးသွားခဲ့ရတဲ့ စစ်ဘက်/ရဲဘက် အရာရှိစုစုပေါင်း အရေအတွက်ဟာ (၃၂၀) အထက်မှာရှိခဲ့ပါတယ်။ 


ဗိုလ်မှူးချုပ် (၆)ဦး၊ ဗိုလ်မှူးကြီး (၁၀) ဦး၊ ဒုတိယဗိုလ်မှူးကြီး (၂) ဦး အပါအဝင် ဗိုလ်အဆင့် နဲ့ အထက်ရာထူးရှိသူ စစ်ဘက်/ရဲဘက် အရာရှိစုစုပေါင်း (၃၂၀) နဲ့ တပ်သားတွေဟာ နိုင်ငံအနှံ့က ကာကွယ်ရေးတပ်ဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ ငါးလတာအတွင်းမှာပဲ ထင်ရှားတဲ့ အစုအလိုက်အပြုံလိုက် လက်နက်ချခဲ့မှုတွေကို ပြန်ကြည့်ရင်

ဇန်နဝါရီလနှစ်သစ်အကြိုနေ့ရက်တွေမှာ ဖြစ်ခဲ့တဲ့

• ဇန်နဝါရီလ ၅ ရက်နေ့ လောက်ကိုင်မှာ လက်နက်ချခဲ့ကြတဲ့ ဗိုလ်မှူးချုပ် (၆) ဦး ဦးဆောင်တဲ့ အရာရှိ (၂၂၈) ဦး အပါအဝင် ၂၃၀၀ ကျော်သော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သမိုင်းတွင်လက်နက်ချမှု 

• အဲ့ဖြစ်စဉ်အပြီး နောက်တစ်ရက် ဇန်နဝါရီလ (၆) ရက်နေ့က ဒုတိယမြောက် အစုအလိုက်အပြုံလိုက် လက်နက်ချမှုဖြစ်စဉ်ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းမှ စစ်ကောင်စီ တပ်သား ၂၀၀ ကျော်ရဲ့ လက်နက်ချအညံ့ခံခဲ့မှု၊ 

• ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ်၊ ရီစိုးချောင်းဗျူဟာမှူး နဲ့ တပ်သား ၁၀၀ ကျော် AA ထံ လက်နက်ချမှု၊ ကျောက်တော်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းမှူးဦးဆောင်တဲ့ စစ်သည်နဲ့ မိသားစု (၄၀၀)ကျော်ရှိတဲ့ တစ်ရင်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချမှု

• ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကချင်ပြည်နယ် မန်စီမြို့နယ်၊မန့်ဝိန်းကြီး အထိုင်တပ်စခန်းက စစ်ကောင်စီတပ်သား၂၀၀ နီးပါး လက်နက်ချအညံ့ခဲ့တဲ့ မြင်ကွင်းတွေဟာ “မြန်မာ့တပ်မတော်” လို့ခေါ်တဲ့ စစ်ကောင်စီရဲ့ သမိုင်းတွင် စစ်အာဏာရှင်စနစ်နိဂုံးချုပ်မယ့် နှစ်သစ်အကြိုနေ့ရက်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ရှုံးနှိမ့်မှုတွေပဲဖြစ်ပါတယ်။ 


ဒါ့အပြင် ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာလည်း အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ချအညံ့ခံမှုတွေ ရှိနေခဲ့ပြန်ပါတယ်။

• KIA နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မတ်လစစ်ဆင်ရေးအတွင်းမှာ ကချင်ဒေသအတွင်း တပ်ရင်းအလိုက် လက်နက်ချခဲ့တဲ့ ပထမဆုံး ဖြစ်စဉ် ဖြစ်တဲ့ ဒေါ့ဖုန်းယန် ခလရ (၁၄၂) တပ်ရဲ့ တပ်ရင်းတစ်ခုလုံးလက်နက်ချမှု၊ ပန်ဆွန်တပ်စခန်းနဲ့ ဂေါက်ငူကောင် တပ်စခန်း (၂)ခု မှ စစ်ကောင်စီတပ်တွေရဲ့ အလံဖြူထောင်လက်နက်ချမှု၊ ဟန်းကိုင်တပ်စခန်း လက်နက်ချမှု၊

• ဆွမ်ပရာဘွမ်မြို့ရဲစခန်းမှ ရဲမှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ချမှု၊ 

• ချင်းပြည်နယ်၊ လောင်းပွီတောင်၌ CDF - Daai ၊ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မိတ်ဖက် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ချအညံ့ခံခဲ့မှု၊

• ရခိုင် ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို၊ မြိုမရဲစခန်းမှ ရဲအုပ်ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် (၂၃) ယောက်၏ လက်နက်ချအလင်းဝင်ခဲ့မှု၊ မောင်တောမြို့ရှိ တမန်းသား ရဲကင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုအပြီး အင်အား (၁၀၀) ခန့် ပါဝင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရဲ့ အာရက္ခ တပ်တော် ထံ လက်နက်ချခဲ့မှု၊

• ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာကုန်းအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲအတွင်းက ဗျူဟာမှူး နှင့် အရာရှိကြီး (၁၂) ဦး အပါအဝင် ၆၆ ဦး လက်နက်ချ အညံ့ခံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။


ဆက်လက်ပြီးလည်း ဧပြီလရဲ့ ပထမအပတ်တွေကတည်းကစပြီး စစ်ရှုံးစစ်တပ်ရဲ့ လက်နက်ချအညံ့ခံ ရှုံးနှိမ့်မှု မှတ်တမ်းတွေကိုလည်း အောက်ပါအတိုင်းမြင်တွေ့ရပြန်ပါတယ်။

• ဧပြီလ ပထမအပတ် ၅ ရက်နေ့က ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ (သင်္ဃန်းညီနောင်) စစ်ဗျူဟာအခြေချ စခန်း တိုက်ခိုက်သိမ်းပိုက်ခဲ့မှုဖြစ်စဉ်မှာ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်တဲ့ စစ်ဘက် ရဲဘက်အရာရှိနဲ့ တပ်သားအဆင့်အပါအဝင် တပ်မိသားစုဝင် စုစုပေါင်း (၆၁၇) ဦး အလင်းဝင်ရောက်ခဲ့ပါတယ်။ အဲ့ဖြစ်စဉ်အပြီး နောက်တစ်ရက် (၆)ရက်နေ့မှာပဲ တစ်ဆက်တည်းဆိုသလို အင်အား (၄၀၀)ကျော်ပါဝင်ခဲ့တဲ့ ခမရ(၃၅၇) တပ်ရင်းတစ်ခုလုံးကလည်း လက်နက်ချခဲ့ပြန်ပါတယ်။


ဒါ့အပြင်

• အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ (၉)ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ခန္တီးခရိုင်အတွင်းက ပျုစောထီး (၄) ရွာရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁၀၀ကျော်ရဲ့ လက်နက်ချ အညံ့ခံမှု

• KNU တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်း တပ်ရင်းအလိုက် လက်နက်ချတဲ့ပထမဆုံး ဖြစ်စဉ်ဖြစ်တဲ့ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦးရဲ့ တပ်မဟာ(၄)ထံသို့ လာရောက်လက်နက်ချမှုဖြစ်စဉ်

• ဖားကန့် ဆယ်ဇင်းရဲစခန်းမှ ရဲ (၂၂) ဦးလက်နက်ချမှု၊ ကျိုက်မရောပြည်သူ့စစ်စခန်းမှ စစ်ကောင်စီတပ်သားအားလုံး၏ လက်နက်ချမှု

• ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာ စစ်စခန်းမှ စစ်ကောင်စီတပ်တွေရဲ့လက်နက်ချမှု 


၂၀၂၄ ရဲ့ ငါးလမြောက် ကာလဖြစ်တဲ့ မေလမှာ

• ဘူးသီးတောင် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အပါအဝင် ရာချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များရဲ့ AA ထံ လက်နက်ချ အညံ့ခံမှု

• အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုဖြင့် တမူးခရိုင်၊ မြို့သစ်မြို့အား သိမ်းပိုက်စဉ် တိုက်ပွဲအတွင်း ရဲအုပ်နဲ့ ဒုရဲအုပ်တို့ ပါဝင်တဲ့ ရဲ (၂၁) ဦး အလံဖြူပြ လက်နက်ချမှု

• ကော့ကရိတ်မြို့နယ် ဖူ့ချိမူစခန်းမှ ဒုရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး KNLA ထံ လက်နက်ချအညံ့ခံမှု စတဲ့ဖြစ်စဉ်တွေကို ဆက်တိုက်ဆိုသလို တွေ့မြင်ကြရမှာဖြစ်ပါတယ်။


ငါးလတာအတွင်းမှာကိုပဲ စစ်ကောင်စီတပ်တွေရဲ့ အရေးနိမ့် လက်နက်ချအညံ့ခံမှုတွေဟာ လစဉ် ဆက်တိုက်ဆိုသလို ဒေသအနှံ့မှာ ဖြစ်ပေါ်လျက်ရှိသလို လာမယ့် လတွေမှာလည်း ဒီလို အစုလိုက်အပြုံလိုက်လက်နက်ချပွဲကြီးတွေဟာ ဆက်လက်ဖြစ်ပေါ်နေမှာ အသေအချာပဲဖြစ်ပါတယ်။ မကြာခင်ကာလအတွင်း မြေပြန့်ဒေသမှာ မဟာဗျူဟာထိုးစစ်စတင်တော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးရဲ့ သတင်းစကားအရ မကြာခင်ကာလမှာ မြေပြန့်ဒေသထိုးစစ်တွေဟာ အလုံးအရင်းနဲ့ စတင်တော့မှာဖြစ်ပါတယ်။ တောင်တန်း မြေပြန့် မကျန် တစ်နိုင်ငံလုံးတင်းပြည့်ကြပ်ပြည့် ထိုးစစ်ဆင်မှုတွေကို တိုက်တိုင်းရှုံး လက်နက်ချနေရတဲ့ အကြမ်းဖက် စစ်တပ် ရဲ့ စစ်ကောင်စီတပ်သားတွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတဲ့ အဖြေဟာ ရှင်းလင်းစွာ ပေါ်ထွက်ထားပြီးဖြစ်ပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

မောင်တောရှိ မောရ၀တီဗျူဟာအပါအဝင် စစ်ကောင်စီစခန်း ၄ခုအား AA ထပ်မံသိမ်းယူ


 မောင်တောရှိ မောရ၀တီဗျူဟာအပါအဝင် စစ်ကောင်စီစခန်း ၄ခုအား AA ထပ်မံသိမ်းယူ 


▪️စခန်းသိမ်းတိုက်ပွဲများအတွင်း ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော် သုတ်သင်နိုင်ဟု AAအသိပေး


ရှိုင်း/People’s Spring


မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်(AA)က ဆင်နွှဲလျက်ရှိရာ ဇွန်လ ဒုတိယပတ်အတွင်း မောရ၀တီ ဗျူဟာအပါအဝင် စစ်ကောင်စီတပ်စခန်း ၄ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ဟု AAက ယနေ့(ဇွန်လ ၁၄ရက်) ထုတ်ပြန်သည်။


ဇွန်လဒုတိယပတ်အတွင်းလည်း မောင်တောမြို့နယ်အတွင်းရှိ တပ်စခန်း ၄ခုကို သိမ်းယူနိုင်ခဲ့ရာ ဇွန်လ ၁၀ရက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ - နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော် စခန်းတို့အား သိမ်းယူနိုင်ခဲံပြီး ဇွန်လ ၁၃ရက်တွင် မောရဝတီဗျူဟာနှင့် နခေါင်းတို့စခန်းတို့အား သိမ်းယူရရှိခဲ့ကြောင်း ဖော်ပြသည်။


အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ကျော်အား သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း AAက ထုတ်ပြန်သည်။


AAအနေဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ် သိမ်းပိုက်ပြီးနောက် မောင်တောမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းများအား ပြီးသတ်သိမ်းယူနိုင်ရေး ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။


ဇွန်လဒုတိယပတ်အတွင်း တိုက်ပွဲများ၌ ရန်သူ၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို့ စစ်သုံပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု အသိပေးသည်။  


လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် ရန်သူ့တပ်ဖွဲ့ဝင်များအားလည်း လိုက်လံရှာဖွေကာ ဆက်လက် ရှင်းလင်းလျက်ရှိကြောင်း AAက ထုတ်ပြန်သည်။


ဇွန်လပထမပတ်အတွင်းကလည်း မောင်တောမြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့) နခခ (၆)စခန်း နှင့် နခခ (၉)စခန်းတို့အား AAက အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ယခု သိမ်းယူနိုင်မှု အပါအဝင် ဇွန်လဝက်အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၁၀ခုထက်မနည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။


ထို့ပြင် မောင်တော၊ အမ်း၊ သံတွဲ မြို့များ၌ ရှိသော ရန်သူ၏အခြားသော စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း AAက အသိပေးသည်။


စစ်ကောင်စီတပ်ဘက်ကလည်း အရပ်သားများနှင့် အရပ်သားအသုံးပြုရာ လမ်းပိုင်များ ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးမှုများ မကြာခဏ ကျူးလွန်လျက်ရှိရာ ဇွန်လ ၁၃ရက်တွင် တောင်ကုတ်မြို့နှင့် (၈)မိုင်ခန့်အကွာရှိ တောင် ကုတ် - အမ်း ကားလမ်းမပေါ်ရှိ ရွှေကွမ်းစမ်း တံတားအား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့သည်ဟု ဆိုသည်။

Wednesday 12 June 2024

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ်ကာကင်းစခန်းကို PDF က တိုက်ခိုက်မှု စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ


 မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး စစ်တပ်ကာကင်းစခန်းကို PDF က တိုက်ခိုက်မှု စစ်သား ၂၀ ဦးခန့်သေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဇွန် ၁၂ 


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနီးရှိ စစ်တပ်ကာကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၂၀ ဦးခန့်သေ ဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း စစ်ကိုင်း တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ တာဝန်ရှိ သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဇွန်လ ၁၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး တစ်မိုင်အကွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း ကာကင်းစခန်းတစ်ခုကို ယင်းမာပင်မြို့နယ် ပကဖ ( ULF စစ်ကြောင်းမှုး ) ဦးစီးသော ‌ကာကွယ်ရေး အဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ မိနစ် ၃၀ ခန့်အကြာတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


ယင်း ကာကင်းစခန်းတွင် အကြမ်းဖက် စစ်တပ်က အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားပြီး ကာကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိကာ စခန့်စွန့်ခွာ ထွက်ပြေးသွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။


ဖမ်းဆီးရမိသူ ၅ ဦးမှာ ခမရ-၁၀၆ မှ တပ်သား နေထက်အောင် ၊ ခမရ-၃၆၈ မှ တပ်သား လွမ်းငြိမ်းသူ ၊ ခမရ-၁၀၆ မှ တပ်သား သက်ထွန်းနိုင် ၊ ခမရ-၁၀၆ မှ တပ်သား ရှိုင်းထက်အောင် နှင့် ရဲတပ်သား ဖြိုးထက်အောင် တို့ဖြစ်ကြောင်း သိရသည်။ 


အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၉ လက်၊ ကွန်မန်ဒို စိန်ပြောင်း တစ်လုံး၊ ၆၀ မမ ၅ လုံး၊ 79 အသီး ၂ လုံး၊ 5.56 ကျည် ၁၃၃၀ တောင့် သိမ်းဆည်းရမိခဲ့ပြီး နမခ ဌာနချုပ်မှ အင်အား ၁၀၀ ခန့် စစ်ကူရောက်ရှိလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တိုက်နယ် ၁ ပကဖ ( ချိုမိုင်မိုင်အဖွဲ့၊ နဂါးညီနောင်အဖွဲ့၊ ချင်းတွင်းတိုက်ဂါးအဖွဲ့၊ B2 Fighter အဖွဲ့၊ CT lPDF အဖွဲ့၊ ထန်းတပင်အဖွဲ့၊ K2 အဖွဲ့၊ ဒေါင်းလုလင်အဖွဲ့၊ သေမင်းတမန်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၁၀ ပကဖ ( ဗိုလ်မုတ်ဆိတ်အဖွဲ့ ) ၊ ယင်းမာပင်မြို့နယ် တိုက်နယ် ၉ ပကဖ( ဗျတ္တညီနောင်အဖွဲ့၊ ဗိုလ်ထွန်းတောက်အဖွဲ့ ) ၊ ကနီမြို့နယ် တိုက်နယ် ၅ ပကဖ အဖွဲ့ ၊ ယင်းမာပင်ခရိုင် တပ်ရင်း ( ၁၇ ) B21 PDF ၊ ယင်းမာပင်ခရိုင် ဗျူဟာ အမှတ် ( ၄၅ ) ‌KLG PDF ၊ ယင်းမာပင်ခရိုင် တပ်ရင်း ( ၃၅ ) PDA ၊ ကျောင်းသားလက်ရုံးတပ်တော်၊ မုံရွာခရိုင်တပ်ရင်း ( ၁၃ ) AungSan Generation၊ မုံရွာခရိုင် တပ်ရင်း ( ၁၄ )၊ ချင်းတွင်း Brother LPDF၊ ဘုတလင် Mobile team တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။


ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်း သိမ်းထားပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံနိုင်ရေး ဆက်‌လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ် ခိုးယူ ထွက်ပြေးတဲ့ ဒုရဲအုပ်ကို ပစ်ခတ်ဖမ်း ဆီး၊ ဒုရဲအုပ် သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ


 ◼ဆိုင်ကယ် ခိုးယူ ထွက်ပြေးတဲ့ ဒုရဲအုပ်ကို ပစ်ခတ်ဖမ်း ဆီး၊ ဒုရဲအုပ် သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိ


၁၂ ဇွန် ||| နွေဦးအသံ |||


စစ်ကိုင်းဒေသ၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီးရွာမှ ဒုရဲအုပ်တဦးဟာ ဇွန် ၁၁ ရက်မှာ ပြည်သူ့တဦးရဲ့ ဆိုင်ကယ်ကို ခိုးယူ ထွက်ပြေးစဉ် တော်လှန်ရေး တပ် ဖွဲ့တွေက လိုက်လံ ပစ်ခတ် ဖမ်းဆီးရာ ဒုရဲအုပ် သေ ဆုံးပြီး သေနတ် ၂ လက်၊ ယူနီဖောင်းနဲ့ ကျည်ကာတွေ သိမ်း ဆည်းရရှိခဲ့တယ်လို့ ခေတ်သစ် မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။


ခိုးယူ ထွက်ပြေးစဉ် နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက လိုက်လံ ဖမ်းဆီးခဲ့ပြီး၊ ဒုရဲအုပ်က ခြောက်လုံးပြူး သေနတ်နဲ့ ပြန်လည် ပစ်ခတ်ဖို့ ပြုလုပ်ခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ဒုရဲအုပ်ထံမှ MA- 13 သေနတ် ၁ လက် ၊ ခြောက်လုံး ပြူး ပစ္စတို သေနတ် ၁ လက် ၊ MA - 13 ကျည် ၁၀၀ တောင့် ၊ ခြောက်လုံးပြူး ပစ္စတို ကျည် ၁၃ တောင့် ၊ ဖုန်း ၁ လုံး ၊ ကျည်ကာ ၁ ထည် နှင့် ကျည်ကာ ဦးထုပ် ၁ လုံး သိမ်း ဆည်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဓာတ်ပုံ | ခေါတ်သစ် မီဒီယာ


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...