Sunday 31 December 2023

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ပြာကျ၊ TNLA တပ်များက မြို့ထဲသို့ ရောက်ရှိလာပြီး စစ်တပ် ဆုတ်ခွာ

 

မိုင်းငေါ့မြို့တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ်များ မီးလောင်ပြာကျ၊ TNLA တပ်များက မြို့ထဲသို့ ရောက်ရှိလာပြီး စစ်တပ် ဆုတ်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းမှစ၍ အကြမ်းဖက်စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများ  ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်မှုကြောင့် မန်တုံရပ်ကွက်နှင့် ဈေးရပ်ကွက်ရှိ နေအိမ်များ ထိမှန် မီးလောင် ပြာကျသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် TNLA တပ်များ မြို့ထဲ ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

"တိုက်ပွဲပစ်နေပြီ မိုင်းငေါ့မှာ။ အခုမနက်လည်း တိုက်ပွဲပြင်းထန်နေတုန်းပဲ။ TNLA တပ်တွေမြို့ထဲရှိရောက်လာပြီ။ မြို့ထဲမှာလည်း ထိတဲ့အိမ်တွေ ထိကုန်ပြီ။ ဈေးရက်ကွက်ထဲက အိမ်တချို့ရယ် မန်လုံရက်ကွက်က အိမ်တချို့ရယ် ထိတာ။  ဈေးရပ်ကွက်ထဲက မီးလောင်ပြာကျကုန်ပြီ။ အဲဒီနား ဓာတ်ဆီဆိုင်ရှိတာ ဓာတ်ဆီဆိုင်ပါ ပြာကျ"ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောပြသည်။

ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ပြင်ထွက် အိပ်ကြကာ ပြည်သူ အချို့သာ အိမ်စောင့်၍ နေနေကြကြောင်း သိရှိရသည်။

လတ်တလော မိုင်းငေါ့မြို့တွင် TNLA တပ်များ မြို့ထဲသို့ ဝင်ရောက် နေရာယူလာချိန်တွင် စစ်တပ်က မြို့ထဲ နေရာများ ဆုတ်ခွာသွားကြောင်း ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

Saturday 30 December 2023

မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်းကို AA က သိမ်းပိုက်ပြီး ရခိုင့်အလံတော်လွှင့်ထူ


မြောက်ဦးမြို့နယ်၊ မြောင်းဘွေ ရဲစခန်းကို AA က သိမ်းပိုက်ပြီး ရခိုင့်အလံတော်လွှင့်ထူ


ရန်ကုန်| ဒီဇင်ဘာ ၃၀ 


စစ်ကောင်စီအင်အား ၇၀ ဝန်းကျင်လောက်ရှိသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့နှင့် ၁၅ မိုင်ခန့်ဝေးကွာသော မြောင်းဘွေတိုက်နယ် ရဲစခန်းကို ရက္ခိုင့်တပ်တော် AA မှ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက်လိုက်ပြီဟု AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မြောင်းဘွေတိုက်နယ်ရဲစခန်းတွင် ရဲတပ်ဖွဲ့ဝင်များအပြင် စစ်‌သားအများအပြားဖြင့် စစ်ကောင်စီက အင်အားဖြည့်တင်းထားသော တပ်စခန်းတစ်ခုဖြစ်ပြီး AA က ဒီဇင်ဘာလ ၂၈ ရက်နေ့ အာရုဏ်တက်ချိန်ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်မှာမူ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်ကြောင်းနှင့် AA ၏ အလံတော်ကို တင်ထားလိုက်ပြီဟု သိရှိရသည်။ 


"မြောင်းဘွေရဲစခန်းမှာ AA အလံ ထူထောင်ထားတာကို မြင်ခဲ့တဲ့သူတွေရှိတယ်။ ဒါဆိုရင် ရဲစခန်းကို AA က သိမ်းပိုက်လိုက်ပြီလို့ ပြောရပါတယ်။ လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိတယ်လို့ ပြောကြတယ်။ အတိအကျတော့ ကျနော်တို့လည်း မသိဘူး" ဟု ပြောသည်။ 


AA သတင်းရင်းမြစ်က မြောင်းဘွေရဲစခန်း၌ ရခိုင့် အလံတော်ကို လွှင့်တင်ထားသည့် ဓါတ်ပုံများကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့သည်။ 


မြောင်းဘွေဒေသခံ မွတ်ဆလင်တစ်ဦးက " မြောင်းဘွေရဲစခန်းကို AA က သိမ်းလိုက်ပြီဆိုတာ မှန်ပါတယ်။ ဒီနေ့ နံနက် ၇ နာရီလောက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောလို့ရတယ် " ဟု ပြောသည်။ 


မြောင်းဘွေရဲစခန်းကို AA မှ ထိုးစစ်ဆင်တိုက်ခိုက်သည့်အချိန်မှစ၍ စစ်ကောင်စီအနေဖြင့် မြောက်ဦးမြို့နှင့် မင်းပြားမြို့ရှိ တပ်ရင်များမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်တွေမှ လာရောက်ပြီး လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ 


သို့သော်လည်း စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းအန္တရာယ်များကြားမှ AA မှ သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ဒေသခံများမှာ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။ 


စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုတို့ကြောင့် မြောင်းဘွေနှင့် ကပ်လျှက်ရှိသည့် ကိုင်းတော၊ ဘူးတစ်လုံးနှင့် ပေါင်းတုတ်ကျေးရွာတို့က အပြစ်မဲ့ အရပ်သား မွတ်ဆလင် ၅ ဦး သေဆုံးပြီး မွတ်ဆလင်ကလေးငယ်များအပါအဝင် ၁၂ ဦးမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ 


(Western News နှင့် ရန်ကုန်ခေတ်သစ် ပူးပေါင်းရေးသားသည်။)
 

Friday 29 December 2023

တမူးမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ သေနတ် ၆ လက်သိမ်းဆည်းရမိဟုဆို


 တမူးမြို့နယ်မှာ ကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ သေနတ် ၆ လက်သိမ်းဆည်းရမိဟုဆို

=============

၂၉၊ ဒီဇင်ဘာ၊ ၂၀၂၃

Zalen


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ဟုမ္မမလင်းလမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးကာ လက်နက်ငယ် ၆ လက်သိမ်းဆည်းရမိတယ်လို့ တမူးအမှတ် ၁ စစ်ဒေသကယနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


အောင်ဇေယျ ဟုမ္မလင်းလမ်းမှာ ဗိုလ်မှူးဝင်းမင်းထွန်း(ဒု-တပ်ရင်းမှူး) ဦးစီးတဲ့ ခမရ-၃၀၉ SNAနှင့်ပျူစောထီး ပူးပေါင်းအင်အား ၃၅ ဦးကို တမူးခရိုင်အထူးလှုပ်ရှားတပ်ရင်းနှင့် Kuki National Army-Burma ပူးပေါင်းတပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရှိကာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သေနတ် ၆ လက်၊ ဗုံးသီး ၃၁ လုံး၊ ကျည်မျိုးစုံ ၂၃၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကော့ကရိတ်ရှိ တောင်ကြာအင်းရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ


 ကော့ကရိတ်ရှိ တောင်ကြာအင်းရဲစခန်းကို KNU နဲ့ပူးပေါင်းတပ်သိမ်းယူ


နိုင်ပကောင်း/People's Spring


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီး လမ်းပိုင်းမှာရှိတဲ့ တောင်ကြာအင်းရဲစခန်းကို KNU ပူးပေါင်းတပ်တွေ မနေ့ ဒီဇင်ဘာလ ၂၈ ရက်မှာ သိမ်းယူလိုက်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။


တောင်ကြာအင်းရဲစခန်းဟာ ကော့ကရိတ်မြို့နယ်အပိုင်ထဲမှာပါပြီး KNU တပ်မဟာ ၆ စစ်ရေးလှုပ်ရှားတဲ့နယ်မြေမှာတည်ရှိတာပါ။


" "သိမ်းလို့ရပြီကြားတယ်၊ တချို့(စစ်ကောင်စီတပ်ဖွဲ့ဝင် ) သေတယ်၊ တချို့လက်နက်ချတယ်၊ မြောက်ကြာအင်း(တံတားဂိတ်)ကတော့ မသိရသေးဘူး" လို့တောင်ကြာအင်းဒေသခံတစ်ဦးက ပြောပါတယ်။


ရဲစခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေ ဝင်တိုက်ချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ပစ်ကူပေးတိုက်ခိုက်တာတွေရှိတယ်လို့သိရပါတယ်။


" လေယာဉ်က ဗုံးနဲ့ကြဲတာမဟုတ်ဘူး၊အပေါ်ကနေ လှမ်းပစ်တာ" လို့ တောင်ကြာအင်းဒေသခံကဆိုပါတယ်။


ထိုင်း − မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ကော့ကရိတ်မြို့ကို သိမ်းဖို့အတွက် KNU နဲ့ ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလဆန်းပိုင်း က ကော့ကရိတ်မြို့တွင်း မြို့ပြင်မှာရှိတဲ့ စစ်တပ်စခန်းတွေကို အပြင်းအထန်ဝင်တိုက်ခိုက်ခဲ့ပါတယ်။


တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးအာရှလမ်းမကြီးလည်း ပိတ်သွားခဲ့ပြီး ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။


ပုံ/စာ

crd

လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦး သေနတ် ၁ လက်နှင့်အတူ TNLA ထံ အလင်းဝင်


 လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦး သေနတ် ၁ လက်နှင့်အတူ TNLA ထံ အလင်းဝင် 


ဒီဇင်ဘာလ ၂၉ ရက် 

တအာင်းပြည်နယ် 


တအာင်းပြည်နယ် တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့က စစ်ကောင်စီတပ်သားတစ်ဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို မကြိုက်တာကြောင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ထံ သေနတ် ၁ လက်၊ ကျည် (၂၀၀)ကျော်နှင့်အတူ အလင်းဝင်ခဲ့သည်။ 


ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လားရှိုးမြို့တွင်းလုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်ရင်း - ၅၁၂ က တပ်သား ဟိန်းမင်းဦးသည် စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်နှင့်အတူ ပြည်သူလူထုဘက်ကရပ်တည်လိုတာကြောင့် PSLF/TNLA ထံ ဆက်သွယ်ကာ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။ 


နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် ကုန်စုံရွာက စစ်ကောင်စီ၏ ခမရ - ၃၆၂ က တပ်သားတစ်ဦးသည် စစ်မတိုက်လိုတော့တာကြောင့် လက်နက်ခံယမ်းနှင့်အတူ PSLF/TNLA ထံအလင်းဝင်ခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများနှင့် ဌာနအသီးသီးတွင်တာဝန်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြရန် ဖိတ်ခေါ်ပါသည်။ 


#PSLF/TNLA 

#သတင်းနှင့်ပြန်ကြားရေးဌာန

ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဖယ်ခုံမြို့အဝင်အထွက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်


ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဖယ်ခုံမြို့အဝင်အထွက်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်


ရန်ကုန်၊ ဒီဇင်ဘာ ၂၉ 


ရှမ်းပြည်နယ်နှင့်ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုများမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ကရင်နီပြည်နယ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ရွှေပြည်အေးနှင့် လွယ်ပတာ စခန်းကုန်းများကို ပူးပေါင်းမဟာမိတ်တော်လှန်ရေးအင်အားစုများက် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ပူးပေါင်းမဟာမိတ်အင်အားစုများသည် ဖယ်ခုံမြို့ အဝင်နှင့်အထွက် အသီးသီးကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုကာလများအတွင်း ပြည်သူလူထုများအနေနှင့် ဖယ်ခုံမြို့အတွင်း ဝင်ထွက်သွားလာခြင်းမပြုကြသေးရန်လည်း တော်လှန်ရေးအင်အားစုများက မေတ္တာရပ်ခံသည်။ 


လက်ရှိကာလ စစ်ရေးအခြေအနေများကြောင့် မိုးဗြဲ-ဖယ်ခုံဒေသအသီးသီးတွင် နေထိုင်ကြသည့် ပြည်သူလူထုများအနေနှင့် နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် မေတ္တာရပ်ခံကြောင်း၊ အရပ်သားများ ထိခိုက်နစ်နာမှု မရှိစေရန်ဖြစ်ပြီး 

စစ်ရေးအခြေအနေများကိုလည်း အလျဉ်းသင့်သလို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးဗြဲ-ဖယ်ခုံစစ်ဆင်ရေးမဟာမိတ်အင်အားစုများက ပြောဆိုထားသည်။
 

Thursday 28 December 2023

နမ္မတူမြို့ကို တအောင်းတပ်မတော်က အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး အလုံးစုံ ထိန်းချုပ်ထား



 ◼️နမ္မတူမြို့ကို တအောင်းတပ်မတော်က အပြီး သိမ်းပိုက်နိုင်ခဲ့ပြီး အလုံးစုံ ထိန်းချုပ်ထား


၂၈ ဒီဇင်ဘာ ||| နွေဦးအသံ |||  


နမ္မတူမြို့ကို တအောင်းတပ်မတော်က ၂ ရက်အတွင်း အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး နမ္မတူတမြို့လုံး တအောင်းတပ်မတော်ရဲ့ ထိန်းချုပ်မှုအောက်ကို အလုံးစုံ ကျရောက်သွားပြီဖြစ်တယ်လို့ ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း(၃၂၄) ကို တအာင်းတပ်မတော်(PSLF/TNLA) က ဒီဇင်ဘာ ၂၆ ရက်မှာ တအောင်းတပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၄ နာရီမှာ အပြီးသိမ်းယူနိုင်ခဲ့တာပါ။


တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်၊ Y-12 လေယာဥ်တွေနဲ့ SU-30 တွေကိုပါ အသုံးပြုပြီး အဆက်မပြတ် လေကြောင်းကနေ ခုခံခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၃ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။


ဓါတ်ပုံ/ကိုးကား | ရွှေဖီမြေ


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Wednesday 27 December 2023

လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက် နက်ချ အညံ့ခံ၊ လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိ



 လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက် နက်ချ အညံ့ခံ၊ လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဒီဇင်ဘာ ၂၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင်းသို့ MNDAA တပ်များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားများနှင့် ပြည်သူ့စစ်အများအပြား လက်နက်ချ အညံ့ခံကြပြီး လက်နက်များ တောင်ပုံရာပုံ သိမ်းဆည်းရရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ 


"မြို့စောင့်တပ်တွေ၊ ပြည်သူ့စစ်တွေ အကုန်လက်နက်ချကြတယ်။ ကိုးကန့် ပြည်သူ့စစ်တွေ အားလုံးနီးပါး လက်နက်ချကုန်ကြပြီ။ စစ်ကူလွှတ်တဲ့ တပ်မ ၅၅ က စစ်သားတွေလည်း လက်နက်ချကြတယ်လို့သိရတယ်။ လောက်ကိုင်မြို့နေရာအားလုံးနီးပါးကို MNDAA က ထိန်းထားနိုင်ပြီ။ ဒကစ ပဲကျန်တော့တယ်" ဟု တရုတ်-မြန်မာနယ်စပ်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 


ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို MNDAA တပ်များက ဝင်ရောက် သိမ်းပိုက် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်များက တိုက်လေယာဉ်များဖြင့် တောက်လျှောက်ဆိုသလို ဗုံးကျဲ ဖျက်ဆီးနေကြောင်း လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး လောက်ကိုင်မြို့နယ်ဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကာ လောက်ကိုင်မြို့တွင်း၌ပင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း အကြမ်းဖက် စစ်တပ်က မြို့ထဲဧရိယာကို နေ့စဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း၊ MNDAA တပ်များက လောက်ကိုင်မြို့အတွင်းရှိ နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ 


"ပယ်မိသားစုနေအိမ်၊ လောက်ကိုင်ရဲစခန်း၊ ၂၁ ရဲတပ်ရင်း ကင်းစခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေ တော်တော်များများကို MNDAA က သိမ်းပိုက်ထားပြီးပြီ။ လက်နက်ချ အညံ့ခံတာကလည်း တပ်ဘက်ကရော ပြည်သူ့စစ်တွေရောပဲ။ လောက်ကိုင် ဒကစ တစ်ခုပဲ ကျန်တော့တာ။ လောက်ကိုင်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို MNDAA တွေက သိမ်းပိုက်ထားပြီလို့ ပြောလို့ရတယ်။ စစ်တပ်ဘက်ကတော့ ဒီမနက်ကလည်း လေယာဉ်တွေနဲ့ ဗုံးတွေ ကျဲချတယ်။ မနေ့ကရော တစ်နေ့ကရော တောက်လျှောက် လေယာဉ်တွေနဲ့ ဗုံးကျဲနေတာ။ လောက်ကိုင်မြို့တစ်ခုလုံးအနေနဲ့တော့ ဇန်နဝါရီလထဲမှာပဲ MNDAA က သိမ်းပိုက်နိုင်မယ်ထင်တယ်။ ဒကစ တစ်ခုတည်း တင်းခံနေတာဆိုတော့လေ" ဟု လောက်ကိုင်မြို့အတွင်းရှိ စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။ 


တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကျင်းပ ပြုလုပ်သော စစ်ကောင်စီနှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့တို့၏ စေ့စပ်ညှိနှိုင်းမှု ပျက်ပြယ်သွားပြီးနောက် စစ်တပ်က လောက်ကိုင်မြို့ကို နေ့ရော ညပါ လေကြောင်းဖြင့် ဗုံးကျဲခြင်းများ လုပ်ဆောင်ပြီး မြို့တစ်ခုလုံးကို ဖျက်ဆီးနေသည့်သဘောဖြစ်ကြောင်း အဆိုပါ စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။ 


"စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲနေတဲ့ပုံစံက သူတို့မှ အုပ်ချုပ်မရရင် အကုန်ဖျက်ဆီးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဗုံးကျဲနေတာလို့ မြင်တယ်။ ဘာလို့ ဆိုတော့ ဗုံးကျဲတဲ့နေရာတွေက MNDAA တွေရှိတာလည်းမဟုတ်ဘူး။ အများပြည်သူပိုင် နေအိမ်အဆောက်အအုံတွေကို အကြောင်းမဲ့ သက်သက် ဖျက်ဆီးနေတာ။ စစ်ရေးပစ်မှတ်လည်းမဟုတ်ဘူး" ဟု လောက်ကိုင်မှ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နတ်သံကွင်းမြို့အနီးက အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၈ ဦးသေဆုံး...


 KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားတဲ့ နတ်သံကွင်းမြို့အနီးက အုန်းနှဲပင်စစ်တပ်ဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၈ ဦးသေဆုံး...

++++++++++++++

ဒီဇင်ဘာ ၂၇ 


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်များက  အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားသလို မြို့အနီးက အုန်းနှဲပင်စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၈ ဦးသေဆုံးသွားတယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း -တောင်းပိုင်း တိုင်း တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 


ကျောက်ကြီးမြို့နယ်၊ ပဲနွယ်ကုန်းမြို့နဲ့ နတ်သံကွင်းမြို့ကြားရှိ အုန်းနှဲပင်စစ်တပ်ဂိတ်ကို ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၄ နာရီခန့်အချိန် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အလောင်း ၈ လောင်း၊ သေနတ် ၈ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သလို နတ်သံကွင်းမြို့ကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 


အဲ့ဒီတိုက်ခိုက်မှုကို ရိုးမ၂ စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နတ်သံကွင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများစွာနဲ့ ဒေသခံပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ ကလေးသူငယ်များအပါအဝင် ပြည်သူများ ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ သိရပါတယ်။ 


အခုအခါ နတ်သံကွင်းမြို့ကို KNLA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထား နိုင်ပြီဖြစ်တယ်လို့ ရိုးမ စစ်ကြောင်း ၂ အထူး ကွန်မန်ဒိုတပ်ရင်းက ထုတ်ပြန်ပါတယ်။

မြောက်ဦးခရိုင်ရဲစခန်းကို AA သိမ်းပိုက်


 မြောက်ဦးခရိုင်ရဲစခန်းကို AA သိမ်းပိုက် 


အိုက်မောင်/People's Spring


မြောက်ဦးခရိုင်ရဲစခန်းကို ယမန်နေ့ ည ၉နာရီခန့်တွင် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝမြို့နယ်မှ ခဝဲဗျူဟာကုန်းကို သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်တေကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။


မြောက်ဦးမြို့မှစစ်ကောင်စီစခန်းများကို ဒီဇင်ဘာလ ၂၄ရက် နံနက်မှ စတင်၍ AAကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ခရိုင်ရဲစခန်းအားဒီဇင်ဘာ ၂၆ ရက်ညတွင်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းအား ညီနောင်မဟာမိတ် ၃ ဖွဲ့ က ယနေ့မနက် အစောပိုင်းသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားခြင်းဖြစ်သည်။သို့သော် သတင်းအသေးစိပ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပါ။


ထို့အပြင် ပလက်ဝမြို့နယ်မှ စစ်ကောင်စီ၏ ဗျူဟာဖြစ်သော ခဝဲဗျူဟာကုန်းကို သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း တဆက်တည်း အသိပေးထားသည်။


တိုက်ပွဲကာလအတွင်း စစ်ကောင်စီက မြောက်ဦးမြို့‌ ပေါ်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ သုံးရက်အတွင်း ဒေသခံကိုး ဦး သေဆုံးခဲ့ရကာ ၁၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AAက အသိပေးထားသည်။


လတ်တလောတွင် မြောက်ဦးမြို့ခံအများအပြားသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရပြီး မြို့ပေါ်ရပ်ကွက်များမှာနေအိမ်များကို လူစိမ်းများက ဖောက်ထွင်းခိုးယူမှုများရှိနေသည်ဟု သတင်းရရှိသည်။


"ညကလည်း သူခိုးတွေ ဝင်တယ်။ လူစိမ်းတွေ။ လက်နက်

ကြီးကလည်း ပစ်နေတော့ မထွက်ရဲကြဘူးလေ။ အခုမနက်လည်း ပစ်ခတ်သံတွေ ကြားနေရတုန်းပါ" ဟု ဒေသခံတဦးကပြောသည်။


စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသားတို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များထားရှိရာ မြောက်ဦးပြတိုက် ထိခိုက် ပျက်စီးခဲ့ပြီးထိုတိုက်ခိုက်မှုအပေါ် ရှုံ့ချကြောင်းနှင့် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလအမွေအနှစ်ထိန်းသိမ်းရေးကော်မရှင်က ထုတ်ပြန်ထားသည်။ 


ထို့အပြင် ရခိုင်လူမျိုးများ၏ သမိုင်းအမွေအနှစ်များရှိရာ မြောက်ဦးမြို့ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့သည့် စစ်ကောင်စီအား ထိထိရောက်ရောက်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော် AA ကလည်းယမန်နေ့( ဒီဇင်ဘာလ ၂၅ရက်)

တွင်ထုတ်ပြန်ထားသည်။


မြောက်ဦးမြို့ကို စစ်ကောင်စီက တိုက်ခိုက်ဖျက်ဆီးနေမှုအားရပ်တန့်နိုင်ရေးနှင့်အရေးနိုင်ရေးအတွက်တော်လှန်

ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်

ရေးဝန်ကြီးဌာနကဒီဇင်ဘာလ ၂၆ရက်တွင်

က ထုတ်ပြန်ထားသည်။ 


(ရက္ခိုင်တပ်တော်-AA တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-AA)

Tuesday 26 December 2023

နတ်သံကွင်းမြို့နယ်ကို ပူးပေါင်းအဖွဲ့တိုက်ခိုက်သိမ်းပိုက်


 နတ်သံကွင်းမြို့နယ်ကို ပူးပေါင်းအဖွဲ့တိုက်ခိုက်သိမ်းပိုက်


ပဲခူးတိုင်းဒေသကြီးကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့နယ်အား kNU/KNLA နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၆ ရက်နေ့မနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။


ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နတ်သံကွင်းမြို့နယ်ထဲရှိစစ်ကောင်စီတပ်စခန်းများအားတိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလေတပ်မှ နတ်သံကွင်းမြို့နယ်အားလာရောက်ဗုံးကျဲတိုက်ခိုက်သည့်အတွက်ဒေသခံများထိခိုက်မူ့ရှိကြောင်းလဲ နတ်သံကွင်းဒေသခံတဦးကဆိုသည်။

Monday 25 December 2023

ဒဏ်ရာရနေချိန် PDF ရဲဘော်က လေကြောင်းတိုက်ခိုက်နေသည့်ကြားက ထမ်းခေါ်၍ အသက်ရှင်ရဟု ချောင်းနှစ်ခွတိုက်ပွဲ စစ်သုံ့ပန်းစစ်ကောင်စီတပ်သားပြော


 ဒဏ်ရာရနေချိန် PDF ရဲဘော်က လေကြောင်းတိုက်ခိုက်နေသည့်ကြားက ထမ်းခေါ်၍ အသက်ရှင်ရဟု ချောင်းနှစ်ခွတိုက်ပွဲ စစ်သုံ့ပန်းစစ်ကောင်စီတပ်သားပြော


"ငါ့ကိုပစ်သတ်ခဲ့လိုက်တော့ဆိုတော့ သူ(PDFရဲဘော်) က ထပြီးတော့  ဟာအကိုတဲ့အကို့ကို သတ်လို့လည်း မရဘူး။ သတ်လည်းမသတ်ဘူးတဲ့။ ကျနော်တို့ဆီက လက်မခံဘူးတဲ့ ။ အကို့ကို ကျနော် မရရအောင်ခေါ်မယ်ဆိုပြီးတော့ သူကျနော့်ကို ရအောင်ထမ်းခေါ်တယ်"


ဟန်နွေ/People’s Spring


မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတိုက်ပွဲ၌ စနိုက်ပါနှင့်ဒရုန်းဗုံးထိ၍ ဒဏ်ရာရနေသည့် လက်နက်ချ စစ်ကောင်စီတပ်သားတစ်ဦးအား ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်က ကယ်တင်လာ၍ အသက်ရှင်ခဲ့ရကြောင်း ကာယကံရှင် စစ်သုံ့ပန်းဖြစ်သူ တပ်သား သူနိုင်ဦးက ပြောသည်။

 

နိုဝင်ဘာဒုတိယပတ်တွင် ချောင်းနှစ်ခွရဲစခန်းနှင့် တံတား အပါအဝင် အဆိုပါဒေသရှိ စစ်ကောင်စီတပ်များကို KNUနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကူလာသည့် စစ်ကြောင်းတစ်ခုလုံးလည်းအထိနာပြီး သေဆုံးသူအများအပြားနှင့် လက်နက်ချသူအများအပြားရှိခဲ့သည်။


စအရ(၉၀၄)တပ်မှ တပ်သားသူနိုင်ဦးသည် လူမရှိ၍ဟုဆိုကာ စစ်ကူစစ်ကြောင်းတွင်  ပါဝင်လာခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၃ရက် နံနက်တွင် စီနီယာတစ်ဦး (၄၀) မမ ဗုံးသီးမှန်ပြီး ဗိုက်ပေါက်သွား၍ တက်ဆွဲစဉ် စနိုက်ပါ လက်ချက်ကြောင့် တင်ပါးကျည်ထိမှန်ခဲ့ကြောင်း၊ နေရာရွှေ့စဉ် ဒရုန်းဗုံးထပ်မံခဲ့၍ ၂ကြိမ်ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း တပ်သားသူနိုင်ဦးက တိုက်ပွဲအခြေအနေကို ပြောသည်။ 


လက်နက်ချခိုင်းသော်လည်း တပ်ရင်းမှူး မကျသေး၍ လက်နက်မချသေးကြောင်း၊ တပ်ရင်းမှူး ဗိုလ်မှူးထိသွားရာ ယင်းဒဏ်ရာရ ဗိုလ်မှူးက အားမငယ်ရန် ပြောပြီး စစ်ကူလာပြီဖြစ်ကြောင်း၊ လေယာဉ်လာပြီဖြစ်ကြောင်း ပြောသော်လည်း လေယာဉ်ပစ်ကူက PDF ဘက်ကိုအထိနာအောင် မတိုက်ခိုက်နိုင်ကြောင်း၊ လေယာဉ်လာစဉ်ရှောင်နေသည့် PDF က လေယာဉ် ပြန်သွားချိန် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊  ဗိုလ်မှူးသေသွားချိန်တွင် ကျန်နေသည့် ဗိုလ်ကြီးကလက်နက်ချရန်ဆုံးဖြတ်ခဲ့ကြောင်း တပ်သားသူနိုင်ဦးက ရှင်းပြသည်။

 

"ကျနော်တို့စသိတာက တိုက်ပွဲဖြစ်တော့ သူတို့အင်အား သုံးလေးရာပဲရှိမယ်ထင်တာ။ ဒါပေမဲ့ အင်အားက အဲဒီထက်မကဘူး။ တစ်ထောင်လောက်ဖြစ်နေတာ။ ကျနော်တို့လည်းတိုက်တာ မခံနိုင်တော့ဘူး။ ကျနော်တို့လည်း တောင့်ခံတယ်။ မခံနိုင်တော့ဘူး။ မခံနိုင်တော့တဲ့အဆုံး ကျတော့ ကျနော်တို့ လက်နက်ချတယ်"ဟု ၎င်းက ပြောသည်။


ဒဏ်ရာရသူများကို ခေါ်သွားသော်လည်း လမ်းမလျှောက်နိုင်သည့် တပ်သားသူနိုင်ဦးသည် တောင်ကုန်းတစ်ခုပေါ်တွင် တစ်ယောက်တည်း ကျန်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


 သို့ရာတွင် PDF ရဲဘော်တစ်ဦးက ၎င်းလှုပ်ရှားသည်ကိုတွေ့ပြီး မသေသေး၍ ရေတိုက်၊ ဓာတ်ဆားရေတိုက်ပြီး ထမ်းခေါ်ကြောင်း ပြောပြသည်။

 

"ကျနော့်ဝိတ်ကို သူ့ခန္ဓာကိုယ် ပိန်ပိန်လေးနဲ့သူကျနော့်ကို ရအောင် ထမ်းခေါ်တယ်။ထမ်းခေါ်တဲ့အချိန်မှာ လေယာဉ်တက်လာတော့ သူနဲ့ ကျနော်နဲ့ ဝတ်နေလိုက်တာပေါ့။ ဝတ်နေတဲ့အချိန်မှာ ကျနော်သူ့ကို ပြောလိုက်တယ်။ ညီလေး မင်းငါ့ကို ဟိုဟာဖြစ်ရင် ပစ်ပြီးထားခဲ့လိုက်တော့ ပစ်သတ်ခဲ့လိုက်တော့ ငါ့ကို မင်းခေါ်လို့လည်း အဆင်မပြေဘူး။ မင်းလည်း ဒုက္ခရောက်တယ် မင်းအတွက်လည်း အန္တရာယ်ရှိတယ်။ ငါ့ကို ပစ်သတ်ခဲ့လိုက်တော့ဆိုတော့ သူကထပြီးတော့  ဟာအကိုတဲ့အကို့ကို သတ်လို့လည်း မရဘူးသတ်လည်းမသတ်ဘူးတဲ့။ ကျနော်တို့ဆီက လက်မခံဘူးတဲ့ ။ အကို့ကို ကျနော်မရရအောင်ခေါ်မယ်ဆိုပြီးတော့ သူကျနော့်ကို ရအောင်ထမ်းခေါ်တယ်"ဟု စစ်သုံ့ပန်း တပ်သားသူနိုင်ဦးက ပြောပြသည်။


ရာဘာပင်များအောက်ရောက်သွားချိန်တွင် ထမင်းနှင့် ကြက်ဥကြော်ကျွေးပြီး နားသည့်နေရာရောက်ချိန်တွင် ဆေးကုသပေးကြောင်း ပြောပြသည်။

 

“ကျနော်တို့ ကြားထားတဲ့ သတင်းလို့ သူတို့အဖွဲ့ထဲရောက်လာရင် လက်နက်ချပြီး အညံ့ခံလို့ရှိရင် သတ်တာတို့ဘာတို့ မရှိပါဘူး။ တကယ်ကို ကောင်းပါတယ် ကျနော်တို့အပေါ်ကို”ဟု တပ်သား သူနိုင်ဦးက ပြောသည်။


ဒဏ်ရာရ၍ အတွင်းခံတစ်ထည်တည်းသာ ကျန်ရှိတော့သည့် တပ်သား သူနိုင်ဦးကို ဆောင်တစ်ထည်ပေးပြီး နောက်နေ့တွင်   အင်္ကျီပုဆိုးများ ဝယ်ပေးကြောင်း၊ ကောင်းမွန်စွာကျွေး၊ ကောင်းမွန်စွာထား၊ အပေါ့အပါးသွားတာက အစလိုက်ပို့၊ ဆေးကို အချိန်မှန်လာတိုက်ကြောင်း တပ်သား သူနိုင်ဦးက ရှင်းပြသည်။

 

၎င်းတို့ တပ်ထဲနေချိန်တွင် PDFထံ လက်နက်ချပါက အသတ်ခံရမည်ဟု ဝါဒဖြန့်ထားကြောင်း ပြောပြသည်။


"တကယ့်တကယ် ကိုယ်မနိုင်တော့ လက်နက်ချပြီး အလင်းဝင်တော့ သူတို့က ကိုယ်ထင်တာထက်တောင် ကောင်းနေသေးတယ်။ တပ်ထဲမှာ ပြောပြတဲ့ သတင်းတွေထက်စာလို့ရှိရင်သူတို့လုပ်တဲ့ဟာတွေက ကျနော်တို့အတွက်ကောင်းတယ်"ဟု တပ်သား သူနိုင်ဦးက ပြောပြပြီး ၎င်းတို့အနေဖြင့် နှိပ်စက်ခံရမှုပင်မရှိဟု ပြောသည်။


ချောင်းနှစ်ခွတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီးလည်း စစ်ကောင်စီ အထက်အရာရှိများက တစ်ဖက်အဖွဲ့၏ အင်အားကို သိသော်လည်း အင်အားအနည်းငယ်ဖြင့် စစ်ကူစေလွှတ်ခဲ့ကြောင်း ပြောသည်။ စစ်ကြောင်းအရာရှိများက KNU/PDF ဘက်က အင်အားအလွန်များကြောင်းပြောသော်လည်း စစ်ကြောင်းကို အရှေ့ရအောင်တိုးခိုင်း၍ ရှေ့သို့ဖောက်ထွက်ခဲ့ရာ  စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်များခဲ့သည်ဟု ပြောသည်။


“အခုလိုမျိုး ဒီပုံစံတိုင်းသာ ဆက်ပြီးလုပ်မယ်ဆိုရင် တပ်မတော်ကြီးမှာ ရှိတဲ့ စစ်သည်စစ်သားအားလုံးအကြပ်တပ်သား တစ်ကောင်မှ ကျန်မှာမဟုတ်ဘူး။ အခု က ကျနော်တို့က သူတို့အပေါ်က ကောင်းစားဖို့အတွက်ကို အောက်က တပ်သားအဆင့်ကနေ ပအရာခံဗိုလ်အဆင့်လောက်က ကျားကန်ပြီးလုပ်ပေးနေရသလိုဖြစ်နေတယ်"ဟု တပ်သားသူနိုင်ဦးက ပြောသည်။

  

နိုဝင်ဘာလလယ်က ဖြစ်ခဲ့သည့် ချောင်းနှစ်ခွတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးအဆင့် အပါအဝင် ၂၂ဦးသေဆုံးပြီး ၂၈ဦး လက်နက်ချကာ  လက်နက်မျိုးစုံ အလက် ၅၀ ကျော် ကို KNU/PDF ပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့သည်။

တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၂၄ မြို့အထိရှိလာ


 တော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၂၄ မြို့အထိရှိလာ 


-People's Spring 


ဒီဇင်ဘာ ၂၄ ရက်နေ့ခင်းပိုင်းအထိ့ People's Spring ရရှိထားတဲ့အချက်အလက်တွေအရ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၂၄ မြို့ အထိရှိလာပြီဖြစ်ပါတယ် ။လတ်တလောနောက်ဆုံးသိမ်းယူလိုက်တဲ့မြို့ဟာTNLA က ဒီဇင်ဘာ ၂၂ ရက်ညမှာအပြီးသတ်သိမ်းပိြက်နိုင်ခဲ့တဲ့ မန်တုံ(ရူကော)မြို့ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ပြီဖြစ်ပေမယ့် သတင်းအချက်

အလက် မရသေးတာကြောင့်ဒီစာရင်းမှာ မပါသေးတဲ့မြို့တွေလည်းရှိနေနိုင်ပါသေးတယ် ။အခုအခါ လွိုင်ကော် ၊နမ္မတူ ၊ကွတ်ခိုင် ၊ မြောက်ဦး၊ပေါက်တော ၊ထီးချိုင့် စတဲ့ မြို့တွေက စစ်ကောင်စီတပ်ရဲ့ ခြေကုပ်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်လျှက်ရှိပါတယ် ။

Sunday 24 December 2023

မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိသော စစ်လက် နက်ပစ္စည်းများကို TNLA ထုတ်ပြ



 မန်တုံမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများမှ သိမ်းဆည်းရရှိသော စစ်လက် နက်ပစ္စည်းများကို TNLA ထုတ်ပြ


ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ စစ်ကောင်စီ ဗျုဟာမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းများအားလုံးကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် သိမ်းဆည်းရရှိသော စစ်လက်နက်ပစ္စည်းများကို TNLA က ထုတ်ပြလိုက်သည်။ 


၁၀၂၇ စစ်ဆင်ရေးအဖြစ် မန်တုံမြိုနယ် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော် PSLF/ TNLA က ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများအား လုံး ကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ကြေညာ




 မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများအား လုံး ကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း TNLA ကြေညာ


■ TNLA က မိုင်းလုံမြို၊ နမ့်ဆန်မြို၊ နမ့်ခမ်းမြို့နှင့် မန်တုံမြို့တို့ကို သိမ်းပိုက်ရရှိပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားသော မြို့ ၁၁ မြို့ရှိလာပြီ


ရန်ကုန်၊ ဒီဇင်ဘာ ၂၄ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ ရှိ ခလရ-၁၃၀ ဗျုဟာကုန်း၊ ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပြည်သူ့စစ် တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများအားလုံးကို အလုံးစုံ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တအာင်း TNLAက ယနေ့ နံနက်ပိုင်း ကြေညာသည်။ 


ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ၄ရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ် အချိန် မန်တုံမြိုရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီ ခလရ-၁၃၀ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် ခိုမုန်းတပ်စခန်း၊ လွယ်ဆိုင်တောင်တပ်စခန်း၊ ပ.သ.စ တပ်စခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊မန်တုံမြို စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းသည် စစ်ဗျုဟာ-၂ လက်အောက်ခံ ခလရ-၁၃၀ တပ်နှင့် တပ်မ ၁၀၁ လက်အောက်ခံ ခလရ-၂၅၄ တို့က လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် စခန်းဖြစ်ကြောင်း သိရှိရသည်။ 


မန်တုံမြို့ ရှိ စစ်တပ်စခန်းများကို TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက် တိုက်လေယာဉ်ဖြင့် ၄၃ ကြိမ် ၊ Y12 လေယာဥ်ဖြင့် ၁၈၃ ကြိမ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဥ် Mi35 ဖြင့် ၃၀ ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မန်တုံမြိုတိုက်ပွဲအတွင်း စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ၁၃၇ ကြိမ် ထက်မနည်း မန်တုံမြိုတွင်းသို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဥ်ဖြင့် စစ်ကူအင်အားနှင့် လက်နက်ခဲယမ်းများ (၉)ကြိမ် မန်တုံစခန်းကုန်းတွင် လာရောက် ပစ်ချထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။ 


မန်တုံမြို စခန်းသိမ်းတိုက်ပွဲ ၄ ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၁၃၇ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ပြီး၊ တစ်ရက် ပျမ်းမျှ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ်၊ တစ်ရက် ပျမ်းမျှ ဗုံးကြဲတိုက်ခိုက်မှု ၂၅၉ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကာ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စံချိန်တင် အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ 


စစ်ကောင်စီ မန်တုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မန်တုံမြိုနယ် ဒေသခံ (၁)ဦး ဒဏ်ရာ ရရှိ၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် (၁၅)လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့သည်။


တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက် (၂)လက် အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံ နှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က မိုင်းလုံမြို၊ နမ့်ဆန်မြိုနှင့် နမ့်ခမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် စတုတ္ထမြောက်မြိုအဖြစ် မန်တုံမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။ 


၁၀၂၇ စစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကုန်ကြမ်း၊ ကွမ်းလုံ၊ နမ့်ခမ်းမြို့ ၊နမ့်ဆန်၊ မန်တုံနှင့် မိုင်းလုံမြို့ စုစုပေါင်း ၁၁ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

Saturday 23 December 2023

မန်တုံကို TNLAသိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ကြိမ်လာရောက်ပြီး ဗုံး၁၀၀ ကျော်ကြဲ တိုက်ခိုက်


 မန်တုံကို TNLAသိမ်းပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ကြိမ်လာရောက်ပြီး ဗုံး၁၀၀ ကျော်ကြဲ တိုက်ခိုက်


▪️ရှမ်းမြောက် မြို့နယ်လေးခုရှိ စစ်ကောင်စီတပ်များက ဒေသတွင်းရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်


ဝင်းမောင်/People’s Spring


ရှမ်းမြောက်ရှိ မန်တုံမြို့ စစ်ကောင်စီတပ် ခလရ(၁၃၀) တပ်ရင်းကို တအာင်းတပ်မတော် (TNLA)က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ၁၁ကြိမ်လာရောက်ကာ ဗုံးသီးများစွာ ကြဲချတိုက်ခိုက်ခဲ့သည်။


မန်တုံမြို့ အနီးတဝိုက်တွင် စစ်ကောင်စီတပ်မှ ဒီဇင်ဘာ ၂၂ရက်ည ၈နာရီကျော်တွင် Y12 လေယာဉ်ဖြင့် (၁၁)ကြိမ်၊ ဗုံး ၁၁၁လုံး လာရောက် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုသည် TNLAက မန်တုံ၌ နောက်ဆုံးကျန်နေသည့် ခလရ(၁၃၀)တပ်ရင်းကို သိမ်းပိုက်ပြီးချိန်တွင် ဖြစ်သည်။ 


မန်တုံတိုက်ပွဲ၌ မြေပြင်သို့ရောက်ရှိနေသည့် ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်တွင် ခလရ (၁၃၀)တပ်ရင်းကို TNLAနှင့် ပူးပေါင်းတပ်ဖွဲ့ကဒီဇင်ဘာ ၂၂ရက် ညနေ ၆နာရီခွဲ၌ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြသည်။ 


ရွှေဖီမြေ သတင်းထောက်သည် မန်တုံ ခလရ (၁၃၀) တပ်ရင်းအတွင်း ဝင်ရောက်မှတ်တမ်းတင်ပြီး ဓာတ်ပုံများကိုယနေ့ နေ့လယ်ပိုင်း၌ ဖော်ပြခဲ့သည်။


စခန်းအသိမ်းမခံရမီကလည်း စစ်ကောင်စီက တိုက်လေယာဉ် လေယာဉ်များအသုံးပြု ပစ်ကူပေးခဲ့သည်ကို TNLAက အသိပေးထားသည်။ 


စစ်ကောင်စီတပ်သည် မန်တုံမြို့တွင် နားလင်းကျေးရွာ၊ မန်ဆာကျေးရာတွင် Y12 လေယာဉ်ဖြင့် လာရောက်ကင်းလှည့် ပစ်မှတ်ရှာခဲ့သည်ဟု TNLAက ယနေ့ ထုတ်ပြန်သည်။


စစ်ကောင်စီက မန်တုံကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားထိခိုက်မှုအချို့နှင့် နေအိမ်ပျက်စီးမှုများလည်းရှိခဲ့သည်။

 

နမ္မတူ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ ကွတ်ခိုင် နမ့်ဖက်ကာ၊မိုးမိတ် မြို့နယ်များရှိ စစ်ကောင်စီတပ်များကလည်း ဒေသတွင်း ကျေးရွာများနှင့် အနီးဝန်းကျင်သို့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု TNLAက ထုတ်ပြန်သည်။


(မန်တုံအခြေစိုက် ခလရ(၁၃၀)တပ်ရင်းအား TNLA သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)

မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု


 မန်တုံ ခလရ(၁၃၀)တပ်စခန်းအတွင်းTNLA ဝင်ရောက်နိုင်ပြီဟု အတည်ပြု


▪︎ခလရ(၁၃၀) ကို ရှင်းလင်းသိမ်းပိုက်နိုင်ပါက မန်တုံမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်မည်ဖြစ်


▪︎"ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်"-TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျား


သက်ဝေ/People’s Spring


ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ စစ်ကောင်စီတပ် ခလရ(၁၃၀) ကို သိမ်းပိုက်ရရှိရေး တအာင်းတပ်မတော်(TNLA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ယမန်နေ့ညပိုင်းတွင် စခန်းအတွင်း ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။


မန်တုံမြို့သိမ်းပိုက်နိုင်ရေး TNLAက ထိုးစစ်ဆင်လျက်ရှိရာ ခလရ (၁၃၀) စခန်းတစ်ခုသာ ကျန်နေခြင်းဖြစ်သည်။ ယင်းစခန်း မကျဆုံးရေး စစ်ကောင်စီက လေကြောင်း ၊ လက်နက်ကြီး ပစ်ကူအများအပြားသုံးခုခံနေသည့်ကြားမှ ယမန်နေ့ညတွင် TNLAက သိမ်းပိုက်နိုင်ကြောင်း သတင်းများအပေါ် TNLA ခေါင်းဆောင်က ယခုကဲ့သို့ အသိပေးခြင်းဖြစ်သည်။


“တပ်စခန်းထဲတော့ ဝင်ပါပြီ။ အားလုံးမရှင်းရသေးဘူး” ဟု TNLA ခေါင်းဆောင်တစ်ဦးက ပြောသည်။


TNLAက ယမန်နေ့ညပိုင်းတွင် မန်တုံတိုက်ပွဲ သတင်းကို ဖော်ပြထားရာ စစ်ကောင်စီက ဒီဇင်ဘာ ၂၂ရက်တွင် မန်တုံမြို့ အနီးတဝိုက်သို့ တိုက်လေယာဉ်ဖြင့် ၁၃ကြိမ်၊ Y12 လေယာဉ်ဖြင့် ၄၈ကြိမ် ဗုံး ၂၅၈ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။


 ထို့ပြင် မန်တုံမြို့နယ် စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းမှ မန်ဖန်ကျေးရွာ၊ စစ်ရှောင်စခန်း၊ ရောကျိန်းကျေးရွာ၊ နမ္မတူလမ်းခွဲသို့ လက်နက်ကြီးဖြင့် (၃၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ယမန်နေ့တွင် မန်တုံတပ်စခန်းသို့ လက်နက်ခဲယမ်းများ ရဟတ်ယာဉ်ဖြင့် ၁ကြိမ် လေထီးအသုံးပြု ချပေးခဲ့သည်ဟုဆိုသည်။


ယမန်နေ့ မန်တုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သော နေရာများမှာ မန်တုံရဲစခန်း၊ ပြည်သူစစ်စခန်း၊ လောက်ကျယ်အနီးတဝိုက်၊ နွားသတ်ကုန်း၊ ဒုက္ခသည်စခန်းအနီးတဝိုက် နှင့် ပန်နင်ကျေးရွာလမ်းခွဲ နေရာများဖြစ်ကြောင်း၊ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များစွာ လေယာဉ်ဗုံးစ ထိမှန် ပျက်စီးခဲ့ရကြောင်း အသိပေးသည်။

 

TNLA အနေဖြင့် ရှမ်းမြောက်ရှိ နမ့်ဆန်နှင့် နမ့်ခမ်းမြို့များကို ဒီဇင်ဘာ တတိယပတ်အတွင်း အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ယခု ခလရ(၁၃၀) တပ်စခန်းကို ရှင်းလင်းပြီးပါက မန်တုံမြို့ကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်ပြီ ဖြစ်သည်။


TNLA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်တားဂျုတ်ဂျားက“ဒီနေ့မှစ၍ မန်တုံမြို့နာမည်သည်မူလနာမည်ဖြစ်သော ရူကော(Rukaw)

နာမည်ဖြင့်စတင်သုံးသွားရန် မေတ္တာရပ်ခံအပ်သည်” ဟု ယနေ့မနက်တွင် လူမှုကွန်ရက်၌ ရေးသားသည်။ 


၂၀၀၅ ခုနှစ် ဧပြီ ၂၉ရက် မှသည် ၂၀၂၃ ရက်နေ့အထိ ၁၈နှစ်ကြာခဲ့သည့် ရူကောမြေအတွက် ကြေကွဲခဲ့သမျှ ဆွေးမြေ့ခဲ့သမျှ အသစ်တဖန် ပြန်လည်မွေးဖွားလာပြီဟုလည်း ဒုဥက္ကဋ္ဌက ရေးသားထားသည်။

Friday 22 December 2023

အာဏာသိမ်းစစ်တပ် ယုတ်မာခဲ့တဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ ရှိပါ့မလား


 အာဏာသိမ်းစစ်တပ် ယုတ်မာခဲ့တဲ့ သွေးကြွေးမှာ ဆွေးနွေးစရာ ရှိပါ့မလား


By လမ်းသစ်


မြန်မာ့နွေဦးအောင်ပွဲဆီ ချီတက်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးထဲကို မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ ပါဝင်လာခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ အချိုးအကွေ့ကောင်း တစ်ခုဖြစ်သလို အားလုံးကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ 


၁ဝ၂၇ စစ်ဆင်ရေး တစ်လခွဲကျော် ကြာလာချိန်မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေ ရာနဲ့ချီ သိမ်းပိုက်ခံလိုက်ရပြီး စစ်ကောင်စီတပ်သားတွေ တပ်ရင်းလိုက် လက်နက်ချတာ၊ အလံဖြူထောင်တာတွေဟာ ထမင်းစားရေသောက် အလေ့အထတစ်ခုလို ဖြစ်လာပါတယ်။


မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ကလည်း စစ်ကောင်စီတပ်သားတွေ အနေနဲ့ အသက်မသေချင်ရင် ပြည်သူ့ရင်ခွင်ဝင်ကြဖို့ တိုက်တွန်းနေပါတယ်။ 


ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် လက်နက်ကိုင်တော်လှန်ရေး အသာစီးရသွားပြီလို့ ယုံကြည်နေကြသူတွေရှိသလို ဒီအချိန်ဟာ လူမျိုးစုလက်နက်ကိုင် တပ်တွေအတွက် အခွင့်အခါကောင်း ဖြစ်တယ်လို့လည်း ယူဆမှုတွေ ရှိနေပါတယ်။


ပြည်တွင်းမှာ သေနတ်ခါးကြားထိုးပြီး လူမိုက်လုပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်သူတွေရဲ့ စုပေါင်းတော်လှန်စစ်နဲ့ ရင်ဆိုင်လာရချိန်မှာတော့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေအတွက် ကြားဝင်စေ့စပ်ပေးဖို့ တရုတ်အစိုးရဆီ ခြေသလုံးဖက် သွားရောက်အကူအညီ တောင်းရပါတော့တယ်။


တစ်ချိန်က ပြည်တွင်းရေးကို ဝင်စွက်ဖက်တာ မကြိုက်ဘူးဆိုတဲ့ မြန်မာစစ်တပ်ဟာ အခုတော့ ကူပါကယ်ပါ အော်နေရပါပြီ။ ဒီလိုမျိုးအကူအညီ တောင်းရတယ်ဆိုတာဟာ လက်ရှိအခြေအနေတွေကို သူတို့အနေနဲ့ စစ်ရေးနည်းနဲ့ ပြန်လည်တုန့်ပြန်နိုင်ဖို့ ယုံကြည်ချက် မရှိဘူးဆိုတာကို ကောင်းကောင်းကြီး ပြသနေတာပါပဲ။


တရုတ်ရဲ့ စေ့စပ်ပေးမှုကြောင့် အကြမ်းဖက်စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေ တကယ်လည်း တွေ့ဆုံနိုင်ခဲ့ပါတယ်။ ဆွေးနွေးမှုမှာ စစ်ရေးအရှိန်လျှော့ဖို့၊ နယ်စပ်ကုန်သွယ်ရေးပြန်စဖို့နဲ့ စစ်မျက်နှာပြင် မချဲ့ဖို့ စစ်ကောင်စီဘက်က ဆွေးနွေးခဲ့တယ်လို့လည်း ကြားသိရပါတယ်။


ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ရခဲ့သလို ရှမ်းမြောက်ဒေသမှာ ပဋိပက္ခတွေ သိသိသာသာလျော့လာတယ်လို့ တရုတ်ဘက်က ပြောထားပေမယ့် မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့ကတော့ မြန်မာပြည်သူတွေအားလုံး မျှော်လင့်တောင့်တနေတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို လျစ်လျူမရှုဘူး၊ နောက်ကြောင်းပြန်မလှည့်ဘူးလို့ ပြတ်ပြတ်သားသား ထုတ်ပြန်ထားပါတယ်။


အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ ၁ဝ၂၇ စစ်ဆင်ရေးကြောင့် စစ်ရေးတင်းမာနေတဲ့ လားရှိုးမြို့ကို တစ်ယောက်ပြီးတစ်ယောက် သွားပြီး သူတို့တပ်သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လက်နက်ချဖို့ လက်ယဉ်နေတဲ့ တပ်သားတွေကို သွားရောက် စိတ်ဓာတ်မြှင့်တင်ပေးနေဟန် တူပါတယ်။


အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ပြီး နယ်မြေတည်ငြိမ်အေးချမ်းအောင် အမြန်ဆုံးလုပ်ပေးမယ်လို့ ပြောခဲ့တဲ့ လားရှိုးဟာ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ရေးကိစ္စတွေ ကိုင်တွယ်တဲ့ စစ်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာလည်း ဖြစ်ပါတယ်။


ရှမ်းမြောက်တိုက်ပွဲတွေကြား တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ပတ်သက်လို့ ယူဆမှုတွေ အမျိုးမျိုး ရှိနေပါတယ်။ တရုတ်အနေနဲ့ သူတို့နဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ တိုက်ပွဲတွေကြောင့် သူတို့ဆီ ဖိတ်စင်လာတာမျိုး မလိုလားတာကြောင့် ဖြစ်နိုင်သလို၊ မြန်မာပြည်တွင်းမှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အာမခံချက် ရချင်တာကြောင့်လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။


လက်ရှိ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေ ၁ဝ၂၇ စစ်ဆင်ရေး ဖော်ဆောင်နေတဲ့ နမ့်ခမ်း၊ မူဆယ်၊ ပန်ဆိုင်း၊ မုန်းကိုး၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်တို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတာပါ။


လက်နက်ကိုင်တော်လှန်ရေးကို ချေမှုန်းပစ်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်ချက် မရှိတော့တဲ့ အကြမ်းဖက် စစ်ကောင်စီကို တရုတ်ဘက်ကလည်း သူတို့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့် ခိုင်မာတဲ့မိတ်ဖက် ဟုတ်ပါ့မလားလို့ သံသယဖြစ်လာပါပြီ။ 


ဒီလိုအခြေအနေမှာတော့ အာဏာသိမ်းစစ်အုပ်စုက ရှမ်းမြောက် စစ်ဆင်ရေးနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲတွေဟာ တရုတ်အကျိုးစီးပွားကို ထိခိုက်အောင် လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးနဲ့ လှည့်ပြီး ရန်တိုက်ပေးလေ့ ရှိပါတယ်။


တကယ်တမ်း ၁ဝ၂၇ စစ်ဆင်ရေးဟာ အာဏာရှင် ဖြုတ်ချရေး စစ်ဆင်ရေးတစ်ခု ဖြစ်သလို၊ တစ်ဖက်မှာလည်း ဒီစစ်ဆင်ရေးဟာ တရုတ်အစိုးရက မလိုလားတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ကျားဖြန့်လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေကို နှိမ်နင်းနေတာဖြစ်ပြီး၊ ဒီအွန်လိုင်းလိမ်လည်မှုဒဏ်ကို ခံစားနေရတဲ့ လူကုန်ကူးခံ ပြည်သူတွေအတွက် စိတ်မအေးဖြစ်နေတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက အစိုးရတွေအတွက်လည်း စိတ်သက်သာရာ ရောက်စေမှာလည်း ဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ကတော့ ကျားဖြန့်လုပ်ငန်း အကြီးအကျယ် လုပ်ကိုင်လို့ တရုတ်က ဖမ်းထားတဲ့ ဖူလိုက်ပိုင်ရှင် ဦးလီကျိန်းချန် (ခ) ဦးလျှိုအားပေါက်ကို ၂ဝ၂၁ ခုနှစ်မှာ ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့တာ မဟုတ်ပါလား။ 


ဒါ့အပြင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စုဟာ ကျားဖြန့်လုပ်ငန်း ဦးဆောင်နေသူ ပြည်သူ့စစ်ခေါင်းဆောင် တရုတ်နိုင်ငံသားတွေကို မြန်မာနိုင်ငံသားပေးပြီး ကြံ့ခိုင်‌ရေးပါတီဝင်အဖြစ် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်စေခြင်းဖြင့် နိုင်ငံကိုလည်း အကြီးအကျယ် သစ္စာဖောက်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ 


နွေဦးတော်လှန်ရေးကို အရှိန်မြှင့်ပေးတဲ့ ရှမ်းမြောက်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကြားဝင်ပေးခဲ့တဲ့ တရုတ်က မြန်မာပြည်ရဲ့ ပြဿနာကိုဖြေရှင်းဖို့ အဓိက သော့ချက်ဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောပေမယ့် အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့အညီ ညှိနှိုင်းပြီး ဖြေရှင်းကြဖို့ ပြောဆိုလေ့ရှိခဲ့ပါတယ်။


တရုတ်အစိုးရရဲ့ ပါဝင်ပတ်သက်မှုနဲ့ မြန်မာတော်လှန်ရေး အင်အားစုတွေရဲ့ သဘောထားဟာ အပြန်အလှန် အရေးကြီးတဲ့အချက် ဖြစ်သလို၊ ဒါနဲ့ပတ်သက်ပြီး လူထုတော်လှန်ရေးအဖွဲ့ပေါင်း ၂ဝဝ ကျော်က သမ္မတ ရှီကျင့်ဖျင် အပါအဝင် တရုတ်အစိုးရနဲ့ တရုတ်ပြည်သူတွေဆီ အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။


အာဏာသိမ်းမှု စတင်လိုက်ကတည်းက ပြည်သူတွေ အပြီးတိုင် ဖျက်သိမ်းလိုက်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံဟာ မြန်မာ့နိုင်ငံရေးပြဿနာရဲ့ အဖြေမဟုတ်သလို အာဏာရှင်အလိုကျ ဒီဖွဲ့စည်းပုံအောက်မှာ လုံးဝမနေနိုင်ကြောင်း အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။


လူထုလက်နက်ကိုင် တော်လှန်ရေးကြောင့် အာဏာသိမ်းစစ်တပ် အဘက်ဘက်က အရေးနိမ့်လာချိန်မှာ အာဏာရှင်တွေ သက်ဆိုးရှည်အောင် ကူညီထောက်ပံ့မှုမလုပ်ဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကို စေ့စပ်ဆွေးနွေးစေဖို့အတွက် ဖိအားပေးတဲ့လုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးပြောဆိုထားပါတယ်။


မတရားမှုကို ခေါင်းငုံ့မခံချင်တဲ့ ပြည်သူတွေရဲ့ သွေးတွေ မခြောက်သေးပါဘူး။ အပြစ်မဲ့ပြည်သူတွေ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေကြပါတယ်။ အသက်ရှင်ကျန် တော်လှန်နေတဲ့ ပြည်သူတွေကတော့ အာဏာရှင် အမြစ်ပြတ်ရေးကိုသာ စိတ်အားထက်သန်နေတယ်ဆိုတာ ထင်ရှားလှပါတယ်။

Thursday 21 December 2023

ကွတ်ခိုင်မြို့နယ်တွင် ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်


 ကွတ်ခိုင်မြို့နယ်တွင် ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ ဒီဇင်ဘာ ၂၁ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ၁ ဦး RPG-7 နှင့် G-3 သေနတ်တို့ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံမှ သိရသည်။ 


ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ ခလရ ၄၅ တပ်ရင်းမှ တပ်ကြပ် ကိုနိုင်သည် စစ်မတိုက်လိုသဖြင့် G-3 သေနတ် ၁ လက်၊ RPG-7 ၁ လက် နှင့် ခဲယမ်းများ ယူဆောင်လာပြီး တအာင်းတပ်မတော် PSLF/TNLA တပ်မဟာ ၅ ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ဒီဇင်ဘာလ ၁၇ ရက်နေ့ကလည်း နမ္မတူမြို့နယ် မန်စံကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အသုံးပြုသော ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Tuesday 19 December 2023

နမ့်ခမ်းမြို့ကို TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


 နမ့်ခမ်းမြို့ကို TNLA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်


နမ့်ခမ်း - ဒီဇင်ဘာ ၁၉၊ ၂၀၂၃။


နမ့်ခမ်းမြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်ကောင်စီစခန်းသစ်ဗျူဟာကုန်းကို တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ယမန်နေ့ညက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရသည်။


စခန်းသစ်ဗျူဟာကုန်းကို ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခဲ့ပြီး ယမန့်နေ့ည ၁၁ နာရီခန့်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။


“တိုက်နေတာတစ်လခွဲလောက်ရှိပါပြီ၊ ဒီဘက်မှာစစ်ဆင်ရေး စစဝင်ကတည်းက တိုက်ခိုက်နေတာဟုတ်ပါတယ်။ ညတိုက်ပွဲဖြစ်နေတဲ့ အချိန်အတွင်းတော့ လေကြောင်းလာတာ မတွေ့မိဘူး၊ အပြန်လှန်တိုက်ပွဲနဲ့ လက်နက်ကြီးတွေ ပစ်တာပါ။ အဲ့စခန်းကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်တာလားတော့ သေချာမသိပါဘူး” ဟုပြောသည်။ 


နမ့်ခမ်းမြို့ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိစခန်းသိမ်းပိုက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါ။


စစ်ကောင်စီတပ်က အဆိုပါ စခန်းသစ်ဗျူဟာကုန်း မကျဆုံးရေးအတွက် လေကြောင်းတိုက်ခိုက်မှု ၂၅၀ ကျော် ပြုလုပ်ခဲ့ပြီး ဓာတုအဆိပ်ငွေ့ဗုံးများလည်း အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု တအောင်းလွတ်မြောက်ရေးတပ် (TNLA) ယခင်ထုတ်ပြန်ချက်များတွင် ဖော်ပြခဲ့သည်။


လက်ရှိအချိန်တွင်လည်း တအောင်းလွတ်မြောက်ရေးတပ် (TNLA)က မန်တုံမြို့နှင့် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရသည်။ 


သတင်း - Dureng

ဓါတ်ပုံ - (နန့်ခမ်းမြို စခန်းသစ်ကုန်းကိုသိမ်းပိုက်ပြီးနောက် နမ်ခမ်းမြိုလယ်တွင် TNLA အလံလွှင့်ထူထားသည်ကိုမြင်ရပုံ) Today news media telegram channel

#Breaking News မတူပီမြို့နယ် ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်


 #Breaking News


မတူပီမြို့နယ် ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်


ဧရာဝတီတိုင်းမ်

(မတူပီ)၊ ဒီဇင်ဘာ ၁၉ ရက်


ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မတူပီ-ပလက်ဝနယ်စပ်ရှိ ထေဘွေးတပ်စခန်းကို ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။


မတူပီမြို့နယ်၊ ထေဘွေးတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့ (မင်းတပ်)၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့(လောက်တူ)တို့က ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့  နံနက်ပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


“ဒီနေ့၊ မနက်ပိုင်းမှာ ထေဘွေတပ်စခန်းကို အောင်မြင်စွာနဲ့ အပြီးသိမ်းပိုက်နိုင်ပါပြီ။ မကြာမီသတင်းအပြည့်အစုံထုတ်ပြန်ပါ့မယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


စခန်းသိမ်းပိုက်မှု အခြေအနေ အသေးစိတ်နှင့် ပတ်သက်၍ ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့်    ဆက်လက်စုံစမ်းလျှက်ရှိသည်။ 


ချင်းကာကွယ်ရေးပူးပေါင်းတပ်က ထေဘွေးတပ်စခန်းကို တိုက်ခိုက်နေစဥ် စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် မတူပီမြို့နယ် ဗန်ကိုင်ကျေးရွာမှ ဒေသခံအမျိုးသား သုံး ဦးနှင့် အမျိုးသမီး တစ် ဦးသေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။


ပုံစာ-စစ်ကောင်စီ ထေဘွေးတပ်စခန်း (ပုံဟောင်း)


#မတူပီမြို့နယ် #ထေဘွေးတပ်စခန်း #ချင်းကာကွယ်ရေးပူးပေါင်းတပ် #သိမ်းပိုက် #Breaking_News #Ayarwaddy_Time

Monday 18 December 2023

"စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့အများကြီးရှိပါတယ်"


 "စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့အများကြီးရှိပါတယ်"


-CDF ဟားခါး တပ်မှူးတစ်ဦးနှင့် မေးမြန်းခန်း


မ​ကွေး-ချင်းပြည်နယ်အစပ်မှဟားခါးမြို့နယ်ရှိအင်အား ၇၀​ကျော်ပါ​သောဘုံဇုံးစစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ဒီဇင်ဘာ၁၇ရက်ည​နေမှာစတင်တိုက်ခိုက်ပြီ ဒီက​နေ့ (ဒီဇင်ဘာ  ၁၈ ရက်)မှာသိမ်းပိုက်ခဲ့ပါတယ်။ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအခြေအနေကိုချင်းဒေသကာကွယ်ရေးတပ်

(CDF)-ဟားခါး တပ်မှူးတစ်ဦးကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ် ။


-သက်ဝေ/People’s Spring


မေး။ဒီနေ့မနက်မှာ ဘုံဇုံးစစ်ကောင်စီစခန်းကိုသိမ်းပိုက်ခဲ့တာကို ရှင်းပြပေးပါလား


ဖြေ။ကျနော်တို့ မနေ့ကနေစတယ်။ မနေ့ညကနေ မနက်အထိပေါ့။ ဒီနေ့မနက် ၁၁နာရီကနေ ၁၂နာရီကြားမှာ စစ်တပ် စကစဘက်က စခန်း ကျနော်တို့လက်ထဲရောက်သွားတာပေါ့နော်။ ဖြစ်စဉ်အကျဉ်းက အဲဒီလိုဟုတ်တယ်။


မေး။ ဘုံဇုံးစခန်းတည်နေရာ အနေအထားကစစ်​ရေးအရဘယ်​လောက်အ​ရေးပါလဲ ။


ဖြေ။ ဘုံဇုံးဆိုတာ ကျနော်တို့အတွက် အင်မတန်မှ အရေး

ကြီးတယ်။ဘာဖြစ်လို့လဲဆိုရင် မကွေးတိုင်းနဲ့ချင်းပြည်နယ် နယ်စပ်ကျတယ်။ ကျနော်အတွက် အင်မတန်အရေးကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ဂိတ်လည်းချထားတယ်ဆိုတော့လေ။ ဘုံဇုံးစခန်းကျနော်တို့ လက်ထဲရောက်သွားတဲ့အခါ ဂန့်ဂေါဘက်မှာကျနော်တို့ စစ်ဆင်ရေးပိုလုပ်နိုင်တာပေါ့။ ပြီးတဲ့အခါကျတော့ မြို့သိမ်းတိုက်ပွဲအတွက်‌ ပြင်ဆင်မှုတွေလုပ်ဖို့အတွက် ဗျူဟာပိုင်းစစ်ရေးပိုင်းအတွက်အင်မတန်မှအများကြီး အခွင့်အလမ်းပိုကောင်းသွားတာပေါ့။ အဲဒီ စခန်းကျနော်တို့ လက်ထဲရောက်ဖို့ မဟာဗျူဟာ စနစ်တကျဆွဲပြီးတော့ပေါ့ ၊ကျနော်တို့လက်ထဲရောက်သွားတာ အင်မတန်မှ ကောင်းပါတယ်။


မေး။ စခန်းသိမ်းတိုက်ပွဲမှာအခြားဘယ်တပ်ဖွဲ့တွေပါ​သေးလဲ


ဖြေ။ ။ ဒီစစ်ဆင်ရေးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ပါတယ်။ ချင်းအမျိုးသားတပ်မတော်လည်းပါတယ်။ ပြီးတော့ CDF KKG လည်းပါတယ်။ CDF ထန်တလန်လည်းပါတယ်။ ဒါကျနော်တို့ နယ်မြေဆိုတော့ အဓိကက ကျနော်တို့ CDF ဟာခါးပဲ။ 


မေး။တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေဘယ်လိုရှိပါသလဲ။


ဖြေ။ကျနော်တို့ဘက်မှာရဲဘော် ၂ယောက်ကျဆုံးသွားတယ်။ ဒဏ်ရာရတဲ့သူ ၅ ယောက်ရှိတယ်။ စကစဘက်က အကုန်

လုံး ကျနော်တို့လက်ထဲရောက်သွားတာပေါ့။ သူတို့ ဘယ်

လောက်ကျဆုံးတယ်ဆိုတာထက်ပဲ ကျနော်တို့လက်ထဲရောက်သွားတယ်။ ကျနော်တို့ အရှင်ဖမ်းတာလည်းရှိတယ်။ အဲဒီအထဲမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့သူလည်း အရှင်ဖမ်းထားတယ်။ ထွက်ပြေးတဲ့ သူတွေလည်း ကျနော်တို့ လိုက်ဖမ်းတာပေါ့နော်။ အကုန်လုံး ကျနော်တို့ လက်ထဲရောက်သွားပါတယ်။ အလင်းဝင်တယ်ဆိုတာထက်သူတို့က လက်နက်ချသွားတာပေါ့။ထွက်ပြေးတဲ့သူတွေအကုန်လုံးကျနော်တို့ လိုက်ဖမ်းပါတယ်။


မေး။စစ်​ကောင်စီတပ်အနေအထားရောဘယ်လိုရှိပါသလဲ။


ဖြေ။သူတို့တပ်အနေအထားကတော့ ကျနော်တို့ထင်သလော အင်အားက ကွက်တိအတိုင်းပါပဲ။ စကစ အင်အားတွေသိပ်မရှိတော့ဘူး။ မြို့ပေါ်လောက်ပဲအဓိက ဦးစားပေး စစ်တပ်တွေအင်အားဖြည့်ထားတယ်။ ပုံမှန်ပါပဲ။ သူတို့ စ

ခန်းဖွဲ့စည်းပုံကလည်း အရင်ကလိုပဲ သိပ်မကွာပါဘူး။


မေး။သူတို့စစ်ကူလာသေးလား။


ဖြေ။မလာပါဘူး။ ဂျက်ဖိုက်တာတော့တက်တယ်။ 

မပစ်ပါဘူး။ 


မေး။ရှေ့ဆက်စစ်ရေးဆောင်ရွက်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး လူထုကိုဘာ​ပြောချင်လဲ။


ဖြေ။ရှေ့ဆက်ကတော့ ကျနော်တို့ကထိုးစစ် စစ်ဆင်ရေးလို့ ပြောရမလား အဲဒါလုပ်ဖို့ရှိပါသေးတယ်။ ဒီတော်လှန်ရေးက အမြန်ဆုံးပြီးချင်ပြီဆိုတော့လေ။ ပြည်သူလူထုကပဲဖြစ်ဖြစ် ကျနော်တို့ ရဲဘော်အကုန်လုံးကပဲဖြစ်ဖြစ်ပေါ့နော်။ ဒီတောထဲမှာ နေတာကလည်း ကြာပြီဆိုတော့လေ။ စကစက သူ့ဟာသူ လက်နက်မချရင် ကျနော်တို့က ဒီထက်ပိုပြင်းထန်တဲ့ ထိုးစစ် စစ်ဆင်ရေးလုပ်ဖို့တော့ အများကြီးရှိပါတယ်။ နောက်ထပ်နောက်ထပ်ပေါ့။


မေး။ စခန်းသိမ်းတိုက်ပွဲမှာလက်နက်ခဲယမ်းရရှိမှုကိုပြောပြပေးပါလား။


ဖြေ။ဟုတ်ကဲ့ လက်နက်ခဲယမ်းတွေတော့ အများကြီးသိမ်း

ထားပါတယ်။ သူတို့ဆီ ရှိသမျှ အကုန်လုံး ကျနော်တို့ လက်ထဲရောက်သွားပါတယ်။ အရေအတွက်ကတော့ ကျနော်တို့ ရှင်းလင်းရေးလုပ်တုန်း အရေအတွက်တော့ ပြောလို့မရသေးဘူး တော်တော်များများတော့ရပါတယ်။


မေး။စစ်ကောင်စီတပ်က တိုက်ပွဲတိုင်းမှာ စစ်ရှုံးနေတော့ စကစတပ်သားတွေကိုဘာပြောချင်လဲ။


ဖြေ။သူတို့ကတော့ အခုအချိန်မှာ သူတို့ အင်အားက တ

ဖြည်းဖြည်းလျော့လာတာပေါ့။ အခုအချိန်မှာ တဖြည်းဖြည်းမဟုတ်တော့ဘူး  အခုအချိန် တဖြည်းဖြည်းဆိုတာထက်စာရင် ဒီနေ့နဲ့မနက်ဖြန် သူတို့ အင်အားမတူတော့ဘူး။ သူတို့ကတော့ မကြာခင် အဆုံးသတ်သွားလိမ့်မယ်လို့ ကျနော်ထင်တယ်။ သူတို့ အင်အားလည်းသိပ်မဟုတ်တော့ပါဘူး။ အစိုးရ

တစ်ရပ်ကို ကိုင်နိုင်တဲ့အရည်အချင်းဆိုတာ မရှိတော့ပါဘူး။ 


ကျေးဇူးတင်ပါတယ်။       ။

ချင်းနှင့် မကွေး နယ်စပ်ရှိ စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထား


 ချင်းနှင့် မကွေး နယ်စပ်ရှိ စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၆ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထား


■ ဘုံဇုန်းစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံဖမ်းဆီးနေ 


ရန်ကုန်၊ ဒီဇင်ဘာ ၁၈


ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးအရှင် ဖမ်းမိထားကြောင်း Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ကာ ဟားခါးမြို့နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်း နယ်စပ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘုံဇုန်းစခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ မွန်းလွဲ ၁၂ နာရီခန့်တွင် အဆိုပါ တပ်စခန်းကို အပြီးတိုက်ခိုက် သိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲအတွင်း စစ်သား ၆ ဦးသေဆုံးကာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၆ ဦးကို အရှင် ဖမ်းဆီးထားပြီး စခန်းစွန့်ခွာ ထွက်ပြေး သွားသော စစ်သားများကိုလည်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း၊ ထို့ပြင် လက်ရှိချိန်ထိ နယ်မြေရှင်းလင်းရေး ပြုလုပ်နေပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် သိမ်းဆည်းရမိသော လက်နက် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။


" အဲဒီ ဘုံဇုန်းစခန်းဆိုတာက မကွေးနဲ့ ချင်းပြည်နယ် ကြားမှာပေါ့။ စခန်းက ချင်းပြည်နယ်ထဲမှာဆိုပေမယ့် ဂန့်ဂေါ ချင်းပြည်နယ်ရဲ့ နယ်စပ်ဂိတ်လို့ ပြောလို့ရတယ် ကျွန်တော်တို့ ချင်းပြည်နယ် ဟားခါးမြို့တော်အတွက်တော့ တကယ် အချက်အခြာကျတဲ့ နေရာဖြစ်တယ်။ မန္တလေး-ဟားခါး လမ်းမကြီး ချင်းပြည်နယ်ထဲက လမ်းမကြီး ဖြစ်နေတဲ့ အတွက်ကြောင့် ဒီဂိတ်မှာ စစ်ကောင်စီတပ်သားတွေက နေရာယူပြီးတော့ ခရီးသွား ခရီးလာတွေကော စားနပ်ရိက္ခာက အစ အကုန်လုံး သယ်ယူပို့ဆောင်ရေးအတွက် တကယ်ပဲ ကျွန်တော်တို့အတွက် အဟန့်အတားဖြစ်တယ်။ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေကို ချဲ့နိုင်တဲ့ အနေအထားဖြစ်သလို ကျွန်တော်တို့ ချင်းပြည်နယ် လုံခြုံရေးအတွက် ဒီဟာက တကယ် အချက်အခြာကျတဲ့ နေရာဖြစ်နေတော့ ဒီနေရာကို ဝင်သိမ်းလိုက်ရခြင်းက တကယ့်ကိုပဲ အရေးကြီးတယ်။ ဂုဏ်လည်း ဂုဏ်ယူစရာဖြစ်နေတယ်။ အခု ဒီစခန်းကို သိမ်းလိုက်ပြီဆိုတော့ ချင်းပြည်နယ်မြောက်ပိုင်းဘက်မှာ တပ်စခန်း တစ်ခုမှ မရှိတော့ဘူးလို့ ပြောလို့ရတယ်" ဟု Chinland Defense Force-Hakha ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငွန်ဆန်းအောင် က ပြောဆိုသည်။

လေယာဥ်ပစ် လက်နက်တွေ ပံ့ပိုးပေးနေတဲ့ စစ်တပ်



 လေယာဥ်ပစ် လက်နက်တွေ ပံ့ပိုးပေးနေတဲ့ စစ်တပ်


အကြမ်းဖက်စစ်တပ်အနေနဲ့ လေယာဥ်ပစ် စက်သေနတ်ကြီးမျိုးစုံကို ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့တိုင်းရင်းသား တော်လှန်ရေး အဖွဲ့မျိုးစုံကို သွယ်ဝိုက် ပံ့ပိုးပေးလျက်ရှိပါတယ်။


🔺 နမ့်ဆန် မြို့နယ်မှာရှိတဲ့ စစ်တပ်ဗျူဟာကုန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းယူရာမှာ မီတာ (၂၀၀၀) အမြင့်ထိ တစ်မိနစ်ကို အတောင့်ရေ (၆၀၀) အထိ ပစ်ခတ်နိုင်တဲ့ တရုတ်နိုင်ငံထုတ် QJG-02 လေယာဥ်ပစ် စက်သေနတ်ကြီးကို သိမ်းယူရရှိခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာပဲ အမေရိကန်ထုတ် လေယာဥ်ပစ်ခတ်လို့ရတဲ့ ပွိုင့်-၅ ဘရောင်နင် စက်သေနတ်ကြီး (၃) လက်ကိုပါ သိမ်းယူရရှိထားတာတွေ့ရပြီး စုစုပေါင်း လေယာဥ်ပစ် စက်သေနတ်ကြီး (၄) လက်ကို ရရှိထားတာ တွေ့ရပါတယ်။ 


🔺အလားတူပဲ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးတွင်း နဲ့ နိုင်ငံရဲ့ တခြားသော စစ်မျက်နှာအသီးသီးမှာ စက်သေနတ်ကြီး အလက် (၅၀) ထက် မနည်းကို သိမ်းယူရရှိထားတယ်လို့ ခန့်မှန်းလို့ရပါတယ်။ 


အဲဒီလို သိမ်းပိုက်ရရှိထားတဲ့ လေယာဥ်ပစ်စက်သေနတ်ကြီးတွေ နဲ့ လှုပ်ရှားသွားလာရလွယ်ကူတဲ့ မော်တော်ယာဥ်တွေကို ပေါင်းစပ်ပြီး ရွှေ့လျားလေကြောင်းရန်ကာကွယ်ရေးကွန်ယက် (Mobile air defense gun network) တခု ထူထောင်ပြီး အနိမ့်ပျံ စစ်ရဟတ်ယာဥ်တွေ၊ သယ်ပို့ရဟတ်ယာဥ်တွေ ကို ခြိမ်းခြောက်တာ၊ ပစ်ချတာမျိုးကို လုပ်ဆောင်လို့ရနိုင်ပါတယ်။ မင်းအောင်လှိုင် စစ်အုပ်စုက ထောက်ပံ့ပေးထားတဲ့ လေယာဥ်ပစ်စက်သေနတ်ကြီး ပမာဏနဲ့ကို သူတို့ အနိမ့်ပျံလေကြောင်းယာဥ်တွေကို ကောင်းမွန်စွာ ခြိမ်းခြောက်နိုင်နေပြီ ဖြစ်ပါတယ်။ စစ်ကူချဖို့၊ ရိက္ခာချဖို့၊ အနီးကပ် လေကြောင်းပစ်ကူ ပေးဖို့ ဆင်းသက်လာတဲ့ စစ်ရဟတ်ယာဥ်တွေကို မကြာခင် ပစ်ချနိုင်ဖို့ အလားအလာ ကောင်းနေပါတယ်။ Mi-8 သယ်ပို့ရဟတ်ယာဥ် (၅) စီး လောက်ကို ပစ်ချနိုင်ရင်ကို စစ်တပ်ရဲ့ သယ်ယူပို့ဆောင်နိုင်မှု စွမ်းရည် တော်တော်လေး ထိခိုက်သွားမှာ ဖြစ်ပါတယ်။


လက်နက်ရရှိမှု ရင်းမြစ်နဲ့ပတ်သတ်ပြီး နိုင်ငံတကာက ဝယ်ယူတာ၊ ကိုယ်တိုင်ထုတ်လုပ်တာနဲ့ ရန်သူ့ဆီက သိမ်းယူရရှိတာ စတဲ့ ရင်းမြစ် (၃) ခု ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်က ပြောကြားထားပါတယ်။ တော်လှန်ရေးအရှိန်ထပ်မြင့်လာလို့ လေကြောင်းရန် ကာကွယ်ရေး စခန်းတွေကို သိမ်းပိုက်တာ၊ လေကြောင်းရန် ကာကွယ်ရေး တပ်သားတွေ ဘက်ပြောင်းတာတွေ ထပ်မံပေါ်ပေါက်လာရင် လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တော်လှန်ရေး အင်အားစုတွေ ထပ်မံ သိမ်းပိုက်ရရှိနိုင်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အတွက် အကောင်းဆုံးသော လေယာဥ်ပစ် လက်နက် ပံ့ပိုးပေးရာ ရင်းမြစ်ဟာ အကြမ်းဖက်စစ်တပ်ဖြစ်လာပါပြီ။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF insight ကို ကြည့်ရှုပါ။


#PDFInsight

Sunday 17 December 2023

နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA ရှင်းလင်းသိမ်းပိုက်




 နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံး TNLA ရှင်းလင်းသိမ်းပိုက် 


▪️ဟောင်ဝစ်ဇာအမြောက် ၄လက်နှင့် လက်နက်မျိုးစုံများစွာရ ၊စစ်သားအလောင်း၆၀ကျော်တွေ့ပြီး ၃၀ဦးအရှင်ဖမ်းမိ


ဝင်းမောင်/People’s Spring


ရှမ်းမြောက် နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ပြီး တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့‌ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ညပိုင်း၌ ထုတ်ပြန်သည်။


နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို TNLAက ဒီဇင်ဘာ ၁၀ရက်တွင် စတင်ဆင်နွှဲခဲ့ရာ ၆ရက်အကြာ ဒီဇင်ဘာ ၁၅ရက်တွင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်း၌ အလုံးစုံ ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။


စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူအကြိမ်များစွာ ပြုလုပ်နေသည့်ကြားမှ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ အလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်သည်။

   

နမ့်ဆန်မြို့ စစ်ကောင်စီတပ်စခန်းသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရောက်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး၊ တပ်မတော်၏ ထောက်ပို့တပ်ဖြစ်သည့် အမှတ်(၆၂၆/၉၂၉) အခြေချသည့် မြို့လည်း ဖြစ်သည်ဟု ဖော်ပြသည်။ 


စစ်ကောင်စီ၏ နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းဖြင့် Mi35 (၁)ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဉ် (၅)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အသိပေးသည်။

 

စစ်ကောင်စီ နမ့်ဆန်တပ်စခန်းကို TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက်ကို ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့သည်ဟုဆိုသည်။


ထို့ပြင် ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ လေယာဉ်ဗုံးစ၊ လက်နက်ကြီးကျည် ထိမှန်ပျက်စီးခြင်း နမ့်ဆန်မြို့မဂိုဏ်းချုပ်ကျောင်း လေယာဉ် ဗုံးစ ထိမှန် ပျက်စီးခြင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်းဆောင် လေယာဉ်ဗုံးထိမှန်မီးလောင်ခြင်း၊ လူနေအိမ် (၄၀)ကျော် လေယာဉ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၁၄) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။


နမ့်ဆန်မြို့နယ်သည် တအာင်းစော်ဘွားများအဆက်ဆက် နောက်ဆုံး စော်ဘွားစဝ်ခွန်ပန်းစိန် ၁၉၅၉ မတ်လ ၂ ရက် အာဏာသိမ်းခံရသည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State ) နန်းစိုက်ရာမြို့တစ်မြို့ဖြစ်ကြောင်း ဖော်ပြသည်။


နှစ်ပေါင်း ( ၆၄)နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင် ကျရောက်ခဲ့သော နမ့်ဆန်မြို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃နာရီခွဲတွင် အာဏာရှင်စစ်ကောင်စီထံမှ အလုံးစုံ ပြန်လည် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။


(နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးက TNLA တိုက်ခိုက်ရှင်းလင်းပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

နမ့်ဆန်မြို့တွင် စစ်ကူများနှင့် စစ်ကြောင်းများကို ကွပ်ကဲရန် စေလွှတ်ခံခဲ့ရသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ


 နမ့်ဆန်မြို့တွင် စစ်ကူများနှင့် စစ်ကြောင်းများကို ကွပ်ကဲရန် စေလွှတ်ခံခဲ့ရသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေ


ရန်ကုန်၊ ဒီဇင်ဘာ ၁၇ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့ရှိ စစ်တပ် ဗျူဟာကုန်းကို TNLA တပ်များက သိမ်းပိုက်ပြီးနောက် စစ်ဗျူဟာကုန်းတွင် စစ်ကူများ အပါအဝင် စစ်ကြောင်းများကို အထိုင်ချ ကွပ်ကဲနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် ၊ တပ်မမှူး ဗိုလ်မှူးချုပ် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း နေပြည်တော်၊စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ 


ဒီဇင်ဘာလ ၁၅ ရက်နေ့ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းကို TNLA က သိမ်းပိုက်ပြီးနောက် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အပါအဝင် စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများနှင့်စစ်ကြောင်းတချို့ပါ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 


ဒီဇင်ဘာလ ၈ ရက်နေ့မှစတင်၍ နမ့်ဆန်မြို့နယ်အတွင်းတွင် ထိတွေ့ ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း၊ ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့မှစတင်၍ နေ့စဉ် တိုက်ပွဲများဖြစ်ပွားကာ ဒီဇင်ဘာလ ၁၀ ရက်နေ့ နမ့်ဆန်မြို့နယ်၊ နမ့်ခေးကျေးရွာရှိ စစ်တပ်၏ ကဒိုင်းဖူးတောင်တပ်စခန်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ လွယ်ဆိုင်တပ်စခန်းနှင့် နမ့်ဆန်မြို့မရဲစခန်း၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ကွန်မန်ဒိုကုန်း စသည်ဖြင့် သာလွန်အင်အားဖြင့် တိုက်ခိုက်ခံရသဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ကူစစ်ကြောင်းတချို့ကို ရဟတ်ယာဉ်ဖြင့် ချထားပေးခဲ့ပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်၍ နမ့်ဆန်မြို့၏ အဓိက စစ်တပ်စခန်းဖြစ်သော ဗျူဟာကုန်း စခန်း အပြင်းအထန်တိုက်ခိုက်ခံရကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းတွင် နမ့်ဆန် ဗျူဟာကုန်းစစ်စခန်းနှင့်ပါ အဆက်အသွယ်များ ပြတ်တောက်သွားကြောင်း သိရှိရသည်။ 


လက်ရှိတွင် အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်၊ နမ့်ဆန်မြို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူး ထွန်းစိုးသိန်း၊ ရဲမှူး နေဝင်းထွန်း၊ နမ့်ဆန်မြို့စောင့်တပ် ခလရ ၂၅၄ မှ ဗိုလ်မှူး/ဗိုလ်ကြီး ကျော်သူထွေး၊ နမ့်ဆန်ဗျူဟာမှူး ၊ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများ အဆက်အသွယ် မရဘဲ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း၊ စစ်အရာရှိ၊ ရဲအရာရှိနှင့် စစ်သည်၊ ရဲတပ်ဖွဲ့ဝင်များအားလုံးပါ အဆက်အသွယ်မရတော့ကြောင်း သိရှိရသည်။ 


" တမခ ၁၀၁ က (အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်) က ကက(ကြည်း) လက်အောက်ခံ ခြေမြန်တပ်မဌာနချုပ်ပါ။ မကွေးတိုင်း၊ ပခုက္ကူမြို့မှာရှိတာကို ရဟတ်ယာဉ်တွေနဲ့ နမ့်ဆန်ကို စစ်ကူပေးပို့ခဲ့တာပါ။ တပ်မမှူးပါ နမ့်ဆန်ဗျူဟာကုန်းမှာ ထိုင်ပြီး ကွပ်ကဲတာမှာ ဗျူဟာကုန်းကျတော့ တပ်မမှူးပါ အဆက်အသွယ် ပြတ်တောက်နေတာပါ" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ 


လက်ရှိတွင် ပျောက်ဆုံးနေသော တမခ ၁၀၁ တပ်မမှူး အပါအဝင် စစ်အရာရှိကြီးများ၊ ရဲအရာရှိကြီးများကို အဆက်အသွယ်ရရှိစေရန် စစ်ကောင်စီက ကြိုးစားနေသော်လည်း လက်ရှိ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ လုံး၀ အဆက် အသွယ်မရရှိဟု သိရှိရသည်။ 


ဓာတ်ပုံ- ဒီဇင်ဘာလ ၁၃ ရက်နေ့ တိုက်ပွဲတွင် နမ့်ဆန်တွင် သေဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများ။

Saturday 16 December 2023

မူဆယ် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးဖြင့် အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ် ထုတ်ပြန်


 မူဆယ် ၁၀၅ မိုင် စစ်တပ်ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးဖြင့် အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ် ထုတ်ပြန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီ၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းတွင် AA အလံ လွှင့်ထူပြီး ရခိုင်တပ်တော်မှ စစ်သည်များက သိမ်းပိုက်ရရှိထားသော တင့်ကား ၂ စီးကို နောက်ခံထား၍ အောင်ပွဲခံနေပုံကို AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ၏ တွစ်တာ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သည်။ 


"သာလီစွပါ ၁၀၅ မိုင်" ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားသည်။ 


 ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်က စတင်ကာ ညပိုင်းအထိ မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင်တပ်စခန်းကို ညီနောင် မဟာ မိတ် ၃ ဖွဲ့ ဖြစ်သော MNDAA၊ AA နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်၏ ၁၀၅ မိုင် ဗျူဟာကုန်း ရရှိခဲ့သော်လည်း နယ်မြေရှင်းလင်းလုပ်ဆောင်ရန် ကျန်ရှိနေခြင်း၊ စစ်ကောင်စီတပ်က လေယာဉ်များ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်နေသဖြင့် နယ် မြေ ရှင်းလင်းရေး မလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် စခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ၊ လက် နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီ၏ တင့်ကား ၂ စီးကိုပါ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။ 


"ဗျူဟာကုန်းကတော့ ရသွားတာ အတည်ပြုနိုင်ပါတယ်။ တင့်ကား ၂ စီးလည်းရတယ်။ လက်နက်ခဲယမ်းတွေလည်းရတယ်။ စခန်းသိမ်းပြီးကတည်းက တောက် လျှောက် လေယာဉ်တွေ ရဟတ်ယာဉ်တွေ၊ ဒုံးတွေနဲ့ပစ်ခတ်မှုတွေရှိခဲ့တယ်" ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ 


မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန် အောက်တိုဘာလမှစတင်၍ ယခုအချိန်အထိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၃၀၀ နီးပါးနှင့် မြို့ ၇ မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Friday 15 December 2023

နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီဟု TNLA အတည်ပြု



 နမ့်ဆန်မြို့ကို သိမ်းပိုက်ရရှိပြီဟု TNLA အတည်ပြု


▪️စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ကူ အကြိမ်များစွာပြုလုပ်ခဲ့သော်လည်း တစ်ပတ်ခန့် အကြာတွင် မြို့ကို လက်လွှတ်ခဲ့ရ


သက်ဝေ/People’s Spring

 

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ကို ယနေ့ တအာင်းတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း TNLA ခေါင်းဆောင် တစ်ဦးက လူထုနွေဦးသို့ အတည်ပြုပြောဆိုသည်။


TNLA အနေဖြင့် နမ့်ဆန်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁၀ရက်မှစတင်ခဲ့ရာ တစ်ပတ်ခန့်အကြာ ဒီဇင်ဘာ ၁၅ရက်တွင် မြို့ကို အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။


နမ့်ဆန်မြို့သိမ်းတိုက်ပွဲ၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ ဗျူဟာကုန်းကို TNLAက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဒေသအခြေစိုက် ရွှေဖီမြေ၏ ဖော်ပြချက်နှင့်ပတ်သက်ပြီး TNLA ခေါင်းဆောင် တစ်ဦးအား ဆက်သွယ်မေးမြန်းရာ "ဟုတ်တယ်၊ ငါတို့ရပြီ"ဟု ပြန်လည်ဖြေကြားသည်။


နန့်ဆန်မြို့ခံတစ်ဦးကလည်း "နမ့်ဆန်ကို TNLAက သိမ်းလိုက်ပါပြီ။ အတိအကျပါပဲ။ စစ်တပ်က လေကြောင်းကနေ လိုက်ပစ်နေပါတယ်။ အခုညအထိ ပစ်နေပါတယ်"ဟု ပြောသည်။


 ဒီဇင်ဘာ ၁၀ရက်မှစ၍ နမ့်ဆန်မြို့နယ် နမ့်ခေးရွာအနီး ကဒိုင်းဖူးတောင်တပ်စခန်းကို TNLAက စတင်သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၁ရက်တွင် နမ့်ဆန်ရဲစခန်း၊ နမ့်ဆန် ကောင်းမှုဆိုင်တပ်စခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 


ထို့ပြင် နမ့်ဆန်မြို့ပေါ်ရှိ စစ်ကောင်စီ၏ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံတပ်စခန်းကိုလည်း ဒီဇင်ဘာ ၁၃ရက်ညနေပိုင်း၌ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် နောက်ဆုံးကျန်နေသည့် နမ့်ဆန် စစ်ကောင်စီဗျူဟာစခန်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၁၅ရက်တွင် စခန်းကို ရရှိခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီတပ်သည် နမ့်ဆန်ရှိ တပ်စခန်းများ မကျဆုံးရေးအတွက် လေကြောင်း၊ လက်နက်ကြီး ပစ်ကူအကြိမ်ကြိမ် ရယူခဲ့သော်လည်း စခန်းများကိုလက်လွှတ်ခဲ့ရပြီး စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှုရှိခဲ့သည်။


TNLA၏ ထုတ်ပြန်ချက်အရ ယနေ့ ဒီဇင်ဘာ ၁၅ရက်နေ့တွင် နမ့်ဆန်မြို့အတွင်း စစ်ကောင်စီတပ်မှ ATR-42 လေယာဉ်ဖြင့် (၅)ကြိမ်၊ Jet Fighterဖြင့် (၁၅)ကြိမ်၊ Mi35ဖြင့် (၁၀)ကြိမ်၊ မန်တုံ ခလရ-၁၃၀ တပ်စခန်းမှ လက်နက်ကြီးဖြင့် (၃၁)ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။


လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးမှု၊ ပြည်သူလူထုနေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း TNLAက အသိပေးသည်။


ထို့ပြင် စစ်ကောင်စီတပ်သည် ၎င်းတို့၏ လက်ဖက်အချိုခြောက်စက်ရုံကိုပါ လေကြောင်း တိုက်ခိုက်ခဲ့၍ မီးလောင်ခဲ့ပြီး မြို့မဂိုဏ်းချုပ်ဘုန်းကြီးကျောင်းလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

 

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး နေအိမ် ၃၀ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။


(နန့်ဆန်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် မြင်ကွင်းများ။ ဓာတ်ပုံ - ရွှေဖီမြေသတင်းဌာန)

Thursday 14 December 2023

မော်လူးမြို့သိမ်းတိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိသော ဓာတ်ပုံများ ထုတ်ပြန်၊ မြို့ကို စစ်ကြောင်းထိုးလာမည့် စစ်တပ်၏ရန် ကာကွယ်ရန် တော်လှန်ရေးတပ်များက အသင့်ပြင်ထား


 မော်လူးမြို့သိမ်းတိုက်ပွဲ တွင် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းမိသော ဓာတ်ပုံများ ထုတ်ပြန်၊ မြို့ကို စစ်ကြောင်းထိုးလာမည့် စစ်တပ်၏ရန် ကာကွယ်ရန် တော်လှန်ရေးတပ်များက အသင့်ပြင်ထား


ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊  အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး ၇ ဦးအရှင်ဖမ်းဆီးနိုင်ခဲ့ကာ မော်လူးမြို့သိမ်းတိုက်ပွဲ ဓာတ်ပုံများကို  ဓာတ်ပုံများကို ထုတ်ပြန်လိုက်ကြောင်း ABSDF မြောက်ပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင်မြို့တွင် ပြည်သူအများစု စစ်ဘေးရှောင်နေကြပြီး တော်လှန်ရေးတပ်များကလည်း မြို့ကို စစ်ကြောင်း ထိုး တိုက်ခိုက်လာမည့် စစ် တပ်၏ ရန်ကို ကာကွယ်ရန်  အသင့်ပြင်ထားကြောင်း ၎င်းက သိရှိရသည်။

"လောလောဆယ်တော့ အခြေအနေက ငြိမ်ပါတယ်။ တော်လှန်ရေးတပ်တွေက မြို့ကို ကာထားတယ်။ စစ်တပ်ဘက်က စစ်ကြောင်းထိုးတက်လာရင် ကာကွယ်နိုင်ဖို့။ ပြည်သူတွေအများစု ၄ ပုံ ၃ ပုံလောက်ကတော့ စစ်ဘေးရှောင်နေကြတယ်။ ကျနော်တို့က ဝင်ပါလို့လည်း မခေါ်သလို မဝင်ပါနဲ့လို့လည်း မတားပါဘူး။ စစ်တပ်က နန့်စီးအောင်၊ အင်တော်မကျအောင် ပိုပြီးတော့ ကာမယ့်သဘောမြင်ရတယ်" ဟု ABSDF မြောက်ပိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။


ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၂ နာရီခွဲခန့်က စ၍ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ  ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီဝန်းကျင်တွင် သိမ်းပိုက်ရရှိခဲ့ပြီးစစ်ကောင်စီရဲစခန်းအတွင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင် အလောင်း ၁၇ လောင်းနှင့် စစ်သုံ့ပန်း ၇ ဦး၊ လက်နက်ငယ် ၂၁ လက် ခြောက်လုံး ပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G3 ကျည် ၃၀၀၀ ကျော်၊ MA ကျည် ၃၀၀ ကျော်၊ ၉ မမ ကျည် ၂၀၀ ကျော်၊ ရာဘာကျည် အတောင့် ၃၀ ၊ G3 ကျည်ဘောက် ၄၂ ဘောက် MA ကျည်ဘောက် ၆ ဘောက်၊ အူဇီကျည်ဘောက် ၆ ဘောက်၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်း ၂ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

မော်လူးရဲစခန်းကို တိုက်ခိုက်နေစဥ်အတွင်း မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအနီးမှာရှိ အကြမ်း ဖက်စစ်ကောင်စီ၏ အမတ- ၉၀၄ အမြောက်တပ် မှ ဟောင်ဝပ်ဇာများဖြင့် တရစပ် ပစ်ခတ်ခဲ့သည့် အပြင် မော်လူးမြို့ကို သိမ်းပိုက်ပြီးချိန် နံနက် ၇နာရီကျော်၌ လေယာဥ် ဗုံးကျဲခြင်း၊ ပွိုင့်ဖိုက် ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် မော်လူးမြို့ရှိ ပြည်သူ ၁ သောင်း ဝန်းကျင် ဘေးလွတ်ရာသို့ တိမ်း ရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ABSDF စစ်ကြောင်း ၁ KIA၊ KPDF ၊ ဒေသခံ ပကဖ၊ ပအဖ နှင့် ပလဖ ရဲဘော်များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ပြည်သူ့ကာကွယ်ရေးတပ် မတော် (PDF) ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံတပ်သားများ အနေဖြင့် အမြန်ဆုံးအလင်းဝင်ကြရန် ABSDF တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

Wednesday 13 December 2023

မော်လူးမြို့ကိုတော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်


 မော်လူးမြို့ကိုတော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်


သရဖူ၊​​အောင်​ဇေယျ /People's Spring 


စစ်ကိုင်းတိုင်း၊ မော်လူးမြို့ရှိ စစ်ကောင်စီစခန်းများကို KIA၊ ABSDF ၊PDF နှင့်  ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းအများအပြားနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့သည်။


" စခန်းတွေ ရပြီ။ အရှင်မိတာတွေရော လက်နက်တွေရော အများကြီး ရထားတယ်။ စခန်းသိမ်းသတင်းက ထုတ်လို့ရပါပြီ"ဟု အင်းတော်မြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။


မော်လူးမြို့ရှိ စစ်ကောင်စီစခန်းများကို KIA၊ ABSDF၊PDF  နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) နံနက် ၂နာရီခန့်မှ စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၅နာရီခန့်တွင် သိမ်းပိုက်နိုင်ခြင်းဟု သိရသည်။ 


မတိုက်ခိုက်ခင် အလင်းဝင်ရန် တောင်းဆိုခဲ့သော်လည်း နားမထောင်၍ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခြင်းဟု PDF ရဲဘော်တစ်ဦးကပြောသည်။


စခန်းသိမ်းပြီး​နောက်တွင် စစ်ကောင်စီက လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။


"ကိုယ့်ရဲဘော်တွေ အထိအခိုက်မရှိပါ" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။


မော်လူးမြို့ သည် ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ပါဝင်ပြီး ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် တည်ရှိသည်။


"မနက်၂နာရီခွဲလောက်မှာဝင်တိုက်တာ။ မနက်၆ နာရီလောက်မှာ မီးခိုးတွေတက်လာတယ်။ ရဲစခန်းလည်းပြာကျသွားပြီ။ လေယာဥ်ပျံက တစ်ခေါက်တော့လာကြဲသွားတယ်။ အထိအခိုက်က အတိအကျမသိရသေးဘူး။ နောက်တခေါက်လာကြဲမှာစိုးလို့ရှောင်နေရတယ်။ စစ်သား ၉ ယောက်သေတယ်လို့ပြောတယ်။ ကျန်တဲ့ဟာတွေလည်း ဘယ်ကိုပြေးကုန်တယ်မသိဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။


မော်လူးမြောက်ဘက်မှ စစ်ကောင်စီတပ်က လက်နက်ကြီး

ဖြင့်ပစ်ကူခဲ့၍ အနီးရှိရွာတစ်ရွာမှ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်ကိုမူမသိရသေးကြောင်း ဒေသခံများက ပြောသည်။ 


 မော်လူးမြို့သိမ်းတိုက်ပွဲတွင် ABSDF အမှတ်(၁) စစ်

ကြောင်း ၊ KIA ၊ PDF ပကဖများ ပလဖများ ပူးပေါင်းထား​သော တပ်ပေါင်းစုမှ ဒီဇင်ဘာလ ၁၃ရက်နေ့ မနက် ၂နာရီ ဝန်းကျင်မှစ၍တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၄နာရီ ဝန်းကျင် ကြာခဲ့ပြီး နံနက် ၆နာရီဝန်းကျင်မှာမြို့ကို ထိန်းချုပ်နိုင်ခဲ့​ကြောင်း ABSDF ကထုတ်ပြန်သည်။


"လက်ရှိ အနေအထားအရ သိမ်းဆည်းမှုများကို စီစစ်နေပြီး စစ်ကောင်စီမှ လေကြောင်းမှ လာရောက်ပစ်ခတ်နေတယ်လို့ သိရပါတယ်"ဟု ABSD ကအသိ​ပေးသည်။


(​မော်လူးမြို့ရှိ စစ်တပ်တပ်စွဲရာ​နေရာများမှ မီးခိုးများထွက်လာစဥ် / မြို့အဝင်ဆိုင်းဘုတ် နှင့် မြို့​တည်​​နေရာကို​ Google Map တွင်​တွေ့ရမှု ။ဓါတ်ပုံ- CJ)

နမ့်ဆန်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား


 နမ့်ဆန်မြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား 


ရန်ကုန်၊ ဒီဇင်ဘာ ၁၃ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အတွင်း ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း တအာင်း TNLA သတင်းရင်းမြစ်က ပြောဆိုသည်။


ဒီဇင်ဘာလ ၁၂ ရက်နေ့ နမ့်ဆန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နမ့်ဆန်မြို စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ညနေ ၅ နာရီ ၄၀ မိနစ် အချိန်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 


တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့သော နမ့်ဆန်မြို့နယ်ဘက်သို စစ်ကောင်စီ မန်တုံ ၁၃၀ တပ်စခန်းက လက်နက်ကြီးဖြင့် ၁၀ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က နမ့်ဆန်မြိုနယ်အတွင်း Y12 လေယာဥ်ဖြင့် ဗုံး ၄ ကြိမ် လာရောက်ကြဲချခဲ့ကြောင်း သိရှိရသည်။ 


 အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် ၅ နာရီ ၀၃ မိနစ် အချိန် နမ့်ဆန်မြိုနယ် စစ်ကောင်စီ ရဲစခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပစ္စတို ၃ လက်၊ လက်နက် ၁၄ လက်၊ ခဲယမ်းများစွာနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။  


(ဓာတ်ပုံအကြည်များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။)

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...