Friday 30 August 2024

ပြင်းထန်နေဆဲ ဗန်းမော်စစ်မျက်နှာနှင့် ဟိန်းထနေသေးသော မြောက်ပိုင်းရှိ စစ်တပ်များ (စစ်ရေးသတင်းဆောင်းပါး)


 ပြင်းထန်နေဆဲ ဗန်းမော်စစ်မျက်နှာနှင့် ဟိန်းထနေသေးသော မြောက်ပိုင်းရှိ စစ်တပ်များ (စစ်ရေးသတင်းဆောင်းပါး)


အဂမ်


မဇ္ဈိမ။ ။ ကချင်ပြည်နယ်၏တောင်ဘက်ပိုင်း ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များက မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်ဘက်များသို့ ဩဂုတ် ၂၄ ရက်မှစတင်ကာ မြေပြင်စစ်ကြောင်းထိုးနေသည့်အပြင် လေကြောင်းများနဲ့ပါ တိုက်ခိုက်နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)စစ်ရေးရုံး သတင်းရင်းမြစ်များက ဆိုသည်။


မိုးမောက်မြို့က စစ်ကောင်စီရဲ့ ခမရ (၄၃၇) တပ်စခန်းကြီးနဲ့ မံစီမြို့၃အနီးက ကောင်ဂျာယန် စစ်ကောင်စီတပ်စခန်းငယ်တို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KI A)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ် (KPDF)နှင့် အာရက္ခတပ်တော်(AA)တို့က ဩဂုတ် ၁၉ ရက်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သုံးရက်အကြာတွင် စစ်ကောင်စီဘက်ကနေ ယခုလို တခါပြန်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းပြန်ထိုးလာသည့်အတွက် စစ်ရေးတင်းမာနေရခြင်းလည်း ဖြစ်သည်။


“ဒီလ ၂၄ လောက်ကတည်းနေ စပြီးမှ မိုးမောက်ဘက်ကို သူတို့ (စစ်တပ်) ထိုးစစ်ဆင်လာတာရှိပါတယ်။ ကျွန်တော်တို့တပ်ပေါင်းစုအဖွဲ့တွေက ဗန်းမော်နဲ့ မိုးမောက်ကြားက ငါးမိုင်နဲ့ ခြောက်မိုင်ကြားမှာ ခုခံပြီး တိုက်နေတာမို့ တိုက်ပွဲတွေက နေ့တိုင်းပြန်ဖြစ်နေပါတယ်။ လေယာဥ်လည်း နေ့တိုင်းကို လာနေတာပဲ ” ဟု ကေအိုင်အေစစ်ရေးရုံး သတင်းရင်းမြစ်က ပြောသည်။


လက်ရှိအချိန်မှာ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရသော ဗန်းမော်နှင့် မိုးမောက်မြို့ကြားရှိ ခမရ(၄၃၇) တပ်ခစန်းဘက်ကို စစ်ကြောင်းပြန်ထိုးလာသည့်အပြင် ဩဂုတ်လ ၂၃ နေ့ ကစပြီး၊ ဗန်းမော်နှင့် မံစီမြို့နယ်ကြားက ကောင်ဂျာယန်ဘက်ကိုလည်း စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ပွဲတွေက နေ့တိုင်းနီးပါး ဖြစ်ပွားလာနေသည့် အခြေအနေဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


စစ်ကောင်စီတပ်က ယခုလို တန်ပြန်ထိုးစစ်ဆင်ရာတွင် မြေပြင်စစ်ကြောင်းသာမက လေကြောင်းပစ်ကူလည်း ပါဝင်သည်ဟု KIOဗဟိုကော်မတီ၏ သတင်းနှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ကချင်ဒေသတွင်းမီဒီယာများကို အခိုင်အမာ အတည်ပြုပြောဆိုထားသည်။ 


ဗိုလ်မှူးကြီးနော်ဘူက “လက်နက်ကြီးမျိုးစုံနဲ့လည်း ပစ်တယ်။ ဒရုန်းကလည်း တခါတက်လာရင် နှစ်စီး ဒါမှမဟုတ် သုံးစီးကနေ လေးငါးစီးထိ တက်လာတယ်ပြောတယ်။ ” ဟု ဆိုသည်။


လက်ရှိ စစ်ကောင်စီ၏ စစ်ကြောင်းပြန်ထိုးလာသော စစ်ကောင်စီတပ်များမှာ အခြေချစစ်ဗျူဟာ (မိုးမိတ်ရွေ့လျားတပ်) များဖြစ်သော ခလရ(၁၂၁) ငအိုး၊ ခမရ (၃၁၉) ဂါးရာယန်၊ ဗန်းမော်၊ ခမရ( ၃၄၈ )မိုးမိတ် နှင့် ခမရ (၄၃၇) မိုးမောက်တို့ ဖြစ်သည်။ 


ဗန်းမော်မြို့ကို အဓိကလုံခြုံရေးယူပေးနိုင်ရန် မိုးမောက်မြို့တွင် ခမရ (၄၃၇)၊ မံစီမြို့တွင် ခြေမြန်တပ်ရင်း (၆၀၁)နှင့် (၃၁၉)တို့ အခြေစိုက်ခဲ့သည်။ ထိုအထဲမှ မိုးမောက်မြို့ရှိ ခမရ (၄၃၇) တပ်ရင်းက ယခုလ ၁၉ ရက်နေ့တွင် အပြီးတိုင် တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားပြီ ဖြစ်သည်။


ဟိန်းထနေသေးသော မြောက်ပိုင်းက စစ်ကောင်စီတပ်များ


ယခု ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ စတင်ပြီး တန်ပိုမြင့်စစ်မျက်နှာဖွင့်ခဲ့သော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် စစ်ဆင်ရေးစသည့်နေ့မှစပြီး တလကျော်ကာလအတွင်း စစ်တပ်၏ ဗျူဟာကျစခန်းများအပါအဝင် ကာကင်းရှေ့တန်းစခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်ရရှိထားသည်ဟု ကေအိုင်အေစစ်ရေးရုံး အချက်အလက်များအရ သိရသည်။


သို့သော် ကချင်ဒေသတွင် စစ်ကောင်စီအဖို့ စစ်အင်အားပြည့် လှုပ်ရှားနိုင်သေးသည့် တပ်ရင်းအရန်တပ်များစွာ ရှိနေသေးသည်။ ဤသတင်းဆောင်းပါးပါ အချက်အလက်များသည် မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့က မတ်လ ၇ ရက်နေ့မှ လက်ရှိ သြဂုတ်လအထိ အနီးကပ်ဆုံး မြေပြင်ဆင်းအချက်အလက်ကောက်ယူထားသည့် စစ်ရေးအချက်အလက်များပင် ဖြစ်သည်။


အာဏာသိမ်းစစ်ကောင်စီ၏ ကချင်ဒေသမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် အခြေခံအားဖြင့်မူ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)၊ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် (စကခ) များ၊ အခြေချစစ်ဗျူဟာ (စဗခ)၊ စစ်ဗျူဟာ (စဗဟ) လက်အောက်ခံ တိုင်းတပ်များ၊ အမြောက်တပ်၊ သံချပ်ကာတပ်နှင့် စစ်လက်ရုံးတပ်၊ စစ်ဝန်ထမ်းတပ်များဟူပြီး ဖြန့်ခွဲထားသည်ဟု မပခစစ်ရေးရုံးအချက်အလက်အရ သိရသည်။


ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ - တနိုင်း)


ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ရေးအရ အောင်မြင်မှုအနည်းဆုံးဒေသဖြစ်သည်ဟု စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ကချင်နိုင်ငံရေး သုတေသီများက မှတ်ချက်ပြုထားသည်။


ဗဟိုကော်မတီအုပ်ချုပ်ရေးနှင့် အဝေးဆုံးဒေသဖြစ်သလို ဝေးလံကာ သွားလာရခက်ခဲလွန်းသည့်အတွက် ထောက်ပို့လုပ်ရန် ခက်ခဲတာကြောင့် ကေအိုင်အေအတွက် ခြေကုပ်ရယူထားမှု အားအနည်းဆုံးဖြစ်သည်ဟု သုတေသီများက မှတ်ချက်ပြုထားသည်။


ထိုအချက်များကြောင့် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တနိုင်းပယင်းမှော်တိုက်ပွဲအပြီး စစ်ကောင်စီတပ်က စစ်ရေးအရ အားသားမှုအများဆုံးရသွားခဲ့သည့် နေရာဖြစ်သည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး၏ တခုတည်းသော လုပ်ပိုင်ခွင့်ရှိသော စစ်ဆင်ရေးနယ်မြေဖြစ်သည်။ လက်ရှိအချိန်မှာ ဒကစ - တနိုင်းဒေသရှိ ရှေ့တန်းစစ်ဗျူဟာကျနေရာအချို့ကို ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားသည်။


သို့သော် ယင်းဒေသတွင် အဓိကကျသော ခလရ (၈၆)၊ခလရ (၁၂၆ )နန်ယွန်၊ ခလရ (၂၃၈)တနိုင်း၊ ခလရ (၂၉၇) ရှထူးဇွပ်၊ ခလရ (၂၉၈) ဒွမ်ဘန်နှင့် ခမရ (၃၁၈ )တနိုင်း တပ်ရင်းများကို တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပါ။


မိုးကောင်းအခြေစိုက် အမှတ် (၃) စကခဌာနချုပ်ရွေ့လျားတပ်များနှင့် အမှတ် (၇၀၀၄) သံချပ်ကာတပ်ရင်းက လိုအပ်ရင် လိုအပ်သလို ပစ်ကူစစ်ဆင်ပေးနေသည့် စစ်ဆင်ရေးနယ်မြေတခုလည်း ဖြစ်သည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အရန်စစ်ဗျူဟာ


မဇ္ဓျိမ၏ ကချင်ဒေသအတွင်းက သတင်းရင်းမြစ် အဆိုအရ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဗျူဟာ (၃) လက်အောက်ခံတပ်ရင်းများဖြစ်သည့် မြစ်ကြီးနားမြို့ အခြေစိုက် ခလရ (၂၁) မပခ၏ အရန်တပ်ရင်းစခန်းတခု ဖြစ်သည်။ (ယခု အမှတ်( ၄ )အထူးကွန်မန်ဒိုတပ်ရင်းအဖြစ် ပြောင်းလဲထားသည်။ ၎င်းကွန်မန်ဒိုတပ်ရင်းက မပခသို့လာရောက်သည့် စစ်ခေါင်းဆောင်များကို အထူးလုံခြုံရေးရယူပေးသော တပ်ရင်းဖြစ်လာသည်။)


မြစ်ကြီးနားမြို့အခြေစိုက် ခလရ (၂၉ )တပ်ရင်း


ယခင်တပ်ရင်းက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်းက လက်ရှိ မြစ်ကြီးနားအကျဥ်းထောင်ဘေးရှိ အမှတ် (၃၀) ရဲတပ်ရင်းဖြစ်သည်။ ထိုမှတဆင့် KIAတပ်ရင်း (၁၁) သို့သွားသည့် ပလန - အင်ခိုင်ဘွမ်းတောင်လမ်းမပေါ်သို့ ပြောင်းရွေ့ထားသည်။


မြစ်ကြီးနားမြို့အခြေစိုက် ခလရ (၃၇ )တပ်ရင်း


မပခ၏ နောက်ထပ် အရန်တပ်ရင်းဖြစ်သလို၊ မြစ်ကြီးနားမြို့၏ မြို့စောင့်တပ်လည်း ဖြစ်သည်။ (ယခင် ခေါင်ဖူး - တာလောကြီးရှိ ဌာနေရှမ်းပြည်သူ့စစ်အဖွဲ့ကို မွေးထုတ်ပေးခဲ့သည့် တပ်ရင်းဖြစ်သည်။ လက်ရှိ မြစ်ဆုံရွာဟောင်းအဝင်မှာ အထိုင်ချကာ မြစ်ကြီးနား - ပူတာအိုလမ်းပိုင်းကို အထူးလုံခြုံရေး ရယူပေးထားသည့် တပ်ရင်းဖြစ်သည်။


ဝိုင်းမော်မြို့အခြေစိုက် ခလရ (၅၈) တပ်ရင်း


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဧရာဝတီမြစ်တဖက် ကမ်းအကွာမှာ တည်ရှိပေမယ့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အရန်တပ်ရင်းအဖြစ် ထည့်သွင်းထားသည်ကို စစ်ရေးအချက်အလက်အရသိရသည်။ ခလရ(၅၈)တပ်သည် ဝိုင်းမော်မြို့စောင့်တပ် ဖြစ်နေသည်။ ထို့ကြောင့် လက်ရှိ KIAနှင့် တော်လှန်ရေးအင် အားစုများ ခလရ (၅၈) အနီး ထိုးစစ်ဆင်လာသည့်အတွက် မပခလက်အောက်ခံ လက်နက်ကြီးအမြောက်တပ်က နေ့တိုင်းညတိုင်းလိုလို ပစ်ခတ်ပေးနေခြင်း ဖြစ်သည်။

( ယခင်က ဝိုင်းမော် - ကန်ပိုက်တီလမ်းပိုင်းကို နယ်ခြားစောင့်တပ်နှင့်ပူးပေါင်းကာ နယ်မြေလုံခြုံရေးရယူထားသော တပ်ရင်းဖြစ်သည်။သို့သော် ယခုက မြစ်ဆုံရွာဟောင်းမှ တီယန်ဇွပ်ဗျူဟာတပ်ရင်းနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ရသော တပ်ရင်းဖြစ်သလို၊ ဝိုင်းမော်ဌာနေအခြေပြု လီဆူပြည်သူ့စစ် [ဦးရွှေမင်းခေါင်းဆောင်]အဖွဲ့ကို မွေးထုတ်ကာ အဓိကစစ်လက်နက်နှင့် ထိန်းချုပ်ထားသော တပ်ရင်းဖြစ်သည်။ )


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ ကချင်ဒေသတွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ရေးဌာနချုပ် နယ်မြေနှစ်ခုက ကျန်ရှိနေသေးသည်။


အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (မိုးကောင်း)

၁။ ခမရ (၃၈၁) နမ္မတီး

၂။ ခမရ (၃၈၂) နမ္မတီး

၃။ ခမရ (၃၈၃) ကညှင်မြိုင်

၄။ ခမရ (၃၈၄) ပြွန်သုံးလုံး

၅။ ခမရ (၃၈၅) နန်းမား

၆။ ခမရ (၃၈၆) နန်းမား

၇။ ခလရ (၄၀ )ဟိုပင်

၈။ ခမရ (၃၈၈) ဟိုပင်

၉။ ခမရ (၃၈၉) ဟိုပင်

၁၀။ ခမရ (၃၉၀) နမ္မတီး

၁၁။ ခမရ (၁၂၀) နန့်ယား

လက်ရှိမှာ စကခ (၃) ၏ လှုပ်ရှားတပ်များမှ ကေအိုင်အေက ခမရ (၁၂၀) ဖားကန့်နန့်ယားအခြေစိုက်တပ်ရင်းတခုတည်းကိုသာ ထိုးစစ်ဆင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားနိုင်သေးသည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ်အဖြစ်တည်ရှိပေမယ့် အထက်ပါခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်းများက စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်မဌာနချုပ် တပ်မ (၃၃) ၏ လက်အောက်ခံတပ်ဖွဲ့ဝင်များသာ ဖြစ်သည်။


အမှတ် (၂၁ )စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (ဗန်းမော်)

၁။ ခလရ (၄၇)ဗန်းမော်

၂။ ခလရ (၅၆) ရွှေကူ

၃။ ခလရ (၂၂၃) မိုးမိတ်

၄။ ခလရ (၂၃၇) ဗန်းမော် ဝက်ကုန်း

၅။ ခလရ (၂၇၆) မိုးမိတ်

၆။ ခမရ (၆၀၁) မံစီ

၇။ ခမရ(၆၀၂ )ရွှေကူ


လက်ရှိ စစ်ရေးအပြင်းထန်ဆုံး စစ်မျက်နှာ တခုဖြစ်သည်။ ဗန်းမော်မြို့အခြေစိုက် စကခ (၂၁) မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အောက်တွင် စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်အဖြစ်တည်ရှိပေမယ့် အထက်ပါခြေလျင်တပ်ရင်းနှင့် ခြေမြန်တပ်ရင်းများက တပ်မ (၈၈) ၏ လက် အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ဖြစ်သည်။


သို့သော် လက်ရှိ ပြင်းထန်နေသော တိုက်ပွဲစစ်မျက်နှာအတွင်း လုံးဝဝင်ရောက်ခြင်းမရှိသေးသော စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်ကြီးတခု ကချင်ဒေသတွင်းမှာ စစ်ကောင်စီအတွက် ရှိနေသေးသည်။


အမြောက်စစ်ဆင်ရေးဌာနချုပ်


အာဏာသိမ်းစစ်ကောင်စီ၏ အမှတ် (၉၀၄) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် အခြေစိုက်ပြီး လက်အောက်ခံ အမြောက်တပ်ရင်း (၁၂)ရင်း ရှိသည်။ လက်အောက်ခံ အမြောက်တပ်ရင်းများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကချင် - စစ်ကိုင်းအစပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေများအတွင်း ဖြန့်ခွဲထားရှိသည်။ သို့သော် တပ်ရင်း အများစုက ကချင်ဒေသတွင်သာ ရှိသည်ကို စုံစမ်းသိရှိရသည်။


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး မော်ဖောင်းကျေး ရွာတွင် အမှတ် (၃၆၄) အမြောက်တပ်ရင်း၊ မြစ်ကြီးနားမြို့အထွက် (ဒေသအခေါ် ၁၈ မိုင်) ဂတ်ရှန်ယန်ရွာတွင် အမှတ် (၇၀၀၄) သံချပ်ကာတပ်ရင်း ရှိသည်။


မိုးညှင်းမြို့


အမြောက်စစ်ဆင်ရေးဌာနချုပ်ရှိရာ မြို့ဖြစ်သလို၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာရှိသည့် လက်နက်ကြီးတပ်ဖြစ်သောကြောင့် အမြောက်တပ်ရင်း အများစု တည်ရှိထားသည်။


၁။ အမှတ် (၂၀၈) အမြောက်တပ်ရင်း ( မိုးညှင်းမြို့အထွက် နမ့်ပုတ်ကျေးရွာ)

၂။ (၄၀၈) အမြောက်တပ်ရင်း (မိုးညှင်းမြို့အထွက် နမ့်ပုတ်ကျေးရွာ)

၃။ (၃၆၇) အမြောက်တပ်ရင်း ( ၁၀ မိုင်ရွာတွင် ရှိ)

၄။ အမှတ်( ၇၀၀၅ )သံချပ်ကာတပ်ရင်း (၁၀မိုင်)

၅။ (၁၈) အမြောက်တပ်ရင်း (နန်းမား)


မိုးကောင်းမြို့ (အမှတ် - ၃ စကခနယ်မြေ)

၁။ (၃၇၂) အမြောက်တပ်ရင်း (မရန်းကျေးရွာ)


ဗန်းမော်မြို့ (အမှတ် - ၂၁ စကခနယ်မြေ)

၁။ အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်း

လက်ရှိ KIAနှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်နေသော ဗန်းမော်စစ်မျက်နှာတွင် KIAက အမှတ် (၇၀၀၆) သံချပ်ကာတပ်ရင်းမှ တင့်ကာ သုံးစီးခန့်ကို ဖျက်ဆီးထားပြီး၊ တစီးကို တိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်သည်။


လေကြောင်းရန်ကာကွယ်ရေး


ကချင်ဒေသ၏ စစ်မျက်နှာတခွင်ကို လေကြောင်း တိုက်ခိုက်မှုကို အများဆုံးလုပ်နေသော စစ်ကောင်စီအဖို့ ယင်းလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းက စစ်ဗျူဟာအရ အခရာကျနေပြန်သည်။


၎င်းတပ်စခန်းက မိုးညှင်းမြို့နယ် ဘီလူးမြို့၊ အုန်းစံဆိုင်းကျေးရွာ (ဒေသအခေါ် အင်းတော်ကြီး ကပ်ကျော်လမ်း)အနီးမှာရှိသည့် လေကြောင်းရန် (ရေဒါစခန်း) ကာကွယ်ရေးတပ်စခန်းဖြစ်သောကြောင့် ၎င်းတပ်စခန်းကို ကချင်ဒေသက စစ်ကောင်စီ၏ စစ်သင်တန်းကျောင်းရွေ့လျားတပ်ဖွဲ့ဝင်များက သီးသန့် စောင့်ကြပ်လျက်ရှိသည်။


နယ်ခြားစောင့်တပ်များ


၂၀၀၉ ခုနှစ် နောင်းပိုင်း ယခင်စစ်အစိုးရနှင့် သဘောတူညီစွာ အသွင်ကူးပြောင်းခဲ့ကြသော လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။ ကချင်ဒေသတွင်းမှာ နယ်ခြားစောင့်တပ် သုံးခုရှိပြီး၊ ၎င်းနယ်ခြားစောင့်တပ်များက ယခင် KIAတပ်ဖွဲ့များမှ ခွဲထွက်ခဲ့သူများသာ ဖြစ်သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် ကချင်ဒေသတွင်း စစ်မျက်နှာ၏ ထူးခြားမှုတခုမှာ နယ်ခြားစောင့်တပ်သုံးခုစလုံးမှ စစ်ကောင်စီဘက်ကနေ ကျည်တချက်မှ မဖောက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ မဟာမိတ်အဖြစ် ပြည်သူ့စစ်တပ်ဖွဲ့များလည်း ကချင်ပြည်နယ်မှာရှိနေပြီး၊ စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ပေးမှုကို တွေ့မြင်ခဲ့ကြရပြီဖြစ် သည်။


၁။ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်

၂။ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်

၃။ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်


ဒီ နယ်ခြားစောင့်တပ် သုံးခုစလုံးက ကချင်တောင်တန်း ဒေသများဖြစ်သည့် ဆော့လော် ၊ ပန်ဝါနှင့် ကန်ပိုက်တီ (ဝေမိုး)တို့တွင် တည်ရှိသည်။


မတ် ၇ ရက်နေ့ကတည်းက KIA နှင့် စစ်ကောင်စီတပ်တို့အကြားက စစ်မျက်နှာပြင်ထန်းခဲ့ကြသည့် က ချင်စစ်မျက်နှာက ဆက်ပြီးပြင်းထန်နေဦးမှာဖြစ်သည် ဟု ကချင်နိုင်ငံရေးသုတေသီများက မှတ်ချက်ပြုထားကြသည်။ 


Crd.Mazzima news

သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်


 သပိတ်ကျင်းမြို့နယ် လေးမိုင်ရွာနဲ့ တာဝါတိုင်ကုန်းကို တော်လှန်ရေးတပ်ဖွဲ့သိမ်းပိုက်


မျက်မှောက်ခေတ်၊ဩဂုတ်(၃၀)


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် လေး

မိုင်ရွာနဲ့ တာဝါတိုင်ကုန်းက စစ်ကောင်စီတပ်

စခန်းကို ဩဂုတ်လ(၃၀)ရက်နေ့မှာ တော်လှ

န်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်

ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေး၀န်ကြီးဌာန ၊အမှတ်(၁)စစ်ဒေ

သက သတင်းထုတ်ပြန်ပါတယ်။


သပိတ်ကျင်းနယ် လေးမိုင်ရွာနဲ့ တာဝါတိုင်

ကုန်းက စစ်ကောင်စီတပ်ဖွဲ့ကို ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူးကွပ်ကဲမှုနဲ့ ဩဂုတ်လ 

(၂၉) ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်

ပြီး ဒီကနေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်း

ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့လက်

နက် (၁၃) လက်၊ ကျည် (၂၇၉၆) တောင့်၊ Dr

one Slayer (၂) လက်၊ ၆၀ မမ ဗုံးသီး (၄၃) လုံး၊ အီနာဂါ (၆) လုံးနဲ့ ကျည်အိမ် (၂၂) ခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ

ဖော်ပြပါတယ်။


သပိတ်ကျင်းနယ် လေးမိုင်ရွာနဲ့ တာဝါတိုင်

ကုန်း တိုက်ပွဲကို ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရ

င်း၊ ပြင်ဦးလွင်ခရိုင်/ သပိတ်ကျင်းမြို့နယ် ပကဖ၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန် - မန္တလေးအမြန်လမ်း လုံခြုံရေးစခန်းသိမ်းပိုက်ရာ တပ်မ(၉၉)မှဗိုလ်ကြီးဝေဖြိုးသူ ဖမ်းမိဟု မြင်းခြံခရိုင်တပ်ရင်း(၄)ပြော


 ရန်ကုန် - မန္တလေးအမြန်လမ်း လုံခြုံရေးစခန်းသိမ်းပိုက်ရာ တပ်မ(၉၉)မှဗိုလ်ကြီးဝေဖြိုးသူ ဖမ်းမိဟု မြင်းခြံခရိုင်တပ်ရင်း(၄)ပြော 


▪️စခန်းသိမ်းပိုက်နိုင်ပြီး စစ်သား ၅ ဦးသေ၊လက်နက်ခဲယမ်းများသိမ်းရဟုဆို 


ဇေအောင်/People's Spring


မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းရှိ လုံခြုံရေးစခန်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်မှဗိုလ်ကြီးဝေဖြိုးသူအပါအဝင် စစ်သုံ့ပန်း ၂ဦးဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။


ယမန်နေ့(သြဂုတ် ၂၉ ရက်) ညနေ ၄ နာရီခွဲခန့်က ရန်ကုန် - မ‌န္တလေးအမြန်လမ်းမနှင့် တစ်မိုင်ခန့်အကွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ပွဲချင်းပြီး သေဆုံးကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။


"အမြန်လမ်းကို လုံခြုံရေးပေးတဲ့ အထိုင်စခန်းပါ။ မိနစ် ၂၀ လောက် ကြာတယ်။ စခန်းသိမ်းနိုင်ခဲ့ပါတယ်။"ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။


ထို့အပြင် စခန်း၌တာဝန်ကျနေသော အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားတစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၇လက်နှင့် ခဲယမ်းအချို့လည်း ရရှိခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။


"အင်အားကတော့ ၁၀ယောက်ကျော်ကျော်လောက်ပဲရှိမယ်။ အရှင်ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်။ စခန်းကတော့ မီးရှို့လို့မရဘူး။ အဲရွာက ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာ။"ဟု မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။


 ညနေ ၆နာရီခွဲခန့်တွင် အဆိုပါစခန်းအနီးရှိ 

ဆူးရစ်ကုန်းကျေးရွာနှင့် ကုက္ကိုသီးကျေးရွာတို့အား စစ်တပ်က ဗုံးသီးနှစ်လုံးကြဲပြီး စက်လက်နက်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။


အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Forceနှင့် အမှတ် (၁၀)တပ်ရင်းတို့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO)အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။


သြဂုတ် ၁၀ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၄ခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။


အလားတူ နွားထိုးကြီးနှင့် တံတားဦးမြို့နယ်အစပ်ရှိ တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကိုလည်း နွားထိုးကြီး PDFက သြဂုတ် ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။


( ရန်ကုန်-မန္တလေးအမြန်လမ်းအနီး လုံခြုံရေးစခန်းမှ ဖမ်းဆီးရမိသော ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ-NPDF)

သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းတွင် စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အလောင်း ၉ လောင်း သိမ်းဆည်းရရှိ




 သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းတွင် စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အလောင်း ၉ လောင်း သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၂၉


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အလောင်း ၉ လောင်း သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဩဂုတ်လ ၂၉ ရက်နေ့ သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းမကြီး အနန်းကွင်းစခန်းနားရှိ ခွန်နှစ်ဝါရွာလမ်းခွတွင် KNLA / PDF တော်လှန်ရေး ပူးပေါင်းတပ်နှင့် စကခ ၁၉ လက်အောက်ခံတပ်ရင်းများဖြစ်သော ခမရ-၅၈၃၊ခမရ-၅၈၇ တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၉၀ ကျော်ပါဝင်သော စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ကူပေးခဲ့သောကြောင့် စစ်ကြောင်း တစ်ခုလုံးသေဆုံးခြင်းမရှိဘဲ ဒဏ်ရာများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။


တိုက်ပွဲပြီးဆုံးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်လင်းရေး ပြု လုပ်စဉ် စစ်သား အလောင်း ၉ လောင်း သိမ်းဆည်းရရှိခဲ့ပြီး စစ်သားမသာအလောင်းများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကောင်းမွန်စွာ မြေမြုပ်ပေးခဲ့ကြောင်း သိရသည်။


"အကြမ်းဖက် စစ်ကောင်စီ ဘက်က Mi-35နဲ့ ပစ်ကူပေးပြီး ကယ်ထုတ်သွားလို့ အဲ့လိုသာမဟုတ်ရင် စစ်ကြောင်းတစ်ကြောင်းလုံး အကုန်သေသွားနိုင်တယ်။ သိမ်းထားရတဲ့ အလောင်းက ၉ ခုပဲ ဒဏ်ရာရတာတွေလည်း အများကြီးပဲ။ အကုန်နီးပါးပဲ ဒဏ်ရာရတာ။ သူတို့ အလောင်း ဘယ်လောက်ကို ပြန်ဆွဲသွားလဲဆိုတာတော့ သေချာမသိဘူး။ စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ မိသားစုဝင်တွေ အတွက် ယောက်ျားသေဆုံးသည်မှာ မှန်ကန်ကြောင်း အထက်ကို တင်ပြပြီး လျော်ကြေး ထုတ်ယူနိုင်ဖို့နဲ့ ရက်လည်ဆွမ်းကျွေးပြုလုပ်နိုင်ဖို့ အတွက် ဓာတ်ပုံတွေကို ထုတ်ပြန်တာပါ" ဟု တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ပွဲတွင် ပါဝင်ခဲ့သော ရဲဘော် တစ်ဦးက ပြောဆိုသည်။

ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်


 ထီးလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်သား ၁ ဦး စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင် ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်


ရန်ကုန်၊ ဩဂုတ် ၂၉


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ထီးလင်းမြို့နယ်ရှိ ထီးလင်းအထိုင်တပ် မှ စစ်ကောင်စီ တပ်သား ၁ ဦး အထက်အရာရှိ ဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစား စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာပြီး ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ခဲ့ကြောင်း Yaw Revol ution Army -ထီးလင်း က ပြောဆိုသည်။ 


ဩဂုတ်လ ၂၈ ရက်နေ့တွင် ထီးလင်းမြို့ရှိ ထီးလင်း အထိုင်တပ်မှ တပ်သား ဟိန်းသူအောင် သည် ၄င်း၏ အထက် အရာရှိ ဖြစ်သူ တပ်ကြပ်ကြီး၏ MAS အမျိုးအစား စနိုက်ပါ သေနတ် ၁ လက် ယူဆောင်လာပြီး ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထို့သို့ လက်နက်နှင့် တကွ အလင်းဝင် ရောက်ခဲ့သော တပ်သား ဟိန်းသူအောင်ကို ဂန့်ဂေါ ခရိုင် တပ်ရင်း (၁၅/၁၆/၁၇)-YRA ထီးလင်း တပ်ဖွဲ့က ငွေကျပ် ၆၅ သိန်း ဆုချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာကို ပို့ ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။


အကြမ်းဖက် စစ်ခေါင်းဆောင် မိသား စုများ၏ အသက်အိုးအိမ် စည်းစိမ်များကို အသက်ပေး ကာကွယ်ရန် မထိုက်တန်ကြောင်း လက်ရှိတာဝန် ထမ်းဆောင်နေသည့် အကြမ်းဖက် စစ်တပ်မှ တပ်သား၊ အရာရှိအဆင့်ဆင့်များ နားလည် သဘောပေါက် ၍ ပြည်သူကို မျက်နှာမူ၍ CDM ပြုလုပ်ကြရန် တိုက်တွန်းထားကြောင်း Yaw Revol ution Army -ထီးလင်း က ပြောဆိုထားသည်။

Thursday 29 August 2024

နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ


 နောင်ချိုမြို့နယ်ရှိ စစ်တပ်၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ


ရန်ကုန်၊ ဩဂုတ် ၂၉


ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်း ၂ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း TNLA က ပြောဆိုသည်။


ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်း၊ ၃၄၅ တပ်စခန်း အနီးတဝိုက် နှင့် မကျီးရေရွာ ဘုန်းကြီးကျောင်းတို့တွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။


အလားတူ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် တောင်ခမ်းကျေးရွာရှိ ၉၀၂ စစ်ကောင်စီတပ်၌ လည်းကောင်း၊ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် ၃၄၅ တပ်စခန်း၌ လည်းကောင်း၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် မကျီးရေရွာတွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


တိုက်ပွဲဖြစ်ပွားလျက်ရှိသော တောင်ခမ်းရွာ၌ အကြမ်းဖက် စစ်ကောင်စီ၏ ၉၀၂ တပ်စခန်းတွင် စစ်တပ်က Y12 ဖြင့် ၃ ကြိမ် ၊ ဗုံး ၁၅၀ လုံး၊ တောင်ရွှေရွာတွင် Jet Fighter ဖြင့် ၁ ကြိမ်နှင့် သကြားစက်ရုံတွင် ၂ ကြိမ် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်းခမ်းရှိ အမြောက်တပ်ရင်းသုံးရင်းကို တော်လှန်ရေးတပ်များသိမ်းပိုက်


 တောင်းခမ်းရှိ အမြောက်တပ်ရင်းသုံးရင်းကို

တော်လှန်ရေးတပ်များသိမ်းပိုက်


▪︎အမတ (၃၅၄)တပ်ရင်းတစ်ခုသာကျန်ရှိတော့

ဟု ကနဦးသတင်းရရှိ


ဒီးဒီ/People's Spring 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် မိုင်(၂၀)ခန့်ကွာဝေးသော တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်ရင်း လေးရင်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေရာ တပ်ရင်းသုံးခုသိမ်းပိုက်ရထားပြီဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်များက ပြောသည်။


နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ(၂၀၆)၊အမ(၄၀၆) တို့တည်ရှိပြီး အဆိုပါတပ်စခန်းများအား တအာင်းတပ်မတော်(TNLA)နှင့် PDF

ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ 


အဆိုပါ တပ်စခန်းများအနက် မစခ-၉၀၂၊ အမတ

(၂၀၆)နှင့် အမတ(၄၀၆)တို့ကို တော်လှန်ရေးတပ်

များက သိမ်းပိုက်ထားပြီး အမတ(၃၅၄)တပ်ရင်း တစ်ခုသာကျန်ရှိတော့သည်ဟု သိရကြောင်း လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။


" သုံးခုရပြီ သိရတယ်။ ရဲဘော်တွေနဲ့ အဆက်

အသွယ်ရတယ်။ သုံးခုရပြီလို့ ပြောတယ်"ဟု နောင်ချိုမြို့ရှိ လူထုနွေဦး၏ သတင်းရင်းမြစ်က ပြောသည်။


နောင်ချို PDFမှ ရဲဘော်တစ်ဦးကလည်း "၃၅၄တပ်ပဲ နည်းနည်းကျန်တယ်လို့ကြားရတယ်။ ကျန်တပ်စခန်းတွေအားလုံးထိန်းချုပ်ထားနိုင်တယ်ကြားတယ်"ဟု ပြောသည်။ စစ်ကောင်စီတပ်သားများသည် တောင်းခမ်းကျေးရွာအနီးရှိ တောတောင်ကြားများတွင်လည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။ 


တောင်းခမ်းရှိ မစခ-၉၀၂ ဌာနချုပ် ကျဆုံးသွားပြီး ဗဟိုကင်း၊ အိမ်ထောင်သည်လိုင်း၊ အရာရှိကြီးများ အိမ်ယာ၊ အရာရှိရိပ်သာများ ကျပြီး ဆုတ်ခွာရန်ပြင်ဆင်နေကြသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များက ယနေ့ နံနက် ၁၂နာရီခန့်တွင် ရေးသားတင်နေကြသည်။

 

ထို့အပြင် တောင်းခမ်းကျသွား၍ ပြင်ဦးလွင်မြို့အတွက် စိုးရိမ်ရေအမှတ်ဟု ထပ်မံအသိပေးရေးသားထားသည်။


"တောင်ခမ်းကတပ်တွေအခြေအနေမကောင်းပါဘူး။ ဒါကမြေပြင်အမှန်တရားပါပဲ။ဒီတော့

ပြင်ဦးလွင် အဓိကခံစစ်ဆိုလို့ဝက်ဝံကြောနဲ့ဘန့်ဘွေးခံစစ်နှစ်နဲ့ပွဲကောက်ခံစစ်ရယ်ပဲရှိတာ။

 ကျန်ခံစစ်တွေကမြို့ပြဆန်လွန်းတယ်။တောင်

ခမ်းကျရင်သာစည်လွင်ပြင်၊ ကျောက်ဆည်လွင်ပြင်ပေါက်ပြီ ရပ်စောက်ဗထူးတပ်နယ်လည်း

 ထိုးစစ်ဆင်ခံရမှာပါ"ဟု စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုကရေးသားထားသည်။

 

တောင်းခမ်းရှိ အဆိုပါ အမြောက်တပ်များသည် 

ပြင်ဦးလွင် မြို့ရှိ စစ်တပ်စခန်းများအတွက် အဓိကခံစစ်စခန်းများလည်းဖြစ်သည်။


စစ်ရေးသတင်းများ၊စစ်ရေးသုံးသက်ချက်များရေးသားဖော်ပြပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော် က "ဒီတောင်ခမ်းတပ်နယ် ရသွားပြီဆိုရင် ပြင်ဦးလွင်ဘက်ကိုလည်း ဝက်ဝံဘက်ကသွားလို့ရသလို ၊ နောင်ချိုဘက်ကနေလည်းတည့်လာလို့ရတယ် ။ပြီးရင် မတ္တရာဘက်ကနေလည်း လာလို့ရတယ် ဆိုတော့ စစ်မျက်နှာအလုံးအရင်းနဲ့ ဝင်လာလို့ ရတဲ့ အနေအထားမျိုးပေါ့ ။ပြီးရင်တောင်ခမ်းကရပ်စောက်၊ ကျောက်ဂူဘက်ထိ့ ရှမ်းတောင်အထိ့လမ်းပွင့်သွားမယ့် အနေအထားမျိုးလို့ပြောရမှာဖြစ်ပါတယ် ဗျ။"ဟု သူ၏အမြင်ကိုပြောသည်။


အမြောက်တပ်ရင်းများရှိရာ တောင်းခမ်းရွာအနီးရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်များက ထိုးစစ်တင်တိုက်ခိုက်နေသည်မှာ ဇူလိုင်လကုန်ပိုင်းကတည်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း၌ တောင်းခမ်းရွာရှိ အမြောက်တပ်ရင်းများအား ဦးတည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


သြဂုတ် ၂၅ရက်ကစပြီး တိုက်ပွဲပြင်းထန်နေသည်။ ထို့ကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေ

စိုက်သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်

(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ 


တောင်ခမ်းတိုက်ပွဲအား စစ်ကောင်စီက လေ

ကြောင်းပစ်ကူများလည်း ဆက်တိုက်အသုံးပြုနေသည်ဟု နောင်ချိုမြို့ခံများက ပြောသည်။ တိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။ 


တောင်းခမ်းကျေးရွာသည် နောင်ချိုမြို့မှ ရှမ်းပြည်

နယ်တောင်ပိုင်း ရပ်စောက်မြို့သို့သွားသောလမ်းပိုင်းပေါ်တွင်တည်ရှိပြီး နောင်ချိုမြို့မှ ဆုတ်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများက အဆိုပါရွာ တပ်စခန်းများ၌ အထိုင်ချထားသည်။ ထို့အပြင် ရှမ်းတောင်မှ အင်အားဖြည့်တင်းသော စစ်ကောင်စီတပ်သားများအပြင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်သော စစ်ကောင်စီတပ်သားများလည်း တောင်းခမ်း၌ ရောက်ရှိနေသည်။ ထိုမှတဆင့် နောင်ချိုနှင့် ကျောက်မဲမြို့များအား ပြန်လည်ထိုးစစ်ဆင်ရန် စစ်ကောင်စီက စီစဥ်ခဲ့ခြင်းဖြစ်

သည်။

Wednesday 28 August 2024

လောင်းလုံ ခလရ(၁၀၄)မှ လမ်းကင်းအဖွဲ့ကို BHA ရဲဘော်များ တိုက်ခိုက်



 လောင်းလုံ ခလရ(၁၀၄)မှ လမ်းကင်းအဖွဲ့ကို BHA ရဲဘော်များ တိုက်ခိုက်


ဟန်နွေ/People’s Spring


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် တွင် စစ်ကောင်စီ၏ လမ်းကင်းအဖွဲ့ငယ် တစ်ခုကို ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိဟု ဗထူးတပ်မတော်(BHA)က သတင်းထုတ်ပြန်သည်။


ယနေ့ (ဩဂုတ် ၂၈ရက်) မနက် ၇နာရီခွဲပတ်ဝန်းကျင်တွင် လောင်းလုံမြို့နယ် သောကြာပြင်ရွာ နှင့် ခလရ(၁၀၄) တပ်ရင်းအကြားလမ်းပိုင်းတွင် ခလရ(၁၀၄) တပ်ရင်းမှ ကျောင်းကား အသွားအပြန် အတွက် လမ်းကင်းလုံခြုံရေး ယူပေးရန်ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။


ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားချိန် ၃မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦး သေဆုံး ၁ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။


"ဒဏ်ရာရပြီး လွတ်သွားတာဗျ”ဟု ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ရဲဘော် ထက်မြတ် က စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး လွတ်မြောက်သွားမှုကို ပြောပြသည်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 ၁လက်၊ MA-2 ၁လက် နှင့် ကျည်များ၊ လက်ပစ်ဗုံး၊ အီနာဂါဗုံးသီး ၊ စကားပြောစက် နှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ သိမ်းရခဲ့သည်ဟု အသိပေးသည်။


BHA အနေဖြင့် ၂၀၂၄အတွင်း အာဏာသိမ်း စစ်တပ်အား စစ်ရေးအရှိန်မြှင့် ကာ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန် ထုတ်ပြန်သည်။


ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အဓိကထား ပြုလုပ်လာ၍ ပြည်သူများ လေကြောင်း အန္တရာယ်မှ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းသည်။


BHA အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၉ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အခြားတော်လှန်ရေး အင်အားစု မဟာမိတ်များနှင့် လည်း မြေပြင်၌ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း အဖွဲ့တာဝန်ရှိသူက ပြောကြားသည်။


စစ်ကောင်စီ လက်ကိုင်တုတ် ဖြစ်သော ပျူစောထီးများ၊ ပြည်သူစစ်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာ ကျရှုံးမှု ပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ ရင်ခွင် အမြန်ဆုံး ခိုလှုံ ဝင်ရောက်ကြရန်လည်း BHAကတိုက်တွန်းထားသည်။


(BHA ရဲဘော်များနှင့် သိမ်းရသော ပစ္စည်းများ။ ဓာတ်ပုံ - BHA)

Tuesday 27 August 2024

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၇၉ မြို့


 တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၇၉ မြို့ 


-People's Spring 


မန္တလေးတိုင်း ၊ပြင်ဦးလွင်ခရိုင် ၊သပိတ်ကျင်းမြို့ကို PDF တွေ၊ ပကဖ တွေနဲ့ မဟာမိတ်တပ်တွေက သြဂုတ် ၂၅ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာကြောင့် အခုဆိုရင် တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၉ မြို့ရှိလာပါပြီ ။ ဒါအပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကလည်း သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးတဲ့ စစ်သား ၄၀၀ လောက်ရှိတဲ့ ကွင်း (၅၀၀) စစ်တပ်စခန်းကို သြဂုတ် ၂၅ ရက်မှာပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ဒါကြောင့် မန္တလေးတိုင်း ထဲမှာဆိုရင် 

တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ ၄ မြို့ရှိလာပြီဖြစ်ပါတယ် ။သပိတ်ကျင်းမြို့နယ် ၊ တကောင်းမြို့နယ်ခွဲ ၊စဥ့်ကူးမြို့နယ် နဲ့ မိုးကုတ်မြို့နယ် ဖြစ်ပါတယ် ။ ဒါအပြင် ရခိုင်

ပြည်နယ်က အာရက္ခတပ်တော် (AA)သိမ်းပိုက်

ထားတဲ့ သံတွဲ မြို့ကိုလည်း ယခုအင်ဖိုဂရပ်မှာ စတင်ထည့်သွင်းဖော်ပြထားပါတယ် ။AA က သံတွဲမြို့ ၊ ငပလီ (မဇင်လေဆိပ်) ၊ သံတွဲဟိုတယ် ဇုန်တို့ကို ဇူလိုင် ၁၆ ရက်ကတည်းကသိမ်းပိုက် ခဲ့တာပါ ။သံတွဲ မြို့နယ် တစ်ခုလုံးက စစ်တပ်စခန်းအများစုကို AA ကသိမ်းပိုက်ထားပေမယ့် မောင်ရွှေလေ ရေတပ်စခန်း ၊ကွင်းဝိုင်း စတဲ့နေရာတွေ ကစစ်ကောင်စီတပ်စခန်းတွေကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ် ။တချိန်တည်းမှာတော်လှန်ရေးတပ်တွေဟာ မောင်တောမြို့ ၊ကျိန္တလီ မြို့ ၊ သီပေါမြို့ ၊ ပင်လယ်ဘူးမြို့ ၊အင်းတော်မြို့ ၊ထီးချိုင့် မြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်လျက်ရှိပါတယ် ။ တော်လှန်ရေးတပ်တွေက

သိမ်း ပိုက်ထိန်းချုပ်ပြီးပေမယ့် မထုတ်ပြန်သေး

တာကြောင့် People's Spring အင်ဖိုဂရပ်မှာ 

မပါဝင်သေးတဲ့မြို့တွေကျန်ရှိနိုင်ပါသေးတယ် ။

Monday 26 August 2024

ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲများ နဲ့ PDF


 ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲများ နဲ့ PDF 


မြန်မာနိုင်ငံအထက်ပိုင်းက မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ သပိတ်ကျင်း မြို့တွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတိုက်ခိုက်လျက်ရှိပါတယ်။ အဆိုပါ တိုက်ပွဲတွေမှာ PDF တပ်ရင်းဆယ်ချီ ပါဝင်နေသလို PDF နဲ့ ပကဖ အင်အား ထောင်ချီ ပါဝင်လျက်ရှိပါတယ်။ အင်အားထောင်ချီ ပါဝင်တဲ့ စစ်ဆင်ရေးကြီးတွေကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ အဖွဲ့တွေက (၃) နှစ်ကျော်တာ ကာလအတွင်း ဆင်နွှဲနိုင်လာတာ ဖြစ်ပြီး စစ်ရေးစွမ်းရည် ထက်မြက်လာတာ၊ သမရိုးကျစစ် (Conventional war) တိုက်နိုင်လာတာ၊ ရန်သူ့လေကြောင်း နဲ့ အမြောက်ပစ်ကူကို ခံနိုင်ရည်ရှိလာတာ၊ ရှောင်တိမ်းနိုင်လာတာ ကို ပြသပါတယ်။ 


ရန်သူဟာ အစဉ်အလာအားဖြင့် တိုင်းရင်းသား ဒေသတွေ၊ တောင်တန်းဒေသတွေမှာ အခိုင်အမာ ခံစစ်လိုင်း တည်ဆောက်ကာ စစ်ဆင်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ရင်ဆိုင်ရတဲ့ ဦးတည်ရန်သူဟာ အများအားဖြင့် နယ်စပ် တောင်တန်းဒေသမှာ ရှိလို့ဖြစ်ပါတယ်။ လက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် တိုက်နေတဲ့ ထီးချိုင့်မြို့၊ ပင်လည်ဘူးမြို့၊ အင်းတော်မြို့၊ သပိတ်ကျင်း မြို့တွေဟာ တောင်တန်းဒေသမှာ၊ ဒါမှမဟုတ်တောင်တန်းဒေသတွေ အနီးမှာ တည်ရှိပါတယ်။ ဒီလို ရှေ့တန်းခံစစ်ကြောင်း မြို့တွေမှာ စစ်တပ်ရဲ့ ခံစစ်လိုင်းပြိုကျသွားပြီဆိုရင် နောက်တန်း မြေပြန့် နယ်မြေက မြို့လေးတွေ၊ စခန်းလေးတွေကို အလွယ်တကူ သိမ်းယူနိုင်လာမှာဖြစ်ပါတယ်။ အခုကို မြင်းခြံခရိုင်ထဲက မြို့တွေ၊ ရွှေဘိုခရိုင်ထဲက ဒီပဲယင်းမြို့တို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်က မြို့သိမ်းတိုက်ပွဲ အဖြစ်တိုက်ခိုက်ခဲ့ပြီးဖြစ်သလို မကွေး၊ မန္တလေးထဲက ရန်သူ့စခန်းငယ်တွေဟာလဲ ရုပ်သိမ်းဆုတ်ခွာရလျက်ရှိပါတယ်။


ထီးချိုင့်၊ ပင်လည်ဘူး နဲ့ သပိတ်ကျင်းမြို့တွေကို သိမ်းယူပြီးရင် ကချင် ဒေသ နဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းကြား ချိတ်ဆက်မှု အားကောင်းလာမှာဖြစ်ပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံ၊ ထောင်ချီပါဝင်တဲ့ တပ်ရင်းတွေကို ချိတ်ဆက် ကွပ်ကဲနိုင်မှု အတွေ့အကြုံတွေကိုလဲ PDF တွေ ပိုင်ဆိုင်လာမှာဖြစ်ပါတယ်။ PDF တွေ စတင်စုဖွဲ့ခါစ ကာလမှာ ပြောက်ကျားစစ်၊ ချုံခိုတိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုတွေကိုသာ အဓိက လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အခိုင်အမာ ခံစစ်ဆင်နေတဲ့ ရန်သူ့ မြို့တွေကိုပင် တိုက်ခိုင်နိုင်နေပြီဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်တဲ့ မြို့တွေကို ကြည့်ရင်လဲ ပင်လည်ဘူး၊ အင်းတော် မြို့တွေလို မြောက်ဘက်ခြမ်းက မြို့တွေ၊ ဧရာဝတီမြစ်ဘေးက ထီးချိုင့်လို၊ သပိတ်ကျင်းလိုမြို့တွေ၊ ဒီပဲယင်း၊ တောင်သာ၊ နွားထိုးကြီးလို မြန်မာနိုင်ငံ အလယ်ပိုင်းက မြို့တွေ ပါဝင်နေပါတယ်။


 ဒါတွေကို ကြည့်ရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်ဟာ ကျယ်ပြန့်တဲ့ စစ်နယ်ဝှမ်း တလျောက်မှာ ချိတ်ဆက်တိုက်ခိုက်နိုင်တဲ့ စစ်ရေးစွမ်းရည်ပါ ပိုင်ဆိုင်နိုင်လာပြီ ကို ပြသပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်စိုးဦးစီးသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိ၊ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းတွင် စစ်တပ်စခန်း မရှိတော့



 သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်စိုးဦးစီးသော အင်အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိ၊ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းတွင် စစ်တပ်စခန်း မရှိတော့


ရန်ကုန်၊ ဩဂုတ် ၂၆ 


မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ဗိုလ်မှူးချုပ် စိုးကျော်စိုးဦးစီးသော အင် အား ၄၀၀ ခန့်ရှိ စစ်တပ်၏ ကွင်း ၅၀၀ တပ်စခန်းကို သိမ်းပိုက်ရရှိမှု လက်နက် ခဲယမ်းနှင့် စစ်သုံ့ပန်းများပါ ဖမ်းဆီးရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)က သတင်းထုတ်ပြန်သည်။ 


သပိတ်ကျင်းမြိုနယ် ၊ ကွင်း ၅၀၀ တွင် အခြေပြုလှုပ်ရှားလျက်ရှိသော စစ်ကောင် စီတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိရခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းရှိ ဗိုလ်မှူးချုပ် စိုးကျော်ထိုက် ဦးစီးသော စစ်ကောင်စီ အင်အား ၄၀၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ဩဂုတ်လ ၅ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း ၂၀ ခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကွင်း ၅၀၀ တပ်စခန်းမှ စစ်တပ်၏ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်း ဆီးရမိခဲ့ကြောင်း သိရှိရသည်။ 


ကွင်း ၅၀၀ တပ်စခန်းတိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်ဖွဲများဘက်မှ ရဲဘော်များ ကျဆုံးမှုရှိကြောင်း၊ ယခုအခါ မိုးကုတ်နှင့် စဉ့်ကူးလမ်းပိုင်းကြားရှိ စစ်ကောင်စီ၏ ဗျူဟာမြောက်တပ်စခန်းများ အပါအဝင် စခန်းငယ်များအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ထားသည်။

သပိတ်ကျင်းမြို့ကို အပြီးသတ်သိမ်းပိုက်၊ဒု-ဗို လ်မှူးကြီးတစ်ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုး စုံ(၇၀)နီးပါ သိမ်းဆည်းရခဲ့




 သပိတ်ကျင်းမြို့ကို အပြီးသတ်သိမ်းပိုက်၊ဒု-ဗို

လ်မှူးကြီးတစ်ဦး အရှင်ဖမ်းမိပြီး လက်နက်မျိုး

စုံ(၇၀)နီးပါ သိမ်းဆည်းရခဲ့


မျက်မှောက်ခေတ်၊ဩဂုတ်(၂၆)


မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂု

တ်လ(၂၅)ရက် မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့

ပြီး စစ်ကောင်စီလက်အောက်ခံ ဒု-ဗိုလ်မှူးကြီး

ကို အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အမျိုးသားညီ

ညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန၊အ

မှတ်(၁)စစ်ဒေသ က သတင်းထုတ်ပြန်ပါတယ်

သပိတ်ကျင်းမြို့ကို ဩဂုတ်လ (၁၇) ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ (၁

၉)ရက်နေ့မှာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်

ကောင်စီတပ်က မြို့ဦးတောင်စေတီကို ဆုတ်

ခွာသွားတာကြောင့် ဆက်လက်တိုက်ခိုက်ခဲ့ကြ

တာဖြစ်တယ်လို့ သိရပါတယ်။

အင်အား(၁၃၀)၀န်းကျင်ရှိတဲ့ စစ်ကောင်စီလ

က်အောက်ခံ စစ်သား၊ရဲနဲ့ ပျူစောထီးတွေကို

ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံး ကွပ်ကဲမှုနဲ့ ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း

-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့နဲ့  သပိတ်ကျင်းမြို့နယ် ပကဖ 

တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်တ

ယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သပိတ်ကျင်းမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်

စီလက်အောက်ခံ ဒု-ဗိုလ်မှူးကြီး စိုးမင်းသူ ကိုဖ

မ်းဆီးနိုင်ခဲ့သလို လက်နက်မျိုးစုံ (၆၈) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ RPG ဒုံးသီး (၃၆) လုံး၊ Jammer (၃) လုံး၊ ဆက်သွယ်ရေးစက် (၁) ခုနဲ့ လူသုံးကုန် စက်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်

လို့လည်း သိရပါတယ်။


တိုက်ပွဲအတွင်းမှာ ပြည်သူ့ကာကွယ်ရေးပူး

ပေါင်တပ်ဖွဲ့က ရဲဘော် (၄) ဦး ကျဆုံးခဲ့ရတယ်

လို့လည်း သိရပါတယ်။

Sunday 25 August 2024

အင်းတော်ရဲစခန်းကို PDFနှင့် ပူးပေါင်းတပ်များသိမ်းပိုက်၊ အချုပ်သားအချို့ကယ်ထုတ်


 ▪︎Breaking News 


အင်းတော်ရဲစခန်းကို PDFနှင့် ပူးပေါင်းတပ်များသိမ်းပိုက်၊ အချုပ်သားအချို့ကယ်ထုတ်


မိထက်/People's Spring 


အင်းတော်မြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်များက

 သိမ်းပိုက်လိုက်ပြီး အချုပ်သားအချို့ကယ်ထုတ်နိုင်ကာ ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့က အချုပ်သားအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။


အင်းတော်မြို့ရဲစခန်းကို ယမန်နေ့(ဩဂုတ်လ ၂၄ရက်) မွန်းလွဲပိုင်း၌ သိမ်းယူနိုင်ခဲ့ခြင်းဟု People's Spring က စုံစမ်းသိရှိရသည်။


"အချုပ်သား ၁၆ ယောက်ရှိတာ တချို့ကို ကယ်ထုတ်နိုင်တယ်။ တချို့က စစ်တပ်က ဖမ်းခေါ်သွားတယ်" ဟု မြေပြင်စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။


တိုက်ပွဲအခြေအနေနှင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို စစ်‌ဒေသ(၁)မှ မကြာမီတရားဝင်သတင်းထုတ်ပြန်မည်ဟု သိရသည်။


အင်းတော်မြို့တွင် ဂျပန်ဆေးရုံ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီဗျူဟာကုန်းနှစ်နေရာကျန်ရှိနေသေးသည်။ ယင်းနှစ်နေရာစလုံး၌ စစ်ကောင်စီတပ် တပ်မ(၇၇)လက်အောက်ခံစစ်ကောင်စီတပ်ရင်းများ တပ်စွဲထားကြောင်း သိရသည်။


လက်ရှိတိုက်ခိုက်နေဆဲ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ရေးအရာအချက်အချာကျသော နဘားလမ်းဆုံကိုလည်း KIA ၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များကဩဂုတ်လ ၂၂ရက်တွင် သိမ်းယူခဲ့သည်။


စစ်ကိုင်းနှင့် ကချင်အစပ်ရှိ အင်းတော်အပါအဝင် ပင်လယ်ဘူး ၊ထီးချိုင့် စသော မြို့သိမ်းတိုက်ပွဲများကို NUG ၊အမှတ် (၁)စစ်ဒေသ ကွတ်ကဲမှုဖြင့် PDF ၊ပကဖ ၊ KIA နှင့် ပူးပေါင်းတပ်များကထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။တော်လှန်

ရေးတပ်ဖွဲ့များသည် အင်းတော်မြို့သိမ်းတိုက်ပွဲအတွက် ပြီးခဲ့သည့် ဇွန်လကတည်းက ကြိုတင်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ 


တပ်မ-၇၇ လက်အောက်ခံ ခလရ(၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်ဆွဲထားပြီး အင်တော်မြို့အား ကာထားသည့်နံ့သာရွာစခန်းကို ဇွန်လ ၂၈ရက်တွင် PDF ၊ကသာခရိုင် တပ်ရင်း-၂၊KIA နှင့် အင်းတော်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဩဂုတ်လ တတိယလပတ်ထဲတွင် အင်းတော်၊ထီးချိုင့်၊ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲများ တပြိုင်နက်စတင်ခဲ့ပြီး လက်ရှိအချိန်အထိတိုက်ပွဲများပြင်းထန်နေသည်။


စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင် အမှတ်(၁)

စစ်ဒေသ ဦးဆောင်မှုဖြင့် ဆင်နွှဲနေသော မြို့သိမ်းတိုက်ပွဲများမှာ စစ်ရေးအရ အလွန်အရေးပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက လူထုနွေဦးသို့ ပြောကြားထားသည်။


"စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေက မဟာဗျူဟာအရရော၊ ပထဝီအ‌နေ အထားအရရော၊ စစ်ရေးအရရော အင်မတန်အရေးပါတယ်လို့ ပြောလို့ရပါတယ်”ဟု ဦးမောင်မောင်ဆွေက ပြောသည်။


(အင်းတော်မြို့ရဲစခန်းသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ၁ လကြာ ပိတ်ဆို့ထားပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ




 ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ၁ လကြာ ပိတ်ဆို့ထားပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး စခန်းကို မီးရှို့ရှင်းလင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၂၄ 


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ၁ လကြာ ပိတ်ဆို့ထားပြီးနောက် ယနေ့ နံနက် အစောပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းလိုက်ပြီး စခန်းကို မီး ရှို့ ရှင်းလင်းခဲ့ကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ဇူလိုင် ၂၅ ရက်နေ့မှစတင်၍ ရေစကြိုမြို့နယ် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ များက ပိတ်ဆို့ထားခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက် ၂ နာရီခန့်အချိန်တွင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ၂ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ရဲစခန်းကို အပြီးသတ်သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။


“တစ်လ အကြာပိတ်ဆို့ထားပြီးမှ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်တိုက်ခဲ့တာ၊ စခန်း ထဲရောက်ဖို့ အပြန် အလှန်ပစ်ခတ်တိုက်ပွဲ ၂ နာရီလာက်ကြာကြာဖြစ်သေးတယ်၊ အဲလိုဖြစ်ပြီးမှ စခန်းတစ်ခုလုံးထွက် ပြေးသွားတာ။ မော်တော် ဘုတ် နဲ့ ရေကြောင်းအတိုင်း ဆင်ဖြူရှင်တံတားဘက်ကို ပြေးသွားတာပါ” ဟု ရေစကြိုပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ထိုသို့ သိမ်းပိုက်ရရှိသည့် စခန်းအတွင်းမှ Jammer စက်အကြီး ၁ လုံး၊ M79 တစ်လက်၊ ၆၀ မမ ဗုံးသီး ၆ လုံး၊ အီနာဂါ ဗုံးသီး ၄ လုံး၊ G3 ကျည် အတောင့် ၂၈၀ ၊ ၉ မမ ကျည် အတောင့် ၅၀ ၊ ရှေ့ထွက်မိုင်း ၄ လုံး၊ မီးစက်တစ်လုံး၊ ဘတ္ထရီအိုး ၂ လုံးနှင့် အခြားအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း၊ ထိုသို့ သိမ်းဆည်းပြီးနောက် စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ နှင့် အတူ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော Salingyi Special Task Force – SSTF ၊ မြိုုင်ပကဖ ၊ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းနှင့် ပခုက္ကူခရိုင်တပ်ရင်း ၉ တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့အောင်မြင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDF/ပကဖ ရဲဘော်များ အင်အားထောင်ချီ ပါဝင်ဆင်နွှဲလျက်ရှိ


 မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDF/ပကဖ ရဲဘော်များ အင်အားထောင်ချီ ပါဝင်ဆင်နွှဲလျက်ရှိ

………………………………………….

၂၀၂၄ ခုနစ်၊ ဩဂုတ်လအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး အဆိုပါ အောင်ပွဲတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက PDF/ပကဖ ရဲဘော်များရဲ့ အောင်ပွဲတွေပဲ ဖြစ်ပါတယ်။


လတ်တလောဆိုရင်

- မန္တလေးတိုင်းထဲကပြင်ဦးလွင်ခရိုင်၊ တကောင်း၊သပိတ်ကျင်း

- မကွေးတိုင်းထဲမှာ ဂန့်ဂေါ

- စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင် ဒီပဲယင်း၊ 

- ချင်းတွင်းမြစ်ဝှမ်းက ဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊ကောလင်းခရိုင် ပင်လည်ဘူး၊ ကသာခရိုင် အင်းတော်၊နဘား၊ကသာ၊ထီးချိုင့် စတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာ တွေ့ရပါတယ်။


အဆိုပါ တိုက်ပွဲတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်(၁)စစ်ဒေသရဲ့ အစီအစဉ်နဲ့ ဆင်နွှဲနေတာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အင်အား ထောင်နဲ့ချီ ပါဝင် တိုက်ပွဲဝင်နေကြပါတယ်။ 

လိုအပ်တဲ့ နယ်မြေနဲ့ လမ်းပိုင်းတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း ဝိုင်းဝန်းကူညီပေးလျက်ရှိကြောင်း သိရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

မောင်တောမြို့ရတော့မည်ဟု AA ထုတ်ပြန်



 မောင်တောမြို့ရတော့မည်ဟု AA ထုတ်ပြန်


၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်


ရခိုင်နှင့်ဘင်္ဂလားဒေရှ်နယ်စပ်ရှိမောင်တောမြို့သည့် အရက္ခတပ်တော် AA ၏ထိန်းချုပ်မူ့အောက်သို့ရောက်ရှိ တော့မည်ဖြစ်ကြောင်း အရက္ခတပ်တော် AA က သြဂုတ်လ ၂၄ ရက်နေ့တွင်သတင်းထုတ်ပြန်လိုက်သည်။


“မောင်တောမြို့သိမ်းတိုက်ပွဲသည် နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည့်အလျောက် မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထားသော ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့ လက်နက် တပ်ဆင်ပေးထားသည့် မူဆလင်လက်နက်ကိုင်အဖွဲ့များအပြင် ARSA၊ RSO၊ ARA တပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့တစ်မြို့ဖြစ်လာတော့မည်ဖြစ်သည်” ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့တွင် မောင်တောမြို့သိမ်းတိုက်ပွဲအား စတင်ခဲ့သော်လည်း မောင်တောမြို့ပတ်ဝန်းကျင်ရှိ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိရန်အတွက် ကြိုးပမ်းနေခဲ့သည်မှာ သုံးလခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း နှစ်ဆယ်ကြာ အတောအတွင်း မောင်တောမြို့အတွင်းမှ ဖက်ဆစ် စစ်ကောင်စီ နှင့် အပေါင်းအပါများ၏ ခံစစ်နေရာများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်သကဲ့သို့ အနည်းငယ်မျှသာကျန်ရှိသည့် ခံစစ်နေရာများအားလုံးကို တစ်ခုမကျန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။


မောင်တောမြို့ကိုလက်လွှတ်ရန် သေချာနေပြီဖြစ်သော ဖက်ဆစ် စစ်ကောင်စီသည် ၎င်းတို့၏ ယုတ်မာသောအကျင့်အတိုင်း မောင်တောမြို့အတွင်းရှိ လူနေအိမ်၊ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး တိုက်ပွဲများအတွင်းမှ ရသည့်နည်းလမ်းဖြင့် ထွက်ပြေး တိမ်းရှောင်လျက်ရှိနေပြီဖြစ်သည်။ မိမိတို့မှလည်း ထွက်ပြေးနေသူများအပါအဝင် ခုခံစစ်များကိုဆင်နွှဲနေသောသူများအား လိုက်လံချေမှုန်းလျက်ရှိသည်။ 


မောင်တောမြို့နှင့် အနီးဝန်းကျင်နေရာများသို့ ထွက်ပြေးလွတ်မြောက်နေသည့် ဖက်ဆစ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရန်သူ့ အကြမ်းဖက်သင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ ARA၊ ARSA၊ RSO အစွန်းရောက်လက်နက်ကိုင်မူဆလင်များနှင့် ၎င်းတို့လက်ပါးစေများကို ယခုရက်သတ္တပတ်များအတွင်း နေ့တိုင်းဖမ်းဆီးရမိသကဲ့သို့ ၎င်းတို့အလောင်းများနှင့်အတူ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများကို ဆက်တိုက်သိမ်းဆည်းရမိခဲ့သည်။  


တစ်ပြိုင်နက်တည်းတွင် သံတွဲမြို့နှင့်ကပ်လျက်ရှိသော ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း အစရှိသော နေရာများတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ ဤတိုက်ပွဲနေရာများ၌ ရန်သူ့ဘက်မှ ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိသောကြောင့် ဤနေရာများ၌ ဖြစ်ပွားနေသော တိုက်ပွဲများသည်လည်း တစ်ရက်ပြီးတစ်ရက် ပိုမိုပြင်းထန်လျက်ရှိသည်။ 


အာရက္ခတပ်တော်သည် အာရက္ခဒေသတွင်းရှိ လက်ကျန်မြို့များထဲမှ မောင်တောမြို့ နှင့် ကျိန္တလီမြို့များရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများအား တစ်ခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက်ရယူနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တစ်နည်းအားဖြင့် မောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲအား ဆင်နွှဲနေခြင်းဖြစ်သည်။


အာရက္ခတပ်တော်အနေဖြင့် ယခင်စစ်ရေးရည်မှန်းချက်အတိုင်း အာရက္ခဒေသအတွင်း လက်ကျန်မြို့များကို မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချအညံ့မခံဘဲ မိမိတို့အား ခုခံနေသည့် ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမည်ဖြစ်သည်။ နောက်ဆုံးရတိုက်ပွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်။

လက်ပံတန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ



 လက်ပံတန်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၂၄


ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးပြီး ၁၀ ဦး အရှင်မိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရာ ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။


ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးတွင် အင်အား ၁၀၀ ကျော်ပါဝင်သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၂၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ G-3 (၁၉) လက်၊ G-4 (၁) လက်၊ 40 mm (၂) လက်၊ MA-1 (၃) လက်၊ MA-3 (၂) လက်၊ MA-12 (၁) လက်၊ MA-2 (MK-11) (၁) လက်၊ ပစ္စတို MA-5 (၁) လက်၊ G-3 ကျည် (၁၉၆၃) တောင့်၊ MA ကျည် (၁၇၈) တောင့်၊ 9mm ကျည် (၂၀၀) တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အထိနာ၍ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေး နှင့် ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များ ချမှတ်ထားပြီးဖြစ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၂/၃/၅/၆) နှင့် တပ်ရင်း (၃၈၀၃) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Saturday 24 August 2024

ထီးချိုင့်၊ မြတောင်ရွာရှိ စစ်တပ် စခန်းကို KIA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ စစ်ရှုံး၍ ထွက်ပြေးသွားသော ဗျူဟာမှူးကို KIA က လိုက်လံရှာဖွေနေ


 ထီးချိုင့်၊ မြတောင်ရွာရှိ စစ်တပ် စခန်းကို KIA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ၊ စစ်ရှုံး၍ ထွက်ပြေးသွားသော ဗျူဟာမှူးကို KIA က လိုက်လံရှာဖွေနေ


ရန်ကုန်၊ ဩဂုတ် ၂၃


စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ မြတောင်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA ၊ KPDF နှင့် ABSDF တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိကာ စစ်ကောင်စီ တပ်သားများ ထိတိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။


ယင်း စခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ရှုံး၍ ထွက်ပြေးသွားသော ဗျူဟာမှူးနှင့် စစ်ကောင်စီ တပ်သား တချို့ကို KIA က လိုက်လံရှာဖွေနေကြောင်း သိရှိရသည်။


"ဒီနေ့ ၄ နာရီမှာ မြတောင်မှာရှိတဲ့ စစ်ခွေး စခန်း အားလုံးကို အပြီးသတ် သိမ်းပိုက်ရရှိပါပြီ မြတောင်မှာ စစ်ခွေးကင်းစင်ပြီ စစ်ခွေးသေဆုံးမှုနဲ့ လက်နက် သိမ်းဆည်းရရှိမှု အသေးစိတ်တော့ သတင်းမရသေးဘူး။ ဗျူဟာမှူးနဲ့ အဖွဲ့က ထွက်ပြေးသွားတယ်" ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။


အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို KIA က ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထိုး စစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Friday 23 August 2024

ကြာအင်းဆိပ်ကြီး၊ ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်



 ကြာအင်းဆိပ်ကြီး၊ ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင်ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်


ရန်ကုန်၊ ဩဂုတ် ၂၃ 


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အခြေစိုက် ခလရ ၃၂ မှ တပ်သား ဇင်မင်းအောင်သည် လက်နက်ခဲယမ်းများနှင့်တကွ KNU ထံတွင် ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်လည် တော်လှန်မည်ဖြစ်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ 


 သြဂုတ်လ ၁၉ ရက်နေ့ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ် ခလရ-၃၂ တပ်ရင်းမှ အသက် ၂၁ နှစ် အရွယ်ရှိ တပ်သား ဇင်မင်းအောင်သည် MA-1 ၁ လက်၊ ကျည်ဘောက် ၈ ဘောက်၊ ကျည် တောင့် ၂၀၆ တောင့်၊ အီနာဂါ ဗုံး ၁ လုံး ၊ အီကွေးမင့် ၁ စုံ တို့နှင့်အတူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ ၆ ၊ တပ် ရင်း ၁၇ ထံသို့ လက်နက်ချ ပူးပေါင်းလာကြောင်း သိရှိရသည်။ 


KNU ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းခဲ့ပြီး တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ တပ်ကို ပြန်လည်တော်လှန်မည့် အဆိုပါ တပ်သား ဇင်မင်းအောင်အား ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA တပ်မဟာ ၆ က သတ်မှတ်ထားသည့် ထောက်ပံ့မှု ပမာဏအတိုင်း ထောက်ပံ့ကူညီပေးခဲ့ပြီး ၎င်း၏ ဘဝရှေ့ရေးအတွက် ကူညီဆောင်ရွက်စီစဥ် ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

Thursday 22 August 2024

မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး ၅ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ




 မြိုင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးပြီး ၅ ဦး လက်နက်ချ အညံ့ခံ၊ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ


ရန်ကုန်၊ ဩဂုတ် ၂၂


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၂ ဦးသေဆုံးပြီး ၅ ဦး လက်နက်ချ အညံ့ခံကာ လက်နက် ၁၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင် ပကဖ နှင့် အညာမြေ တပ်ပေါင်းစု မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ အတည်ပြု ပြောဆိုသည်။


ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကိုင်းတောမ ရွာသစ်ကျေးရွာတွင် အခြေချပြီး အနီးအနား ပတ်ဝန်းကျင် ကျေးရွာများကို ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြိုင်မြို့နယ် အတွင်း တော်လှန်ရေး အင်အားစုများနှင့် ဒေသတွင်း တော်လှန်ရေး အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ယင်း ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား အလောင်း ၁၂ လောင်း သိမ်းဆည်းရရှိပြီး လက်နက်ချ အညံ့ခံသူ ၅ ဦးရှိကြောင်းသိရသည်။


အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA1 - ၆ လက် ၊ MA2 - ၃ လက် ၊ MA3 - ၄ လက် ၊ MA4 - ၁ လက် ၊ MA11 - ၁ လက် ၊ G3 - ၂ လက် ၊ 79MM - ၁ လက် ၊ BA100( ၆၀ မမ) - ၁ လက် ၊ G3 ကျည် ၁၉၂ တောင့် ၊ MA ကျည် ၈၆၇ တောင့် ၊ ၉ မမ ကျည် ၁၉၆ တောင့် ၊ ၆၀ မမ အဖူး ၁ ဖူး ၊ ၈၁ မမအဖူး ၅ ဖူး ၊ ၄၀မမအဖူး ၁၂ ဖူး ၊ အီနာဂါ ၃ ဖူး ၊ RPGအဖူး ၃ ဖူး ၊ လက်ပစ်သီး ၃ လုံးနှင့် အခြားပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်၂ ၊ ၆ ၊ ၇ တပ်ရင်းများ ၊Earthquake PDF ၊ ပကဖတပ်ပေါင်းစု အမှတ် ၁ တပ်ရင်း၊ ပခုက္ကူစုဖွဲမှု့ ၊PPDF ၊ Young Force ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ေရေးတပ်ဖွဲ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(မြိုင်) ၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်း လက်နက်ကြီးငယ်အဖွဲများ ၊ ဒရုန်းတပ်ဖွဲများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြိုင်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်၊ စကစ(၉)ယောက်သေပြီး အရှင်(၅)ဦးဖမ်းဆီးရမိ


 မြိုင်နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်၊

စကစ(၉)ယောက်သေပြီး အရှင်(၅)ဦးဖမ်းဆီးရမိ


မျက်မှောက်ခေတ်၊ဩဂုတ်(၂၂)


မကွေးတိုင်း မြိုင်မြို့နယ်ရွာသစ်ကျေးရွာဘုန်း

တော်ကြီးကျောင်းမှာ ယာယီတပ်စွဲထားတဲ့ စစ်

ကောင်စီတပ်ကိုဒေသခံတော်လှန်ရေးပူးပေါင်း

တပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့၀င်(၉)

ဦးသေဆုံးပြီး သေနတ်(၁၉)လက်နဲ့ခဲယမ်းတွေ

သိမ်းဆည်းနိုင်ခဲ့တယ်လို့အညာမြေတပ်ပေါင်း

စုက သတင်းထုတ်ပြန်ပါတယ်။


မြိုင်မြို့နယ်တောင်ပိုင်း တွင်းမ ပျူစောထီးစ

ခန်းကနေ မြိုင် ကပစ ဘက် စစ်ကြောင်းထိုး

လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၇၀)၀န်းကျင်ကို

ဩဂုတ်လ (၁၉)ရက်နေ့က စတင်တိုက်ခိုက်ခဲ့

တာဖြစ်ပြီး (၂၁)ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့

၀င်အလောင်းတွေနဲ့လက်နက်ခဲယမ်းတွေသိမ်း

ဆည်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၀င် အ

သေ(၉)ယောက်၊အရှင်(၅)ယောက် ဖမ်းဆီးနိုင်

ခဲ့ပြီး G3( ၂ )လက်၊MA 1( ၆ )လက်၊MA2 (၃)

လက်၊ MA3 (၄)က်၊MA4 (၁)လက်၊MA11 (၁) လက်၊ 79 မမ (၁)လက်နဲ့ 89 မမ(၁)လက် သိ

မ်းဆည်းနိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်

မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပိုက်ဆံ (၁၃၀၀၀၀)ကျပ်၊ဖုန်း(၂)လုံး

နဲ့ ခဲယမ်း၊ကျည် စတဲ့ စစ်သုံးဆက်စပ်ပစ္စည်း

တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


မြိုင်နယ်၊ရွာသစ်ကျေးရွာဘုန်းတော်ကြီးကျော

င်းမှာ တပ်စွဲနေထိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ကို အ

ညာမြေတပ်ပေါင်းစုနှင့်အတူ ပခုက္ကူ တပ်ရင်း (၂၊၆၊၇၊)၊Earthquake ၊ ပကဖ တပ်ရင်း ၁၊ဝံပု

လွေပျောက်ကြားတပ်ဖွဲ့၊ဒို့ညီနောင်ပျောက်ကြားတပ်ဖွဲ့၊black Godနဲ့ justice revolution 

force တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်

တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Wednesday 21 August 2024

တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်



 တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်


ရန်ကုန်၊ ဩဂုတ် ၂၁ 


မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ်၊ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်စီးနင်းပြီး PDF အလံလွှင့်တင်ခဲ့ကြောင်း တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မန္တလေးတိုင်း၊ ကျောက်ဆည် ခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများက မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို စီးနင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တံတားဦးမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာ၊ မြိုင်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများ အကြားရှိ မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းကို တံတားဦးမြို့နယ်ပကဖနှင့် ပူးပေါင်းတော်လှန်ရေးအင်အားစုများ က ချဉ်းကပ်နေရာယူပြီး စခန်းတွင်းအခြေအနေကို စောင့်ကြည့်ခဲ့ကြောင်း၊ အချိန် ၁နာရီကျော်ကြာအောင် စောင့်ကြည့်ခဲ့ပြီး ထူးခြားမှုမရှိသဖြင့် မွန်းလွဲ ၂ နာရီအချိန်တွင် တော်လှန်ရေးရဲဘော်များက စစ်ကြောင်းများခွဲကာ တပ်စခန်းကို စီးနင်း ဝင်ရောက်ခဲ့ကြကြောင်း သိရှိရသည်။  


မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ် စခန်းအတွင်းတွင် အစောင့်တပ်သား ၄ ဦးနှင့် ၅ ဦးမျှသာ ချန်ထားရစ်ပြီး စခန်းကို စွန့်ခွာထားသည့် အခြေအနေ ဖြစ်ကြောင်း၊ အစောင့်တပ်သားအနည်းငယ်မှာလည်း တော်လှန်ရေး အင်အားစုများ ချဉ်း ကပ်မလာမီကပင် ၎င်းတို့၏တပ်စခန်းကို စွန့်ခွာကာ ထွက်ပြေးသွားကြသဖြင့် ကျည်အသုံးပြုမှုမရှိဘဲ စစ်ကောင်စီတပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။ 


မြိုင်သာ လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းတွင်းသို့ စီးနင်းဝင်ရောက်ပြီးချိန်တွင် တပ်အတွင်းမှ ဆန်နှင့် စားနပ်ရိက္ခာ အချို့၊ စစ်အသုံးအဆောင် အဝတ်အစားအဟောင်း အချို့ကိုသာ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စခန်းတစ်ခုလုံးကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး စခန်းရှေ့ရှိအလံတိုင်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်တင်ကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ 


"ခွေးတွေက ပြေးသွားတယ်။ ရိက္ခာတွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျည်လေး ၂၀၀ လောက်တော့ သိမ်းဆည်းရရှိပါတယ်" ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


အဆိုပါ စစ်ဆင်ရေးကို တံတားဦးမြို့နယ် ပကဖနှင့်အတူ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ ဒရုန်း တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ တို့ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ပခုက္ကူ၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိ



 ပခုက္ကူ၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိ


ရန်ကုန်၊ ဩဂုတ် ၂၁ 


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၂ ဦး အလံဖြူထောင်ကာ ၁ ဦး အရှင်ဖမ်းဆီးရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 


ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန် မြိုင်ပကဖနှင့်အတူ ပေါက်ပကဖ ( တပ်ပေါင်းစု) ၊ FRFတပ်ဖွဲတိုနှင့်ပူးပေါင်း၍ သာကြီးတောင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီအချိန် ရဲစခန်းကို စီးနင်းနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦး သေဆုံးခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂ ဦး အလံဖြူထောင်အညံ့ခံကာ ၁ ဦး လက်နက်ဖြင့်အရှင်ဖမ်းဆီးရရှိကြောင်း၊ ထို့ပြင် G3 ၂ လက်၊ BA94 ၄ လက် ၊ MA 13 ၁ လက် ၊ ဒရုန်းပစ်သေနတ် ၁ လက် ၊ ကျည်မျိုးစုံ ၁၀၀၀ ကျော် ၊ မိုင်းအမျိုးမျိုး ၊ ငွေသား သိန်း ၆၀ ကျော်တိုကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဆက်လက်၍ အထိနာနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းသော်လည်း စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ 


အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို မြိုင်ပကဖ၊ ပေါက်ပကဖ( တပ်ပေါင်းစု) ၊ FRF တပ်ဖွဲ ၊ BGF တပ်ဖွဲ ၊ ပကဖတပ်ပေါင်းစု အမှတ် ၁ တပ်ရင်း ၊ ကမ္မတပ်ပေါင်းစုတို့က အတူတကွ ညီညီညွှတ်ညွှတ်တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

Tuesday 20 August 2024

တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


 တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ ဩဂုတ် ၂၀


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်လာကြောင်း Freedom Revolution Force ( FRF) အဖွဲ့မှ တာဝန်ရှိတဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။


ဩဂုတ်လ ၂၀ ရက်နေ့တွင် တန့်ဆည်မြို့မ ရဲစခန်းမှ ရဲဒုတပ်ကြပ် ၁ ဦးသည် လက်နက်များ ယူဆောင်လာပြီး Freedom Revolution Force (FRF) နှင့် မင်းကင်းရင်း ၂ ပူပေါင်း အဖွဲ့ထံ အလင်း ဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါ ရဲဒုတပ်ကြပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လုံခြုံသည့် နေရာထိ သွားရောက် ခေါ်ဆောင်ပေးခဲ့ကြောင်း Freedom Revolution Force ( FRF) အဖွဲ့မှ တာဝန်ရှိတဲ့သူတစ်ဦးက ရှင်းပြသည်။


အလင်းဝင်လာသော ရဲဒုတပ်ကြပ်သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ၇.၆၂ ကျည် ၁၇၃ တောင့်၊ ၅.၅၆ကျည် ၁ တောင့်၊9 mm ပစ်စတိုကျည် ၇တောင့်၊ ၉ လုံး ရှော့ဂန်းကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁လုံး နှင့် လက်ထိပ် ၁ ခု တို့ဖြင့် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Monday 19 August 2024

ငါန်းဇွန်နယ်က ရဲစခန်းတစ်ခုကို သိမ်းပိုက်၊ တပ်ကြပ်ကြီးအပါ (၇)ဦး ဖမ်းဆီးရမိ


 ငါန်းဇွန်နယ်က ရဲစခန်းတစ်ခုကို သိမ်းပိုက်၊

တပ်ကြပ်ကြီးအပါ (၇)ဦး ဖမ်းဆီးရမိ


မျက်မှောက်ခေတ်၊ဩဂုတ်(၁၉)


မန္တလေးတိုင်း ငါးဇွန်မြို့နယ် ငါန်းမြာကြီးစစ်ကောင်စီလက်အောက်ခံ ရဲခန်းကို ဒေသခံ

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဩဂုတ်လ(၁

၉)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်

လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံ

ခြုံရေးအဖွဲ့ - CDSOM သတင်းထုတ်ပြန်ပါတ

ယ်။


ငါန်းမြားကြီး ရဲစခန်းကို ဒီကနေ့ မနက်(၄)နာ

ရီကနေ (၇) နာရီ၀န်းကျင်အထိ ၀င်ရောက်တို

က်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တပ်ကြပ်ကြီး

အပါအ၀င် ရဲတပ်ဖွဲ့၀င်(၅)ဦးနဲ့ အမျိုးသမီး(၂

)ဦး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံရဲစခန်း

ကနေ G-3 သေနတ် ၅ လက်၊ရိုင်ဖယ် ၁လက်၊ အူစီ ၂ လက် ၊ပစ်စတို ၁ လက်၊ဖရင်းဂန်းစက်

လက် ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့

တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။


ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာကိုအပ်နှံနိုင်ဖို့ ချိတ်ဆက်ထားပြီး လိုအပ်တဲ့ ရာထိုင်ခင်း၊ အစားအသောက် နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း စီစဉ်ပေးထားတ

ယ်လို့ သိရပါတယ်။


ငါန်းမြားကြီး ရဲစခန်းကိုမြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ - CDSOM၊ မန္တ

လေးခရိုင် တပ်ရင်း (၅)၊မြင်းခြံဟီးရိုး၊ငန်းနက်

(ငါန်းဇွန် ပကဖ)အဖွဲ့၊Black Tiger နဲ့ နောင်ရိုး

အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

တောင်သာမြို့နယ် နတ်စောင့်ရွာရှိ စစ်ကောင်စီဂိတ်အား PDF မီးရှို့ဖျက်ဆီး



 တောင်သာမြို့နယ် နတ်စောင့်ရွာရှိ စစ်ကောင်စီဂိတ်အား PDF မီးရှို့ဖျက်ဆီး


ဇေအောင်/People's Spring


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာရှိ စစ်ကောင်စီ၏ ဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ယနေ့(သြဂုတ် ၁၉ရက်) နံနက် ၈ နာရီကျော်က တောင်သာမြို့နယ်၊ နတ်စောင့်ကျေးရွာတွင် စစ်ကောင်စီတပ်သားများ တပ်စွဲသောဂိတ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက တစ်ဦးက ပြောသည်။


"ထိတွေ့မှုမဖြစ်လိုက်ရဘူး။ တစ်ရက်ကြိုပြေး လိုက်ကြတာ။ မသေချာတာနဲ့ ဝင်စီးတာ။ အဲဒါနဲ့ ရှင်းလင်းရေးဝင်လိုက်တယ်။"ဟု တောင်သာပကဖ အနောက်ခြမ်း စစ်ရေးတာဝန်ယူထားသူ ကိုဖားကြီးက ပြောသည်။


"မြို့နယ်မှာရှိတဲ့ကင်းတွေတို့ ဂိတ်တွေတို့ တပ်စွဲထားတဲ့ဟာတွေကို အကုန်လုံးဆုတ်ပြီး မြို့ပြန်ကာတဲ့အနေအထားဖြစ် သွားတာ။မြို့ပြန်ကာတဲ့ အနေအထားကိုမှ နောက်တခါတပ်ပြန်စွဲလို့ရှိရင် အဆင်သင့်ဖြစ်မနေအောင်လို့ သူတို့ထားခဲ့တဲ့ဘန်ကာတွေတို့ သူတို့ဆောက်ထားတဲ့ တဲတွေတို့အဲဒါတွေကို ဖျက်ဆီးမီးရှို့တာ။"ဟု မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။


ထို့နောက် မီးရှို့ပြီးပြန်လာစဥ် ဇဂျမ်းကျေးရွာတောင်ဘက်အနီးတွင် ကင်းပတ်လာသော စစ်ကောင်စီတပ်သားအချို့နှင့် မိနစ် ၂၀ ခန့် ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးသွားရာ ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၏ တာဝန်ရှိသူက တစ်ဦးက ပြောသည်။



နတ်စောင့်ရွာဂိတ်ကို ပြီးခဲ့သည့် ဇူလိုင် ၉ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သုံ့ပန်း ၁၄ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။


သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

Breaking News- မိုးမောက်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သော ခမရ ၄၃၇ ကို သိမ်းပိုက်ရရှိဟု KIA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး ကြီးနော်ဘူ အတည်ပြု၊ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်ကင်းစင်သွားပြီ


 Breaking News- မိုးမောက်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စစ်စခန်းဖြစ်သော ခမရ ၄၃၇ ကို သိမ်းပိုက်ရရှိဟု KIA ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူး ကြီးနော်ဘူ အတည်ပြု၊ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ်ကင်းစင်သွားပြီ


ရန်ကုန်၊ ဩဂုတ် ၁၉ 


ကချင်ပြည်နယ်၊ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၄၃၇ ကို KIA ပူးပေါင်းတပ်များက ယနေ့ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


မိုးမောက်မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ရင်းကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်မှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လနီးပါးကြာမြင့်လာချိန် ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ 


"မိုးမောက် ခမရ ၄၃၇ တပ်ကို ရပြီ" ဟု ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


KIA ရှေ့တန်းသတင်းရင်းမြစ်ကမူ ခမရ ၄၃၇ တွင် နယ်မြေရှင်းလင်းရေးလုပ် ဆောင်နေကြောင်း၊ ခမရ ၄၃၇ တပ်ရင်းဌာနချုပ်သည် အင်အား ၅၀၀ ဝန်းရှိသော စစ်ကောင်စီတပ်စခန်းကြီးဖြစ်ကြောင်း ပြောဆိုသည်။ 


"မိုးမောက်မြို့နယ်မှာ နောက်ဆုံးကျန်ရှိနေတဲ့ ခမရ-၄၃၇ တပ်ရင်းဌာနချုပ်ကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေက ညနေ ၃ နာရီ ၁၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပါပြီ။ မိုးမောက်မြို့နယ်မှာ စစ်ခွေးကင်းစင်သွားပါပြီ။ ထွက်ပြေးသွားတဲ့ စစ်ခွေးတွေကိုလိုက်လံရှင်းလင်းနေတယ်။ သိမ်းဆည်းရရှိတဲ့ လက်နက်တွေက အရမ်းများလွန်းတယ်" ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။ 


မိုးမောက်မြို့ရှိ မြို့မရဲစခန်းနှင့် တပ်ရင်းများကို မေလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ပြင်ရှိ ခမရ ၄၃၇ ကို ယနေ့ သိမ်းပိုက်ခြင်းဖြစ်ကြောင်း၊ မိုးမောက်မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

Sunday 18 August 2024

တောင်သာတွင် ရဲတပ်သားတစ်ဦး ပကဖထံ အလင်းဝင်လာ


 တောင်သာတွင် ရဲတပ်သားတစ်ဦး ပကဖထံ အလင်းဝင်လာ


ဇေအောင်/People's Spring


မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားတစ်ဦး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာသည်။


သြဂုတ် ၁၇ရက်က မှော်ဘီမြို့ရှိ ရဲတပ်ရင်း(၅)မှ ရဲတပ်သား မျိုးချစ်သူသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ G-3အမျိုးအစား တစ်လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။ 


"သူက သပိတ်ကျင်းဇာတိ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်က သပိတ်ကျင်းကနေ မြဝတီဘက်ကိုအသွားမှာ ဖုန်းစစ်တဲ့အချိန်မှာ PDF တွေနဲ့ဆက်သွယ်ထားတာ PDF ထဲဝင်ဖို့။ တွေ့တော့ အဖမ်းခံရပြီးတော့ သူ့ကို ထောင်ကျခံမလား ရဲထဲလုပ်မလား ရဲထဲဝင်လုပ်တာ။ မှော်ဘီရဲတပ်ရင်း(၅)မှာ။"ဟု တောင်သာပကဖ၏ တာဝန်ရှိသူက ပြောသည်။ 


၎င်းအား ကျပ်သိန်း၅ဝ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း တောင်သာပကဖက အသိပေးသည်။


သြဂုတ် ၁ဝရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင် လက်နက်ချသူ(၁၂၀)ကျော် ရှိခဲ့




 ဒီပဲယင်းမြို့သိမ်းတိုက်ပွဲမှာ အလံဖြူထောင်

လက်နက်ချသူ(၁၂၀)ကျော် ရှိခဲ့


မျက်မှောက်ခေတ်၊ဩဂုတ်(၁၈)


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သိမ်းတိုက်ပွဲအတွ

င်းမှာ အလံဖြူထောင် လက်နက်ချပူးပေါင်းသူ

(၁၂၀)ကျော်ရှိတယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့

ကာကွယ်ရေးအဖွဲ့က ဩဂုတ်လ (၁၈) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


ဒီပဲယင်းမြို့ကို ဒေသခံတော်လှန်ရေးပူးပေါင်း

အဖွဲ့က ဩဂုတ်လ(၁၅)ရက်နေ့မှာ စတင်တိုက်

ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ(၁၈)ရက်နေ့မှာအ

ပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


တိုက်ပွဲအတွင်းမှာ အလံဖြူထောင်လက်နက်

ချပူးပေါင်းသူ စစ်ကောင်စီလက်အောက်ခံ ပျူ

စောထီး(၂)ဦး၊Non CDM ဝန်ထမ်း(၄၁)ဦးနဲ့ မိ

သားစုဝင်(၈၀) ဦးရှိပြီး လိုအပ်တဲ့ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးထားတယ်လို့ ထုတ်ပြန်ချ

မှာ ဖော်ပြပါတယ်။


ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမှတ်၁စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့ရဲ့ကွပ်ကဲမှု နဲ့ရွှေဘို

ခရိုင်အတွင်းက တပ်ရင်းတွေ၊ရွှေဘိုခရိုင်ပကဖ၊ဒီပဲယင်းမြို့နယ် ပကဖ၊ဘုတလင်မြို့နယ် ပ

ကဖ တို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ

ဖြစ်တယ်လို့ သိရပါတယ်။


ဓာတ်ပုံ- စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့/ဂဠုန်တပ်တော် ဒီပဲယင်းအခြေစိုက်

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...