Saturday 30 September 2023

စစ်ကောင်စီတပ်သားတစ်ဦး CNDF ထံ ခဲယမ်းများနဲ့အတူအလင်းဝင်လာ


 စစ်ကောင်စီတပ်သားတစ်ဦး CNDF ထံ ခဲယမ်းများနဲ့အတူအလင်းဝင်လာ 

==============

EC/စက်တင်ဘာ ၃၀၊ ၂၀၂၃

Zalen 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ကလေး-ဖလမ်းကားလမ်းမပေါ်ရှိ ထင်းရူးစခန်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကနေ တပ်သား ပြည့်ဖြိုးအောင် (၁၇နှစ်)ဟာ စက်တင်ဘာ ၂၆ ရက်တွင် CNDF ထံ ခဲယမ်းများနဲ့အတူ အလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။ 


မောင်ပြည့်ဖြိုးအောင်ဟာ ၎င်းနဲ့အတူ M1 ကျည်ဆံ ၃၄၅ ထောင့်၊ လက်ပစ်ဗုံး ၂ ခု၊ ၄၀ မမဗုံး ၂ လုံးနဲ့ အတူ အလင်းဝင်လာတာဖြစ်တယ်။ 


မောင်ပြည့်ဖြိုးအောင်က “သေနတ်မယူလာနိုင်တာက ကင်းတာဝန်ကျတဲ့သူတွေကိုပဲ သေနတ်ပေးကိုင်တယ်။ ကျန်တဲ့သူတွေအားလုံးကတော့ သေနတ်မကိုင်ခိုင်းဘူး။ ဘာလို့လဲဆို သေနတ်နဲ့ ထွက်ပြေးတဲ့သူများတာကြောင့်”လို့ပြောပါတယ်။ 


၎င်းဟာ ကလေးမြို့နယ်၊ သာစည်ကျေးရွာဇာတိဖြစ်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာ (၁၅)ရက်တွင် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရကာ အတင်းအဓမ္မ စစ်သားလုပ်ကိုင်ခြင်းခံရတယ်လို့သိရတယ်။

Friday 29 September 2023

မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်း ၉ စီး၊ ဗုံးသီး ၃၆ လုံး အသုံးပြု၍ Federal Wingsနှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


 မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်း ၉ စီး၊ ဗုံးသီး ၃၆ လုံး အသုံးပြု၍ Federal Wingsနှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


ရန်ကုန်၊ စက်တင်ဘာ ၂၉


စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်ရှိ စစ်ကောင်စီဘက်မှ ထိပ်ပိုင်းအရာရှိတပ်ဖွဲ့ဝင်များ စုဝေးနေထိုင်ရာ ထွေအုပ်ရုံးနှင့် မြင်းမူရဲစခန်းတို့ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဒရုန်း၉စီး၊ ဗုံးသီး၃၆လုံး အသုံးပြု၍ တပ်ရင်းအမှတ် ၁၈၀၁ စစ်ကိုင်း‌ဒေသ (တပ်ခွဲ၃၊Federal Wings) နှင့် မဟာမိတ်ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Federal Wings ထံမှ သိရသည်။


ထွေအုပ်ရုံးကို စက်တင်ဘာလ ၂၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်တွင် 2kg ဗုံးသီး ၄လုံးအသုံးပြု၍ တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ည ၇ နာရီ ၃၀ မိနစ်တွင် မြင်းမူရဲစခန်းကို 2kgဗုံးသီး ၄လုံးအသုံးပြု၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း Federal Wingsမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ဆက်လက်၍ စက်တင်ဘာလ ၂၈ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မြင်းမူမြို့ ထွေအုပ်ရုံးကိုပင် ထပ်မံ၍ 4kgဗုံးသီး ၂လုံးအသုံးပြု၍ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် စက်တင်ဘာလ ၂၈ ရက်နေ့ တစ်ရက်ထဲအတွင်း ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ၃ ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။


ယင်းသို့ ဒရုန်းများနှင့် ဗုံးသီးများ ကြဲချတိုက်ခိုက်မှုကြောင့် ထွေအုပ်အဆောက်အအုံများ ပျက်စီးသွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို လူနာတင်ယာဉ်များစွာဖြင့် တင်ဆောင်သွားကြောင်း မြို့ခံများထံမှ သိရသည်။ 


အဆိုပါတိုက်ခိုက်မှုအတွင်း ဒရုန်းအဖွဲ့ဝင်များမှာ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားသေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Federal Wings ထံမှ သိရသည်။


အဆိုပါတိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၁၈၀၁ စစ်ကိုင်း‌ဒေသ (တပ်ခွဲ၃၊ Federal Wings)၊ စစ်ကိုင်းခရိုင်ပကဖ၊ GTRမြင်းမူ၊ မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့၊ SAFကျောင်းသားလက်ရုံးတပ်၊ ကျောက်ဆည်ခရိုင်တပ်ရင်း (၁) နဂါးနီ၊ ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့ ၊ Lightning drone force အဖွဲ့တို့နှင့်ပူးပေါင်း၍ ဒရုန်း အစီးရေ ၉ စီးနှင့် ဗုံးသီးအရေအတွက် ၃၆လုံး ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တပ်ဖွဲ့များထံမှ သိရပါသည်။


Federal Wings (တပ်ရင်းအမှတ် ၁၈၀၁ စစ်ကိုင်းဒေသ တပ်ခွဲ ၃) သည် အချိန်တိုအတွင်း အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ဆင်ရေး Mission ပေါင်း ၂၀ ကျော်ဖော်ဆောင်ခဲ့ပြီးဖြစ်သည်ဟု Federal Wings ထံမှ သိရပါသည်။


ပုံစာ- မြင်းမူမြို့နယ် ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းနှင့် တိုက်ခိုက်ရန် လုပ်ဆောင်နေစဉ်

မုံရွာမြို့ပေါ်တွင် နေထိုင်သည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် အမှတ် ၂ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့က နေအိမ်၌ ဝင်ရောက် ဖမ်းဆီး


 မုံရွာမြို့ပေါ်တွင် နေထိုင်သည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် အမှတ် ၂ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့က နေအိမ်၌ ဝင်ရောက် ဖမ်းဆီး


ရန်ကုန်၊ စက်တင်ဘာ ၂၉


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် နေထိုင်သည့် အနောက် မြောက်တိုင်း စစ်ဌာနချုပ် စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို Black Falcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့က ၎င်းနေအိမ်၌ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့ပေါ်ရှိ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်သော အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ အမှတ် ၂ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးကို ၎င်း နေအိမ်၌ပင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။


" စက်တင်ဘာလ ၄ ရက်နေ့က မုံရွာမြို့လယ်ခေါင်က သူနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာပဲ ဝင်ဖမ်းခဲ့တာပါ။ ဖမ်းဆီးရမိတာနဲ့ တရားခံကို ဆက်စပ်ပစ္စည်းတွေနဲ့ မြို့နယ် ပ.က.ဖ ကိုလွှဲပြောင်း ပေးပြီးပါပြီ ရိုက်နှက် စစ်ဆေးတာမျိုးတော့ မရှိဘူး။ သူက ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ ရှေ့တန်းက စစ်ကောင်စီတပ်သား တွေကို အဓိက ကုသပေးရတဲ့သူပါ" ဟု Black Falcon Guerrilla Forces မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


အဆိုပါ စစ်ဆေးရုံမှ စစ်ဆေးဆရာဝန် ဗိုလ်ကြီး အောင်ဖြိုးဦးနှင့်အတူ ဟွန်ဒိုင်း အမျိုးစား အိမ်စီးကား ၁ စီး ၊ လက်ကိုင်ဖုန်း ၂ လုံး နှင့် လက်တော့ ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မုံရွာမြို့ပေါ်တွင် စစ်တပ်က လုံခြုံရေး အပြည့် ချထားသော်လည်း လုံခြုံမူမရှိကြောင်း မြို့ပြပြောက်ကျား တပ်ဖွဲ့များက မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ကျန်ရှိနေသော စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အနေဖြင့်လည်း ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းပေးရန် သတိပေးလိုကြောင်း Black Falcon Guerrilla Forces မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

Thursday 28 September 2023

”ငါတို့မြို့ ငါတို့ပိုင်သည်” ဆိုတဲ့ CDF-ကန်ပက်လက်


 ”ငါတို့မြို့ ငါတို့ပိုင်သည်” ဆိုတဲ့ CDF-ကန်ပက်လက်

==================

ကန်ပက်လက်မြို့အဝင် ”လောက်နူးမြေကန်ပက်လက်မြို့မှ လှိုက်လှဲစွာကြိုဆိုပါ၏” ၌ ချင်းပြည်နယ်အလံနဲ့ CDF-Kanpetlet အလံအား ယနေ့ စက်တင်ဘာလ (၂၈)ရက်တွင် CDF-ကန်ပက်လက်က လွှင့်ထူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။

ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်ဆင်းလာသော စစ်သင်္ဘော အုပ်စုများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်


 ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်ဆင်းလာသော စစ်သင်္ဘော အုပ်စုများကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် တိုက်ခိုက်


ရန်ကုန်၊ စက်တင်ဘာ ၂၈


မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်အုပ်စု သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စီး ထိမှန်ခဲ့ပြီး မီးခိုးလုံးများ ထွက်ပေါ်ခဲ့ကြောင်း Chindwin Attack Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက် ၉ နာရီ ၁၉ မိနစ်ခန့်က အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စုန်ဆင်းလာ သော စစ်သင်္ဘော၊ ကုန်တင်သင်္ဘောပါ ၁၅ စီးအုပ်စုကို ချင်းတွင်းမြစ်ကြောင်းတနေရာ၌ ပွိုင့် ၂ ခုခွဲ၍ ပြောင်းတိုက်များ၊ လက်လုပ် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းစစ်သင်္ဘောတစ်စီးကို ထိမှန်ခဲ့ပြီး မီးခိုးများထွက်လာကာ သင်္ဘောပေါ်ပါ အကြမ်းဖက်စစ်သားများမှာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ ခြင်းမရှိတော့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ၊ တပ်ရင်း ၄ တပ်ခွဲ ၃ (Monywa Nightking PDF) ၊ တပ်ခွဲ ၄ (5/Teachers People Defencr Force) ၊ Chindwin Toe Na Yar PDF ၊ Fight For Freedom (F3) ၊ Chindwin Defense Force (CDF) ၊ ရွှေညီအစ်ကို ပြောက်ကျားတပ်ဖွဲ့နှင့် One Star Task Force တပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ်မှ စက်သေနတ်များ၊ စက်အမြောက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ခဲ့ကြောင်း သိရသည်။


မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ နှင့်တပ်ခွဲများအနေ ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး အရေးပေါ် လက်နက်ခဲယမ်းများစွာ လိုအပ်နေ ကြောင်း ထုတ်ပြန်ထားသည်။


အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ရှေ့ပြေးစုန်ဆင်းလာသော အကြမ်းဖက် စစ်တပ် စစ်သင်္ဘောတစ်စီးကို RPG ၊ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောနောက်ပိုင်းကို ထိမှန်ခဲ့ပြီး မီးခိုးများအူထွက်သွားကြောင်း Hero Fighter (Salingy)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီမှ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ ရှေ့ပြေးစုန်ဆင်း လာသော အကြမ်းဖက်စစ်တပ် သင်္ဘောတစ်စီးကို ဆားလင်းကြီးမြို့နယ်၊ မြစ်ကြောင်းတရောအရောက် ရှေ့ထွက်ပြောင်းအပါအဝင် RPG 7 ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သင်္ဘောနောက်ပိုင်းကို ထိမှန်ခဲ့ပြီး မီးခိုးလုံးအူထွက်သွားကာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံး၊ ပျက် စီးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။


ယင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ် သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သာသနိက အဆောက်အအုံများ၊ ဘုရားကျောက်ဆင်းတုများ ထိခိုက် ပျက်စီးခဲ့ခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုကို Hero Fighter (Salingyi) တိုက်ခိုက်ရေးအထူးတပ်ဖွဲ့၊ Chindwin Dynamite (Salingyi) ၊ Fighter 9 Force Salingyi ၊ Monywa Underground Guerilla(MUGF) နှင့် တောင်ပံနီ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်


 မုံရွာရှိ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်


ရန်ကုန်၊ စက်တင်ဘာ ၂၈


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်သင်္ဘော ၁ စီးကို ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Peace Takers Task Force - PTTF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် မုံရွာမြို့နယ် မင်းဒေါင့် ဆိပ်ကမ်းမှ အောက်ဘက်ကို ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ်၏ စစ် သင်္ဘော ၁ စီးကို ချင်းတွင်းမြစ်ကမ်း အရှေ့ဘက် တစ်နေရာတွင် ရှေ့ထွက် ပြောင်းမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။


အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက် ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေး ကြောင်း၊ စစ်တပ်ဘက်မှလည်း လက်နက်ငယ်များ ၊ ၄၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။


" ရေကြောင်းဖြစ်တာရော သူတို့ဘက်က လက်နက်ငယ်တွေ ၄၀ မမ တွေနဲ့ တောက်လျှောက် ပြန်ပစ်တာမို့ စစ်ခွေး သေစာရင်း အတည်မပြုနိုင်ဘူး။ ကျောက်စိမ်းတင်လာတဲ့မော်တော်တွေ မလာခင် ရှေ့ပြေးလာတာထင်တယ်" ဟု Peace Takers Task Force - PTTF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို Peace Takers Task Force - PTTF နှင့် The Brightness Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် များ အထိအခိုက်မရှိ ပြည်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Tuesday 26 September 2023

ရေးမြို့လယ်ရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်စောင့် စစ်တပ်ကို ရေးဘီလူး အဖွဲ့က ဝင်ရောက် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး


 ရေးမြို့လယ်ရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်စောင့် စစ်တပ်ကို ရေးဘီလူး အဖွဲ့က ဝင်ရောက် ပစ်ခတ်မှု စစ်သား ၅ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၂၆ 


မွန်ပြည်နယ်၊ ရေးမြို့လယ်ရှိ စစ်ကောင်စီပိုင် မြ၀တီဘဏ်စောင့် စစ်တပ်ကို ရေးဘီလူး အဖွဲ့က ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ရေဘီးလူးအဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်နှင့် ဖရဲသီးရဲသတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ 


စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရေးမြို့လယ်ခေါင်၊ ရန်ညွန့်အောင်ရပ်ကွက်ရှိ စစ်တပ်ပိုင် မြ၀တီဘဏ်အစောင့် စစ်တပ်ကို ရေးဘီလူးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ မစ်ရှင်အနေဖြင့် သေနတ် လုရန် ကြိုးစားခြင်းဖြစ်ပြီး အစောင့် စစ်သား ၅ ဦးကို ပိုင်ပိုင်နိုင်နိုင် ပစ်ချနိုင်ခဲ့ ကြောင်း၊ ပြည်သူထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ သေဆုံးခဲ့ ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်တိုက် ပစ်ခတ်နေသဖြင့် သေနတ် မလုနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။


"ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ မြို့လယ်ခေါင် ရန်ညွှန့်အောင်ရပ်ကွက်၊ ရွှေဆံတော်ဘုရားနဲ့ မီတာ ၁၀၀ လောက်မှာရှိတဲ့ မြ၀တီဘဏ်ကို၊ ဘဏ်ရှေ့မှာ စောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တယ်။ မစ်ရှင်ရဲ့ Plan ကတော့ သေနတ်ဝင်လုတယ်။ အပြင်ကတုတ်မှာတော့ ၃ ယောက်ရှိတယ်။အပေါ်ထပ်မှာက ၄၊ ၅ ယောက်လောက်ရှိတယ်။ အောက်ကတုတ် ၃ ဦးကို ပိုင်ပိုင်နိုင်နိုင်ပစ်ချနိုင်ခဲ့တယ်။အပေါ်က နှစ်ဦးကိုလည်း ပစ်ချနိုင်ခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ အခြေအနေတစ်ခုကြောင့် အထဲကို ထပ်ဝင်လို့မရဘူး။ အပေါ်က အပစ်အခတ် မရပ်စဲတဲ့ပုံစံတစ်ခုကြောင့်ပေါ့။လက်နက် သိမ်းဆည်း မရခဲ့ဘူး။ မစ်ရှင်ကို အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်။ ပြည်သူထိခိုက်မှု မရှိဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲ ကျဆုံးသွားတယ်။ ဆုတ်လမ်းကို အကောင်းဆုံး ဆုတ်ခွာနိုင်ခဲ့တယ်" ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။ 


ရေးမြို့နယ်၊ ဖရဲသီးရဲသတင်းရင်းမြစ်၏ အဆိုအရ မြ၀တီဘဏ် ပစ်တ်ခံရမှု ကြောင့် သေဆုံးသူများတွင်တပ်ကြပ်ကြီး ၁ ဦး၊ ပျူစောထီး(ခေါ်) ပြည်သူ့စစ် ၂ ဦး ပါဝင်ကြောင်း ပြောဆိုသည်။

ဝေါမြို့နယ်ရှိ လက်ပံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ


 ဝေါမြို့နယ်ရှိ လက်ပံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ

++++++++++++++++

စက်တင်ဘာ ၂၆ 


ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ လက်ပံရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက်ပစ်ခတ်ရာ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်များဆီက သိရပါတယ်။ 


စက်တင်ဘာလ ၂၆ ရက်နေ့ မနက် ၈ နာရီ ၄၃ မိနစ်ခန့်မှာ ဝေါမြို့နယ်၊ လက်ပံကျေးရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်သားနဲ့ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ပျူစောထီး ၂ ဦး ဒဏ်ရာရရှိကာ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 


ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဆီက G-3 သေနတ် ၁ လက် ၊ ကျည်ဘောက် ၄ ဘောက် ၊ ၇.၆၂ ကျည် ၆၂ တောင့်နဲ့ လက်ပစ်ဗုံး ၁ လုံး သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 


အဲ့ဒီ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မနက် ၁၀ နာရီခန့်မှာ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ သိမ်ဇရပ် အမတ ၃၁၀ ကနေ ၈၁ မမ လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာ ဝေါမြို့နယ်၊ ပေါက်တန်းရွာရှိ ကျွန်းရွှေဝါ သောင်အတွင်း ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပေမယ့် ပြည်သူများ ထိခိုက်မှုမရှိဘဲ စပါးခင်းများ ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 


လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်က လက်ပံကျေးရွာကို မြစ်ကျိးစံပြကျေးရွာကတဆင့် ဆိုင်ကယ် ၃ စီး ၊ အိမ်စီးကား ၂ စီး ၊ Faw ကားကြီး ၁ စီး တို့နဲ့ ရောက်ရှိလာပြီး လက်နက်ကြီးများနဲ့ ထပ်မံ ပစ်ခတ်မှုများ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

ပြည်သူလူထုထိတ်လန့်မှု မရှိအောင် မြန်ဆန်စွာ ဆောင်ရွက်ခဲ့ဟုဆို


 ◼️ပြည်သူလူထုထိတ်လန့်မှု မရှိအောင် မြန်ဆန်စွာ ဆောင်ရွက်ခဲ့ဟုဆို


၂၆ စက်တင်ဘာ ||| နွေဦးအသံ ||| 


ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို အိမ်စီးကားနဲ့ ဆေးခန်းလာပြစဉ် ပစ်ခတ်ခံခဲ့ရပြီး အသက်မသေဘဲ ဆေးရုံတက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ (စရဖ)မှ ဗိုလ်မှူးစိုးနိုင်ဝင်းနဲ့ ရဲနှစ်ဦးကို စက်တင်ဘာ ၂၅ ရက်မှာ မြို့တွင်းစစ်ဆင်ရေးအဖွဲ့က ထပ်မံပစ်ခတ်ခဲ့ရာ သုံးဦးစလုံး ဇီဝိန်ချုပ်ခဲ့တယ်လို့ သိရပါတယ်။


ဖားကန့်ဆေးရုံကို သွားရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူလူထု ထိတ်လန့်မှုမရှိအောင် မြန်မြန်ဆန်ဆန် စစ်ဆင်ရေးဆောင်ရွက်ခဲ့တယ်လို့ မြို့တွင်းစစ်ဆင်ရေးအဖွဲ့မှ အဖွဲ့ဝင်တဦးရဲ့ ပြောကြားချက်ကို Myanmar Now မှာ ဖော်ပြထားပါတယ်။


"ငါတို့ အလှည့်လာပြီ ဆိုတာ ဒါအစစ်၊ ဆန္ဒပြရုံနဲ့ ပစ်ခတ်ခံရလို့ ဆေးလာကုတုန်းက ဒဏ်ရာရနေတဲ့သူတွေကိုပါ လိုက်ပြီး ပစ်ခဲ့တဲ့ ကောင်တွေလေ၊ အဲဒါကို မမေ့ပါနဲ့၊ အခု ငါတို့အလှည့်" လို့ တော်လှန်ရေး ရဲဘော်တဦးက မှတ်ချက်ပြုပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်က ဆေးခန်းလာပြစဉ် အိမ်စီးကားကို ပစ်ခတ်မှုမှာ စကစ ရဲ ၂ ဦးသာ နေရာတွင်ပဲ ဇီဝိန်ချုပ်ခဲ့ပြီး အသက်မသေဘဲ ဒဏ်ရာရရှိခဲ့တဲ့ စရဖအရာရှိ ဗိုလ်မှူးစိုးနိုင်ဝင်းနဲ့ ရဲ ၂ ဦးကို ဖားကန့်ဆေးရုံမှာ တက်ရောက်ကုသနေစဉ် ထပ်မံသွားရောက်ပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

မိုးကုတ်မြို့၊ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ


 မိုးကုတ်မြို့၊ ရေထွက်ကြီးကျေးရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု သေနတ် ၂ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၂၆ 


မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာ၌ တပ်စွဲထား သော အကြမ်းဖက်စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ သေနတ် ၂ လက် နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကုတ် အခြေပြုတပ်ရင်းထံမှ သိရသည်။


ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်အချိန် မိုးကုတ် မြို့ အနောက်ပိုင်း၊ ရေထွက်ကြီး ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို မိုးလုံးမှိုင်း စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းများ ဖြစ်သော ၁၂၂၁ ၊ ၁၂၂၃ နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၆ နာရီခွဲခန့်အထိ ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး လက်နက်ငယ်တစ်လက်၊ ပစ္စတို တစ်လက်နှင့် ၅ ဒသမ ၅၆ ကျည်ဆန်များ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။


အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုနှင့် ပတ်သက် ၍ သိရှိနိုင်ရန် စုံစမ်းနေ ဆဲဖြစ်ကြောင်း သိရှိရသည်။


ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ နယ်၊ ကျပ်ပြင်တွင်လည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားကြောင်း ဒေသပြည်သူ များက ပြောဆိုကြသည်။


စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် အပြန်အလှန် ပစ်ခတ် မှုများဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ကြောင်း၊ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်မှုများ ပြန်လည် ငြိမ်သက်သွားကြောင်း သိရှိရသည်။ 


"မနက်ပိုင်း ကျပ်ပြင်ဘက်မှာ တိုက်ပွဲတွေ ဖြစ်ပြီး‌တော့ အခု ဝိုင်ဖိုင်လိုင်းတွေ ပိတ်ထား တယ်။ မိုးဘိုင်းဒေတာတော့မပိတ်သေးဘူး" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

Monday 25 September 2023

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်


 ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်


ရန်ကုန်၊ စက်တင်ဘာ ၂၅ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ရှိ ရဲကင်းစခန်းနှင့် စရဖရုံး ကို ယနေ့ နံနက်ပိုင်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက် ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက်ရှိ ရဲစခန်းကို KIA တပ်ရင်း ၆ က ထိုးစစ်ဆင် တိုက်ခိုက်ဖျက်ဆီး နိုင်ခဲ့ ကြောင်း၊ ထို့အတူ စရဖရုံးကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ တိုက် ခိုက် မှု ပြီးသည်နှင့် ချက်ချင်း ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ 


"ရဲအသေအပျောက်တော့ရှိတယ်။ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက် လုပ်ပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားကြတာ။ နောက်တစ်ခါ စရဖရုံးကိုလည်း ပစ်ခတ် တိုက် ခိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ နှစ်နေရာတိုက်ခိုက်မှု ဖြစ်တာ ပါ" ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ 


လက်ရှိတွင် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်ဘက်တွင် စစ်တပ်နှင့်ရဲ များက ဖြန့်ကျက်နေရာယူထားပြီး လမ်းဆုံလမ်းဂွတချို့ကို ပိတ်ဆို့ထား ကြောင်း သိရှိရသည်။

Sunday 24 September 2023

မတူပီမြို့နယ်တွင် စစ်သား ၂ ဦးက ကျည်ဆံများနှင့် လက်ပစ်ဗုံး ယူဆောင်လာပြီး အလင်းဝင်


 မတူပီမြို့နယ်တွင် စစ်သား ၂ ဦးက ကျည်ဆံများနှင့် လက်ပစ်ဗုံး ယူဆောင်လာပြီး အလင်းဝင်


ရန်ကုန်၊ စက်တင်ဘာ ၂၄


ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦး ကျည်ဆံများနှင့် လက်ပစ်ဗုံး ယူဆောင်လာပြီး အလင်းဝင်လာကြောင်း CDF Matupi Battalion- 2 က ထုတ်ပြန်ထားသည်။


စက်တင်ဘာလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၂ ဦးသည် CDF Matupi Battalion - 2 ထံ လက်ပစ်ဗုံး ၂ လုံး နှင့် MA ကျည်ဆံ အထောင့် ၁၂၂ လုံး ယူဆောင်လာကာ အလင်း ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Friday 22 September 2023

ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄)တပ်ခွဲမှူးသေဆုံး


 ထိုင်း-မြန်မာနယ်စပ် ထီးကပလယ်ဗျူဟာစခန်းကုန်း တိုက်ခိုက်ခံရပြီး တပ်မ(၄၄)တပ်ခွဲမှူးသေဆုံး


သွင်ထူးဈာန်


ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကရင်အမျိူးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ် ထီးကပလယ် ဗျူဟာစခန်းကုန်းကို ကရင်လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ တိုက်ခိုက်နေကြောင်း KNDOထံမှ သိရသည်။


 ဗျူဟာစခန်းကုန်းကို တိုက်ခိုက်ရာတွင် စနိုက်ပါပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။


 "စနိုက်ပါနဲ့ ပစ်တာ ခလရ(၃၂)တပ်ခွဲမှူး သေတယ်၊ စခန်းက မရသေးဘူး၊ သူတို့ကို အမှည့်ခြွေခြွေနေတယ်၊ ဒရုန်းနဲ့လည်း တိုက်တယ်" ဟု KNDOတပ်ရင်း(၈)မှ အရာရှိတဦးက မဇ္ဈိမကိုပြောသည်။ 


ထီးကပလယ်ဗျူဟာစခန်းကုန်းသည် တပ်မ(၄၄)လက်အောက်ခံ ခလရ(၃၂)၊ ခမရ(၅၅၆)တပ်ရင်း အခြေစိုက်စခန်းဖြစ်ပြီး KNDO တပ်ရင်း(၈)၊ KNLA (၁၀၃)တပ်ရင်း၊ KTLAနှင့် Federal wings drone ပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်နေခြင်းဖြစ်သည်။ 


အဆိုပါ ဗျူဟာစခန်းကုန်းကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင်လည်း ကရင်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးများခဲ့သည့် တိုက်ပွဲဖြစ်ခဲ့သည်။


စာတည်း - သန့်ဇော်(သန်လျင်)


photo- ပုံအဟောင်း


#mizzima

#KNLA

#KNDO

#KNU

#ထီးကပလယ်ဗျူဟာစခန်း


------------------------

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

Thursday 21 September 2023

ဖားကန့်တွင် ဆေးခန်းလာပြသည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ဖားကန့် မြို့အဝင် စစ်တပ်ဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး



 ဖားကန့်တွင် ဆေးခန်းလာပြသည့် ရဲ ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ဖားကန့် မြို့အဝင် စစ်တပ်ဂိတ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်သား ၂ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၂၁ 


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်တွင် ယနေ့ ညနေပိုင်း ဆေးခန်းလာပြသည့် ရဲ ၃ ဦးကို KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ် တိုက် ခိုက်ရာ ရဲ ၂ ဦးသေဆုံးသွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ် နှင့်ဒေသပြည်သူများက ပြောဆိုသည်။ 


စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ဖားကန့်မြို့နယ်၊ ဆိုင်းတောင် ရပ်ကွက်ရှိ ဆေးခန်းသို့ ရဲ ၃ ဦးက Toyota Ipsum ကားဖြင့် လာရောက် ဆေးခန်း ပြစဉ် အဆိုပါကားကို KIA PDF ပူးပေါင်းတပ်များက ကားပေါ်မှ သေနတ်ဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ရဲ ၃ ဦးအနက် ၂ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။ 


"ရဲတွေနဲ့ စစ်တပ်တွေက အဲဒီ ဆိုင်းတောင်ရပ်ကွက်မှာရှိတဲ့ ဆေးခန်းကို ပုံမှန်လို ဆေးခန်းလာပြလေ့ရှိတယ်။ အဲဒီဆေးခန်းက စစ်တပ်နဲ့ ရဲတွေ အကုန် မကြာခဏ ဆေးလာကုတဲ့နေရာပါ။ အဲဒါ ဒီနေ့ ညနေ ၅ နာရီမှာ ရဲ ၃ ဦးက ဆေးခန်းလာပြတာကို တော်လှန်ရေးရဲဘော်တွေက ကားပေါ်ကနေ တစ်ဆင့် ပစ်ခတ်တာ။ ရဲ ၂ ဦးတော့ ပွဲချင်းပြီးပဲ။ ၁ ဦးကလည်း သေဖို့များတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ 


အလားတူ ယမန်နေ့တွင်လည်း ဖားကန့်မြို့အဝင် ပန်းတင်ရဲကင်းဂိတ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။ 


စက်တင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် ဖားကန့်မြို့အဝင် ၊မော် ဝမ်း ရပ်ကွက်၊ ပန်းတင်တံတားစောင့် စစ်ကောင်စီတပ်ဂိတ် KPDF က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ 


"အဲဒီဂိတ်က မြို့အဝင်ဂိတ်ဆိုတော့ ဆိုင်ကယ်နဲ့ ကားတွေကို ပိုက်ဆံမတရား တောင်းတယ်။ မသင်္ကာတဲ့ပြည်သူတွေကို ရိုက်နှက် ထိုးကြိတ်ကြတယ်။ စစ် ခွေး နဲ့ ရဲခွေးတွေက။ မနေ့က နေ့လယ်ပိုင်း တိုက်ခိုက်မှုမှာ ၄၀ မမနဲ့ ပစ် တယ်လို့ ပြောတယ်။ အဲဒါ စစ်သား ၂ ဦးပွဲချင်းပြီး ဆုံးတယ်" ဟု ဖားကန့်ဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ 


ဓာတ်ပုံ- ယနေ့ ညနေပိုင်း ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရပ်ကွက်တွင် ပစ်ခတ် ခံရသော ရဲကားဖြစ်ပြီး ယင်းရဲကားတွင် လိုက်ပါသော ရဲ ၃ ဦးအနက် ၂ ဦးသေ ဆုံးကာ ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် သိမ်းဆည်းရရှိ


 ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာရှိ စစ်တပ် စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် သိမ်းဆည်းရရှိ 


ရန်ကုန်၊ စက်တင်ဘာ ၂၁


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဂန့်ဂေါခရိုင်တပ်ရင်း-၁၈ YNRF-Htilin က ထုတ်ပြန်ထားသည်။


စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၄ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ် ကပစ ၂၃ အနီးရှိ ကန့် သက်ကျေးရွာ၌ စစ်သားနှင့်‌‌ ပျူစောထီး တပ်စွဲထားသော စခန်းကုန်းကို ဂန့်ဂေါခရိုင် အမှတ် (၇၊၁၈၊၁၉) တပ်ရင်း၊ CDF မင်းတပ် တပ်ရင်း(၂)၊ ပုံတောင်ဂဠုန် နှင့် ပုံညာမုန်တိုင်း ပကဖ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ပွဲအတွင်း ကာဘိုင် ၉ လက်၊ Greener ၆ လက်၊ ကာဘိုင်ကျည်ဘောက် ၁၈ ဘောက်၊ MA ကျည်ဘောက် ၇) ပေါက်၊ ကာဘိုင်ကျည် ၉၀၀ တောင့်၊ Greener ကျည် ၂၀၀ တောင့်၊ MA ကျည် ၁၅၀ တောင့်၊ အီနာဂါဗုံးသီး ၅ လုံး သိမ်းဆည်း ရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။


“ကပစ ၂၃ တပ်နဲ့ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူလာတာမျိုးမရှိတော့ မရှိဘူး။ တပ်ထဲကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တာကတော့ နေ့တိုင်းနီးပါးပဲ၊ အခု(စက်တင်ဘာလ ၂၀ ရက်) ညလည်း လက်နက်ကြီးတွေနဲ့ရမ်းပစ်နေတယ်၊ လက်နက်ငယ်တွေလည်း ပစ် တယ်၊ ဟိုနေ့က ဖြစ်တဲ့ ကန့်သက်ဆိုရင် လမ်းလေးပဲခြားတာ၊ စစ်ကူမလာဘူး၊ သူတို့က လက်နက် ချင်း ဆိုရင် ကြောက်နေတာ၊ လက်နက်မရှိတဲ့ပြည်သူတွေဆိုရင်သာ အနိုင်ကျင့်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ နှင့်နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

Wednesday 20 September 2023

ဆွမ်ပရာဘွမ်မြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ ၁၀ ဦးခန့် သေဆုံးပြီး KIA နှစ်ဦးကျဆုံးဟုဆို


 ဆွမ်ပရာဘွမ်မြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ ၁၀ ဦးခန့် သေဆုံးပြီး KIA နှစ်ဦးကျဆုံးဟုဆို 


ဆွမ်ပရာဘွမ် - စက်တင်ဘာ ၂၀၊ ၂၀၂၃။


ကချင်လွတ်မြောက်ရေးတပ် KIA ပူးပေါင်းတပ်က ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ရှိ ဒရူခကျေးရွာတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


မြစ်ကြီးနား - ဆွမ်ပရာဘွမ်လမ်းမဘေးရှိ ဒရူခတံတားတွင် တပ်စွဲထားသော အင်အား သုံးဆယ်ခန့်ရှိသော စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တို့က ယနေ့ နံနက် ၇ နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ပြီးနောက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။ 


“2 IC စစ်ကြောင်း(နှစ်) ထိုင်တာဆိုတော့ လူအင်အားလည်းများတယ်။ လူအင်အားလည်း အရမ်းကောင်းတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ရော ငါးနာရီလောက်တိုက်လိုက်ရတယ်။ လက်နက်ကြီးလည်း အများကြီးသိမ်းလိုက်တယ်။ သူတို့(စစ်ကောင်စီ) အထိခိုက်တော့ တော်တော်များတယ်”ဟုဆိုသည်။ 


စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သူကဆိုသည်။ 


စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး တပ်စခန်းကို သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူ အမျိုးသားတစ်ဦးကဆက်ပြောသည်။ 


"အရှင်တစ်ယောက်ဖမ်းမိတယ်။ လေယာဉ်နှစ်စီးတော့ လာတယ် ရာသီဥတုမကောင်းလို့ မိုးအရမ်းရွာနေလို့ ဗုံးမကြဲခဲ့ဘူး"ဟုဆိုသည်။ 


စခန်းသိမ်းတိုက်ပွဲအတွင်း KIA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးကြောင်း ကနဦးသိရပြီး အတည်ပြုနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးပတ်ဝန်းကျင်၊ မြစ်ကြီးနား - ဗန်းမော်ကားလမ်းတစ်လျှောက်နှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေသည်။ 


သတင်း - HN၊ Dureng

ပုံ - KIA တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ Federal Wings က KNU တပ်မဟာ ၁ နယ်မြေအထိ တိုးချဲ့ပြီး စတင်တိုက်ပွဲဝင်နေ


 KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ Federal Wings က KNU တပ်မဟာ ၁ နယ်မြေအထိ တိုးချဲ့ပြီး စတင်တိုက်ပွဲဝင်နေ


ရန်ကုန်၊ စက်တင်ဘာ ၂၀ 


ကရင်ပြည်နယ်၊ KNU တပ်မဟာ ၁ နယ်မြေရှိ စစ်ကောင်စ်ီ လက်အောက်ခံ BGF စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း Federal Wings တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 


စက်တင်ဘာလ ၁၃ ရက်နေ့တွင် Federal Wings ဒရုန်းတပ်ဖွဲ့က KNU/ KNLA တပ်မဟာ(၁) တပ်မဟာဒရုန်းတပ်ဖွဲ့နှင့် အတူပူးပေါင်းပြီး သထုံခရိုင်၊ တပ်ရင်း(၃) နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ BGF နတ်ကြီး စခန်းကို ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု များ အတွင်း စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။ 


စစ်ဆင်ရေးတွင် KNU/KNLA တပ်ဖွဲ့ဝင်များနှင့် Federal Wings တပ်ဖွဲ့ဝင် များအားလုံး ဘေးရန်ကင်းရှင်းကြောင်း၊ Federal Wings တပ်ဖွဲ့သည် တပ်မဟာ ၆ နယ်မြေတွင် အခြေစိုက် စတင်ခဲ့သော်လည်း ယခုအခါ KNU တပ်မဟာ ၁ အထိ ဖြန့်ကျက်တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရှိရသည်။ 


ယခုစက်တင်ဘာလ ၃ ရက်နေ့တွင် မြ၀တီမြို့ပေါ်ရှိ စစ်ကောင်စီရုံးကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ စစ်တပ်နှင့်ရဲဘက်မှ အရာရှိကြီးများ၊ အုပ်ချုပ်ရေးအရာရှိများ သေ ဆုံး စေခဲ့သော တိုက်ခိုက်မှုမှာ Federal Wings တပ်ဖွဲ့က ဆောင်ရွက် ခဲ့သော မစ်ရှင်ဖြစ်ကြောင်း သိရှိရသည်။

ခမရ-၅၅၆ တပ်ရင်းက တပ်သား ၂ ဦး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံ



 ◼️ ခမရ-၅၅၆ တပ်ရင်းက တပ်သား ၂ ဦး လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံ


၂၀ စက်တင်ဘာ ||| နွေဦးအသံ ||| 


ကော့ကရိတ်မြို့နယ်၊ ဝေါ်လေအခြေစိုက် အကြမ်းဖက် စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းက တပ်သား ၂ ဦးက KNLA တပ်မဟာ (၆)၊ တပ်ရင်း (၁၀၃)၊ တပ်ခွဲ (၁) ဆီ စက်တင်ဘာ ၆ ရက်မှာ လက်နက်တွေနဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။


MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၄) ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့် နဲ့ အီကွေးမင့် (၁) စုံ ယူဆောင်လာကြတာဖြစ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်သား (၂) ဦးကို K.N.L.A က ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။


သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့

Telegram : https://t.me/VOStelegram

YouTube : https://youtube.com/c/TheVoiceOfSpringTV

ကို Subscribe လုပ်ထားနိုင်ပါတယ်။


©The Voice of Spring

#thevoiceofspring 

#WhatsHappeningInMyanmar

#RejectMilitaryCoup


✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

Tuesday 19 September 2023

အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၉) က တပ်သားတစ်ဦး 338 Sniper နဲ့ ကျည်တွေယူလာပြီး အလင်းဝင်ရောက်


 အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၉) က တပ်သားတစ်ဦး 338 Sniper နဲ့ ကျည်တွေယူလာပြီး အလင်းဝင်ရောက်

စက်တင်ဘာ ၁၉ ၊ ၂၀၂၃


အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ ၄၄  လက်အောက်ခံ ခမရ (၉) က တပ်သားစောသက်နိုင်ထွန်းက ပြည်သူ့ရင်ခွင်ကို ခိုလှုံလိုတဲ့အတွက်  338 Sniper နဲ့ ကျည်တွေယူလာပြီး တောင်ပိုင်းတိုင်း၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ PDF တပ်ရင်း ဆီကို အလင်းဝင်ရောက်လာခဲ့ပါတယ်။


338 Sniper နဲ့ ကျည် အတောင့် ၅၀ ယူဆောင်လာတဲ့ တပ်သား စောသက်နိုင်ထွန်းကို ဂုဏ်ပြဆုငွေ ဘတ် တစ်သိန်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။


လက်နက်နဲ့ အလင်းဝင်လာသူကို ကော်ဘရာစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဗိုလ်ကြီး ဒါဘောက လက်ခံကြိုဆို ခဲ့ပါတယ်။


#SpringRevolution

#PVTV

PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

မယ်စဲ့ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းမိသော စစ်တပ်၊ ရဲ မိသားစုဝင် ၉ ဦးကို နေရပ်ပြန်ခွင့်ပေး၊ အိမ်ထောင်ဦးစီး စစ်သားများနှင့်ရဲများအားလုံး သေ ဆုံး သွားခဲ့


 မယ်စဲ့ရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းမိသော စစ်တပ်၊ ရဲ မိသားစုဝင် ၉ ဦးကို နေရပ်ပြန်ခွင့်ပေး၊ အိမ်ထောင်ဦးစီး စစ်သားများနှင့်ရဲများအားလုံး သေ ဆုံး သွားခဲ့


ရန်ကုန်၊ စက်တင်ဘာ ၁၉ 


ကရင်နီ(ကယား)ပြည်နယ်၊ မယ့်စဲ့မြို့နယ်၊ မယ်စဲ့ရဲစခန်းအတွင်းမှ ထွက်ပြေး တိမ်း ရှောင်ရင်း ဖမ်းဆီးရရှိ သော အကြမ်းဖက်စစ်သား မိသားစု တစ်စုနှင့် ရဲမိသားစုဝင် ၂ စုတို့ကို နေရပ်သို့ ပြန်လည်နေထိုင်ခွင့်ပေးလိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်က သတင်းထုတ်ပြန်သည်။


ဇွန်လ ၁၆ ရက်နေ့ မယ်စဲ့ရဲစခန်း မသိမ်းပိုက်မီ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO – Local PDF) တပ်ဖွဲ့ဝင်များက မယ်စဲ့မြို့အတွင်း ကင်း လှည့် လှုပ်ရှားနေစဉ် မယ်စဲ့ရဲစခန်းအတွင်းမှ တိမ်းရှောင်ထွက်ပြေး လာသော စစ်ကောင်စီ တပ်မိသားစုနှင့် ရဲမိသားစုဝင် ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။


အဆိုပါမိသားစုဝင် ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး တစ်ပတ်ကျော်အကြာ ဇွန်လ ၂၃ ရက်နေ့တွင် မယ်စဲ့ရဲစခန်း နှင့် မယ်စဲ့ တောင်ပေါ်စစ်တပ်စခန်းကို ကယား (ကရင်နီ) ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်း ပိုက်ခဲ့ကြောင်း၊ ၎င်းတို့၏ ခင်ပွန်းများအားလုံး သေဆုံးခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်းထားသော မိသား စုဝင်များမှလည်း ၎င်းတို့ကို မယ်စဲ့စခန်းသို့ ပြန်မပို့ ရန် တောင်းဆိုလာသဖြင့် ခက်ခက်ခဲခဲခေါ်ဆောင်ကာ လုံခြုံသည့် နေရာ၌ ထိန်းသိမ်းထားရှိခဲ့ကြောင်း သိရှိရသည်။


ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလအတွင်း ၎င်းတို့အား ခြိမ်းခြောက်ခြင်း၊ ရိုက် နှက် ခြင်း၊ နှိပ်စက်ခြင်းများ လုံးဝမပြုလုပ်ဘဲ လိုအပ်သည့် အစာအစား၊ အဝတ် အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို တပ်ဖွဲ့ ဝင်များနှင့်တန်းတူ ထားရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ၎င်းတို့ က နေ ရပ် သို့ ပြန်လိုကြောင်း တင်ပြတောင်းဆိုလာသဖြင့် ၎င်းတို့၏ ဆန္ဒ အရ လမ်းစရိတ်အတွက် ငွေ ၅၀,၀၀၀ ကျပ်နှင့်အတူ လုံခြုံသည့်နေရာ တစ်ခု သို့ ကောင်းမွန်စွာ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ် - ဒီးမော့ ဆို (DMO-Local PDF)တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရေးမြို့လယ်ခေါင်တွင် သတင်းတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင်ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး၊ ပြည်သူများထံမှ ငွေညှစ်ပြီး မကြာခဏ လာယူလေ့ရှိစဉ် ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့


 ရေးမြို့လယ်ခေါင်တွင် သတင်းတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင်ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာမှ သေဆုံး၊ ပြည်သူများထံမှ ငွေညှစ်ပြီး မကြာခဏ လာယူလေ့ရှိစဉ် ရဲအုပ်မြင့်လွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့


ရန်ကုန်၊ စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးမြို့လယ်ခေါင်တွင် သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် မြင့်လွင် ကို ရေးဘီလူးတပ်ဖွဲ့က ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်၏ ပြောဆိုချက်နှင့် ရဲသတင်းရင်းမြစ်၏ ပြောဆို ချက်အရ သိရှိရသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်အချိန် မွန်ပြည် နယ်၊ ရေးမြို့လယ်ခေါင်၊ အောင်သုခရပ်ကွက်တွင် ဟွန်ဒါဖစ် ကားဖြင့် သွားလာ နေသော ရေးမြိုနယ် သတင်းရဲတပ်ဖွဲ၊ တပ်ဖွဲစု ၁၁ မှ တာဝန်ခံရဲအုပ် မြင့်လွင်ကို ရေးဘီလူးတပ်ဖွဲ့က အနီးကပ် ပစ်ခတ်ခဲ့ရာမှ ကားအတွင်း သေဆုံးသွားကြောင်း သိရှိရသည်။

"မွန်ပြည်နယ် SB ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ၃ ပွင့်ရာထူးရှိတဲ့ ရဲကို   အိမ်စီး ကားနဲ့အလာ  ရေးဘီလူးအဖွဲ့သားများက စောင့်ပစ်နိုင်ခဲ့တယ်။ M4 2 အရှည် ၂ လက်နဲ့ပစ်ခတ်ခဲ့တာပါ။ အဲဒီရဲကတော့ ကားထဲမှာပဲ ကျသွားတယ်။ အချိန်ကတော့ ၁၀ နာရီ ၄၇ လောက်ရှိမယ်။ ပြည်သူတွေရဲ့ တိုင်ကြားချက်အရ အရေးယူတာဖြစ်ပါတယ်။ မြို့ထဲမှာ ပိုက်ဆံလာလာယူတယ်။ စစ်ကောင်စီ ရဲ့ဘက်တော်သားဖြစ်တယ်။ SB သုံးပွင့်လို့ သိရတယ်" ဟု ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မွန်ပြည်နယ်ရဲသတင်းရင်းမြစ်ကမူ ပစ်ခတ်ခံရသူသည် ရေးမြို့နယ် သတင်း တပ် ဖွဲ့မှ ရဲအုပ် မြင့်လွင်ဖြစ်ကြောင်း အတည်ပြုပြောဆိုပြီး အခင်းဖြစ်သည့် နေရာတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆို သည်။

Monday 18 September 2023

မူဆယ်နှင့် မိုးကုတ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွား၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


 မူဆယ်နှင့် မိုးကုတ်တွင် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွား၊ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ


ရန်ကုန်၊ စက်တင်ဘာ ၁၈


ရှမ်းပြည်နယ် မူဆယ်မြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။


စက်တင်ဘာလ ၁၇ ရက်နေ့တွင် မူဆယ်မြို့နယ်၊ ဟိုပေါ်ရွာမှ နမ့်ကတ်ကို စစ်အင်အား ဖြည့်တင်းနေသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ ၊ခမရ - ၄၁၉ နှင့် တအာင်းတပ်မတော် - TNLA တို့ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။


တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် လွယ်ကျယ်လောက်မှ ဟိုပေါ်ကို ၁၁ ကြိမ်၊ နမ့်ကတ်အနီးကို ၁ ကြိမ်၊ ၁၀၅ မိုင်တပ်စခန်းမှ လွယ်ပက်ကို ၅ ကြိမ်၊ သိန္နီတပ်စခန်းမှ မန်မိုင်အနီးကို ၇ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် ကျဆုံးမှု များခဲ့ပြီး သေနတ် ၁ လက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။


အလားတူ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်တွင်လည်း ကုန်းစံမှ တအာင်းတပ်မတော်ရှိရာကို ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ ၊ ခမရ-၁၀၂ ၊ ၁၀၄၊ လပခ-ခလရ-၁၄၈ နှင့် တအာင်း တပ်မတော်တို့ နံနက် ၈ နာရီ ၅၀ မိနစ် မှ ၁၀ နာရီ အထိ ကုန်းစံရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၅ နာရီ ခန့်တွင် TNLA မှ အကြမ်းဖက် စစ်တပ်ကို တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ 


ထို့ပြင် မိုးကုတ်မြို့နယ်ဇ အထက် ညောင်ကုန်းကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၄၄ ၊ ခမရ-၁၀၂၊ ၁၀၄၊ လပခ-ခလရ-၁၄၈ နှင့် တအာင်းတပ်မတော်တို့ မွန်းလွဲ ၁၁ နာရီခန့်တွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲဖြစ်ပွားသည့် ကုန်းစံအနီးနှင့် အထက်ညောင်ကုန်းရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ၂ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့နှင့် ဖြူရောင်ကျေးရွာမှ တအာင်းတပ်မတော်ရှိရာ ကုန်းစံအနီးသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


အကြမ်းဖက် စစ်တပ်နှင့် တအာင်း တပ်မတော်အကြား ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလ ၁၇ ရက်နေ့အထိ တိုက်ပွဲ စုစုပေါင်း ၄၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်ရှိ ခါချဉ်တောင်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး


 မင်းလှမြို့နယ်ရှိ ခါချဉ်တောင်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး


ရန်ကုန်၊ စက်တင်ဘာ ၁၇ 


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ရှိ ခါချဉ်တောင်စခန်းကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၁၄ ရက်ည ၈ နာရီခန့်က ခါချဉ်တောင်စခန်းကို ပြန်လည်ရယူနိုင်ရန် ရှုခင်းသာဘက်မှ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ ၅ မှ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ် ကြောင်းမှ နောက်ပြန်ဆုတ်သွားခဲ့ကြောင်း၊ စက်တင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က ခါချဉ်တောင်ပေါ်သို့ ဗိုလ်ရုံဘက်မှ တိတ်တဆိတ် တက်လာသည့် အကြမ်းဖက်စစ်ကြောင်းကို ထပ်မံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ ထပ်မံဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။


အလားတူ စက်တင်ဘာလ ၁၆ ရက် နေ့လည် ၁၁ နာရီခန့်တွင် ခါချဉ်တောင်စခန်းအား သိမ်းပိုက်နိုင်ရန် အင်အား ၆၀ ခန့်ပါ ဖောကား ၂ စီးဖြင့်ထပ်မံ တက်လာရာ ပြည်သူ့ကာကွယ်ရေး ကင်းထောက်အဖွဲ့မှ ဥတစ်လုံးတောင်ပေါ်မှ နေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကြောင်းမှ ၈၀ မမများ၊ စက် လက်၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ပြီးခါချဉ်တောင်ပေါ်သို့ ဆက်တက်လာခဲ့ရာ ရှေ့ဆုံးကား ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကားမောင်းသူအပါအဝင် ကားပေါ် လိုက်ပါလာသူ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးအများအပြားဒဏ်ရာရရှိကာ ကားမှာလည်း ရပ်တန့် ပျက်စီးခဲ့သည်ဟု ဆိုသည်။


စစ်သားများ လိုက်ပါလာသော ဖောကားပေါ်မှ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင် များမှ ကားအနီးသို့ ချဉ်းကပ်စဉ် နောက်မှ လိုက်ပါလာသည့် ဖောကားမှ အနီးသို့ ရောက်ရှိလာပြီး ၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကားအနီးမှ ပြန်လည် ဆုတ်ခွာခဲ့ရပြီး အပြန်အလှန်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၁ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။


ထိုသို့ တိုက်ပွဲပြင်းထန်နေစဉ် အကြမ်းဖက်စစ်တပ်မှ စစ်ကူအင်အားများ ရောက်ရှိလာသည့်အပြင် လက် နက်ခဲယမ်း လိုအပ်ချက်ရှိလာဖြင့် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ဝင်များမှ ပြန်လည် ဆုတ်ခွာခဲ့ရပြီး ရဲဘော် များအားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်သား ၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး ဆေးရုံ၌ ၃ ဦးထပ်မံသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်းမှ ထုတ်ပြန်ထားသည်။


" ခါချဥ်တောင်စခန်းကို ကျွန်တော်တို့တွေ ဆက်လက်ထိန်းထားဆဲပါ။ တိုက်ပွဲတွေအတွင်း စစ်ခွေး ၈ ကောင်သေတာ အလောင်းတွေကားပေါ်မှာ ပုံနေတာ video ရိုက်တဲ့ ရဲဘော်ဖုန်းက တပ်ဆုတ်တော့ ချောင်းဖြတ်ကူးတော့ ရေနစ်ပြီး ပျက်ဆီးသွားလို့ အဲ့စစ်ခွေး အလောင်းတွေကို ပြည်သူတွေကို ချပြချင်တာ တော်လှန်ရေးဟာ ဘယ်လောက်ထိ အောမြင်လာလဲဆိုတာ သိစေချင်တယ်။ လက်နက်ခဲယမ်း မပြည့်စုံတဲ့ကြားက အကြမ်းဖက် စစ်တပ်ကို ကျွန်တော်တို့ ရဲဘော်တွေ အသက်တွေ ရင်းပြီး တိုက်နေပါတယ်။ ပြည်သူများ ပံ့ပိုးပေးကြဖို့ အကူအညီတောင်းခံအပ်ပါတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုက ပြောဆိုသည်။

Sunday 17 September 2023

တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ မှ တပ်သား ၁ ဦး လက်နက်နှင့်တကွ အလင်းဝင်



 တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ မှ တပ်သား ၁ ဦး လက်နက်နှင့်တကွ အလင်းဝင် 


ရန်ကုန်၊ စက်တင်ဘာ ၁၇ 


တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ၊ ညောင်ပင်ကွင်းရွာအခြေစိုက် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ စစ်သားတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက် နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့်ဆက်သွယ်လာပြီး လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း သိရှိရသည်။ 


ခမရ ၅၆၁ မှ တပ်သား အောင်ဇော်မင်းသည် MA-3 ၁ လက်၊ ကျည်တောင့် ၃၀ ပါ ကျည်ဘောက် ၃ ခု၊ ၅.၅၆ ကျည် ၁၀၀ ဖြင့် တပ်မှ ထွက်ပြေးလွတ်မြောက် လာခဲ့ပြီး တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခို လှုံခဲ့ ခြင်း ဖြစ်ကြောင်း၊ လာရောက်အပ်နှံသည့် လက်နက်ခဲယမ်းများကို တနင်္သာရီ တိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံမှ စနစ်တကျ လွှဲ ပြောင်း လက်ခံခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 


တနင်္သာရီမြို့နယ်အတွင်း CDM ဝင်ရောက်လာသည့် စစ်သား ၃၅ ဦး နှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး စုစုပေါင်း ၈၄ ဦးရှိပြီး ပြည်တွင်း နှင့် ပြည်ပရှိ ဘေး ကင်းလုံ ခြုံရာတွင် ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

Saturday 16 September 2023

ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ကင်းပုန်းနေရာများကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ


 ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ကင်းပုန်းနေရာများကို ဝင်ရောက်ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၆ 


စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်တပ်ကင်းပုန်းနေရာများကို ယနေ့ နံနက် ပိုင်း ဝင်ရောက်ပစ်ခတ်ရာ စစ်သား ၇ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်း ရရှိကြောင်း ဘုတလင်ဒေသကာကွယ်ရေးတပ်ခေါင်းဆောင်များက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။ 


စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ ပေါ် မိုးကျူရှင်အနီး ညပိုင်းကင်းပုန်းဝပ်လေ့ရှိသည့် စစ်တပ်ကို ပြည်သူ့ ကာ ကွယ် ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၇ ဦးသေဆုံးပြီး လက်နက်တချို့သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ 


"သူတို့ကင်းပုန်းဝတ်လေ့ ရှိတဲ့နေရာကို အရင်ကြိုစောင့်ပြီး အပိုင် ပစ်ခတ် နိုင်ခဲ့တာပါ။ ကျနော်တို့ ဖရဲသီးဆီကပြန်စုံစမ်းရမိထားတာက ရဲ ၂ ကောင်၊‌ စစ်ခွေး ၄ ကောင်၊ပျူစောထီး ၁ကောင် ကတော့ နေရာတင်သေတယ်။ ကျန်ခွေး ၃ ကောင် ကတော့ ဘုတလင်ဆေးရုံမှာပြင်းထန်ဒဏ်ရာနဲ့ဆေးကုနေတယ်။ သေဖို့ များမယ်။ ကျနော်တို့ဘက်ကတော့ ပစ်ပြီး ဆုတ်ခွာခဲ့တာဆိုတော့ တစ် ဦး တစ်ယောက်မှ အထိခိုက်မရှိခဲ့ဘူး။ ခွေးတွေဆီက G3 တစ်လက်ရယ်၊ 74 တစ်လက်ရယ်၊ ကျည်ဘောက်တွေရယ် ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိတယ်"ဟု ဘုတလင်ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကပြောဆိုသည် 


ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်များကို မြေပြင်တိုက်ခိုက်မှုများအပြင် ဝေဟင်မှ လည်း ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယခုစစ်ဆင်ရေးကို ဘုတလင် မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်အင်အားစု နှင့် FRFအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ဘုတလင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

Friday 15 September 2023

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ရေတလျောက်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သား ၉ ဦးသေဆုံး၊ သေနတ် ၁၂ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ


 ထိုင်း-မြန်မာနယ်စပ်ရှိ စစ်တပ်၏ ရေတလျောက်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး စစ်သား ၉ ဦးသေဆုံး၊ သေနတ် ၁၂ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ  ပိုင်ကလန်ကျေးရွာအနီးရှိ ရေတလျောက် အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး အခြား စစ် သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် သေနတ် ၁၂ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ ကြောင်း KNU ဗဟိုမှ ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၅၅ မိနစ်မှ စတင်ပြီး ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ် ပိုင်ကလန်ကျေးရွာ အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရေတလျောက်စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ နံနက် ၈ နာရီ မိနစ် ၂၀ တွင် စခန်းသိမ်းပိုက်ရရှိပြီး အကြမ်းဖက်စစ်သား ၉ ဦးသေဆုံး ကာ အခြားစစ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ အကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲမှ MA-1  သေနတ် ၁ လက်၊ MA-2  သေနတ် ၂ လက်၊ MA-3 သေနတ် ၁ လက်၊ MA-4 ပူးတွဲ သေနတ် ၂ လက်၊ RPG-7 သေနတ် ၁ လက်၊ 60 mm ပြောင်းတို သေနတ် ၂  လက်၊ ပစ္စတို သေနတ် ၂ လက်နှင့် ငါးကြင်းမြီး စက်လက် သေနတ် ၁ လက်တို့ အပြင် RPG-7 ကျည်  အလုံဂ ၇၀ ၊ 81mm ကျည် အလုံး ၄၀ ၊ 60mm ကျည် အလုံး ၁၁၀ ၊ M-79 ကျည် အလုံး ၄၀ ၊ 5.56 ကျည် အတောင့် ၂၈၀၀ ၊ 7.62 ကျည် အတောင့် ၈၀၀ ၊ တိုက်မိုင်း အလုံး ၂၀ ၊ နင်းမိုင်း ၂၃ လုံး၊ ရှေ့ထွက်မိုင်း ၃ လုံး၊ ဆက် သွယ်ရေးစက်ကြီး ၁ လုံး၊ မြေပုံ စာရွက် ၁  ရွက်၊ လက်ပစ်ဗုံး အလုံး ၂၀ နှင့် Compass  ၂ လုံးတို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA - ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၈ နှင့် တော် လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် တစ်ဦး ကျဆုံးကာ ၃ ဦး ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

KNU - အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆ အတွင်း၌ တည်ရှိသော အာဏာသိမ်း စစ် ကောင်စီတပ်စခန်းများနှင့် နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကြောင်းတို့ကို KNLA - တော် လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက နေ့စဉ်နှင့် အမျှ စီးနင်းတိုက်ခိုက်မှု၊ ပြောက်ကျား ပစ်ခတ်မှု၊ ကြားဖြတ် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များမှာလည်း စိတ်ဓာတ် ပိုင်းဆိုင်ရာများ ကျဆင်းလျက်ရှိကြောင်း၊ အာဏာဖြင့် အကြမ်းဖက်အုပ်ချုပ်နေသော စစ်တပ်ကို စွန့်ခွာ ပြီး KNU ထံ လာရောက်ပူးပေါင်းသူ အများအပြားရှိကြောင်း သိရသည်။

ဖရူဆိုမြို့နယ်၊ မာခရော်ရှေးရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် အများ အပြား သေဆုံးပြီး လက်နက် ၂၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


 ဖရူဆိုမြို့နယ်၊ မာခရော်ရှေးရွာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် အများ အပြား သေဆုံးပြီး လက်နက် ၂၀ ကျော်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၅ 


ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မာခရော်ရှေးကျေးရွာ တိုက်ပွဲတွင် စစ်တပ် ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သားအများအပြား သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


စက်တင်ဘာလ ၁၁ ရက်နေ့ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်မှ တဆင့် ဖရူဆိုမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း ကို ဖရူဆိုမြို့နယ်တောင် ဘက် မာခရော်ရှေးကျေးရွာအနီး၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ၁ ဦး အပါ အဝင် အများအပြားသေဆုံးပြီး လက်နက် ၂၀ နီးပါးနှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


“လွိုင်ကော်၊ ငွေတောင်၊ ဒီမော့ဆိုးကနေမှ ဖရူဆိုကို သွားမယ်၊ ဖရူဆိုကို သွားပြီးတော့မှ နမ်းဖဲ၊ နမ့်ဖဲ ကနေ ဘော်လခဲ ဖားဆောင်းဘက်ကို ပေါ့နော်၊ အခုဖြစ်တဲ့နေရာက ဖရူဆိုရဲ့တောင်ဘက်၊ မာခရော်ရှေး အောက်နားမှာဖြစ်တာ၊ လက်နက်က အလက် ၁၀ ကျော် ၂၀ နီးပါးလောက်ရပါတယ်၊ ကျဆုံးမှုကတော့ တော်တော်များမယ်၊ ဘက်တံဆိပ်ရထားတယ်၊ တပ်ရင်းမှူးလည်း ပါတယ်၊ ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန် ခေတ် သစ်သတင်း ဌာနထံသို့ ပြောကြားသည်။


ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး ထိခိုက် သေဆုံးမှုများပြားနေသဖြင့် ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းမှ အကြိမ် ၄၀၀ ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည့်အပြင် ၁၂၀ မမ လက်နက် ကြီးများဖြင့်လည်း နေစဉ့်နှင့်အမျှ ပစ်ခတ်တိုက်ခိုက် နေကြောင်း သိရသည်။


 “လက်နက်ကြီးကတော့ တောက်လျှောက်ပစ်နေတာပဲ၊ အမြောက်တပ်တွေ ၁၂၀ မမကတော့ အမြဲတမ်း ပဲ သုံးနေတယ်၊ ဟိုး ၂၀၂၂ ကတည်းကပေါ့၊ အခု ၂၀၂၃ ခုနှစ် စကတည်းက ဒီလအထိ ကျနော်တို့ ကရင်နီ ပြည်နယ်ထဲကို လေယာဉ်နဲ့ ကျဲချတာက အကြိမ်ပေါင်း ၄၀၀ ရှိပြီ”ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။


ဓာတ်ပုံ- ဖရူဆို တိုက်ပွဲတွင် သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းများ နှင့် တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး၏ ဘက်တံဆိပ်။

#crd

Thursday 14 September 2023

နိုင်ငံတကာ လျစ်လျှူရှုထား၍မရတော့သည့် နွေဦး၏ စစ်ရေးအောင်ပွဲ


 နိုင်ငံတကာ လျစ်လျှူရှုထား၍မရတော့သည့် နွေဦး၏ စစ်ရေးအောင်ပွဲ


ပြည်သူ့ခုခံတော်လှန်စစ် စတင်သည့် ၂၀၂၁ ခုနစ်နှင့် ၂၀၂၂ ခုနစ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ရေးစွမ်းရည်အပေါ် နိုင်ငံတကာသုတေသနအဖွဲ့အစည်း၊ Think Tank များနှင့် မီဒီယာများသည် သံသယဖြင့် ရေးသားမှုများရှိခဲ့သော်လည်း ၂၀၂၃ ခုနစ်အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ စစ်ရေးအောင်ပွဲများအကြောင်းကို ပိုမိုဖော်ပြလာသလို PDF များ၏ စစ်ရေးစွမ်းဆောင်ရည်တိုးတက်မှုများ၊ စစ်ကောင်စီ၏ ကျရှုံးမှုများကို သုံးသပ်ရေးသားလာသည်ကို တွေ့ရှိလာရသည်။ 


ထိုကဲ့သို့ ပြောင်းလဲလာပုံအသေးစိတ်ကို 

၁) PDF အပေါ် နိုင်ငံတကာ၏ ရေးသားချက်ပြောင်းလဲလာမှု

၂) PDF စစ်ရေးကို သံသယဖြင့် ဖော်ပြခဲ့သည့် ၂၀၂၁-၂၀၂၂ 

၃) PDF စစ်ရေး အောင်ပွဲများကို ဖော်ပြလာသည့် ၂၀၂၃ 

၄) သုံးသပ်ချက် 

အစရှိတဲ့ ခေါင်းစဉ်ခွဲ မာတိကာ ၄ ခုဖြင့် PDF Insight မှ သုံးသပ်စာတမ်းပြုစုထားပါသည်။ 


စာတမ်းကို အောက်ပါ Link မှ တဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။ 

https://www.filesharesite.com/files/202309/16946952389D38039203B433A002F1FBE15D12290C.html


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

KNLA တပ်မဟာ(၃)ထံ လက်နက်နဲ့အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ဦးကို ကျပ်သိန်း ၄၀စီပေးအပ်ခဲ့



 KNLA တပ်မဟာ(၃)ထံ လက်နက်နဲ့အလင်းဝင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား ၂ဦးကို ကျပ်သိန်း ၄၀စီပေးအပ်ခဲ့

စက်တင်ဘာ ၁၄ ၊ ၂၀၂၃

 

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထံကို အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ဦး လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။


KNU ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ (၃) ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းရှိ သံဆိပ်စခန်းမှာနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ−၃၅၀ က တပ်သား မောင်ဒဿ နဲ့ မောင်ဖြိုးကိုကိုတို့ဟာ စက်တင်ဘာ ၁၁ရက်မှာ လက်နက်ချ အလင်းဝင်လာတာဖြစ်ပါတယ်။


အဲဒီ တပ်သား ၂ဦးဟာ MA1တစ်လက်၊ MA2တစ်လက် နဲ့ ကျည်ဆံတွေ ယူဆောင်လာတာကြောင့် တစ်ဦးကို ကျပ်သိန်း ၄၀ စီပေးအပ်ခဲ့ကြောင်း KNUက အသိပေးထုတ်ပြန်ထားပါတယ်။


KNU လက်အောက်ခံတပ်တွေဆီကို အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ လက်နက်နဲ့အလင်းဝင်တာတွေ အရင်ကလည်းရှိခဲ့ပြီး အခုလပိုင်းတွေအတွင်းမှာလည်းလက်နက်ချ အလင်းဝင်တာတွေ မကြာခဏ ရှိနေပါတယ်။


စက်တင်ဘာ ၄ရက်က KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေမှာ ခလရ(၃၂) ရဲ့ တပ်သား တစ်ဦး လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ပေးအပ်ထောက်ပံ့ခဲ့သလို ဩဂုတ် ၁၇ရက် ကလည်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)မှ တပ်သားတစ်ဦး လက်နက်နဲ့ အလင်းဝင်လာလို့ ကော်ဘရာ စစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ထိုင်းဘတ်ငွေ ငါးသောင်း ပေးအပ်ခဲ့ပါတယ်။ ဩဂုတ် ၈ရက်ကလည်း အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၁၁၈) တပ်မှ ဒုတပ်ကြပ် တစ်ဦးနဲ့ တပ်သား ၁ဦးတို့က လက်နက်နဲ့ အလင်းဝင်လာလို့ ဗိုလ်ဒါဘောက တစ်ဦးကို ထိုင်းဘတ်ငွေ ငါးသောင်းစီ ပေးအပ်ခဲ့ပါတယ်။


#SpringRevolution

#PVTV

PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။

ပင်လောင်းမှာ PNO ခေါင်းဆောင် (၂) ဦးရဲ့ နေအိမ်တွေကို PDF ဝင်ရောက်စီးနင်း


 ပင်လောင်းမှာ PNO ခေါင်းဆောင် (၂) ဦးရဲ့ နေအိမ်တွေကို PDF ဝင်ရောက်စီးနင်း


ပင်လောင်း - စက်တင်ဘာ(၁၃)


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်မြို့နယ်မှာရှိတဲ့ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) တိုက် နယ်ခေါင်းဆောင်နဲ့ နယ်မြေခံ ခေါင်းဆောင်တို့ရဲ့ နေအိမ်တွေကို ဖယ်ခုံ PDF ကဝင်ရောက် စီးနင်းခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 


ပြီးခဲ့တဲ့ ဩဂုတ်လ(၂၀) ရက်နေ့က ပင်လောင်းမြို့နယ် နန့်ဖာမူရွာက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO တိုက်နယ်ခေါင်းဆောင် ခွန်မောင်ဝင်းရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့ပေမယ့် ခွန်မောင်ဝင်းဟာ အစည်းအဝေးသွားရောက်နေတာကြောင့် လူကိုတော့ ဖမ်းဆီးရမိခဲ့တာမရှိဘူးလို့ သိရပါတယ်။


ခွန်မောင်ဝင်းရဲ့နေအိမ်က ပအိုဝ်းဒေသခံတွေဆီက လက်နက်ဝယ်ဖို့ကောက်ယူထားတဲ့ ငွေကျပ် သိန်း(၉၀)အပြင် ကျည်ဆံ(၄၀၀) ကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် ဩဂုတ်လ(၂၈) ရက်နေ့ ညပိုင်းမှာ ပင်လောင်းမြို့နယ် နန့်တုတ်ကျေးရွာနေ PNO နယ်မြေခံ ခေါင်းဆောင် အယ်ဝေးရဲ့ နေအိမ်ကို ထပ်မံစီးနင်းချိန်မှာတော့ ပြန်လည်ခုခံခဲ့တာ ကြောင့် ပစ်ခတ်မှုဖြစ်ပေါ်ခဲ့ပြီး အယ်ဝေး ဆိုသူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


နယ်မြေခံ ခေါင်းဆောင်အယ်ဝေးဆိုသူရဲ့ နေအိမ်ကနေ ပစ္စတိုတစ်လက်၊ 9-MM ကျည်အနည်း ငယ်နဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ လက်ပစ်ဗုံးတစ်လုံးပါ သိမ်းဆည်းရမိခဲ့တယ် လို့ ဖယ်ခုံ PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်(PNO) နဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ ဖယ်ခုံ - PDF အဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဟာ ၁၉၉၁ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက် ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ် အသွင် ပြောင်းထားပြီး မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ PNO အဖွဲ့ခေါင်း ဆောင် ဦးအောင်ခမ်းထီးနဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကြာခဏ သွားရောက်တွေ့ဆုံနေတာဖြစ်ပါတယ်။ 


ဒါ့အပြင် ရှမ်း-ကယားနယ်စပ်တိုက်ပွဲတွေမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဟာ စစ်ကောင်စီ ဘက်က ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က စွပ်စွဲ ထားပါတယ်။ 


သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - ဖယ်ခုံ- PDF

Wednesday 13 September 2023

ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသော ကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်


 ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသော ကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်


ရန်ကုန်၊ စက်တင်ဘာ ၁၃


ပဲခူးတိုင်း၊ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ကနဦး ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 


စက်တင်ဘာလ ၅ ရက်နေ့တွင် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့မ ရဲစခန်းမှ ရဲတပ်သား သည် လက်နက် ခဲယမ်းများနှင့်တကွ သာယာဝတီခရိုင်တပ်ရင်း ၊ တပ်ရင်းအမှတ် -၃၈၀၁ ၊ တပ်ခွဲ-၁ YOMA GBK ထံ CDM ဝင်ရောက်လာသော ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး ဂုဏ်ပြုချီးမြင့်ငွေကျပ် သိန်း ၃၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။


" ဇီးကုန်းက စစ်တပ် ထောက်ခံတဲ့ ကောင်တွေပေါက်ကွဲနေတယ်။ ဆိုင်ကယ် တော့ ဖမ်းပြီး ကိုယ့်ရဲစခန်းက ရဲပြေးတာကြတော့ မဖမ်းနိုင်လို့တဲ့ ပေါက်ကွဲ နေတယ်" ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


ရဲတပ်သား သည် BA-64 စက်ကလေး G4 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံများနှင့် တကွ CDM ပြုလုပ်ခဲ့ကြောင်း၊ အမှန်တရားဘက်မှ ရပ်တည် ၍ CDM ပြုလုပ်လာမည့် ရဲဘော်များကို အချိန်မနှောင်းမီ CDM ပြုလုပ် ကြပါရန် တိုက်တွန်းနှိုးဆော်လိုကြောင်း သာယာဝတီ ခရိုင် PDF က ထုတ်ပြန် ထားသည်။

တကောင်း-မန္တလေး-မြစ်ကြီးနားလမ်းဆုံရှိ ရဲကင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ တစ်ဦးသေဆုံး သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ


 တကောင်း-မန္တလေး-မြစ်ကြီးနားလမ်းဆုံရှိ ရဲကင်းဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှု ရဲ တစ်ဦးသေဆုံး သေနတ်တစ်လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိ


ရန်ကုန်၊ စက်တင်ဘာ ၁၃


မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီး တကောင်း-မန္တလေး- မြစ်ကြီးနားလမ်းဆုံရှိ ရဲကင်းဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး သေဆုံးပြီး သေနတ်တစ်လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသကာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။


စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန် တကောင်းမြို့နှင့် ၃ မိုင်ခန့်အကွာရှိ တကောင်း-မန္တလေး-မြစ်ကြီးလမ်းဆုံတွင် ဂိတ်ချပြီး လာသမျှ ကားများထံမှ ပိုက်ဆံတောင်း ဆက်ကြေးကောက်နေသော တ ကောင်းမြို့မ ရဲစခန်း မှ ရဲ ၅ ဦးကို ဝင်ရောက်တိုက်ခိုက်ရန် ချောင်းမြောင်းနေခဲ့ကြောင်း၊ ထိုအချိန် အသက် ၂၇ နှစ် အရွယ်ရှိ ရဲတပ်သား ဇော်ဇော်အောင်(ခ) ဖိုးထော်က ဆိုင်ကယ်ဖြင့် ထွက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အဆိုပါရဲမှာ နေရာတွင် ပင်သေဆုံးသွားပြီး သေနတ်တစ်လက်၊ ကျည်ဘောက်တစ်ခု၊ ကျည် ၂၅ တောင့် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။


“သူတို့ တိုက်ခိုက်ဖို့ မနက်အစောပိုင်းကတည်းက စောင့်နေတာ၊ သူတို့ ဂိတ်ထဲ၊ ဘန်ကာထဲမနေရဲဘူး၊ ပြည်သူဆိုင်ထဲမှာပဲနေတာ၊ ပြည်သူနဲ့ရောပြီးနေတာ၊ ဝင်တိုက်လို့ခံရရင် ပြည်သူပါထိအောင်လို့၊ လာသမျှ ကုန်ကား၊ ဆီဘောက်ဆာ၊လိုင်းကားတွေဆီက ပိုက်ဆံတောင်းတယ်၊ ကင်းတဲက အစပိုင်းမှာ အဖြစ်ပဲ ဆောက်ထားတာ၊ တစ်ခါပစ်ဖူးသေးတယ်၊ အဲလိုပစ်လိုက်တော့ ဘန်ကာ တွေဘာတွေဆောက်တယ်၊ သေတဲ့သူက ဂိတ်ထဲကနေ အရင်ထွက်ခဲ့တာ၊ ထွက်ခဲ့တော့ သူ့ကို အရင်ပစ်ပြီးတော့ လက်နက်ကောက် ပြီး ပြန်ဆုတ် လာခဲ့လိုက်တာ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။


ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အခြားသော ရဲတပ်ဖွဲ့၀င်များမှာ ထွက်ပြေး သွားကြပြီး တ ကောင်း မြို့တွင်းရှိ အ ကြမ်းဖက်စစ်တပ်က ညနေပိုင်းအထိ မြို့အဝင် အထွက် တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ကြောင်း သိရသည်။

Monday 11 September 2023

လက်နက်ဂိုဒေါင်လိုက် သိမ်းစည်းရရှိခြင်း



 လက်နက်ဂိုဒေါင်လိုက် သိမ်းစည်းရရှိခြင်း

—————————————————————

 

ဒီရက်ပိုင်းမှာ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ဂိုဒေါင်တွေ၊ ခဲယမ်းပို့ စစ်ကြောင်းတွေကို ‌တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်နိုင်တာတွေ၊ လက်နက်ခဲယမ်း အများအပြား သိမ်းပိုက် ရရှိတဲ့ တိုက်ပွဲတွေ ကို အများအပြား တွေ့ရှိလာရပါတယ်။


🔺 အသိသာဆုံးကတော့ ထိုင်း-မြန်မာ နယ်စပ် ကရင်နီ ပြည်နယ် မှာ ခမရ (၅၁၉)၊ ခမရ (၃၃၄) ခဲယမ်းပို့ ရိက္ခာ စစ်ကြောင်းကို ကရင်နီ တပ်မတော်က တိုက်ခိုက်ပြီး ငါးကြင်းမြီး စက်သေနတ် (၁) လက်၊ မော်တာ (၄) လက်၊ လက်နက်ငယ် (၁၆) လက်၊ ကျည်မျိုးစုံ ၁၂ ၀၀၀ ကျော် သိမ်းစည်းရရှိမှု ဖြစ်စဥ် ဖြစ်ပါတယ်။ 


🔺 နောက်ထပ် ထူးခြား ဖြစ်စဥ်ကတော့ ချင်း ပြည်နယ် ဖလမ်း မြို့မှာရှိတဲ့ ခလရ (၂၆၈) တပ်ရင်း ဌာနချုပ်ကို ချင်း အမျိုးသား တပ်မတာ် နဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ခိုက်မှု အတွင်း လက်နက် တိုက်ထိ ဝင်ရောက်ခဲ့ကာ လေယာဥ်ပစ် ပွိုင့်-၅ စက်သေနက်ကြီး နဲ့ ကျည်များ၊ ငါးကြင်းမြီး စက်သေနတ် (၁) လက်၊ မော်တာ (၃) လက်၊ အာပီဂျီ (၂) လက်၊ လက်နက်ငယ် (၂) လက်တို့ သိမ်းယူနိုင်ခဲ့ပါတယ်။ 


🔺 အလားတူ ကရင်နီ ပြည်နယ်မှာဆိုရင်လဲ စစ်ကောင်စီရဲ့ ၁၂၀ မမ မော်တာ တွေ၊ ၁၂၀ မမ မော်တာ ကျည်တွေကိုပါ ကရင်နီ တပ်မတော် နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေ သိမ်းယူနိုင်ခဲ့ပါတယ်။ 


🔺 မြဝတီ လက်ခတ်တောင် တိုက်ပွဲမှာ မော်တာ (၁) လက်၊ လက်နက်ငယ် (၁၂) လက်၊ ကျည်မျိုးစုံ (၇ ၀၀၀) ကျော် သိမ်းယူရရှိထားပါတယ်။ 


🔺 ယင်းမာပင် တာဝါတိုင် ကုန်းတိုက်ပွဲမှာ လက်နက်ငယ် (၁၅) လက်၊ ကျည်မျိုးစုံ (၉ ၀၀၀) ကျော် သိမ်းယူနိုင်ခဲ့ပါတယ်။ 


🔺ကျောက်တံခါး မြို့နယ် သမင်အင်းကုန်းတိုက်ပွဲမှာ လက်နက်ငယ် (၁၁) လက် နဲ့ စက်သေနက် (၁) လက် သိမ်းယူနိုင်ခဲ့သလို နံဇ တိုက်ပွဲမှာ လက်နက်ငယ် (၆) လက် ကို သိမ်းယူနိုင်ခဲ့ပါတယ်။


🔺 ရှမ်းမြောက် မူဆယ် မြို့နယ် ဆယ်လန့် ကျေးရွာ ဘက်မှာလည်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က စက်သေနက် (၁) လက်၊ လက်နက်ငယ် (၃) လက်၊ ကျည် (၅၀၀၀) သိမ်းယူနိုင်ခဲ့ပါတယ်။ 


🔺 နောက် ညောင်ပင်ကြီး စခန်းသိမ်းတိုက်ပွဲ၊ ဖားဆောင်း-ဒီမော့ဆို တိုက်ပွဲ၊ နေပြည်တော် ဘိုမသံတောင် တိုက်ပွဲ များမှာလည်း လက်နက်များစွာ သိမ်းယူရရှိခဲ့ပါတယ်။  


အထက်ပါ ဖြစ်စဥ်များ အတွင်း လက်နက်ငယ် (၈၀) နီးပါး၊ စက်သေနက် (၅) လက်၊ ကျည်မျိုးစုံ (၃၃ ၀၀၀) ကျော်၊ ၁၂၀ မမ မော်တာ အပါအဝင် မော်တာ မျိုးစုံ၊ လက်နက်ကြီးခဲယမ်း မျိုးစုံ ကို သိမ်းယူရရှိခဲ့ပါတယ်။


လက်နက်တပ်ဆင်ရေးနဲ့ ပတ်သတ်ပြီး အဓိက ရင်းမြစ် (၃) ခု ရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးက ပြောကြားထားပါတယ်။ လက်နက်ဝယ်ယူမှု၊ ကိုယ်တိုင် လက်နက်ထုတ်လုပ်မှု နဲ့ ရန်သူ့ လက်နက် သိမ်းစည်း ရရှိမှု ဆိုတဲ့ ရင်းမြစ် (၃) ခု ပါ။ အထက်ဖော်ပြပါ လက်နက် အမြောက်အမြား သိမ်းစည်းမှု ဖြစ်စဥ် တချို့မှာတင် လက်နက်ငယ် (၈၀) နီးပါး နဲ့ ကျည်မျိုးစုံ (၃၀ ၀၀၀) ကျော် သိမ်းယူနိုင်ခဲ့ပါတယ်။ မော်တာတွေ၊ စက်သေနက်တွေ၊ ဆက်သွယ်ရေး စက်တွေ၊ မိုင်းတွေ ပါဝင်ပါတယ်။ အဆိုပါ လက်နက်ပမာဏ က မြို့နယ် (၂) မြို့နယ်မှာ ပြောက်ကျား စစ်ရေး လှုပ်ရှားမှုတွေ ဖော်ဆောင်ဖို့ ကောင်းမွန်စွာ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ ဒီ စုစည်းမှုထဲမှာ လက်နက် (၂) လက်၊ (၃) လက် သိမ်းစည်း ရရှိမှု ဖြစ်စဥ်တွေ ထည့်မထားဘဲ လက်နက် ရရှိမှု ဖြစ်စဥ် အားလုံးပေါင်းရင် သိမ်းစည်း ရရှိမှု လက်နက်ငယ် ပမာဏဟာ ရာဂဏန်း ထိ ရှိနိုင်ပြီး သိမ်းစည်းရရှိတဲ့ ကျည် ပမာဏဟာ သိန်းဂဏန်း နီးပါး ရှိနိုင်ပါတယ်။

 

လက်နက် ရရှိရာ မြို့နယ်တွေကတော့ ချင်းပြည်နယ်၊ ကရင်နီ ပြည်နယ် တို့ မှာ အဓိက သိမ်းစည်း ရရှိနေပြီး စစ်တောင်း မြစ်ဝှမ်း ဒေသ မြို့နယ်တွေမှာလည်း ရရှိနေပါတယ်။ အဲဒီ အချက်ကို ကြည့်ရင် ချင်း၊ ကရင်နီ နဲ့ စစ်တောင်း မြစ်ဝှမ်း ဒေသတွေမှာ ရန်သူ ကို အလုံးအရင်း နဲ့ ချေမှုန်း နိုင်နေပြီ ဆိုတဲ့ သုံးသပ်ချက်ကို ကောက်ယူနိုင်ပါတယ်။


သိမ်းပိုက် ရရှိခဲ့တဲ့ လက်နက်တွေထဲမှာ လေယာဥ်ပစ် ပွိုင့်-၅ စက်သေနက်ကြီးတွေ၊ ၁၂၀ မမ မော်တာ လို ဗျူဟာ အဆင့် လက်နက်တွေ ပါ သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်နက်တိုက်တွေ၊ ခဲယမ်းပို့ စစ်ကြောင်းတွေကိုပါ တိုက်ခိုက်နိုင်လာပြီ ဆိုတာ တွေ့နိုင်ပါတယ်။ ဒီ့အတွက်ကြောင့် ပြည်သူ့ ခုခံစစ်ဟာ တပ်စိတ်၊ တပ်စု အဆင့် ချေမှုန်းရေးသာမကဘူး စစ်ကြောင်း၊ တပ်ရင်းအဆင့် ချေမှုန်းရေး၊ တပ်ရင်းဌာနချုပ်များတွင်းသို့ ထိုးဖောက် တိုက်ခိုက်ရေးထိ တိုးတက်လာတာကို တွေ့နိုင်ပါတယ်။ ပြည်သူ့ ခုခံ တော်လှန် စစ် အရှိန်မြှင့်လာလေ ရန်သူ့ လက်နက် အမြောက်အများ သိမ်းစည်းရရှိမှု များပြားလာလေ ဖြစ်ပြီး လက်နက်တပ်ဆင်မှု ပိုမို အားကောင်းလာနိုင်တာကို တွေ့နေရပါတယ်။


လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံနားလည်စေဖို့ PDF Insight ကို ဖတ်ရှုပါ။


#PDFInsight

ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ


 ပြည်သူ့ခုခံတော်လှန်စစ် ၂ နှစ်အတွင်း ခံစစ်ပြင်လာရတဲ့ စစ်ကောင်စီ


"လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်"

*****************************


မောင်ဝိ


၂၀၂၁ ခုနှစ် အာဏာစသိမ်းပြီဆို ကတည်းက လက်နက်အားကိုးအာဏာလုတဲ့စစ်တပ်က တပ်တွေထဲမှာ အရံအတားတွေ စပြီး လုပ်လာကြတယ်။ လူနဲ့ လက်နက်အင်အားအသုံးပြုပြီး လုံခြုံရေးတွေ ပိုချလာသလို၊ တပ်ပတ်ဝန်းကျင်မှာ ပြင်ပကနေ ခိုးဝင်မှာစိုးလို့ ခြံစည်းရိုးအစပ်နားတွေကို ဇီးဆူးတွေ၊ သံဆူးကြိုးတွေ အခိုင်အမာလုပ်လာကြတယ်။ အာဏာသိမ်းခါစဆိုပေမယ့် နောက်ဆက်တွဲကြုံလာရမယ့် ကိစ္စတွေကို စစ်တပ်ကလည်းသိပုံပေါ်ပါတယ်။


အခုလက်ရှိ ၂၀၂၃ ကာလမှာ စစ်တပ်က တပ်ပတ်ဝန်းကျင်တွေကို တူးမြောင်းတွေ၊ ကတုတ်ကျင်းတွေကိုပေါ်ပေါ်ထင်ထင်ပဲ ထပ်လုပ်ကြတယ်။အသိသာဆုံးဥပမာပေးရရင် ၂၀၂၃ ခုနှစ်၊ မေလ ထဲမှာပဲ၊ ကရင်ပြည်နယ် ကော့ကရိတ်ကနေ ကြာအင်းဆိပ်ကြီးကို ဆက်သွယ်တဲ့ ကမိုင်ကုန်းနဲ့ တောင်ကြာအင်း လမ်းမကြီးနှစ်ခုကို စစ်ကောင်စီတပ်က ဖျက်ဆီးပစ်လိုက်တယ်။ 


နောက်ထပ်လည်း ဩဂုတ် ၉ ရက်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကုန်းရွာကျေးရွာ အနောက်ဘက် ကျစ်ပြင်ရွာကိုသွားတဲ့ လမ်းနဲ့ ကုန်းရွာ မြောက်ဘက် ငါးချဉ်ချောင်းရွာကိုသွားတဲ့ လမ်းတွေကို စစ်တပ်က လာရောက်ဖျက်ဆီးသွားတယ်လို့ သိရတယ်။ 


ဆက်လက်ပြီးစက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ ကင်မွန်းခြုံ ရွာထိပ်က ဖြူး-ဘန်းလောင် လမ်းပိုင်းကို ဖြူးမြို့ပေါ်မှ စစ်သားများနဲ့ ရဲများက ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ပြီး၊အဲ့ဒီလမ်းပိုင်းဟာ ဖြူးမြို့နဲ့ ၂ မိုင်ခန့်ပဲကွာဝေးပါတယ်။ ဒီလိုလုပ်ရခြင်းကလည်း ဖြူးမြို့ပေါ်က စစ်တပ်စခန်းတွေလာရောက်တိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ကြောင့်လို့ သိရတယ်။


သံသရာ တပတ်လည်တယ်လို့ဆိုရမလားပါပဲ၊ စစ်တပ်အာဏာသိမ်းခါစအချိန်က ပြည်သူအများစုက စစ်အာဏာသိမ်းမှုကို လက်မခံလို့ဆန္ဒတွေပြကြတယ်၊ နည်းလမ်းမျိုးစုံနဲ့ဆန်ကျင့်ကြတယ်။ ဆန္ဒပြမှုကို စစ်တပ်နဲ့ရဲတွေက ကျည်အစစ်နဲ့စတင် ဖြိုခွင်းပစ်ခတ်ချိန်မှာတော့၊ လူငယ်တွေဟာ သဲအိတ်တွေ၊ အရံအတားတွေစပြီးလုပ်လာကြတယ်၊ နောက်ဆုံးလက်နက်မဲ့နဲ့ လက်နက်ကိုင်လူတစု မယှဥ်နိုင်တဲ့အချိန်မှာ အမှန်တရားအတွက်လူငယ်တွေ လက်နက်ကိုင်တိုက်ပွဲဝင်ကြရတယ်။


လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်အတွင်း စစ်ကောင်စီဟာသူတို့ကိုယ်တိုင် လမ်းတွေဖျက်တာအပြင်၊ စခန်းမကျအောင် အခိုင်အမာတည်ဆောက်နေရတဲ့အနေအထားပဲဖြစ်တယ်။ယခု နွေဦးတော်လှန်ရေးဟာ ပြည်သူတရပ်လုံးအပြင်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ အခြားသော အင်အားစုတွေကလည်း တော်လှန်ရေးမှာ စုစည်းပါဝင် ဆောင်ရွက်နေကြတယ်။ ဒါ့အပြင် စစ်တပ်ကို သမရိုးကျနည်းရော၊ ပျောက်ကျားနည်းပါအသုံးပြုပြီးတိုက်ခိုက်တဲ့အတွက် စစ်တပ်ဟာ အထိအခိုက်၊အကျအဆုံးများပြားနေခြင်းပဲဖြစ်တယ်။


ပြည်သူ့ခုခံတော်လှန်စစ် ၂နှစ်အတွင်း စစ်ကောင်စီတပ်စခန်းများအပြင် စစ်ဘက်သုံးတိုက်ခိုက်ရေးယာဉ်တွေကိုပါ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် ၂နှစ်ပြည့်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။


ခုခံတွန်းလှန်စစ် ၂ နှစ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊လက်နက်ငယ်၊ ဆက်စပ်ခဲယမ်း မီးကျောက်ပစ္စည်းတွေကို ထုနဲ့ထည်နဲ့သိမ်းပိုက်ရရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးတိုက်ပွဲမှာဆိုရင် စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ်တစ်စီး၊ ကရင်နီပြည်နယ် မယ်စဲ့တိုက်ပွဲတွင် K-8 W တိုက်လေယာဉ်တစ်စီးနဲ့ ချင်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီလက်အောက်ခံတပ်ရင်းများနဲ့တိုက်ပွဲတွင် စစ်ကောင်စီရဲ့ EE-9 Cascavel သံချပ်ကာယာဉ် ၂စီးကိုပါ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။


ဒါ့အပြင်ခုခံတွန်းလှန်စစ်ဆင်နွှဲတဲ့ ပထမနှစ်မှာ စစ်ကောင်စီ တပ်စခန်း(၂၈)ခုသာဆင်နွှဲနိုင်ခဲ့ပေမယ့်လည်း၊ ဒုတိယနှစ်မှာတော့ စခန်းပေါင်း (၁၀၇) ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၃ဆကျော်မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။ ဆက်လက်ပြီး ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်တို့တွင် စစ်ဆင်ရေးတိုက်ခိုက်မှုအကြိမ်(၇၀)ပြုလုပ်နိုင်ခဲ့ပြီး ထိုထဲမှ (၆၅)ခုမှာ ၂၄ နာရီ အတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါတွေဟာ လက်ရှိ ခုခံတော်လှန်စစ် ၂နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို အနှစ်ချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေပဲဖြစ်တယ်။


တဖက်မှာလည်း စစ်ကောင်စီအသုံးပြုနေတဲ့ တိုက်ခိုက်မှုတွေအရ နေရာတစ်နေရာကို ဝင်ရောက်လိုပြီဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ အပြင်းအထန် ပြုလုပ်တယ်။ ပြီးတော့မှ မြေပြင်စစ်ကြောင်း စေလွှတ်ပါတယ်။စစ်တပ်အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ယာယီ အခြေစိုက် စခန်းနေရာ တချို့နဲ့၊ PDF အဖွဲ့တွေရဲ့ တပ်စခန်း နေရာတချို့ကို ဝင်သိမ်းတာမျိုး၊ လူနေရပ်ရွာတွေကို မီးတင်ရှို့တာမျိုးတွေ ကိုစဉ်ဆက်မပျက်လုပ်နေခဲ့တယ်။ ဒါပေမယ့် နယ်မြေ စိုးမိုးမှု ရေရှည် တည်တံ့ နေအောင် ထိန်းချုပ်ထားနိုင်စွမ်း မရှိပါဘူး။ 


အခုနှစ်အစပိုင်းကဆိုရင် ချင်းပြည်နယ်ကို ဝင်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို ဒေသခံ CNF၊ CDF ပူးပေါင်းတပ်တွေက အပိုင်းလိုက် အပိုင်းလိုက် အကြိမ်ကြိမ် တိုက်ခိုက်ပြီး ချေမှုန်း ပစ်နိုင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့လက်နက်ကြီး အင်အား ရှိတယ် ဆိုပေမယ့် တကယ်တမ်း ထိထိရောက်ရောက် အသုံးချနိုင်ဖို့ရာ ဖြန့်ကျက် နေရာချနိုင်စွမ်း မရှိ ဖြစ်နေပါတယ်။ အဓိကက တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပါတယ်။ ချင်းတောင်တန်း၊ KIA အခြေစိုက်ရာကချင်ပြည်နယ်၊ ကိုးကန့်တပ် MNDAA နဲ့ တအာင်းပလောင်တပ် TNLA တို့နဲ့ ရင်ဆိုင်ရတဲ့ ရှမ်း ကုန်းပြင်မြင့် ဒေသတွေမှာ ဖြစ်စေ၊ ကရင်နီနဲ့ ကရင်ထဲက နေရာတွေမှာ ဖြစ်စေ စစ်ကောင်စီအနေနဲ့ လက်နက်ကြီးတွေကို ဗျုဟာမြောက် နေရာ ချထားနိုင်ရေးမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဒါကလည်း စစ်တပ်ကို ထိခိုက်ကျဆုံးစေတဲ့ အချက်ပါ။


ဒီနေရာမှာ စစ်ကောင်စီကကြောက်တဲ့ နောက်ထပ် အချက်တခုရှိတယ်။ ဒါက COC လို့ခေါ်တဲ့ Chain of Command ပဲဖြစ်တယ်။ တော်လှန်ရေးအဖွဲ့တွေအကုန် အုပ်ချုပ်သူ အမိန့်ပေးသူတခုအောက်ထဲဝင်ဖို့ မဖြစ်နိုင်သေးပေမယ့်၊ အကွက်ချပြီးတော့ ချက်ကျကျ ဆောင်ရွက်နိုင်ရင်ကို စစ်တပ်ဘက်က အထိနာေနတာပါ။စစ်တပ်ကိုယ်တိုင်ကလဲ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးနည်းနဲ့ တိုက်နိုင်ဖို့မလွယ်ပါဘူး။ ပုံမှန်အခြေအနေတောင် အထိနာနေတာ၊ တော်လှန်ရေးအင်အားစုတခုလုံး အမိန့်တခုတည်းအောက်မှာ ညီညီညွတ်ညွတ် ဖြစ်သွားမှာ စစ်တပ်ကအကြောက်ဆုံးပဲဖြစ်တယ်။ ဒါ့ကြောင့် စစ်တပ်ဟာ အခုထက်ပိုအထိနာသက်သာအောင် စစ်ရေးနည်းအရ ခံစစ်ပြင်နေသလို၊ တဖက်ကလည်းနိုင်ငံရေးနည်းလမ်းနဲ့ ထွက်ပေါက်ပြင်ဆင်နေခြင်းပဲဖြစ်တယ်။


ဆိုလိုချင်တာကတော့ နှစ်ပေါင်း ၇၀ ကျော် ပြည်သူတွေအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်လာတဲ့ စစ်တပ်ဟာ လက်ရှိမှာ သူတို့အတွက် ထွက်ပေါက်ကပိတ်နေပါပြီ။ နိုင်ငံတကာကရော၊ ပြည်သူလူထုက လက်မခံတဲ့အတွက် နောက်ဆုံးသူတို့လုံခြုံရေးအတွက် နည်းမျိုးစုံလုပ်ဆောင်နေခြင်းပဲဖြစ်တယ်။ ဒီလိုမျိုး ကတုတ်ကျင်းတူးတာ၊ လမ်းတွေဖျက်တာဟာ စစ်တပ်ရဲ့ ချိနဲ့နေတဲ့အင်အားကိုပြသရာရောက်ပြီး၊ စစ်တပ်အတွက် အဆုံးအဖြတ်ကာလတွေဟာ မကြာခင်ရောက်လာတော့မှာဖြစ်ကြောင်း သုံးသပ်လိုက်ရပါတယ်။ ။ 


#RedNewsAgency

https://rednewsagency.com/news/12484

https://t.me/rednewsagency/4048

https://www.youtube.com/@rednewsmm/?sub_confirmation=1

Sunday 10 September 2023

ဗန်းမော်ခရိုင်တွင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ စစ်သား ၃ ဦး အလင်းဝင်


 ဗန်းမော်ခရိုင်တွင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ စစ်သား ၃ ဦး အလင်းဝင်


ရန်ကုန်၊ စက်တင်ဘာ ၁၀


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်တွင် အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းမှ တပ်သား ၃ ဦး အလင်းဝင်လာကြောင်း မြို့လှ KPDF ထံမှ သိရသည်။


ဗန်းမော်ခရိုင်အတွင်း လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၈၈ လက်အောက်ခံ ခလရ ၇၈ တပ်ရင်းမှ တပ်သား ၂ ဦး နှင့် ခလရ ၄၃၇ တပ်ရင်း မှတပ်သား ၁ ဦးတို့ အလင်းဝင်လာကြောင်း သိရသည်။


အဆိုပါ စစ်သား ၃ ဦးသည် ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၈ ၊ အမှတ် ၅ တပ်ရင်း၊ မြို့လှ K-PDF တပ်ရင်း ကို ပူးပေါင်း ခိုလှုံလာခြင်းဖြစ်ကြောင်း၊ CDM ဝင်ရောက်လာသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လူ့ဂုဏ်သိက္ခာများနှင့်အညီ စောင့်ရှောက်ကူညီပေးထားပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီ၍ နေရပ်ပြန်ရေးအထိ အစစအရာရာ ကူညီဆောင်ရွတ်ပေးခဲ့ကြောင်း သိရှိရသည်။


ပြည်သူ့မျက်နှာကို ထောက်ထား၍ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဝင်ရောက်လာသူများကို တော်လှန်ရေး တပ်ဖွဲ့များက အပြည့်အဝ အစစအရာရာ တာဝန်ယူကြောင်း ဖိတ်ခေါ်ထားပြီး လက်နက်ဖြင့် CDM ဝင်ရောက်လာပါက ပြည်သူ့သူရဲကောင်း CDM များကို ထိုက်တန်စွာ ဂုဏ်ပြုဆုချီးမြှင့်မည်ဖြစ်ကြောင်း MYOHLA K-PDF က ထုတ်ပြန်ထားသည်။

ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်


 ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်


ရန်ကုန်၊ စက်တင်ဘာ ၁၀


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောနယ်မြေရဲစခန်းမှ ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်ရောက်လာကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းထံမှ သိရသည်။


သြဂုတ်လ ၂၉ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ခရိုင် အမှတ် ၁၉ တပ်ရင်းကို ကျောနယ်မြေရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား အာကာမောင်က လက်နက်ဖြင့် အလင်းဝင်လာကြောင်း သိရှိရသည်။


အဆိုပါ ရဲတပ်သား အာကာမောင်သည် G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆံ ၁၂၀ ပါယူဆောင်လာကြောင်း၊ ပြည်သူ့ရင်ခွင်ကို ခိုလှုံဝင်ရောက်လာသော ပြည်သူ့ရဲဘော်များကို နွေးထွေးစွာ ကြိုဆို လက်ခံလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် - ကျောဒေသ ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်း က ထုတ်ပြန်ထားသည်။

မင်းလှ၊ ခါချဉ်တောင် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ပြီး စစ်တပ် ထပ်မံတပ်စွဲခြင်း မပြုနိုင်ရန် စခန်းကို မီးရှို့ရှင်းလင်း


 မင်းလှ၊ ခါချဉ်တောင် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်ပြီး စစ်တပ် ထပ်မံတပ်စွဲခြင်း မပြုနိုင်ရန် စခန်းကို မီးရှို့ရှင်းလင်း


ရန်ကုန်၊ စက်တင်ဘာ ၁၀


ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခါချဉ်တောင်စခန်းကို PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


စက်တင်ဘာလ ၉ ရက်နေ့ ည ၁၀ ခန့်တွင် မင်းလှမြို့နယ်၊ စိန်ကန့် လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း၊ ခါချဉ်တောင်ပေါ်၌ ကတုတ် ကျင်း များတူး၍ အခိုင်အမာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခါချဉ် တောင် စခန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ မှ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က ပြန်လည်ခုခံခဲ့သော်လည်း နည်းဗျူ ဟာပိုင်း အားသာချက်ဖြင့် တော်လှန်ရေး ရဲဘော်များက ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် စစ်သားများ စခန်းဆုတ်ခွာ ထွက်ပြေးသွားပြီး ဘတ်တံဆိပ် ၁ ခုနှင့် စခန်းကို လက်ရသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းနေရာတွင် စစ်သားများ ထပ်မံ တပ်မစွဲ နိုင်ရန် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ ရှိသော်လည်း အတည်မပြုသေးကြောင်း သိရှိရသည်။


"စစ်ခွေးတွေ သေ၊ မသေတော့ ညအချိန်ဖြစ်နေလို့ မသိရဘူး။ အဲကောင်တွေ ခွေးပြေး ဝက်ပြေး ပြေးကြတာ ဒီဘက်က ၄၀ မမတွေရော သေနတ်တွေနဲ့ရော ဝိုင်းထုတာမို့ အပြန်အလှန်တော့ နာရီဝက်လောက် ပစ်ကြတယ်။ ဒီဘက်က ဗျူဟာသာတော့ သူတို့ဘက်က စစ်ကူခေါ်တာမလာဘူးသိရတယ်" ဟု သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ 


အဆိုပါ ခါချဉ်တောင်စခန်းတွင် သစ်တော၊ ရဲ၊ စစ်တပ်တို့ စုပေါင်း စခန်းချ ထား၍ ရိုးမအတွင်းမှ သစ်နှင့် သစ်တောထွက် ပစ္စည်းများအတွက် စစ်ကောင်စီ ကို အခွန်အခ ကောက်ခံပေးခြင်း၊ ရိုးမကို အမှီပြု၍ လုပ်ကိုင်စားသောက် နေကြ သည့် ပြည်သူများ၏ ဆိုင်ကယ်၊ ဖုန်းနှင့် အသုံးအဆောင်များကို အနိုင်ကျင့် သိမ်းယူခြင်း၊ ရိုးမအတွင်း၌ ထိန်းသိန်းစောင့်ရှောက်ရမည့် ဘေးမဲ့တောများမှ စစ်တပ်အတွတ် သစ်တန်ရာချီ ခိုးထုတ်ခွင့်ပြု၍ ဝင်ငွေရှာဖွေပေးနေခြင်း တို့ကြောင့် ယင်းစခန်းကို ဝင်ရောက် တိုက်ခိုက် မီးရှို့ဖျက်ဆီးရခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။

ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင်

 ထန်တလန်မြို့ရှိ ရဲသုံးဦး သေနတ် ၄လက်ယူလာပြီး CNAထံ အလင်းဝင် ရဲခေါင်/People's Spring ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ရဲသုံးဦး သ...